Chapter 72
ညီအစ်ကိုသုံးဦးက ရွှယ်ကျွင်းလျန်၏ကတိကို ကြားပြီးနောက် သူတို့၏ဒေါသတွေကို ပြန်လည်မြိုချလိုက်လေသည်။ သူတို့က ထန့်ယင်းကို ကိုင်တွယ်ရမယ်ဆိုရင် မကောင်းဘူးလား။ အခြားလူတွေက စိတ်ပျော့လွန်းတယ်။
ရွှယ်ကျွင်းလျန်၏သရုပ်ဆောင်မှုကို ဘေးမှကြည့်ပြီးနေရင်း ထန့်ယွင် စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်သည်။ သူ ရွှယ်ကျွင်းလျန်ကို ဘယ်လိုဆက်ဆံသင့်လဲ။ ယနေ့တွင် ရွှယ်ကျွင်းလျန်၏စိတ်က အတော်လေးနက်နဲကြောင်းကို သူရှာဖွေတွေ့ရှိလိုက်လေသည်။ တစ်ခဏတွင် ရွှယ်ကျွင်းလျန်က ဝမ်းနည်းလျက်ပေါ်လာနိုင်ပြီး နောက်တစ်ခဏတွင် မတူညီ ပြောင်းလဲသွားနိုင်ပြန်သည်။ ယနေ့မတိုင်မှီက ထန့်ယွင်သည် ရွှယ်ကျွင်းလျန်အား လုံးဝသိနေပြီဟု ကောက်ချက်ချခဲ့မိသည်။ ယခုမူ ရွှယ်ကျွင်းလျန်၏နှလုံးသားက အေးစက်နေတာကို မျက်မြင်တွေ့ခဲ့ရပြီးနောက် အမှန်တရားက သိပ်မဝေးတော့တာကို သိလိုက်သည်။
ရွှယ်ကျွင်းလျန်က စကားအနည်းငယ်ကို ထပ်ပြောခဲ့သည်။ အကြောင်းအရာ အများစုက အတိတ်မှအကြောင်းများနှင့် ဧကရီ၏အကြောင်းတို့ပင်။
ဟယ်ညီအစ်ကိုသုံးဦးမှာ ရိုးရှင်းသည့်အတွေးပိုင်ရှင်များသာဖြစ်ရကား ရွှယ်ကျွင်းလျန်စကား၏နောက်ကွယ်တွင် ကွယ်ဝှက်ထားသည့် အဓိပ္ပါယ်ကို လုံးဝနားမလည်ကြပေ။ သို့သော်လည်း ထန့်ယွင်ကတော့ ကောင်းစွာနားလည်၏။ ထိုစကားများက ဟယ်ညီအစ်ကိုသုံးယောက်အား အထင်ကြီးစေရန်အလို့ငှာရည်ရွယ်ပြီး သူတို့ ထန့်ယွင်ကို လုံ့လရှိရှိဖြင့် စောင့်ကြည့်ပေးစေရန်ဖြစ်သည်။ သို့ဖြင့် ထန့်ယွင်အား လွတ်မြောက်ရန်အခွင့်အရေး လုံးဝမပေးစေရန်သာဖြစ်ချေတော့၏။
စကားပြောနေစဥ်တစ်လျှောက်လုံး ဟယ်ညီအစ်ကိုများက ထပ်ကာထပ်ကာ ငိုကြွေးနေကြသည်။ သေချာပေါက်ပင် ယင်းက ဧကရာဇ်နှင့်နောက်လိုက်ကြားမှ ကွာခြားချက်ဖြစ်၏။ ရွှယ်ကျွင်းလျန်က သူများတွေထက် ပို၍ထူးခြားရုံမျှမက သူ၏အတွင်းစိတ်ကလည်း နက်နဲသေးသည်။
နောက်ဆုံးတွင် လူတိုင်း ထွက်ခွာသွားပြီး ရွှယ်ကျွင်းလျန်က သက်ပြင်းချလိုက်သည်။ တစ်ချိန်လုံး နံဘေးတွင်ရပ်နေသည့် ကျန်းယွီကဆိူလာသည်။
"အရှင်မင်းကြီး ၊ နေ့လည်စာ သုံးဆောင်တော်မူလိုပါသလား"
ရွှယ်ကျွင်းလျန်က ချက်ချင်း ပြန်မဖြေခဲ့ပေ။ သူကအတော်ကြာအောင် စဥ်းစားပြီးနောက် ပြောလာသည်။
"ကိုယ်တော် ဗိုက်မဆာဘူး၊ နောက်မှပဲ"
ကျန်းယွီက အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ ပြောလာခဲ့သည်။
"အရှင်မင်းကြီးက ထုတ်မပြောပေမယ့် ဒီအစေအိုကြီးက အရှင်မင်းကြီးနောက်ကို နှစ်ပေါင်းများစွာလိုက်နေခဲ့သူမို့ မြင်နိုင်ပါသေးတယ်၊ အရှင်မင်းကြီး ဝမ်းနည်းနေရင် ဒီအစေအပါးအိုကြီးဆီမှာ ဖွင့်ထုတ်လိုက်ပါ"
ရွှယ်ကျွင်းလျန်က သူကမျက်ခုံးကိုပင့်လိုက်ရင်း ပြုံးလိုက်သည်။
"ဒီဘုရင်က ဘယ်မှာဝမ်းနည်းလို့လဲ၊ ကိုယ်တော်က ဟယ်ညီအစ်ကိုတွေဆီက အကျိုးအမြတ်ရဖို့ ပြောလိုက်ရုံပါပဲ"
"အရှင်မင်းကြီး..."
ကျန်းယွီ ဦးညွတ်လိုက်သည်။
"အခြားလူတွေ မင်းကြီးအကြောင်းကို မသိကြတာက ဒီအစေခံအိုကြီးလို နှစ်တွေအကြာကြီး မင်းကြီးနောက်က မလိုက်ဖူးလို့ပါ၊ ကျွန်တော်မျိုးသာ မင်းကြီးဘယ်လိုခံစားနေရလဲ နားမလည်ရင် ဒီနေ့ဒီနေရာမှာ ရှိနေမှာမဟုတ်ပါဘူး"
ရွှယ်ကျွင်းလျန်က ဘာကိုမှပြန်မဖြေချေ။ သူ့မျက်လုံးတွေက ကြည့်နေပေမယ့် ဗလာဖြစ်လို့နေ၏။ ပြီးနောက် သူကပြုံးကာ ပြောလိုက်သည်။
"ကိုယ်တော် ဧကရီတစ်ပါးကို ဆုံးရှုံးလိုက်ရတယ်၊ အရည်အချင်းရှိပြီး ပြိုင်ဘက်ကင်းတဲ့လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတယ်၊ ကိုယ်တော် အခုပဲ ဘယ်လိုဝမ်းနည်းရမလဲဆိုတာ သင်ယူခဲ့ရတယ်၊ ရွှယ်ယွီကိုလည်း အပြစ်မပေးနိုင်ဘူး၊ ထန့်နန်နယ်စားမင်းကိုလည်း မကွပ်မျက်နိုင်ဘူး၊ ကိုယ်တော်က ဧကရာဇ်တစ်ပါးဖြစ်နေတာတောင် ထန့်ကျုံးရွှမ်ကို မယှဥ်နိုင်သေးဘူး"
"အရှင်မင်းကြီး၊ အခုလိုမပြောပါနဲ့"
ကျန်းယွီကပြောသည်။
"ထန့်ကျုံးရွှမ်က ကြီးမြတ်တဲ့လူတစ်ယောက်ဆိုတာ ဟုတ်ပါတယ်၊ ဒါပေမယ့် သူက မင်းကြီးလောက် မသန်မာပါဘူး၊ သူ့ဘဝလမ်းကြောင်းတစ်ခုလုံးက ချောမွေ့ပြီး ဖြောင့်တန်းနေခဲ့တာ၊ သူသာ မင်းကြီးလို ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုခုနဲ့ ကြုံခဲ့ရရင်...အရှင်မင်းကြီးထက် ပိုပြီးကောင်းကောင်း ကိုင်တွယ်နိုင်မှာမဟုတ်ပါဘူး၊ အရှင်မင်းကြီး သူတစ်ပါးရဲ့နယ်မြေကို သိမ်းပိုက်ရတာထက် ကာကွယ်ရတာက ပိုခက်ခဲတာကို ဒီအစေခံအိုကြီးလည်း သိပါတယ်"
ကျန်းယွီက ရပ်တန့်ပြီးနောက် ပြောလိုက်သည်။
"အရှင်မင်းကြီးရဲ့ ဧကရီ့အပေါ်ခံစားချက်... တွေကိုလည်းပဲ ဒီအစေအပါးအိုကြီးက မြင်နိုင်ပါသေးတယ်"
*****
ထန့်ယွင်က အကျဥ်းခန်းထဲ ပြန်ပစ်ထည့်ခြင်းမခံရသေးပေ။ ထိုအစား သူ့အား အမြန်ပင်ထုတ်ပြန်ခြင်းခံရပြီး စစ်သည်တစ်ထောင်အား ပေးအပ်ခြင်း ခံလိုက်ရလေသည်။
ထန့်ယွင်အနေဖြင့် ရွှယ်ကျွင်းလျန်က သူ့အား ဘယ်တော့မှ သွားခွင့်မပေးမှာကို သေချာသိသည်။ သူက ထန့်ယွင်ကို ဤတာဝန်ကိုပေးခြင်းမှာ မလွဲဧကန်ဖြစ်လာမည့်အရာမှ ခဏတာနှောင့်နှေးစေလိုက်ခြင်းသာဖြစ်သည်။ ထန့်ယွင် ရန်သူတွေကို အောင်အောင်မြင်မြင် မောင်းထုတ်ပြီးသည်နှင့် သူက ထန့်ယွင်အား အလွယ်တကူပင် ပြန်မုန်းတီးသွားပြီး အပြစ်သားအဖြစ်ပင် ရောက်စေနိုင်သေးသည်။
သို့သော်လည်း ထန့်ယွင်က ယင်းကြောင့်တော့ သူ့ကိုယ်သူဆွဲမချပေ။ အကယ်၍ သူတစ်ခုခုမလုပ်ပါလျှင် ဖုန့်မင်မှ တိုက်ခိုက်လာသည့်အခါ ဖုန့်မင်နှင့်ရွှယ်ကျွင်းလျန်နှစ်ဦးစလုံး အကြီးအကျယ် ထိခိုက်ပေလိမ့်မည်။
ထန့်ယွင် စစ်သည်တို့အား တစ်ကြိမ် ဦးဆောင်ဖူးသည်။ မြေပြင်တစ်ခုလုံး အလောင်းတွေ ဖုံးလွှမ်းနေသည်ကိုလည်း မြင်ခဲ့ရသည်။ သူ့အနေဖြင့် ရွှယ်နှင့်ဖုန့်တို့၏ စစ်သည်မည်မျှ သေဆုံးလိမ့်မည်လဲ မသိနိုင်သေးချေ။
သို့သော်လည်း ထန့်ဘုရင်သည် ထပ်မရှိတော့ပါချေ။ ဘုရင်က နယ်စားမင်းထန့်နျန်ဖြစ်လာခဲ့သည်။ ထန့်ယွင်က တစ်ချိန်က သူ၏ဖခင်ဖြစ်သူကိုသာ သစ္စာရှိခဲ့ပြီးနောက် ပြောင်းလဲသွားသည်တို့အား ပြန်တွေးနေမိသည်။ ယခုမူ သူသည် ရွှယ်ကျွင်းလျန်၏အသက်ကို မည်သို့မည်ပုံ ကာကွယ်ရမလဲဟူ၍ တွေးနေမိသည်။
ထန့်ယွင်အား ကူညီပေးရမယ့်တပ်သားတို့မှာ ထန့်ယွင်အားလက်မခံလိုကြပဲ အမိန့်နာခံရန်လည်း ငြင်းဆန်ကြ၏။ သို့သော်လည်း ထန့်ယွင်ကတော့ လူတွေ သူ၏ယခုခန္ဓာကိုယ်အား လေးစားမှုထားခြင်းအပေါ် ပူပန်မနေပါချေ(မလေးစားလည်းဂရုမစိုက်)။ ထန့်ယွင်က ထန့်ယင်းအကြောင်း ကောင်းစွာသိသည်။ သူကဖိနပ်တွေကို လိုက်လျှက်တတ်သူသာဖြစ်ပြီး တန်ဖိုးထားရမည့်အရည်အချင်းမရှိချေ။ ထန့်ယွင်သာ တစ်ခုခု လုပ်ရမည်ဆိုလျှင် အလုပ်တကယ်ကြိုးစားပြခြင်းကသာ အောင်မြင်မြည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
72.2
ထန့်ယွင်အနေဖြင့် ဤစစ်သည်တို့က သူ့အားမလေးစားသည့်တိုင် သူတို့ကိုလည်း စစ်မြေပြင်ထံ မသွားစေလိုပေ။ ထိုအစားသူက သူတို့ကိုဦးဆောင်ကာ ထန့်ပြည်မှဗိမာန်ကို ပြန်လည် ပြင်ဆင်စေခဲ့သည်။
အမိန့်ကိုကြားပြီးနောက် စစ်သည်အားလုံး စိတ်ပျက်သွားကြသည်။ သူတို့က ကောင်းစွာလေ့ကျင့်ထားပြီး နန်းမြို့တော်၏ လုပ်ကိုင်နိုင်စွမ်းအရှိဆုံး စစ်သည်များဖြစ်သော်ငြား သူတို့က ဗိမာန်ကို ပြုပြင်ရမည်တဲ့လား။ ဤသည်က သူတို့နှင့်မထိုက်တန်သလို သိမ်ငယ်စေသည်။
အရှင်မင်းကြီး၏ အမိန့်အရ သူတို့တွင် ထင်မြင်ချက်ပေးပိုင်ခွင့်မရှိဘဲ ထန့်ယွင်၏အမိန့်အတိုင်း နာခံရုံမျှသာရှိလေသည်။
ထိုနေ့က ထန့်ယွင်ပြောခဲ့သည့် "မင်းက ထန့်ကျုံးရွှမ်မဟုတ်ဘူး... ၊ မင်းက သူ့ခေတ်မှာ မွေးခဲ့တာမဟုတ်လို့၊ မဟုတ်ရင် မင်း သူ့ရှေ့မှာ ခေါင်းငုံ့ထားရုံပဲ တတ်နိုင်လိမ့်မယ်..." ဟူသော စကားတို့အား ရွှယ်ကျွင်းလျန်ကြားပြီးနောက် ထိုစကားလုံးတို့က သူ့ပါးကို တိတ်တဆိတ် ရိုက်ချလိုက်သလိုပင်။ ထိုကိုယ်ရံတော်လေးက ထိုသို့ပါးနပ်သည့် စိတ်ရှိခြင်းအပေါ် တုန့်ဆိုင်းသွားခဲ့ရသည်။ မည်သူမျှပါဝင်ခြင်းမရှိပဲ ထိုစကားတို့ကြောင့် ရွှယ်ကျွင်းလျန်က ချီတက်လာသည့် ရန်သူတို့အား ပြန်ခုခံရန် အစီအစဉ်တစ်ခုကို သတိရသွားရသည်။
ထိုထန့်ယင်းက ထန့်ပြည်ဗိမာန်ကို ပြန်ပြင်ဆင်မည်ဟု ကြားလိုက်ရသည့်အခါ ထိုလူမှာ ငတုံးမဟုတ်ကြောင်း ပို၍သေချာသွားခဲ့သည်။
ထန့်ယင်းမှန်သည်၊ ရွှယ်ကျွင်းလျန်က ထန့်ကျုံးရွှမ်မဟုတ်ချေ။ ရွှယ်ကျွင်းလျန်သာ ထန့်ပြည်သူတွေသူ့အား နာခံစေလိုလျှင် ထန့်ကျုံးရွှမ်အား လိုက်လျောပေးရပေလိမ့်မည်။
ထန့်ကျုံးရွှမ်က ထန့်ပြည်တွင် နှစ်သက်မှုအခံရဆုံးဘုရင်ဖြစ်ပြီး ရွှယ်ကျွင်းလျန်သာ ထန့်ကျုံးရွှမ်၏ဗိမာန်ကို ပြုပြင်ရန် သူ့လူများကို စေလွှတ်လိုက်လျှင် ထန့်ပြည်သူတို့၏နှလုံးသား လှုပ်ရှားသွားပေလိမ့်မည်။
ထန့်ဘုရင်က ရိုင်းစိုင်းပြီးကြမ်းကြုတ်လေသည်။ ဤသည်မှာ ထန့်ပြည်သူအားလုံး သိသည့်အရာပင်။ ဤနှစ်များတွင် သူတို့က အကြိမ်ကြိမ် ထကြွခဲ့ပြီး ထန့်ဘုရင်အား ဒေါသထွက်ခဲ့ကြသည်။ သူ၏ ဦးဆောင်မှုက ပြည်သူတို့၏ စိတ်ရှည်မှုအား ကျော်လွန်သွားစေသည်။ ထိုအချိန်တွင် ရွှယ်ကျွင်းလျန်က သူ၏သဒ္ဒါတရားနှင့်ကြင်နာမှုကို ထန့်လူမျိုးတို့ကို ပြသလိုက်လေလျှင် ပြည်သူတို့နှင့်စစ်သည်များက မြန်မြန်ဆန်ဆန်ပင် သူ့အားလက်ခံလာကြလိမ့်မည်။
ဤသည်မှာ ထန့်ယွင်အမှန်တယ် လိုချင်သည့်အရာပင်။ ရွှယ်ပြည်၏ သေချာလေ့ကျင့်ရေးဆင်းထားသည့် တပ်သားတစ်ထောင်နှင့် ရွှယ်ကျွင်းလျန်၏ တော်ဝင်အမိန့်ပြန်တမ်းကို တွဲစပ်လိုက်လျှင် သူတို့တွေ စစ်ပွဲကြီးဖြစ်စရာမလိုတော့သလို ဆုံးရှုံးမှုတွေလည်းမရှိပဲ အမိန့်ကြောင့် အံ့သြထိတ်လန့်သွားကြပေလိမ့်မည်။ ဤနည်းအားဖြင့် လူတွေက ကျေးဇူးတင်ပြီး တပ်ထဲ ဝင်ရောက်လာလိုကြလိမ့်မည်။ သိူ့ဖြင့် ရင်းနှီးလာပြီး ပို၍သန်မာလာကြပေလိမ့်မည်။
ထန့်ယွင်က သူအောင်မြင်မည်ဟု ယုံကြည်နေသည်မှာ အံ့သြစရာမရှိတော့ပါချေ။
ထန့်ယွင်က တစ်ခဏလေးပင် နှောင့်နှေးမနေပါချေ။ ဖုန့်ဘုရင်က ဘယ်နေ့မဆို တိုက်ခိုက်လာနိုင်သည်။ ထန့်ယွင်၏ခန္ဓာကိုယ်က အားနည်းပြီး နာကျင်နေသည့်တိုင် တပ်သားတို့အား အလုပ်ချက်ချင်းစဖို့ အမိန့်ပေးလိုက်သည်။
ထန့်ယွင်က ဤတာဝန်ကို ပြီးနိုင်သမျှမြန်မြန်ပြီးနိုင်စေလိုပြီး ထိုမှသာ သူလည်း ဤနေရာမှ ထွက်သွားနိုင်ပေလိမ့်မည်။ ထန့်ယွင်က ဖြစ်နေသည့်အရာများကြောင့် ပင်ပန်းနေပြီး မှန်လားမှားလားဟူ၍ပင် မပြောနိုင်တော့ချေ။
ရွှယ်ကျွင်းလျန်က ဒေသခံအရာရှိတို့အားလည်း ဗိမာန်ပြင်ဆင်မှုကို ပူးပေါင်းပါဝင်ကူညီဖို့ရာ ကြေငြာချက်တစ်ခု ရေးလေသည်။ သဘာဝကျကျပင် အရေအတွက်များလေလေ အလုပ်ပို၍မြန်မြန် ပြီးလေလေပင်။ ဤနည်းအားဖြင့် ထန့်ပြည်သူတို့က ရွှယ်ပြည်မှ သူတိူ့နောက်ဆုံးဘုရင်၏ဗိမာန်အား ပြုပြင်နေသည်ကိူ မြင်ကြပြီး သူတို့က ရွှယ်ဧကရာဇ်သည် ခက်ခဲနေသည့်အချိန်၌ပင် ဖြူဖြူစင်စင် တည်ငြိမ်အေးဆေးသည့် ဧကရာဇ်ဟု တွေးကြပေလိမ့်မည်။
ကြေငြာချက်ကိုရေးပြီးသည်နှင့် သူ့လူတွေအား အမြန်ပင်ပို့ခိုင်းလိုက်လေသည်။ ရွှယ်ကျွင်းလျန်က သက်ပြင်းချလိုက်၏။ သူ၏ခေါင်းကို ထိုလူ ထန့်ယင်းထံသို့ မလှည့်နိုင်ပါချေ။
လက်နက်တစ်ခုပင် ယမ်းစရာမလိုပဲ စစ်ပွဲကိုအောင်နိုင်သူမှာ ယွင်ဖုန့်နန်းဆောင်အား ပြာကျသည်အထိ မီးရှို့ခဲ့သူ ဖြစ်သည်တဲ့။ ဘာကြောင့်များလဲ။
ရွှယ်ကျွင်းလျန် အမှန်ပင် နားမလည်တော့ချေ။ ဤလူနှင့် ဧကရီကြားတွင် အချို့အာဃာတတို့ ရှိသော်ငြား သူက ဘာကြောင့် ထန့်ချမ်ယီ၏အမိန့်ကို နာခံရသည်လဲ။ အဘယ်ကြောင့်များ သူကိုယ်တိုင် လူတစ်ယောက်ကို မီးရှို့သတ်ဖြတ်ကာ ခြေရာလက်ရာတို့အားကျန်စေလျက် ရွှယ်ဟုန်ယန်အား ဖမ်းဆီးစေရန် ခွင့်ပြုလိုက်သနည်း။
xxxxxx