Chapter 73
ကံကြမ္မာက လူတို့အား ကျီစယ်တတ်လေ၏
ကျောက်လုက ဤမျှကပ်တွယ်တတ်သူမှန်း ဖုန့်မင် မသိခဲ့ပေ။ ကျောက်လုက အမြဲမတူညီသည့်သဘောထားရှိပြီး အေးစက်သူဖြစ်သည်။ ဤနှစ်ရက်တွင် ကျောက်လုက ဖုန့်မင်အားတွေ့ရန်သက်သက် မကြာခဏ လာလေ့ရှိသည်။
ဖုန့်မင်ကတော့ ဤသည်မှာ ကျောက်လုအနေဖြင့် စစ်မြေပြင်သို့သွားရန် နီးကပ်လာသဖြင့် ဖိအားများနေသည်ဟုသာ တွေးလိုက်သည်။ အားလုံးပြီးသည့်နောက် ဖုန့်မင်က အခွင့်အရေးတစ်ခုပေးသည့်အနေဖြင့် ကျောက်လုအား စစ်မြေပြင်သို့ မသွားစေချင်တော့ပေ။ သို့သော်လည်း ဖုန့်မင်အတွက်မူ ဖုန့်ပြည်တစ်ခုလုံး၌ ကျောက်လုသိူ့နှယ် ယုံကြည်ရသူ မရှိတော့ချေ။
မမျှော်လင့်စွာဖြင့် ကျောက်လုက ပိုမိုတွယ်ကပ်လာသည့်တိုင် သူကစကားအများကြီးမပြောသလို သူ၏ခံစားချက်တို့အားလည်း မပြပါချေ။ ယခင်ကဲ့သို့ပင် သူကအေးစက်ဆဲဖြစ်ကာ ဖုန့်မင်က ထိုအကြောင်းကို အများကြီး မတွေးဖြစ်ပါချေ။ ကျောက်လုတစ်ယောက်သာလျှင် သူစိတ်မသက်မသာဖြစ်နေရခြင်း၏ တကယ့်အကြောင်းအရင်းကို သိလေသည်။ ဖုန့်နှင့်ရွှယ်က အမြဲလိုလို စစ်ပွဲဆီဦးတည်နေလေ့ရှိကာ ယခုမူ နောက်ဆုံးစစ်ပွဲသည် ရောက်လာပြီဖြစ်၏။
ဖုန့်မင်နှင့်ဝန်မင်းများ စစ်တပ်စေလွှတ်ဖို့ရာ ဆွေးနွေးကြရာတွင် လူတိုင်းက ဝန်မင်းလု၏ထင်မြင်ချက်ကို သိလိုကြသည်။
လူရှီချန်ကပြော၏။
"ဒီအစေအပါးက နိမ့်ကျတဲ့ စာသင်သားတစ်ယောက်ပါ၊ ပြည်တွင်းရေးအချို့ကိုသာသိပါတယ်၊ ပြည်သူတွေကိူ ဘယ်လိုစိတ်အေးစေမလဲဆိုတာမျိုးလောက်ပါပဲ၊ စစ်ဗျူဟာတွေ စစ်သည်တွေနဲ့ပတ်သက်ရင်တော့ ဒီငယ်သားက နယ်စားမင်းကျူးလုဆီကပဲ သင်ယူရပါလိမ့်မယ်"
ကျူးလုက မြေပုံကိုသာ စိုက်ကြည့်နေပြီး အတွေးနက်နေခဲ့သည်။ အတွင်းစိတ်တွင်တော့ သူဟာ ပြင်းပြင်းထန်ထန် ရုန်းကန်နေရသည်။ သူပြောမည့်စကားလုံးတိုင်းအတွက် သူကပြင်းပြစွာ နာကျင်ခံစားနေရ၏။
အဘယ်ကြောင့်ဆိုသော် သူ့ဘဝတစ်လျှောက်လုံး လျှောက်လှမ်းခဲ့သည့် ခြေလှမ်းအားလုံးတို့မှာ ဖုန့်မင်အားလှည့်စားပြီး ရွှယ်ကျွင်းလျန်အတွက် နောက်ဆုံးတွင် အောင်ပွဲယူဆောင်ပေးရန် စေ့စေ့စပ်စပ် အစီအစဉ်ချထားခြင်းကြောင့်ဖြစ်သည်။
ကျူးလုကပြော၏။
"ရွှယ်ပြည်ရဲ့စစ်တပ်က ကောင်းကောင်းလေ့ကျင့်ထားပြီး အားကောင်းတယ်၊ နောက်ပြီး ရွှယ်ဧကရာဇ်က ထန့်ပြည်တပ်တွေကို သိမ်းပိုက်လိုက်တဲ့အတွက် ပေါ့ပေါ့လေး တွေးထားလို့ မရဘူး၊ အပေါ်ယံအနေနဲ့တော့ ကျွန်တော်တို့က ပိုပြီးညံ့ဖျင်းအနေအထားမှာ ရှိနေတယ် ဒါပေမယ့်ထန့်ပြည်ဟာ သိမ်းပိုက်ခံလိုက်ရပြီး ထန့်ဘုရင်ကလည်း အခုဆိုအကျဥ်းကျနေတယ်၊ ဒါကြောင့် လူတွေရဲ့ နှလုံးသားတွေက သဟဇာတဖြစ်မနေတာမျိုးဖြစ်နိုင်တယ်၊ ဒါကို အခွင့်ကောင်းယူပြီး ကျွန်တော်တို့က ထန့်ပြည်ရဲ့ ပိုင်နက်မြေကို အရင်တိုက်ခိုက်ပြီးတော့ အားနည်းတဲ့ နယ်နိမိတ်တွေကို ဖြတ်ကျော်ရမယ်၊ ပြီးမှ သူတို့ရဲ့ နယ်မြေတွကို သိမ်းပိုက်ရမယ်၊ ပြီးရင် ကျွန်တော်တို့ ရွှယ်ပြည်ကို နှစ်ဖက်ညှပ်ပြီး တိုက်လို့ရတယ်"
လူတိုင်းက ကျူးလု၏အကြံပေးချက်ကို လက်ခံကြသည်။
လုရှီချန်က ပြောလိုက်၏။
"ဒါက တကယ်ကောင်းတဲ့ဗျူဟာပါပဲ၊ ဒါပေမယ့် ထန့်ပြည်က အလှမ်းကွာလွန်းတယ်၊ ခရီးရောက်တာနဲ့ ကျွန်တော်တို့တပ်တွေအရမ်းပင်ပန်းသွားမှာကို စိုးရိမ်မိတယ်၊ ဒါဆို ထန့်ပြည်ကို ဘယ်လိုလွယ်လွယ်နဲ့ အောင်နိုင်တော့မှာလဲ"
ကျူးလုက ပြောသည်။
"ထန့်ပြည်ရဲ့ အခြေအနေက မငြိမ်းချမ်းသေးဘူး၊ ထန့်လူမျိုးတွေကြားထဲမှာကောလဟာလဖြန့်ဖို့အတွက် ကျွန်တော်တို့လူအချို့ကို လွှတ်လို့ရတယ်၊ ရွှယ်ဧကရာဇ်က ထန့်နန်နယ်စားကို သတ်ဖို့ကြံစည်ခဲ့ပြီး ဧကရီရဲ့သေဆုံးမှုအတွက် ထန့်ပြည်သူတွေကို အငြိုးထားနေတယ်၊ ရွှယ်ဧကရာဇ်က လက်စားချေတဲ့အနေနဲ့ ထန့်လူမျိုးအားလုံးကို ချေမှုန်းပစ်ချင်နေတယ်ဆိုပြီးတော့ပေါ့၊ ဒီလိုသာဆို ထန့်လူမျိုးတွေက စိုးထိတ်ကြောက်လန့်ကုန်ကြပြီး စစ်တိုက်ဖို့ တွေးကြတော့မှာမဟုတ်ဘူး၊ ဒီအခြေအနေမှာ ကျွန်တော်တို့က စစ်သည်တစ်သောင်းကို လွှတ်ပြီး ထန့်ပြည်နယ်စောင့်တပ်တွေ စိတ်ဓာတ်ပျက်ပြားအောင် လုပ်လိုက်ရင် သူတို့တွေ အလွယ်တကူလမ်းခင်းပြီး တံခါးဖွင့်ပေးလာအောင် လုပ်လို့ရတယ်"
အားလုံးက ကျူးလု၏အကြံပြုချက်ကို သဘောတူပြီး ခေါင်းတညိတ်ညိတ် လုပ်လိုက်ကြသည်။ ယင်းက တကယ်ကို အလွန်ကောင်းသည့် ဗျူဟာပင်။ ဖုန့်မင်ကလည်း သဘောတူသည်။ အကယ်၍ သူတို့သာ ထန့်ပြည်နယ်မြေများကို ဦးစွာသိမ်းပိုက်လိုက်လျှင် ဖုန့်ပြည်စစ်သည်တို့အနေဖြင့် စားနပ်ရိက္ခာနှင့်ရေအတွက် စိတ်ပူစရာမလိုတော့သလို စခန်းသစ်ဆောက်စရာလည်း မလိုတော့ချေ။ ပြီးနောက်တွင် ဖုန့်နှင့်ထန့် နှစ်ဖက်စလုံးမှ ရွှယ်ပြည်အား တိုက်ခိုက်၍ရသည်။ ရွှယ်ပြည်က တိုင်းပြည်နှစ်ခုကြားတွင်ရှိရကား ရွှယ်ကျွင်းလျန်အနေဖြင့် နှစ်ဖက်လုံးမှတိုက်ခိုက်လာလျှင် ကာကွယ်ရန် ခက်ခဲပေလိမ့်မည်။
လုရှီချန်က ဆိုသည်။
"ဒီအစီအစဥ်က အရမ်းကောင်းပေမယ့် ရွှယ်ဧကရာဇ်က တပ်တွေစေလွှတ်ပြီး နယ်စားမင်းကျူးလုရဲ့ လွတ်မြောက်လမ်းကို ကြားဖြတ်တားဆီးမှာကို စိုးရိမ်မိတယ်၊ လွတ်မြောက်လမ်းသာ ပျက်စီးသွားရင် ကျွန်တော်တို့တပ်တွေ ပျက်ပြားမသွားနိုင်ဘူးလား"
ဖုန့်မင်ကဆို၏။
"ဒါဆို ကိုယ်တော်တို့က ရှေ့ကနေ ရွှယ်ပြည်နယ်နိမိတ်တွေကိုတိုက်ခိုက်ပြီးတော့ မှားယွင်းကောက်ချက်ချအောင် ဖန်တီးလို့ရတယ်၊ ဒါဆို ရွှယ်ကျွင်းလျန်လည်း အာရုံပြောင်းသွားပြီးတော့ နယ်စားမင်းကျူးလုလည်း ထန့်ပြည်ကို ဘေးကင်းကင်းနဲ့ရောက်သွားနိုင်မှာပါ"
ကျူးလုက ခေါင်းညိတ်လိုက်ပြီး စိတ်ထဲမှ ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်သည်။ ဖုန့်မင်က သူ့ကို တကယ်ယုံကြည်ခဲ့ပြီး သူအန္တရာယ်မကျဖို့ရာ အစီအစဉ်တွေပင် ဆွဲလိုက်သေးသည်။
ဖုန့်မင်နှင့် သူ၏ လက်အောက်အနှုထမ်းများက ကောင်းကင်ကြီး မှောင်မိုက်သွားသည်အထိ ဆွေးနွေးနေရင်း အစီအစဉ်ကို ချောမွေ့အောင် ပြုလုပ်ခဲ့ကြသည်။ နန်းတော်တံခါးများမပိတ်မီတွင်ဝန်ကြီးများအားလုံးက ပြန်သွားခဲ့ကြပြီး နန်းတော်တွင်း၌ ကျူးလုတစ်ဦးတည်းသာ ကျန်ရှိနေခဲ့လေသည်။
ကျောက်လုမှာ ဘုရင့်အိပ်ယာပေါ်တက်ပြီး သူ၏လက်ရှိရာထူးသို့ ရလာသည်ဟု လူအများက ထင်ကြသော်ငြား ကျောက်လုက စစ်ရေးကိစ္စများနှင့်ပတ်သက်လာလျှင်တော့ သူက အလွန်ဗဟုသုတကြွယ်ဝရကားကာ မလေးစားပဲ မနေနိုင်ကြချေ။
မနက်ဖြန်မှာ စစ်တိုက်ထွက်တော့မှာမို့ ကျောက်လုက ဖုန့်မင်နှင့် ကြမ်းကြမ်းတမ်းတမ်းလူးလှိမ့်ပစ်သည်။ ဖုန့်မင်မှာ စစ်သည်တော်တစ်ဦးဖြစ်ကာ တစ်ချိန်က စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်ခဲ့သောကြောင့် သူဟာ မပျော့ညံ့ပါချေ။ သို့သော်လည်း ကျောက်လုမှသူ့အား အကြိမ်ပေါင်းများစွာ မှောက်ချည်လှန်ချည်ပြုပြီးနောက် လုံးဝပင် ပင်ပန်းနွမ်းနယ်သွားတော့သည်။
73.2
ဖုန့်မင်က ကျောက်လုထိုသို့ဖြစ်လာတိုင်း အမြဲလိုလို အကူအညီမဲ့နေခဲ့ပြီး သူ့ကိုလည်း ဘယ်တော့မှ မငြင်းဆန်နိုင်ပေ။ တုံးအသည့် ကျောက်တုံးခေါင်းပိုင်ရှင် လုရှီချန်ပင်လျှင် ဤသည်ကို မြင်နိုင်လေ၏။ တစ်ကြိမ်က ဖုန့်မင်သည် မင်မြစ်တွင် ဖြစ်ပျက်နေသည်တို့နှင့်ပတ်သက်၍ လုရှစ်ချန်နှင့်ဆွေးနွေးနေခဲ့သည်။ နှစ်ယောက်သား လေးလေးနက်နက်ဆွေးနွေးနေကြရာ အတူရှိနေသည့် ကျောက်လုကို မေ့လုနီးနီးဖြစ်သွားခဲ့ရသည်။ ထိုအခါ ကျောက်လုသည် သူကိုယ်တိုင်ပင်မသိလိုက်ပါပဲ ရှေ့ကိုလှမ်းကာ ဖုန့်မင်အား လုရှီချန်ရှေ့တွင် နမ်းလိုက်၏။
ကျောက်လု သဝန်တိုနေမှန်း သိလိုက်ရ၍ ဖုန့်မင် အတော်လေးပျော်သွားသော်ငြား လုရှီချန်ရှေ့တွင် သူတို့ကြားမှရင်းနှီးမှုကို ပြလိုက်ရသဖြင့် သက်တောင့်သက်သာမဖြစ်မှုလည်း ရှိခဲ့ရလေသည်။
အပြစ်မဲ့သည့်ပညာသင်လေး လုရှီချန်မှာ ထိုသို့သောမြင်ကွင်းများကို မြင်ဖူးခြင်းမရှိပါချေ။ သူ၏မျက်နှာက နီရဲလာပြီး ချက်ချင်းပင် အကြည့်လွှဲလိုက်၏။ နောက်ဆုံးတွင် သူက သူ့ကိုယ်သူ နှစ်သိမ့်လိုက်ပြီး မျက်လုံးကိုမော့ကာပင် ကျန်နှစ်ယောက်ကို အကြည့်ရဲတော့ပေ။
နောက်နေ့နေ့ခင်းလောက်တွင် ဖုန့်မင်နိးလာသည်။ သူ့ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေသည့် လွေ့ရွှယ်က အမြန်ရောက်လာကာ ဖုန့်မင်ဆေးကြောပြီး အဝတ်လဲ.တာကို ကူညီလိုက်လေသည်။
ဖုန့်မင် သူ့တစ်ကိုယ်လုံးမှ နာကျင်ကိုက်ခဲမှုကို ခံစားရသည်။ သူက နာကျင်မှုကို ခံစားဖူးနိုင်သည့် လူသားတစ်ဦးဖြစ်နေဆဲပင်။ သူ မတုန်လှုပ်ပဲ မနေနိုင်တော့ပေ။
"မင်းသခင် ဘယ်မှာလဲ"
လွေ့ရွယ်က မျက်မှောင်ကြုတ်လိုက်ကာ သူမ၏အသံက တုန်ရီနေသည်။
"သခင်က နှောင့်နှေးနေစရာ ဘာအကြောင်းမရှိဘူးလို့ပြောပါတယ်၊ ဒါကြောင့် သူက ဒီမနက်စောစောပဲ တပ်တွေကိုဦးဆောင်ပြီး ခရီးစထွက်သွားပါပြီ"
ဖုန့်မင် ခဏလောက် အေးခဲသွားပြီးနောက် ပြုံးကာပြောလိုက်သည်။
"ဘာဖြစ်တာလဲ၊ မင်းသခင်ကို စိတ်ပူလို့လား၊ ကိုယ်တော်တောင်စိတ်မပူပေမယ့် မင်းကတော့ငိုတော့မယ့်ပုံပဲ"
လွေ့ရွယ်က မျက်ရည်တွေကိုသုတ်လိုက်ကာဖြင့်
"ဒီ... ဒီအစေခံက အသင့်ကိုစိတ်ပူနေတာပါ၊ အရှင်မင်းကြီး"
ဖုန့်မင်ကပြောသည်။
"စိတ်မပူပါနဲ့၊ သူကိုယ်တော့်ဆီကို ဘေးကင်းကင်းနဲ့ပြန်လာလိမ့်မယ်လို့ယုံတယ်၊ ကျောက်လုက တစ်ခါမှမရှုံးနိမ့်ဖူးဘူး"
ဤစကားက လွေ့ရွှယ်ကို ပို၍ဝမ်းနည်းသွားစေခဲ့သည်။ သူမက သည်းထန်စွာ ငိုချလိုက်ပြီး မျက်ရည်များက တာကျိုးသလို ကျဆင်းလာခဲ့သည်။
လွေ့ရွှယ်က ငယ်သေးပြီး သူမအနေဖြင့် စစ်ပွဲကို မမြင်ဖူးချေ။ ဖုန့်မင်က သူမက သူမ၏သခင်အတွက် အတော်လေး စိတ်ပူနေမည်ကို သတိပြုမိကာ စကားလုံးအနည်းငယ်ဖြင့် နှစ်သိမ့်ပေးလိုက်ပြီး စောစောပြန်ခိုင်း၍ နားရက်ပေးလိုက်လေသည်။
သို့သော်လည်း ဖုန့်မင်မသိသည်မှာ လွေ့ရွှယ်ငိုကြွေးခြင်းက စစ်ပွဲကြောင့်မဟုတ်ပဲ ကျောက်လု ယခုတစ်ကြိမ်ထွက်သွားသည်မှာ ကောင်းဖို့ဖြစ်ပြီး ဖုန့်ပြည်ကို ဘယ်တော့မှပြန်မလာတော့ဘူးဆိုတာကို သိ၍ပင်။
ယနေ့မနက်ခင်း မထွက်ခွာမှီက ကျောက်လုသည် ဖုန့်မင်၏ဆံပင်များကို ညင်သာစွာ ပွတ်သပ်ရင်း ဖုန့်ဝမ်အနားတွင်အတော်ကြာအောင်နေနေခဲ့သည်။ သူက လွေ့ရွှယ်အား ဖုန့်မင်ကို သေချာဂရုစိုက်ပေးဖို့ရာ သတိပေးခဲ့လေသည်။ ဖုန့်မင်အနားတွင် သူယုံကြည်ရသူဟူ၍ မရှိချေ။ ထို့ကြောင့် လွေ့ရွှယ်က သူနှင့်အတူနေပေးဖို့ လိုအပ်လေသည်။
သူ၏ချပ်ဝတ်တန်ဆာတို့ကို ဝတ်ဆင်ပြီးနောက် ကျောက်လုက ချက်ချင်းထွက်ခွာသွား၏။ သူ၏တပ်ကို ချီတက်ရန် အမိန့်မပေးမှီ သူ့နောက်မှ နန်းတော်ကို အကြာကြီး တစ်ချက်ကြည့်နေခဲ့သည်။ 'နယ်စားမင်းကျူးလု'ဟုရေးထိုးထားသည့် နဖူးစည်းများဖြင့် စစ်သည်တစ်သောင်းသည် ထန့်ပြည်သို့ ထွက်ခွာသွားကြ၏။
*****
ထန့်ယွင် သူ၏တပ်များကိုဦးဆောင်ကာ ထန့်ပြည်ဗိမာန်ကို ပြုပြင်ဖို့သွားစဥ်တွင် ရွှယ်ကျွင်းလျန်က ထန့်နန်နယ်စားမင်းကို သတ်တော့မည်ဟူသည့် ကောလဟာလတို့ကို ကြားခဲ့ရလေသည်။ ကောလဟာလကိုကြားပြီးနောက် လူများကြောက်ရွံ့ကာ မငြိမ်မသက်ဖြင့် ရုတ်ရုတ်သဲသဲဖြစ်ပြီး ထန့်ပြည်ကို ရွှယ်မှ သိမ်းပိုက်လိုက်ပြီဟူ၍ ထန့်ပြည်သူများ တွေးကြမည်ကို သူစိုးရိမ်နေမိသည်။ ကံကောင်းစွာဖြင့် ထန့်ယွင်ရောက်လာပြီး သူတို့၏ပူပန်သောကများကို ဖယ်ရှားပေးလိုက်လေသည်။။
နယ်ခံအရာရှိများက ရွှယ်ကျွင်းလျန်၏အာဏာကိုကြောက်ရွံ့နေကြဆဲဖြစ်ပြီး သူတို့က ငွေကြေးနှင့်အားထုတ်မှုများကို မပေးလိုကြသော်လည်း ထန့်ယွင်၏ ဗိမာန်ပြန်လည်ပြုပြင်မှူအတွက် အလုပ်သမားများကို ထောက်ပံ့ကာ အတူတကွကူညီခဲ့ကြသည်။
ဟယ်ညီအကိုသုံးယောက်က ထန့်ယွင်အပေါ် သံသယဝင်နေဆဲဖြစ်ပြီး ထန့်ယွင်၏ဦးဆောင်မှုကို လုံးလုံးလက်မခံကြချေ။ သူတို့က သူ့ကို သတ်သာသတ်ပစ်ချင်နေကြ၏။ (အမိန့်မနာခံ၍)ခေါင်းဖြတ်ခံရခြင်းက ပြန်လည်ထူထောင်ရေးလုပ်ရာတွင် ထန့်ယွင်အား ကူညီခြင်းထက် ပိုကောင်းသည်ဟူ၍ သူတို့ကယူဆကြသည်။ ထန့်ယွင်ကလည်း သူတို့ကို တွန်းအားမပေးပေ။ သူ၏အင်္ကျီလက်ကိုခါကာသာ တပ်သားများနှင့် အတူတကွ လုပ်ဆောင်ခဲ့၏။
ဤသည်ကိုမြင်ပြီးနောက် ဟယ်ညီအစ်ကိုသုံးယောက်က ထန့်ယွင်ကို မယုံကြည်သေးသော်ငြား စကားလုံးတို့ဖြင့် စော်ကားခြင်းမပြုတော့ပေ။
ထန့်ပြည်၏ လူချမ်းသာကုန်သည်အများစုက ဗိမာန်ပြုပြင်ရေးလုပ်ငန်းစဥ်အကြောင်း ကြားသိပြီး အခကြေးငွေလှူရန်အလို့ငှာ တိုင်းပြည်၏နေရာတိုင်းမှ ရောက်လာကြသည်။ ဘုရားကျောင်းတွင် ခိုလှုံနေရသည့် ဒုက္ခသည်တို့က ငွေကြေးမတတ်နိုင်ရကား သူတို့ဆန္ဒအလျောက် တပ်ထဲသို့ ဝင်လာကြသည်။ ရက်အနည်းငယ်အတွင်း ထန့်လူမျိုး စစ်သည် နှစ်သောင်းကို စုဆောင်းမိခဲ့လေသည်။
ထန့်ယွင်က စစ်ပွဲတွေမှ ဝေးကွာခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ထန့်ပြည်က သူ၏မွေးရပ်မြေဖြစ်နေဆဲပင်။ မည်သည့်ဒေသမှ အရာရှိများက အကျင့်ပျက်ခြစားပြီး မည်သူကရိုးသားသည်ဆိုတာကို သူသိ၏။
*****