အပိုင်း ၇၄
Viewers 13k

Chapter 74


 ထန့်ယွင်က ဟယ်ညီအကိုသုံးဦးကို ထိုအကျင့်ပျက်ခြစားသော အရာရှိများနေရာသို့ ခေါ်သွားလိုက်ပြီး သူတို့၏တူ၊သားများကို စစ်သည်အဖြစ် လေ့ကျင့်ပေးဖို့ရာ ဆွဲထုတ်ခဲ့သည်။ ထိုအောက်ခြေလွတ်နေသည့်အရာရှိများက သေချာပေါက်ပင် သူတို့၏မျိုးဆက်များကို စစ်သည်အဖြစ် မစေလွှတ်လိုပေ။ ထို့ကြောင့် ထန့်ယွင်က သူတို့အား ရွေးချယ်စရာနှစ်ခုပေးလိုက်၏။ လုပ်ငန်းအတွက် ငွေကြေးထောက်ပံ့ရန် သို့မဟုတ် သူတို့၏သားများကို တပ်ထဲစေလွှတ်ရန်ပင်။


 သားမရှိသော အရာရှိများကိုမူ ဖမ်းဆီးရန်အမိန့်ပေးလိုက်သည်။ ဤလူများက မကောင်းသည့်ရည်ရွယ်ချက်များရှိပြီး ဆိုးညစ်သည့်သဘောထားများရှိသဖြင့် သတ်ပစ်ရမည်ဟူ၍ သူကဆိုသည်။ မဟုတ်ပါက တိုင်းပြည်နှင့် လူ့အဖွဲ့အစည်းကို ထိခိုက်စေလိမ့်မည်ဟုပြောသည်။ အဂတိလိုက်စားသည့်အကျင့်ပျက်အရာရှိများ အကြောက်ဆုံးမှာ သေခြင်းတရားပင်။ ထို့ကြောင့် သူတို့အားမသတ်ပဲလွှတ်ပေးစေရန်အတွက် လာဘ်ထိုးသည့်အနေဖြင့် ထန့်ယွင်အား ငွေပေးရန်သာ တတ်နိုင်တော့သည်။


 ထန့်ယွင်လိုချင်သည့် ရလဒ်မှာ ယင်းအတိုင်း အတိအကျဖြစ်ပြီး ထို့ကြောင့်လည်း ဟယ်ညီအစ်ကိုသုံးယောက်အား သူနှင့်အတူ ရည်ရွယ်ချက်ရှိရှိ ခေါ်လာခြင်းဖြစ်သည်။ လာဘ်ပေးလာဘ်ယူလုပ်သည့် အရာရှိများက ထိုညီအစ်ကိုများအား ပြန်၍မတိုက်ခိုက်ရဲပေ။


 သိပ်မကြာခင်မှာပင် ထိုကိစ္စများက ရွှယ်ကျွင်းလျန်၏နားထဲသို့ ရောက်သွားသည်။ အရာရှိများက ထိုအကျဥ်းသား ထန့်ယင်းက လာဘ်ထိုးသည်ကို လက်ခံပြီး လူများထံမှ လုယက်ကာ ထန့်ပြည်သူတို့ထံမှ ငြိမ်းချမ်းရေးကို ယူဆောင်သွားသည်ဟူ၍ တိုင်ကြားစာပို့ကြလေသည်။


 ရွှယ်ကျွင်းလျန်က အရာရှိများထံမှ အစီရင်ခံစာကိုဖတ်ပြီးချိန်တွင် ဟယ်ကျုံးရောက်လာပြီး အစီရင်ခံလေသည်။ သူ့အား ထန့်ယင်းမှ ဧကရာဇ်ထံ ငွေစာရင်းစာအုပ်ပို့ရန် စေလွှတ်လိုက်ခြင်းဖြစ်သည်။ စာအုပ်ထဲတွင် သုံးရက်အတွင်းမှာပင် စစ်သည်ဦးရေ သုံးသောင်းအထိ တိုးလာသည်ရေးထား၏။ စစ်ဘက်ဆိုင်ရာသုံးစွဲရန်အတွက် ရွှေ၊ ငွေ အမြောက်အများကိုလည်း ရရှိခဲ့သည်။


 ရွှယ်ကျွင်းလျန်က ဟယ်ကျုံးကိုမေးလိုက်သည်။


 "ထန့်ယင်းက အလွဲသုံးစားလုပ်သေးလား"


 ဟယ်ကျုံးက ခေါင်းကိုကုတ်ကာ ဆိုလိုက်သည်။


 "ကျွန်တော်မျိုးတို့စုဆောင်းမိသမျှ ငွေကြေးအားလုံး ကျွန်တော်မျိုးတို့ညီအစ်ကိုသုံးယောက်ပဲ ထိန်းသိမ်းထားတာပါ၊ သူကတစ်ခါမှတောင် မထိဘူး"


 ရွှယ်ကျွင်းလျန်က ခေါင်းညိတ်ပြီး ဘာမှမပြောချေ။ သူကလည်း အရေးယူဖို့ရာ မတွေးထားပေ။ တစ်ဖက်လူက ရဲရဲတင်းတင်း ပြုမူနေမှတော့ သူ့တွင် လူတိုင်းကို တည်ငြိမ်အောင်လုပ်ဖို့ရာ နည်းလမ်းရှိပေလိမ့်မည်။ ထို့ကြောင့် ရွှယ်ကျွင်းလျန်အနေဖြင့် မည်သည့်လှုပ်ခတ်မှုမျိုးကိုမှ ပြုလုပ်ရန် မလိုအပ်ပါချေ။


 ထန့်ယွင်၏ကင်းထောက်များက ဖုန့်ပြည်မှ နယ်စားမင်းကျူးလုနှင့်သူ၏စစ်သည်တစ်သောင်းတို့ ထန့်ပြည်သို့သွားနေကြောင်းကို အစီရင်ခံလာသည်။ ထန့်ယွင်တွင် လက်ရှိ စစ်သည်သုံးသောင်းကို စုဆောင်းပြီးဖြစ်ကာ သူ့တွင် ရိက္ခာအလုံအလောက်ရှိပြီး ဘဏ္ဍာရေးကလည်းဖူလုံ၏။ ထန့်ယွင်အနေဖြင့် ထောက်ပံ့ပို့ဆောင်ရေးအတွက် လုံးဝစိတ်မပူပါချေ။


 သို့သော်လည်း အဆိုပါတပ်သားသုံးသောင်းမှာ တပ်သားသစ်များဖြစ်ကြပြီး တရားဝင်လေ့ကျင့်မှုမျိုးမရှိချေ။ စစ်တိုက်ရလျှင်ဖြင့် သူတို့တွင် ထိန်းညှိနိုင်မှုမရှိသလို သေချာလေ့ကျင့်ထားသည့် စစ်တပ်ကို အနိုင်ယူနိုင်မည်မဟုတ်ပေ။


 ထန့်ယန်က တပ်သားများကို ကျင်းတူးခိုင်းကာ ထောင်ချောက်များတပ်ဆင်ခိုင်းလိုက်သည်။ သူက နယ်စားမင်းကျူးလု၏တပ်များကို ကြားဖြတ်တိုက်ခိုက်ရန် ကျစ်မြစ်သို့ပင် တပ်စုတစ်ခုကို လှေဖြင့် စေလွှတ်လိုက်သေးသည်။


 ကျူးလု၏ရှေ့ပြေးစစ်သည်အများအပြားက ကျင်းထဲသို့ပြုတ်ကျကုန်ပြီး ပုန်းကွယ်နေသည့်ထန့်ယွင်၏တပ်သားများကြောင့် သေဆုံးကုန်သည်။ ကျူးလု၏တပ်သားများက သေချာလေ့ကျင့်ထားကြသော်ငြား မမြင်ရသည့်ထောင်ချောက်များကြောင့် ထိတ်လန့်နေကြဆဲပင်။ ထို့သော်လည်း သိပ်မကြာခင်မှာပင် ဟန်ချက်ပြန်ထိန်းနိုင်သွားကာ တပ်ပြန်ဆုတ်ဖို့ရာ မြင်းတွေကိုလှည့်လိုက်ကြသည်။


 သူက ထွက်ပြေးသွားသည့်ရန်သူများနောက်သို့လိုက်ရန် အမိန့်မပေးခဲ့ချေ။ ထိုအစား ကျစ်မြစ်အနီးသို့သွားကာ စခန်းချပြီး ကမ်းကိုစောင့်ကြပ်နေကြသည်။


 ဟယ်ညီအစ်ကိုများက စစ်သွေးကြွကာ ရန်သူတို့အား တိုက်ခိုက်လိုကြသည်။ ထန့်ယွက်က ထိုသုံးယောက်အား ညအချိန်ရန်သူ့စခန်းကို ဝင်စီးရန်နှင့် ရန်သူ့တပ်ကိုနှောင့်ယှက်ပြီး ကျူးလုကိုစခန်းဆောက်ခွင့်မရအောင်တားဆီးရန် ခွင့်ပြုပေးလိုက်သည်။


 ညီအစ်ကိုသုံးဦးက ရန်သူ့စခန်းကိုဝင်ရောက်ပြီး သုံးဘက်သုံးတန်မှ တိုက်ခိုက်သော်ငြား သတ်ရန်အတွက်မူ အမိန့်မပေးချေ။ ရန်သူတပ်သားများကိုတွေ့သည်နှင့် ချက်ချင်း ပြန်လှည့်လာကြ၏။ ရန်သူများက လူအနည်းငယ်သာပါသည်ကိုတွေ့ပြီး နောက်မှလိုက်လာကြရာ ထောင်ချောက်များပြည့်နေသည့် နယ်မြေထဲသို့ရောက်လျှင် တွင်းထဲသို့ ပြုတ်ကျကုန်သည်။


 ဟယ်ကျုံးသည်လည်း စိတ်လှုပ်ရှားကာ ပြေးထွက်ရင်း သတိမထားမထိပဲ သူပါ ကျင်းထဲပြုတ်ကျကာ သူ့မြင်းသည်လည်း ခြေထောက်ကျိုးသွားခဲ့သည်။ ထိုအချိန်တွင်ကျောက်လုက သူ၏တပ်သားများကိုဦးဆောင်ကာ ဟယ်ညီအစ်ကိုသုံးဦးနောက်သို့ လိုက်လာ၏။ ကျောက်လုမှ ဟယ်ကျုံးသားသတ်လိုက်မည်ကို စိုးရိမ်ကာ ဟယ်ယိနှင့်ဟယ်ရန်သည် ကျောက်လုထံကြားဖြတ်ဝင်ကာ အခြားစစ်သည်တို့အား ဟယ်ကျုံးကိုကူညီဖို့ အမိန့်ပေးလိုက်သည်။


 ကျောက်လုက သူ့ဘဝတစ်လျှောက်လုံး စစ်တိုက်လာရာ အလွန်ကျွမ်းကျင်လှသည်။ ဟယ်ညီအစ်ကိုနှစ်ဦးက သူ့အား အလွယ်တကူ အနိုင်မယူနိုင်ချေ။


 ထန့်ယွင်က ညီအစ်ကိုသုံးဦးပြန်မလာသေးသဖြင့် အဖြစ်အပျက်ကိုသိရန် လူအချို့စေလွှတ်လိုက်သည်။ ကင်းထောက်များက တပ်မှူးသုံးဦးမှာ နယ်စားမင်းကျူးလုအား ကျစ်မြစ်အနီးတွင် ကြားဖြတ်တားဆီးကာ ယခု နယ်စားမင်းနှင့်တိုက်ခိုက်နေကြောင်း ပြန်၍သတင်းပို့လာသည်။


 ထိုအခြေအနေက ညီအစ်ကိုသုံးဦးအတွက်မကောင်းမှန်း ထန်ယွင်သိသည်။ ထန့်ယွင်က တိုက်ပွဲအားသာလွန်စေရန်အတွက် လူများကို မီးများပစ်ဖောက်ခိုင်းပြီး ဒရမ်တို့ကို ကျယ်လောင်စွာ တီးခတ်စေသည်။ ပြီးနောက် သူက ဟယ်ညီအစ်ကိုသုံးယောက်ကို ကယ်ရန် ထိပ်တန်းစစ်သည်သုံးဆယ်ကို မြစ်ထံခေါ်ဆောင်သွားသည်။


 ထန့်ယွင် ရောက်လာချိန်တွင် ဟယ်ကျုံးက ကျင်းထဲမှခုန်ထွက်ကာ ကျူးလုနှင့်တိုက်ခိုက်ရန် ပြေးထွက်သွား၏။ ထန့်ယွင်က ကျူးလုကိုဝိုင်းရန် အမိန့်ပေးထားသော်လည်း ဖုန့်စစ်သည်အားလုံးရောက်လာသည်အထိ ထိုတိုက်ပွဲကို အချိန်မဆွဲထားလိုပေ။ သူတို့အနေဖြင့် စစ်တပ်တစ်ခုလုံးကို တိုက်ခိုက်နိုင်မည်မဟုတ်ချေ။

74.2


 ထန့်ယွင်နှင့် သူ၏တပ်သားများက ဝိုင်းထားရာတွင် တမင်တကာပင် အားနည်းချက်ကို ထုတ်ပြပြီး ကျူးလုအား ယင်းကို အခွင့်ကောင်းယူကာ သူ၏စခန်းသို့ ပြန်သွားခွင့်ပေးလိုက်သည်။ ကျူးလုမှ တပ်သားများခေါ်ကာ ပြန်လာမည်ကို မလိုလားစွာဖြင့် ထန့်ယွင်က သူ၏တပ်သားတို့ကို ဦးဆောင်ကာ စခန်းကို ပြန်ခဲ့လေသည်။


တပ်မှနေ၍ ထိုကိစ္စများကို အစီရင်ခံရပြီး နန်းမြို့တော်မှနေ၍ ကျူးလု၏ရန်စမှုကို သတိပြုမိသွားခဲ့သည်။ ရွှယ်ကျွင်းလျန်က ဖတ်ပြီးအံ့သြသွားသော ရွှယ်ဟုန်ယန်ထံ အစီရင်ခံစာကို လွှဲပြောင်းလိုက်ပေးလိုက်သည်။


"ဒီချန်တိ နားမလည်တော့ဘူး၊ ထန့်ယင်းက ဒီလောက်ထက်မြက်မှတော့ ထန့်ချမ်ယီ ယွင်ဖုန့်နန်းဆောင်ကို မီးရှို့တာကို ဘာလို့ကူညီရတာလဲ"


 ရွှယ်ကျွင်းလျန်က ခေါင်းယမ်းပြသည်။


 "ငါလည်းနားမလည်ဘူး"


 ရွှယ်ဟုန်ယန်က ရုတ်တရက် အရေးကြီးသည့်အချက်ကို ပြန်သတိရသွားသည်။


 "မင်းကြီး ကျောက်လုက ကျွန်တော်တို့ကိုတိုက်ခိုက်ဖို့ တပ်သားတွေကိုဦးဆောင်ပြီးလာခဲ့တယ်၊ ထန့်ယင်းက မမျှော်လင့်ပဲ ကျောက်လုပြန်ဆုတ်သွားအောင် လုပ်နိုင်ခဲ့ပေမယ့် ရေရှည်ဆို အလုပ်ဖြစ်တော့မှာမဟုတ်ဘူး၊ ထန့်ယင်းရဲ့တပ်သားတွေက တပ်သားသစ်တွေပါ၊ ကျောက်လုက သဘာဝကျကျကို ပြန်တိုက်ရဲလာလိမ့်မယ်၊ နယ်မြေကိုကာကွယ်ဖို့ တပ်တွေစေလွှတ်လိုက်ရင် ပိုထောင်းမယ်ထင်တယ်၊ ဒီလိုဆို လူတွေလည်း စိတ်လုံခြုံမှုရလိမ့်မယ်"


 ရွှယ်ကျွင်းလျန်က ရယ်ကာ ခေါင်းယမ်းလိုက်သည်။


 "စောင့်သာစောင့်နေပါ၊ ကျောက်လုက ငါတို့ကို အညံ့ခံလာလိမ့်မယ်"


(ဒီနားမှာ အလစ်တဲလေးဝမ်းနည်းသွားတယ်၊ ဖုန့်မင်ရဲ့အချစ်တွေကို နှမြောလို့)


 ရွှယ်ဟုန်ယန်အနေနှင့် အကြောင်းပြချက်ကို မသိပေမယ့် ရွှယ်ကျွင်းလျန်က အသေးစိတ် မပြောပြရသဖြင့် သူသည်လည်း နောက်ထပ် မေးခွန်းတွေကို မမေးဝံ့တော့ချေ။


 ထန့်ယွင်က ထန့်ပြည်၌ အုပ်ချုပ်ရေးဘဏ္ဍာငွေမည်မျှရှိသည်ကို သိရကား တပ်သားများကို လေ့ကျင့်ရန် မလုံလောက်ကြောင်း သဘောပေါက်လိုက်သည်။ သူက တောင်ဘက်တွင် တပ်စွဲထားပြီး ကျောက်လုမှာ မြောက်ဘက်တွင် တပ်စွဲထားရကား သူတို့အားပိုင်းခြားထားသည့် တစ်ခုတည်းသော နယ်နိမိတ်မှာ ကျစ်မြစ်သာရှိလေသည်။ ထို့အပြင် ကျောက်လုက နောက်ထပ်တိုက်ခိုက်မှုများလုပ်မလာသဖြင့် ထန့်ယွင်ပို၍ စိတ်ပူလာရသည်။


 ထန့်ယွင် ကမ်းတစ်ဖက်ကမ်းကိုမြင်နေရသည့် လှေငယ်တစ်စင်းပေါ်တွင် ထိုင်ကာ တန်ပြန်အစီအစဥ်များကို စဉ်းစားနေစဥ်တွင် သီချင်းဆိုသံကို ကြားလိုက်ရသည်။ လှေငယ်တစ်စင်းက ဖြတ်သွားပြီး သူ၏ကျယ်ပြန့်သည့်ရွက်များက လေကို ဖမ်းဆုပ်ထား၏။ လှေက ထန့်ယွင်အနီးသို့ ရောက်လာခဲ့သည်။


 လှေကို လှော်ခတ်နေသူမှာ သူဖုန်းစားတစ်ဦးဖြစ်ဟန်ရသည်၊လှေပေါ်တွင် အိုးတစ်လုံးရှိနေ၏။ သူဖုန်းစားက သီချင်းဆိုနေရင်း ဝါးလုံးဖြင့် လှေကိုလှော်ခတ်နေသည်။ သူတောင်းစား၏ လှေနီးကပ်လာသည်နှင့်အမျှ ထန့်ယွင်၏ လှေပေါ်ရှိ စစ်သည်များက နိုးကြားလာပြီး သူဖုန်းစားကို ရပ်တန့်ရန် သူတို့၏လှံရှည်များဖြင့် ထိုးဖောက်လိုက်ကြသည်။


 သူဖုန်းစားက ရယ်လိုက်သည်။ ဝါးကို တန်ပြန်လှန်ချလိုက်ရာ စစ်သည်တစ်ဦး၏ လှံကို တိုက်ရိုက်ထိမှန်သွားပြီး ယင်းအား မြစ်ရေထဲသို့ တည့်မတ်စွာ ပစ်လွှတ်လိုက်သဖြင့် ထိုအရာ၏သဲလွန်စကို မတွေ့ရတော့ချေ။


 ညီအစ်ကိုသုံးဦးက သူဖုန်းစား၏ ကိုယ်ခံပညာကို မြင်တွေ့ပြီးနောက် သူ့အားစစ်ဆေး(ပညာစမ်း)ရန် မစောင့်နိုင်ကြတော့ချေ။ သူတို့၏လက်နက်များကို ကိုင်စွဲကာ တိုက်ခိုက်ရန် ခုန်ဆင်းလိုက်ကြတော့၏။ သိူ့သော်လည်း သူတို့ လှေငယ်လေးအား မထိမှီမှာပင် ဟယ်ကျုံးသည် သူတောင်းစား၏အိုးကွဲဖြင့် နှစ်ချက်ဆင့်ရိုက်ချခံလိုက်ရသည်။ သူကလဲကျသွားပြီး ပြန်မထနိုင်တော့ပေ။


 ကွဲသွားသောအိုးက မည်းညစ်နေကာ ငါးညှီနံ့တို့ ထွက်နေသည်။


 ထန့်ယွင်က အခြားလူတွေကို ရပ်ခိုင်းလိုက်ပြီး သူဖုန်းစားအနားကို ချဉ်းကပ်ကာဖြင့် လက်နှစ်ဖက်ကိုယှက်လိုက်ကာ ပြောလိုက်သည်။

  


 “ဒီရဲရင့်တဲ့သူရဲကောင်းအနေနဲ့ တပ်ထဲများဝင်ချင်ပါသလား” 


 သူဖုန်းစားက ရယ်ကာပြောလိုက်သည်။

  

 "ဒီကလေးက တကယ်ဥာဏ်ကောင်းတာပဲ"


 "စောစောက အကြီးအကဲအနေနဲ့ တိုက်ခိုက်ရာမှာ အားအပြည့် ထုတ်မသုံးထားပါဘူး၊ ဒီတော့ ခင်များမှာ ကျွန်တော်တို့နဲ့ အသေးအမွှားတိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိသလို မကောင်းတဲ့အကြံအစည်လည်း မရှိဘူး"


 သူတောင်းစားကဆိုလိုက်သည်။


 "ဒီအမှန်တရားကို မင်းသိမှတော့ ဘာလို့များကျစ်မြစ်ပေါ်မှာ တပ်စွဲထားရသေးတာလဲ"


  ထန့်ယွင်က သူဖုန်းစား မည်သည်ကိုဆိုလိုသည်ကို ရှင်းရှင်းလင်းလင်း မသိသဖြင့် ပြောလိုက်သည်။

  

 “ကျေးဇူးပြုပြီး အကြီးအကဲ ကျွန်တော့်ကို ဉာဏ်အလင်းပြပေးပါဦး” 


  သူတောင်းစားကဆိုသည်။


 " ကျောက်လု ကျစ်မြစ်ရဲ့မြောက်ဘက်ခြမ်းမှာ ဒီဆယ်ရက်လုံး နှိမ့်ချပြီးနေနေတာ၊ သူသာတကယ်တိုက်ခိုက်ချင်ရင် အရင်ကတည်းက လုပ်ပြီးနေပြီပေါ့။ ကျောက်လုရဲ့စခန်းက မီးခိုးငွေ့တွေကိုမင်းမြင်နေရပေမယ့် စစ်ဗုံသံတွေ မကြားရဘူးမလား၊ ဒါက ကျူးလုအနေနဲ့ စစ်တိုက်ဖို့ တပ်ဖွဲ့တွေ စေလွှတ်မှာမဟုတ်ဘူးဆိုတာ သက်သေပြနေတာပဲမလား၊ မင်းရဲ့ စကားလုံးတွေကို ချေးငှားဖို့ မရည်ရွယ်ပါဘူး"


 ထန့်ယွင်က သူတောင်းစားစကားကြားပြီးနောက် ကျိုးကြောင်းဆီလျော်သည်ဟု ခံစားလိုက်ရသည်။ သို့ပေသိ ကျောက်လုက ထန့်ကိုလာမတိုက်ဘူးဟု ဆိုလာရကား ယင်းမှာ လက်နက်ချက်ခြင်းပေလား။


 သူဖုန်းစားက ဆက်ပြောသည်။

 

 "တပ်မှူးအနေနဲ့ တပ်တွေစေလွှတ်ပြီး ကျောက်လုနဲ့ ထိပ်တိုက်ရင်ဆိုင်ရနိုင်တယ်၊ မင်းရှုံးရင်တောင်မှပဲ သူ့တပ်ရဲ့ ရိက္ခာတွေကို ဖျက်ဆီးပစ်လိုက်လို့ရတယ်လေ၊ ကျူးလုမှာ ပြန်ဆုတ်ဖို့အင်အားရှိမှာမဟုတ်တော့ဘူး၊ မင်းရဲ့စစ်သည်သုံးသောင်းက သူ့ရဲ့စစ်သည်တစ်သောင်းလေးကို ကြောက်နေသေးတာလား"


 ဤသည်အားကြားပြီးနောက် ထန့်ယွင် စိတ်ထဲမှနေ၍ တိတ်တဆိတ် အံ့အားသင့်သွားရ၏။ ထိုလူက အဝေးကြီးမှနေ၍ ရောက်လာသည်မှာ ထင်ရှားသော်ငြား အချက်အလက်အားလုံးကို အသေးစိတ် ရှင်းရှင်းလင်းလင်း သိနေလေသည်။ ယင်းက ထန့်ယွင်အား ပျော်ရွှင်မှုနှင့်အံ့အားသင့်မှု နှစ်ခုလုံးဖြစ်စေ၏။ ထန့်ယွင်မှာ အရည်အချင်းရှိသည့်လူများကို နှစ်သက်တတ်ပြီး ဤလူက ရှင်းရှင်းလင်းလင်းပြောဆိုတတ်ကာ သူ၏ ကိုယ်ခံပညာကလည်း ကောင်းမွန်ပေသည်။ ထိုလူအနေဖြင့် စစ်သည်တော်တစ်ဦးမဖြစ်လိုလျှင် ထန့်ယွင်၏လူယုံတစ်ဦး ဖြစ်လာနိုင်သေးသည်။


 သူ၏တပ်တွင် ထိုသို့သောလူမျိုးကို လိုအပ်သည်။ ထန့်ယွင်က သူဖုန်းစားအား ချက်ချင်းပင်ကြိုဆိုလိုက်ပြီး သူ၏အသိပညာများအား သင်ပေးဖို့ရာ ပွင့်ပွင့်လင်းလင်းပင် တောင်းဆိုလိုက်လေသည်။


 သူဖုန်းစားကဆိုသည်။


 "ကျုပ် ထန့်ပြည်ကို တစ်ကြိမ်ရောက်ဖူးတယ်၊ အဲဒီ့တုန်းက ထန့်နန်နယ်စားမင်းက ကျုပ်ကို ရုပ်ဆိုးလို့ဆိုပြီး မြို့ရိုးပြင်ကို ပစ်ချလိုက်တယ်လေ၊ မျိုးရိုးက ထန့်ချင်းအတူပေမယ့် ဒီတစ်ယောက်ကတော့ တကယ်သဘောထားချင်း မတူတာပဲ"


 ထိုအချိန်တွင် ဟယ်ညီအစ်ကိုသုံးဦးက ကြားဖြတ်ဆိုလာသည်။


 "ဘယ်လိုလုပ်ပြီး ရုပ်ဆိုးတယ်လို့ခေါ်ရတာလဲ၊ ကျုပ်တို့ညီအစ်ကို သုံးယောက်လည်း ရုပ်ဆိုးတာပဲ၊ ဒါပေမယ့် ခင်များကတော့ ရုပ်ဆိုးပြီး နံစော်နေတာလေ"


 ထန့်ယွင်က ရယ်ချင်စိတ်ကို အောင့်အီးကာ အမျိုးသားအား လှေကြီးတစ်စင်းအတွင်း လေးစားမှုအပြည့်နှင့် ဖိတ်ခေါ်လိုက်လေသည်။ တစ်စုံတစ်ယောက်အား ရေချိုအချို့ပြင်ဆင်ခိုင်းကာ သူ့အား ကူညီရေးချိုးပြီးသန့်ရှင်းဖို့ အမိန့်ပေးလိုက်၏။


  သို့သော်လည်း မည်သူမှ သူဖုန်းစားသည် ရေချိုးလိုက်ပြီးသည့်နောက် ဆွဲဆောင်မှုအပြည့်ရှိသည့် အသွင်အပြင်တို့ဖြင့် ခပ်ချောချော အမျိုးသားဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။


 ဟယ်ကျုံးက ဆိုသည်။


 "မင်းက ထန့်ယင်းကို ကြည့်ကောင်းတယ်လို့ပြောရဲသေးတယ်နော်၊ ငါ့အမြင်တော့ မင်းကသူ့ထက်တောင် ပိုကြည့်ကောင်းသေးတယ်"


 အမျိုးသားကပြုံးကာဖြင့်


 "ကျုပ်ရဲ့ဒီလိုချောမောတဲ့မျက်နှာလေးနဲ့ တပ်မှူးကို မတော်တဆ ရှုံးသွားစေမိတာက သနားစရာပဲ"


  ထိုစကားစုက ဟယ်ကျုံးအား ပါးစပ်ပိတ်သွားစေခဲ့သည်။ သူ့မျက်နှာကနီရဲသွားပြီး စောစောကအချိန်က အမှားတစ်ခုပါလို့ပြောပြီး ပြန်စိန်ခေါ်ရမလားဟု တွေးနေမိသည်။


 

*****