အခန်း ( ၃၃ ) - နင့်ကိုယ်နင် ငါ့အစ်ကိုလို့ထင်နေတာလား
“ရှင် ဘာပြောလိုက်တယ်။”
ရှန်းတန်က သူမကြားခဲ့ရသည်ကို မယုံကြည်နိုင်သောကြောင့် နားကို ကလော်လုပ်လိုက်မိသည်။
အစ်ကိုဝမ်က ထပ်ပြောလာသည်။ “မင်း လိုင်းတက်ပြီး ဖြစ်ခဲ့တာတွေက အက်စီးဒင့်လို့ အကုန်လုံးကို ရှင်းပြလိုက်။ ပြီးရင် စာနာနားလည်ပေးတယ်ဆိုတဲ့ စာတစ်စောင်ရော တင်လိုက်ချေ။”
ရှန်းတန်က ဒေါသထွက်လွန်းလို့ ရယ်ချလုမတတ်ပင်။ သူမမျက်နှာကို ပြကာ ပြောလိုက်သည်။ “ကျွန်မမျက်နှာပေါ်က ဒဏ်ရာက ဒီလိုဖြစ်နေတာကိုတောင် ရှင်မမြင်နိုင်ဘူးလား။”
တကယ်လို့ သူမရဲ့ခန္ဓာကိုယ်ကသာ သန်စွမ်းမနေရင် သူမ၏ မျက်နှာကတော့ လုံးဝကို ပျက်စီးသွားလောက်သည်။ ဘယ်သူ သိနိုင်မှာတုန်း။ အသက်တောင် ရှင်ချင်မှ ရှင်နိုင်မှာ။
အစ်ကိုဝမ်က တည်ကြည်စွာ ပြောခဲ့သည်။ “ငါက ဒါကို မင်းအတွက်ပဲလုပ်တာလေ။ မင်းက ဘယ်လိုနေနေ ဒဏ်ရာရသွားပြီးပြီပဲ။ လက်စားချေတာက အကျိုးမရှိဘူးလေ။ အနာဂတ်အတွက် လမ်းဖောက်ပြီး အကျိုးအမြတ်တချို့ ရယူဖို့ ဘာလို့ ဒီအခွင့်အရေးကို မယူဘဲနေမှာလဲ။”
ရှန်းတန်က အေးစက်စွာ ရယ်မောလိုက်သည်။ “ကျွန်မ ငြင်းတယ်။”
အစ်ကိုဝမ်က စကားထပ်ပြောမယ့်အချိန်တွင် ရှန်းတန်က ဆတ်ခနဲ မေးလာခဲ့သည်။ ”အဲ့တာအပြင် အကျိုးအမြတ်တွေက ကျွန်မအတွက်ချည်းပဲလားဆိုတာ သိချင်ပါသေးရဲ့။”
ရှန်းတန်က ရေအနက်ကို စမ်းသပ်လိုသည်သာဖြစ်ပြီး အစ်ကိုဝမ်၏ မျက်လုံးများက ဝေ့လည်ကြောင်ပတ်ဖြင့် ရိပ်ခနဲ လှုပ်ရှားသွားမည်ကို မမျှော်လင့်ခဲ့မိပေ။
သူ လုပ်ရဲတယ်ပေါ့လေ။ ကမ္ဘာပေါ်ကို တက်လှမ်းဖို့ သူများတွေက သူမကို ချနင်းဖို့ထားလို့ အမျိုးသမီးဇာတ်လိုက်ရဲ့ ခြေနင်းတုံးတောင် အဖြစ်မခံချင်ပေ။
“ငါပြောတာ နားထောင်ပါဦး။”
“အစ်ကိုဝမ် ကျွန်မရှင့်ကို အဲ့လိုခေါ်တယ်ဆိုတာ ရိုသေသမှုနဲ့မို့လို့ ခေါ်ပေးတာနော်။ ရှင့်ကိုယ့်ရှင် ကျွန်မအစ်ကိုလို့ တကယ်ထင်နေတာလား။ အကိုအရင်းခေါက်ခေါက်ကတော့ အဲ့လို ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးဆိုတာကို မပြောနဲ့ဦး။ ကျွန်မအပေါ်ကို ကုပ်ကပ်တက်ပြီး သွေးတွေ ခမ်းသွားတဲ့ထိ အမြတ်ထုတ်ချင်နေတာလား။ ဆုတောင်းလေးကတော့ တကယ်လှတာပဲ။” ရှန်းတန်က ပြောလာခဲ့သည်။
အစ်ကိုဝမ်၏ အမူအရာသည် ပြင်းပြင်းထန်ထန် ပြောင်းလဲသွသည်။ “မင်း ကျေးဇူးမသိတတ်တဲ့ခွေးမ”
“အင်း… ဟုတ်တယ်လေ။” ရှန်းတန်က တမင်တကာ ဒေါသကိုစွပေးရင်း တုံ့ပြန်လာသည်။
အစ်ကိုဝမ်က ဒေါသချောင်းချောင်းထွက်ကာ ရှန်းတန်ကို ရိုက်ရန် ပြင်လိုက်သည်။ ရှောင်ယွီက ကန်ချက်တစ်ခုဖြင့် သူ့ကို လေပေါ်လွင့်ထွက်သွားစေကာ နောက်တွင် ရှိနေသော ဗီရိုအား ဝင်တိုက်သွားစေသည်။
ရှန်းတန်၏ မျက်ဝန်းများသည် အံ့ဩမှုများဖြင့် ပြူးကျယ်သွားသည်။ တော်တော်လေးကို အထင်ကြီးဖို့ကောင်းတာပဲ။
“ဝါး…”
အစ်ကိုဝမ်က သူ့ဗိုက်ကိုကိုင်ထားရင်း အဆက်မပြတ် ချောင်းဆိုးတော့သည်။ “မင်း … မင်း …”
ရှောင်ယွီက သူ မခြေထောက်ကို ပြန်ချလိုက်သည်။ “သူက သခင်မလေးကို ရိုက်တော့မလို့။”
“ဟုတ်ပါ့။ အခုလို ကူညီပေးတာ ကျေးဇူးပါ။” ရှန်းတန် ပြောလိုက်သည်။
ဘယ်လိုနေနေ သူမဘာသာလည်း သူ့ကို မရိုက်နိုင်ဘူးလေ။
ရှန်းတန်က တောက်ခေါက်လိုက်သည်။ “ထင်ထားတဲ့အတိုင်းပဲ။ ခွေးတွေက ချီးစားတဲ့အကျင့်ကို မပြင်နိုင်ကြဘူး။ နောက်အနာဂတ်ကျ ဘာအရေးကြီးကိစ္စမှမရှိဘူးဆိုရင် ကျွန်မကို မခေါ်ပါနဲ့။
ဪ… ဟုတ်သား။ တကယ်လို့ ကိစ္စရှိတယ်ဆိုရင်တောင်မှ ကျွန်မကို မခေါ်နဲ့။”
“ငါမင်းကို ကြဉ်မှာ။ ငါမင်းကို ကြဉ်ပစ်မယ်။” အစ်ကိုဝမ်က ရင်ဘတ်ကိုဖိကာ အမောတကော အသက်ရှုရင်း ပြောလာသည်။
ကောင်းရော။ ရှန်းတန်က ဘာလို့ အဲ့လောက်တောင် မသိတတ်ရတာလဲ။ သူ လုပ်သင့် …။
ဆိုးယုတ်ကောက်ကျစ်မှုအရောင်တို့က အစ်ကိုဝမ်၏ မျက်လုံးထဲတွင် ထွက်ပေါ်လာသည်။
ထိုသည်ကိုလည်း ရှန်းတန်က တိတိကျကျ ဖမ်းမိလိုက်သည်။ သူမက ကြောက်ရွံ့သွားဟန်ဆောင်လိုက်သည်။ “အိုး အမလေးရှင်။ ကျွန်မဖြင့် ကြောက်လိုက်တာ။”
ဘယ်လိုနေနေ သူမရဲ့ စာချုပ်က မကြာခင် သက်တမ်းကုန်တော့မှာ။ ကြဉ်ပစ်မယ်တဲ့လား။ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာမို့လဲ။
အဲ့တာတွေအပြင် သူမရဲ့ ဈေးပေါတဲ့ ယောက်ျားက သက်ရှိထင်ရှားရှိနေတုန်းပဲလေ။ တရားသဖြင့်ဆိုရလျှင် သူက သေချာပေါက်ကို ရပ်ကြည့်မနေလောက်ဘူးမလား။
သူမတို့နှစ်ယောက် လှည့်ထွက်လာလိုက်သည်။ သူမတို့ တံခါးကို ဖွင့်ဖွင့်ချင်းမှာပင် အမျိုးသမီးတစ်ယောက်က ကြမ်းကြမ်းတမ်းတမ်း လဲကျသွားသည်။
အခြားသောလူနည်းစုတို့သည် အနေရခက်စွာ တိတ်ဆိတ်သွားရသည်။
ထိုအမျိုးသမီးက ရှက်ရွံစွာဖြင့် ရယ်ချလိုက်သည်။ “အာ... ငါ ခြေချော်သွားတာရယ်။”
ရှန်းတန်က လှောင်ပြုံးပြုံးလိုက်သည်။ “အိုး ဒါဆို အခုကစပြီး ပိုဂရုစိုက်ရမယ်လေ။”
ထိုအမျိုးသမီးလည်း ထရပ်ကာ ထွက်ပြေးတော့သည်။ သူမ အခန်းထဲ ပြန်ရောက်မှသာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။
အခုက သူမက တမင်သက်သက် ချောင်းနားထောင်ခဲ့ခြင်း ဖြစ်သော်လည်း ချော်မလဲခင်ထိ ဘာမျှသိပ်မကြားခဲ့ရပေ။
ရှန်းတန်နှင့်အစ်ကိုဝမ်တို့က စိတ်ပျက်လက်ပျက် ခွာပြဲသွားကြဟန်တူသည်။
တစ်နည်းပြောရလျှင် ဒါက သူမအတွက် သတင်းကောင်း ဖြစ်သည်။ အရင်းအမြစ်တွေက အကန့်အသတ်ရှိသည်။ ပြိုင်မည့်သူတစ်ယောက် လျော့သွားလေ သူမအတွက် အခွင့်အလမ်း ပိုတိုးလာလေ ဖြစ်သည်။
အဆုံးတွင် ရှန်းတန်လှေကားပေါ်က ဆင်းလာချိန်၌ ဘေးဘက်မှ မြောက်များစွာသော အကြည့်များက သူမဆီရောက်ရှိလာသည်ကို သတိထားမိခဲ့သည်။
ပထမထပ်သို့ရောက်သော် အပြင်ဘက်မှန်တံခါးအပြင်ဖက်တွင် စုဝေးနေသော လူပင်လယ်ကြီးကို သူမ တွေ့လိုက်ရသည်။
မထင်မှတ်ထားဘဲ သူတို့က သူမကိုတွေ့သော် မျက်လုံးများက အံ့ဩပျော်ရွှင်စွာဖြင့် ပင့်ကြည့်လာခဲ့သည်။
လုံခြုံရေးတွေကြောင့်သာ မဟုတ်ပါက အလုအယက် ပြေးဝင်လာကြလောက်ပြီဖြစ်သည်။
ဒါက ရှန်းတန်အတွက်တော့ ဤသို့ ကြောက်မက်ဖွယ်မြင်ကွင်းကို ပထမဆုံးအကြိမ် ပက်ပင်း ကြုံတွေ့ဖူးခြင်းပင်။
သူမက ဖြတ်သွားဖြတ်လာတစ်ယောက်ကို လက်ဆွဲကာ မေးမြန်းလိုက်သည်။ “အပြင်ဘက်က လူအုပ်လိုက်ကြီးက ဘာလို့ ဒီရောက်နေတာလဲဆိုတာ သိလားဟင်။”
သူတို့က သူမအတွက် ဒီကိုရောက်လာတာလို့ ဘာဖြစ်လို့ ခံစားနေရတာပါလိမ့်။
“ဖြစ်နိုင်တာကတော့ အပြင်မှာ ရှိတဲ့ သတင်းထောက်တွေနဲ့ ပွဲကြည့်ပရိတ်သတ်တွေက ပွဲကြည့်ဖို့ ရောက်လာကြတာနေမှာ။”
ရှန်းတန် : “ …… “
သူတို့က သူမက ကုမ္ပဏီကိုရောက်နေတယ်ဆိုတာ ဘယ်လိုသိသွားကြတာလဲ။
သူတို့ကို အစ်ကိုဝမ်က ဖိတ်လိုက်တာ ဖြစ်နိုင်လောက်လား။
ရှန်းတန် ပြတင်းပေါက်ဘက်သို့လျှောက်သွားကာ မှန်ပြတင်းပေါက်ကို ခေါက်လိုက်သည်။ ထို့နောက် အပြင်ဘက်ရှိလူအုပ်ကြီး မြင်ရအောင် ဖုန်းကို ထုတ်၍ စာရိုက်လိုက်သည်။ “အစ်ကိုဝမ်က ရှင်တို့ကို ဖိတ်ထားတာလား။”
သူတို့က တုန့်ပြန်သည့်အနေဖြင့် ခေါင်းငြိမ့်ပြလာခဲ့သည်။
ထို့နောက် ရှန်းတန်သည် တံခါးဆီသို့ ဦးဆောင်သွားလိုက်သည်။
သူမ တံခါးဖွင့်လိုက်သည်နှင့် လူအုပ်ကြီးက ရှေ့သို့ အုံခဲလာခဲ့သည်။ မိုက်ကရိုဖုန်းများကို သူမ၏ မျက်နှာဒဏ်ရာဘက်သို့ပင် အတင်းထိုးထည့်လာခဲ့ကြသည်။
“ရပ်လိုက်” ရှန်းတန်က သူမလက်ကိုမြှောက်လိုက်သည်။
“တကယ်လို့ တစ်ယောက်ယောက်က ကျွန်မဒဏ်ရာကို ထိခိုက်ရင် ဘာမေးခွန်းမှ ဖြေမှာ မဟုတ်ဘူးနော်။”
လူတိုင်းက ချက်ချင်းဆိုသလို တိတ်ဆိတ်ငြိမ်သက်သွားသည်။
အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသော ရှန်းတန်နှင့် လီရှင်းတို့ကြားက အတင်းအဖျင်းအကြောင်း ကိုယ်တွေ့ သတင်းအချက်အလက်များကို အရင်ဆုံး ရယူရန် စိတ်အားထက်သန်နေကြသည်။
“တန်းစီပေးပါ။ တစ်ယောက်ကို မေးခွန်းတစ်ခုပဲ ရမယ်။” ရှန်းတန်က ပြောလိုက်သည်။
မိန်းကလေးတစ်ယောက်က ပထမဆုံးမေးခွန်း စမေးလိုက်ချိန်တွင် လူအုပ်ကြီးက တစ်ယောက်နှင့် တစ်ယောက် ဝေခွဲမရသော အကြည့်များ ဖလှယ်နေကြသည်။ “ရှင် ဆေးရုံမှာရှိတုန်းက လာလည်တဲ့ တစ်ယောက်က ရှင့်ရည်းစားလား။”
ရှန်းတန် : “???”
“ခဏလေးပါ။ မေးခွန်းတွေက ကျွန်မရဲ့ ဒဏ်ရာအကြောင်း မဟုတ်ဘူးလား။”
မိန်းမငယ်လေးက ကိုးရိုးကားယားနိုင်စွာ ပြုံးပြသည်။ “လူတွေက ရှင့်ရဲ့ အချစ်ရေးအခြေအနေအကြောင်းကို ပိုပြီး စိတ်ပူနေကြတယ်လေ။”
ရှန်းတန်တစ်ယောက် မလွယ်ကူသလို ခံစားလိုက်ရသည်။ သူမ ဘယ်လိုတုန့်ပြန်သင့်သလဲ။ အလိမ်အညာတွေက မကောင်းဘူးဆိုပေမယ့် အကုန်လုံးကို အမှန်တိုင်း ပြောပြရတာကလည်း ဆိုးနေသေးတာပဲ။
“အာ …”
လူတိုင်း၏ စပ်စုချင်သော အကြည့်အောက်တွင် ရှန်းတန်သည် သပွတ်အူကြိုးကို ရင်ဆိုင်တွေ့ရသော အဲလက်ဇန်းဒါး၏ ခက်ခဲကြမ်းတမ်းမှုကို ရင်ဆိုင်လိုက်ရကာ ချွေးများထွက်လာရသည်။
ဒီတိုင်း ရိုးရိုးရှင်းရှင်း ဝါကျလေးကိုပြောဖို့ရန် ဘာကြောင့် အဲ့လောက်ထိ ရုန်းကန်နေရလည်းဆိုတာ ရှောင်ယွီ လုံးဝ နားမလည်နိုင်ပေ။
ရှန်းတန်က ချောင်းခြောက်တစ်ချက်ဆိုးကာ ရင်ဆိုင်လိုက်သည်။ “ကျွန်မပြောနိုင်တာကတော့ … ကျွန်မ သူ့ကို တော်တော်လေး သဘောကျပါတယ် ..။”
နည်းလမ်းတကျ ပြောရလျှင် သူမက ဒီဆက်ဆံရေးနှင့် ပတ်သက်၍ ငြင်းတာရော ဖွင့်ပြောတာရော မလုပ်သဖြင့် အလိမ်အညာဟုပြော၍ မရပေ။
သူ့ကို သဘောကျတယ်ဆိုတာကလည်း လုံးဝကြီး မှားနေတာတော့ မဟုတ်ပေ။ ကုဟွိုင်အန်းက တော်တော်လေး မိမိုက်ပြီးတော့ သူမရဲ့ အကြီးမားဆုံး မျှော်လင့်ချက်က မသေခင်မှာ အဲ့လိုကောင်လေးမျိုးနဲ့ တစ်ခါလောက် အိပ်ပစ်လိုက်ဖို့ပဲ။
ထို့နောက်မှသာ မေးခွန်းတွေရဲ့ ဦးတည်ချက်က သူမ အကြမ်းဖက်ခံရသောဖြစ်စဉ်အကြောင်း အသေးစိတ်သို့ ကူးပြောင်းသွားသည်။
ရှန်းတန်က အဖြစ်အပျက်အားလုံးကို ထုတ်ဖော်လိုက်သည်။
လူစုထဲမှ တစ်ယောက်က ပြောလာသည် “ရှန်းတန် ရှင် နည်းနည်းလေးတော့ ပြောတာ လွန်တယ်လို့ မထင်ဘူးလား။ ရှင်သာ သူမကို အဆုံးထိရောက်အောင် တွန်းမပို့ခဲ့ရင် လီရှင်းက ရှင့်ကို သေတဲ့အထိ ရိုက်မှာ မဟုတ်ဘူးလေ။”
ရှန်းတန်၏ အမူအရာသည် မည်းမှောင်သွားသည်။“အဲ့စကားကို ဘယ်သူပြောလိုက်တာလဲ။”
လူအုပ်ကြီးဆီမှ မည့်သည့် တုန့်ပြန်ချက်မျှ မရရှိခဲ့ပေ။
“အခုနက ပြောတဲ့သူ ကျယ်ကျယ်ပြောဖို့ရော သတ္တိရှိရဲ့လား။”
“ဘာကိစ္စ ကျွန်မက ကိုယ့်ကိုယ့်ကိုယ် ပြန်သုံးသပ်ပြီး အသိစိတ်ကို ဆင်ခြင်ရဦးမှာလဲ။ ကျွန်မက သူမကို အခွင့်အရေးပေးခဲ့ပေမယ့် သူမက ခဏခဏလာပြီး ကျွန်မကို အနိုင်ကျင့် ဗိုလ်ကျနေတာလေ။ အဲ့တာကို ကျွန်မက ကျေးဇူးတင်ဧည့်ဝတ်ကျေပွန်နေရမှာလား။ ကျွန်မက သူမကို အကြွေးတင်နေလို့လား။”
ပုံမှန်ဆိုပါက လူအများ၏ရှေ့တွင် ထိုသို့သော အရာများ ပြောလိုက်ခြင်းက မကောင်းနိုင်ချေ။ လူအများစုကတော့ မျက်နှာမပျက်ချင်ကြပေ။
သို့သော် ရှန်းတန်သည် ကြောင်သူတော်၏ ထောင်ချောက်ထဲသို့ ကျရန် လက်မခံလိုပါ။
“ရှင်တို့ စိတ်ရှိသလို သတင်းတင်လို့ ရတယ်။ ဒါပေမယ့် မှန်မှန်ကန်ကန် တင်တာတော့ အကောင်းဆုံးဖြစ်မယ်လို့ ကျွန်မ အကြံပေးချင်တယ်။ ကုအုပ်စုရဲ့ တရားရေးရာဌာနက သက်ညှာမှု မရှိဘူးလေ။”
သူမကတော့ တတ်စွမ်းသမျှ ကြွားလုံးထုတ်လိုက်ပြီဖြစ်သည်။
သူတို့သိနေပြီးသားကိစ္စကို တုပပြောလိုက်တာက ဘာမှ ထိခိုက်နစ်နာမှု မရှိဘူးလေ။
နောက်ဆုံးတွင်တော့ ရှန်းတန်သည် အစ်ကိုဝမ် ပြောခဲ့သည်ကို မရေမရာသာ ထုတ်ဖော်၍ ပြောခဲ့ပြီး လူအုပ်ကြီးအတွက် အတွေးများ ချန်ရစ်ကာ ထွက်သွားခဲ့လေသည်။
ရှန်းတန်၏ အင်တာဗျူး ပြီးပြီချင်းတွင် အစ်ကိုဝမ်က ရှောင်ယွီ၏ ကန်ချက်မှ ရသော နာကျင်မှုတို့ လျော့ပါးသွားပြီဖြစ်ကာ လှေကားမှ ထော့နဲ့ထော့နဲ့ဖြင့် ဆင်းလာသည်။
သူမ ဗီလာသို့ ပြန်ရောက်လာချိန်တွင် အဓိက အိမ်တော်ကြီးမှ ဦးလေးဟယ်က အလည်ရောက်နေခဲ့သည်။
ဟယ်ညီအစ်ကိုသည် တူညီသည့် အသွေးအသားမှ ဖြစ်ပါသော်ငြား ရုပ်ရည်သွင်ပြင်သာ တူညီပြီး စိတ်နေသဘောထားကတော့ လုံးဝကို ကွဲပြားလှသည်။ တစ်ယောက်က တင်းမာခက်ထန်ကာ တစ်ယောက်က နွေးထွေးသည်။
"သခင်မလေး” ဦးလေးဟယ်က နှုတ်ဆက်သည်။
“ဦးလေးဟယ်” ရှန်းတန်က ပြန်လည်တုန့်ပြန်လိုက်သည်။
ရှန်းတန်သည် ဦးလေးဟယ် လာလည်ရခြင်း၏ ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်ပဲ အတော်လေး စိတ်ညစ်နေခဲ့သည်။
ဦးလေးဟယ် ဝယ်လာသော ပစ္စည်း တစ်ပုံတစ်ခေါင်းကြီးနှင့် black card တို့ကို မြင်လိုက်သော် သူမ အနည်းငယ် သဘောပေါက်လာသည်။
"“သခင်မက သခင်မလေးရဲ့ဒဏ်ရာအကြောင်းကိုကြားတော့ ဒါတွေကို အထူးတလည် ပို့ပေးလိုက်တာပါ။ သူမက တော်တော်လေး စိတ်ပူနေပါတယ်။”
ရှန်းတန်သည် သတင်းများက ကုပင်မအိမ်တော်ဆီသို့ပင် ပြန်ရောက်သွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူမမှာ တခြားကောလဟလ ဘာတွေများ ရှိသေးလဲဟင်။
အဆုံးတွင်တော့ သူမက သတ္တိမွေးကာ စိတ်ပိုင်းဖြတ်လိုက်သည်။
“ကျေးဇူးပြုပြီး အမေနဲ့ ဦးလေးကို ကျွန်မက ကျေးဇူးတင်တယ်လို့ ပြောပေးပါဦးရှင်။”
ဒါက သူမ အထင်မှားတာ ဖြစ်မလား မသိသော်လည်း ဦးလေးဟယ်၏ နှုတ်ခမ်းများက လှုပ်သွားသလားလို့။
ဟုတ်ပါတယ်၊ ရှန်းတန်က အငြိုးထားလိုက်ရုံပါပဲ။
ထို့အပြင် သူတို့က သူမကို အသိအမှတ်ပင်မပြုရသေးသောကြောင့် ဘယ်လိုလုပ်ပြီး အဖေလို့ ခေါ်ရမှာလဲ။
“ကျွန်တော် အဲ့အတိုင်း ပြန်ပြောပေးလိုက်ပါ့မယ်။”