အပိုင်း ၈၀
Viewers 13k

Chapter 80


ထိုလူက လိုက်ထိုင်ချလိုက်ချပြီး ဓားမြောင်ကို သူ့လည်ပင်းသို့ထောက်၍ တဖြည်းဖြည်းအောက်သို့ပွတ်ဆွဲလိုက်သည်။အေးစက်သော ဓားသည် ဝန်မင်းလု၏ ခန္ဓာကိုယ်အောက်ပိုင်းသို့ ထိသွားသည့်အခါမှ ရပ်တန့်သွားသည်။ 


 လုရှီချန် အံ့သြသွားကာ မေးလိုက်သည်။

 

"မင်းဘယ်သူလဲ ၊ မင်းကလွေ့ရွှယ်မဟုတ်ဘူး''


 ထိုလူက ပြုံးလိုက်ကာ 

 

" ငါ့ကိုဒီလို ပြန်ပြောနိုင်သေးတယ်ဆိုတော့ မင်းမှာ သတ္တိနည်းနည်းတော့ရှိသားပဲ ''


လုရှီချန် တောင့်တင်းသွားပြီး မေးလိုက်သည်။


 "မင်းက ကျောက်ထုံလား"


ကျောက်ထုံက သူ၏မျက်နှာမှ မျက်နှာဖုံးကို ဆွဲချွတ်လိုက်သည်။


 ''မင်းက ဥာဏ်ကောင်းသားပဲ၊ ဒါပေမယ့် အဲ့လိုဉာဏ်ကောင်းတာကြောင့်ပဲ ငါမင်းကို တစ်ယောက်တည်းလွှတ်ပေးထားလို့မရတာ၊ ဒီနေ့ ဒီလောင်ကျစ်ကသေချာသင်ပြပေးမယ်'' 


သူကပြောပြီးနောက် သူ့လက်ကို ရည်ရွယ်ချက်ရှိရှိ လှုပ်ခါနေသည်။ လုရှီချန်မှာ ထွက်ပြေးလိုသော်လည်း သူ့ခြေထောက်များက ကောင်းကောင်းမတ်တပ်မရပ်နိုင်ပဲ ထွက်ပြေးရန်ကျရှုံးသွား၏။

 

ကျောက်ထုံက ပြောလိုက်သည်။


"ဝန်မင်းလုက မဆိုးဘူးပဲ၊ မျှော်လင့်ထားသလိုပဲ မင်းက လူကြီးလူကောင်းဆန်ချက်၊ ငါ့သခင် ထွက်သွားတာနဲ့ မင်းကဒီနန်းတော်ထဲမှာ မှောင်တဲ့ထိနေတယ်၊ ဖုန့်ဘုရင်ရဲ့နှုတ်ခမ်းက ဘယ်လိုအရသာလဲ"


"မင်းရဲ့ ညစ်ပတ်တဲ့ပါးစပ်ကို ပိတ်လိုက်စမ်း၊ ဘယ်လိုအဓိပ္ပါယ်မရှိတဲ့စကားတွေပြောနေတာလဲ"


သူ့မျက်နှာ နီမြန်းလာပြီး ပြောလိုက်သည်။ သူက အိမ်ထောင်လည်းမပြုရသေးသလို ယောက်ျားများနှင့်ပျော်ပါးဖို့နေနေသာသာ ဤနယ်ပယ်တွင် အတွေ့အကြုံတောင် မရှိပေ။ ထိုစကားကိုကြားရခြင်းက သူ့အား နီရဲသွားစေသည်။


ကျောက်ထုံက သူ့ကိုကောက်မကာ ပြောလိုက်သည်။ 


"မင်းပြောရခက်နေလည်း ကိစ္စမရှိဘူး၊ ငါမင်းလိုလူတွေကိုလည်း ဂရုမစိုက်ဘူး၊ ငါနဲ့လိုက်ခဲ့၊ မဟုတ်ရင် မင်းကို အခုပဲသင်းကွပ်ပစ်မယ်''


လုရှီချန်၏မျက်နှာက ပို၍နီလာပြီး အဖျားသွေးရှိနေသကဲ့သို့ဖြစ်နေကာ သွေးများပေါက်ထွက်သွားတော့မည့်ပုံပေါ်နေသည်။ ကျောက်ထုံက သူ့ကို ကြက်ကလေးမသလို ကောက်မသွားလေသည်။

 

ကျောက်ထုံက ဝန်မင်းလုကို အိတ်တစ်လုံးထဲထည့်၍ ယောက်ျားဝတ် အဝတ်အစားများပြောင်းဝတ်ကာ ရွှယ်ပြည်သို့ တစ်ညလုံး ခရီးနှင်ခဲ့သည်။


ကျောက်လုက ကျောက်ထုံတပ်မှာ မရှိသည်ကို သိလိုက်ရသဖြင့် သူ့ကိုရှာရန် လူတွေကို အမိန့်ပေးလိုက်သည်။ ရလဒ်အနေဖြင့် ရက်အနည်းငယ်အကြာတွင် ကျောက်ထုံ ပြန်ရောက်လာပြီး ဂုန်နီအိတ်တစ်အိတ်ကိုပါ နန်းတော်သို့ သယ်ဆောင်လာခဲ့သည်။ 


သူက ကျောက်လုကို ပြောလိုက်သည်။ 


''သခင် ၊ ကျွန်တော့်ကို ဒီသုံ့ပန်းနဲ့အတူ ဘုရင်မင်းမြတ်ကို တွေ့ခွင့်ပြုပေးပါ ၊ ပြီးတော့ သူ့ကို ဧကရာဇ်ဆီဆက်သလိုက်ရင် သခင့်ရဲ့ ဒေါသတွေလည်း ပြေသွားပါလိမ့်မယ်'' 


ကျောက်လုက ဘာလို့လဲဆိုတာကို လုံးဝမသိချေ။


 ရွှယ်ကျင်းလျန်က တစ်စုံတစ်ရာဆွေးနွေးရန် အမတ်များအား တော်ဝင်စာကြည့်တိုက်သို့ ဆင့်ခေါ်ခဲ့သည်။အသေအချာပင် ထန့်ယွင်လည်း အပျက်မကွက်သွားရန် လိုအပ်သည်။အမြဲတမ်းလိုလို ဆွေးနွေးစရာတစ်ခုခုရှိလျင် ရွှယ်ဧကရာဇ်က ထန့်ယွင်ကိုမေးမြန်းလေ့ရှိသည်။ ထို့ကြောင့် ထန့်ယွင်က အမတ်များကြားနာမည်ကြီးနေပုံပင်။အမှန်တော့ ရွှယ်ကျွင်းလျန်က သူ့ကိုသတ်ရန် နည်းလမ်းရှာရင်း ပင်ပန်းနေသူတစ်ဦးသာဖြစ်သည်။ သူသာ မေးခွန်းများကို မှားယွင်း၍ဖြေမိလျင် သို့မဟုတ် ဆိုးဝါးသေည့်အရာ တစ်ခုခုလုပ်မိသည်နှင့် ရွယ်ကျွင်းလျန်က သူ့ကိုအပြစ်တင်ပြီး အဆုံးသတ်ပစ်ဖို့ ဆင်ခြေများရှိလာလိမ့်မည်။ထို့ကြောင့် ထန့်ယွင်က အမြဲတမ်းတိုက်ခိုက်နေရန် စိတ်အာရုံကို အစွမ်းကုန်နိုးကြားအောင် နေနေရ၏။


ကျန်းယွီကဝင်လာပြီးပြောလိုက်သည်။ 


"တပ်မှူးကျောက်ထုံက မင်းကြီးကို တွေ့ခွင့်တောင်းနေပါတယ်၊ သူ့ပုံစံအရ အရေးကြီးပုံပါပဲ''


 ရွှယ်ကျွင်းလျန်က သူ၏မရေမရာ လျှောက်တင်ချက်ကို ကြားပြီး ကျောက်ထုံအား ဝင်လာခွင့်ပြုလိုက်သည်။ ကျောက်ထုံ၏ပုခုံးပေါ်တွင် အိတ်တစ်လုံးပါလာလိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားကြပေ။ သူဝင်လာပြီးနောက် သူ့ပုခုံးပေါ်မှ အိတ်ကိုပစ်ချကာ ရွှယ်ကျွင်းလျန်အား အရိုအသေပြုလိုက်သည်။


 ရွှယ်ကျွင်းလျန်က ထိုလူသည် ငယ်ရွယ်ကာ သန်မာပြီး ထက်မြက်သူဖြစ်ကြောင်းသိထားသည်။ သူက စည်းကမ်းနှင့်အညီဆောင်ရွက်ရတာမျိုး မနှစ်သက်ပေ။စည်းကမ်းလိုက်နာရန်တောင်းဆိုပါလျှင်လည်း သူက လိုက်နာလိမ့်မည်မဟုတ်ပေ။ 


ထို့ကြောင့် သူကပြုံး၍ မေးလိုက်သည်။ 


''ကျောက်ထုံ ဘာရတနာတွေများ သယ်လာတာလဲ''


ကျောက်ထုံကပြောသည်။


 ''ဒါက ရတနာမဟုတ်ပါဘူး၊ သူခိုးတစ်ယောက်ပါ''


''ဘာ'' 

သူတို့အားလုံး အံ့အားသင့်သွားကြသည်။


 

''အဲ့ဒီအိတ်ထဲမှာ တစ်ယောက်ယောက်ရှိနေတာလား'' 

 

ကျောက်ထုံ အိတ်ကိုဖွင့်လိုက်သည့်အချိန်တွင် လူတိုင်းမြင်လိုက်ရသည်မှာ မေ့မြောနေတာကြာပြီဖြစ်သည့် ဝန်မင်းလုကိုပင်။ လူတိုင်းကလည်း သူ့ကိုမြင်ပြီး အံ့သြသွားကြသည်။


ဖုန့်ပြည်မှဝန်မင်းလုကို သူတို့မသိကြသော်လည်း ဤလူသည် အလွန်ရှက်ရွံ့ပြီး သေလုနီးပါးဖြစ်နေသော စက္ကူဖြူတစ်ရွက် နှင့်တူလေသည်။


 “ဒါက ဘယ်သူလဲ” 

 

ရွှယ်ကျွင်းလျန်က ပြောလိုက်သည်။


ကျန်းထုံက လျှောက်တင်လိုက်၏။


 "သူက ဖုန့်ပြည်က ဝန်မင်းလုပါ"

 

သူပြောလိုက်သောအခါ ရွှယ်ကျွင်းလျန်ပင် အံ့အားသင့်သွားခဲ့သည်။


 ထန့်ယွင်က လုရှီချန်၏အမည်ကို ကြားဖူးတာကြာပြီဖြစ်သဖြင့် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်မိသည်။ 

 

"ဝန်မင်းလု အစာမစားရတာ ရက်တော်တော်ကြာနေပြီလားဆိုတာ သိချင်မျတယ်၊ တပ်မှူးက ကျွန်တော့်ကို ပြောပြပါဦး''


ကျောက်ထုံက လျှင်မြန်စွာ ပြေ။လိုက်သည်။


"ဖုန့်ပြည်ကနေ ဒီအထိ နေ့ရောညပါ ခရီးနှင်လာရလို့ အနားယူချိန်သိပ်မရှိခဲ့ဘူး၊ ကျွန်တော်လည်းသူကို အစာမကျွေးချင်ဘူး"


 ရွှယ်ကျွင်းလျန်က ဦးနှောက်ခြောက်သွားသလို ခံစားလိုက်ရပြီး သူ့နဖူးကိုပွတ်လိုက်သည်။ သူက လုရှီချန်၏အရည်အချင်းကို ကြားသိရပြီးနောက် သူ့ကိုခေါ်ယူချင်ခဲ့သည်။ လုရှီချန်ကို သူ့အနားသို့ ဖိတ်ခေါ်ရန် နည်းလမ်းများစွာကို တွေးတောခဲ့သော်လည်း သူ့ကို ဤနေရာသို့ လာရန် မည်သို့တောင်းဆိုရမည်တိုသည်အား မစဥ်းစားတတ်ခဲ့ပေ။

80.2


 ကံကောင်းစွာဖြင့် ယခုအချိန်တွင် ဖုန့်ပြည်သည် ကျန်းဟုန်အပေါ် အာရုံစိုက်နေရသည်။ သို့မဟုတ်ပါက ဝန်မင်းလုပျောက်သွားသည်ကို သိသည်နှင့် သူတို့က ရွှယ်ကို တိုက်ခိုက်ရန် စစ်တပ်များ ေစလွှတ်လိုက်မည်လား မသိနိုင်ပေ။ 


ဤသည်ကို 'နွားပေါက်လေးများ ကျားကိုမကြောက်သလို'ဟု ဆိုသင့်ပေသည်။


ကျောက်ထုံက ဝန်မင်းလုကို ရန်ငြိုးထား ေနသည်ဟု ထန့်ယွင် ခံစားလိုက်ရသည်။ သူ့ကို ကျောက်ထုံ၏လက်ထဲတွင် ထားလိုက်လျှင် ဝန်မင်းလု သေသွားမလား စိုးရိမ်ရပေသည်။ သူက အလျင်စလို ပြောလိုက်သည်။


"ဝန်မင်းလု အတွေ့အကြုံ အများကြီးရှိပြီး အရည်အချင်းနဲ့ပြည့်စုံတဲ့သူပါ၊ အရှင်မင်းကြီး ကျေးဇူးပြုပြီးတော့...''


သူ့စကားမဆုံးခင်ပင် ရွှယ်ကျွင်းလျန်က သဘောပေါက်လိုက်ပြီး ပြုံးကာပြောလိုက်သည်။ 


"ကိုယ်တော်က ရက်စက်တဲ့လူလား၊ မင်းအဲ့ဒါကိုမပြောခင်ကတည်းက သူ့ကို လက်နက်ချအောင် စည်းရုံးရမယ့်အလုပ်ကို မင်းကိုတာဝန်ယူခိုင်းဖို့ ကိုယ်တော် စဥ်းစားထားတယ်'' 


ထန့်ယွင်က တစ်စုံတစ်ယောက်ကို လက်နက်ချစေရန် ဖျောင်းဖျနှိပ်စက်ရသော အလုပ်ကိုတာဝန်မယူချင်ပေ။ သူက အစတည်းက ဝန်မင်းလုကို မသိပေ။ ထို့ကြောင့် သူမည်သို့ပြောရမည်ကို မသိချေ။ သူမလုပ်လျှင်လည်း ရွှယ်ကျွင်းလျန်တွင် သူ့အားအပြစ်ရှာစရာ ဆင်ခြေတစ်ခုရရှိသွားမည်ဖြစ်သည်။


ရွှယ်ကျွင်းလျန်ဟာ ထန့်ယွင်ကို ပြန်လည်ချေပရန်အခွင့်အရေးမပါချေ။


ထန့်ယွင်က အမတ် ရာထူးကို ကံကောင်းလွန်ပြီးရခဲ့ခြင်းသာဟု  ကျောက်ထုံအမြဲ ခံစားရလေသည်။ယခုတွင်လည်း သူက ဖုန့်နိုင်ငံ၏ဝန်မင်း လုရှစ်ချန်ကို ကြီးစွာသော ကြိုးပမ်းအားထုတ်မှုဖြင့် ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်ပေမင့် သူ၏  လုရှစ်ချန်ကို စည်းရုံးသိမ်းသွင်းနိုင်မည့် အခွင့်အရေးအား ထန့်ယွင်က တဖန်ထပ်ပြီး လုယူသွားပြန်၏။သဘာဝအတိုင်းပင် ကျောက်ထုံ ဘဝင်မကျပါချေ။


ရွှယ်ကျွင်းလျန်က ပြုံးကာဆိုလာသည်။

"မောင်မင်းတို့အကုန်လုံး ဝင်ပြီးကူညီချင်ကြတာကောင်းပါပေတယ်...ကု အင်မတန် ကျေနပ်အားရမိတယ်...ဒါပေမဲ့ အမတ်မင်းထန့်နန်က လုရှစ်ချန်ကို အညံ့ခံအောင်မလုပ်ခဲ့နိုင်ဘူးဆိုရင်တော့...ဒီတာဝန်က မောင်မင်း ပခုံးပေါ်မှာပဲ ရှိနေမှာပါ"


ကျောက်ထုံ ရွှယ်ဝမ်၏ဆုံးဖြတ်ချက်ကိုလေးစားရပေမည်။ သူ့အနေဖြင့်  ရွှယ်ဝမ်၏ဆုံးဖြတ်ချက်ကို ​​ပြောင်းလဲဖို့ရာ မတတ်နိုင်ကြောင်း သူသိပါ၏။ သူကား ငယ်ရွယ်ပြီး အကြောက်အလန့်ကင်းမဲ့သော်ငြား ရေမြေ့အရှင် သက်ဦးဆံပိုင် ဧကရာဇ်အား ခွန်းတုန့်မပြန်နိုင်ပါလေ။ ထိုသည်က ခေါင်းဖြတ်ခံရမည်ကိန်းဖြစ်၍ သူ  ရပ်တန့်လိုက်ရုံသာ ရှိပေသည်။ 


ထန့်ယွင်က တော်ဝင်အစောင့်တချို့ကို သတိလစ်နေသော ဝန်မင်းလုရှစ်ချန်ကို အမတ်မင်းနေအိမ်တော်သို့ ပြန်ခေါ်သွားရန် ခိုင်းစေလိုက်ပြီး တစ်ယောက်ယောက်အား တော်ဝင်သမားတော်ကို ဒဏ်ရာရမရလာစစ်ဆေးဖို့  သွားခေါ်စေကာ 

အစေခံတွေကိုလည်း လုရှစ်ချန်ကို ဂရုစိုက် ခိုင်းလိုက်၏။


ကံကောင်းထောက်မစွာဖြင့် ဝန်မင်းလုရှစ်ချန်က ပင်ပန်းနွမ်းနယ်နေပြီး အဖမ်းဆီးခံထားရစဥ်ကာလအတွင် ရက်များစွာ အစာမစားရသဖြင့် အလွန်အားနည်းနေရုံသာ ဖြစ်ပုံရလေသည်။ အရေပြားဒဏ်ရာအနည်းငယ်ရှိပြီး အရိုးတချို့ကျိုးသွားသော်လည်း အသက်အန္တရာယ်မစိုးရိမ်ရပေ။ ထန့်ယွင်စိတ်ပူသည်ကား ကျိုးနေသည့်အရိုးများက ရက်အတော်ကြာအောင် မကုသဘဲနေလျှင် ဝန်ကြီးအား ရာသက်ပန်မသန်မစွမ်းဖြစ်သွားစေမှာကိုဖြစ်၏။ 


လုရှစ်ချန် ထမင်းနံ့ကြောင့် နိုးလာသည်။ သူမျက်လုံးဖွင့်လိုက်ချိန်တွင် တစ်ဖက် ဘေးရှိစားပွဲပေါ်မှ အစားအသောက်များကိုတွေ့လေ၏။ သူ အလျင်အမြန်ပင် ထဖို့ ရုန်းကန်လိုက်သည်။ 

ထိုသည်ကိုမြင်ရာတွင် အနီးနားရှိ အစေခံမှာ မနေနိုင်ဘဲ ရယ်မိသွားကာ ပြောလိုက်၏။

"စိတ်မပူပါနဲ့ သခင်လေးရယ်...ဒီအစားအသောက်တွေက သခင်လေး အတွက်ပါ"


ထို့နောက် သူမက သူ့ကို အိပ်ရာပေါ်မှ ထရအောင် ကူညီပေးပြီး စားပွဲဆီသို့ တွဲခေါ်၍ လုရှစ်ချန်ကို ထိုင်ကာ စားစေသည်။ 


အစေခံက မိန်းကလေးဖြစ်ပြီး သူက နုံချာသည့်စစာပေ ပညာရှင်တစ်ယောက်ဖြစ်နေသဖြင့် သူမနှင့် ဤမျှ နီးနီးကပ်ကပ်နေဖို့ရာ မသင့်တော်ဟုတွေးမိသည့်အတွက် လက်သီးတစ်ဖက်ဆုပ်ကာ တစ်ဖက်လက်ဖဝါးကိုတင်လျက်ဆိုလိုက်၏။

"ကျေးဇူးပါ မိန်းကလေး "


အစေခံက ပြုံးကာပြောလေသည်။

"သခင်လေးနိုးလာတဲ့အခါ  အကြောင်းကြားဖို့ ကျွန်တော်မျိုးမရဲ့သခင်  အမတ်မင်းကပြောထားပါတယ်"


"ကောင်းပါပြီ...မိန်းကလေးရဲ့သခင်က အကျွန်ုကို ကယ်ပေးထားတာလား..."


အစေခံက ဆိုလိုက်၏။ 


"ဒီနိမ့်ကျတဲ့ကျွန်က အဲ့ဒီအကြောင်းကိုမသိပါဘူး... ကျေးဇူးပြုပြီး သခင်လာတဲ့အထိစောင့်ပေးပါ သခင်လေး...သခင်လေး သူ့ကိုမေးလို့ရပါတယ်"


ထိုသို့ပြောပြီးနောက် သူမက နောက်ပြန်ဆုတ်ကာ အပြင်ထွက်သွားလေသည်။ လုရှစ်ချန် ဗိုက်ဆာလွန်း၍ လက်ရှိအချိန်မှာ ဘာမှကို စိုးရိမ်မနေနိုင်ပါချေ။ စားပွဲပေါ်က တူများကိုကောက်ကိုင်ပြီး  သူ့ပန်းကန်ထဲ ဟင်းထည့်ကာ   ပါးစပ်ထဲသွတ်ပါတော့သည်။ အတိတ်တုန်းက ဆင်းရဲနွမ်းပါးပြီး ဘဝကကြမ်းတမ်းခဲ့သော်ငြား ရက်ပေါင်းများစွာ ထမင်းမစားရတာမျိုး တစ်ခါမှ မရှိခဲ့ဖူးပါလေ။ အိတ်တစ်လုံးထဲထည့်၍  လမ်းကြမ်းပေါ်မှာ အပေါ်အောက် ကစုန်ပေါက်ကာ အသယ်ခံရပြီးနောက်   သူခန္ဓာကိုယ်က အင်မတန် အားနည်းပြ နာကျင်ကိုက်ခဲနေပါ၏။ သူ သေတော့မည်ဟု တွေးလုနီးနီးပင်။


သူ ပါးစပ်ထဲသို့ ထမင်းထည့်လိုက်စဥ်တွင် "ကျွီ"ခနဲ အသံကြားလိုက်ရသည်။ ခေါင်းမော့ကာကြည့်လိုက်ရာ၌ *ဘရိုကိတ်ဝတ်ရုံနှင့် အမျိုးသားတစ်ဦးဝင်လာသည် ကိုတွေ့လေ၏။ ထိုအမျိုးသားက သူ့လိုမျိုး အသက်နှစ်ဆယ်အရွယ်ခန့်သာရှိလေသည်။ ရုပ်ဆင်းအသွင်အပြင်ကြည့်ကောင်းပြီး ခန္ဓာကိုယ်တောင့်တင်း၏။ တစ်ချက်ကြည့်ရုံနှင့်ပင် သူ၏ဟန်ပန်အမူအရာက သာမန်အမျိုးသားတစ်ဦးနှင့်မတူကြောင်း တွေ့နိုင်သော်လည်း မျက်နှာထက်တွင် အမာရွတ်တချို့ရှိနေပြီး ၎င်းက သူ့အား ကြောက်မက်ဖွယ်ကောင်းစေသည်။ သူသည် တောပုန်းဓားပြနှင့်တူသော်လည်း မည်သည့်တောပုန်းဓားပြကမှ ယခုကဲ့သို့ မွန်မြတ်သောစိတ်ထားရှိမည်မဟုတ်ပေ။

(T/Nအထည်ပေါ်မှာ ရွှေချည်ငွေချည် ဖောက်ကာ ပုံစံ၊အဆင်များဖော်ထားသည့် ရက်ကန်းထည်)


ဤမျိုးရိုးမြင့်ဟန် အမျိုးသားက အစေခံပြောသည့် သခင်ဆိုသူဖြစ်ကြောင်း လုရှစ်ချန် သဘောပေါက်သွား၏။  သဘာဝအတိုင်း သူထပြီး အရိုအသေပေးသင့်ပေသည်၊ အဆုံးမတော့ 

ဤအမျိုးသားက သူကို ကယ်ခဲ့သည်ပင်။ အလျင်အမြန် တူတွေချကာ မတ်တပ်ထရပ်လိုက်သည်။ တစ်သက်လုံး မစားမသောက်ခဲ့ရသည့်အတိုင်း စားနေခဲ့ပြီး ထိုဟာကို တစ်ဖက်လူက မြင်သွားကြောင်း သူ သတိပြုမိသွားသဖြင့် ရှက်ရှက်နှင့် ပါးစပ်ကိုသုတ်လိုက်၏။


လုရှစ်ချန်၏ပေါကြောင်ကြောင်အပြုအမူတွေကို မြင်ရချိန်တွင် ထန့်ယွင် ရယ်ချင်သွားသော်လည်း မသင့်လျော်သလို ခံစားမိသည်။အဆုံးမတော့ တစ်ဖက်လူက ထူးချွန်ထက်မြက်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ ဖုန့်နိုင်ငံ၏ကျော်ကြားသည့် ဝန်မင်း တစ်ဦး လည်းဖြစ်၏။ထန့်ယွင်အနေဖြင်​ လုရှစ်ချန်အကြောင်းများစွာမကြားဖူးသည့်အတွက် သူ့အကြောင်းကို စုံစမ်းကြည့်ခဲ့သည်။ လူတွေပြောကြသည်မှာ သူက ဉာဏ်ရည်ထက်မြက်သော်လည်း အဆင်အခြင်မဲ့ကာ ဖော်ရွေမှုမရှိသူဖြစ်ပြီး မုန်းတီးဖွယ်ကောင်းသည်ဟုပင်။  အင်မတန်လည်း ခေါင်းမာသော်ငြား ဖုန့်ဝမ်၏ကြင်နာမှုကို ပြန်ပေးဆပ်ရန်အတွက် သူ့ကိုယ်သူ စတေးဖို့အဆင်သင့်ဟုဆိုကြ၏။ 


xxxxx