အပိုင်း ၈၁
Viewers 14k

Chapter 81


ဝန်မင်းကျိုးလု ဖုန့်ဝမ်ကို သစ္စာဖောက်သွားပြီးနောက် ဖုန့်ဝမ်ဝမ်းနည်းကြေကွဲနေစဥ်အတွင်းတွင် သူဟာ ဖုန့်ဝမ်၏အနားမှာရှိနေခဲ့ပြီး ဘုရင်မင်းမြတ်၏ အနီးကပ်လက်ထောက်ဖြစ်လာခဲ့သည်ဟု သူတို့ကပြောကြသည်။ တချို့ကတော့ လုရှစ်ချန်သည် ဘုရင်မင်းမြတ်၏ ကျေးဇူးတရားနှင့် ကြင်နာမှုကို ပြန်လည်ပေးဆပ်နေသည့် ဂုဏ်ထူးဆောင်ဝန်ကြီးတစ်ဦးဟုဆိုကြ၏။ 


ထန့်ယွင် လုရှစ်ချန်ကို  လက်လှမ်းကာ ကူမပြီး ပြောလိုက်သည်။

"ဝန်မင်းလု...ထိုင်ပါ"


ထန့်ယင်က ကြင်ကြင်နာနာဆိုသည်ကိုတွေ့လျှင် လုရှစ်ချန်စိတ်သက်သာရာရသွားပြီး ချက်ချင်း စိတ်ပူပန်မှုများ လျော့ပါးသွားကာ ထိုင်လိုက်၏။

ထန့်ယွင်က သူအတော်ကို ဆာလောင်နေမှန်းသိသဖြင့် သူ့ကို သူ့ဘာသာ ဆက်ပြီးစားသောက်ဖို့ပြောလာသည်။ ထိုအချိန်တွင် လုရှစ်ချန်အနေဖြင့် အစားအသောက်ကိုသာ အာရုံဝင်သည့်အတွက် တူများကိုကောက်ကိုင်ပြီး ဆက်စားလေ၏။ 


ထန့်ယွင် သူ့ကိုလက်ဖက်ရည်တစ်ခွက်ငှဲ့ပေးပြီး ဆိုလိုက်သည်။

"ဝန်ကြီးလု...ဖြည်းဖြည်းစားပါ...နင်နေပါဦးမယ်"


လုရှစ်ချန် တစ်ဖက်လူက ဘာလို့ သူဘယ်သူမှန်းသိနေသလဲဆိုသည်ကို ဂရုမစိုက်ပါချေ။သူက ဆက်စားနေပြီး ခဏအကြာတွင် အမှုမဲ့အမှတ်မဲ့မေးလိုက်၏။

"အကျွန်ုပ်ရဲ့လေးစားအပ်တဲ့ ကျေးဇူးရှင်ကို အရဲစွန့်ပြီးမေးပါရစေ...အခုက ဘယ်ကိုရောက်နေပါသလဲ"


ထန့်ယွင်က ပြုံးကာဆိုသည်။

"ရွှယ်တိုင်းပြည်"


"အလို....."

လုရှစ်ချန် ကြ က်သေ​သေသွားပြီး ခဏမျှ ဘာမှပြန်မတုန့်ပြန်နိုင်အောင်ဖြစ်သွား၏။ 

ခေါင်းအရိုက်ခံထားရသောကြောင့် သို့မဟုတ် ဆာလောင်မှုကြောင့် သူ့ခေါင်းက ဇဝေဇဝါဖြစ်နေသလား မသိပါလေ။ သူ့ဘာသူ ပြန်ဖြေပြီးဟင်းပွဲများစွာကို ပါးစပ်ထဲထိုးသိပ်ထည့်လိုက်သည်။ ထို့နောက် အသိပြန်ဝင်လာသောအခါ  ပါးစပ်ထဲက အစားအသောက်တွေ အကုန်လုံးချက်ချင်း ထွေးထုတ်မိသွားပြီး အံဩတကြီးမေးလိုက်၏။

"ရွယ်...ရွှယ်တိုင်းပြည်"


တစ်ဖက်မှာရပ်နေသည့် အစေခံက သူ့တုန့်ပြန်မှုကြောင့် ထိတ်လန့်သွားပြီး အမြန်လာ၍ ထန့်ယွင်ပေါ်ကျကုန်သည့် အသီးအရွက်ဟင်းရည်များကို လက်ကိုင်ပုဝါတစ်ထည်နှင့်သုတ်ပေးကာ မေးလေသည်။

"အမတ်မင်း အဆင်ပြေရဲ့လား"


ထန့်ယွင်က သိပ်ပြီးစိတ်ကွက်ပုံမရဘဲ သူ့အစေခံကို စိတ်မပူဖို့ပြော၏။အစေခံက ချက်ချင်း နောက်တဖန် ပြန်ဆုတ်သွားသည်။


လုရှစ်ချန်က မေးလေ၏။ 

"အမတ်မင်း.....အသင်က ရွှယ်နိုင်ငံရဲ့အမတ်မင်းလား"


ထန့်ယွင် သူ၏ထိတ်လန့်တုန်လှုပ်နေသော အမူအရာကို စာနာစွာကြည့်လိုက်ပြီး မစမိဘဲမ နေနိုင်ခဲ့။ သူက ပြုံးကာ ဆိုလိုက်သည်။


"ဟုတ်ပါ့ဗျာ... ဝန်မင်းလုက ဘာလို့ ဒီလောက် အံ့အားသင့်နေရတာလဲ...အစားအသောက်တွေက ညစ်ပတ်သွားပြီ...အသင် အစေခံကို နောက်စားပွဲတစ်ခုပြင်ဆင်ပေးစေချင်လား"


လုရှစ်ချန်က ရှော့ရနေဆဲဖြစ်ပြီး မျက်လုံးများ ပြူးကျယ်နေကာ ပါးစပ်ပင် မပိတ်နိုင်လုနီးပါးဖြစ်နေ၏။ သူ့အမူအရာက ချက်ချင်း ပြောင်းသွားပြီး စားပွဲကိုရိုက်ကာ ဆိုလိုက်သည်။


"အတိအကျ အသင်ဘာလို့ ကျွန်ုပ်ကိုဖမ်းဆီးရတာလဲ...ဒါက လူကြီးလူကောင်းတစ်ယောက် လုပ်ရမဲ့အပြုအမူမျိုးလား"


ထန့်ယွင် ရယ်ချင်လာသည်။ ဒီအချိန်မှာ သူက လူကြီးလူကောင်းဟုတ်မဟုတ် မေးနေသေးတုန်းလား... တိုက်ပွဲမှာ ရန်သူတွေကို လူကြီးလူကောင်ဆန်ဆန်သတ်ရလို့လား...ဘယ်သူက ပိုပြီးအကြံသမားလဲဆိုတာ နှိုင်းယှဥ်စရာမလိုပေ။


"ကျွန်ုပ်က ဝန်မင်းလုကို ပြန်ပေးဆွဲလာတဲ့လူမဟုတ်ပါဘူး....ကျွန်ုပ်က ဝန်မင်းလု အညံ့ခံလာအောင် စည်းရုံးသိမ်းသွင်းဖို့ပဲ အမိန်ပေးခံရတာပါ"


လုရှစ်ချန် "အညံ့ခံလာအောင် စည်းရုံးသိမ်းသွင်း"ဟူသော စကားကို ကြားရချိန်တွင် သူ့မျက်နှာက ပို၍ပင် မည်းမှောင်သွား၏။ သူက လှည့်ထွက်ကာ ဆိုလိုက်သည်။


"ဒီလုက အညံ့ခံမဲ့အစား အငတ်ခံလိုက်မယ်..."


ထန့်ယွင်က ထိုစကားကို ခွန်းတုန့်မပြန်သော်လည်း ပြောလာ၏။


"ဒီထန့်ကလည်း ဝန်မင်းလုက သစ္စာစောင့်သိတဲ့ ယောကျာ်းတစ်ယောက်မှန်းသိပြီး...ဒီထန့်က သူ့ကို အညံ့ခံဖို့ ဖိအားပေးမှာမဟုတ်ပါဘူး...ဒီထန့်က ဝန်ကြီးလုကို ဒီမှာရက်အနည်းငယ်လောက်နေဖို့ပဲ မေတ္တာရပ်ခံချင်တာပါ"


ထို့နောက် ထန့်ယွင် ထကာ ထွက်သွားလိုက်သည်။ 


လုရှစ်ချန် အခန်းတွင်းမှ ထွက်ပြီးအပြင်ကို လှမ်းကြည့်လိုက်ရာတွက် အခန်းအပြင်၌ အစောင့်တစ်ယောက်ကိုတွေလိုက်ရ၏။ လွတ်မြောက်နိုင်ပုံမရသဖြင့် အခန်းထဲကိုပဲ ပြန်ဝင်ရတော့သည်။စားပွဲပေါ်တွင် စားစရာတွေအများကြီး ကျန်နေသေး၏။သူ့ဗိုက်က တဂျုတ်ဂျုတ်မြည်နေသော်လည်း စားပွဲဆီကနေ မျက်နှာလွှဲကာ ရွှယ်တိုင်းပြည်မှ အစားအသောက်တွေကို မစားဖို့ ဆုံးဖြတ်လိုက်သည်။


ကျောက်ထုံက လုရှစ်ချန်ကို ပြန်ပေးဆွဲ၍ ရွယ်နိုင်ငံကို ခေါ်လာကြောင်း ကျောက်လုသိသွားချိန်တွင် သူကို့အရင်ဆုံး မတိုင်ပင်ဘဲ ဆုံးဖြတ်ချက်ချသည့်အတွကိ ကျောက်ထုံကို အပြစ်တင်လေ၏။ ကျောက်လုက ကျောက်ထုံကို ထိုဟာက သူ၏ စိတ်လိုက်မာန်ပါလုပ်ရပ်ကြောင့်ဖြစ်ပြီး သူက သူ့လုပ်ရပ်၏အရေးပါမှုကို ဂရုမစိုက်ခဲ့ဘဲ အခြေအနေအရပ်ရပ်ကိုလည်း နားမလည်ခဲ့ဟု ပြောသည်။ အကယ်၍ ဖုန့်မင်က သူ့ဝန်မင်းပျောက်သွား၍ ဒေါသထွက်သွားပါလျှင် ဒုက္ခရောက်မည့်သူက နှစ်နိုင်ငံက ပြည်သူတွေဖြစ်၏။


ကျောက်ထုံ နောက်ပိုင်းတွင် ကျောက်လု ဒေါသထွက်တာက ကျိုးကြောင်းဆီလျော်ကြောင်း နားလည်သွားသော်လည်း သူ့စိတ်ထဲတွင် အတော်လေး မခံမရပ်နိုင်ဖြစ်နေသည်။ သူက ဤအခွင့်အရေးအတွက် ခက်ခက်ခဲခဲကြိုးစားခဲ့ရပြီး ချီးမွမ်းခံချင်ခဲ့၏။ ဖုန့်တိုင်းပြည်၏ ချစ်လှစွာသော ဝန်မင်းကိုခေါ်ခဲ့ရသည်မှာ လွယ်သည်ဟုသူပြောနေသော်ငြား အမှန်တွင် အင်မတန်အန္တရာယ်များသည်။ သို့ပေမဲ့ လူတွေက သူကစိတ်လိုက်မာန်ပါလုပ်ပစ်သည်ဟုသာ မြင်ကြပြီး သူ၏ရွှယ်အပေါ် သစ္စာစောင့်သိမှုကို လျစ်လျူရှုထားကြ၏။


ကျောက်ထုံအနေဖြင့် ကျောက်လုနောက်မှ နှစ်ပေါင်းများစွာ လိုက်ခဲ့သည်ဖြစ်ရာ သဘာဝအတိုင်းပင် ကျောက်လု၏ဆိုဆုံးမမှုများကို လက်ခံပေသည်။ထို့အပြင် ကျောက်လုတွင် အေးဆေး တည်ငြိမ်သည့် သဘာဝရှိကာ လုပ်ဆောင်ချက်တိုင်းနှင့် ဆုံးဖြတ်ချက်တိုင်းတွင် 

ဆီလျော်သည့် အကြောင်းပြချက်ရှိ၏။ ကျောက်ထုံက သူ့ကိုလက်ခံယုံကြည်ခဲ့သည်မှာ ကြာလှပြီဖြစ်၍ သဘာဝအတိုင်းပင် သူ၏အမုန်းများက ထန့်ယွင်ဆီသို့ ကူးပြောင်းသွားသည်။


ထန့်ယွင်သည် ယခင်က နာမည်ဆိုးရှိခဲ့ဖူးသော နိမ့်ပါးသည့် ကိုယ်ရံတော်တစ်ဦးသာဖြစ်ကြောင်း လူသိများလေ၏။ယခုတွင် သူက အမတ်တစ်ဦးဖြစ်နေပြီး သူ၏ဂုဏ်အင်ကိုတောင်လုသွားခဲ့သည်။ သူ့နှလုံးသားထဲတွင် ထန့်ယွင်နှင့်ပတ်သတ်သည့် မကျေမချမ်းဖြစ်မှုများ များစွာစုပုံနေလေပြီ။ 


စစ်တပ်ထဲရှိတစ်စုံတစ်ယောက်က ကျောက်ထုံနှင့် ဆက်ဆံရေးကောင်းသလိုဟန်ဆောင်နေသည်။ 

ထိုလူသည် သူနှင် ကျောက်လု ၊ကျောက်ထုံတို့ကြားရှိ ဆက်ဆံရေးကို အမှီပြုပြီး ရာထူးတိုးချင်နေ၏။သို့သော်လည်း ကျောက်လုက တရားမျှတပြီးစည်းကမ်းတင်းကြပ်သည့် စရိုက်မျိုးရှိရာ သူ့အနေဖြင့် ကျောက်လုကို အသုံးချဖို့အခွင့်အရေးရမည့်ဟန်မရှိချေ။ ယခုမူ ဤကိစ္စက ရုတ်တရက် ကျောက်ထုံကို ဖြုတ်ချနိုင်မည့် အစီအစဥ်တစ်ခု ပေးလာသည်။ကျောက်ထုံမှာ အလွန်သန်မာသည့်

စွမ်းရည်ရှိပြီး ခလုပ်ကသင်း*ဟုမှတ်ယူ၍ရပေ၏။

(T/N–အတားအဆီး) 


ထိုလူက ကျောက်ထုံကို လုရှစ်ချန်က ခေါင်းမာသူတစ်ဦးဖြစ်ပြီး ဘယ်တော့မှ အညံ့ခံမဟုတ်ကြောင်း ပြောလိုက်သည်။ အကယ်၍  သူအညံခံလျှင်ပင် ဗိုလ်ချုပ်၏အောင်မြင်မှုတွေကို 

အမတ်မင်းထန့်ယွင်သာ ရရှိသွားမည်။ အဆုံးတွင် ယင်းက တခြားသူ၏အကျိုးဖြစ်လာဦးမှာ ပင်။ ထိုစကားများက ကျောက်ထုံ၏ မနာလိုဝန်တိုဖြစ်နေပြီသား စိတ်နှလုံးကို တဟုန်းဟုန်း လောင်မြိုက်လာစေခဲ့၏။


ကျောင်ထုံသည် အများအားဖြင့် ကျောက်လု၏ကွပ်ကဲမှုအောက်တွင်သာ ရှိနေခဲ့သည်ဖြစ် ရာ  လူအများနှင့်ဆက်ဆံရာတွင် အတွေ့အကြုံမရှိဟုလည်း ဆို၍ရပြီး သစ္စာစောင့်သိမှုနှင့် သစ္စာမဲ့မှုကို မပိုင်းခြားတတ်ပါချေ။ တခြားသူဆီမှ သွေးထိုးလှုံ့ဆော်ခံရသည်နှင့် တန်းပြီး ဒေါသတွေ တဟုန်ထိုးတိုးလာပြီး ဆင်ခြင်တုံတရားမဲ့လာခဲ့သည်။

81.2


ထိုလူဖြစ်စေချင်သည်မှာလည်း ကျောက်ထုံကို ဒေါသအလူလူထွက်စေခြင်းဖြစ်ပေသည်။ ဤအချိန်တွင်သူက လုရှစ်ချန်ကို ဖြေရှင်းဖို့နည်းလမ်းရှိကြောင်း ကျောက်ထုံအားပြောလိုက်၏။ လုရှစ်ချန်သာ အမတ်မင်းထန့်နန်၏နေအိမ်တော်တွင် သေဆုံးသွားပါက အမတ်မင်းထန့်နန်လည်း ထိုကိစ္စမှ လွတ်ကင်းနိုင်မည်မဟုတ်ပေ။ ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်ပစ်ခြင်းမဟုတ်ပါလော။


ကျောက်ထုံလည်း ဤသည်က အကြံကောင်းဟု ထင်သော်ငြား လုရှစ်ချန်ကို သတ်မည့်လူကို သူစဥ်းစားမရပါချေ။ ကျောက်ထုံစစ်တပ်ထဲကိုစဝင်စဥ်က ယုံကြည်ရသည့်လူ များစွာမရှိပေ။ ထိုလူက တစ်ယောက်ယောက်ကို သွားခိုင်းရုံနှင့် အဆင်မပြေဟုဆိုလေသည်။ ဗိုလ်ချုပ်ကိုယ်တိုင်သွားမှသာလျှင့် သတ်နိုင်ဖို့ရာ သေချာ၏။

ပထမအချက်  ဗိုလ်ချုပ်မှာ ထူးချွန်ထက်မြက်သည့် ကိုယ်ခံပညာရှိပြီး ဒုတိယအချက်  သိသူ၊ပါဝင်ပတ်သတ်သူနည်းလေလေ ကောလဟာလတွေ နည်းလေလေဖြစ်ကြောင်း ပြောလေသည်။


နောက်သုံးရက်အကြာတွင် ရွှယ်ဝမ်၏မွေးနေ့ဖြစ်သည့် *ချမ်ချုံးပွဲတော်ဖြစ်၏။ဝန်မင်းတွေအကုန်လုံး နန်းတော်ထဲသို့ဝင်ကာ အရှင်မင်းကြီးအား လက်ဆောင်ဆက်သရပြီး မွေးနေ့ပွဲ ဆင်နွဲကြရသည်။ ဤသည်က ကျောက်ထုံအတွက် တစ်ခုခုလုပ်ဖို့ အကောင်းဆုံးအချိန် ဖြစ်ပေ၏။

(T/N– ထန်မင်းဆက်ရဲ့ဧကရာဇ် ရွှယ်ကျုံးက သူ့ရဲ့မွေးနေကို ချမ်ချုံးပွဲတော်လို့ အမည်ပေးခဲ့ပြီး အဓိပ္ပါယ်ကတော့ ဆောင်းဦးထောင်ချီပါတဲ့။)


သုံးရက်အကြာတွင် ထိုလူက ကျောက်ထုံအား သယ့်ရှန်ဝိုင်တစ်ခွက် ကမ်းလင့်ခဲ့ပြီး  လုရှစ်ချန်ကိုသတ်ရန်အတွက် သတ္တိတိုးစေဖို့ ဖြစ်လေသည်။

ကျောက်ထုံကတော့ လူတစ်ယောက်ကိုသတ်ရန်အတွက် သတ္တိရှိစရာမလိုဟုထင်မိ၏။ ထိုလူက ပြုံးရုံပြုံးကာ ဤဝိုင်က သယ့်ရှန်းဝိုင်ဖြစ်ပြီး သူ့ကို အားတိုးစေမည်ဟုဆိုသဖြင့် ကျောက်ထုံသောက်လိုက်သည်။


အမှန်တွင် လုရှစ်ချန်ကို ကိုယ်တိုင်သတ်ဖို့ 

 အကြံပေးသည့်သူက သူ့ကိုဖယ်ရှားလိုသည့်အတွက် ထိုအကြံအစည်ကိုအကောင်အထည် ဖော်ခြင်း ဖြစ်ကြောင်း ကျောက်ထုံမသိပါချေ။ ထိုဝိုင်က သယ့်ရှန်းဝိုင်လုံးဝမဟုတ်ပါဘဲ ဆောင်ကြာမြိုင်တစ်ခုမှဝယ်ထားခြင်းဖြစ်၏။ ကျောက်ထုံ အမတ်မင်းနေအိမ်တော်သို့ ခိုးဝင်သွားသည့်အခါတွင် သွေးတွေတစ်လမ်းလုံး ဆူပွက်လာမှာဖြစ်သည်။ ဗိုလ်ချုပ်တစ်ဦးက အမတ်မင်းနေအိမ်တော်သို့ ပြေးလာပြီး အမျိုးသမီးတစ်ဦးကို အဓ္ဓမကျင့်သည်ဟု မြင်ယောင်ကြည့်ပါ– ဥပဒေအရခေါင်းဖြတ်ခံရမည်ဖြစ်လေသည်။


ကျောက်လုက ဝင်စွက်ဖက်ပြီး သူ့လူကိုလွှတ်ပေးခိုင်းလျှင်ပင် အမတ်မင်းက သေချာပေါက်သဘောတူမှာမဟုတ်ပေ။


ကျောက်ထုံက သူအလှည့်စားခံခဲ့ရခြင်းဖြစ်သည်ကို မသိပါချေ။ သူ့ကိုပုံဖျက်ပေးနိုင်မည့် ညဝတ်စုံကို ဝတ်ကာ အမတ်မင်းအိမ်တော်သို့ တကယ်ကြီး ခိုးဝင်သွား၏။


အမတ်မင်းထန့်နန်၏နေအိမ်တော်ကား ရဲမက်ထူထူထဲထဲချထားခြင်းမရှိပေ။ ခြံဝန်းက ကျယ်သော်ငြား အထဲတွင် အစေခံအနည်းငယ်သာရှိပြီး ထိုသူများမှာလည်း ၎င်းတို့၏အခန်းများထဲတွင်အနားယူနေပြီဖြစ်သဖြင့် နေရာက အတော်လေးခြောက်ကပ်နေသည်။ ယခုအချိန်တွင် ထန့်နန်က မွေးနေ့ပွဲကိုတက်ရောက်ဖို့ နန်းတော်ထဲဝင်သွားပြီဖြစ်၏။


ကျောက်ထုံ အစောင့်တွေကို အလွယ်တကူ အလဲသိပ်လိုက်သည်။သူ ခေါင်မိုးပေါ်သို အရင်ဆုံး သွားလိုက်ပြီး အုတ်ကြွပ်ပြားတချို့ကိုခွာလေ၏။ 

လုရှစ်ချန်က အမှန်ကို အိမ်ထဲမှာရှိနေသည်။ ကျောက်ထုံ ဝမ်းသာနေဆဲပင်။ မျှော်လင့်ထားသလိုပဲ သူ့ခန့်မှန်းချက်က မှန်၏။ အစောင့်အထူဆုံးနေရာက လုရှစ်ချန်ကို ချုပ်ထားသည့်နေရာဖြစ်လေသည်။


လက်ရှိတွင် လုရှစ်ချန်က အစားအသောက်တွေနှင့် ပြဿနာတက်နေ၏။ ထန့်နန်ကသူ့ကို အစာငတ်ခံဆန္ဒပြဖို့ ခွင့်မပြုပါချေ။သူက စားတော်ကဲကို နေ့စဥ်နေ့တိုင်း အမျိုးမျိုးသော ဟင်းအမယ်များကို ချက်ခိုင်းလေသည်။လုရှစ်ချန် ပထမနေ့တွင် မစားဘဲခေါင်းမာနေဆဲဖြစ်ပြီး နောက်တစ်နေ့တွင်လည်း အတူတူပင်။ သုံးရက်မြောက်နေ့တွင် သူဗိုက်ဆာနေပြီဖြစ်ကာ စားပွဲပေါ်ရှိ အစားအသောက်မျိုးစုံ၏ အနံများက သူနှာခေါင်းကို ရိုက်ခတ်နေကြသည့်အတွက် ဆာလောင်မှုကို ထိန်းချုပ်ရန် အမှန်ပင် ခက်ခဲပြီး သူ၏အစာငတ်ခံ ဆန္ဒပြရန် ကြိုးပမ်းမှုက အလုပ်မဖြစ်မှာ စိုးမိသည်။


မနက်က လာပို့သည့်အစားအသောက်များက အေးစက်နေလေပြီ။ အမျိုးသမီးအစေခံများ အစားအသောက်တွေကို သယ်ထုတ်သွားသည်ကို လုရှစ်ချန်ပြုံးပြုံးလေးကြည့်နေ၏။ နေရာတွင်ထိုင်နေရင်း သူ အမျိုးသမီးအစေခံများ ရယ်မောကာ စကားပြောနေကြသည်ကို ကြားနေရသလိုပင်။

"အမတ်မင်းက အိမ်နောက်ဖေးမှာ တောကြောင်တွေအများကြီးရှိတယ်လို့ ပြောတယ်...သူတို့က သနားစရာကောင်းတယ်...ဒီအစားအသောက်တွေကို တောကြောင်တွေကို ကျွေးလိုက်ကြရအောင်"


ထိုစကားကိုကြားပြီးနောက် လုရှစ်ချန် သွားတွေကျိုးထွက်မတတ် အံကြိတ်လိုက်သည်။ မစားမသောက်နိုင်သည့် ဒုက္ခသည်တွေ အများကြီးရှိသည်ဟု သူထင်နေသော်လည်း ဒီမှာတော့ လူတွေအတွက် ရည်ရွယ်ထားသောအစားအသောက်များကို ကြောင်တွေကိုတောင်ဝေငှလိုက်သေး၏။


နေ့လယ်အရောက်တွင် လုရှစ်ချန် စားပွဲပေါ် အစာအသောက်လာပို့မှာကို စောင့်ဆိုင်းနေခဲ့ပြီး ပါးစပ်ထဲ တစ်လုတ်လောက် မသွတ်ဘဲမနေနိုင်ခဲ့။ ဘေးမှာ ဘယ်သူမှ ကြည့်မနေမှန်းတွေ့ရချိန်တွင် အမြန်ဝါးစားလိုက်သည်။ သူငတ်ပြတ်သေဆုံးသွားခဲ့ပါက ဖုန့်ဝမ်၏ကြင်နာမှုကို ပြန်မပေးဆပ်နိုင်ဘဲနေတော့မည်မဟုတ်ပါလောဟု သူ့ကိုယ့်သူ တွေးလိုက်၏။ ဤသည်က သစ္စာဖောက်ခြင်းမဟုတ်သလို သစ္စာမဲ့ရာလည်းမကျသဖြင့် သူ အလုတ်အနည်းငယ်ထပ်ယူ လိုက်သော်ငြား ထန့်နင်က သူ့ကိုကြည့်ရယ်နေမှာစိုးသည့်အတွက် ထပ်မစားရဲတော့ပေ။


အမျိုးသမီးအစေခံ ပြန်လာသိမ်းချိန်တွင် အစားအသောက်များက ထိတွေ့မထားပုံရလေသည်။


ညနေပိုင်းအရောက်တွင် လုရှစ်ချန် ဆက်ပြီးမနေနိုင်တော့၊ သူအမှန်ပင် ဆာလောင်နေပြီဖြစ်၏။ အလုတ်ကြီးကြီးသွတ်ကာဖြင့် စားသောက်ခဲ့ပြီး အိုးတွေပန်းကန်တွေ အကုန်ပြောင်သွားပြီးနောက် 

သူစပြီး ပူပန်လာသည်။သူ သေချာပေါက် ရန်သူ့တိုင်းပြည်မှ အမတ်မင်းဆီက သေအောင်အရယ်ခံရတော့မည်ဖြစ်၏။


အမှန်တွင် ထန့်နင်က လူယုတ်မာတစ်ယောက်မဟုတ်ပါချေ။ သူက သူ့အတွက် ချက်ပြုတ်ပေးခဲ့သော်လည်း ကိုယ့်အခက်အခဲကိုယ် မကျော်ဖြတ်နိုင်သူက လုရှစ်ချန်သာဖြစ်လေသည်။ 

သူ စားပွဲပေါ်က ပြောင်သလင်းခါနေသော ပန်ကန်းကို ကြောင်တက်တက်နှင့် ငေးကြည့်နေစဥ်တွင် "ဘုန်း"ခနဲအသံကြားလိုက်ရ၏။ မည်းမည်းအရာတစ်ခုက အပေါ်ကပြုတ်ကျလာပြီး သူ့ခေါင်းကိုထိမှန်သွားသည်။ လုရှစ်ချန် နူးညံ့သိမ်မွေ့၍ ထိခိုက်လွယ်ပုံရသည့် အမျိုးသားတစ်ဦးကိုတွေ့လိုက်ရပြီး အရိုက်ခံလိုက်ရကာ သေလုအောင်ထိတ်လန့်သွားတော့၏.....


xxxxxx