အပိုင်း ၈၂
Viewers 13k

Chapter 82


ရွယ်ဝမ်၏မွေးနေ့၌ နန်းတွင်းဝန်မင်းများက မွေးနေ့လက်ဆောင်များ ကို နန်းတော်ထဲသို့ ယူဆောင်လာကြပြီး အခမ်းအနားတွင် ရွယ်ဝမ့်ဆီသို့ တစ်ခုပြီးတစ်ခုဆက်သကြကာ တန်ဖိုးကြီး ရတနာ တချို့လည်းပါဝင်လေသည်။ 


ရွှယ်ဟုန်ယန် နန်းတော်အတွင်းသို့ ထန့်ရှန်းနှင့်အတူဝင်သွားခဲ့၏။အခမ်းအနားတွင် ရွှယ်ဟုန်ယန်က ရွှယ်ကျွင်းလျန်ကို သူ၏မွေးနေ့လက်ဆောင်ကို ဆက်သလိုက်သည်။


ရွှယ်ကျွင်းလျန်က  ဘူးကိုဖွင့်ကြည့်လိုက်ပြီး ထိုဟာကိုမြင်မြင်ချင်း ရယ်ကာဆို၏။

"ဟုန်ယန့်ရဲ့လက်ဆောင်က အဆန်းပါလား"


ရွှယ်ဟုန်ယန်က ခေါင်းကိုကုတ်ကာ လျှောက်လေသည်။

"ဒါက ထန့်ရှန်းရဲ့အကြံပြုချက်ပါ အရှင်"


ရွှယ်ကျွင်းလျန်က ခေါင်းညိတ်ကာဆိုလေ၏။

"ထန့်ရှန်းအတွက် စိတ်နှလုံးကောင်းရှိဖို့ မခက်ပေမဲ့ ကုမမျှော်လင့်ထားတာက ထန့်ရှန်းနဲ့ အမတ်မင်းထန့်နန်က တူညီတဲ့အရာကို စဥ်းစားမိတာကိုပဲ"


ထန့်ယွင် သူ့နာမည် အခေါ်ခံရသည်ကို ကြားသဖြင့် လှမ်းကြည့်လိုက်သည်။ရွှယ်ကျွင်းလျန်က ဘရိုကိတ်ဘူးထဲမှ မွေးနေ့လက်ဆောင်ကို ထုတ်ယူလိုက်၏။ ထိုမှသာ ယင်းကမှန်တစ်ချပ်ဖြစ်ကြောင်း ထန့်ယွင်မြင်လိုက်ရပြီး သူရွှယ်ဝမ်ကို ဆက်သခဲ့သည့် လက်ဆောင်ကလည်း မှန်တစ်ချပ်ဖြစ်သည်ပင်။


ဤသည်က ရွှယ်ကျွင်းလျန်အနေဖြင့်  ပိုပြီး စဥ်းစားဆင်ခြင်ဖို့ နှင့် ကိုယ့်ကိုကိုယ် ပိုပြီးဆန်းစစ်ဖို့လိုအပ်သည်ဟူသော အဓိပ္ပာယ်ဖြစ်ကြောင်း မြင်နိုင်ဖို့ရာ မခဲယှဥ်းလှပေ။


ထန့်ယွင် ခေါင်းလှည့်ကာ ထန့်ရှန်းကို မကြည့်ဘဲမနေနိုင်ခဲ့။ ဤအကြိမ်တွင် ထန့်ရှန်းကလည်း သူ့ကို အံ့ဩတကြီးကြည့်နေခဲ့သည်။ ထန့်ယွင်၏မျက်လုံးများက လိပ်ပြာမလုံစိတ်ဖြင့် တုန်လှုပ်သွားပြီး အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။


ထန့်ရှန်းအနေဖြင့် ထန့်နိုင်ငံမှာရှိစဥ်တုန်းက သဘာဝအတိုင်းပင် ထန့်ယင်းနှင့် ထိတွေ့ဆက်ဆံခဲ့ရသည်။ 


ပုဂ္ဂိုလ်ရေးအရ ရိုးရိုးသားသားပြောရပါလျှင် ထန့်ယင်းက ထန့်ရှန်းကို ထန့်ချမ်ရီ ရွှယ်နိုင်ငံသို့ လက်ထပ်ရာတွင် လိုက်ပါစောင့်ကြပ်ခိုင်းဖို့ အကြံပေးခဲ့သူဖြစ်၏။ ထန့်ယင်းဟာ ထန့်တိုင်းပြည်တွင် နာမည်ကြီးဗီလိန်ဖြစ်သည်။


ထန့်ယင်းက ထန့်ရှန်းသူ့ကိုမုန်းတီးနေမှာ ကြောက်သည့်အတွက် ထန့်ရှန်းကိုမ​ကြည့်ရဲသည်မှာ သဘာဝကျပေသည်။ သို့ပေမဲ့  ထန့်ယင်းက ဧကရာဇ်အား မှန်တစ်ချပ်လက်ဆောင်လဆက်သည်ကို ထန့်ရှန်း အံအားသင့်မိနေ၏။ ထန့်ယင်းက ရွှယ်ဝမ့်ကို မျက်နှာလုပ်ဖို့ အခွင့်ကောင်းယူသည်ဆိုပါက ဆီလျော်ပေသည်။


ထန့်ယွင် ခဏတာမျှ စိတ်ပျက်အားငယ်မိသွား၏။ ယခုတွက် သူက အမတ်မင်းထန့်နန်ဟူသော ဘွဲ့ကို သိမ်းပိုက်ခဲ့ပြီးဖြစ်ကာ ထန့်ရှန်းကို မည်သို့ ဝန်ခံရမှန်း မသိပါချေ။ အထူးသဖြင့် သူက ရွှယ်ကျင်းလျန်အား ထန့်နိုင်ငံ၏စစ်တပ်ကို သိမ်းယူရန် ကူညီပေးခဲ့ပြီး ဖုန့်တိုင်းပြည်၏ တိုက်ခိုက်မှုကို ပြန်ဆုတ်ခွာသွားအောင် ပံ့ပိုးပေးခဲ့သည်။ သူက သစ္စာဖောက်တစ်ယောက် ဖြစ်သွားလောက်မည်မှာ ကြာလှပြီဖြစ်၍ သူထန့်ရှန်းကို ဝန်ပင်ဝန်မခံရဲပါလေ။ 


သူစိတ်ဓာတ်ကျသွား၏။ သူအလေးစားရဆုံး အကြီးအကဲက သူ့ကို မုန်းတီးနေမည်မှန်း စဥ်းစားမိလိုက်ချိန်တွင် ဝိုင်ခွက်အနည်းငယ်ကို မလွဲဧကန် ထပ်သောက်မိခဲ့သည်။ သူ့စိတ်ထဲမှာ တစ်ခုခုရှိနေပါက မူးလွယ်နိုင်လေ၏။ ထို့အပြင် သူ့နှလုံးရောဂါကလည်း သိပ်အဆင်မပြေပေ။ ခွက်ရေအနည်းငယ်သောက်ပြီးနောက် ပျော့ခွေပြီး အန်ချင်လာသည်။


ထန့်ယွင် စားပွဲကနေထပြီး လေကောင်းလေသန်ရှူဖို့ အပြင်ထွက်လာလိုက်၏။ ဥယျာဥ်ထဲရှိ အဆောင်ငယ်လေးဆီသို့သွားကာ လက်ရန်းကို အသာအယာ ပွတ်သပ်လိုက်သည်။ အချိန်တွေပြောင်းလဲသွားသလိုမျိုး ထင်ယောင်ထင်မှားဖြစ်လာခဲ့၏။ 

(Deja vu >_<)


ထန့်ယွင်  လက်ရန်းကိုမှီကာ ထိုင်ချလိုက်ချိန်တွင် နွေဦး၏ လေနုအေးအေးလေးကို ခံစားမိလေသည်။ အနည်းငယ် အေးသော်ငြား လန်းဆန်းစေပြီး ခေါင်းကိုက် သက်သာသွားကာ သူတဖြည်းဖြည်းအိပ်ပျော်သွား၏။ 


တစ်ကိုယ်လုံး အေးစက်ပြီး အသက်ရှူမဝတော့သဖြင့် သူပြန်နိုးလာခဲ့သည်။ ထန့်ယွင် မျက်လုံးဖွင့်လိုက်ချိန်တွင် သူနှင့်အင်မတန်နီးကပ်နေသည့် မျက်နှာတစ်ခုကို မြင်လိုက်ရ၏။ ထိုလူ၏မျက်နှာက ကပ်လွန်းနေသဖြင့် ဘယ်သူမှန်း သူ မမြင်သာပါချေ။


တစ်ဖက်လူက သူ့ကိုတင်းတင်းကြပ်ကြပ်ဖက်တွယ်ထားပြီး သူ့ပါးစပ်ထဲသို့ လျာထိုးသွင်းကာ နမ်းနေခဲ့သည်။ 


ထန့်ယွင် ချက်ချင်းဆိုသလိုပင် အသိစိတ်ဝင်လာပြီး ထိုလူကို တွန်းထုတ်လိုက်သော်လည်း သူက မူးပြီးနိုးလာသည့်တိုင် အားအင်တို့ ရှိမနေပါချေ။ ထိုလူ့ဆီမှ လုံးလုံးလျားလျား အနမ်းခံရပြီးမှ  သူ့ကိုလွှတ်ပေးလာ၏။


ထန့်ယွင်က မြေပြင်ပေါ်တွင် သံမှိုနှင့်ရိုက်ထားသလို အချုပ်မိနေပုံရပြီး မျက်လုံးများပြူးကျယ် ထိုလူအား စိုက်ကြည့်နေမိသည်။ တစ်ဖက်လူက သူ့နှုတ်ခမ်းများဆီမှ ဆုတ်ခွာသွားပြီးနောက် အနည်းငယ် ​ကိုယ်ကို ကြွလိုက်၏။ သရဖူမှ ကျောက်စိမ်းပန်းဖွားများက သူနှာခေါင်းထက်သို့ အသာအယာ ရိုက်ခတ်လာသည်။ ထိုသူက ရွှယ်ကျွင်းလျန်ပင်...


ထန့်ယွင် ထဖို့ကြိုးစားလိုက်ပြီး ဘေးပတ်လည်ကိုကြည့်ချိန်တွင် သူအိပ်ပျော်သွားသည့်အဆောင်ငယ်လေးမှာပဲ ရှိနေဆဲဖြစ်ကြောင်း တွေ့လိုက်ရ၏။ သူအဝတ်အစားတွေက ရှုပ်ပွနေပြီး လေတိုက်လာစဥ်ခိုက်တွင် မနေနိုင်ဘဲ တုန်ရီလာတော့သည်။ သူ ထိုအိပ်မက်ကို အမှတ်မရဘဲမနေနိုင်ခဲ့။ အိပ်မက်ထဲမှာ ရွှယ်ကျွင်းလျန်က သူ့​ကို သစ်သားတိုင်မှာ ချည်နှောင်ပြီး သူ့ကိုယ်ထဲသို့ ပြင်းပြင်းထန်ထန် တိုးဝင်နေခဲ့၏။ 


ရွှယ်ကျင်းလျန်လည်း မူးနေဟန်ပင်။ သူက ထန့်ယွင်ကို ဖိကာ မြေကြီးပေါ်သို့ ပြန်တွန်းချလိုက်သည်။ သူ့ကျောပြင်က ရေခဲတမျှ အေးစက်နေသည့် ကျောက်သားပြင်နှင့်ထိကပ်သွားချိန်တွင် ထန့်ယွင် မတုန်ရီမိဘဲ  မနေနိုင်ခဲ့။

ရွှယ်ကျွင်းလျန်၏ ခွန်အားက အံ့မခန်းပင်။ ထန့်ယွင် သူ့ကို စစ်မြေပြင်ထဲဝင်၍ ရန်သူတွေကို တိုက်ခိုက်သည်ကို တစ်ခါမှ မမြင်ဖူးသော်ငြား  အမူးသမားဖြစ်သည့် သူ့ကို ကိုင်တွယ်ရန် လုံလောက်သည်ထက်ပင်ပိုနေ၏။


ရွှယ်ကျွင်းလျန်က သူ့လက်ကို ဆုပ်ကိုင်၍ တစ်ကိုယ်လုံးကို ဆွဲလှည့်လိုက်ပြီး မြေကြီးပေါ်တွင် မှောက်ရက်လဲလျောင်းစေကာ ကျန်လက်တစ်ဖက်က ထန့်ယွင်၏ဝတ်ရုံ အနားစွန်းများကို ဆွဲထုတ်နေလေသည်။

 

ထန့်ယွင့်အနေဖြင့် ရွှယ်ကျွင်းလျန်၏အထိအတွေ့များကို အသားကျနေလွန်း၍ဖြစ်မည်ထင်၊ သူ့စိတ်ထဲတွင် အရိုးစွဲနေခဲ့၏။ မနေနိုင်ဘဲ "အာ့"ခနဲ ညည်းမိသွားပြီး မှတ်ဉာဏ်တစ်ခုက သူ့ခေါင်းထဲတွင် ​ဖြတ်ပြေးသွားခဲ့သည်။ ရွှယ်ကျွင်းလျန်က သူ့ကို ခိုးကြောင်ခိုးဝှက်နှင့် ထိတွေ့နေချိန်တွင် သူ ရွှယ်ကျင်းလျန်၏ ဧကရီဖြစ်နေစဥ်ကာလသို့ ပြန်ရောက်သွားသလို ခံစားရ၏။


ထိုမျှသာပင်...


ယနေ့တွင် ရွှယ်ကျင်းလျန်ဟာ ယခင်ကလောက် နူးညံ့ ညင်သာဟန်မရပေ။ ထန့်ယွင်က မြေကြီးပေါ်တွင် လဲလျောင်းနေရသဖြင့် သူ၏အရက်ကြောင့် ရဲရဲနီနေသောမျက်လုံးများကို မမြင်ရချေ။ 


ရွှယ်ကျွင်းလျန်က သူ့ဘောင်းဘီကို ဆုတ်ဖြဲလိုက်သည်။ ထန့်ယွင် အေးလာသော်လည်း မကြာမီ သူအောက်ပိုင်းမှာ ပူနွေးသည့်အရာတစ်ခုရောက်လာ၏။


ထန့်ယွင် အသည်းအသန်ခေါင်းယမ်းပြသော်ငြား ထိုလူက သူမမြင်လိုက်သလိုမျိုး ရှေ့ဆက်တိုးနေသည်။  အဆောင်ငယ်၏လက်ရန်းကို ထန့်ယွင်  တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်၏။ လက်ရန်းက ကျောက်နှင့်ပြုလုပ်ထားခြင်း မဟုတ်သဖြင့် အရာတချို့ ထင်ကျန်နေရော့ပေမည်။


သူ့နောက်ပိုင်းကို ဖြေလျော့ပေးမထားသဖြင့် တင်းကြပ်နေပြီး သဘာဝအတိုင်ပင် ဝင်ရောက်ဖို့ရာ မလွယ်ကူပေ။ ရွှယ်ကျင်းလျန်က မူးနေသော်ငြား ထိုးသွင်းဖို့ကြိုးစားချိန်တွင် သူလည်း နာကျင်မှုကို ခံစားလာရသည်။ မျက်မှောင်ကြုတ်ကာဖြင့် ထန်ယွင့်ကို ဖိကပ်နမ်းလိုက်သော်လည်း စိုစွတ်နေသည့် အစိတ်အပိုင်းတစ်နေရာကို နမ်းမိခဲ့ပြီး ထိုဟာက မျက်ရည်များဖြစ်ပုံရ၏။ နှုတ်ခမ်းနှစ်စုံဟာ အတူတကွ ဖိကပ်တွယ်ငြိနေကြသည်။ ချိုမြန်ပြီး စူးရှသည့် အရသာတစ်ခုရနေပြီး ယင်းက  အံကြိတ်ထားသည့် ထန့်ယွင်ဆီမှ ကိုက်မိကာ ထွက်လာသောသွေးများဖြစ်လေ၏။

82.2


ရွှယ်ကျွင်းလျန်က ဆက်ပြီးတိုးမဝင်တော့ချေ။ သူ့အောက်ရှိလူက အပြင်းအထန် တုန်ရီနေကြောင်း သူတွေ့သွားလေသည်။ အရက်မူးပြေသွား၍လားမသိ သူ့လှုပ်ရှားမှုများက ညင်သာလာကာ ပါးစပ်ထဲတွင် တစ်ခုခုကို ရေရွတ်နေ၏။ 


အစက ထန့်ယွင် ထိုဟာကို အာရုံမစိုက်ပါဘဲ တစ်ဖက်လူဆီမှ ရုန်းထွက်ချင်ရုံသာဖြစ်သော်လည်း ရွှယ်ကျွင်းလျန်၏လက်များက သန်မာလွန်းနေပြီး သူ့အောက်မှာ အဖိခံထားရစဥ်တွင် လှုပ်၍ပင်မရပါချေ။ ရွှယ်ကျွင်းလျန်၏နှုတ်ခမ်းများက သူ့နားရွက်ကို ဖိကပ်နမ်းရှိုက်လာသည်။ ထန့်ယွင်ဟာ အနိုင်ယူခံလိုက်ရပုံပေါ်ပြီး ရုန်းကန်ဖို့ကိုပင် မေ့သွားခဲ့၏။


ရွှယ်ကျွင်းလျန်က ထန့်ယွင်၏နားထဲသို့ တိုးညှင်းလှစွာသောအသံဖြင့် ဆိုလိုက်သည်။ ထိုသည်မှာ သွားလေသူ ဧကရီနာမည်ကို ခေါ်နေခြင်းဖြစ်ပြီး ရွှယ်ကျွင်းလျန်ဟာ ယခင်က ဧကရီနှင့်တွေ့ ခဲ သဖြင့် တစ်ဖက်လူက  အမှန်တွင်  သူ့ကိုခေါ်နေခြင်းဖြစ်ကြောင်း ထန့်ယွင်သိပါ၏။


ထန့်ယွင် ကြောင်အ,ကာ ငြိမ်သက်သွားသည်။ ရွှယ်ကျွင်းလျန်က သူ့အပေါ်မှာ ဒီလိုမျိူး ခံစားချက်တွေရှိနေတာလား ဒါမှမဟုတ် အဲ့ဒီအချိန်တုန်းက ဧကရီက သူမှန်းမသိလို့ သူ့အပေါ်မှာ ခံစားချက်တွေရှိနေတာလား...


ရွှယ်ကျင်းလျန်၏အသက်ရှူသံက မတည်မငြိမ်ဖြစ်လာပြီး ထန့်ယွင်၏နားထဲသို့ နူးညံ့စွာလေ မှုတ်ထုတ်လိုက်၏။ ဘာကြောင့်မှန်းမသိ ထန့်ယွင် ရုတ်တရက်ကြီး အတော်လေးပူလောင်လာသလိုခံစားရသည်။ ဝိုင် သို့မဟုတ် တခြားယောကျာ်း၏ နူးနူးညံ့ညံ့ အပြုအမူများကြောင့်ဖြစ်မည်ထင်။


ရွှယ်ကျွင်းလျန်က သူ့ကိုအတင်းအကြပ်မလုပ်ပါဘဲ ထန့်ယွင်၏ ဖော်ပြခြင်းငှာ မစွမ်းသာသော နေရာတစ်ခုသို့ တိုးဝင်လာခဲ့၏။သူက ထန့်ယွင်၏ ခြေထောက်များကို ပူးကပ်ထားခိုငပြီး အနောက်ကနေ သူ့ကိုယ်သူ ထန့်ယွင်၏ခြေထောက်များကြားတွင် ပွတ်တိုက်လေသည်။ သူ ယခုအချိန်တွင် ရွှယ်ကျွင်းလျန်၏မျက်နှာကို ပိတ်ထိုးကာ ထွက်သွားသင့်သည်ဟု ထန့်ယွင်ခံစားရ၏။


သို့ပေမဲ့ ရွှယ်ကျွင်းလျန်က သူ၏အောက်ပိုင်းကိုပင် လှမ်းကာထိတွေလာခဲ့သည်။ထန့်ယွင် ထိုနေရာကို ထိတွေ့ပွတ်ဆွဲ ခံနေရသည့်ခံစားချက်ကြောင့် အသက်ရှူမှားသွားကာ နှုတ်ခမ်းများကို အုပ်လိုက်သည့်အတွက်  လည်ချောင်းထဲမှ တအင့်အင့်အသံပေါင်းများစွာ ထွက်ပေါ်လာစေ၏။ 

လူနှစ်ယောက်၏ အသက်ရှူသံများက ရောယှက်နေခဲ့သည်။ သူတို့၏အသက်ရှူသံများက ပို၍ပြင်းထန်လေးလံလာပြီး ပို၍မပြတ်မသားဖြစ်လာ၏။ အထူးသဖြင့်... နာမည်တတွင်တွင် ခေါ်ညည်းနေသည့် ရွှယ်ကျွင်းလျန်ပင်။


ထန့်ယွင်အနေဖြင့် အချစ်နှင့် ကာမဆက်ဆံမှုကို တစ်ခါ အတွေ့အကြုံမရှိဖူးပါဘဲ တစ်ကိုယ်ရည်ဖြေလျော့ဖို့ကြိုးစားသည်ကတောင် ဖြစ်တောင့်ဖြစ်ခဲပင်။ ပထမဆုံးအကြိမ်အဖြစ် သူ တခြားသူ၏ ထိန်းချုပ်ခြင်းကို ခံခဲ့ရသည်။ သူ့ဦးနှောက်က ဗလာဖြစ်နေပြီး ဘာမျှကို မစဥ်းစားနိုင်ခဲ့။ မကြာမီ သူ ရုန်းတောင်မရုန်းနိုင်တော့ပေ။ နှုတ်ခမ်းကိုသာ ပြင်းပြင်းထန်ထန်ကိုက်ထားပြီး မည်သည့်ရှက်စရာကောင်းသော အသံကိုမှထုတ်မပြပေ။


ရွှယ်ကျင်းလျန်က  သူ့ကိုယ်သူ ထပ်မကိုက်စေရန့် သူ့​နှုတ်ခမ်းများကို လက်ဖြင့်ပွတ်သပ်လိုက်၏။ ထန့်ယွင် ပါးစပ်ဟကာ အသက်လုရှူလိုက်သည်။ 

သူ့ခန္ဓာကိုယ်၏ တုံ့ပြန်မှုကြောင့် ရှက်လွန်း၍ ရွှယ်ကျွင်းလျန်၏လက်ကို တစ်ချက်ကိုက်လိုက်၏။


ရွှယ်ကျင်းလျန်က နာကျင်မှုကို မခံစားရသလိုမျိုးတစ်ဖက်လူကို ကိုက်ခွင့်ပေးထားသည်။ ထန့်ယွင် ရွှယ်ကျွင်းလျန်၏ ပူလောင်ပြင်းပြသည့် လှုပ်ရှားမှုများကြောင့် သူ့ခြေထောက်တွေ ကျွမ်းကုန်တော့မလိုမျိုးခံစားနေရ၏။ သူ့အသိစိတ်တစ်ခုလုံးက ထိုတစ်နေရာတည်းတွင် စူးစိုက်မိနေခဲ့သည်။ ရိုးစင်းလှသည့် ထန့်ယွင်အတွက် သူ့ကိုယ်သူ ခံစား၍ကောင်းအောင် ဘယ်လိုလုပ်ရမှန်း မသိလုနီးပါးဖြစ်သဖြင့် ရွှယ်ကျွင်းလျန် ပြုသမျှနုနေရုံသာရှိလေ၏။ 


ရွှယ်ကျွင်းလျန်က တစ်ခါလွှတ်ထုတ်ပြီးနောက် တောင့်တောင့်ကြီးဖြစ်သွားသည်။ သူက သူ့ခန္ဓာကိုယ်ပေါ်တွင် လဲလျောင်းနေပြီး အိပ်ပျော်နေပုံရ၏။ ထန့်ယွင် ရုတ်တရက် အသိဝင်လာပြီး ထိုလူကို တွန်းထုတ်ကာ သူခန္ဓာကိုယ်ပေါ်ရှိ ဖုန်မှုန့်တွေနှင့် ညစ်ပတ်ပေရေနေသော အရည်များကို လျစ်လျူရှုလျက် အဝတ်အစားများကို အလျင်စလိုဝတ်လိုက်သည်။ သူစိတ်တွေက ရှုပ်ထွေးနေလွန်း၍ ဘာတွေးရမှန်းပင် မသိတော့ဘဲ အနည်းငယ် ကတုန်ကယင်နှင့် ထွက်သွားလေ၏။


——————


ရွှယ်ဟုန်ယန် ရွှယ်ဝမ့်ကို ကျန်ရှိသည့်အခမ်းအနားတွင် မတွေ့ရတော့ဘဲ မင်းသားငယ်လေးကလည်း စောစောအနားယူသွားသည့်အတွက် သူ့အနေဖြင့်သူ့ကိုထွက်ရှာရတော့၏။ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်တွင် မင်းသားငယ်လေးက ကြက်သေသေကာ မတ်တပ်ရပ်နေသည်ကိုတွေ့လိုက်ရပြီး နောက်ထပ်ခြေလှမ်းအနည်းငယ် ဆက်တိုးမိချိန်မှာတော့ အသက်ရှူသံပြင်းပြင်းကို ကြားလိုက်ရ၏။ 


ရွှယ်ဟုန်ယန် ကြောင်အသွားလေသည်။ မင်းသားလေးက ငယ်သေး၏။ သူ ၎င်းက ဘာကိစ္စမျိုးမှန်းသိရခင်တွင် ရွှယ်ဖေ၏မျက်လုံးများကို အလျင်စလို ပြေးအုပ်လိုက်သည်။ မော့ကြည့်လိုက်သည်နှင့် သူ ရှော့ရသွားတော့၏။ မနီးမဝေးရှိ အဆောင်ငယ်လေးထဲတွင် ရှိနေသည်ကား ရွှယ်ကျွင်းလျန်နှင့် အသစ်စက်စက် ခန့်အပ်ထားသည့် အမတ်မင်းထန့်နန်တို့ပင်...


သူတို့၏ ရှုထောင့်မှကြည့်လျှင် ရွှယ်ကျင်းလျန်က ထန့်ယွင်၏ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းနေသည်နှင့်တူလေသည်။ ရွှယ်ဖေ၏မျက်လုံးများကို အုပ်လိုက်သော်လည်း သူက ထအော်တော့မလိုမျိုး ရွှယ်ဟုန်ယန် ခံစားလာရ၏။ ထို့ကြောင့်  အလျင်အမြန် လက်ကို ပါးစပ်သို့ပြောင်းအုပ်လိုက်ပြီး မင်းသားငယ်လေးကို ဆွဲခေါ်သွားလေသည်။ 


"ဘိုးဘေးလေး...သွားကြစို့"


ရွှယ်ဖေက အင်တင်တင်ဖြင့် ရွှယ်ဟုန်ယန်ဆွဲခေါ်ရာနောက်သို့ပါသွားပြီး မပျော်မရွင်နှင့် မေးလိုက်၏။

"တော်ဝင်ဦးရီးတော် ထန့်ရှန်ကိုကြိုက်လား"


ရွှယ်ဟုန်ယန် မေးခွန်းကြောင့် မှင်သက်သွားပြီး ပြန်ဖြေမည့်အစား ချောင်းတဟွတ်ဟွတ်ဖြစ်သွားလေသည်။


ရွှယ်ဖေက ဆိုလာ၏။

"တကယ်လို့ တော်ဝင်ဦးရီးတော်  တစ်ယောက်ယောက်ကို ကြိုက်တယ်ဆိုရင် တခြားလူတွေနဲ့ ဒီလိုကိစ္စလုပ်နေဦးမှာပဲလားဟင်"


ရွှယ်ဟုန်ယန် ဘယ်လိုပြန်ဖြေရမှန်းမသိပေမဲ့ "မလုပ်ဘူးပေါ့" ပြောလိုက်ဆဲပင်။


ရွှယ်ဖေက ရွှယ်ကျွင်းလျန်အကြောင်း မကောင်းစကားများဖြင့် ကျိန်ဆဲချင်သလိုမျိုး ညည်းညူကာ ဆိုလေသည်။

"ဒါဖြင့် ခမည်းတော်ဧကရာဇ်က ဘာလို့...."


xxxxxx