အပိုင်း ၈၃
Viewers 14k

Chapter 83


ရွှယ်ဟုန်ယန် အနှီဘိုးဘေးငယ်လေးရွှယ်ဖေ ကြောင့် သူခေါင်းကြီးကွဲထွက်တော့မည်ဟု ခံစားနေရသည်။ သူထိုဟာကို မည်သို့ရှင်းပြရမှန်း အမှန်ပင် မသိပါချေ။အထူးသဖြင့် မင်းသားငယ်လေးက ငယ်လွန်းနေသေး၏။ တော်ဝင် မောင်းမဆောင်မှာ အလှလေးသုံးထောင်ရှိလေသည်။ ဧကရာဇ်က မည်သို့များ တစ်ဦးတည်းကိုသာ ချစ်မြတ်နိုးနိုင်ပါမည်လဲ၊အထူးသဖြင့် တစ်ဖက်လူက ဆုံးပါးသွားပြီးသည့်အခါတွင်ပင်။


ရွှယ်ဟုန်ယန် နောက်ဆုံး၌ စိတ်ထဲမှာ အကြံတစ်ခုရသွားပြီး အလျင်အမြန် ပြောလိုက်၏။

"ဒီမေးခွန်းက.....အိမ်ရှေ့စံ တော်ဝင် ဆရာရှန်းကိုမေးကြည့်ပါလား...တော်ဝင်ဆရာက အသိအမြင် အရမ်းနှံ့စပ်တဲ့လူဆိုတော့.....အိမ်ရှေ့စံရဲ့ သံသယတွေကို ဖြေဖျောက်ပေးနိုင်မှာပါ"


 

ရွှယ်ဖေ သူ့တော်ဝင်ဦးရီးတော်  စကားတွေအထစ်ထစ်အငေါ့ငေါ့ဖြစ်နေသည်ကို တွေ့သော်လည်း မေးခွန်တွေအများကြီး ထပ်မမေးတော့ဘဲ အမှန်ကို သူ၏ဆရာသခင်ကိုမေးဖို့ရာ ပြေးထွက်သွားလေသည်။


ထန့်ယွင် စားသောက်ပွဲဆီသို့ပြန်လာပြီး နေသိပ်မကောင်းကြောင်းညည်းညူကာ သူ့မှာ သေရည် သောက်နိုင်စွမ်းမရှိသဖြင့် အရင်ပြန်နားချင်​သည်ဟု ဆိုလိုက်၏။ မှန်သည်ပင်၊ လူတွေက ရွှယ်ဝမ်ကို မတွေ့ကြသဖြင့် ဘယ်သူမှ သူ့ကိုမတားကြပေ။

 


ထန့်ယွင် နန်းတော်ထဲမှ ထွက်လာခဲ့သည်။ အမတ်မင်းအိမ်တော်၏အစေခံများက တော်ဝင်နန်းတော်အပြင်ဘက်တွင် ရထားလုံးတစ်ခုပြင်ဆင်ကာ သူတို့သခင်အခမ်းအနားမှထွက်အလာကို စောင့်နေကြ၏။ ထန့်ယွင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ အံ့ဩစရာကောင်းသည်က လွတ်​မြောက်ခြင်း၏ အရိပ်အယာင်တစ်ခုရှိနေခြင်းပင်။ 


သူ ရထားလုံးပေါ်မှဆင်းလျှင်ဆင်းချင်း အစေခံမိန်းကလေးတစ်ဦးပြေးလာကာ ထိတ်လန့်တကြားပြောလေသည်။


"သခင်...သခင် မြန်မြန်သွားပြီး သခင်လုကို သွားကြည့်သင့်ပါတယ်...တံခါးစောင့်တွေအကုန်လုံး လဲနေကြတယ်"


ထန့်ယွင် အံအားသင့်သွား၏။ လုရှစ်ချန်လွတ်သွားတာ ဖြစ်နိုင်လို့လား...သူက အားနည်းတဲ့ စာပေ ပညာရှင်တစ်ယောက်ပဲဟာကို ဘယ်လိုလုပ် အစောင့်တွေကို ဒဏ်ရာရအောင်လုပ်ပြီး ထွက်ပြေးနိုင်မှာလဲ...ဖုန့်တိုင်းပြည်က တစ်ယောက်ယောက်လာပြီး သူ့ကိုလွတ်အောင် ကူညီပေးတာများလား...


ထိုသို့သောအတွေများဖြင့် သူ ခြေလှမ်းများကိုပိုမြန်လိုက်၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ စေးကပ်ကပ်ခံစားချက်ကိုပင် ဂရုစိုက်နိုင်ခြင်းမရှိပေ။ သေချာပေသည်၊ ခြံဝန်းငယ်လေးထဲက ကိုယ်ရံတော်များ အကုန်လုံး သတိလစ်နေကြသည်။ ဘယ်သူမှအိမ်ထဲကို စွတ် မဝင်သွားရဲကြသဖြင့် တံခါးက ပိတ်ထားဆဲပင်။


ထန့်ယွင်  လက်တစ်ဖက်ဖြင့် တံခါးကို တွန်းကာ ဖွင့်လိုက်၏။ သူ တစ်ယောက်ယောက်၏ အသက်ရှူသံပြင်းပြင်းကို ကြားလိုက်ရသည်။ ကြည့်ရသည်မှာ  လုရှစ်ချန်က ဒီမှာရှိနေဆဲဖြစ်ကာ ထွက်ပြေးသွားပုံမရပေ။ ပတ်ပတ်လည်ကို ကြည့်လ်ုက်ချိန်တွင် သူချက်ချင်း အေးခဲသွား၏။


အခန်းထဲရှိ  စားပွဲက လဲနေပြီး ကြမ်းပြင်ထက်တွင် အစားအသောက်များ ပန်းကန်ကွဲများ ပြန့်ကျဲနေသည်။ လုရှစ်ချန်က  စုတ်ပြဲနေသော အဝတ်အစားများဖြင့် အခန်းထောင့်ကို မှီကာ မတ်တပ်ရပ်နေပြီး အိပ်ရာထက်တွင် တခြားအမျိုးသားတစ်ဦးရှိနေ၏။


ထိုအမျိုးသားက ကိုယ်လုံးတီးဖြစ်ကာ သူ့ခန္ဓာကိုယ်၏ အောက်ပိုင်းက သိသိသာသာကို အတော်လေးထိန်းမနိုင်သိမ်းမရဖြစ်နေလေသည်။ သူ့မျက်နှာက သွေးများပန်းထွက်လာမတတ် အလွန်အမင်း နီရဲနေသော်ငြား သူ့လက်များကား နောက်ပြန်ကြိုးတုပ်ခြင်း ခံထားရသဖြင့် မလွတ်မြောက်နိုင်ဖြစ်နေ၏။ သူက ဖရိုဖရဲ ဟောဟဲလိုက်နေရင်း ကုတင်ကိုပွတ်တိုက်နေလေသည်။


အနှီ ဆိုးဆိုးရွားရွားဖြစ်ပျက်နေသော အမျိုးသားမှာ တခြားလူမဟုတ်ပါဘဲ ကျောက်ထုံပင်.....


ထန့်ယွင်သည်လည်း *အရေပါးသူဖြစ်လေသည်။

ချက်ချင်း မျက်နှာလွဲကာဖြင့် ကြည့်နေခြင်းကိုရပ်ပြီး "ဝန်မင်းလု... ဘာတွေဖြစ်နေတာလဲ"ဟုသာ မေးလိုက်၏။

(T/N–အရှက်အကြောက်ကြီးသူ)


လုရှစ်ချန်က အချိန်အတော်ကြာ လည်ချောင်းရှင်းနေပြီးမှ တုန်တုန်ရီရီ အသံဖြင့် ဆိုလာသည်။

"ကျွန်...ကျွန်...ကျွန်ုပ်က ဘယ်လိုလုပ် ဘာဖြစ်နေမှန်းသိမှာလဲ..."


ကျောက်ထုံက အနည်းငယ် စိတ်ထွေနေသည်ကို ထန့်ယွင် မြင်လိုက်ရပြီး ဘေးမှာကျနေသည့်ဓားမြောင်ကိုလည်း သတိထားမိလိုက်၏။ သူ အခြေအနေတစ်ခုလုံးကို ခန့်မှန်းကြည့်၍ရပေသည်။ ဤကဲ့သိုသော ညစ်ပတ်သည့်လှည့်ကွက်မျိုးကို လုရှစ်ချန်က လုပ်လိမ့်မည့်ပုံမပေါ်ပေ။


ထန့်ယွင် တစ်ယောက်ယောက်ကိုခေါ်၍ ကျောက်ထုံကို ပြန်ပို့ခိုင်းလိုက်၏။ လုရှစ်ချန် စိတ်သက်သာရာရသွားသည်။ သူ့နဖူးပေါ်က ချွေးများကို ဝတ်ရုံလက်များဖြင့်သုတ်လိုက်ပြီး ကြမ်ပြင်ပေါ် သို့ ထိုင်ချမိလုမတတ်ပင်။


မှန်ပေသည်၊  ကျောက်ထုံကို ကြိုးတုပ်ထားသူမှာ  လုရှစ်ချန်ဖြစ်၏။ အမှန်တွင်  ကျောက်ထုံသာ လုံးဝကို စိတ်ထွေနေပြီး မသိစိတ် လွတ်မနေခဲ့ပါလျှင် လုရှစ်ချန် ထိုသို့ လုပ်နိုင်စွမ်းရှိမှာမဟုတ်ပေ.....


အစေခံတွေဝင်လာချိန်တွင် ထိတ်လန့်သွားကြသော်လည်း ကျောက်ထုံကို အပြေးအလွှားသယ်သွားကြသည်။ အမတ်မင်း အိမ်တော်တွင် ကြာမြင့်စွာ အမှုထမ်းလာခဲ့ပြီးနောက် သဘာဝအတိုင်းပင် သူတို့   သိရမည့်အရာနှင့် မသိရမည့်အရာတို့ကို ရှင်းရှင်းလင်းလင်းနားလည်ပါ၏။


အမျိုးသမီးအစေခံများက ကြမ်းပြင်ထက်ရှိ အကွဲအကြေများကို ကောက်ကာ စားပွဲကို ပြန်ထောင်ပေးကြသည်။ အစားအသောက်တွေက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေပြီး ဘယ်လောက်ပမာဏစားပြီးပြီလဲဆိုသည်ကို သူမကြည့်၍မရတော့ပေ။ဤသည်က လုရှစ်ချန်၏ တစ်ခုတည်းသော နှစ်သိမ့်စရာလေးဖြစ်ပါ၏။ 


ထန့်ယွင်လည်း လုရှစ်ချန် မစားရသေးဟုထင်သဖြင့် စားတော်ကဲကို နောက်ထပ်ဟင်းအမယ်အစုံ ထပ်ချက်ခိုင်းပြီး စားပွဲပေါ် တင်စေသည်။ လုရှစ်ချန်က ဘေးဒုက္ခကြုံရပြီးနောက် စိတ်သစ်လူသစ်ဖြစ်သွားပုံပင်။  အစားအသောက်များကို အငမ်းမရစားပစ်ခဲ့၏။ မှန်ပေသည်၊ ယင်းက ထန့်ယွင် ထွက်သွားပြီးမှသာဖြစ်လေသည်။  ရွှယ်တွေ၏ရှေ့မှာ သူထိုကဲ့သို့ ဘယ်သောအခါမျှ စားမှာမဟုတ်ပေ။ ထိုအစား အစာငတ်ခံပြီး အသေသာခံပစ်လိုက်မည်။


ထန့်ယွင်မှာ လက်ရှိတွင် ကျောက်ထုံဘာလာလုပ်မှန်း ဂရုစိုက်ဖို့ အင်အားများများမရှိပါသဖြင့် သူ့ကို ပြန်သာပို့ခိုင်းလိုက်၏။ သူက ဤ ကျောက်ထုံ၏ အဖြစ်အပျက်နှင့်ပတ်သတ်၍ ကျောက်လုမသိစေဖို့ အထူးတလည် ထည့်ပြောလိုက်သည်။ ကျောက်လုသာ သိပါလျှင် ကျောက်ထုံစစ်ဥပဒေအရ အရေးယူခံရမည်ဖြစ်လေသည်။ ကျောက်ထုံက အပြစ်ပေးခံရသင့်ပြီး သူ၏အမှားများကနေ သင်ခန်းစာယူသင့်သော်ငြား သူ့အနေဖြင့် ကျောက်ထုံ ခေါင်းဖြတ်ကွပ်မျက်ခံရမှာကို ကြည့်မနေနိုင်တုန်းပင်။အဆုံးမတော့ သူက ထူးချွန်သည့် ဗိုလ်ချုပ်တစ်ယောက်ဖြစ်လေသည်။

 


သူ တစ်ယောက်ယောက်ကိုရေသွားပြင်ခိုင်းလိုက်ပြီး သူ့ကိုယ်ပေါ်၏ အညစ်အကြေးတွေကို ဆေးကြောသန့်စင်ပစ်လိုက်၏။ ရေပူက သူ၏အကြောအချင်များကို ပြေလျော့စေပြီး ဖြည်းဖြည်းချင်း အပန်းပြေလာစေခဲ့သည်။ အပန်းပြေလာသည်နှင့် သူ့စိတ်က အလိုအလျောက် ပြောမထွက်နိုင်သည့် ဖော်ပြခြင်းငှာမစွမ်းသာသောကိစ္စများကို စတွေးနေမိ၏။ 


ထန့်ယွင်က အရေပါးသော်လည်း ရွှယ်ကျွင်းလျန်နှင့် ဖြစ်ပျက်ခဲ့သည်များကို စိတ်တည်တည်ငြိမ်ငြိမ်နှင့် ပြန် တွေးမိချိန်တွင် တစ်ခုခုမှားနေပုံရလေသည်။ 


သူက သေရည်ကောင်းကောင်းသောက်နိုင်သူဖြစ်ပြီး ရွှယ်ကျွင်းလျန်လည်း အမြဲတမ်း အသောက်သမားကောင်းတစ်ယောက် ဖြစ်ခဲ့ကြောင်း ထည့်ပြောစရာပင်မလိုချေ။ ထို့အပြင် ဤတစ်ကြိမ်တွင် သူအလွန်အကျွံသောက်ခဲ့ခြင်းမရှိပေ။ ရွှယ်ဝမ်က သောက်ထားလျှင်ပင် ဘယ်သောအခါမှ အကာအရံမဲ့သည့်အဆောင်ငယ်လေးအတွင်းမှာ ထိုသို့သော အရာမျိုးများ အဆင်အခြင်မဲ့စွာ ပြုလုပ်မိသည်အထိ အသိစိတ်လွတ်မှာ မဟုတ်ပါချေ။

83.2


ရွှယ်ကျွင်းလျန်က သတိကြီးသူဖြစ်လေသည်။ အခမ်းအနားမှာ ဝင်လိုက်ထွက်လိုက်လုပ်နေသည့် လူတွေများစွာရှိကြ၏။မရေမတွက်နိုင်သည့် နန်းတွင်း အမှုထမ်းများကလည်း ဟင်းပွဲများနှင့်ဝိုင်များကို အသယ်အပို့လုပ်နေကြမှာဖြစ်သည်။ 

အဆောင်ငယ်လေးကလည်း ပုန်းကွယ်တည်ရှိနေသည်မဟုတ်ရာ  တစ်ယောက်ယောက်သူတို့ကို မြင်သွားလား မမြင်သွားလား  မသေချာပေ။ 


လူအနည်းငယ်က ရွှယ်ကျွင်းလျန်ကို တိုက်ရိုက် လျှောက်တင်ရဲကြမည်ဖြစ်သော်လည်း သူတို့နောက်ကွယ်ရှိ လူထု၏ပါးစပ်ကို ပိတ်နိုင်မှာမဟုတ်ချေ။


ထို့အပြင်  ရွှယ်ကျင်းလျန်ကလည်း ထိုအချိန်တုန်းက သူ့ထဲကို တကယ်ဝင်ခဲ့ခြင်းမဟုတ်ပေ။  ဧကရီ၏အမည်ကိုသာ ခေါ်ပြီး  သူ့ခြေထောက်တွေကို ပူးခိုင်းကာ သူ့ကိုယ်သူဖြေလျော့ခဲ့ခြင်းဖြစ်၏။ ထိုစဥ်က ရွှယ်ကျွင်းလျန်အနေဖြင့် ထန့်ယွင်၏ခံစားချက်များကို ဂရုစိုက်ပေးခဲ့ပြီး သူ့ကို ထုတ်လွတ်နိုင်အောင်ပင် ကူညီပေးခဲ့သေးသည်။ ထိုအကြောင်းကို သေသေချာချာတွေးကြည့်ချိန်တွင်မူ မည်သို့များ ရွှယ်ကျွင်းလျန်က  မိန်းမတစ်ယောက်၏နာမည်ကိုခေါ်ကာ ယောကျာ်းတစ်ယောက်ကို ဖြေလျော့ပေးရသည်လဲ။


ထန့်ယွင် ထိုအကြောင်းကို အများကြီးစဥ်းစားနေခဲ့ပြီး ရုတ်တရတ် ရေနွေးနွေးကပင် သူလက်ရှိခံစားနေရသည့် အေးစက်စက်ခံစားချက်များကိုမသက်သာစေနိုင်တော့ဟု ခံစားလာရ၏။ သူခန္ဓာကိုယ် တစ်ခုလုံး တဆတ်ဆတ်တုန်ရီလာခဲ့သည်။ အထောက်အထားတွေအကုန်လုံးက ညွှန်ပြနေသည်ကား ရွှယ်ကျွင်းလျန်ဟာ လုံးဝကိုမသောက်ထားခဲ့ဟူ၍ပင်။ 


ရွှယ်ကျွင်းလျန်သည် မည်မျှပင်  အခွင့်ကောင်းတွေကို ဖမ်းဆုပ်နိုင်သည်အထိ ထက်မြက်ပြီး ထိုးထွင်းသိမြင်နိုင်စွမ်းရှိလင့်ကစား သူဘယ်သူလဲဆိုသည်ကို သိဖို့ရာ မဖြစ်နိုင်ပါချေ။ ထို့အတွက် သူဆီသို ထိုနည်းကိုသုံး၍ ချဥ်းကပ်လာခြင်းမှာ ဖြစ်နိုင်ချေတစ်ခုတည်းသာ ရှိလေသည်။


ရွှယ်ကျွင်းလျန်ဟာ ရည်ရွယ်ချက်ရှိရှိနှင့် နန်းတွင်းအမှုထမ်းများကို အမတ်မင်း ထန့်နန်နှင့် ဧကရာဇ်ကြားရှိ အပျော်ကြူးမှုအကြောင်းကို သူတို့ဘာသူတို့ မြင်သွားစေခြင်းဖြစ်၏။ ဘယ်သူကမှ ဧကရာဇ်ကို အသရေဖျက်စကားပြောဝံ့မှာ မဟုတ်ပေ။ အဆုံးမတော့ ရွှယ်ဝမ်က သွားလေသူဧကရီကို အင်မတန် ချစ်မြတ်နိုးကြောင်း လူတိုင်းသိကြလေသည်။ ထိုသည့်အတွက် လူတိုင်းက သူတို့၏ပစ်မှတ်ကို ထန့်ယွင်ပေါ်သို့ ပြောင်းကာ သူ့ကို လှောင်​ပြောင်စရာလူတစ်ယောက်ဖြစ်စေပြီး သူ့အကြောင်း သွားပုတ်လေလွင့် ကောလဟာလများကို ဖြန့်ကြမည်ဖြစ်လေ၏။ 


ထန့်ယွင် ရေကို အားပြင်းပြင်းဖြင့် ရိုက်ပုတ်လိုက်သဖြင့် ရေများ သူ့မျက်နှာထက်သို့ စင်လာသော်လည်း သူခံစားရသည်ကား ခါးသီးလှသည့်အေးစက်မှုကိုသာပင်။ ရွှယ်ကျင်းလျန်က သူ့ကို ဖယ်ရှားဖို့ နည်းလမ်းရှာမရသည့်အတွက် သူ့ဂုဏ်သတင်းကို ဖျက်ဆီးရန် တခြားသော နည်းဗျူဟာများကို စတင်အသုံးပြုလာခဲ့လေပြီ။


ထန့်ယွင် မျက်လုံးများကိူအုပ်ကာ လှောင်ရယ်မိလိုက်သည်။ ဧကရာဇ်၏စိတ်က  အမှန်ကို နက်နဲလှကာ သူ့လိုမျိုး ခန့်မှန်း၍ရနိုင်သည့်လူမဟုတ်ခဲ့။ 


နောက်တစ်နေ့ မနက်ခင်းညီလာခံအပြီးတွင် ရွှယ်ကျင်းလျန်က တမင်သက်သက်ဖြင့် ထန့်ယွင်ကို ချန်ရစ်နေစေ၏။ ထန့်ယွင် ရွှယ်ကျင်းလျန်၏စိတ်ထဲမှာ ဘာတွေရှိနေမှန်းမသိပါချေ။ ဧကရာဇ်က တွေးမမှီနိုင်လောက်အောင် နက်နဲလွန်းလှပြီး သူသာ သတိမထားပါက ထောက်ချောက်မိသွားနိုင်သည်ဟုသာ သူကိုယ်သူပြန်ပြောနေမိသည်။


ရွှယ်ကျင်းလျန်က အမိုးလွတ် ရထားယာဥ်တစ်စင်းပြင်ဆင်ထားသော်လည်း ဘယ်ကိုသွားမည်ဟုမပြောပေ။


သူက အပြုံးတစ်ပွင့်နှင့်သာ မိန့်လာ၏။

"ကု ထန့်ယင်းကို တစ်နေရာခေါ်သွားမလို့...ခရီးက

မနီးလှဘူး...ဘာလို့မောင်မင်း လည်း ထိုင်မလိုက်ရမှာလဲ"


ထန့်ယွင်က ဘေးမှာ ခေါင်းငုံ့ကာ မတ်တပ်ရပ်နေသည်။ ဧကရာဇ်နှင့် အတူတူလိုက်ပါစီးနင်ခွင့်ရသည်မှာ ကြီးမြတ်သည့် ဂုဏ်သရေဖြစ်ပါ၏။ ထန့်ယွင်အနေဖြင့် ထိုကဲ့သို့သော အထူးတလည်ချီမြှောက်မှုမျိုးကို ခံယူဖို့ရာ ထိုက်တန်သည်ဟု မထင်မိပါချေ။


"ကျေးဇူးကြီးမားလှပါပေတယ် အရှင်မင်းကြီး...ရှေးပဝေသဏီ ကာလတွေ ကတည်းကပဲ အုပ်ချုပ်သူတွေနဲ့ ဝန်မင်းတွေကြားမှာ ပိုင်းခြားထားမှုတွေရှိနေပြီးသားပါ...ဒီအစေခံက မလိုလားအပ်တဲ့အတင်းအဖျင်းတွေ ဖြစ်ပေါ်လာမှာစိုးတဲ့အတွက် စည်းမျဥ်းတွေကို မချိုးဖျက်ဝံ့ပါဘူးအရှင်"


သူက ငါးစာဟပ်မလာသည်ကို တွေ့လျှင် ရွှယ်ကျွင်းလျန် သူ့ကို ဖိအားမပေးတော့ဘဲ ပြုံးကာသာဆိုလိုက်၏။

"မောင်မင်းက တကယ်ကို သတိကြီးတာပဲ"


ထိုသို့ပြောပြီးနောက် သူ ကျန်းယွီကို ထွက်ခွာဖို့ အမိန့်ပေးခိုင်းလိုက်သည်။ထန့်ယွင်က တော်ဝင်ရထားယာဥ်၏နောက်ကနေပဲ လိုက်လာလေ၏။ ခြေလှမ်းအနည်းငယ်ပင် မလှမ်းရသေးခင်တွင် အိမ်ရှေ့စံမင်းသားလေးနှင့် ဝင်တိုးလေသည်။ မင်းသားငယ်လေးက ထန့်ယွင်ကိုကြည့်လာပြီး ၎င်းနောက် ရွှယ်ကျွင်းလျန်ကိုကြည့်လိုက်၏။ သူ့မျက်နှာက အနည်းငယ်နီရဲနေခဲ့သည်။ သူက ရှေးမနှောင်းပင် မျက်နှာကိုမော့ကာ ထန့်ယွင်ကို ခက်ထန်စွာဖြင့် စူးစူးစိုက်စိုက်ကြည့်လိုက်၏။


ထို့နောက် သူ့ဝတ်ရုံလက်ထဲမှ ကျောက်ခဲသေးသေးလေးများ လက်တစ်ဆုပ်စာကိုထုတ်ယူပြီး ထန့်ယွင်ဆီသို့ ပစ်ပေါက်လေသည်။ ပြီးသည်နှင့် ချက်ချင်း လှည့်ကာ ထွက်ပြေးသွားပြီး များမကြာမီ ပျောက်ကွယ်သွား၏။ 

ရွှယ်ဟုန်ယန် အနှီဘိုးဘေးငယ်လေးရွှယ်ဖေ ကြောင့် သူခေါင်းကြီးကွဲထွက်တော့မည်ဟု ခံစားနေရသည်။ သူထိုဟာကို မည်သို့ရှင်းပြရမှန်း အမှန်ပင် မသိပါချေ။အထူးသဖြင့် မင်းသားငယ်လေးက ငယ်လွန်းနေသေး၏။ တော်ဝင် မောင်းမဆောင်မှာ အလှလေးသုံးထောင်ရှိလေသည်။ ဧကရာဇ်က မည်သို့များ တစ်ဦးတည်းကိုသာ ချစ်မြတ်နိုးနိုင်ပါမည်လဲ၊အထူးသဖြင့် တစ်ဖက်လူက ဆုံးပါးသွားပြီးသည့်အခါတွင်ပင်။


လူတိုင်း ကြောင်အ,ကုန်ကြ၏။ ထန့်ယွင့်က ကျောက်ခဲတွေနှင့် အပစ်ခံလိုက်ရပြီး ထိုဟာက မနာကျင်သော်လည်း စဥ်းစားမရဖြစ်သွားသည်။ ထန့်ယွင်အနေဖြင့် မင်းသားငယ်လေးရွှယ်ဖေကို အတော်လေး ကောင်းကောင်းနားလည်သည်ဟု ပြော၍ရပေသည်။ အဆုံးမတော့ ရွှယ်ဖေ က ဧကန်ပင် သူနှင့် အလွန် ရင်းနှီးခဲ့လေသည်။ မင်းသားငယ်လေးက အင်မတန် ရင့်ကျက်ပြီး  ရည်မွန်သည့် အမူအရာရှိကာ သင့်တင့်လျောက်ပတ်စွာပြုမူလေ့ရှိသည်။ သူဒေါသထွက်နေချိန်မှသာလျှင် ယခုကဲ့သို့ စိတ်လွတ်ကိုယ်လွတ်ပြုမူတတ်ခြင်းဖြစ်၏။


ရွှယ်ကျွင်းလျန်က "ပြဿနာရှာနေတာပဲ..."ဟု အလိုမကျဟန်ဖြင့်ဆိုလာသည်။

"တော်ဝင်ဆရာက အိမ်ရှေ့စံကို ဘယ်လိုများသင်ကြားပေးထားတာလဲ...ကျန်းယွီ ရှန်းယီကို သွားပြောချေ...အိမ်ရှေ့စံမင်းသားကို ဒီနေ့စာအုပ်တစ်ရာ မကူးပြီးမချင်း ကျောင်းကနေ ထွက်ခွင့်မပြုဘူးလို့"


"မှန်ပါ..."


ကျန်းယွီက ပြန်ဖြေပြီးသည်နှင့် ရှန်းယီကို သွားရှာလေသည်။


ထို့နောက်  ရွှယ်ကျွင်းလျန်က အမှုထမ်းတွေကို ဆက်ထွက်ခွာဖို့ အမိန့်ပေးလိုက်၏။ သူတို့ နန်းတော်ထဲမှထွက်လာပြီး သွားလည်ပတ်သည်ကား တခြားမဟုတ်ပါဘဲ အမတ်မင်းကျန်းကျန်းဆီသို့ဖြစ်လေသည်။


xxxxxx