အပိုင်း ၈၉
Viewers 13k

Chapter 89


ရွှယ်ကျွင်းလျန်က ထပ်ပြောပြန်၏။


" မေ့တော့မလို့...ကုက အခုတလော လုပ်စရာတွေအများကြီး​ရှိနေတာ ...ကု တော်ဝင်ဆေးကုသရုံက တော်ဝင်သမားတော်ကို ပြီးရင် မောင်မင်းကို စစ်ဆေးပြီး မောင်မင်းခန္ဓာကိုယ်ကို နာလန်ထူအောင်ကူညီပေးဖို့  မိန့်လိုက်မယ်...အနားယူဖို့ကလွဲပြီး တခြားဘာအ​ကြောင်းမှ မစဥ်းစား....."


သူ့စကားမဆုံးခင်မှာ ရွှယ်ယွီဆီကအသံကိုကြားလိုက်ရသည်။

"လန့်ကျင်းက သူ့ကိုယ်သူပြန်ရွေးနိုင်ရင် သူ့အသက်ကိုချမ်းသာပေးဖို့ ကျွန်တော်မျိုး အရှင်မင်းကြီးကို အနူးအညွှတ်တောင်းပန်ပါတယ်"


ရွှယ်ကျွင်းလျန်က ဤစကားကို စိတ်ဝင်စားသွားပုံရပြီး ပြုံးလိုက်၏။

"သူ့ကိုယ်သူ ဘယ်လိုပြန်ရွေးမှာလဲ"


တစ်ဖက်လူက  ဟိုးယခင်ကတည်းက တွင်းနက်နက်တူး၍ ထောင်ချောက်တစ်ခုချထားပြီး သူ ခုန်ဆင်းလာမှာကိုပဲ ထိုင်စောင့်နေသလိုမျိုး ရွှယ်ယွီ ခံစားရကာ သူ့အနေဖြင့် ထုတ်ပြောလိုက်ရသည်။

 

"လန့်ကျင်းက အရှင်မင်းကြီးကို ရွှယ်ကနေ ရန်သူတွေပြန်ဆုတ်ခွာသွားအောင် ကူညီပေးနိုင်ပါတယ်...သူ့ကို ရှေ့တန်းပို့တာက ပိုကောင်းပါတယ်ဘုရား"


ရွှယ်ကျွင်းလျန်က ရယ်လိုက်၏။

"သူက မောင်မင်းရဲ့လူလေ...ကု သူ့ကိုပို့ဝံ့မှာမဟုတ်ပေဘူး"


ရွှယ်ယွီ အံကြိတ်ကာ လျှောက်တင်လိုက်သည်။


"အရှင်မင်းကြီးက စကားတစ်ခွန်း မိန့်လိုက်သရွေ့ လန့်ကျင်းက သဘာဝအတိုင်း အရှင်မင်းကြီးကို သစ္စာစောင့်သိမှာပါ"


"အိုး.....အမတ်မင်းကျန်းကျန်းကတောင် ဒီလိုပြောနေပြီဆိုတော့ လန့်ကျင်းရဲ့ကိုယ်ပိုင်ဆန္ဒကရောဘယ်လိုလဲ"


ဘေးတွင် အစောင့်များဝန်းရံကာ ဒူးထောက်နေသည့်လန့်ကျင်းကတော့ ငြိမ်သက်လျက်ရှိ၏။ ဤတစ်ကြိမ်တွင် သူဟာ ရွှယ်ယွီကို စိုက်ကြည့်ရုံသာကြည့်ကာ ခေါင်းငိုက်စိုက်ကျလျက် ဆိုလာသည်။ 

"လန့်ကျင်း အမိန့်ကိုနာခံမှာပါ"


ရွှယ်ကျွင်းလျန် အရာရာတိုင်းက သူ့မျှော်မှန်းချက်များအောက်မှာရှိနေသကဲ့ ခေါင်းညိတ်ကာ ပြောလိုက်၏။

"မောင်မင်းရဲ့အမှားတွေကို ပြန်ပြင်ဆင်နိုင်တယ်ဆိုမှတော့... ကုက စိတ်ဘောထားသေးသိမ်တဲ့လူမဟုတ်တဲ့အတွက် မောင်မင်းကို လောလောဆယ်တော့ လွှတ်ပေးလိုက်မယ်...ဒါပေမဲ့ မောင်မင်းအနေနဲ့ အနာဂတ်မှာ ဥပဒေကို ချိုးဖောက်ဝံ့သည်ဖြစ်စေ ဒီဧကရာဇ်ကိုဆန့်ကျင့် ဝံ့သည်ဖြစ်စေ... မောင်မင်းကို ကြိုးမိန့်နဲ့တောင် အမ,စမခံရမှာကို ကုစိုးရိမ်မိတယ်"


ဤသို့ပြောပြီးသည်နှင့် လက်ယမ်းကာဖြင့် ကိုယ်ရံတော်များကို လန့်ကျင်းကိုချုပ်ထားသည်အား လွတ်ပေးလိုက်ဖို့ အမူအရာပြပြီး ​ပြောလိုက်၏။ 


"မောင်မင်းက ရှေ့တန်းကို သွားချင်တယ်ဆိုတော့ ခုသာတန်းသွားပေးတော့...စစ်ပွဲတို့မည်သည်က မီးလိုပဲ...မိနစ်ဝက်လေးတောင် နှောင့်နှေးလို့မရဘူး... အမတ်မင်းကျန်းကျန်းကတော့ မောင်မင်းရဲ့နေအိမ်တော်မှာပဲ မိမိကိုယ်မိမိကောင်းကောင်း ဂရုစိုက်ပါလေ "


ရွှယ်ဝမ်၏စကားများက သိသာလေသည်။ လန့်ကျင်းသာ စစ်ပွဲကိုသွား၍ ​ကြိုးကြိုးစားစားမဆောင်ရွက်လျှင် နန်းမြို့တော်ရှိ ရွှယ်ယွီက ဒုက္ခရောက်မှာဖြစ်၏။ 


ထိုသို့အမိန့်ချပြီးနောက် များများထပ်မပြောတော့ဘဲ အကုန်လုံးကို အပြင်ထွက်ခိုင်းလိုက်သည်။ ရွှယ်ကျွင်းလျန် ရွှယ်ယွီ၏ရှုံးနိမ့်သွားသော အမူအရာကို မြင်သောအခါ ရုတ်တရတ် သက်ပြင်းချလေ၏။ 


ကျန်းယွီက လျှောက်တင်လာသည်။

"အရှင်မင်းကြ ပင်ပန်းနေပါပြီလား...ဘာလို လမ်းထွက်လျှောက်တော် မမူရမှာလဲဘုရား"


ရွှယ်ကျွင်းလျန် ပြုံးကာဖြေလိုက်၏။

"ကု မပင်ပန်းပါဘူး... ဒါပေမဲ့ ကု ရုတ်တရက် အမှန်တရားတစ်ခုကို နားလည်သွားတယ်"


သူကထိုသို့ပြောပြီးနောက် ခဏရပ်လိုက်ပြီး ကျန်းယွီကလည်း မနှောင့်ယှက်ပါဘဲ ရွှယ်ကျွင်းလျန် ဆက်ပြောလာမှာကို စောင့်နေလေသည်။ 


"မျှော်လင့်ထားသလိုပဲ ကုက ရွှယ်ယွီထက် နေရာတွေအများကြီးမှာ ညံ့နေတာပဲ...အနည်းဆုံးတော့ ကု အဲ့ဒါကိုမလုပ်နိုင်ဘူး"


ကျန်းယွီ သူဘာကိုဆိုလိုမှန်းနားမလည်ပေ။ မှန်သည်ပင်၊ သူမေးမှာမဟုတ်။ သူ 

"အရှင်မင်းကြီး...အမတ်မင်းဝမ်နျန်နဲ့အမတ်မင်းထန့်နန်တို့ အပြင်မှာ စောင့်နေတာ အတော်ကြာပါပြီ...အရှင် သူတို့ကိုတွေ့ချင်ပါရဲ့လား"ဟုသာ လျှောက်လိုက်သည်။ 

 


ထန့်ယွင် ဝင်လာသောအခါ ရွှယ်ကျွင်းလျန်၏မျက်နှာကို တစ်ချက်ကြည့်လိုက်၏။ သူ့အမူအရာက ယခင်ကအတိုင်းကဲ့သို့ပင်ဖြစ်ကာ ထူးခြားသည့်ဟာ တစ်ခုမှမရှိသဖြင့် သူ့နှလုံးသားက အတော်လေး သက်သာရာရသွားခဲ့သည်။ လန့်ကျင်းက ထက်မြက်လျှင်ပင် မိုးကောင်းကင်အောက်ရှိ အချက်အလက်တွေအကုန်လုံးကို သိနိုင်မှာမဟုတ်ပေ။ လူတွေကို လှည့်စားရန် လှည့်ကွက်တချို့သာဖြစ်ပြီး အသေးစိတ်ကိုမသိသော လူများအား အလိမ်အညာတွေကိုအခိုင်အမာ ယုံကြည်မိသွားစေ၏။


ရွှယ်ကျွင်းလျန် မူကြမ်းကိုကြည့်ပြီး တခြားဘာထင်မြင်ချက်မှမရှိပေ။ထန့်ယွင်နှင့် ရွှယ်ဟုန်ယန်တို့၏ အကြံပြုချက်များက အလွန်ကောင်းမွန်ပြီး  တန်ပြန်ရေးအစီအမံများကလည်း ရှင်းလင်းနေကာ တစ်ခုချင်းစာရင်းပြုစုထားသည်။ အခက်ခဲဆုံးအပိုင်းသည်ကား သူတို့အနေဖြင့် ဤအစီအစဥ်ကို မြန်မြန်နှင့် လေးဖင့်ခြင်းမရှိဘဲ လေးငါးရက်အတွင်းပြီးမြောက်အောင် ဆောင်ရွက်ရမှာဖြစ်သည်ပင်။


ရွှယ်ကျွင်းလျန် လူတစ်ယောက်အား စစ်မိန့်ကို စာအိတ်တစ်ခုတွင်ချိတ်ပိတ်ကာ အလျင်အမြန်ပို့ဆောင်ရန် အမိန့်ပေးလိုက်၏။


ရွှယ်ဟုန်ယန် နန်းတော်မှ ထွက်ပြီး အိမ်ပြန်လာချိန်တွင် သူ ထန့်ရှန်းကို မတွေ့ပေ။ မေးမြန်းကြည့်ပြီးနောက် ထန့်ရှန်းက ဥယျာဥ်အဆောင်ငယ်လေးထဲတွင် စာဖတ်နေကြောင်းသိလိုက်ရသည်။


ရွှယ်ဟုန်ယန် ဥယျာဥ်ဆီသို့ သွားချိန်တွင် အမှန်ပင် အဆောင်ငယ်လေးထဲ၌တစ်ယောက်ယောက်ရှိနေ၏။ သို့ပေမဲ့ ထန့်ရှန်က စာအုပ်ဘေးချလျက် စားပွဲပေါ်တွင် လဲလျောင်းကာ အိပ်ပျော်နေပုံရသည်။


ရွှယ်ဟုန်ယန် ခြုံထည်ပြန်ယူပြီး  တစ်ဖက်လူနိုးသွားမှာစိုးသည့်အတွက်   ​ ညင်ညင်သာသာတိုးကပ်ကာ လွမ်းခြုံပေးမည်ကြံလိုက်သော်လည်း ထိုအချိန်တွင် ထန့်ရှန်က အနည်းငယ်လှုပ်လာ၏။


ရွှယ်ဟုန်ယန် မေးလိုက်သည်။ 

"ကျွန်တော့်ယောကျာ်းကို နိုးအောင်လုပ်မိသွားတာလား"


"မဟုတ်ပါဘူး "