အပိုင်း ၉၁
Viewers 13k

Chapter 91


ရွှယ်ကျွင်းလျန် သူ့ကို  မျက်နှာချိုသွေး ခယဝယလုပ်နေကြသည့် ကိုယ်လုပ်တော်များကို  မကြိုက်သလို ဝိုင်သောက်ရသည်ကိုလည်း မနှစ်သက်ပေ။ ထို့ကြောင့် ကိုယ်လုပ်တော်များအနေဖြင့် သူ့စီပစ်ဝင်၍မရကြဘဲ သဘာဝအတိုင်း ဧကရာဇ်၏ပြစ်တင် ရှုတ်ချခြင်းကိုမခံလိုကြချေ။ တာ့ဖေးက ပိုကောင်းသည့်​အနေအထားမှာရှိနေသည်ဟု မှတ်ယူ၍ရပေသည်။ အဘယ့်ကြောင့်ဆိုသော် တာ့ဖေးတွင် ယွီချန်ဟုခေါ်သည့် စစ်ရေး အောင်မြင်မှုတွေများစွာ ပြုလုပ်ထားပြီး ထန့်နှင့်စစ်ပွဲမှာအရေးပါခဲ့သော အစ်ကိုတစ်ယောက်ရှိနေသောကြောင့်ပင်။ သို့ပေမဲ့ သူဟာ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ပြီးနောက် သူ၏အောင်မြင်မှုများကို အနည်းငယ်မာန်တက်လာခဲ့ပြီး နောက်ပိုင်းတွင် ထန့်ယွင်လက်ထဲမှာရှုံးနိမ့်သွားသည်။ ထို့ကြောင့် ရွှယ်ကျွင်းလျန်က သူကို နန်းမြို့တော်သို့ ပြန်ခေါ်ပြီး ၎င်းနောက် သူ့နေရာကို အစားထိုးရန်ရွှယ်ဟုန်ယန်ကို စေလွှတ်ခဲ့သည်။


နှစ်တွေ တလျှောက်တွင် ရွှယ်ဝမ်က မည်သည့်ကိုယ်လုပ်တော်ကိုမှ ရာထူးလည်းတိုးမပေးသလို ရာထူးလည်းမလျော့ချခဲ့ပေ။ ထန့်ချမ်းယီက သူမ၏လုပ်ရပ်များကြောင့် ရာထူးအချခံလိုက်ရသည့် ကံဆိုးသူတစ်ဦးဖြစ်လေသည်။ တာ့ဖေးအနေဖြင့် အမြင့်တက်ချင်ခဲ့ပြီး အကယ်၍ သူမဧကရီဖြစ်မလာလျှင်တောင်မှ သူမအစ်ကို၏နောက်ခံဖြင့် ဟွမ်ကွေ့ဖေးဖြစ်လာအောင် ကြိုးစား၍ရနေသေးသည်။ မမျှော်လင့်စွာဖြင့် ရွှယ်ဝမ်က ယောကျာ်းတစ်ယောက်ကို ဟွမ်ကွေ့ဖေးတင်မြှောက်ချင်နေ၏။


လူတစ်ယောက်ဟာ အလွန်နိမ့်ပါးသည့်အနေအထားမှ မြင့်မားသည့်နေရာသို့ ပြောင်းသွားသောအခါ တွေ့ဆုံချိန်၌ လောကဝတ်က ကွဲ ပြားသွားမည်ပင်။ တာ့ဖေ့ သူမ၏တွက်ချက်မှုအားလုံးထဲတွင်ပင် သူမ သူမ၏ရာထူးကို ထန့်ယွင်အား ခန်းဝင်ပစ္စည်းအဖြစ်ပေးရခြင်းနှင့် အဆုံးသတ်သွားလိမ့်မည်ဟု ဘယ်တုန်းကမျှစိတ်မကူးကြည့်မိခဲ့။ ရွှယ်ဝမ်ကတော့ သူ့စကားများအတိုင်းသာ လိုက်နာပြီး ထန့်ယွင်ကို ဘွဲ့နာမည်ခန့်အပ်လိုက်မည်ဖြစ်၏။


ဤသည်က လူတိုင်း၏ရှေ့မှာ ပြောကြားခြင်းမဟုတ်သော်ငြား တော်ဝင်အမိန့်တော် တစ်ခုမဟုတ်သော်ငြား နောက်ပြောင်သည့်ပုံစံဖြင့် ပြောခဲ့ခြင်းလည်းမဟုတ်ပေ။ အဆုံးမတော့ ရွှယ်ကျွင်းလျန်ဟာ ဘယ်သောအခါမှ ဟာသမလုပ်တတ်ပေ။


ထန့်ယွင့် ဘယ်တုန်းကမှ တော်ဝင်မောင်းမဆောင်ထဲသို့ မဝင်လိုခဲ့။ သူ နန်းမြို့တော်မှထွက်သွားရန် မျှော်လင့်ထားခဲ့သည်။ ယခုတွင် သူ့ဖခင်က သာမန်လူတစ်ယောက်အဖြစ်ရာထူးအချခံလိုက်ရပြီဖြစ်ကာ သူ၏နောက်ပါများကမူ ထန့်တိုင်းပြည်သို့ ပြန်နှင့်ပြီဖြစ်၏။ ရံဖန်ရံခါ သူ ထန့်ရှန်ကို တွေ့ရလေသည်။ သူ၏လက်ရှိအခြေအနေက အတော်လေးကောင်းမွန်ပုံပင်။ ရွှယ်ဟုန်ယန်ကလည်း ထန့်ရှန်အပေါ်ရိုးသားဖို့ အကောင်းဆုံးကြိုးစားနေ၏။ အရာရာတိုင်းက အစီစဥ်တကျ

ပြေပြေလည်လည်ရှိနေသည့်အတွက် ထန့်ယွင် မြို့တော်မှ ထွက်သွားချင်ခဲ့သည်။ ​နန်းမြို့တော်မှာ နေရသည်ကား ရေခဲပြင် ပါးပါးပေါ် လမ်းလျှောက်နေရသကဲ့သို့ဖြစ်၏။


ရွှယ်ကျွင်းလျန်က သူ့ကို လွှတ်ပေးလိုဟန်မရှိသည်ကတော့ သနားစရာပင်.....


ထန့်ယွင် လျှောက်တင်လိုက်သည်။

"အရှင်မင်းကြီးရဲ့ များပြားလွန်းတဲ့ချစ်ခြင်းမေတ္တာကို... ဒီငယ်သားက ထိုက်တန်တယ်လို့မခံစားရပါဘူး"


ရွှယ်ကျွင်းလျန်က သူ့ကို သူ၏လက်များဖြင့်ကိုယ်တိုင် ဝိုင်တစ်ခွက်ငှဲ့ပေးကာ ပြုံးလေသည်။

"ထန့်ယင်းက ရိုးရိုးစင်းစင်းနေရတာကိုပဲကြိုက်တာကိုး"


သူက ထိုသိုပြောပြီးနောက် ဟင်းပွဲငယ်လေးများထဲမှ တူတစ်ညှပ်စာစီယူပြီး ထန့်ယွင့်ကိုထည့်ပေး၏။တာ့ဖေးက တစ်ဖက်မှာရပ်နေရင်း ရှက်ရွံ့ပြီး ကသိကအောက်ဖြစ်နေပုံပင်။ နန်းတွင်းအစေခံများနှင့် အိပ်ဆောင်အစေခံများက အဆောင်ငယ်၏ အပြင်မှာရပ်ကာ စောင့်နေကြပြီး သူမက ဟင်းပွဲပြင်ပေးသည့်အစေခံနှင့်တူနေသည်။


တာ့ဖေးသည် အထက်တန်းလွှာမိသားစုတစ်ခုမှာ မွေးဖွားခဲ့ပြီး မွေးချင်းများထဲတွင် သူမကအငယ်ဆုံးဖြစ်၏။ သဘာဝအတိုင်းပင် သူမ တခြားသူတွေကို အလုပ်အကျွေးမပြုခဲ့ရပေ။ သူမအတွက် ရွှယ်ကျွင်းလျန်ကို အလုပ်အကျွေးပြုဖို့ရာက အနည်းဆုံးတော့  သူမထိုကနေ အကျိုးအမြတ်တစ်စုံတစ်ခုရရှိမှာဖြစ်သဖြင့် လက်ခံနိုင်ဖွယ်ရှိသည်။ သို့ပေမဲ့ ယခုတွင် ရွှယ်ကျွင်းလျန်က သူမလုပ်ထားသည့်ဟင်းပွဲများကို ထန့်ယွင်ကိုထည့်ပေးနေသည်ကိုသာ ကြည့်နေရသဖြင့် သူမစိတ်ထဲတွင် ဒေါသများစတင်တရိပ်ရိပ်တက်လာသည်။


တာ့ဖေး သူမ၏ဒေါသကို ချုပ်တည်းပြီး အလွန် မွန်မြတ်သန့်စင်ဟန် ဂရုစိုက်တတ်ဟန်ဆောင်ကာ ရွှယ်ဝမ်၏ခွက်ထဲကို ဝိုင်ဖြည့်ပေးလိုက်သည်။ သူမ ပြုံးကာဆိုလိုက်၏။


"အရှင်မင်းကြီး... ဒီဝိုင်က ချန်ချဲ့ ချက်ထားတာပါ...ကျေးဇူးပြု၍ သဘောမကျမဖြစ်ပါနဲ့"


သူမက ထိုသို့ပြောရင်း အမှတ်တမဲ့ဖြင့် ထန့်ယွင်၏ခွက်ကိုပါ သွားဖြည့်လိုက်ပြီး မတော်တဆ ဝိုင်တွေအကုန်လုံး သူ့အပေါ်ဖိတ်စင်ကျသွားဟန်ပြုလိုက်သည်။ ရာသီဥတုက ယခုတိုင်မနွေးသေးသဖြင့် ဝိုင်နွေးနွေးများက ချက်ချင်းအေးစက်ကုန်လင့်ကစား သူမက သူမကိုယ်သူမမထိန်းနိုင်ဘဲ အိုးတစ်ခုလုံး ထန့်ယွင်အပေါ်ကိုလောင်းချမိလိုက်၏။  


ထန့်ယွင် အချိန်မီတုန့်ပြန်ကာ ခြေတစ်လှမ်းပြန်ရုတ်လိုက်သော်လည်း ဝိုင်တွေအတော်လေးစိုသွားဆဲပင်။ တာ့ဖေးက ချက်ချင်း တောင်းပန်စကားများစွာဆိုလာသော်လည်း ထန့်ယွင် ဘာမှပြန်မပြောမိပေ။ သူက ရှောင်ထွက်၍မရမှာကိုသာ စိတ်ပူနေခြင်းဖြစ်ပေမဲ့ ယခုတွင် အခွင့်အရေးက သူ့ဘာသာသူရောက်လာ၏။


ရွှယ်ကျွင်းလျန်က သဘာဝအတိုင်း ဤသို့သောကိစ္စသေးသေးမွှားမွှားလေးများနှင့်ပတ်သတ်ပြီး စိတ်တိုမှာမဟုတ်ပေ။ အခုလေးတင် ဖြစ်ပျက်ခဲ့သည့်ဟာက ရည်ရွှယ်ချက်ရှိရှိလုပ်ခဲ့ခြင်းဖြစ်ကြောင်း သူသတိပြုမိရင်တောင် ထိုဟာနှင့်ပတ်သတ်ပြီး ကျွဲမြီးတိုစရာမလိုပေ။ သူက

"ထန့်ယင်း... အဝတ်အစားသွားလဲချေ..."ဟုသာဆိုလိုက်သည်။


"ကျန်းယွီ "

သူ အော်ခေါ်လိုက်၏။


ကျန်းယွီက အင်မတန်အကင်းအညှာပါးသည်။ ချက်ချင်းရောက်လာပြီး ပြောလေ၏။

"အမတ်မင်း...ကျေးဇူးပြုပြီး ဒီလမ်း"


ထန့်ယွင် အနှီအညွှန်ကြားမှုကိုကြားရချိန်တွင် ရွှယ်ကျွင်းလျန်က သူ့ကို သူ့ဘာသူထွက်သွားခွင့်မပေးကြောင်းနားလည်သွားပြီး ပြောလိုက်သည်။

"ဒုက္ခရှာစရာမလိုပါဘူး...ဒီနိမ့်ကျတဲ့ငယ်သားက ကိုယ့်ဘာကိုယ်သွားလဲပါ့မယ်"


ရွှယ်ကျွင်းလျန်က ရယ်မောလေ၏။

"ထန့်ယင်းမပျော်တာများဖြစ်နိုင်မလား...ဒါဆို ကုကိုယ်တိုင်မောင်မင်းကို အဝတ်အစားလဲဖို့လိုက်ပို့ပေးမယ်လေ...ဘယ်လိုလဲ "


သူကထိုသို့ပြောရင်း သူ့လက်တွေကလည်း အမှန်တကယ်ပင်  ထန့်ယွင်၏ခါးကို ရစ်ပတ်လာသည်။ ထန့်ယွင် တသိမ့်သိမ့်တုန်သွားပြီး အလျင်စလို ခြေတစ်လှမ်းပြန်ဆုတ်ကာ ပြောလိုက်၏။

"ဒီနိမ့်ကျတဲ့ငယ်သားက မဝံ့ပါဘူး......"


ကျန်းယွီက ထန့်ယွင်ကို အနီးနားရှိ ခန်းမအလွတ်တစ်ခုသို့ အဝတ်အစားလဲရန် ဦးဆောင်ခေါ်သွားသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူတို့သွားရာလမ်းတွင် ခပ်လှမ်းလှမ်းမှအမျိုးသားတစ်ယောက်လာနေသည်ကို မြင်လိုက်ရ၏။ ထိုလူက အရပ်ရှည်ပြီး အလွန်သန်မာပုံရသည်။ သူက စစ်ဗိုလ်ချုပ်တစ်ယောက်၏ ရုံးတော်ဝတ်စုံကို ဝတ်ဆင်ထား၏။


ထိုလူက ကျန်းယွီကို မြင်သည်တွင် ပြုံးပြုံးရွှင်ရွှင်ဖြင့်မေးလာသည်။

91.2


"အထိန်း​တော်ကျန်း ..ဘုရင်မင်းမြတ်က ဥယျာဥ်တော်ထဲမှာလား"


ကျန်းယွီက လေးလေးစားစားပြန်ဖြေလိုက်၏။

"ဟုတ်ပါတယ် အမှန်ပါပဲ... ဧကရာဇ်ကအခု စားတော်ပွဲတည်နေပါတယ်...ဗိုလ်ချုပ် နောက်မှသွားသင့်ပါတယ်....."

ထို့နောက် သူကထပ်ဖြည့်လိုက်သည်။

"တော်ဝင်ကိုယ်လုပ်တော်တာ့လည်း အဲ့မှာရှိနေပါတယ်"

 


90.2


ထိုလူက တော်ဝင်ကိုယ်လုပ်တော်တာ့လည်းရှိနေသည်ဟုကြားရသည်တွင် သူ့မျက်နှာက ချက်ချင်း အတော်လေးပိုပျော်သွားပြီး ပြောလေ၏။


"ကွက်တိပဲ... ကျွန်တော်လည်း သွားကြည့်လိုက်ဦးမယ်"


သူထိုသို့ပြောပြီး ထွက်သွားခါနီးတွင် နောက်ရှိ ထန့်ယွင်ကို တစ်ချက်ကြည့်မိသွားသည်။ သူက ရုတ်တရက် ရပ်ပြီး ပြုံးကာ ပြောလိုက်၏။


"မျက်နှာမှာ အမာရွတ်တစ်ခုရှိပြီး ထိပ်ကို မြန်မြန်တက်သွားတဲ့ အမတ်မင်းတစ်ယောက်ရှိတယ်လို့ ငါကြားမိတယ်...ဧကရာဇ်က သူ့ကိုတော်ဝင်မောင်းမဆောင်ထဲထည့်ချင်နေတယ်လို့လည်း ကြားသေးတယ်"


ထန့်ယွင် ငြိမ်သက်စွာ နားထောင်နေပြီးနောက် ထိုလူကိုတစ်ချက်သာ ကြည့်လိုက်ပြီး ဆက်မကြည့်တော့ပေ။ သူက ရယ်မောလိုက်သည်။


"ဗိုလ်ချုပ်က ကျွန်တော့်အကြောင်းတွေအများကြီးကြားဖူးတာပဲ...ကျွန်တော်လည်း ခြေတစ်ဖက် ထော့နဲ့ထော့နဲ့ နဲ့လူက ဗိုလ်ချုပ်လို့ကြားဖူးပါတယ်...အခုတလော တိမ်တွေထူပြီး အအေးပိုလာနေတာ...ဒီထန့်က  ညီလာခံစတက်ကတည်းက  ဗိုလ်ချုပ်ကို မတွေ့ခဲ့ရဘူး...ဗိုလ်ချုပ်ရဲ့ခြေထောက်က အရမ်းနာနေတာလား"


ခုနက ရွဲ့စောင်းပြောခဲ့သည့်သူက တခြားမဟုတ်ပါဘဲ တာ့ဖေး၏အစ်ကို ယွီချန်ဖြစ်လေသည်။ ယွီချန်က ထန့်ယွင်နှင့်တိုက်ပွဲအတွင်း၌ ဒဏ်ရရသွားသည့်အတွက် နန်းမြို့တော်ကို ပြန်ခေါ်ခံထားရခြင်းဖြစ်၏။ အချိန်မီကုသခဲ့သော်ငြား သူ့ဘယ်ဘက်ခြေထောက်က အပြည့်အဝပြန်ကောင်းမသွားဘဲ မိုးအုံ့ မိုးရွှာသည့်နေတိုင်း ပြန်ထလာပြီး သူက ပုံမှန်အတိုင်း လမ်းလျှောက်လျှင်ပင် သူ့လမ်းလျှောက်ဟန်က အနည်းငယ်ကွဲပြားနေဆဲဖြစ်သည်။


ထန့်ယွင်က ပြုံကာဆိုလိုက်သည်။

"ဒီထန့်ကလည်း စဥ်းစားတွေးခေါ် တတ်ပြီး အကြားအမြင်ရှိပါတယ်...ဗိုလ်ချုပ်အနေနဲ့ တော်ဝင်သမားတော်ကို ဗိုလ်ချုပ်ရဲ့ခြေထောက်ကိုကြည့်ခိုင်းရမှာပါ...မိုးအုံ့ မိုးရွာတဲ့နေတွေမှာ ဝေဒနါ ခံစားစရာမလိုတော့မှာလည်း ဖြစ်ချင်ဖြစ်မှာပဲလေ"

.” 

သူ၏ထေ့လုံးငေါ့လုံးကို ကြားရချိန်တွင် ယွီချန် ချက်ချင်း အမျက်ခြောင်းခြောင်းထွက်လာပြီး အော်ဟစ်လေသည်။

"မင်းဘာသိလို့လဲ ငနုံငအကောင်...ဒီဒဏ်ရာက စစ်မြေပြင်ကရတဲ့ဟာ...မင်းမျက်နှာ​ပေါ်က ညစ်တီးညစ်ပတ်အမာရွတ်လိုမဟုတ်ဘူးကွ"


ထန့်ယွင်က ပြုံးပြုံးရွှင်ရွှင်ဆိုလိုက်၏။

"ကိုယ့်ကိုကိုယ် အလုပ်မခံချင်တဲ့ဟာကို တခြားလူတွေကို မလုပ်ပါနဲ့...ဒါကဆိုးရွားတယ်လို့ ဗိုလ်ချုပ် ခံစားရတယ်ဆိုကတည်းက ဘာလို့ တခြားသူတွေကို ထေ့ငေါ့ပြောနေရတာလဲ"


ယွီချန်က ပြန်ပြောလာသည်။


"မင်းမှာ အာသွက်လျှာသွက်ရှိပေမဲ့ အဲ့ဒိလို အာသွက်လျှာသွက်ရှိတဲ့လူတွေက တိုင်းပြည်နဲ့လူမျိုးကို ဆိုးဆိုးရွားရွား ဒုက္ခပေးခဲ့တဲ့ ဖော်လံဖားတွေပဲ...မင်းက အရင်တုန်းက ဓားတစ်လက်ကိုင်အရာရှိလေးတင် လို့ငါကြားခဲ့တယ်...

ဒီရာထူးကို ရောက်ဖို့ ဧကရာဇ်ဆီမှာ မင်းရဲ့ခန္ဓာကိုယ်ကို ဘယ်နှစ်ကြိမ်လောက်အသုံးတော်ခံပြီးပြီးလဲ"


ထန့်ယွင် မျက်နှာပျက်သွား၏။ ယွီချန် တစ်ဖက်လူ၏မျက်နှာ နောက်ဆုံးမှာ ပြောင်းသွားသည်ကို မြင်လိုက်ရသဖြင့် ထပ်ပြောလိုက်သည်။


"မင်းဘာလုပ်နိုင်မှန်းငါမသိဘူး...ဒါပေမဲ့ မင်းနန်းတော်ထဲမဝင်ခင်မှာ ဘာလို့ ဒီဗိုလ်ချုပ်ဆီလာပြီး အသုံးတော်မခံတာလဲ"


ထန့်ယွင်၏မျက်နှာအမူအရာက ပို၍မည်းမှောင်သွားပြီး အေးစက်စွာပြောလိုက်သည်။


"ဗိုလ်ချုပ်... ကောင်းကောင်းပြုမူပါ"


ယွီချန် သူနိုင်ကွက်ရပြီဟုခံစားရပြီး ကျယ်ကျယ်လောင်လောင်သာ ရယ်မောနေ၏။ သို့ပေမဲ့ ထိုအခိုက်အတန့်တွင် အေးစက်လှသည့် ရယ်သံတစ်ခုကိုကြားလိုက်ရပြီး ရွှယ်ကျွင်းလျန်က သူ့နောက်ကနေထွက်လာပြီး ပြောသည်။


"ယွီချန်...မောင်မင်းက တကယ်ကို သတ္တိတွေ ပိုပိုရှိလာတာပဲ...မောင်မင်းက ကုရွေးချယ်ထားတဲ့လူကိုတောင် စဥ်းစားချင်နေတယ်"


ယွီချန်က ပြုံးနေဆဲပင်ဖြစ်သော်လည်း ဧကရာဇ်၏စကားများကို ကြားရချိန်တွင် သူ့မျက်နှာထက်ရှိ အပြုံးကအေးခဲသွားပြီး အင်မတန် တောင့်တင်းသွား၏။ သူက အလျင်စလို ဒူးထောက်ပြီး အရိုအသေပေးကာ ပြောလေသည်။ 

"ဒီနိမ့်ကျတဲ့ဗိုလ်ချုပ်......ဒီနိမ့်ကျတဲ့ဗိုလ်ချုပ်ကအမတ်မင်းနဲ့ စနောက်နေရုံသက်သက်ပါ...သူ့စကားတွေကို ထည့်မတွက်ပါဘူး...သူ့စကားတွေကို ထည့်မတွက်ပါဘူး"

(T/N–သူ အစ်စ် သူ့ကိုယ်သူ)


ဧကရာဇ်နောက်ကနေ လိုက်လာသည့်တာ့ဖေး ချွေးမပြန်ဘဲမနေနိုင်ခဲ့။ သူမအနားတောင် မရောက်ခင်တွင် သူမအစ်ကို၏ ထန့်ယင်းအပေါ် မရိုးမဖြောင့်သော ပြက်ရယ်ပြုမှုကို ကြားလိုက်ရ၏။ ရံရွေတော် သို့မဟုတ် တစ်စုံတစ်ယောက်ကဲ့သို့သော သာမန်လူသာဖြစ်ပါက သူတို့ကို ယွီချန်အား ဆုလာဘ်အဖြစ် ချီးမြင့်၍ရသော်လည်း ဤသူက ရွှယ်ဝမ် နှစ်သက်သည့်သူဖြစ်လေသည်။အဆိုပါ သတင်းကို ဝန်မင်းတွေ အရာရှိတွေအားလုံးရှေ့မှာပင် ထုတ်ပြန်ကြေငြာပြီးနေပြီဖြစ်၏။ ရှင်းရှင်းလင်းလင်း ပြောရပါလျှင် ရွှယ်ဝမ်၏ဆန္ဒကို ပြောင်ပြောင်တင်းတင်းအရိုအသေတန်ခြင်းပင်။ ထိုသို့ နာမည်ဆိုးတွင်သွားပါက သူ့နာမည်ဂုဏ်သတင်း ပျက်စီးသွားမှာဖြစ်ပြီး 

စွဲချက်လည်းအတင်ခံရနိုင်လေသည်။


ရွှယ်ကျွင်းလျန်က သူ့လက်ကို ထန့်ယွင်ပခုံးပေါ်တွင်တင်လိုက်ကာ အမြင်အရတော့ နှစ်ဦးစလုံးမှာ နီးကပ်သည့်ဆက်ဆံရေးရှိပုံပေါ်စေ၏။ သူက ရယ်ကာဖြင့်...


"မောင်မင်းက ထန့်ယင်းကိုနောက်ပြောင် နေတာမဟုတ်ဘူး...ကုကိုနောက်ပြောင်နေတယ်ဆိုတာအသိသာကြီးပဲ"


ထိုစကားကို ကြားရပြီးနောက် ယွီချန် တဆတ်ဆတ်တုန်လာပြီး ပြင်းပြင်းထန်ထန် အရိုအသေပေးရုံသာ တတ်နိုင်လေသည်။ 


သူက လျှောက်တင်လိုက်၏။


"ဒီိနိမ့်ကျတဲ့ဗိုလ်ချုပ်က မဝံ့ပါဘူး... ဒီနိမ့်ကျတဲ့ဗိုလ်ချုပ်က အမတ်မင်းက ရင်းနှီးလွယ်ပြီး ဘဝင်မမြင့်တတ်ဘူးလို့ပဲ ကြားခဲ့တာပါ...အဲ့ဒါကြောင့်...အဲ့ဒါကြောင့်..... "


"အဲ့ဒါကြောင့် မောင်မင်းက သူ့ကို မသမာနေတာပေါ့ဟုတ်လား"


ယွီချန် ခေါင်းမော့ကာ ဧကရာဇ်၏အမူအရာကိူကြည့်လိုက်သည်။ တစ်ဖက်လူက ပြုံးနေဆဲပင်ဖြစ်သော်လည်း သူ့စကားများကမူ နွေးထွေးမှုတစ်စက်မှပါမနေခဲ့။ အေးစက် စိမ့်ခဲနေသည်မှာ ရေခဲဆွဲသီးကဲ့သို့ပင်။


တာ့ဖေး မနေနိုင်ဘဲ ဝင်နှောက်ယှက်မိလိုက်၏။


"အရှင်မင်းကြီး... ကျွန်တော်မျိုးမရဲ့ အကိုက ရိုးသားပါတယ်... ရံဖန်ရံခါသာ ရူးမိုက်တတ်တာပါ...သူက အရှင်မင်းကြီးရဲ့အနားမှာအကြာကြီးနေခဲ့တာပါ...အရှင်မင်းကြီး သူ့ကို ကောင်းကောင်းသိတယ်မဟုတ်ဘူးလားဘုရား...သူရဲ့ပုံစံကိုကြည့်တော်မူပါ...သူနောက်တစ်ခါ တူညီတဲ့အမှားကို ထပ်ပြီးကျူးလွန် ဝံ့တော့မှာမဟုတ်ပါဘူးဘုရား"


ရွှယ်ကျွင်းလျန်  သူ့အပြုံးကို ဖြည်းဖြည်းချင်း  ထိန်းထားရင်းပြောလိုက်သည်။


"သူက ပေါ့တီးပေါ့ပျက်နိုင်လာလွန်းလို့ အရိုအသေတန်လာတာပဲ..ထန့်စစ်တပ်က လက်အောက်ခံဖြစ်ပြီးနေပြီ...ပြီးတော့ ကုကလည်း အတိတ်က အာဃာတတွေ ဘယ်လိုပဲရှိရှိ အမတ်မင်းက အမတ်မင်းပဲလို့ပြောပြီးနေ ပြီ...မောင်မင်းက သူ့ထက်အသက်အများကြီးပိုကြီးတာကို... သူ့ထက်ပိုပြီးတည်ငြိမ်ရမှာမဟုတ်ဘူးလား...မောင်မင်းမှာ မှားယွင်းတဲ့အပြုအမူတစ်ခုခုရှိတယ်လို့ ကုထပ်ကြားရရင် ကု အခုလိုမျိုးခွင့်လွတ်နေမှာမဟုတ်ဘူး...ဒီသက်ညှာမှုအတွက် အမတ်မင်းထန့်နန်နဲ့တာ့ဖေးကို အရိုအသေပေးပြီး ကျေးဇူးတင်လိုက်"


xxxxx