အပိုင်း ၉၂
Viewers 13k

Chapter 92


 ယွီချန် တကယ်ကို တွန့်ဆုတ်နေပြီး အမတ်မင်းထန့်နန်ကို ကျေးဇူးမတင်ချင်ပေ။ သူက ဒီလူကို သဘောမကျသော်လည်း  အရိုအသေမပေး ကျေးဇူးမတင်ပါက ရွှယ်ဝမ်ကို သေချာပေါက် အမျက်တော်ရှစေလိမ့်မည်။ ရွှယ်ဝမ်က ပေါင်းသင်းရန် လွယ်ကူသည့်လူမဟုတ်ပေ။ ထန့်တိုင်းပြည်၏အညံ့ခံသည့်ကိစ္စတွင် သူက ကြင်နာပြီး သဘောကောင်းသာ ဧကရာဇ်ဖြစ်ဟန်ပေါ်သော်ငြား အမှန်တွင် ​အကြင်နာမဲ့မှုနှင့် ရက်စက်ကြမ်းကြုတ်မှု၌ ဖုန့်ဘုရင်တောင် မယှဥ်နိုင်ပေ။


ယွီချန်က ကံကျွေး မြင့်မားသည်ဟုဆို၍ရသော်လည်း ရွှယ်ကျွင်းလျန်၏ရှေ့တွင် စိတ်ကြီးမဝင်ရဲပေ။ ထို့ကြောင့် သူ အမတ်မင်းထန့်နန်ကို ကျေးဇူးတင်ယောင်ဆောင်ပြီး ထပ်လုပ်ရဲတော့မှာမဟုတ်ကြောင်းဆိုလိုက်၏။


ရွှယ်ကျွင်းလျန်က ပြောလာသည်။

"တာ့ဖေးက ကျန်းမာရေးမကောင်းဘူး...အပြင်မှာအကြာကြီးနေရင် အအေးမိနိုင်တယ်...အရင်ပြန်သင့်တယ်"


ရွှယ်ဝမ်က သူမကိုပြန်သွားဖို့ အမိန့်ပေးနေသည်ကို ကြားရသည်တွင် တာ့ဖေးလည်း သွားရုံကလွဲ၍ရွေးချယ်စရာမရှိပေ။ ထို့ကြောင့် သူမက တွန့်ဆုတ်စွာဖြင့် ခြေတစ်လှမ်းပြန်ဆုတ်သွားပြီး သုံးကြိမ်တိုင်တိုင်  လှည့်ကြည့်ကာ နောက်ဆုံးတွင် ဒူးထောက်အရိုအသေပေး၍ ပြန်သွား၏။


ထိုမှသာ ရွှယ်ကျွင်းလျန်ကပြောသည်။

"ယွီချန်က ဘယ်ကနေလာတာလဲ...ကုက မောင်မင်းကို နန်းတော်ဆီလတ်မှတ်အပ်နှံခိုင်းတာကိုလည်း မမှတ်မိပါလား"


ယွီချန်က အလျင်စလို လျှောက်တင်လိုက်၏။

"ဒီနိမ့်ကျတဲ့ဗိုလ်ချုပ်က စစ်မက်ရေးရာ ဌာနကနေလာတာပါ...လန့်ကျင်းအရေးနဲ့ပါဘုရား"


"အိုး...ဘယ်လိုလန့်ကျင်းအရေးနဲ့လဲ"


ယွီချန်က လျှောက်တင်လိုက်သည်။


"ဒီနိမ့်ကျတဲ့ဗိုလ်ချုပ်က စိုးရွံမိပေမဲ့ လန့်ကျင်းကို မင်မြစ်ဆီပို့ဖို့က အရှင်မင်းကြီးအတွက် မသင့်လျော်ဘူးလို့ ခံစားရပါတယ်...လန့်ကျင်းက ပုန်ကန်သူအုပ်စုကပါ...အရှင်မင်းကြီးရဲ့ ရက်ရော မှုက အကန့်အသတ်မဲ့ပြီး လန့်ကျင်းကို သူ့ကိုယ်သူပြန်ရွေးခွင့်ပြုဖို့အတွက် ...အထောက်အပံ့တွေပြုဖို့ ကောင်းမှုကုသိုလ်တွေရရှိဖို့ လွတ်ပေးလိုက်ပေမဲ့ ...ကျွန်တော်မျိူးစိုးရိမ်တာက အရှင်မင်းကြီး သူ့ကိုမင်မြစ်ဆီကို လွှတ်လိုက်ရင် စစ်တပ်ထဲက တခြားဗိုလ်ချုပ်တွေက သူ့ကို လက်မခံကြမှာကိုပါပဲ...အဆုံးမှာ စစ်တပ်ရဲ့ စိတ်ဓာတ်ကို ပျက်ပြားစေပြီးတော့ ထိခိုက်မှုတွေ ပိုဖြစ်စေပါလိမ့်မယ်"


ရွယ်ဝမ်က သူ့ပြောလိုက်သည့်စကားကြောင့် မပျော်မရွှင်ဖြစ်နေပုံရသည်ကို သူမြင်လိုက်ရပြီး သူ့နှလုံးသားထဲတွင် ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့၏။ သူ၏ကိုယ်ပိုင်ဂုဏ်သတင်းက ဘုရင်မင်းမြတ်၏ဆုံးဖြတ်ချက် ရှေ့တွင် ဘာတန်ဖိုးမှရှိမှာမဟုတ်သည့်အတွက် နောက်ကြောင်းပြန်လှည့်ကာ လျှောက်တင်လိုက်၏။


"လန့်ကျင်းက အလွန် အရည်အချင်းရှိတယ်ဆိုတာကလည်း အမှန်ပါပဲ...အရှင်မင်းကြီးကသာ သူ့ကို ရာထူးငယ်လေးတစ်ခုပေးလိုက်ရင် စစ်သည်တွေလည်း ဘာမှပြောနိုင်တော့မှာမဟုတ်ပါဘူး...အကုန်လုံးကို အလွယ်တကူဖြေရှင်းနိုင်ပါလိမ့်မယ်"


ရွှယ်ကျွင်းလျန်က ပြုံးလိုက်ပြီး ဆိုလေသည်။

"ဒါဖြင့် ဗိုလ်ချုပ်ရဲ့အမြင်မှာ သူ့ကို ဘယ်ရာထူးပေးသင့်သလဲ"


ထန့်ယွင်ကတော့ ​ရွှယ်ကျွင်းလျန်၏ဘေးမှာ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားခြင်းခံရသဖြင့် မရွေ့နိုင်ပေ။ သူက  ယွီချန်ကိုဤသို့မေးသည်ကိုကြားလိုက်ရပြီး အကယ်၍သူသာဆိုလျှင် ဘာမှပြန်ဖြေမှာမဟုတ်သည်က သေချာပေါက်ပင်။ အဆုံးမတော့ ရွှယ်ဝမ်၏လေသံက ဒေါသထွက်နေလေပြီ။  သက်ဦးဆံပိုင် အုပ်ချုပ်သူတစ်ယောက်က သူ့လက်အောက်ငယ်သားတွေကို တခြားသူတွေအားမည်သည့်ရာထူးပေးသင့်သလဲဟုမေးခြင်းက အဘယ်မှာရှိနိုင်မည်နည်း။ ဤသည်က အုပ်ချုပ်သူတစ်ယောက် နှင့်အရာရှိတစ်ယောက် ၏လမ်းစဥ်ကို ဆန့်ကျင်နေမှာမဟုတ်ပါလော။


သို့ပေမဲ့ ယွီချန်ကတော့ ဤအချင်းအရာကို သတိမထားမိသေးဘဲ ရွှယ်ကျွင်းလျန်ကို ဆက်ကာဖြေလေသည်။


"လန့်ကျင်းကို တရားဝင်ရားထူးတစ်ခုအနေနဲ့ မော်ကွန်းထိန်း အရာရှိအဖြစ်ပေးလိုက်ရင်ရော....."


ရွှယ်ကျွင်းလျန်က ပြုံးလျက်

"မော်ကွန်းထိန်းအရာရှိ...ကုကလန့်ကျင်းကို မင်မြစ်တစ်လျှောက်ဆီ မှတ်တမ်းမှတ်ရာတွေကိုင်တွယ်ဖို့အတွက်ပဲ  လွှတ်လိုက်ရမှာလား...အဲ့တော့ သူက စစ်ရေး အစီရင်ခံစာတွေကို ပိုကောင်းအောင်ရေးနိုင်တော့မှာပေါ့ဟုတ်လား"


"ဒီ...ဒီ..."


ယွီချန် နောက်ဆုံးမှာ သူ့လုပ်ရပ်တွေက တစ်ခုခုမှားနေမှန်း သတိထားမိသွားပြီး ပါးစပ်ကိုဖွင့်ကာဖြင့်


"ဒီနိမ့်ကျတဲ့ဗိုလ်ချုပ်ကလည်း ဧကရာဇ်ဝန်ထုပ်ဝန်ပိုးတွေကို မျှယူချင်ပါတယ်...ကျွန်တော်မျိုးက စစ်သည်တွေလန့်ကျင်းကို အလွယ်တကူလက်မခံကြမှာကိုပဲ စိုးရိုမ်မိရုံပါ"


ရွှယ်ကျွင်းလျန်က ဘာမှပြန်မပြောပေ။ သူက ထန့်ယွင်ကိုသာ ကြည့်ပြီး ပြုံးကာမေးလာသည်။

"ထန့်ယင်း ဘယ်လိုထင်လဲ "


ထန့်ယွင် သူ့ခန္ဓာကိုယ်ကို ဆွဲခွာနိုင်အောင် အကောင်းဆုံးကြိုးစားပေးပဲ့ ရွှယ်ကျွင်းလျန်က တမင်တကာ သူ့ကိုမှီထား၏။ သူက ထန့်ယွင်၏အမြင်ကို မေးလိုက်စဥ်တွင် နီးကပ်လွန်းသဖြင့် သူတို့၏အသက်ရှူသံများပင် ရောယှက်ကုန်သည်။ 


"လန့်ကျင်းဟာ ရာဇဝတ်မှုကျူးလွန်ထားတဲ့ အရာရှိတစ်ဦးဖြစ်ပေမဲ့ သူ့ရဲ့ အရည်အချင်းနဲ့အသုံးဝင်မှုက သံသယဝင်စရာမရှိဘူးလို့ ဒီနိမ့်ကျတဲဝန်မင်းထင်မိပါတယ်...အရှင်မင်းကြီးက လန့်ကျင်းကို မင်မြစ်ဆီပို့ပို့ ဆုံးဖြတ်ထားတာဖြစ်တဲ့အတွက် သူ့ကို ယုံကြည့်လိုက်တာပိုကောင်းပါတယ်...တကယ်တမ်းကျ အမတ်မင်းကျန့်ကျန်းက

မြို့တော်မှာပဲရှိနေသေးပြီး လန့်ကျင်းဟာ ဖြောင့်မတ်ခြင်းနှင့် သစ္စာတရားကို အလေးအနက်ထားတဲ့သူဖြစ်တာကြောင့် အကောင်းဆုံးမကြိုးစားဘဲနေရဲမှာမဟုတ်ပါဘူး...နောက်ပြီး လန့်ကျင်းက ဉာဏ်ရည်ထက်မြက်ပြီး ပညာရှိပေမဲ့ ဒီရက်တွေမှာ အောင်မြင်ကျော်ကြားမှု အများကြီးမရရှိခဲ့ပါဘူး...ဒါကို အခွင့်ကောင်းယူပြီး သူ့ကို စစ်သူကြီးရဲ့လက်ထောက်ဗိုလ်မှူးရာထူး ပေးအပ် တာပိုကောင်းပါတယ်...ကျန်းဟုန်က ဒိလိုနိမ့်ကျတဲ့ရာထူးကို အာရုံစိုက်ဖို့စိတ်ဝင်စားမှာမဟုတ်ဘဲ စစ်တပ်ကိုဖြိုခွဲတဲ့နေရာမှာ အမှန်တကယ်အားသာချက်တစ်ခုဖြစ်နိုင်ပါတယ်...အထူးသဖြင့် မင်မြစ်က နယ်စပ်ဒေသမှာတည်ရှိပြ စစ်ပွဲက မတည်ငြိမ်တဲ့အတွက် လန့်ကျင်း အစောင့်တွေလက်ကနေလွတ်မှာမဟုတ်ပါဘူး"

92.2


ယွီချန်က မာဆတ်ဆတ်ပြောလာသည်။

"လန့်ကျင်းက စာပေပညါ ရှငိတစ်ယောက်လေ... သူက သူ့လက်ကိုသူ မ,မြှောက် နိုင်တာ ဓားကိုဆို ​ပိုပြီးတောင် ကိုင်နိုင်မှာမဟုတ်ဘူး...ဘယ်လိုလုပ်သူကို လက်ထောက်ဗိုလ်မှုးရာထူးပေးအပ်လို့ဖြစ်မလဲ"


ထန့်ယွင် ရယ်ကာ ပြောလိုက်၏။

"စစ်ချီတက်တာက ဘယ်သူက လူပိုများသလဲ ဘယ်သူက မြင်းပိုသန်သလဲဆိုတာကို မူတည်နေတာမဟုတ်ဘူး...ဗိုလ်ချုပ်က စခန်းမှာထိုင်နေရင်း

မာန်မလျော့နိုင်တုန်းပဲ..."


 ယွီချန် ထန့်ယွင်က သူ့ကို အချိန်တိုင်းပစ်မှတ်ထားနေသည်ဟုတွေးမိပြီး ထန့်ယွင်ကို  စိုက်ကြည့်လိုက်၏။ သူဘာမှမပြောနိုင်ခင်တွင် ရွှယ်ကျွင်းလျန်ကပြောလာသည်။


"အဲဒီကိစ္စမှာ တစ်လှမ်းပြန်ဆုတ်ပြီး လန့်ကျင်းကို စစ်တပ်ထဲဝင်ဖို့ ရာထူးတစ်ခုပေးကြစို့......ယွီချန် မောင်မင်းက လန့်ကျင်းအပေါ်အမြင်ကောင်းမရှိပေမဲ့ သူကတကယ်တော့ ရှားရှားပါးပါး အရည်အချင်းရှိတဲ့သူပဲ...မောင်မင်းရဲ့ အရင်က သံသယတွေကို စွန့်လွတ်နိုင်မယ်လို့ ကုမျှော်လင့်တယ်...ဒီလိုသေးသေးမွှားမွှားအရာတွေအတွက်နဲ့ တခြားလူတွေကို ဘေးဖယ်ထားမယ်ဆိုရင် မောင်မင်း ပေါ့ပေါ့လေးနဲ့တော့ အခွင့်လွတ်ခံရမှာမဟုတ်ဘူး"


ယွီချန် စစ်ပွဲမှာ စတိုက်ခဲ့ချိန်မှစ၍ သူဟာ အစပိုင်းတွင်  စစ်သည်တစ်ယောက် လက်ထောက်ဗိုလ်မှုးတစ်ယောက် အနေဖြင့်သာ စတင်ခဲ့ရပြီး နောက်ပိုင်းတွင် စစ်သူကြီး အဖြစ်ရာထူးအတိုးပေးခံခဲ့ရပြီး ဘယ်သူလက်အောက်ငယ်သားမှ မဖြစ်ခဲ့ပေ။ 


ယခု ဤတစ်ကြိမ်တွင် ကျန့်ဟုန်က စစ်ပွဲအတွက် တံခါးဝကိုရောက်ရှိလာသောအခါ ရွှယ်ဝမ်က သူ့ကို လန့်ကျင်းကိုပေးသည့် ရာထူးနှင့်အတူတူဖြစ်သော လက်ထောက်ဗိုလ်မှူးအဖြစ်သာ အထောက်အပံ့ပေးရန် စေလွှတ်လိုနေသည်။


လန့်ကျင်းက လက်ထောက်ဗိုလ်မှုးရာထူးပေးဖို့တန်သည်ဟု ယွီချန်လုံးဝမထင်ပါချေ။ သို့ပေမဲ့ ယခုသူ့အလှည့်ရောက်လာသောအခါ ရာထူးကနိမ့်ပါးလွန်းနေပြီး သူ့ကို အရှက်ခွဲလိုက်သလို ခံစားရ၏။ 


ယွီချန် စိတ်ထဲမှာ မကျေနပ်သော်လည်း ဘာမှထပ်မပြောရဲသဖြင့် ပြန်ထွက်ခွာသွားလေသည်။


ရွှယ်ကျွင်းလျန်က သူသွားမှာကိုစောင့်နေခြင်းဖြစ်ပြီး သူ့လက်ကို ဖြည်ပေးကာ ထန့်ယွင်ကိုကိုင်ထားခြင်းအားရပ်လိုက်၏။


ထန့်ယွင် သူတို့စကားဝိုင်းအကြောင်းကို တွေးပြီး မနေနိုင်ဘဲပြောလိုက်သည်။


"လေးလေးစားစားပြောရရင် ဒီနိမ့်ကျတဲ့အရာရှိအနေနဲ့ ယွီချန်ကိုစေလွှတ်တာက အရှင်မင်းကြီးအတွက် သင့်လျော်တယ်လို့မထင်မိပါဘူး"


ရွှယ်ကျွင်းလျန်က ထိုဟာကိုလေးလေးနက်နက် ယူပုံမရဘဲ ပြောလာ၏။

"ဘာလဲ...မောင်မင်းက ယွီချန်ခုနကပြောခဲ့တဲ့ဟာကို စိတ်ဆိုးနေတုန်းလား"


"ဒီအရာရှိ မဝံ့ပါဘူး... ဒါပေမဲ့ အရှင်မင်းကြီးက ယွီချန့်ကို လက်ထောက်ဗိုလ်မှူးရာထူးခန့်အပ်လိုက်တာ...ယွီချန့်ရဲ့ စိတ်နေစိတ်ထားအရ သူလက်ခံမှာမဟုတ်ဘူး...စစ်သူကြီးနဲ့ဆက်ဆံတဲ့နေရာမှာ ဟာကွက်ရှိနေမှာကို ကျွန်တော်မျိုးစိုးရိမ်တာပါ...အဆုံးမှာ  ကြားညှပ်တဲ့လူတွေက စစ်သည်တွေနဲ့ပြည်သူတွေဖြစ်ကုန်ကြမှာပါ"


ယင်းကိုကြားပြီးနောက် ရွှယ်ကျွင်းလျန် သူ၏စိတ်အချဥ်ပေါက်လာသည့် အမူအရာကို ချုပ်တည်းကာ ဆိုလိုက်သည်။


"ကုက ဒီအကြောင်းကို တွေးမထားဘူးလို့ မောင်မင်းထင်နေတာလား...မဟုတ်ရင် တခြားဘယ်သူ့ကို စေလွှတ်ရမှာလဲ...လက်ရှိမှာ လူတိုင်းရဲ့အာရုံတွေက ရွှယ်တိုင်းပြည်ပေါ်မှာ သံမှိုလိုစွဲနေတာ... ကုရင်ထဲက ပူပန်မှုတွေကို မောင်မင်းနားမလည်ဘူး...အကြံဉာဏ်ပေးနိုင်တဲ့ စာပေပညါရှင် ဝန်မင်းတွေအများကြီးရှိပေမဲ့ စစ်ပွဲမှာ ရန်သူကိုသတ်နိုင်တဲ့ ဗိုလ်ချုပ်တွေက နည်းနည်းပဲရှိတာ...သူတို့တွေက ရဲဝံ့သည်ဖြစ်စေ စိတ်ကြီးဝင်သည်ဖြစ်စေ  မိုက်ရူးရဲဆန်သည်ဖြစ်စေ...ဟုန်ယန်က အလွယ်တကူလုပ်ရှားလို့မရဘူး...ကျန်းဟုန့်ကို တိုက်ဖို့အတွက်တင် ကုက နယ်စားမင်းဝမ်နျန်ကို စေလွှတ်လိုက်မယ်ဆိုရင် ဖုန့်တိုင်းပြည်က ကုမှာ အသေးအဖွဲတိုက်ခိုက်မှုတွေကို ဖြေရှင်းဖို့အတွက်တောင် သူ့အောက်မှာ စိတ်ချအားကိုးရမဲ့လူမရှိဘူးလို့မြင်သွားမှာ...အဲ့ဒါက ဒီအချိန်မှာ ဖုန့်တိုင်းပြည်ကို ပိုပြီးတောင် ရဲလာ မသမာလာစေဦးမယ်"


သူက ထန့်ယွင်ကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။ 

"မောင်မင်း မှန်ပါတယ်... အဆုံးမှာ ထိခိုက်မဲ့လူတွေက စစ်သည်တွေနဲ့ပြည်သူတွေပဲ...သဘာဝအတိုင်းပဲ ကုလည်း ကုပြည်သူတွေထိခိုက်မှာကို ကြည့်မနေရက်ပါဘူး"


ထန့်ယွင် အကြာကြီး ငြိမ်သက်နေမိသည်။ ရွှယ်ကျွင်းလျန် အခုပြောလိုက်သည့်စကားများက မည်ရွေ့မည်မျှ အစစ်အမှန်တွေဖြစ်ပြီး မည့်ရွေ့မည်မျှ အလိမ်အညာတွေလဲဆိုသည်ကို သူမသိသော်လည်း စိတ်မလှုပ်ရှား( ရင်ထဲမထိ)ဘဲမနေနိုင်ခဲ့။ အဆုံးမတော့ သူ့ဖခင်က အနှီကဲ့သို့စကားများကိုပင် မပြောနိုင်ခဲ့ပေ။ 


"ဒီနိမ့်ကျတဲ့ အရာရှိကို မင်မြစ်ကို စေလွှတ်ဖို့ တောင်းဆိုပါတယ်"


ရွှယ်ကျွင်းလျန် သူ့ကိုကြည့်ကာ မနေနိုင်ဘဲ ရယ်လိုက်၏။

"မောင်မင်း သွားချင်တာလား"


"မှန်ပါ့ အကယ်၍..... အကယ်၍အရှင်မင်းကြီးကသာ ဒီနိမ့်ကျတဲ့ အရာရှိကို ယုံကြည်ရင် ဒီနိမ့်ကျတဲ့အရာရှိက သွားဖို့ဆန္ဒရှိပါတယ်"


"အဲ့ဒါက အလုပ်ဖြစ်မှာမဟုတ်ဘူး"

ရွှယ်ကျွင်းလျန် ရယ်ကာဖြင့်

"ကု မောင်မင်းကို မယုံကြည်တာမဟုတ်ပါဘူး...ဒါပေမဲ့ မောင်မင်းက ကုရဲ့ကိုယ်လုပ်တော်အသစ်လေ...မောင်မင်းသွားရင် ကုက ဘယ်သူ့ကို လက်ထပ်ရမှာတုန်း"


ထန့်ယွင် သူ့ဆီကနေ အစခံလိုက်ရပြီး အေးခဲသွားသည်။ ထို့နောက် သူ့မျက်နှာက နီရဲသွားပြီး ၎င်းနောက် တဖန် ဖြူဖွေးသွား၏။


ရွှယ်ကျွင်းလျန်က ပြုံးကာဖြင့် ထန့်ယွင့်လက်ကို လှမ်းဆွဲပြီး နွေးနွေးထွေးထွေးဆိုလိုက်သည်။ 

"ကုက အခု စ,နေရုံပါ...မောင်မင်းကိုဟာသလုပ်နေတာမဟုတ်ပါဘူး......နယ်စားမင်း ဝမ်နျန်က နန်းမြိုတော်မှာ နေနေတာ ကြာပြီ...ကုက သူ့ကိုပြန်လာပြီး ထန့်ကိုသွားခိုင်းချင်တာ......မောင်မင်းကလည်း ဉာဏ်ပညာကြီးပြီး လုပ်ရည်ကိုင်ရည်ရှိတယ်...မောင်မင်းသာ နန်းမြို့တော်မှာနေရင် အင်မတန် အသုံးဝင်မှာအသေအချာပဲလေ...ယွီချန်မထိန်းနိုင်မှ မောင်မင်းသွားကူလည်းနောက်မကျပါဘူး"


ထန့်ယွင်၏လက်က သူထံမှဆုပ်ကိုင်အထားခံရဖြင့် ထန့်ယွင်မျက်နှာက အဖျားတက်သလို ပူလောင်လာသည်။ ရွှယ်ကျွင်းလျန်၏ နူးညံ့ချိုသာသောစကားများကို နားထောင်နေရင်း သူ့လက်ကောက်ဝတ်မှာလည်း ပူလာပြီး ထန့်ယွင် သူ့လက်ကို ရုန်းထွက်ချင်သော်ညား တစ်ချိန်တည်းမှာပင် ရုန်းမထွက်နိုင်ခဲ့။


ထို့ပြင် သူ့စကားများကလည်း ရင်းနှီးကျွမ်းဝင်နေ၏။ ထိုစဥ်တုန်းက ရွှယ်ကျွင်းလျန်က ဧကရီကိုမကြခဏစနောက်လေ့ရှိသည်။ အဆုံးတွင် သူက "ကု မင်းနဲ့ဆက်မရှုပ်တော့ဘူး"ဆိုပြီး သူ့မျက်နှာကို အသာအယာထိတွေ့လာ၏။


xxxxxxx