Chapter 96
အခမ်းအနားက အတော်ကြာ၏။ နောက်ကျနေပြီဖြစ်သဖြင့် ဝန်မင်းများက ရွှယ်ကျွင်းလျန်အား သူ၏ကွေ့ဖေးကိုပစ်မထားရန် အကြံပြုကြပြီး အခမ်းအနားမှထွက်ခွာ၍ သူ၏'ဇနီး'ဆီသွားရန် တိုက်တွန်းကြလေသည်။
ရွှယ်ဟုန်ယန်ကိုယ်၌ကလည်း ဤသို့သော ဝိုင်တွေ စမ်းချောင်းငယ်တစ်ခုလို လောင်းထည့်နေကြသည့် အခမ်းအနားမျိုးနှင့် မကိုက်ညီပေ။ သူ၏ရိုသေသမှုကို ပြပြီးသည်နှင့် အချိန်အနည်းလောက် ဝိုင်းဝန်းပျော်ပါးပြီးနောက် ထွက်သာထွက်သွားချင်မိသည်။ မည်သို့ထွက်ခွာရန်အကြောင်းပြရမည်ကို တွေးနေစဥ်တွင် အစောင့်တစ်ယောက်က သူ့ဆီရောက်လာပြီး စကားအနည်းငယ်တီးတိုးပြောပြီးနောက် စာအိတ်တစ်ခု ကမ်းပေးလာ၏။
ရွှယ်ဟုန်ယန် ခဏမျှ ထိတ်လန့်သွား၏။ ထို့နောက် သူခေါင်းမော့ကာ ရွှယ်ကျွင်းလျန်ကိုကြည့်လိုက်သည်။ ကြည့်ရသည်မှာ သူရရှိသည့်သတင်းကို လက်ရှိအချိန်မှာ ပြောသင့်မပြောသင့်စဥ်းစားနေပုံရ၏။
ခဏလောက် စဥ်းစားပြီးနောက် နောက်ဆုံးတွင် တခြားသူများသတိမပြုစေဘဲ လျှောက်သွားကာ ရွှယ်ကျွင်းလျန်ကို တစ်စုံတစ်ခုပြောလိုက်သည်။
ရွှယ်ကျွင်းလျန်၏အပြုံးက ချက်ချင်း ပျောက်ကွယ်သွားပြီး မျက်လုံးများ မှေးကျဥ်းလာကာ ရွှယ်ဟုန်ယန်အား စာကိုဆက်သရန် လက်ဟန်ပြလေ၏။
လူတိုင်း ဧကရာဇ်၏အမူအရာပြောင်းလဲသွားမှုကို သတိထားမိသောအခါ အကုန်လုံးငြိမ်သွားပြီး ဘာဖြစ်သွားမှန်းမသိသည့်အတွက် တစ်ယောက်နှင့်တစ်ယောက်ကြည့်နေကြသည်။
ရွှယ်ကျွင်းလျန် စာကိုဖွင့်လိုက်ပြီး ကြည့်လျှင်ကြည့်ချင်း
ရုတ်ချည်းထရယ်၏။ ထို့နောက် ထိုင်ခုံကနေထ၍ သူကိုင်ထားသည့်ဝိုင်ခွက်ကို ခြေရင်းဆီသို့ပေါက်ခွဲလိုက်သည်။
အနှီရုတ်တရက်လုပ်ရပ်က လူတိုင်းကို ထိတ်လန့်သွားစေ၏။ စာထဲတွင် ဘာရေးထားမှန်းသူတို့မသိသည့်အတွက် ဘာမှလည်းမပြောရဲကြသလို လှုပ်လည်း မလှုပ်ဝံ့ကြ။ သူတို့ကိုယ်သူတို့ ထိခိုက်မှာကြောက်ပြီး ခေါင်းတွေငုံ့ထားကြသည်။
ရွှယ်ကျွင်းလျန် သူ့အောက်ရှိလူအကုန်လုံးကို ဝေ့ကြည့်ပြီးနောက် သရော်သည့်လေသံဖြင့်ဆိုလိုက်၏။
"ကုရဲ့ ဗိုလ်ချုပ်ကောင်းကို မင်မြစ်မှာ တိုက်ခိုက်ဖို့စေလွှတ်လိုက်တာ..."
လူတိုင်း သူဘာပြောမှန်း တန်းသဘောပေါက်ကြသည်။ ကြည့်ရသည်မှာ ယွီချန် မင်မြစ်တိုက်ပွဲမှာ ရှုံးနိမ့်သွားပုံရ၏။
ရွှယ်ကျွင်းလျန် ရွှယ်ယွီကိုစိုက်ကြည့်ကာ စာကိုသူ့ဆီပစ်ပေါက်ပြီး ဆိုလိုက်သည်။
"မောင်မင်းထောက်ခံလိုက်တဲ့လန့်ကျင်း...မောင်မင်းပြောတော့ သူကအပြစ်ရှိပေမဲ့ ချီးမွမ်းထိုက်တယ်ဆို..အခု သူ့ကိုခိုင်းလိုက်တော့ ဘာအသုံးဝင်လဲ..."
ရွှယ်ယွီ စာကိုအလျင်အမြန်ကောက်ယူလိုက်၏။
မင်မြစ်မှာရှိတဲ့ မော်ကွန်းထိန်းအရာရှိက တစ်စုံတစ်ဦးကို မြို့တော်သို့ လျှို့ဝှက်စေလွှတ်ခဲ့သည်။ စာထဲတွင် ယွီချန်ဟာ မင်မြစ်ကိုရောက်ကတည်းက အချိန်တိုင်း စခန်းမှာသောက်စားပျော်ပါးနေသည်ဟုဆို၏။ သူက တပ်သားများကို သူ့တို့လုပ်ရန်အမိန့်ပေးထားသည့် နည်းဗျူဟာများကို လုပ်ခွင့်မပေးပေ။ ကျန်းဟုန် တိုက်ခိုက်လာချိန်မှာ သူက တပ်သားတွေကို မတိုက်ခိုင်းချေ။ ရွှယ်စစ်တပ်ဟာ မိုင်20ကျော်ကျော် တိုက်ထုတ်ခံရသည်။ နောက်ပိုင်းမှာ စစ်သူကြီးက အပြစ်ပေး မှာကြောက်သည့်အတွက် ပုန်ကန်ပြီး စစ်သူကြီးကို သတ်၍ ခေါင်းကို စစ်သူကြီးအလံမှာချိတ်ပြီး မနာခံသူများကို ခေါင်းဖြတ်သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့၏။ ထို့နောက် သူ့ကိုယ်သူ စစ်သူကြီးအသစ်အဖြစ် ကြေငြာလိုက်သည်။ ယခုတွင် မင်မြစ်ရှိ စစ်တပ်သည် စားနပ်ရိက္ခာနှင့် ကောက်နှံများဆုံးရှုံးသွားပြီး ခေါင်းဖြတ်ခံရမှာကို သတိထားနေကြရ၏။ ပြည်သူလူထုကတော့ အထိတ်တလန့်ဖြစ်နေလေပြီ။
ရွှယ်ယွီ ထိုစာကို အလျင်စလို ဖတ်လိုက်သည်။ ရွှယ်ကျွင်းလျန် သူ့ကို ဒေါသထွက်နေပြီဖြစ်ကြောင်း သူသိပါ၏။လန့်ကျင်းက သူ့ထောက်ခံချက်ကြောင့် စစ်ထဲကိုဝင်သွားခြင်းဖြစ်သည်။ စစ်သူကြီးနှင့် လက်ထောက်ဗိုလ်မှူးတို့ကြားတွင် မလိုမုန်းထားမှုရှိနေ၏။ လန့်ကျင်းက ကြံရည်ဖန်ရည်ရှိလျှင်ပင် ဘယ်သူကမှ သူ့ကိုလက်မခံပါက အသုံးမဝင်ပါချေ။ သို့ပေမဲ့ ရွှယ်ဝမ်က သူလူမှားပြီးအသုံးပြုထားကြောင်း လူမှားပြီးမြင်မိကြောင်းကို ဝန်မခံပေ။ မှန်သည်ပင်၊ အနှီဒေါသက တခြားသူတွေဆီ ဦးတည်မှာဖြစ်လေသည်။
ရွှယ်ယွီက လျှောက်တင်လိုက်၏။
"လန့်ကျင်းက အရည်အချင်းရှိပြီး အသိပညာကြွယ်ဝပေမဲ့ စစ်တပ်ရဲ့ပင်မကျောရိုးမှာ သဘောထားကွဲလွဲမှုတွေရှိနေရင် သူဘာမှလုပ်လို့မရပါဘူး...အခု သူက မိုင်20အကွာအထိတိုက်ထုတ်ခံ ခဲ့ရပါတယ်...ဘုရင်မင်းမြတ်အနေနဲ့ ရန်သူ့ဆီကနေဆုတ်ခွာရမဲ့ အစီအစဥ်ကို အရင်ဆုံးစဥ်းစားသင့်တယ်လို့ ချန်တိထင်ပါတယ်...သူက စစ်သားတွေကို ထပ်ပြီးခွဲလိုက်မယ်ဆိုရင်... ချန်တိစိုးရိမ်တာက စစ်သည်တွေအနားယူရခက်မှာကိုပါ ...ကျန်းဟုန်က ရွှယ်တိုင်းပြည်ကို ရယ်စရာလို့မြင်သွားပါလိမ့်မယ်"
ရွှယ်ကျွင်းလျန် သူ့ကိုဆက်အရှက်မခွဲတော့ပေမဲ့ အေးစက်စွာ ပြောလိုက်သည်။
"မောင်မင်းရဲ့အစီအစဥ်ကဘာလဲ"
ရွှယ်ယွီဟာ နယ်စပ်ဒေသကို တစ်နှစ်ပတ်လုံးစောင့်ကြပ်နေသည့်ဗိုလ်ချုပ်တစ်ယောက်လည်းဖြစ်၏။ သူက ခဏမျှရပ်တန့်နေပြီးနောက် လျှောက်တင်လာသည်။
"ယွီချန်က သူရဲ့အကူအညီတွေကြောင့် သူ့ရဲ့အောင်မြင်မှုတွေကို မာန်တက်နေသူပါ...စိတ်ကြီးဝင်ခြင်းဟာ စစ်တပ်ရဲ့တားမြစ်ချက်ကြီးတစ်ခုဖြစ်ပါတယ်...ချန်တိရဲ့အမြင်အရ ဘုရင်မင်းမြတ်က ကျန်းဟုန်ကို အနိုင်တိုက်ချင်ရင်...ဘုရင်မင်းမြတ်အနေနဲ့ အရင်ဆုံး တပ်မှူးပြောင်းရပါမယ်ဘုရား"
သူက ခဏရပ်ပြီး ဆက်ပြော၏။
"စစ်မြေပြင်ကို သွားရမဲ့ အမိန်တော်ခံယူပြီး အရှင်မင်းကြီးရဲ့ စိုးရိမ်သောကတွေကို ဝေမျှယူဖို့ ချန်တိဆန္ဒရှိပါတယ်"
ရွှယ်ကျွင်းလျန်က သူ့ကို့ကြည့်ရုံသာကြည့်နေပြီး ဘာမှပြန်မပြောပေ။ ရွှယ်ယွီ သူ့ကိုအပြစ်ရှိစိတ်ဖြင့် ပြန်စိုက်ကြည့်နေမိသည်။ သူက တကယ့်ကို တစ်ကိုယ်ကောင်းဆန်၏။ ရွှယ်ကျွင်းလျန်က သူ့ကို နေအိမ်အကျယ်ချုပ်ကနေလွှတ်ပေးလိုက်ပေမဲ့ သူ့မှာ စစ်တပ်အင်အားအစစ်အမှန်ရှိနေချေ။ သူသာ မင်မြစ်ကိုသွားပါကသူ၏စစ်တပ်အင်အားကို ပြန်လည်စုဆောင်းမှာဖြစ်ပြီး ၎င်းအပြင် လန့်ကျင်းကလည်း မင်မြစ်မှာရှိနေသေးသည်။
သို့သော်ငြား ရွှယ်ကျွင်းလျန်က သူ့ကိုထုတ်မပြသော်လည်း သူ့စိတ်ကို ချက်ချင်းထွင်းဖောက်မြင်နိုင်မှန်းသိသာလေ၏။
သဘာဝအတိုင်း ရွှယ်ဟုန်ယန်လည်း ထိုဟာကိုကြားလေသည်။ ရွှယ်ကျွင်းလျန်က ကျားကိုတောင်ဆီပြန်လွှတ်လိုက်မှာစိုးသဖြင့် သူ လက်အုပ်ချီလျှောက်တင်လိုက်၏။
"ကျေးဇူးပြု၍ အရှင်မင်းကြီး... ဒီချန်တိကိုသွားခွင့်ပြုပါ..."
ရွှယ်ကျွင်းလျန်က ပြောလာသည်။
"ဟုန်ယန် မင်း မင်မြစ်ကို သွားလို့မရဘူး...မင်းကိုယ်မင်းပြင်ဆင်ပါ...နောက်ထပ်ရက်အနည်းငယ်အတွင်းမှာ မင်း ထန့်ကိုသွားရမယ်...ကျန်းဟုန်က ယွီချန်ကို မောင်းထုတ်လိုက်တာ...ဖုန့်တိုင်းပြည်က ထန့်ကိုထပ်တိုက်ပြီးတော့ နှစ်ဖက်လုံးကနေ အကျိုးအမြတ်ယူဖို့ အခွင့်ကောင်းယူသွားနိုင်တယ်"
ရွှယ်ဟုန်ယန် ခေါင်းညိတ်လိုက်သည်။ ယင်းက လုံးဝအဓိပ္ပါယ်ရှိ၏။ ကျန်းဟုန်က ယွီချန်ကို မိုင်20အကွာအထိတိုက်ထုတ်လိုက်ကြောင်း ဖုန့်တိုင်းပြည်က သိရှိသွားပါလျှင် ဖုန့်ဘုရင်က ဤအခွင့်အရေးကို အသုံးချပြီး ရွှယ်တိုင်းပြည်ကို တစ်ဖက်ကနေတိုက်ခိုက်မှာသေချာလေသည်။ ဖုန့်တိုင်းပြည်နှင့်ကျန်းဟုန်က အနေအထားမတူကြသော်လည်း သူတို့၏ရည်ရွှယ်ချက်များကတော့ အမြဲတမ်းတူညီကြ၏။ နှစ်ဖက်လုံးကို ကျေပ်စေမည်အရာတွေကို မရွေးချယ်စရာ အကြောင်းပြချက်မရှိပေ။
ကျောက်လုကိုယ်၌က ကျန်းမာရေးမကောင်းသည့်အတွက် သူ၏ရာထူးကနေနှုတ်ထွက်ချင်သော်လည်း ကြောက်လန့်နေသော ငှက်တစ်ကောင်ဖြစ်အောင်ထိ ဖုန့်တိုင်းပြည်၏ အနိုင်ယူခြင်းကိုခံခဲ့ရသည့် ကျန်းဟုန်လောက်လေးက(မှားရေးခြင်းမဟုတ် ) မင်မြစ်ကိုသိမ်းပိုက်သည်အထိ စိတ်ကြီးဝင်မည်ဟု သူမမျှော်လင့်ထားခဲ့ချေ။ ကျောက်လု၏ယခင် စိတ်နေစိတ်ထားအရ ဆိုပါက အရင်ဆုံးထပြီး အမိန့်တော်တောင်းခံမှာသေချာပေါက်ပင်။
သို့ပေမဲ့ မင်မြစ်ဟာ ရွှယ်တိုင်းပြည်နှင့် ဖုန့်တိုင်းပြည်ကြားရှိ နယ်နမိတ်အပိုင်းအခြားဖြစ်လေသည်။ ကျန်းဟုန်၏စစ်သူကြီးက ဖုန့်တိုင်းပြည်နှင့်စစ်ပွဲအပြီးတွင် အဖမ်းဆီးခံခဲ့ရ၏။ ကျန်းဟုန်အနေဖြင့် ဖုန့်တိုင်းပြည်နှင့်ဆက်လက်တိုက်ပွဲဝင်ရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။
96.2
ထိုစဥ်က ဖုန့်မင်အပေါ် သစ္စာဖောက်ခဲ့ခြင်းနှင့်ပတ်သတ်၍ သူ့အမှားတစ်ခုမှမရှိဟု ကျောက်လုခံစားရသည်။ ယင်းက သူ နှစ်ပေါင်းများစွာကြံရွယ်ခဲ့သည့် ရည်ရွှယ်ချက်ပင်။ 10000သောလက်ရွေးစင် တပ်သားများနှင့် ထွက်ခွာလာစဥ်က သူစိတ်သက်သာရာရသွားသည်ဟု ပြော၍ရ၏။ သို့သော်ငြား လက်ရှိအချိန် သူပြန်တွေးကြည့်ရာတွင် သူလုပ်ခဲ့သည့်အရာက ဘာတစ်ခုမှမသိသော ၊ သူ၏ လက်စားချေမှုနှင့်အမုန်းတရားများကနေ ကင်းလွတ်ကာ ဘာအပြစ်မှမရှိသော ဖုန့်မင်အပေါ် တကယ်ကို သွေးအေးလွန်းခဲ့သည်။
အကြင်နာတရားကင်းမဲ့မှုနှင့် ကျိုးကြောင်းဆီလျော်မှုကဘာလဲဆိုသည်ကို မည်သူမှ ရှင်းရှင်းလင်းလင်း မပြောနိုင်ကြပေ။ လက်ရှိတွင် ကျောက်လု ယခုမြင်လိုသည့်အရာကား သူနှင့်ဖုန့်မင် စစ်မြေပြင်မှာ တွေ့ ဆုံကြခြင်းကိုဖြစ်လေသည်။ သူ့အနေဖြင့် စောစောနှုတ်ထွက်ချင်ပြီး စစ်ပွဲထဲမှာမပါဝင်တော့ခြင်းက ဖုန့်မင် သူ့ကို မြေတောင်မြှောက်ပေးခဲ့သည့်အချိန်များအတွက် ၊ နှစ်တွေကြာသည်အထိ သူ့ကိုလေ့ကျင့်ပေး ယုံကြည်ပေးခဲ့သည့်အတွက် ပြန်လည်ပေးဆပ်မှုတစ်ခုဟု မှတ်ယူ၍ရပေ၏။
ကျောက်လု လက်သီးတင်းတင်းဆုပ်ထားမိသည်။ အကယ်၍ သူ ဖုန့်မင်နှင့် မတိုက်ခိုက်ဖြစ်ရန်အလို့ငှာ စစ်ပွဲကိုရှောင်ကြဥ်ပြီး သူ၏ပင်ကိုယ်စရိုက်ကို ချိုးဖောက်ခဲ့ပါက သူ့ကိုယ်သူ ရက်စက်ရာကျမှာဖြစ်၏။ သူမတ်တပ်ထရပ်ပြီး အမိန့်တောင်းခံတော့မည့်အလုပ်တွင် "ကျွီ"ခနဲအသံကြားလိုက်ရပြီး ယွင်ဖုန့်နန်းဆောင်၏တံခါးက တွန်းဖွင့်ခံလိုက်ရသည်။
အနီရောင် အမျိုးသားမဂ်လာဝတ်စုံကို ခါး ပတ်ပတ်လည်ရှိ နီညိုရောင် ပြန့်ကားသော ခါးပတ်နှင့်အတူ ဝတ်ဆင်ထားပြီး သန်မာ၍ ပါးလျသော ခါးနှင့် ဖြောင့်တန်းသော ကျောတစ်စုံတို့က အနားသတ်ထားသည့် ထန့်ယွင် နန်းဆောင်တံခါးမှ လျှောက်ကာထွက်လာ၏။တစ်ချက်ကြည့်ရုံနှင့်ပင် သူရဲကောင်းဆန်သည့် အော်ရာတစ်ခုက သူ့ကို ဝန်းပတ်ထားကြောင်းမြင်နိုင်လေသည်။
ယွင့်ဖုန့်နန်းဆောင်၏ တံခါးက ရုတ်တရက် ပွင့်လာသည်ကို လူတိုင်းမြင်လိုက်ရချိန်တွင် 'သတို့သမီး'က သူ့ဘာသာသူ ထွက်လာလေသည်။ လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်မိလိုက်ကြပြီး တူညီသည့်အတွေးကိုယ်စီနှင့်သိချင်ကုန်နေကြမှာ သေချာသလောက်ပင်၊ ကိုယ်လုပ်တော်အသစ်က မစောင့်နိုင်ဘူးတော့လား...
မမျှော်လင့်ပါဘဲ ထန့်ယွင်၏ ပထမဆုံးဝါကျမှာ
"အရှင်မင်းကြီး...ဒီဝန်မင်းက သွားဖို့ဆန္ဒရှိပါတယ်"
ရွှယ်ကျွင်းလျန်လည်း ခဏမျှ ကြောင်အသွားခဲ့ပြီး ၎င်းနောက်ပြောလိုက်၏။
"အိုက်ဖေး*ဘာလို့ ထွက်လာတာလဲ"
(ချစ်ကြင်ယာတော်၊ချစ်မိဖုရား)
သို့သော်ငြား ထန့်ယွင်က ရွှယ်ဝမ်၏စကားများကို လျစ်လျူရှူကာဖြင့် ရွှယ်ယွီကိုပြောလိုက်သည်။
"နယ်စားမင်းရဲ့လက်ထဲကစာကို ကျွန်တော်တစ်ချက်လောက်ကြည့်လို့ရမလား"
ရွှယ်ယွီအနေဖြင့် လွှတ်မြောက်လာပြီးကတည်းက မည်သည့်လှုပ်ရှားမှုမှမလုပ်ခဲ့ပေ။ ရွှယ်ကျွင်းလျန်က သူ့ကို သူ့လုပ်ချင်တာလုပ်ဖို့ပြောပြီး ကြည့်ရသည်မှာ သူ့ကို များစွာ ယဥ်ပါးအောင်လုပ်ရန်အတွက်ထင်၏။ ထန့်ယွင်၏တောင်းဆိုမှုကို ကြားပြီးနောက် သူ့
ရွှယ်ကျွင်းလျန်ကို မျက်လုံးပင့်ကာကြည့်လိုက်ပြီး ထိုသည်က ရွှယ်ဝမ်၏ညွှန်ကြားချက်များကိုတောင်းခံနေခြင်းနှင့် အတူတူပင်ဖြစ်လေသည်။
ရွှယ်ကျွင်းလျန်က အသာအယာခေါင်းညိတ်ပြလာပြီး သဘောမတူခြင်းမရှိပေ။ ထန့်ယွင်စာကို ယူပြီးဖတ်ကြည့်လိုက်သည်။ စာထဲမှာ မော်ကွန်းထိန်းအရာရှိက ယွီချန်၏ ပျက်စီးကာ စိတ်ကြီးဝင်နေပြီး စစ်ဥပဒေကို လျစ်လျူရှုနေ ခြင်းကို တိုင်ကြားထားသည့်အပြင် စခန်း၏မိုင်20အကွာကို ဆုတ်ခွာပြီးနောက်ပိုင်းမြေပုံကြမ်းလည်း ပါနေ၏။
ထန့်ယွင် ထိုဟာကိုတစ်ချက်ပဲကြည့်ကာ ဆိုလိုက်သည်။
"ဒီလိုစခန်းမျိုး တပ်စွဲထားထားတဲ့လူရဲ့ခေါင်းကို အရှင်မင်းကြီး ဖြတ်ပစ်ရမှာကို ကျွန်တော်မျိုးစိုးမိပါတယ်"
စခန်း၏ ဖွဲ့စည်းပုံမြေပုံကို သူ့လက်ထဲမှာ ကိုင်ထားရင်း ဆက်ပြောလိုက်၏။
" စခန်းချတဲ့နေရာက မင်မြစ်တစ်လျှောက် မိုင်ရာနဲ့ချီရှည်လျားပြီး ခေါင်းနဲ့အမြီးဟာလည်း တစ်ခုနဲ့တစ်ခုဝေးနေတယ် ...တစ်နေရာရာကသာ ကျိုးပေါက်သွားရင် သူ့ဘာသူကယ်တင်ဖို့ ခက်ခဲ့လိမ့်မယ်...နောက်ပြီး ကျန်းဟုန်သာ မီးကိုသုံးမယ်ဆိုရင် မိုင်ရာနဲ့ချီကို အားစိုက်စရာမလိုပဲ လောင်ကျွမ်းအောင်လုပ်နိုင်တယ်...ဒီနေရာက မင်မြစ်ကနေမဝေးဘူးဆိုရင်တောင်မှ ရွှယ်စစ်တပ်က ဖရိုဖရဲဖြစ်သွားလိမ့်မယ်...သူတို့ဘယ်လိုလုပ် တစ်ချိန်ထဲမှာ မီးငြိမ်းတာနဲ့ ရန်သူကိုချေမှုန်းတာနဲ့ကိုတပြိုင်တည်းလုပ်ဖို့ စီစဥ်နိုင်မှာလဲ...သူတို့ ရှုံးနိမ့်လိမ့်မယ်"
ထိုဟာကိုကြားလိုက်ကြရသည်နှင့် ဝန်မင်းများဟာ ကိုယ်လုပ်တော်အသစ်က ဘယ်သူလဲ၊ဘာလဲဆိုသည်ကို
ခဏတာမေ့လျော့သွားကုန်ကြ၏။ ထောင်ပေါင်းရာချီသော တပ်သားတွေ တခဏအတွင်းမီးရှို့ခံရမှာဖြစ်လေသည်။ ထိုအချိန်မှာ ကျန်းဟုန်က မင်မြစ်ကို မဆိုထားနှင့် ၊ရွှယ်တိုင်းပြည်ထဲကိုပင် တန်းတန်းမတ်မတ် ချီတက်လာနိုင်ပြီး ဘယ်သူမှသူ့ကို တားဆီးနိုင်မှာမဟုတ်ပေ။
ထို့အပြင် ဖုန့်တိုင်းပြည်က အမြဲတမ်း ကျားချောင်း ဝံပုလွေချောင်း ချောင်းနေ၏။ စောင့်ကြည့်နေသည်မှာ ကြာလှပြီဖြစ်ပြီး သားကောင်ကို ခုန်အုပ်ရန်အတွက် အဆင်သင့်ဖြစ်၍နေသည်။ မှန်သည်ပင်၊ ပိုင်မုန့်ဝေစုတစ်ခုကို ယူရမည့် အခွင့်အရေးကိုလည်း လက်လွှတ်ခံမှာမဟုတ်ပေ။ ၎င်းနောက်တွင်တော့ ရွှယ်တိုင်းပြည်ဟာ ထိုအချိန်မှာ အမှန်တကယ်အန္တရာယ်ရှိလာပေလိမ့်မည်။
ရွှယ်ကျွင်းလျန်၏ ယွီချန်ကိုစေလွှတ်လိုသည့် ဆန္ဒဟာလည်း သူ့မှာ သူ့အကြောင်းပြချက်နှင့်သူရှိပါ၏။ ပထမ၊ ရုံးတော်ထဲတွင် စစ်ဗိုလ်ချုပ်တွေ တချိန်လုံး များစွာရှိမနေခဲ့။ ဒုတိယ၊ မောင်းမဆောင်ထဲတွင် တာ့ဖေးရှိသည်။ ယွီချန်က သူ့ညီမကို အမှတ်ရကာ ထည့်သွင်းစဥ်းစားပြီး သူ့ကိုယ်သူ ထိန်းချုပ်လိမ့်မည်ဟု ရွှယ်ကျွင်းလျန် ထင်မိခဲ့၏။ ထိုလူက ပိုပိုကာ ဆိုးရွားလာမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
ထန့်ယွင်က လျှောက်တင်လာသည်။
"အရှင်မင်းကြီးက ယွင်ဖုန့်နန်းဆောင်ထဲကို ခြေမချရသေးတာမို့ ဒီအရာရှိက အရာရှိတစ်ယောက်ဖြစ်နေဆဲပါ...ထန့်ယင်းအနေနဲ့ သွားရောက်ပြီး မင်မြစ်ကတပ်သားတွေအတွက် ဧကရာဇ်ရဲ့ အခက်အခဲတွေကို ကူညီဖို့ဆန္ဒရှိပါတယ်"
ရွှယ်ကျွင်းလျန် ထန့်ယွင်ကို အကြာကြီး စိုက်ကြည့်နေသည်။ သူဟာ ထန့်ယွင်၏အတိတ်က သူ့အတွက် စစ်တပ်ကိုသွားရန် တကယ်သင့်လျော်ရဲ့လားဆိုသည်ကို တွေးတောနေပုံရ၏။
ထိုအခိုက်အတန့်တွင် ချန်ယီက မတ်တပ်ထရပ်ကာဖြင့် ခြေလှမ်းတစ်ဝက်တိုးကာ လျှောက်တင်လေသည်။
"အရှင်မင်းကြီး... နယ်လှည့်မှော်ဆရာပြောခဲ့တာကိုအမှတ်ရပါရဲ့လား...အမတ်မင်းထန့်နန်က ယောကျာ်းတစ်ယောက်ဖြစ်ပေမဲ့ ဧကရာဇ်မင်းမြတ်ကို အုပ်ချုပ်စဥ်ကာလမှာ ဂုဏ်ရှိန်မြင့်မားလာအောင် ကူညီပေးနိုင်တယ်ဆိုတာကိုပါဘုရား...ဒီနိမ့်ကျတဲ့ ဝန်မင်းအနေနဲ့ နယ်လှည့်မှော်ဆရာပြောတာက သေချာပေါက် ဒီလိုအခြေအနေမျိုး လို့ထင်မိပါတယ်...ရှည်ရှည်ဝေးဝေး စောင့်နေတော်မမူတော့ပါနဲ့ဘုရား...ကျန်းဟုန်သာ မင်မြစ်စစ်တပ်ကို မီးရှို့လိုက်မယ်ဆိုရင် နယ်စပ်ဒေသက သာမန်လူတွေထိခိုက်ကုန်ပါလိမ့်မယ်...ဒီအချိန်မှာ အရှင်မင်းကြီးမှာ နဂါးအစစ်အမှန်ရဲ့ကာကွယ်မှုရှိနေတယ်ဆိုရင်တောင် ကောင်းကင်ဘုံကို အပြန်လှမ်းရခက်သွားမှာကို ကျွန်တော်မျိုး စိုးရိမ်မိပါတယ်ဘုရား..."
xxxxx