Chapter 101
ထန့်ယွင်က သူချီကျန်းကို ဧည့်ခံနေစဥ်မှာ ဝိုင်နှင့်အသားတွေ ယူလာရန် သူ့လူတွေကိုအမိန့်ပေးလိုက်သည်။ ချီကျန်းအနေဖြင့် အလွန်ဆာလောင်နေပြီဖြစ်သော်လည်း ထန့်ယွင်က အညံ့ခံမှ စားရမည်ဟုဆိုလာ၏။
ချီကျန်းမှာ ရွေးချယ်စရာမရှိသည့်အတွက် အညံ့ခံယောင်ဆောင်လိုက်သည်။ ထို့နောက်သူ ဗိုက်ပြည့်သည်အထိစားသောက်ပြီး ဟန်ကြီးပန်ကြီးဖြင့်ပြောလိုက်၏။
"ဒီလူကြမ်းက အညံ့ခံတပ်သားဖြစ်နေပြီးပါပြီ...ဘယ်လိုဗိုလ်ချုပ်မျိူးက ကျုပ်ကို ဒီလိုဆက်ဆံနိုင်မှာမလို့လဲ...ဒီလူကြမ်းက ဗိုလ်ချုပ်နောက်ကိုလိုက်ဖို့ ဆန္ဒရှိတာပေါ့.....
ဒါပေမဲ့ ဒီလူကြမ်းက သူခိုးကျန်းဟုန်ရဲ့တပ်ဖွဲ့အောက်မှာ သေတူရှင်မကွာရှိနေခဲ့ကြတဲ့ သူ့ရဲ့ညီအစ်ကိုတွေကို လက်မလျော့ရက်နိုင်ပါဘူး...ကျန်းဟုန်ရဲ့ တပ်ဖွဲ့အောက်မှာ ဗိုလ်ချုပ်နှစ်ယောက်ရှိပြီးတော့ နှစ်ယောက်လုံးက ဒီလူကြမ်းနဲ့ အင်မတန်ရင်းနှီကြပါတယ်...ဒီလူကြမ်းကို မြင်းမြန်တစ်ကောင်ပေးပြီးတော့ ပြန်သွားခိုင်းရင် ပိုမကောင်းပေဘူးလား...ဒီလူကြမ်းက သူတို့ အညံ့ခံလာအောင် ဖြောင့်ဖြဖို့ ဆန္ဒရှိပါတယ် ...တပ်သားတွေကို ဒီလူကြမ်းနဲ့အတူတူ အညံ့ခံဖို့ရာ ဦးဆောင်လမ်းပြစေတာက ကောင်းတဲ့အရာပဲမဟုတ်ဘူးလား"
ထန့်ယွင်က ပြုံးပြီး အံဩသွားဟန်သာဆောင်လိုက်၏။
"ဒီထန့်က ကျန်းဟုန်ရဲ့တပ်ဖွဲ့အောက်မှာ ရဲရင့်တဲ့ဗိုလ်ချုပ်တွေအများကြီးရှိတယ်လို့ကြားဖူးပါတယ်...ဒါက တကယ့်ကို ကောင်းတဲ့အရာပါ"
ထို့နောက် သူက ချီကျန်းကို တဲအပြင်သို့ ကိုယ်တိုင်ခေါ်ထုတ်ကာ စခန်းနောက်ဘက်ရှိ မြင်းဇောင်းဆီကို ဦးဆောင်သွားသည်။ လမ်းတလျှောက် သူတို့စကားပြောနေကြရင်း ချီကျန်း တပ်သားတစ်ယောက်မှစောင့်ကြပ်နေခြင်းမရှိသော တဲဟောင်းလောင်းထဲတွင် ရွှယ်စစ်တပ်၏ ဆန်နှင့်ရိက္ခာပုံကြီးကိုတွေ့လိုက်ရ၏။
ချီကျန်း ထန့်ယွင်ကို အလွန်အယုံလွယ်ပြီး အသင့်ပြင်ထားခြင်းမရှိသည့်အတွက် ကြိတ်ရယ်ကာဖြင့် ဆန်နှင့်ရိက္ခာပုံ၏ နေရာကို တိတ်တိတ်လေး မှတ်သားထားလိုက်သည်။
ထို့နောက် ထန့်ယွင်က သူ့ကို မြင်းဇောင်းဆီသို့ဦးဆောင်ခေါ်သွားပြီး ကြိုက်ရာမြင်းတစ်ကောင်ရွေး၍ ကျန်းဟုန်ဆီပြန်သွားကာ တခြားဗိုလ်ချုပ်နှစ်ယောက်ကို အညံ့ခံအောင်ဖြောင့်ဖြရန်ပြောလေသည်။
ချီကျန်း ရှားပါးမြင်းမြန်တစ်ကောင်ရွေးကာ ကျန်းဟုန်၏ စခန်းဆီသို့ တစ်ညလုံး ဒုန်းစိုင်းစီးတော့၏။
သူတစ်ယောက်တည်း ပြန်လာသည်ကိုမြင်ရာတွင် ကျန်းဟုန်း ချက်ချင်း အမျက်ခြောင်းခြောင်းထွက်သွားပြီး တစ်ယောက်ယောက်အား သူ့ကို မြင်းပေါ်မှ ဆွဲချ၍ လူမြင်ကွင်းမှာ ခေါင်းဖြတ်ရန် စေခိုင်းလေသည်။
ချီကျန်း မြေကြီးပေါ်မှာ ဒူးထောက်ပြီး ခါးခါးသီးသီး ငိုကြွေးလိုက်၏။
"ထန့်ယင်းက အကြံသမားပါ...သူက နတ်ဆိုးနည်းလမ်းတွေကို သုံးပြီးလေနဲ့မိုးကို ဆင့်ခေါ်နိုင်ပြီးတော့ တပ်သားတွေဆီကို ပဲစေ့တွေပစ်လိုက်ပါတယ်...နေလည်း ကုန်ရော သူရဲ့မှော်ပညာကြောင့် ကျုပ်ဒီလိုအခြေအနေထိရောက်သွားရတယ်...ကျုပ်သာ မြင်းကို ရအောင်မတိုက်ယူနိုင်ခဲ့ရင် တပ်မှုးကိုမတွေ့ရတော့မှာကို ကျုပ်ကြောက်မိတယ်"
ကျန်းဟုန်က ချီကျန်း ဝမ်းပမ်းတနည်းငိုနေသည်ကိုသာ ကြည့်နေသည်။ ထို့အပြင် ချီကျန်းကို သတ်ခြင်းက သူနှင့် သူငယ်ချင်းအရင်းအချာများဖြစ်သည့် တခြားဗိုလ်ချုပ်များကို အလွန်အမင်းစိတ်ထိခိုက်သွားစေ လိမ့်မည်။
......
အဘယ်ကြောင့် ထန့်ယွင်က ရန်သူကိုလွှတ်ပေးပြီး ပြန်ခိုင်းမှန်း ကျန်းမော့နားမလည်ပေ။
ထန့်ယွင်က ရယ်၍သာဆိုလာသည်။
"ဒါက ငါးကြီးကြီးဖမ်းဖို့အတွက် နှစ်ရှည်လများကတည်းက ရှိနေတဲ့နည်းလမ်းတစ်ခုပဲ...ကျန်းဟုန်ကို ချီကျန်းကို သတ်ခိုင်းရမှာက တန်ဖိုးမနည်းလွန်းဘူးလား...ကျွန်တော်က ကျန်းဟုန် ချီကျန်းကို သူကိုယ်တိုင်သတ်ရုံတင်မကဘူး တခြားဗိုလ်ချုပ်နှစ်ယောက်ပါ ပါခိုင်းလို့ရတယ်"
ယခုမှသာ ကျန်းမော့ ထန့်ယွင့်က ထိုးစစ်ဆင်သည့် အကြံအစည်ကိုသုံးထားကြောင်း နားလည်သွား၏။ ရန်သူတွေသာ အတွင်းရေးပဋိပက္ခဖြစ်နေပါက သူတို့ကို ထပ်ပြီးတိုက်ခိုက်နိုင်စွမ်းရှိမှာမဟုတ်ပေ။ မင်မြစ်တိုက်ပွဲဟာ အလောင်းများပြည့်နှက်နေသော စစ်မြေပြင်ကို ဖြတ်ကျော်ရန် လိုအပ်လိမ့်မည်မဟုတ်။ သူ ထန့်ယွင်ကို ပိုပို၍ လေးစားလာမိသည်။
ထိုအချိန်မှာ လန့်ကျင်းက ကန့်လန်ကာကိုဖွင့်၍ လမ်းလျှောက်ဝင်လာ၏။
"အဆင်သင့်ဖြစ်နေပြီ"
ထန့်ယွင် ခေါင်းညိတ်လိုက်သည်။
သူတို့ဘာတွေ စီစဥ်နေမှန်း ကျန်းမော့မသိချေ။
ထန့်ယွင်က ပြုံး၍သာဖြင့် ကျန်းမော့ကို ပြပွဲကောင်းတစ်ခု ကြည့်ရန်ဖိတ်ခေါ်လာ၏။
သုံးယောက်သား တဲထဲမှထွက်ကာ ဗလာဖြစ်နေသည့် လေ့ကျင့်ရေးကွင်းပြင်ဆီသို့သွားကြလေသည်။ တပ်သားတွေက စစ်တိုက်ရန်ပြင်ဆင်နေပြီးကြလေပြီ။ ထန့်ယွင် တပ်သားများအား ကျီထဲမှ ဆန်နှင့်ရိက္ခာတွေကို မနီးမဝေးရှိ စခန်ကြီးတစ်ခုဆီကို သယ်သွားရန် အမိန့်ပေးလိုက်၏။
တကယ်တမ်းတွင် ထန့်ယွင်က ချီကျန်းကို ရည်ရွှယ်ချက်ရှိရှိဖြင့် ဆန်နှင့်ရိက္ခာများကို ခေါ်ပြခဲ့ပြီး ထောင်ချောက်တွေတစ်တန်းကြီး ချထားခြင်းဖြစ်လေသည်။ သူ့အနေဖြင့် ချီကျန်းက ကျန်းဟုန်ဆီပြန်သွားပြီးနောက် သူ့(ချီ)အမှားတွေကို ပြင်ဆင်ကာ စပါးကျီကိုလုယက်ရန် သေချာပေါက် ပြန်လာမည်ဖြစ်ကြောင်း ကျိန်းသေသည်ဖြစ်ရာ စပါးကျီကို အလွတ်ထားရန် အမိန့်ပေး၍ ချီကျန်းကို ဗလာအစီအစဥ်တစ်ခုပေးခဲ့၏။
ည၏တတိယမြောက်နာရီတွင် သေချာသည်ပင်၊ လူတစ်စုဟာ ခံတပ်ကို ကြားဖြတ်တိုက်ခိုက်ရန် တိတ်တဆိတ်ရောက်လာခဲ့ကြသည်။ စခန်းထဲကို အပြေးအလွှားဝင်လာကြသော်ငြား သူတို့ လူတစ်ယောက်မှမတွေ့ရပေ။ စပါးကျီဆီသွားသောအခါ၌လည်း ဆန်တစ်စေ့ပင်မမြင်ရချေ။ သူတို့ ထောက်ချောက် မိသွားမှန်း တန်းသိလိုက်ကြ၏။
သို့ပေမဲ့ နောက်ကျလွန်းနေလေပြီ။ ကျန်းဟုန်၏တပ်သားများဟာ ထန့်ယွင်၏တတိယအကြိမ်မြောက် အရှင်ဖမ်းဆီးခြင်းကိုခံခဲ့ရလေသည်။
ထန့်ယွင်က တမင်တကာပေါ့ဆမိဟန်ဆောင်ကာ ချီကျန်းကို လွတ်မြောက်သွားစေပြီး ၎င်းနောက် ကျန်းမော့နှင့်လန့်ကျင်းကို ခေါ်၍ အကျဥ်းသားများကို သွားကြည့်၏။
လက်ထဲမှာ ကျားတောင်ပံဓားကိုကိုင်ထားရင်း ထန့်ယွင်က မေးလိုက်သည်။
" ချီကျန်းရဲ့လက်အောက်ငယ်သားတွေက ဘယ်သူတွေလဲ"
ပထမတွင် ဘယ်သူမှမဖြေကြပေ။ ထန့်ယွင်က ပြုံးကာဆိုလိုက်၏။
"လက်စသတ်တော့ ဒီနေရာမှာ ချီကျန်းရဲ့ငယ်သားတစ်ယောက်မှ မရှိဘူးပဲ "
သူက အစောင့်တစ်ယောက်ဘက်ကို လှည့်ကာပြောလိုက်သည်။
"သူတို့အကုန်လုံးကို သတ်ပစ်လိုက်... ငါက ချီကျန်းရဲ့လူတွေကိုအသက်ရှင်ရက် ချန်ထားပေးမယ်လို့ကတိပေးထားတာ"
အကျဥ်းသားတွေ ထိုစကားကိုကြရချိန်တွင် ကြက်သေသေသွားကြပြီး ၎င်းနောက် တစ်ယောက်က ထအော်လိုက်၏။
"ကျုပ်က ချီကျန်းရဲ့လက်အောက်ငယ်သားပါ"
101.2
ထန့်ယွင်က တစ်ယောက်ယောက်အား သူ့ကို ကြိုးဖြည်ပေးခိုင်းပြီး စားသောက်ရန် ခေါ်သွားစေသည်။ တခြားသူများ ဤအချင်းအရာကိုမြင်သောအခါ အကုန်လုံး သူတို့က ချီကျန်း၏လက်အောက်ငယ်သားတွေပါဟုပြောရန် အလုအယက်ကြိုးစားကုန်ကြ ၏။
ယင်းတပ်သားများကို အကုန်လုံး ထန့်ယွင် တပ်ဖွဲ့ထဲကို သွင်းပြီး ၎င်းနောက် လူဆယ်ယောက်ကို ပြန်လွှတ်၍
ရှုံးနိမ့်လာဟန်ဆောင်ခိုင်းလိုက်သည်။ သူက ချီကျန်းနှင့်တခြားဗိုလ်ချုပ်နှစ်ယောက်တို့က ဘာလို့ကျန်းဟုန်၏ခေါင်းကိုဖြတ်ပြီး မပို့လိုက်သည်လဲဟူ၍ မေးထားသည့် အမှာစကားတစ်ခုကိုပါ သူတို့အား ချီကျန်းဆီကို ပို့ခိုင်းလိုက်၏။ သူတို့က အချိန်မကျသေးဘူးလို့ပြောလျှင်ပင် ထပ်ချီးတလဲလဲတော့ နှောင့်နှေးမနေသင့်ဘူးမဟုတ်ပါလော...ချီကျန်းက ဗိုလ်ချုပ်ထန့် သူ့ကိုပေးလိုက်သည့် မိုင်ထောင်ချီမြင်းကို မေ့သွားပြီးလား...
သူတို့ ပြန်သွားသောအခါ သေချာပေါက် သေတော့မည်ဟုတပ်သားများ ခံစားရသည်။ သူတို့အနေဖြင့် ကျန်းဟုန်ကို သတင်းတွေပြောပြကာ သူတို့၏အသက်ကို ကယ်တင်၍ရနိုင်ကောင်း၏။ လူချင်းပေါင်းစည်းပြီးသည်နှင့် ကျန်းဟုန်၏တဲဆီသို့အပြေးသွားကာ ထန့်ယွင်၏ စကားများကို ကျန့်ဟုန်အားပြောပြတော့သည်။
ကျန့်ဟုန်ဟာ တကယ်ကို ထန့်ယွင်၏ထောင်ချောက်ထဲကို ကျသွားခဲ့၏။ သူ သုံကြိမ်တိုင်တိုင် ဆက်တိုက်ရှုံးနိမ့်ရခြင်း၏အကြောင်းအရင်းမှာ ချီကျန်းကြောင့်ဖြစ်ကြောင်းထွက်ပေါ်လာလေပြီ။ လက်စသတ်တော့ ရွှယ်တိုင်းပြည်က သူ့ဗိုလ်ချုပ်တွေအကုန်လုံးကို ငွေနှင့်ပေါက်ကာ သိမ်းသွင်းထားခြင်းပင်။
ကျန်းဟုန် ပိုပို၍ ဒေါသတလူလူထွက်လာသည်။ သူက ချီကျန်းကို ခေါ်ပြီး မေးလိုက်၏။
"မင်းမြင်းက မိုင်ထောင်ချီမြင်းလား"
ကျန်းဟုန်းက သူ့မြင်းကို ကြိုက်နေသည်ဟု ချီကျန်းထင်သွားပြီး သူ ကျန်းဟုန်ကိုပေးချင်လေသည်။ ထို့ကြောင့် သူက မျက်နှာချိုသွေးကာဖြင့် ပြောလိုက်၏။
"ဟုတ်ကဲ့...ရှားပါးတဲ့မြင်း....."
သို့ပေမဲ့ သူကျန်းဟုန်ကိုပေးချင်ကြောင်း ပြီးအောင်မပြောနိုင်ခင်တွင် ကျန်းဟုန်က ဒေါသတကြီး သူ့ဓားကို ဆွဲထုတ်ကာ ချီကျန်း၏ခေါင်းကို တစ်ချက်တည်းနှင့်ဖြတ်လိုက်သည်။
———–
ဖုန့်မင်က ချီဇီကျဲအား မင်မြစ်တစ်ဘက်ကမ်းရှိ တိုက်ပွဲကို ဆက်တိုက်စောင့်ကြည့်နေ့စေသည်။ ချီဇီကျန်းက စစ်တပ်နှစ်ခုကြားရှိ ဖြစ်ပျက်သမျှကို ဖုန့်မင်အား ပြန်လည်တင်ပြ၏။ ဖုန့်မင် အနည်းငယ် အံ့အားသင့်သွားပြီး ပြောလိုက်သည်။
"ထန့်ယင်းလို့ခေါ်တဲ့လူက အနာဂတ်မှာ ကြီးမားတဲ့ ပြဿနာတစ်ခုဖြစ်လာလိမ့်မယ်"
ထန့်ယင်းဟာ ယခင်က သူ့ကိုနေအိမ်အကျယ်ချုပ်ထားခဲ့သည့် အမတ်မင်းထန့်နန်ဖြစ်ကြောင်း လုရှစ်ချန်သိလေ ၏။ ထိုအချိန်တုန်းက အမတ်မင်းထန့်နန်၏အပြုအမူက လူကြီးလူကောင်းတစ်ယောက်ဟု သတ်မှတ်၍ရပေသည်။ သူက သူ့(လု)ကိုခက်ခဲအောင်မလုပ်ခဲ့ပေ။ ထန့်ယင်းသာ ဖုန့်တိုင်းပြည်ဆီ ခိုလှုံလာပါက ကောင်းသည့်အရာတစ်ခုဟု သူထင်၏။
[ခွေးဘုရင်ကသာ မသိသေးဘဲယောင်ဝါးဝါးဖြစ်နေတာ ကျန်တဲ့လူတွေက ကြည့်တာနဲ့သိတယ် :)]
သို့သော်ငြား ဖုန့်မင်ကတော့ ထိုသို့မထင်ပေ။ ကျားကို ပျိုးထောင်ခြင်းက အန္တရာယ်များလွန်းသည်။ ထန့်ယင်း ကျန်းဟုန်ကို အနိုင်ရသည့်အခါတွင် ရွှယ်ဝမ်က သူ့အား ဖုန့်တိုင်းပြည်ကို တိုက်ခိုက်ခိုင်းမည်မှာ သေချာပေါက်ပင်။
ချီဇီကျဲက ပြောသည်။
"ကျွန်တော်မျိုး မြင်တဲ့အတိုင်းဆိုရင် ဒီတစ်ကြိမ် ထန့်ယင်းနိုင်မယ်မထင်ဘူး"
ဖုန့်မင်ကမေးလိုက်၏။
"ဘာလို့လဲ "
ချီဇီကျဲက ပြောသည်။
"ထန့်ယင်းရဲ့စခန်းလက်အောက်မှာ ယွီချန်ရှိနေသေးတယ်ဆိုတာ မင်းကြီးမေ့နေပြီလားဘုရား"
ယင်းကို ကြားလိုက်ရသောအခါ ဖုန့်မင် ရုတ်တရက် ထရယ်ကာ ပြောလိုက်၏။
"အမှန်ပဲ... ယွီချန်က စစ်ကို နိုင်အောင်တိုက်နိုင်စွမ်းရှိမှာမဟုတ်ပေမဲ့...စစ်ရှုံးအောင်လုပ်ဖို့အတွက်တော့ အင်မတန်ကျွမ်းကျင်လိမ့်မယ်...အဲ့ဒီအချိန်မှာ ငါတို့က ရွှယ်တိုင်းပြည်ရဲ့စစ်တပ် ကျန်းဟုန်ကိုပြန်တိုက်ခိုက်နိုင်အောင် ကမ်းလက်တစ်ဖက်ငှားပြီး ကူညီကြတာပေါ့"
ထို့နည်းတူစွာ ယွီချန် မြို့တော်ကိုပြန်ရန်အတွက် ပျော်ပျော်ရွှင်ရွှင် ပြင်ဆင်နေချိန်တွင် တစ်စုံတစ်ယောက်က သူ့ကို ရုတ်တရက် လာပြောလေသည်။
"ဗိုလ်ချုပ်... ဘာလို့ပျော်နေတာလဲ...ဗိုလ်ချုပ်မြို့တော်ထဲဝင်လိုက်တာနဲ့ တန်းသေလိမ့်မယ်...ရွှယ်ဝမ်က ဗိုလ်ချုပ်ကို ဆင့်ခေါ်ရင် ဗိုလ်ချုပ်မြို့တော်ကို ပြန်မလာမှာစိုးလို့ တော်ဝင်ကိုယ်လုပ်တော် တာ့ဖေးကိုရာထူးတိုးဖို့ အကြောင်းပြ ဗိုလ်ချုပ်ကို မျှားခေါ်တာ...မြို့တော်ရဲ့ ဂိတ်ဘေးနှစ်ဘက်စလုံးမှာ ဓားတွေပုဆိန်တွေပြင်ဆင်ထားပြီး ဗိုလ်ချုပ်ကိုစောင့်နေမှာ ကျွန်တော်စိုးမိတယ်"
ယင်းစကားကို ကြားလိုက်သည်နှင့် ယွီချန် ချက်ချင်း မှန်းချက်နှင့် နှမ်းထွက်မကိုက်သလိုခံစားရ၏။ ထိုည၌ လူတစ်ယောက်ဟာ စစ်စခန်းထဲကနေ ခိုး ထွက်သွားပြီး ကျန်းဟုန်ဆီသွားလေသည်....
ကျန်းဟုန်က ချီကျန်းကို ခေါင်းဖြတ်ပြီးပြီဖြစ်ကာ တခြားဗိုလ်ချုပ်နှစ်ယောက်ကိုလည်း သတ်ချင်နေ၏။ သူတို့ သတင်းရသွားပြီး သူ့ကိုပုန်ကန်မှာစိုးသည့်အတွက် ကျန်းဟုန် စားသောက်ပွဲတစ်ခု ကျင်းပပြီး သူတို့ကိုဖိတ်လိုက်သည်။ စားသောက်ပွဲ၌ သူက ဓားသမားများနှင့် လေးသမားများကို အလစ်ဖမ်းကာတိုက်ခိုက်ရန်အတွက် ပြင်ဆင်ထား၏။
ဖရိုဖရဲဖြစ်နေသည့်တိုက်ပွဲထဲကို ယွီချန်က အပြေးအလွှားဝင်ရောက်လာကာ အတိုက်အခိုက်ရပ်စေပြီး ပြောလိုက်သည်။
"အဲ့ဒါတွေက အကုန်လုံး ထန့်ယင်းရဲ့လှည့်ကွက်တွေချည်းပဲ...မင်းတို့ အလှည့်စားခံလိုက်ရပြီကွ..."
ယွီချန်၏ စကားများကို နားထောင်ပြီးနောက် ကျန်းဟုန် ချီကျန်းကို ခေါင်းဖြတ်ခဲ့ခြင်းအတွက် မတရားသလို ခံစားရပြီး နောင်တရလာ၏။
ယွီချန်က ပြုံးပြုံးရယ်ရယ်ဖြင့်ဆိုသည်။
"ချီကျန်းကို ခေါင်းဖြတ်လိုက်တာကလည်း အသုံးဝင်တာပါပဲ...ဘာလို့ တပ်မှူးက တခြားဗိုလ်ချုပ်နှစ်ယောက်ကို တပ်သားတွေခေါ် ချီကျန်းရဲ့ခေါင်းကို သေတ္တာထဲထည့်ပြီး အညံခံယောင်မဆောင်ခိုင်းရမှာလဲ...သူတို့က ထန့်ယင်းကို ဒါက တပ်မှူးရဲ့ခေါင်းပါလို့ပြောရမယ်...ကျန်းဟုန်က သူတို့ကို သတ်ချင်နေတဲ့အကြောင်းကို သိသွားတယ်...သူတို့မှာ တပ်သားတွေကို ပျိုးထောင်ရုံကလွဲလို့ရွေးချယ်စရာမရှိသလို သွားစရာလည်းမရှိဘူး...သူတို့က လာအညံ့ခံပြီးတော့ တပ်မှူးရဲ့ခေါင်းကို ရွှယ်စစ်တပ်ဆီကို အထူးတလည်ဆက်သတာပါဆိုပြီးတော့လေ"
(မသာက အခုမှခေါင်းကောင်းပြနေ)
ကျန်းဟုန် အစီအစဥ်ကိုနားထောင်ပြီးနောက် သဘောတူလိုက်၏။
"ဒီနည်းနဲ့ဆို ရွှယ်စစ်တပ် အငိုက်မိသွားမှာပဲ"
ကျန်းဟုန်က ယွီချန်ကို ဆုလာဘ်ချီးမြင့်လိုက်ပြီး မင်မြစ်တပ်ရင်းကို အမြစ်ဖြုတ်ရာ၌ စစ်ကူအဖြစ် တာဝန်ထမ်းဆောင်ခိုင်းလေသည်။
ယွီချန်ကလည်း ပြော၏။
"တပ်ဖွဲ့က လက်နက်ချယောင်ဆောင်မယ်ဆိုတာ လုံးဝကို မျှော်လင့်ထားမှာမဟုတ်ဘူး...ထန့်ယင်းရဲ့စေတနာအမှားကြောင့် သူက မနီးမဝေးမှာလူတွေရှိနေတဲ့ ကုန်းတွင်းပိုင်းထဲကို သေချာပေါက်ထွက်ပြေးမှာမဟုတ်ဘူး...သူ့မှာ မင်မြစ်တစ်ဖက်ကမ်းကလွဲလို့ လွတ်မြောက်စရာတခြားနေရာမရှိဘူး...အဲ့ဒီအချိန်ကျရင် ဒီဗိုလ်ချုပ်က စစ်သည်1000ကို ဦးဆောင်ပြီး မင်မြစ်ရဲ့ အောက်ပိုင်းကနေ ချောင်းမြောင်းတိုက်ခိုက်ဖို့ ဆန္ဒရှိပါတယ် ...ထန့်ယင်း အဲဒီနေရာကို ထွက်ပြေးလာမှာကို စောင့်ပြီး ပိုက်ကွန်နဲ့ထောင်ဖမ်းရုံပါပဲ"
ကျန်းဟုန် အပျော်လွန်သွားပြီး သူတပ်ဖွဲ့ဝင်များနှင့်မြင်းများကို အော်ခေါ်ပြီး ယွီချန်ကို ချုံခိုတိုက်ခိုက်ရန်အတွက် ပြင်ဆင်ခိုင်းလိုက်သည်။
xxxxxx