အပိုင်း ၁၀၆
Viewers 17k

Chapter 106


ဖုန့်တိုင်းပြည်ထဲက မနက်ခင်းညီလာခံ၏ဒုတိယမြောက်နေ့တွင် လူတစ်ယောက်က ရုံးတော်အရာရှိလုရှစ်ချန်ဟာ

ဆိုးယုတ်သော စိတ်နှလုံးရှိသူဖြစ်ပြီး ဖုန့်တိုင်းပြည်၏ သစ္စာဖောက်တစ်ယောက်ဖြစ်ကြောင်း သတင်းပို့လေသည်။ အမှန်တွင်  ပြန်ပေးဆွဲခံရသည်ဟုပြောချိန်က သူဟာ ရွှယ်တိုင်းပြည်ဆီဘက်ကို ကူးပြောင်းပြီးသားဖြစ်သည်ဟုဆို၏။


လန့်ကျင်းက တစ်စုံတစ်ယောက်ကို အရင်တစ်ခါတုန်းက  လုရှစ်ချန် ရွှယ်တိုင်းပြည်ကနေအမှန်တကယ် လွတ်မြောက်လာခဲ့ခြင်းမဟုတ်၊ အကြောင်းမှာ သိုင်းပညာနှင့်ဓားပညာကို တစ်လုံးမှမသိသော လက်နက်မဲ့စာပေပညါရှင်တစ်ဦးအတွက် ထိခိုက်ဒဏ်ရာလုံးဝမရပါဘဲ လွတ်မြောက်ရန်နှင့် မိုင်ထောင်ချီမြင်းနှင့်ပါ ထွက်ပြေးလာရန်  မဖြစ်နိုင်ကြောင်း ကောလဟာလဖြန့်ရန်စေလွှတ်လိုက်သည်။ 


ကောလဟာလများသည်ကား...


လုရှစ်ချန်က နယ်စားမင်းထန့်နန်ကို အင်မတန် ကောင်းကောင်းဆက်ဆံခြင်းမှာ နယ်စားမင်းထန့်နန်၏ ကြီးမားလှစွာသောကြင်နာမှုကို ရရှိပြီးနောက် လုရှစ်ချန်၏စိတ်ထဲတွင် တော်လှန်ပုန်ကန်လိုနေသည်မှာကြာပြီဖြစ်သော်လည်း အခွင့်အရေးရှာမတွေ့ခဲ့ဟုလည်းဆို၏။ ထို့ပြင် လုရှစ်ချန်က လက်ရှိတွင် နယ်စားမင်းထန့်နန်ကို ငြိမ်းချမ်းရေးယူရန် ဖိတ်ခေါ်သည့် စာကိုကိုယ်တိုင်ရေးပြီး ကျောက်လုကို ထန့်ရှန်နှင်လဲရန်အဆိုပြုခဲ့သည်က သိသိသာသာကို လှည့်ကွက်တစ်ခုဖြစ်သည်။ 


ရွှယ်ဝမ်ကသာ သူ့စိတ်ကိုမပြောင်းလဲဘဲ အလဲအလှယ်ကိုငြင်းဆန်နေပါ သူ့အနေဖြင့် စစ်ဖြစ်ရုံသာရှိသည်ကို စိတ်ကူးကြည့်ပါ။ လုရှစ်ချန်က နှစ်နိုင်ငံစစ်မက်ဖြစ်ပွားစေလိုသည်မှာ ရှင်းလင်းလှသည့်အတွက် သူက တမင်တကာကို ဤသို့ စီစဥ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ရွှယ်တိုင်းပြည်က စစ်တိုက်ရန်ပြင်ဆင်ထားပြီးဖြစ်ကာ သူတို့၏ ကာကွယ်ရေးအစီအစဥ်ကို ပြင်ဆင်ရင်း 

ရွှယ်တိုင်းပြည်က သူ့ဘာသူ ပိုက်ကွန်ထဲပစ်ဝင်လာမည်ကို ထိုင်စောင့်နေကြ၏။


မနက်ခင်းညီလာခံ၏ တတိယမြောက်နေ့...


အမှန်တွင် လုရှစ်ချန်ဟာ အများပြည်သူဝေဖန်တိုက်ခိုက်မှု၏ ပစ်မှတ်ဖြစ်လာခဲ့လေသည်။ သူ့စိတ်ထဲတွင် ကျောက်လုနှင့် ထန့်ယင်းကို လဲလှယ်ရန်အဆိုပြုခြင်းက ဖုန့်မင်၏တစ်ကိုယ်ကောင်းဆန်သော ရည်ရွှယ်ချက်မှန်းသိသော်လည်း ရုံးတော်အရာရှိများအနေဖြင့် ဘုရင်ကို လူသိရှင်ကြား စွပ်စွဲ၍မရပေ။ ယင်းက ဘုရင်နှင့်ဝန်မင်းများ၏ လမ်း​ကြောင်းပင်ဖြစ်၏။

 

လုရှစ်ချန်က စကားတစ်ခွန်းမှ ထုတ်မငြင်းခဲ့ပေ။ သစ္စာဖောက်တစ်ယောက်ကို ပြန်လဲရုံနှင့် ဤအခြေအနေမျိုးသို့ရောက်ရှိသွားမည်ဟု ဖုန့်မင်မမျှော်လင့်ထားခဲ့ချေ။ လုရှစ်ချန်၏သဘောထားက သိသိသာသာကို အိုးမည်းကို သယ်ဆောင်ချင်(ကိုယ်စားဝင်ခံ) နေပြီး သူ၏ဖုန့်မင်အပေါ်သစ္စာရှိမှုက သူတစ်ပါး၏အပြစ်အတွက် အချောင်ဝင်ခံရန်ဆန္ဒရှိနေခြင်းဖြင့် ပြသနေ၏။


သူသာ အမှန်တကယ် အလဲအလှယ်လုပ်လိုသူက သူဖြစ်ကြောင်းပြောလိုက်ပါက ကောလဟာလတွေပိုများလာမည်ကို ဖုန့်မင်သိသည်။ သူ ထမပြောလျှင်လည်း ရုံးတော်အရာရှိတွေအကုန်လုံးက လုရှစ်ချန်အား ရုံးတော်ဝန်မင်းရာထူးကို စွန့်လွှတ်ရန်တောင်းဆိုကြမည်ဖြစ်၏။ 


ယနေ့မနက် ညီလာခံအစည်းအဝေးတွင် လုရှစ်ချန်က သူ၏အရာရှိခေါင်းဆောင်းကို ချွတ်ကာ သူ့လက်များကို ကြမ်းပြင်ပေါ်ထားလျက် ဆိုလေသည်။


"ဒီနိမ့်ကျတဲ့ငယ်သားမှာ ဒုတိယအတွေးဆိုတာမရှိပါဘူး...လူတွေရဲ့ ဒီလုနဲ့ပတ်သတ်ပြီး သံသယတွေကို ဒီလုနားလည်နိုင်ပါတယ်...ဒီလုက ကိစ္စမရှင်းလင်းသွားခင်မှာ 

သူ့ရဲ့ဖြူစင်မှုကို ပြသဖို့အတွက် သူရဲ့ဦးဆောင်းကို ချိတ်ထားဖို့ ဆန္ဒရှိပါတယ်"


လုရှစ်ချန်က သူ့အရာရှိခေါင်းဆောင်းကို ချိတ်လိုက်ပြီး ဝန်မင်းများက  ကိစ္စတွေတည်ငြိမ်သွားရန်အတွက် သူအနေဖြင့် နယ်စားမင်းထန့်နန်ကို အလဲအလှယ်မပါဘဲ ပြန်ပို့ရုံသာရှိသည်ဟု အဆိုပြုကြသည်။ ပြည်သူနှင့်စစ်တပ်တို့၏ စိတ်နှလုံးများကို ဆုံးရှုံးသွားပါက အဆိုးရွားဆုံးဖြစ်လာပေလိမ့်မည်။


———-


တတိယနေ့မနက်ခင်းစောစောတွင် ရွယ်ကျွင်းလန်က လန့်ကျင်းကို နန်းတော်ထဲခေါ်လိုက်ပြန်ကာ အခြေအနေကိုမေးလေသည်။ လန့်ကျင်းက ဆို၏။

"အရှင်မင်းကြီး... အရှင်မင်းကြီး  မင်မြစ်ဆီကို တစ်ယောက်ယောက်ပို့ကြည့်လို့ရပါတယ်"


ရွှယ်ကျွင်းလျန်လည်း ပျံ့နှံ့နေသည့် ကောလဟာလများကို ကြားလေသည်။ လန့်ကျင်းက အင်မတန် ကြံရည်ဖန်ရည်ရှိရခြင်း၏ အကြောင်းအရင်းမှာ စစ်သည်တစ်ဦးတစ်ယောက်မျှပင် အသုံးပြုခြင်းမရှိပါဘဲ စိတ်နှလုံးကို မည်သို့တိုက်ခိုက်ရမလဲဆိုသည်ကို သိသောကြောင့်ဖြစ်၏။


မင်မြစ်ကို ဘယ်သူ့ကိုပို့ရမည့်အကြောင်း ရွှယ်ကျွင်းလျန်စဥ်းစားနေသည်။ ယခုတွင် နယ်စားမင်းထန့်နန်က အမှန်တကယ်တော့ မည်သူလဲဆိုသည်ကို သူသိသွားပြီးဖြစ်ရာ ယင်းက သူ့နှလုံးသားထဲတွင် အဖုအထစ်လေးများခံစားရစေ သည်က ဧကန်မလွဲပင်။ သူအနေဖြင့်  ထန့်ယွင်ကို စက်ဆုပ်ခြင်းမရှိပါသော်လည်း အပြောင်းအလဲမြန်သလို အမြဲခံစားရ၏။


ရွှယ်ကျွင်းလျန် ခဏမျှစဥ်းစားပြီးနောက် ကျန်းယွီကို နန်းတော်မှထွက်ကာ နယ်စားမင်းဝမ်နျန်၏နေအိမ်တော်ကို အမှာစကားတစ်ခုပို့ရန် ခိုင်းစေလိုက်သည်။ သူက ထန့်ရှန်ကို ရွှယ်ဝမ်က သူ့ကို ယနေ့တန်းပြီး ခရီးထွက်ကာ မင်မြစ်ကိုသွား၍ နယ်စားမင်းထန့်နန်ကို ကြိုခိုင်းလိုက်ကြောင်းပြော၏။

 

ထန့်ရှန်က ထန့်ယွင်သေဆုံးသွားသည့် သတင်းကြောင့် အပြင်းအထန်စိတ်ထိခိုက်သွားခဲ့သည်။ ဖုန့်တိုင်းပြည်က တစ်ယောက်ယောက်ကို စေလွှတ်၍ နယ်စားမင်းထန့်နန်မသေသေးကြောင်း ပြောခိုင်းသည့်အခါ ရွှယ်ဟုန်ယန်က ထန့်ရှန်ထက်ပင် ပိုပျော်မိလုနီးပါးပင်။ သဘာဝအတိုင်း ဝန်မင်းထန့်က နောက်ဆုံးတော့ ဝမ်းနည်းနေခြင်းရပ်တန့်သွားလိမ့်မည်ဟု သူထင်ခဲ့၏။


ရွှယ်ဟုန်ယန်က ထို့နောက် ထန့်ရှန်ကို ဂုဏ်ပြုရရန်ပြင်ဆင်လိုက်သည်။ ထန့်ယွင်၏အထောက်အထားကို မဖော်ထုတ်ပါဘဲ သူသိသည့်ဟာကို ထန့်ရှန့်အား မည်သို့ပြောပြရမှန်း သူမသိချေ။ သူက ဤသို့သာဆိုလိုက်၏။

"လူကြီးမင်း ..ခင်ဗျား သွားတဲ့အခါ ဖုန့်တိုင်းပြည်ရဲ့လှည့်ကွက်တွေကို သတိထားသင့်တယ်...မင်မြစ်ကမ်းစပ်မှာ ကျန်းဟုန်ရဲ့လက်ကျန်တပ်သားတွေရှိမရှိ ကျွန်တော်မသိဘူး"


အနိမ့်အမြင့်အတက်အကျတွေ များစွားပြီးသည့်နောက် သူ့စိတ်အခြေအနေက ဘယ်လိုမှန်း ထန့်ရှန်မသိတော့ပေ။ ရွှယ်ဟုန်ယန်က သူ့ကို ပုံမှန်အတိုင်း တူညီစွာဆက်ဆံမှသာ သူနားလည်သွားတော့သည်။

106.2


ရွှယ်ဟုန်ယန်က ပြောပြန်၏။

"ဒီတစ်ကြိမ်မှာ ဗိုလ်ချုပ်ကျောက်လုက ဝန်မင်းထန့်နှင့်လိုက်ဖို့ ကျောက်ထုံကိုအထူးတလည်စေလွှတ်လိုက်တယ်...ဝန်မင်းထန့်က ကျွန်တော့်ထက် အမြဲတမ်း သတိကြီးသူပါ...ဒါကြောင့် ဟုန်ယန် စကားအပိုမပြောတော့ပါဘူး"


ထန့်ရှန်က ခေါင်းညိတ်ပြပြီး ခဏအကြာ၌ပြုံးလေသည်။


"တချို့အရာတွေရှိတယ်...မင်း ဘယ်လောက်ထိရှာတွေ့သွားမှန်း ကိုယ်မသိဘူး...ဒီတစ်ခါ ကိုယ်ပြန်လာရင် မင်းကို တစ်ခုခုပြောစရာရှိနိုင်တယ်...ဒါပေမဲ့ နယ်စားမင်းဝမ်နျန် သဘောကျပါ့မလားဆိုတာကို ကိုယ်မသိဘူး"


ရွှယ်ဟုန်ယန် သူ့အမူအရာကိုကြည့်ပြီး အသည်းအသန်ခေါင်းညိတ်ပြကာ ဆိုလိုက်၏ ။

"ဒါပေါ့...နာထောင်ချင်တာပေါ့... လူကြီးမင်း ပြောချင်တဲ့အချိန်ကျ ဟုန်ယန်နားထောင်ပါ့မယ်"

.

ထန့်ရှန်က ဆက်မပြောတော့ပေ။ ကျောက်ထုံရောက်နေပြီဖြစ်သဖြင့် သူတို့မင်မြစ်ဆီကို အသော့နှင်လာခဲ့ကြသည်။

———–


ဖုန့်မင် အကူအညီမဲ့နေ၏။


ရုံးတော်အရာရှိများနှင့် ပြည်သူလူထု၏သံသယများကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းက ထန့်ယွင်ကိုလွှတ်ပေးရန်ပင်။ ထို့ကြောင့် သူက သံတမန်တစ်ယောက်ကို မင်မြစ်ဆီသို့ သတင်းပြန်ကြားရန်စေလွှတ်လိုက်သည်။ ထန့်ယွင်ကို လွှတ်ပေးမည်ဟု သူပြောလိုက်သည်နှင့် ရွှယ်တိုင်းပြည်၏သံတမန်က မင်မြစ်ကို ရောက်နေပြီးလေပြီ။


ဖုန့်မင် ချီဇီကျဲအား ထန့်ယွင်ကို မင်မြစ်ဆီသို့ လိုက်ပါစောင့်ကြပ်၍ ပို့ဆောင်စေသည်။ သူ့ကိုလာကြိုမည့်သူက ထန့်ရှန်ဖြစ်လိမ့်မည်ဟု ထန့်ယွင် မမျှော်လင့်ထားခဲ့ပေ။ ထန့်ယွင်၏ မစ်မြစ်မှာစစ်တိုက်ခဲ့သည့်အချိန်က မနည်းလှချေ။ သူ၏သရုပ်မှန်က ထန့်ရှန်ဆီကနေ ထွင်းဖောက်မြင်ခံလိုက်ရကြောင်း သူမသိပေ။ ထန့်ရှန်တင်မက ရွှယ်ကျွင်းလျန်နှင့် ရွှယ်ဟုန်ယန်ရောပင်။

 


တစ်ဖက်လူကို မြင်လိုက်ချိန်တွင် ထန့်ရှန် ထန့်ယွင်ကို တည်ငြိမ်ယောင်ဆောင်ကာ အမူအရာမဲ့စွာဖြင့် ဦးညွှတ်၍သာပြလိုက်သည်။ သူက ဗိုလ်ချုပ်ချီကို ကျေးဇူးတင်လိုက်ပြီး  ဖုန့်တိုင်းပြည်နှင့် ပြေလည်ရန်ဆန္ဒရှိကြောင်း သက်သေပြရန် ရွှယ်ဝမ်၏စာကို ပေးအပ် လိုက်၏။


ထန့်ရှန်၏လှေက မင်မြစ်ကမ်းစပ်မှာ ဆိုက်ကပ်နေလေပြီ။ ထန့်ရှန်က ထန့်ယွင်အရင်ဖြတ်သွားနိုင်ရန် လမ်းပေးကာ ဆိုသည်။

"အရှင်...ကျေးဇူးပြုပြီး လှေပေါ်တက်ပါ"


ထန့်ယွင်က ခေါင်းညိတ်ကာ စကားအများကြီးမပြောပါဘဲ လှေပေါ်တက်လိုက်သည်။ ကျောက်ထုံက သူ့လူများကို ရွက်လွှင့်ခိုင်းလိုက်ပြီး လှေဟာ လေနှင့်အတူရွှေ့လျားလာခဲ့၏။ ထိုမှသာ သူတို့ ဖုန့်နယ်စပ်ကနေထွက်ခွာခဲ့ကြပြီး မင်မြစ်၏တစ်ဘက်ကမ်းကို သွားခဲ့ကြသည်။


ကျောက်ထုံ ယခင်က ထန့်ယွင်ကို မလိုမုန်းထားဖြစ်ခဲ့သော်လည်း မင်မြစ်က သူ၏စွန့်စားခန်းများကို ကြားရသောအခါ  ​တဖြည်းဖြည်းနှင့် စိတ်ပြောင်းသွားခဲ့၏။ ထန့်ယွင်က ရန်သူကိုတစ်ယောက်တည်း ခုခံတိုက်ပွဲဝင်ခဲ့ကြောင်းကြားရချိန်တွင်မူ သူပို၍ပင် လေးစားမိသွားသည်။


ထန့်ယွင် ဖုန့်တိုင်းပြည်မှာ အဖမ်းဆီးခံရစဥ်ကာလအတွင်း၌ အနှိပ်စက်မခံရသော်လည်း သူ့ကျန်းမာရေးက ကိုကောင်းကောင်းဂရုမစိုက်နိုင်ခဲ့ပေ။ ရေပေါ်ရှိ လေက မငြိမ်ပါချေ။ လေပြင်းတိုက်ခတ်မှုကြောင့်  သူ သိပ်ပြီးသက်တောင့်သက်သာမရှိသဖြင့် ကုန်းပတ်ဆီသို့ လေကောင်းလေသန့်ရှူရန်ထွက်လာခဲ့၏။ 


ကျောက်ထုံ အပြင်ဘက်မှာ သတိကြီးကြီနှင့် မတ်တပ်ရပ်နေခဲ့သည်။ သူ့တာဝန်က ထန့်ရှန်နှင့်ထန့်ယွင်၏လုံခြုံရေးကို ကာကွယ်ရန်ဖြစ်၏။ သူမပေါ့ဆဝံ့ပါချေ။ ထိုအချိန်၌ ထန့်ယွင်ထွက်လာသည်ကို သူမြင်လိုက်ရပြီး သူ အမှားများကိုပြင်ဆင်ချင်သော်လည်း တကယ်ကို ရှက်နေမိသည်။


ကျောက်ထုံလျှောက်လာသည်နှင့် ထန့်ယွင်၏ "သတိထား"ဟု ရုတ်တရတ်ထအော်သံကိုကြားလိုက်ရပြီး အေးစက်စက်မြှားတစ်စင်းက ပစ်ခွင်းလာ၏။ ကျောက်ထုံ  ထန့်ယွင်က သူ့နောက်မှာရပ်နေသည်ကို တွေးရုံတွေးမိပြီး ရှောင်လိုက်သည်။ ထန့်ယွင် မြှားကို ရှောင်ရန် ကိုယ်ကို ရွှေ့လိုက်​စဥ်တွင် တိုင်နှင့်စောင့်မိသွားပြီး မြှားကသူ့လက်မောင်းကို ထိမှန်လာ၏။


ထိုအချိန်တွင် မင်မြစ်ထဲတွင် လှေငယ်တစ်​စီး ရှိနေသည်ကို လူတိုင်းမြင်လိုက်ကြရသည်။ မြူထူတွေကြောင့် လှေလှော်နေသည်ကို သတိထားမိရန် ခက်ခဲလေ၏။ ကျောက်ထုံက ငယ်ရွယ်ပြီး သွေးကြွသောကြောင့် တစ်ယောက်ယောက် ဒဏ်ရာရသွားသည်ကိုမြင်လျှင် သဘာဝအတိုင်း  အလျော့ မပေးချင်ပေ။ ထန့်ယွင်က သူ့ကိုပြေးပြီး အတင်းဆွဲသည်။ သူတို့ကိုယ်သူတို့ လှေဝမ်းထဲသို့ အတူတူ ဝပ်လျားပစ်ထိုးကာ တခြား အေးစက်စက်မြှားတစ်စင်းကို ရှောင်တိမ်းလိုက်၏။ 


အရေပြားဒဏ်ရာ သေးသေးလေးသာဖြစ်ပြီး အရေပြားအနည်းငယ်သာ ခြစ်မိသွား သော်လည်း ထန့်ယွင် သူ့ခန္ဓာကိုယ်က ပို၍လေးလံလာပြီး မူးဝေလာသလိုခံစားရသည်။ ခေါင်းကို သူ့အားထိမှန်သွားသည့် မြှားကျသောနေရာကို လှည့်လိုက်ရာတွင့် မြှားထိပ်က အဆိပ်လူးထားမှန်း တန်းသိလိုက်၏။


ကျောက်ထုံက သူ့ကို တစ်စုံတစ်ရာအော်ပြောနေပြီး သူကြားရသော်လည်း ထိုနေရာမှာပင် မူးဝေမိန်းမောကာ လဲလျောင်းနေရင်း စကားလုံးများကို နားမလည်နိုင်တော့ပေ။ သူ သတိလစ်သွားပုံပင်။


ထန့်ရှန်လည်း ပွက်လောရိုက်နေသည်ကို ကြားရသဖြင့် ချက်ချင်းထွက်လာသည်။  လှေဝမ်းထဲ၌ ဝတ်ရုံလက်ပေါ်မှာ သွေးများစွန်းပေလျက်ရှိသော ထန့်ယွင်ကိုမြင်လိုက်ရပြီး သူစိုးရိမ်တကြီး သူ့(ယွင်) ဘေးနားသို့ အပြေးသွားလိုက်၏။ ကံမကောင်းစွာနှင့် ထန့်ယွင်က ဆက်မထိန်းနိုင်တော့ဘဲ နောက်ဆုံးတွင် လှေဝမ်းထဲ၌ လဲကျကာ သတိလစ်နေသည်။ 


သံတမန် သွားရောက်ကြိုခဲ့သည့် ပုဂ္ဂိုလ်က ဒဏ်ရာရကာ 

မေ့မျောနေပြီး လဲလျောင်းလျက်ရောက်ရှိလာမည်ဟု ရွှယ်ကျွင်းလျန်မမျှော်လင့်ထားခဲ့ပေ။ သံတမန်က တော်ဝင်သမားတော်ကို သူတို့နှင့်အတူတူခေါ်မသွားခဲ့ချေ။ ထန့်ယွင်ကို ဒေသခံသမားတော်များက ကြည့်ပေးပြီးပြီဖြစ်သော်လည်း အဆိပ်မြှားကနေရသည့် ဒဏ်ရာက အလွန်အဆိပ်ပြင်းနေ၏။ ထန့်ယွင်၏သွေးများ အလျင်အမြန်အဆိပ်တက်သွားခဲ့ပြီး နဂို၌က အားနည်းလွန်းနေသော သူ့ခန္ဓာကိုယ်ကြောင့် သတိလစ်သွားခြင်းဖြစ်လေသည်။


ရွှယ်ကျွင်းလျန်က တစ်ယောက်ယောက်အား ထန့်ယွင်ကို နန်းတော်ထဲ တိုက်ရိုက်ခေါ်လာရန် အမိန့်ပေးလိုက်၏။ အချို့လူများ တော်ဝင်ကျင့်ဝတ်များနှင့်ဆန့်ကျင်နေပြီး ခွင့်ပြုမထားသဖြင့် ထိုသို့မလုပ်ရန် သူ့ကို ဖြောင့်ဖြကြသော်လည်း ရွှယ်ကျွင်းလျန်က လက်မခံပေ။


" သူက ကုရဲ့ ပထမဆုံးနဲ့အရေးကြီးဆုံး ဟွမ်ကွေ့ဖေးပဲ... ဒါပေမဲ့ ဒီတိုင်းပြည်ရဲ့ ဗိုလ်ချုပ်တွေနဲ့အရာရှိတွေအကုန်လုံးက သူ့ထက်ညံ့ဖျင်းကြတဲ့အတွက် စစ်တပ်ထဲဝင်ပြီး သူ့အသက်ကို စစ်မြေပြင်မှာစွန့်စားခိုင်းခံခဲ့ရတယ်"


လူတိုင်း ပြောစရာစကားမဲ့သွားကြ၏။


xxxxxx