အပိုင်း ၁၀၈
Viewers 13k

Chapter 108


ကျန်းယွီပြန်ရောက်လာသောအခါ ရွှယ်ကျွင်းလျန်းက လျှောက်လွှာကို ကိုင်နေဆဲဖြစ်ပြီး တစ်ခုခုကို စဥ်းစားနေပုံရသည်။ 


ကျန်းယွီ ချောင်းဟန့်ကာ ဆိုလိုက်၏။

"အရှင်မင်းကြီး... လျှောက်လွှာက ဇောက်ထိုးဖြစ်နေပါတယ်"


ထိုမှသာ ရွှယ်ကျွင်းလျန် လက်ရှိကိုပြန်ရောက်လာပြီး သူ့လက်ထဲကလျှောက်လွှာကို တစ်ချက်ကြည့်ကာ ၎င်းနောက် ကျန်းယွီကို တစ်ချက်ကြည့်ပြီး ခပ်တိုးတိုးဆိုလေ၏။

"ထန့်ယင်းကို ပြန်လိုက်ပို့ခဲ့လား"


သူမပြောသင့်သည့် တစ်စုံတစ်ခုကို ပြောမိလိုက်မှန်း ကျန်းယွီ ချက်ချင်းသိသွားပြီး တောင်းတောင်းပန်ပန်ပြုံးကာ ဖြင့်

"အရှင်မင်းကြီးကို ဖြေကြားပါတယ်...ဟုတ်ကဲ့"


ရွှယ်ကျွင်းလျန် လျှောက်လွှာတွေကို ဘေးပစ်ကာ ပြောလိုက်သည်။

" တစ်ယောက်ယောက်ကို ကုဘေးမှာထားချင်ရင်... ကုဘာလုပ်သင့်တယ်လို့ မောင်မင်းထင်လဲ"

 


ကျန်းယွီက အနည်းငယ်တုံ့ဆိုင်းနေပြီးလျှောက်တင်လာ၏။

"အရှင်မင်းကြီး...... အရှင်မင်းကြီးက နယ်စားမင်းထန့်နန်အကြောင်းကို ပြောနေတာဖြစ်ပါလိမ့်မယ်...နယ်စားမင်းက စစ်ပွဲကိုသွားတဲ့အချိန်မှာ ထန့်ဖေးဖြစ်နေပြီးပါပြီ...အခုသူပြန်ရောက်လာတော့ သူကထန့်ဖေးဖြစ်နေဆဲပါပဲ"


ရွှယ်ကျွင်းလျန်က ကျန်းယွီကို နောက်ထပ်တစ်ခါ စောင်းကြည့်ပြီး​ပြောသည်။


"ကုက ဒါကို  အတည်ပြုဖို မောင်မင်းကိုလိုသေးလား"


ကျန်းယွီ ချက်ချင်း ဒူးထောက်ကာ ဝပ်တွားရင်းလျှောက်တင်လိုက်၏။


"ဒီကျွန်အိုကြီးက တုံးအပါတယ်...ဒီကျွန်အိုကြီး သူ့အပြစ် သူသိပါတယ်ဘုရား"


ရွှယ်ကျွင်းလျန်က ဘာမှဆက်မပြောပေ။ သူက ကျန်းယွီကိုသာ ထခိုင်းလိုက်ပြီး ၎င်းနောက် လျှောက်လွှာကို ကောက်ကိုင်ပြီး ကြည့်လေသည်။ ခဏအကြာတွင် သူဖတ်ရမည့်လျှောက်လွှာက ဇောက်ထိုး ဖြစ်နေပြန်ကြောင်းတွေ့သွား၏။ 


ရွှယ်ကျွင်းလျန်၏နှလုံးသားကား ရှုပ်ထွေးနေသည်။

ယခုတွင် ထန့်ယင်းက တကယ်တော့ ထန့်ယွင်ဖြစ်ကြောင်း သူသိသွားသဖြင့် သူအနှီပုဂ္ဂိုလ်အား လက်မလွှတ်နိုင်တော့ပေ။ တစ်ခါတုန်းက ထန့်ယွင်က သူ့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခုဖြစ်ခဲ့သော်ငြား ယခု ဤလူကိုသူနှလုံးသားနှင့်အနီးကပ်ဆုံးလူတစ်ယောက်အဖြစ် တန်ဖိုးထားကာ ဂရုစိုက်တတ်လာခဲ့သည်။ သူ ရုတ်တရက်ကြီး ထန့်ယွင်ကို သူ့ဘေးမှာချုပ်နှောင်ထားရန် ဤနည်းလမ်းကို အသုံးမပြုချင်တော့ပေ။


ထန့်ယွင်ကို သူ့ဘေးမှာနေခိုင်းရန်အလို့ငှာ ပိုကောင်းသည့်နည်းလမ်းကို ရွှယ်ကျွင်းလျန် မစဥ်းစားနိုင်သဖြင့် လောလောဆယ်အတွက် သူ့ကို အားပြန်ဖြည့်ခိုင်းလိုက်သည်။ သို့ရာတွင် ခုနက ထန့်ယွင်၏သတိထားနေသော မျက်လုံးများကို  အမှတ်ရသွားသောအခါ ရွှယ်ကျွင်းလျန် ရုတ်ချည်း ခေါင်းကိုက်လာပြီး နဖူးကိုသာ ဖိပွတ်မိတော့၏။


ထန့်ယွင် ယွင်ဖုန့်နန်းဆောင်ကို ပြန်ရောက်သွားသည်။ အစောပိုင်း သူစစ်တိုက်ထွက်စဥ်ကထက် အများကြီးပိုပြီး ခမ်းနားတင့်တယ်နေ၏။ အလုံးစုံ ဆောက်ပြီးလုနီးပါးဖြစ်နေလေပြီ။ နန်းတွင်းအမှုထမ်းများမရှိသော်ငြား ပရိဘောဂများက သန့်ရှင်းတောက်ပြောင်နေသည်။


ထန့်ယွင်က အခန်းတစ်ခန်း ခဏယူနေခြင်းသာဖြစ်သော်လည်း ထန့်ယွင်ကို ဤနန်းဆောင်မှာ ခဏနေခိုင်းစဥ်က ရွှယ်ဝမ်၏ဆိုလိုရင်းဟာ သိပ်မရှင်းလင်းသဖြင့် ကျန်းယွီ အကြောင်းပြချက်တွေကို ထင်ကြေးမပေးရဲပါချေ။ သူ ယွင်ဖုန့်နန်းဆောင်ဆီသို့ အခြွေအရံနှစ်ဦးသာပို့ပေးလိုက်၏။


  ထန့်ယွင်က ဒဏ်ရာရထားပြီး ပြုစုရန် လိုနေသေးသည်မဟုတ်ပါလော။


ထန့်ယွင် အစာစားချင်စိတ်မရှိဘဲနိုးလာသော်ငြား သူ့အနေဖြင့် ရက်အနည်းငယ်သတိလစ်နေခဲ့ပြီး အားနည်းနေသည်ဖြစ်ရာ အစာပုံမှန်မစားရသေးပါချေ။ ယခုတွင် သူ့ဗိုက်က ဆိုးဆိုးရွားရွား ပူလောင်နေလွန်း၍ သူ့မှာ အစားစားရုံကလွဲပြီး ရွေးချယ်စရာမရှိပေ။ သူ အခြွေအရံများကို အစားအသောက်တချို့ယူလာရန်တောင်းဆိုမည့်ကြံခါရှိရုံမျှတွင် ကျန်းယွီက တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်လေသည်။


ရွှယ်ဝမ်က စိတ်အာရုံပျံ့လွန့်လွန်း၍ လျှောက်လွှာကို ဇောက်ထိုးဖတ်မိနေသည်အထိဖြစ်သည့်အတွက် ထန့်ယွင်က အလွန်ထူးခြားသောသူဖြစ်ကြောင်း ကျန်းယွီနားလည်သဖြင့် သူ ဂရုမစိုက်ဘဲမနေရဲပါချေ။ သူက အခြွေအရံများစွာနှင့် နန်းတွင်းအမှုထမ်းများစွာကို ပို့လိုက်ပြီး စားဖိုဆောင်ကို ပေါ့ပေါ့ပါးပါးနှင့် အာဟာရဖြစ်စေမည့် ဟင်းအမယ်တချို့အထူးတလည်ချက်ပို့ခိုင်းစေ၏။


နောက်ကျနေပြီဖြစ်ရာ အလုတ်အနည်းငယ်မျှသာစားပြီးနောက် ထန့်ယွင် အိပ်ရာဝင်လိုက်သည်။ နောက်တစ်နေ့ သူနိုးလာချိန်တွင် မွန်းတည့်လုနီးပါးဖြစ်နေလေပြီ။


သူနိုးလာသည်ကို မြင်သောအခါ နန်းတွင်းအစေခံက သူကို ကိုယ်လက်သန့်စင်ရန် ကူညီပေးပြီး ရွှယ်ဝမ်က နယ်စားမင်းကိုမနှိုးခိုင်းထားခြင်းဖြစ်ကြောင်းပြောလေ၏။


ထန့်ယွင်အံ့အားသင့်ပြီး မယုံနိုင်လောက်အောင်ဖြစ်သွား၏။ သူက ဒီတစ်ခါ ကြီးကြီးမားမား ပံ့ပိုးကူညီမှုတွေလုပ်ထားလို့ရွယ်ဝမ်က သူ့ကိုရုံးတော်ထဲမှာ ရာထူးတစ်နေရာစာပေးဖို့ စီစဥ်ခဲ့တာလား...ဒါမှမဟုတ် ရွှယ်ဝမ်က သူ့ကိုလျို့ဝှက်ကြံစည်နေတာများလား...


ထန့်ယွင် ထိုအကြောင်းစဥ်းစားပြီး သူ့ကို ရာထူးတစ်နေရာပေးသည်က အမှန်ပင် ဖြစ်နိုင်ကြောင်းခံစားရသည်။ နောက်ဆုံး၌ ရွှယ်ကျွင်းလျန်က အမြဲလိုလို အရည်အချင်းရှိသည့်သူများကို ရှာဖွေနေခဲ့သည်ပင်။ သို့ရာတွင် ရွှယ်ကျွင်းလျန်က သူ၏လူတွေကို သံသကင်းကင်းနှင့် အလုပ်ခန်သည့် နည်းဗျူဟာပြီးသည့်နောက်  အမြဲတမ်း လွတ်လမ်းတစ်ခုချန်ထားခဲ့၏။ 

ကိုယ်လက်သန့်စင်၍ အဝတ်အစားများကို သပ်သပ်ရပ်ရပ်လုပ်ပြီးနောက် ထန့်ယွင် သွားရန်အဆင်သင့်ဖြစ်နေပြီဖြစ်ကာ ရွှယ်ဝမ်ကိုဂါရဝပြုပြီး ၎င်းနောက် နန်းတော်ထဲကနေ ထွက်ခွာရန်ဦးတည်ခဲ့လေ သည်။ သူက နယ်စားမင်း တစ်ယောက် ဖြစ်ကာ သူ၏နေအိမ်တော်ကလည်း တားမြစ်နန်းဆောင်ထဲတွင်မဟုတ်ပါလေ။ 


ထန့်ယွင် ပင်မဆောင်ကနေထွက်ရုံမျှရှိပြီး ယွင်ဖုန့်နန်းဆောင်ကနေပင် မထွက်ရသေးခင်တွင် အဝေးမှ ရွှယ်ကျွင်းလျန် သူ့ဆီလာနေသည်ကို မြင်လိုက်ရ၏။ 


ထိုအမျိုးသားဟာ သူ၏တော်ဝင်ညီလာခံဝတ်ရုံကို မချွတ်ထားသဖြင့် အခုလေးတင်မှ မနက်ခင်းညီလာခံပြီးခဲ့ပုံရကာ သူ၏မြင့်မားခန့်ညားလှသော ရုပ်သွင်ကိုပြသနေခဲ့သည်။ 

 

ထန့်ယွင် အလျင်အမြန် ဦးညွတ်ကာဖြင့် ခြေနှစ်လှမ်းဆက်တက်ကာ အရိုအသေပြုရန်အလို့ငှာ ဒူးထောက်တော့မည်လုပ်သော်လည်း ရွှယ်ကျွင်းလျန် ပြောလာသည်ကို ကြားလိုက်ရ၏။

"ထန့်ယင်းက ဒဏ်ရာရထားတာ...အရမ်းတွေ နည်းလမ်းတကျ လုပ်စရာမလိုပါဘူး...ကျန်းယွီ သူ့ကိုထူပေးလိုက်"


ကျန်းယွီ သဘောတူကြောင်းပြန်ဖြေကာ သွားလိုက်သည်။ ထန့်ယွင်အနေဖြင့် ဒူးထောက်ပြီး အရိုအသေးပြုရန် နည်းနည်းမှအချိန်မရလိုက်သဖြင့် သူ(ယွီ) သူ့ကို နည်းနည်းသာထူမပေးလိုက်ရ၏။ 


ရွှယ်ကျွင်းလျန်က ပြုံးပြုံးရွှင်ရွှင် မေးလေသည်။

"ထန့်ယင်း အခုမှ ထလာတာလား"

သူ့မျက်နှာထက်ကအပြုံးကို မြင်လျှင် ရွှယ်ကျွင်းလျန်က  အိပ်ရာထဲမှာနေသည့်အတွက် သူ့ကိုရယ်နေသည်ဟုထင်သွားသည့်အတွက် ပြန်ပြောလိုက်၏။

"မှန်ပါ...ဒီနိမ့်ကျတဲ့ဝန်မင်းက ရိုင်းစိုင်းပါတယ်"


ရွှယ်ကျွင်းလျန်ဆိုလိုသည်က ထိုကဲ့သို့လုံးဝမဟုတ်ပါပေ။ ထန့်ယွင်အားနည်းနေပြီး အနားပိုယူခြင်းက ကောင်းသည့်အရာဖြစ်ကြောင်းသူသိသည်ပင်။ 

"မနက်စားစားဖို့ အချိန်ရလိုက်တယ်မထင်ဘူး"


ထန့်ယွင် ခဏရပ်ကာ ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ "

108.2


"ကောင်းတာပေါ့...ကုလည်း လျူကျင်းနန်းဆောင်ကိုသွားချင်နေတာ"

ထန့်ယွင်အေးခဲသွားပြီး ယနေ့က လ၏15ရက်မြှောက်နေဖြစ်ကြောင်း ရုတ်တရက် သတိရသွား၏။ လတစ်လ၏15ရက်မြှောက်နေ့တိုင်း ရွှယ်ကျွင်းလျန်ဟာ လျူကျင်းနန်းဆောင်ကိုသွား၍ မင်းသားငယ်လေး၏ စာပေသင်ယူမှုကိုကြီးကြပ်ပြီး နေလည်စာအတူစားရန်နေမှာဖြစ်လေသည်။ 


ရွှယ်ကျွင်းလျန်က နိုင်ငံရေးကိစ္စများနှင့် အလုပ်ရှုပ်နေသော်ငြား သူဟာ ဘယ်တုန်းကမှ ရွှယ်ဖေကို လျစ်လျူမရှုခဲ့ပေ။သူ၏ ရွှယ်ဖေအပေါ်မျှော်မှန်းချက်များက အလွန်မြင့်မား၏။  ရွှယ်တိုင်းပြည်မှာ ဤအိမ်ရှေ့စံတစ်ပါးတည်းသာ ရှိသည်ပင်။ ကံကောင်းထောက်မစွာဖြင့် ရွှယ်ဖေ ဆိုးသော်လည်း ခေါင်းမမာပါချေ။ သူက ထက်မြက်ပြီး စာကြိုးစားလေသည်။


အဘယ်ကြောင့် သက်ဦးဆံပိုင် အုပ်ချုပ်သူတစ်ယောက်က မျိုးရိုးနာမည်မတူသည့် ဝန်မင်းတစ်ဦးကို မင်းသား၏နန်းဆောင်သို့ သင်ယူမှုကိုကြီးကြပ်ရန်ခေါ်သွားမှန်း ထန့်ယွင်နားမလည်နိုင်ပေ။ အခြေအနေကိုကြည့်ရသည်မှာ သူ တကယ်ကို နေ့လည်စာအတူတူစားရတော့မည်ပင်။


ရွှယ်ကျွင်းလျန် သူ့ကို ငြင်းဆန်ရန်အခွင့်အရေးမပေးချေ။ သူက ထန့်ယွင်ကို လျူကျင်းနန်းဆောင်ဆီသို့ သူနှင့်အတူ ဝေါယာဥ်ထဲမှာ လိုက်ခိုင်းလေသည်။


အပေါ်ယံတွင် မင်းသားငယ်လေးက ရွှယ်ဝမ့်ကိုကြောက်ရွံ့ပုံရ၏။ သို့ပေမဲ့ နောက်ဆုံးမှာတော့ သူလည်း သူခမည်းတော် သူ့ကို မကြာခဏ လာကြည့်ရန်မျှော်လင့်မိသည်ပင်။ သူ့ခမည်းတော်က သူဘာစာပေတွေကို သင်ပြီးသလဲ၊ ဘာစာအုပ်တွေဖတ်ပြီးသလဲနှင့် ဘာတွေရေးတတ်ပြီလဲတို့ကိုသာ မေးလျှင်တောင်မှ အဆင်ပြေပေသည်။


သူဟာ နန်းဆောင်အဝင်ဝမှာ အစောကြီးကတည်းက ဒူးထောက်ရင်း ရွှယ်ကျွင်းလျန်အလာကိုစောင့်နေခဲ့၏။ မျှော်လင့်ထားသလို ရွှယ်ဝမ်ကလာသော်ငြား တခြားလူတစ်ယောက် ကိုပါ သူနှင့်အတူခေါ်ခဲ့လေသည်။


ရွှယ်ဖေ မျက်လုံးပင့်ကာဖြင့် လူသစ်ကိုတစ်ချက်ကြည့်လိုက်ရာတွင် သူ့မျက်နှာက တန်းပြီးမည်းမှောင်သွား၏။

ဘေးမှာ ဒူးထောက်နေသော ချန်ယီက မင်းသား မျက်နှာ သိပ်မကောင်းကြောင်း တွေ့သဖြင့် ရွှယ်ဖေကို တိတ်တဆိတ် လက်မောင်းနှင့်တို့လိုက်သည်။ မင်းသားငယ်လေးဟာဖြင့် သူ့အမူအရာကိုထိန်းရန် ကြိုးစားသော်လည်း မြင်မကောင်းနေဆဲပင်။


မင်းသားငယ်လေးနှင့် ဧကရီတို့ကြားရှိ ဆက်ဆံရေးက အလွန်ကောင်းမွန်သည်ဖြစ်ရာ ရွှယ်ဖေ၏ ထန့်ယင်းအပေါ်အမြင်က သိပ်မကောင်းလှပေ။


 မှန်သည်ပင်၊ ဧကရာဇ်တစ်ပါးဖြစ်ရသည်မှာ မလွယ်ကူမှန်းသူသိပါ၏။ လူတစ်ယောက်ကို သတ်ချင်ရုံနှင့်မရပေ။ အများပြည်သူတွေ၏ ယေဘုယျ ဦးတည်ရာနှင့် ယေဘုယျအမြင်အပေါ် မူတည်ရလေသည်။ သို့ပေမဲ့ ရွှယ်ဖေ၏စိတ်ခံစားချက်သည်ကား ထိန်းချုပ်၍မရနိုင်စမြဲပင်။


အထူးသဖြင့် သူ့ခမည်းတော်က ထိုလူ့ကို အမျိုးသားကြင်ယာတော်အဖြစ် လက်ထပ်ယူရမည့်အကြောင်းကိုကြားချိန်တွင် ရွှယ်ဖေ လျူကျင်းနန်းဆောင်တစ်ခုလုံး ဖျက်စီးပစ်လုနီးပါးဖြစ်ခဲ့၏။ ၎င်းနောက် ချန်ယီက သူ့ကိုအကြံကောင်းပေးလာပြီး အိမ်ရှေ့စံ၏ဒေါသကို တည်ငြိမ်သွားစေရန် အကျိုးအပြစ်များကို ခွဲ ခြမ်းစိတ်ဖြာပြခဲ့သည်။


ရွှယ်ဖေ၏ နာကျည်းမှုကိုပို၍ပင် မီးရှို့တောက်လောင်စေသည်ကား ရွှယ်ကျွင်းလျန်က ယွင်ဖုန့်နန်းဆောင်ကို ပြန်လည်တည်ဆောက်ခဲ့သော်လည်း အနှီမျက်နှာထက်မှာ အမာရွတ်အပြည့်နှင့်လူကို ထိုထဲမှာ နေခိုင်းခဲ့ခြင်းပင်။ ရှေးရှေးကတည်းက ရွှယ်တိုင်းပြည်၏ယွင်ဖုန့်နန်းဆောင်ဟာ ဧကရီတိုင်းနေထိုင်ခဲ့သည့်နေရာဖြစ်ပြီး အမျိုးသားအချစ်တော်တစ်ယောက်က အဘယ်သို့ ထိုနေရာမှာ နေ၍ရနိုင်ပါမည်နည်း။

ရွှယ်ကျွင်းလျန် ဝေါယာဥ်ပေါ်က ဆင်းကာ ထန့်ယွင်ကို အောက်ဆင်းရန်ကူညီပေးဖို့ရာ လက်ကမ်းပေးလိုက်၏။ ထန့်ယွင်မှာ သတ္တိရှိသည်ဆိုလျှင်ပင် ဧကရာဇ်ကိုတော့ တကယ်ကြီး သူ့ကိုကူညီခိုင်း၍မဖြစ်ပါလေ။ ကျန်းယွီက ပိုင်းခြားသိမြင်နိုင်သည့် မျက်လုံးရှိလေရာ ချက်ချင်း ထန့်ယွင်ကို ပြေးကူချပေးလိုက်သည်။


ထန့်ယွင်၏ညာလက်က သိသိသာသာ မရောင်တော့သော်လည်း သွေးများခဲနေသဖြင့် အာရုံခံစားမှုကပြန်မရသေးပေ။ ထို့ကြောင့် မလှုပ်ရှားနိုင်သလို အားလည်းမစိုက်နိုင်ပါချေ။


ရွှယ်ကျွင်းလျန် ဘေးကကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်၏။ ကျန်းယွီ၏အသက်အရွယ်အိုအိုကြီးကို သူစိတ်မချပေ။ သူ ပြုတ်ကျသွားရင်ဘယ်လိုလုပ်မလဲ...

ထို့ကြောင့် သူကျန်းယွီကိုပြန်ဆုတ်ရန် လက်ဝှေ့ယမ်းပြပြီး ထန့်ယွင်ကို သူ့ဘာသူကူညီလိုက်သည်။

 

မင်းသားငယ်လေ၏မျက်လုံးထဲတွင် ဤမြင်ကွင်းက အကြင်နာမေတ္တာတွေဖော်ပြနေသလိုဖြစ်သဖြင့် ရွှယ်ဖေ၏မျက်နှာကို ပို၍ပင် မည်းမှောင်သွားစေ၏။


ရွှယ်ဖေကိုမြင်လိုက်ရသောအခါ ထန့်ယွင်၏နှလုံးသားကား လွန်စွာစိတ်လှုပ်ရှားသွားခဲ့သည်။မင်းသား၏ အသက်ဟာ ကလေးဘဝကို ဖြတ်ကျော်၍ ကြီးကောင်ဝင်ခါနီးပြီးဖြစ်ကာ အရွှယ်ရောက်လာမှုက သူ့၏ ရုပ်သွင်ကို ပိုပိုကာ ပြတ်သားထင်ရှားလာစေခဲ့၏။


သို့ရာတွင် နှစ်ယောက်သား မျက်လုံးချင်းစုံမိသောအခါ ရွှယ်ဖေက ထန့်ယွင်ကို စူးစူးရဲရဲစိုက်ကြည့်လာသည်။ မင်းသား၏မျက်လုံးထဲမှာ သူ့အပေါ်အမြင်ကောင်းမရှိတော့ကြောင်း ထန့်ယွင်တန်းပြီး နားလည်သွား၏။ 


ရွှယ်ကျွင်းလျန်နှင့်ထန့်ယွင်တို့က ရှေ့ရှိ ခန်းမဆောင်တံခါးထဲဝင်သွားကြသည်။ ချန်ယီ အသံကိုနိမ့်ကာပြောလိုက်၏။

"အိမ်ရှေ့စံ ဘာလုပ်နေတာပါလဲ"


ရွှယ်ဖေက သူ့ဝတ်ရုံလက်ကိုယမ်းကာ တမင်တကာ ခြေလှမ်းအနည်းငယ် နောက်ချန်နေပြီး အသံကိုနိမ့်ကာဖြင့်ပင် ပြန်ပြောလာသည်။


"တော်ဝင်ဆရာ ကျွန်တော့်ကိုဖြောင့်ဖြစရာမလိုပါဘူး...ဘယ်အချိန်မှာဘာပြောရမယ်ကို ကျွန်တော်သိပါတယ်"


ချန်ယီ ရုတ်ချည်း အင်အားမဲ့သွားသလို ခံစားရပြီး

သူ့ကိုယ်သူ တွေးလိုက်၏။

'သိတယ်ဆိုရင်လည်း ဘာလို့လူတွေကိုထကိုက်တော့မဲ့အတိုင်း ဒေါသထွက်နေရတာလဲ'


ခန်းမဆောင်နဲ့ဝင်ပြီးနောက် ရွှယ်ကျွင်းလျန်က အရင်ဆုံး ရွှယ်ဖေကို သူ၏လတ်တလောသင်ယူမှုများအကြောင်းမေးလေသည်။


ချန်ယီ ဒူးထောက်ကာ အကြောင်းစုံ အစီရင်ခံလိုက်၏။

သူက သူ၏အရာရှိခေါင်းဆောင်းကို လက်နှစ်ဖက်လုံးဖြင့် ချွတ်ကာ ​ကြမ်းပြင်ပေါ်ချလိုက်သည်။ ဝပ်တွားအရိုအသေပြုပြီးနောက် သူ့အရာရှိခေါင်းဆောင်းကိုပြန်ဝတ်လေ၏။ ဤသည်က ဝန်မင်းများ၏ ခွင့်လွတ်မှုတောင်းခံခြင်းဖြစ်ပေသည်။


ချန်ယီကပြော၏။

"အရှင်မင်းသားက ထက်မြက်ပြီး ကြိုးစားပါတယ် နောက်နှစ်ကျရင် ဒီနိမ့်ကျတဲ့ဝန်မင်းက ဘာမှသင်စရာမရှိတော့မှာကို စိုးရိမ်မိပါတယ် "


သူ့စကားထဲတွင် အမှန်တွေရော၊အမှားတွေရောအများကြီးပါလေသည်။ သဘာဝအတိုင်း အမှန်အကန်များသာမက ချန်ယိ၏ချဲ့ကားပြောဆိုမှုများလည်း ပါပေ၏။ မှန်သည်ပင် ၊ ရွှယ်ကျွင်းလျန်အနေဖြင့် တခြားသူတွေ သူ့သားတော်ကို အမွှန်းတင်နေခြင်းအား နားထောင်ရန် ဆန္ဒရှိသဖြင့် အကဲဖြတ်မှုအဖြစ် မေးခွန်းအနည်းငယ်ကို သာမန်ကာလျှံကာ မေးခဲ့ပြီး ရွှယ်ဖေကလည်း အင်မတန် ကျွမ်းကျင်ပြောက်မြောက်စွာပြန်ဖြေလေသည်။


xxxxxx