Chapter 109
ရွှယ်ဖေ၏အတွင်းစိတ်မှာ ကလေးသာရှိသေး၏။ သူကောင်းကောင်း ဖြေနိုင်သည်ကိုတွေ့ရာတွင် ရွှယ်ကျွင်းလျန်က သူ့ကိုစကားလုံးအနည်းငယ်ဖြင့် ချီးကျူးလိုက်သည်နှင့် ရွှယ်ဖေ ခုနက မပျော်ရွှင်မှုများကိုမေ့သွားပြီး တဖန်ပြန်ပျော်လာသည်။ ချန်ယီ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းမှုတ်ထုတ်လိုက်၏။
စာသင်ချိန်ပြီးသွားသောအခါ ရွှယ်ကျွင်းလျန်က စားတော်ပွဲပြင်ဆင်ရန်အမိန့်ပေးလေသည်။ ထန့်ယွင်က ထွက်မသွားသေးဘဲ သူနှင့်အတူတူစားချင်နေပုံရသည်ကို ရွှယ်ဖေတွေ့သဖြင့် ရုတ်တရက် ထပြောလိုက်၏။
"ဖခမည်းတော်... တော်ဝင်ဆရာချန်က ဒီသားတော်ရဲ့ဆရာပါ...အကြီးဆုံးလို့လည်းပြောလို့ရတယ်...ကျွန်တော် တော်ဝင်ဆရာ့ကို ကျွန်တော်တို့နဲ့အတူတူစားဖို့ ဖိတ်ခေါ်လို့ရမလား"
ရွှယ်ကျွင်းလျန် ရွှယ်ဖေ့ကို ဖျတ်ခနဲ တစ်ချက်ကြည့်ရုံကြည့်လိုက်ပြီး ပြုံးပြုံးရွှင်ရွှင် ဆိုလိုက်သည်။
"ဖေအာက စည်းမျဥ်းတွေကျင့်ဝတ်တွေကို ပိုပိုပြီး သိတတ်လာတယ်...တော်ဝင်ဆရာရဲ့ ကောင်းမွန်တဲ့ ညွှန်ကြားပြသမှုကိုကျေးဇူးတင်ရမှာပဲ...ဖေအာက အဆိုပြုပြီးနေပြီဆိုမှတော့ တော်ဝင်ဆရာ ညစာအထိ နေလို့ရပါတယ်"
ချန်ယီ သူဒီနေအလွန်ကံဆိုးနေသည်ဟု ထင်မိ၏။ မျှော်လင့်မထားစွာဖြင့် သူက ဤသို့သောအရေးကိစ္စမျိူးထဲကို ပြေးဝင်မိသွားခဲ့လေသည်။ သူရှောင်ထွက်၍ရပါသော်လည်း အကြောင်းပြချက်မရှိအထဲကို ဆွဲသွင်းခံလိုက်ရ၏။
.
သာမန်မိသားစုလက်စုံစားပွဲတစ်ခုဖြစ်သော်လည်း ဟင်းက တကယ်ကိုထူးဆန်းလေသည်။ ထန့်ယွင်၏ညာလက်က အားနည်းနေသဖြင့် တူမကိုင်နိုင်ချေ။ သူ့အနေဖြင့် ဂျုံယာဂုကိုသာသောက်နိုင်သောကြောင့် အသီးအရွက်တွေယူစရာမလိုပေ။
၎င်းကို ရွှယ်ကျွင်းလျန် မြင်သောအခါ အရံဟင်းလျာများကို ကိုယ်တိုင်ယူပြီး သူ့(ယွင်) တူ ပေါ်မှာတင်ပေးလေ ၏။ ထန့်ယွင် တစ်ဖက်လူ၏ပြုံးနေသော အမူအရာကိုမြင်ပြီး ရုတ်တရက် စိတ်ထဲမှာအတွေးတစ်ခုပေါ်လာသည်။ ကံကောင်းစွာဖြင့် သူ(လျန်) က ဟင်းကို သူ့ပါးစပ်ထဲတိုက်ရိုက်ခွံ့မကျွေးလာပေ။ ထိုဟာကပင် သူ၏ကြင်နာမှုဖြစ်နေလေပြီ။
သိသိသာသာပဲ ရွှယ်ကျွင်းလျန်၏လုပ်ဆောင်ချက်က ညင်သာနူးညံ့ပြီး တွေးပေးသည်ဟု ထန့်ယွင်မခံစားရပေ။ ထန့်ယွင် သူ့ကိုအလွန်သတိထားနေရသည်အကြောင်းရင်းသည်ကား ရွှယ်ကျွင်းလျန်က သူ့အပေါ်လှည့်ကွက်တချို့ကစားတော့မည်ဟု ထင်မိသောကြောင့်ပင်။
မင်းသားငယ်လေး သူ့ရှေ့ရှိ ရွှယ်ဝမ်က ထိုလူ့ကိုအရေးပေးနေသော မြင်ကွင်းကိုကြည့်ကာ သူ့နှလုံးသားထဲရှိ ဒေါသက ဆက်တိုက်မြင့်တက်လာ၏။ အနောက်နန်းဆောင်မှာကြီးပြင်းလာခဲ့သော်လည်း ရွှယ်ဖေသည် မောင်းမဆောင်ထဲက အလှလေးသုံးထောင်နှင့် ဓာတ်မတည့်ပေ။
ရွှယ်ဖေ့ သူ့ဒေါသကိုပြစရာ နေရာမရှိပေ။
ချန်ယီက သူ့ကို ဆက်တိုက်ဆိုသလို မျက်စိမှိတ်ပြနေရင်း သူ့ဒေါသကို ထိန်းချုပ်ပေး ရန်ကြိုးစားနေသည်။ ရွှယ်ဖေ ခြေထောက်ဆန့်ပြီး သူ့ကိုစားပွဲအောက်ကနေလှမ်းကန်လိုက်၏။ အရှင်မင်းသားက သူ့ကိုကန်လာလိမ့်မည်ဟု ချန်ယီ မမျှော်လင့်ထားပေ။ ထင်ထားသလိုပဲ မြှားဦးက သူ့ဘက်လှည့်လာသည်။ ဤကဲ့သိုသော ဧကရာဇ် ၊နယ်စားမင်း၊အိမ်ရှေ့မင်းသားတို့နှင့် စားသောက်ပွဲမျိုးမှာ အနှီဆရာငယ်လေးက အင်မတန် သနားစရာကောင်းလာခဲ့၏။
အမြဲတမ်း အစားအသောက်တွေပြည့်နေသော သူ့တူများကိုကြည့်ပြီး ဘာပြောရမလဲစဥ်းစားရင်း ထန့်ယွင်စိတ်တွေ ချာချာလည်သွားသည်။ ဒီနိမ့်ကျတဲ့ ဝန်မင်းက ဗိုက်ပြည့်နေပါပြီဟုလည်းပြော၍မရသလို ဘုရင်မင်းမြတ်ကို သူ၏ကြင်နာမှုအတွက် ကျေးဇူးတင်၍လည်းမရပေ။
ထန့်ယွင် လမ်းပျောက်နေစဥ်မှာပင် ရွှယ်ကျွင်းလျန်က ရုတ်တရက် ပြောလာ၏။
"ပင်ပန်းနေပြီလား... စိတ်အခြေအနေကောင်းပုံမရဘူး"
ထန့်ယွင် အမြန်ခေါင်းညိတ်ကာ ဟုတ်ကဲ့ဟုပြောလိုက်သည်။ ရွှယ်ကျွင်းလျန်က သဘောထားကြီးစွာဖြင့် လက်ဝှေ့ယမ်းပြပြီး စားသောက်ပွဲကို အဆုံးသတ်လိုက်၏။ ရွှယ်ကျွင်းလျန်က ထန့်ယွင်ကို ဒဏ်ရာပြန်ကောင်းလာရန်အတွက် ယွင်ဖုန့်နန်ဆောင်ထဲမှာနေစေချင်သော်လည်း
ထန့်ယွင်က မသင့်တော်ဟုဆိုသည်။ နောက်ဆုံးတွင် ရွှယ်ကျွင်းလျန်လည်း သူ့ကို ဖိအားမပေးတော့ဘဲ ကျန်းယွီအား သူ့ကို နန်းဆောင် အပြင်ဘက်လိုက်ပို့ရန်နှင့် တန်ဖိုးကြီးဆေးဝါးပစ္စည်းများစွာ ချီးမြင့်ရန် အမိန့်ပေးလိုက်၏။
နောက်ဆုံးမှာ သူနန်းတော်ကထွက်သွားနိုင်သဖြင့် ထန့်ယွင် စိတ်သက်သာရာရပြီး သက်ပြင်းမှုတ်ထုတ်လိုက်သည်။ ရထားလုံးက အလွန်နူးညံ့ပြီး ချောမွေ့၏။ မမြန်သော်ငြား အင်မတန် သက်တောင့်သက်သာရှိလေသည်။ ထန့်ယွင်ကတော့ သေချာပေါက် ထိုဟာကို မတွေးမိပေ။ ရွှယ်ကျွင်းလျန် စဥ်းစဥ်းစားစားဖြင့် ကျန်းယွီကို အမိန့်ပေးလိုက်ခြင်းဖြစ်သည်။
———
ရွှယ်ဟုန်ယန် နေအိမ်တော်ကိုပြန်ရောက်သောအခါ ထန့်ရှန်က စာအုပ်တစ်အုပ်ကို ငေးစိုက်ကြည့်ရင်း အတွေးနစ်နေသည်ကိုမြင်လိုက်ရ၏။ သူဘာတွေးနေမှန် မသိသဖြင့်
ခေါ်လိုက်ရသည်။
"လူကြီးမင်း..."
ထန့်ရှန်က အသံကြောင့်လန့်သွားခဲ့ပြီး ပြောလေ၏။
"အရှင်နယ်စားမင်း ပြန်ရောက်ပြီပဲ"
ရွှယ်ဟုန်ယန်က ဆိုသည်။
"ဒီနေ့မနက်ခင်းညီလာခံက နောက်ကျမှပြီးတယ်လေ ...အဲ့ဒါပြီးတော့ ကျွန်တော် စစ်မက်ရေးရာဌာနကိုသွားခဲ့တာ...အခုပြန်ရောက်တာပဲ"
သူက ခဏရပ်ကာ ဆက်ပြော၏။
"ကျွန်တော်ပြန်လာတော့ နယ်စားမင်းထန့်နန်ရဲ့ ရထားလုံးကိုတွေ့လိုက်ရတယ်...ကြည့်ရတာ ဒဏ်ရာတွေကနေ နာလန်ထူဖို့ သူ့နေအိမ်တော်ကိုပြန်သွားပုံပဲ...လူကြီးမင်း မပူပါနဲ့... ခင်များသူ့ကိုတွေဖို့လောနေရင် နောက်ပိုင်းသွားလည်လို့ရပါတယ်"
ထန့်ရှန်ကမေးသည်။
"နယ်စားမင်းထန့်နန်ရဲ့ဒဏ်ရာက ကုပြီးပြီလား"
ရွှယ်ဟုန်ယန်က ခေါင်းညိတ်ကာ ဆို၏။
"မစိုးရိမ်ပါနဲ့ လူကြီးမင်း... တော်ဝင်ကုသရုံရဲ့ဝါရင့်သမားအိုတွေက တရားဝင်အစားအသောက်ကို မစားဘဲမနေပါဘူး...နယ်စားမင်း ထန့်နန်က အခုအကုန်အဆင်ပြေသွားပြီ...ရွှယ်ဝမ်ကသူ့ကို ပစ္စည်းတွေအများကြီးပေးခဲ့တယ်လို့ကျွန်တော်ကြားတယ်...တန်ဖိုးကြိး ဆေးဝါးပစ္စည်းတွေတော်တော်များတယ်တဲ့....."
သူပြောနေစဥ်မှာပင် ထန့်ရှန်က ရုတ်တရက် ထရယ်မောလာမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ရွှယ်ဟုန်ယန်ကပြောလိုက်သည်။
"လူကြီးမင်း... ကျွန်တော်ပြောတာ တစ်ခုခုထူးဆန်းလို့လား"
ထန့်ရှန်က ခေါင်းခါပြကာ ဆိုလာ၏။
"အရှင်နယ်စားမင်းရဲ့သတင်းအချက်အလက်က အရမ်းအသေးစိတ်တာပဲ"
ရွှယ်ဟုန်ယန်က တွန့်ဆုတ်တွန့်ဆုတ်ဖြင့်
"အာ...ကျွန်တော် ဒီနေ့စစ်မက်ရေးရာဌာနမှာ အလုပ်လုပ်နေတုန်းကြားခဲ့ရတာပါ"
ထန့်ရှန်ကပြောသည်။
"ကြားခဲ့တာလား...သွားစုံစမ်းထားတာလား"
ရွှယ်ဟုန်ယန် ကြက်သေသေ သွားပြီး မသိစိတ်၏ စေ့ဆော်မှုအရ နှာခေါင်းထိပ်ကိုပွတ်ပြီး ပြောလိုက်၏။
"ကျွန်တော် တကယ်ကို ခင်ဗျားဆီကနေ ဘာတစ်ခုမှ မဖုံးထားနိုင်ဘူးပဲ လူကြီးမင်း... ကျွန်တော် တကယ်သွားမေးခဲ့တာပါ"
"ဘာလို့လဲ... "
109.2
ရွှယ်ဟုန်ယန် အစကတော့ ထန့်ရှန်၏"ဘာလို့လဲ"ဟုမေးသည့် ဆိုလိုရင်းကို နားမလည်သော်လည်း ထန့်ရှန်၏အမူအရာကို မြင်သောအခါတွင်မူ အနည်းငယ် ရှက်ရွံ့မိသွားတော့သည်။ မှန်သည်ပင်၊ ထန့်ရှန်စိတ်မပူစေရန်အလို့ငှာ သူသတင်းသွားစုံစမ်းခဲ့ခြင်းဖြစ်ပေ၏။
သူပြန်မဖြေသည်ကိုမြင်လျှင် ထန့်ရှန်က သိသိသာသာပင် သူ့ကိုကျော်သွားခွင့်မပေးပါဘဲ ပြုံးပြုံးရွှင်ရွှင်ဆက်မေးလာသည်။
"အရှင်ကဘာလို့ သွားစုံစမ်းခဲ့ရတာပါလဲ"
ရွှယ်ဟုန်ယန် စကားလွှဲလိုက်၏။
"လူကြီးမင်း... ခင်ဗျားလူမမာသွားမေးချင်ရင် သတင်းမေးဖို့ လက်ဆောင်တချို့ပြင်ရဦးမယ်နော်...ဘာတွေပြင်ရမှန်း ကျွန်တော်မသိဘူး"
ထန့်ရှန်က ထပ်မမေးတော့ဘဲ
"အလျင်မလိုပါဘူး...နယ်စားမင်းထန့်နန်ကအားနည်းနေတာ...သူအနားယူတာကို မနှောက်ယှက်ချင်ဘူး...ရက်နည်းနည်းကြာမှ သွားလည်လည်းသိပ်နောက်မကျပါဘူး"
ထို့နောက် သူက ရုတ်တရက် ပြောလေသည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကိုယ်တစ်ခုခုကြားမိခဲ့တယ်"
ရွှယ်ဟုန်ယန် ထန့်ရှန်၏"နက်နဲလေးနက်သော"အမူအရာကို မမြင်ရသည်မှာကြာလှလေပြီ။ စိုးရိမ်မှုကြောင့် သူ့ဗိုက်အောင့်လာသလိုပင်ခံစားရ၏။ မပြောခင်ကပင် တစ်ခုခုဖြစ်နေကြောင်း ခံစားမိပုံရလေသည်။
ထန့်ရှန်က ပြုံးလိုက်ပြီး သူ့အမူအရာက မတွေးတတ်အောင် နက်နဲနေကာ ပြောလာ၏။
"ငြိမ်းချမ်းရေးနဲ့ပတ်သတ်ပြီး သူ့ရဲ့စိတ်ရင်းကို ပြသဖို့အတွက်... ဖုန့်တိုင်းပြည်ရဲ့ဘုရင်က နယ်စားမင်းထန့်နန်ကို ပြန်ပို့တဲ့အပြင် အကျိုးအမြတ်တစ်ခုခုကို ကမ်းလှမ်းခဲ့သေးလား"
ရွှယ်ဟုန်ယန် ချက်ချင်း စိတ်မသက်မသာဖြစ်သွားပြီးဖြေလိုက်သည်။
"မရှိဘူး...ကျွန်တော်တော့ ဘာမှမကြားမိဘူးထင်တယ်"
ထန့်ရှန် မျက်ခုံးပင့်လိုက်၏။
"ဒီထန့်က မင်မြစ်ကိုကိုယ်တိုင်ရောက်ဖူးတယ်...ရှင်းမနေဘူးလား"
ရွှယ်ဟုန်ယန် နားရွက်တွေကို ကုတ်လိုက်ပြီး သူ့မျက်နှာက အတော်လေး အကြပ်အတည်းဖြစ်နေသော အမူအရာရှိနေသည်။ ထန့်ရှန် သူ့ကို ထပ်မစရက်တော့ပေ။ သူပြောသမျှကို တစ်ဖက်လူက အတည်ယူနေပုံရလေ၏။
ထန့်ရှန်ကပြောသည်။
"ဖုန့်ဘုရင်က ဖုန့်နယ်စားမင်းကိုးယောက်ရဲ့သမီးတွေကို အရှင်နယ်စားမင်းနဲ့ လက်ထပ်မဟာမိတ်ပြုဖို့အတွက် စေလွှတ်လိုက်တယ်လို့ ကိုယ် ကြားခဲ့တယ်...ကိုယ် အရှင်နယ်စားမင်းကို မေးချင်တာက ရွေးချယ်ပြီးပြီလား"
ရွှယ်ဟုန်ယန် အမြန်ထရပ်ကာ အလောတကြီးဖြစ်နေခြင်းကြောင့် သူ့အသံကအနည်းငယ်ကျယ်နေပြီး ပြောလိုက်သည်။
"အဲဒါကအမှန်ပါပဲ...ဒါပေမဲ့ ဟုန်ယန့်က ....."
သူခဏလောက်ရပ်နေပြီး ပြောချင်သည်က "ကျွန်တော်က လူကြီးမင်းထန်ကိုလက်ထပ်ယူပြီးသားလေ"ဟုဖြစ်သော်လည်း "လက်ထပ်ယူ"ဟူသော စကားလုံးက ထန့်ရှန်ကိုနာကျင်စေမည်စိုးသည့်အတွက်
"ဟုန်ယန့်မှာ ခင်ပွန်းရှိပြီးသားဆိုတော့ ကိုယ်လုပ်တော်ယူဖို့ စဥ်းစားမှာမဟုတ်ပါဘူး"
ထန့်ရှန်ကပြုံးကာ ဆို၏။
"ဘာကိုယ်လုပ်တော်လဲ...နယ်စားမင်းကိုးယောက်ရဲ့သမီးက ကိုယ်လုပ်တော်အဖြစ်လက်ထပ်ရလို့လား"
ရွှယ်ဟုန်ယန် အတော်လေးစိုးရိမ်သွားပြီး ပြောလိုက်၏။
"လူကြီးမင်း... ကျွန်တော်တို့က ဇနီးတွေကိုယ်လုပ်တော်တွေအကြောင်းပြောနေတာမဟုတ်ပါဘူး...ကျွန်တော်တို့ပြောနေတာက ကျွန်တော်ထပ်ပြီးလက်ထပ်မှာမဟုတ်ဘူးဆိုတဲ့အမှန်တရားကိုပါ"
ခဏအကြာငြိမ်သက်နေပြီးနောက် ထန့်ရှန်ကဆိုသည်။
"ကိုယ် မင်မြစ်ကိုထွက်သွားချိန်တုန်းက... ဒီတစ်ခါ ကိုယ်ပြန်လာရင် ကိုယ့်မှာ မင်းကိုပြောချင်တာရှိတယ်လို့ပြောခဲ့တယ်လေ "
"ကျွန်တော် မှတ်မိပါတယ် "
"တကယ်တော့ ကိုယ်မှာ နယ်စားမင်းဆီကနေ ဖုံးကွယ်မထားနိုင်ဘူးလို့ထင်တဲ့အရာတချို့ရှိတယ်"
ထန့်ရှန်က ဖြည်းညင်းစွာပြောပြလေ၏။
"နယ်စားမင်းက တစ်ခါတလေ မဆင်မခြင်လုပ်တတ်ပေမဲ့...ဂရုစိုက်တတ်တဲ့ နှလုံးသားနဲ့လူကောင်းတစ်ယောက်လို့လည်း မှတ်ယူရပါတယ်...ဒီကိစ္စက နယ်စားမင်းနဲ့ရွှယ်ဝမ် သိပြီးသားလို့ကိုယ်ထင်တယ်"
ရွှယ်ဟုန်ယန် ထန့်ရှန်ကို အကြာကြီးစိုက်ကြည့်နေပြီးမှ ပြောလိုက်သည်။
"ဒါက လူကြီးမင်း ပြောချင်တဲ့ဟာလား...အဲ့ဒါက သူ့ကိစ္စလို့ပဲ ကျွန်တော်ထင်တယ်...တခြားသူတွေရဲ့ကိစ္စကို ဟုန်ယန်ဂရုမစိုက်ဘူး"
ထန့်ရှန်က ပြုံးပြုံးလေးဆိုလိုက်၏။
"ကိုယ်ပြောလို့မပြီးသေးဘူးလေ"
တစ်ဖက်က နှုတ်ဆိတ်နေသည်ကိုမြင်လျှင် ထန့်ရှန်ဆက်ပြောလိုက်သည်။
"နယ်စားမင်းက ငယ်ရွှယ်ပြီးအလားအလာရှိသလို စစ်ရေး အောင်မြင်မှုတွေလည်း ထပ်ခါတလဲလဲရထားတယ်...ဒီလူရဲ့အမြင်မှာ မြို့တော်က အဆင့်အတန်းမြင့်မိသားစုတွေအကုန်လုံးက နယ်စားမင်းရဲ့ယောက္ခမမိသားစုဖြစ်လာချင်ကြတယ်......ထန့်ရှန်က မွန်မြတ်ခြင်းမရှိသလို အရည်အချင်းလည်းမရှိပေမဲ့...ဒီထန့်က ကံကောင်းပြီး နယ်စားမင်းရဲ့မျက်နှာသာပေးမှုကိုခံခဲ့ရတယ်...ဒါပေမဲ့ နယ်စားမင်း သတိပြုမိရဲ့လား...ကိုယ်နဲ့ပဲအတူတူနေမယ်ဆိုရင် မင်းရဲ့အနာဂါတ်မျိုးဆက်ကို ဖြတ်မိသွားလိမ့်မယ်...အရှင်နယ်စားမင်း အဲ့ဒါကို တကယ်သည်းခံနိုင်ပါ့မလား...ထန့်ကအခု အထောက်အပံ့မပါဘဲ တစ်ဝက်ရောက် နေတော့...ဘယ်လိုပဲဖြစ်နေပါစေ....."
သူ စကားဆက်ပြောချင်သေးသော်လည်း ရွှယ်ကျွင်းလျန်က သူ့ကိုဖြတ်ပြောလိုက်၏။
"လူကြီးမင်း...*ဘယ်လိုပဲဖြစ်ပါစေလို့ပြောလိုက်တာပဲ ...ဟုန်ယန်က တုံးအပေမဲ့ ကြားနိုင်ပါတယ်..."
(T\N–ဒီနေရာမှာ "At all cost" idiomသုံးထားတာပါ။ပြောချင်တာက ဘာတွေပဲဖြစ်နေဖြစ်နေ၊ဘယ်လောက်ပဲကြိုးစားပါရစေ၊ဘယ်လောက်ပဲကုန်ကျပါစေ/စွန့်လွှတ်ရပါစေ ဖြစ်အောင်လုပ်မယ်ဆိုတဲ့အဓိပ္ပါယ်ပါတဲ့)
သူက ထန့်ရှန်လက်ကို လှမ်း၍ အုပ်ကိုင်ကာပြုံးပြုံးရွှင်ရွှင်ဆိုလိုက်သည်။
"ကျွန်တော့်ယောကျာ်း စိတ်ရင်းနဲ့ပြောတာကို ပထမဆုံးအကြိမ်ကြားဖူးတာပဲ...ကျွန်တော်... ကျွန်တော် တကယ်ပျော်လိုက်တာ "
ထန့်ရှန် အခုလေးတင် ဘာကိုမှဂရုမစိုက်ဘဲ အလွန် စိတ်လှုပ်ရှားစွာပြောပြမိလိုက်၏။ ယခုတွင် ရွှယ်ဟုန်ယန်စကားများကို နားထောင်ရသောအခါ သူ့မျက်နှာက အဖျားတက်သလို ပူလောင်လာသည်။ အံဩစရာကောင်းသည်က ထုတ်ပြောရန်အတွက် အင်မတန်လွယ်ကူနေခြင်းပင်။
ထန့်ရှန် မူလက သူ့ကို လေးလေးနက်နက်အကြောင်းအရာ တွေပြောပြချင်သော်လည်း ရွှယ်ဟုန်ယန်က တဟီးဟီးသာရယ်နေပြီး သူ့ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလေသည်။ ထန့်ရှန် သူ့ကိုတွန်းထုတ်လိုပေမဲ့ တစ်ဖက်လူ၏ ဂနာမငြိမ်ဖြစ်နေသော အောက်ပိုင်းကိုမသိစိတ်ကနေ ခံစားမိလိုက်၏။
xxxxxx