အပိုင်း ၁၁၀
Viewers 17k

Chapter 110


ထန့်ရှန်ဟာ တော်ဝင်ရုံးတော်မှာ ဆယ်စုနှစ်များစွာ ပင် အတွေ့အကြုံရှိခဲ့ဖူးသော်ငြား သူ သိပ်ပြီး မသိချင်ယောင်မဆောင်နိုင်ပေ။ အလျင်အမြန် ရွှယ်ဟုန်ယန့်ကို တွန်းထုတ်ကာဆိုလိုက်သည်။

"နယ်စားမင်း... အရှင်နယ်စားမင်း..... "


ရွှယ်ဟုန်ယန်၏နှုတ်ခမ်းများက ထန့်ရှန်၏နားသီးလေးများကို ညင်သာစွာ ပွတ်တိုက်နေပြီး သူ၏ပူလောင်ပြင်းပြသော အသက်ရှူငွေ့က တစ်ဖက်လူ၏နားထက်မှာ ယှက်​ပြေးနေ၏။ သူဘာပြောမှန်း မသိသလို ထန့်ရှန်ကိုလည်း လက်လွတ်စပယ်မထိရဲသည့်အတွက် ထန့်ရှန်၏နားသီးလေးများနှင့် လည်တိုင်ကိုသာ ပြန်တလဲလဲနမ်းရှိုက်နေမိသည်...


ရွှယ်ဟုန်ယန်၏  မသိမသာအနမ်းများကြောင့် ထန့်ရှန်  ပူလောင်ပြီး ခြေဆံလက်ဆံများပျော့ပျောင်းလာ၏။ သူက မူပိုတတ်သည့်သူမဟုတ်ပေ။သူသဘောမတူပါလျှင် စစ်မြေပြင်မှာ ရှုံးပွဲမရှိသော နယ်စားမင်းဝမ်နျန်ဟာ ဘယ်တော့မှ မဖွယ်မရာလုပ်မှာမဟုတ်သလို စည်းလည်းကျော်မှာမဟုတ်ပေ။


တစ်ဖက်လူ၏ကျောပြင်ကို ပွေ့ဖက်ထားရင် ထန့်ရှန်၏လည်စလုပ်က လှုပ်ခါသွားပြီး သူဘက်ကနေစကာ ရွှယ်ဟုန်ယန်၏နှုတ်ခမ်းထောင့်စွန်းများကို နမ်းရှိုက်လိုက်သည်။ သူ၏ အနည်းငယ်တုန်ရီနေသော ညာလက်ကို ရွှယ်ဟုန်ယန်၏အောက်ပိုင်းသို့ ဖြေလျော့ပေးရန် လက်လှမ်းလိုက်၏။


ရွှယ်ဟုန်ယန်၏ အသက်ရှုသံက ပို၍ပူပြင်းလေးလံလာခဲ့သည်။ မျက်လုံးများကို မှေးကျဥ်းကာဖြင့် ထန့်ရှန်အား စာကြည့်ခန်းထဲရှိ စားပွဲပေါ်သို့ ဝုန်းခနဲဖိလိုက်၏။


စားပွဲပေါ်က စာရွက်များသည်ကား ကြမ်းပြင်အနှံ့ ပျံ့ကျဲကုန်ကြသည်။ ထန့်ရှန် ရွှယ်ဟုန်ယန်ကို အံဩတကြီးကြည့်လိုက်၏။ ယင်းက ရွှယ်ဟုန်ယန်ကို ပို၍ပင် စိတ်လိုက်မာန်ပါဖြစ်သွားစေပြီး လက်ကိုဆန်ကာဖြင့် ထန့်ရှန်၏ခါးပတ်ကြိုးကို ဖြည်လိုက်သည်။


ထန့်ရှန် ကြောင်အသွားခဲ့ပြီး ၎င်းနောက် ထဖို့အတွက် ရုန်းကန်ရန် ကြိုးစားရင်း ပြောလိုက်၏။

"အရှင်နယ်စားမင်း... "


သူက တစ်ဖက်လူကို သူ့လက်များဖြင့် ဖြေလျော့ပေးချင်ပါသော်လည်း ရွှယ်ဟုန်ယန်က အနှီအပြုအမူကြောင့် အူမြူး သွားခဲ့သည်။ သူ့ခင်ပွန်းက အစပျိုးလာသည့်အခါ ရွှယ်ဟုန်ယန် အဘယ်မှာသည်းခံနိုင်တော့မည်နည်း။ ထို့ကြောင့်သူ မွန်းတည့်မတည့်၊ စာကြည့်ခန်းဟုတ်မဟုတ်ဂရုမစိုက်ပါချေ။


နှစ်ယောက်သားက ခံစားချက်များကို သိပ်ပြီး ထုတ်မပြတတ်ကြပေ။ ထန့်ရှန်က အမြဲပင် အလွန် တည်ငြိမ်နေတတ်သဖြင့် ရွှယ်ဟုန်ယန်က ထန့်ရှန်စိတ်ထဲမှာ ဘာရှိနေမှန်းမသိပေ။ထန့်ရှန်က သူ့ကိုဘယ်လိုတွေးမှန်းလည်း သူမသိပါချေ ။ယခု ထန့်ရှန်က "ဘာတွေပဲဖြစ်နေပါစေ"ဟူသော စကားကို သုံးလာခဲ့သည်ဖြစ်ရာ နောက်ဆုံးတွင် သူ့နှလုံးသားထဲက ဝန်ထုတ်ဝန်ပိုးကို စွန့်လွှတ်နိုင်ပြီဖြစ်လေသည်။ ထို့ကြောင့် ယခု သူအနေဖြင့်  ထန့်ရှန်ကို မည်သို့ လွယ်လွယ်ကူကူလွှတ်ပေးနိုင်ပါမည်နည်း။


———


ထန့်ရှန် ထန့်ယွင်ဆီကို သူနေအိမ်တော်ပြန်ရောက်ပြီး သုံးရက်မြောက်နေ့မှသာ သွားလည်နိုင်ခဲ့သည်။ သူတကယ် ထန့်ယွင်ကို ချက်ချင်းလက်ငင်း တွေ့ချင်ပါသော်လည်း ထိုနေ့က စာကြည့်ခန်းထဲမှာ  ရွှယ်ဟုန်ယန်က သူ့ကို ဆိုးဆိုးရွားရွား  မှောက်လိုက်လှန်လိုက်လုပ်ပစ်သဖြင့် သူအိပ်ရာထဲကနေ နှစ်ရက်လောက်မထွက်နိုင်အောင်ပင်။


ထန့်ယွင် နယ်စားမင်းဝမ်နျန်အိမ်တော်ကနေ လူမမာလာမေးမည့်အကြောင်း အကြောင်းကြားစာတစ်ခုရခဲ့သည်။ ရွှယ်ဟုန်ယန်က ကိုယ်ဟန်လာပြလိုခြင်းဖြစ်မည်ဟု သူထင်ခဲ့၏။ အဆုံး၌ ထန့်ယွင်အဆင့်အတန်းက မြင်မြတ်လှသည့် နယ်စားမင်းတစ်ဦးဖြစ်သည်ပင်။ သူ့အနေအထားက နယ်စားမင်းဝမ်နျန်လောက် မမြင့်မားသော်ငြား သူဟာလည်း ရုံးတော်ဝန်မင်းတစ်ယောက်ဖြစ်ပေသည်။ ဤရက်ပိုင်းအတွင်း  နေအိမ်တော်ကို ဝန်မင်းများစွာ လာရောက်လည်ပတ်ပြီးကြလေပြီ။


သို့ရာတွင် လာရောက်လည်ပတ်သူက ရွှယ်ဟုန်ယန်မဟုတ်ပါဘဲ ထန့်ရှန်တစ်ယောက်ဖြစ်နေမည်ဟု ထန့်ယွင်မမျှော်လင့်ထားခဲ့ပေ။


ရွှယ်ဟုန်ယန်က ထန့်ရှန်နှင့်အတူပါလာသော်လည်း နေအိမ်တော်အတွင်းသို့မဝင်ခဲ့ချေ။ သူက တံခါး၌ပင်ရပ်တန့်ပြီး ထန့်ရှန်ကို လက်ဆောင်ပစ္စည်းတွေသာ လွှဲပေးကာ ​မဝင်ပေ။


ထန့်ယွင်က ဤရက်များတွင် ကောင်းကောင်း အားပြန်ဖြည့်နေခဲ့ပြီး သူ့စိတ်အခြေအနေကလည်း ပိုကောင်းလာ၏။ အရေးကြီးဆုံးအရာသည်ကား သူ့ညာလက်ရှိ အာရုံခံစားမှုတွေကို ခံစားသိရှိနိုင်လေပြီ။ ထိုသည်ကား ရွှယ်ဝမ်၏ တော်ဝင်သမားတော်အား သူ့ကို နေ့တိုင်းလာစစ်ဆေးစေခြင်းနှင့် ကျန်းယွီကိုလည်း သူ့အစားအသောက်များထဲမှာ ထည့်ရန်အတွက် ဖြည်စွက်စာတချို့ကို အပို့လွှတ်ခြင်းတို့ကြောင့်ပင်ဖြစ်​လေသည်။ 

ထန့်ယွင်ကို ရုံးတော်အလုပ်ကနေ ငါးရက်အနားယူရန် ခွင့်ပေးထား၏။


  အရင်တစ်ခါ ထိုနေ့တုန်းက မင်မြစ်မှာ သူ့ကိုယ်သူမြင်ရစဥ်ကထက် သူက အများကြီးပိုကြည့်ကောင်းလာကြောင်း ထန့်ယွင် မြင်နိုင်ပေသည်။ ထို့ကြောင့် သူ့စိတ်က အေးအေးသာသာရှိနေ၏။


တစ်ဖက်လူက သူ၏သရုပ်အစစ်အမှန်ကို သိပြီးသားဖြစ်ကြောင်း ထန့်ယွင်မသိပေ။ သူ ထန့်ရှန်ကို ယဥ်ယဥ်ကျေးကျေးပင် ခန်းမဆောင်ထဲဦးဆောင်ခေါ်သွားပြီး အမျိုးသမီးအစေခံများကို သူ့အတွက် လက်ဖက်ရည်ကောင်းကောင်းဖြင့် ဧည့်ခံရန်အမိန့်ပေးလိုက်သည်။


ထန့်ရှန်က အစေခံခေါင်းဆောင်ကို ထန့်ယွင်အား သူ၏လက်ဆောင်ပေးရန်ခိုင်းစေလိုက်သည်။ 

 

ထန့်ယွင်က ယဥ်ယဥ်ကျေးကျေး လက်ခံလိုက်ပြီး ထန့်ရှန်ကို ကျေးဇူးတင်စကားဆိုကာ ဘေးမှာချထားလေ၏။


ထန့်ရှန်က ပြုံးကာပြောသည်။

"ဖွင့်မကြည့်ချင်ဘူးလား"


ဧည်သည်၏ရှေ့မှာ လက်ဆောင်ကို ဖွင့်ခြင်းက အတော်လေးရိုင်းစိုင်းရာကျသော်လည်း တစ်ဖက်လူက သူ့ကိုဖွင့်ခိုင်းလာသဖြင့် ထန့်ယွင် ဘရိုကိတ်ဘူးကိုဖွင့်ကြည့်လိုက်ရာတွင် တကယ်ကို *စာပေပညါရှင်တစ်ဦး၏ ရတနာလေးပါးဖြစ်နေ၏။ 

(E/N–စုတ်တံ၊မင်ချောင်း၊မင်သွေးကျောက်ပြားနှင့်စာရွက်)

 

ထန့်ရှန် ထန့်ယွင်ကို ပထမဆုံး စာဖတ်သင်ပေးခဲ့ချိန်က သူ(ရှန်) သူ့ကိုပေးသည့် ပထမဆုံးလက်ဆောင်ဟာလည်း 

စာပေပညါရှင်တစ်ဦး ရတနာလေးပါးပင်။


ရုတ်တရက် ထန့်ယွင် ကြောင်အသွားခဲ့သည်။


မင်သွေးကျောက်ပြား၏အောက်တွင် စာရွက်ပိုင်းတစ်ခုရှိနေလေသည်။  ထိုပေါ်၌ရေးထားသည်ကို ဖတ်ကြည့်ပြီးနောက် ထန့်ယွင် ဗြုန်းခနဲ ထရပ်လိုက်၏။ သူ ထန့်ရှန်ကို 

ထိတ်လန့်တကြား မော့ကြည့်ကာ ငေးကြည်နေမိသည်။


စာရွက်ပေါ်တွင်ကား စာလုံးရှစ်လုံးရေးသားထားပြီး စာရွက်၏ဖောက်ထွက်ကာ သစ်သားပေါ်ထိတိုင် စွန်းထင်းနေခဲ့၏။–မြူအတိကောင်းကင်ဆီပျံသန်းရွေ့၊ *တိမ်တွေဆီကို ပျံကာဝဲ၊ ဖီးနစ်တစ်ကောင်လို မြင့်တက်ပါ

(E/T–腾云~ထန့်ယွင်နာမည်ရဲ့ အက္ခရာစာလုံးပါ)


ထန့်ရှန်က ပြုံးနေဆဲဖြစ်ပြီး ပြောလိုက်သည်။

"အရှင်နယ်စားမင်း... ဒီထန့်ရေးသားထားတဲ့စကားလုံးတွေကို ဘယ်လိုထင်ပါသလဲ...အရှင့်ရဲ့ ပိုင်းခြားသိမြင်နိုင်တဲ့မျက်လုံးကို ဖမ်းစားမိရဲ့လား"


ထန့်ယွင်က စာရွှက်ကိုအံဩမှင်သက်စွာကိုင်ထားရင်း

သူ့ကို မျက်တောင်ပင်မခတ်ဘဲ အကြာကြီး ငေးကြည့်နေခဲ့၏။

110.2


ထန့်ရှန် သက်ပြင်းချကာ ဆက်ပြောလိုက်သည်။

"သက်သာလာပြီလား"

 

ထန့်ယွင်က ထပ်မံဆိုင်းငံ့နေပြီးမှ ခေါင်းညိတ်ပြီးဆိုလေ၏။

"ကျွန်တော်မသိဘူး...ဆရာ ဘယ်လိုထွင်းဖောက်မြင်သွားမှန်း ကျွန်တော် မသိဘူး"


ထန့်ရှန်၏မျက်နှာက ပြောင်းလဲသွားပြီး ပြုံးကာဖြင့် ပြောသည်။.


"ငါ မင်းရဲ့လက်ရေးကို နယ်စားမင်းဝမ်နျန်ရဲ့စာကြည့်ခန်းထဲက မူကြမ်းတစ်ခုပေါ်မှာမြင်ခဲ့တယ် ...အဲ့ဒီတုန်းက ငါသိသွားတာ...ဒါပေမဲ့ ဒီကိစ္စကိုသိတဲ့လူက ငါတစ်ယောက်တည်းမဟုတ်မှာစိုးရတယ်...အမြဲတမ်း သတိမမူတတ်တဲ့ နယ်စားမင်းဝမ်နျန်တောင် ဒါကိုသတိထားမိတယ်...ရွယ်ဝမ်သိမသိ ငါမသေချာဘူး...ဒါပေမဲ့ သူငါ့ကို အကြိမ်တွေအများကြီးစမ်းသပ်ခဲ့တယ်"


ထန့်ယွင် မျက်လွှာချလိုက်၏။ ရွှယ်ကျွင်းလျန်က ဒီရက်ပိုင်း အရမ်းတွေအာရုံစိုက်နေသည်မှာ မဆန်းတော့ပေ။ သို့ပေမဲ့ ရွှယ်ကျွင်းလျန် သူနှင့်ဧကရီကြားက ဆက်စပ်မှုကိုသိနေမည်ဟု ထန့်ယွင်မမျှော်လင့်ထားခဲ့၊ယင်းက သူ့ကို ရွှယ်ဝမ်က သူထန့်ယွင်မှန်းသိနေပြီး သူ့ကို လျှိို့ဝှက်ကြံစည်ရန်နည်းလမ်းရှာတွေ့ထားကြောင်း ပို၍ပင်သေချာသွားစေသည်။


ထန့်ယွင်က ပြော၏။

"ကျွန်တော် လူကြီးမင်းကို ဒုက္ခများစေမိပြီ"


"မဟုတ်ဘူးပါကွာ...ငါအရမ်းပျော်တယ်...တစ်နေ့မှာ  ငါတို့တွေ နောက်တစ်ကြိမ်ထိုင်ပြီးစကားပြောနိုင်မယ်လို့ ငါ

တစ်ခါမှ မတွေးရဲခဲ့ဘူး"


နေအိမ်တော်ထဲမှာ ရွှယ်ကျွင်းလျန်၏ မျက်လုံးတွေနားတွေရှိနေမှာစိုးသည့်အတွက် ထန့်ယွင် အစေခံများကို စောစောအနားယူခိုင်းလိုက်ပြီးမှ ဆက်ပြော၏။


"ကျွန်တော်က ခင်ဗျားကို ဒုက္ခရောက်စေခဲ့တာပါ...မဟုတ်ရင်...ခင်ဗျားရွှယ်တိုင်းပြည်ကို လာစရာလိုမှာမဟုတ်ဘူး...အဲ့လိုဖြစ်ဖို့နေသာသာ....."


ထန့်ယွင် ရပ်တန့်နေသော စကားလုံးများကို  နားထောင်ပြီးနောက် သူပြောနေသည်က သူ(ရှန်) ထန့်ယွင်၏အရိုးပြာများကို လာသိမ်းရင်း ထန့်ချမ်ယီကို ဧကရာဇ်နှင့်လက်ထပ်ရန် လိုက်ပို့ပေးစဥ်ကအကြောင်းကို ပြောနေမှန်းထန့်ရှန်နားလည်ပေသည်။ ယင်းနောက်မှာတော့ သူရွှယ်ဟုန်ယန်နှင့်လက်ထပ်ရန် ကျန်နေခဲ့ရ၏။


"ငါ မင်းကို ဖုံးကွယ်ထားဖို့ မရည်ရွယ်တဲ့ကိစ္စတစ်ခုရှိတယ်...ဒါ​ကြောင့် ငါ မင်းကို ပြောပြချင်တယ်"


ထန့်ရှန် သူ၏အဖြေကိုမစောင့်ပါဘဲ ဆက်ပြောလိုက်သည်။

"အနာဂတ်မှာ မင်းငါဘယ်လိုတွေးသည်ဖြစ်စေ ကိစ္စမရှိဘူး...မင်းကိုယ်မင်း အပြစ်တင်စရာတော့မလိုဘူး...အမှန်တော့ ငါတကယ့်ကို ဘာတစ်ခုမှ  မင်းအတွက်လုပ်ခဲ့တာမဟုတ်ဘူး...အခု နယ်စားမင်းဝမ်နျန်ရဲ့အိမ်တော်မှာနေတာက...ငါနှလုံးသားထဲကနေ နေဖို့ဆန္ဒရှိတာ"


ထန့်ယွင်က ထန့်ရှန်ကို သူမှားပြီးကြားမိလိုက်သလိုမျိုး ပြူးကျယ်နေသော မျက်လုံးများဖြင့်ကြည့်လာ၏။


ထန့်ရှန်က ဆက်ပြောသည်။

"ပထမတုန်းက ငါတကယ် ရွှယ်ဟုန်ယန်ကို နယ်စားမင်းဝမ်နျန်ရဲ့အိမ်တော်ထဲဝင်ဖို့ အသုံးချခဲ့တာ...ဒါပေမဲ့ နောက်ပိုင်းကျတော့...ဒီထန့် နယ်စားမင်းက စိတ်နှလုံးကောင်းရှိတဲ့လူမှန်း ခံစားမိလာတယ် သူ့ကိုလေးစားလာတယ်...ဒါပေမဲ့ အခု ဒီလေးစားတဲ့အဆင့်ကနေ ပြောင်းလဲသွားပြီး  ကိုယ့်ကိုကိုယ်တောင် မတားဆီးနိုင်တော့မှာကြောက်မိတယ်"


ထန့်ယွင်နားလည်သွားသော်လည်း ပို၍ပင်ရှော့ရသွားသေး၏။ အကြောင်းမှာ သူ့စိတ်ထဲမှာ အနှီယောကျာ်းနှစ်ယောက်တွင် ခံစားချက်တွေရှိနိုင်မည်ဟုသူ တစ်ခါမှမတွေးမိသောကြောင့်ပင်။ အစတုန်းက ထန့်ရှန် ရွှယ်ဟုန်ယန်ကို အမျိူးသားဇနီးသည်အဖြစ်လက်ထပ်ရချိန်မှာ ထိုဟာက အရှက်ရစရာတစ်ခုဟုသာ ထန့်ယွင်သတ်မှတ်ခဲ့သည်။


"ခင်ဗျား..."


ထန့်ယွင်၏စိတ်သည်ကား ရှုပ်ထွေးနေ၏။ ဘာပြောရမှန်း သူမသိပေ။ ဤကိစ္စကြောင့် သူထန့်ရှန်ကို သဘောမကျတော့ဟုပြောရန်လည်း လုံးဝမဖြစ်နိုင်ပါချေ။ အဆုံးမတော့ ထန့်ရှန်က သူ၏ ဆွေမျိုးအရင်းအချာဖြစ်သည့်အတွက်ခဏကြာသည်အထိ သူမည်သို့တုံ့ပြန်ရမှန်း မသိတော့ပေ။ 


ထန့်ရှန်က ပြုံးပြုံးရွှင်ရွှင်ဆိုလာပြန်သည်။

"ငါ့ဘဝရဲ့ တစ်ဝက်တာလောက်သစ္စာစောင့်သိခဲ့ပေမဲ့ ငါ့တိုင်းပြည်က ပျက်စီးသွားတယ်...အခုကနေစပြီး မင်းငါ့ကို အထင်အမြင်သေးချင်သေးမယ်...ဒါပေမဲ့ ငါစိတ်ပိုင်းဖြတ်ပြီးသွားပြီ"


"မဟုတ်ဘူး...မဟုတ်ဘူး"

ထန့်ယွင်က အလျင်အမြန် လက်ကိုယမ်းကာပြော၏။


"ကျွန်တော် ဘယ်တော့မှ ကျွန်တော့်ရဲ့ဦးရီးတော်ကို အထင်အမြင်သေးဝံ့မှာမဟုတ်ဘူး...ကောင်းပါပြီ ဝန်မင်းထန့်ရေ...ကျွန်တော်က ခဏလောက်ပြန်မတုံ့ပြန်နိုင်ရုံတင်ပါ...ကျွန်တော် မထင်ထား....."


"ဒါပေါ့ ...ကျွန်တော် ခင်ဗျားရဲ့ပင်ကိုစိတ်ရင်းကိုသိတာပေါ့"


သူပြောနေစဥ်မှာပင် အပြင်ဘက်က ဆူညံသံတစ်ခုကို သူတို့ကြားလိုက်ရသည်။ ထန့်ယွင် ထရပ်ပြီး အပြင်မှာဘာတွေဖြစ်နေလဲဟု မေးတော့မည်အချိန်တွင် ခန်းမဆောင်တံခါးက တွန်းဖွင့်ခြင်းခံလိုက်ရ၏။


ရိုးရိုးအဝတ်အစားနှင့် ရွှယ်ကျွင်းလျန်ဟာ အခြွေအရံနှစ်ဦးသာ လိုက်ပါခြံရံလျက် ဝင်လာခဲ့လေသည်။ ကျန်းယွီပင် သူနှင့်အတူမပါလာချေ။


ထန့်ယွင်၏နှလုံးသားက အထိတ်ထိတ်အပျာပျာ ဖြစ်သွား၏။ သူ ရုတ်ချည်း ပြန်လှည့်ပြီး ဘရိုကိတ်ဘူးကို အမြန်ဖုံးလိုက်သည်။ ဤလှုပ်ရှားမှုသေးသေးလေးက သဘာဝအတိုင်း ရွှယ်ကျွင်းလျန်၏အာရုံစိုက်မှုထဲကနေ မလွတ်မြောက်ခဲ့ပါချေ။


ရွှယ်ကျွင်းလျန်က သူဘာသူ ရှေ့လှမ်းလာခဲ့ပြီး နှစ်ဦးသား အရိုအသေပေးရန် ဒူးထောက်လိုက်ကြသည်။ 


ရွှယ်ကျွင်းလျန်က ပြုံးကာဖြင့်  ထန့်ယွင်ကိုထူပေးပြီး ထန့်ရှန်ကို ထခိုင်းလေ၏။


"ထုံးတမ်းတွေလုပ်စရာမလိုပါဘူး...ထန့်ယင်းရဲ့ခန္ဓာကိုယ်က အဆင်ပြေလား"


ထန့်ယွင် သူ့လက်ကို တစွန်းတစ်စမှမကျန်အောင် ပြန်ဆွဲယူပြီး ​ခြေတစ်လှမ်းပြန်ဆုတ်လိုက်သည်။ ထန့်ရှန် အခုလေးတင်ပြောခဲ့သည်ဟာကို သူတွေးမိသွား၏။ ရွှယ်ကျွင်းလျန်က သူကထန့်ယွင်မှန်း သိနေပြီးလောက်သည့်အတွက် သူပို၍ သတိရှိလာပြီးပြောလိုက်သည်။


"အရှင်မင်းကြီးကို ပြန်ဖြေပါတယ်...ကျွန်တော်မျိုး အတာ်လေးသက်သာနေပါပြီ"


ရွှယ်ကျွင်းလျန် သူတို့နှစ်ဦးကြားက အကွာအဝေးကိုကြည့်ပြီး မျက်ခုံးပင့်လိုက်ကာ ၎င်းနောက် ထိပ်ဆုံးထိုင်ခုံမှာဝင်ထိုင်၍ ပြုံးပြုံးရွှင်ရွှင်ဆိုလိုက်သည်။ 


"ကောင်းပြီ... ထန့်ယင်းရဲ့ခန္ဓာကိုယ်က နန်းတော်ထဲကနေ ထွက်သွားပြီးတဲ့နောက် အများကြီးသက်သာလာတယ်ဆိုတော့...ကြည့်ရတာ နန်းတော်ထဲမှာဆိုရင် ဂနာမငြိမ်ဖြစ်ပြီး သက်တောင့်သက်သာမရှိဘူးထင်တယ်"


"ဒီနိမ့်ကျတဲ့ငယ်သား လွတ်လပ်ခွင့်မယူဝံ့ပါဘူး"


ရွှယ်ကျွင်းလျန်က "ထိုင်ပါ"ဟုသာ ပြောလိုက်၏။


ထို့နောက်သူ တစ်ဖက်ဘေးမှာမတ်တပ်ရပ်နေသည့် ထန့်ရှန်ကို တစ်ချက်ကြည့်ပြီး ပြုံးကာဆိုလိုက်သည်။

"ထန့်ရှန်လည်းရှိနေတာပဲ...ကု အိမ်တော်ထဲဝင်လာတုန်းက ဟုန်ယန်အိမ်တော်အပြင်ဘက်မှာ ယောင်လည်လည်လုပ်နေတာကိုတွေ့ခဲ့တယ်...လက်စသတ်တော့ လူမမာလာမေးတဲ့သူက မောင်မင်းဖြစ်နေတာကိုး"


ထန့်ရှန် အနည်းငယ်ကြက်သေသေ သွား၏။ သူဝင်လာတုန်းက သူ့ကိုကြိုရန်အတွက် တစ်ယောက်ယောက်ကို လွှတ်လိုက်မည်ဟု ရွှယ်ဟုန်ယန်ကပြောခဲ့သည်။ တစ်ဖက်လူက ထွက်မသွားဘဲ အပြင်မှာပဲ ယောင်ပေပေလုပ်နေမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ထန့်ရှန့် သူဘယ်လိုခံစားရမှန်းကို မသိတော့ပေ။ ရွှယ်ဟုန်ယန်က ကြင်နာတတ်သူဖြစ်ပြီး ထန့်ရှန် အတွက် အလွန်စဥ်းစားပေးလေသည်။ သူတို့ အတူတူဝင်သွားပါက ထန့်ရှန်နှင့်ထန့်ယွင် စကားအလွယ်တကူပြော၍မရမှာကို သူစိုးရိမ်၏။


xxxxxx