Chapter 112
သူ အချိန်အတော်ကြာသည့်တိုင်အောင် မလှုပ်မရှားဖြစ်နေသည်ကိုမြင်လျှင် ရွှယ်ကျွင်းလျန်က လက်ဖက်ရည်ခွက်ကို စားပွဲပေါ်ချပြီးပြောလေသည်။
" ပြော"
အခိုက်အတန့်တစ်ခုမျှ ကျန်းယွီ အခိုက်အတန့်တစ်ခုမျှ စိတ်သောကရောက်သွားပြီး သာမန်ကာလျှံကာပြောလိုက်၏။
"တခြားသူတွေကို ကျွန်တော်က သူ့အပေါ်တကယ်ကောင်းပေးချင်တယ်လို့ခံစားရအောင် ဘာလုပ်ရမလဲ "
ရွှယ်ဟုန်ယန် သူ့ပြောစကားကို ရှင်းရှင်းလင်းလင်း ကြားလိုက်ပါသော်လည်း သူဘာကိုဆိုလိုမှန်နားမလည်ပါချေ။ "ဘာရယ်..."ဟုသာ သူပြောလိုက်နိုင်လေသည်။
ရွှယ်ကျွင်းလျန် လက်ဝှေ့ယမ်းကာဖြင့် ကျန်းယွီကို ပြန်ဆုတ်ခိုင်းလိုက်၏။ သူက သူ(ယွီ)၏မိုက်မဲမှုကို မုန်းတီနေပုံပေါ်ပြီး ဖြည်းညင်းစွာ ပြောလေသည်။
"ငါမင်းကို မေးဖို့လာတာ...မင်းအခု ထန့်ရှန်နဲ့ဘယ်လိုနေလဲ...ဖုန့်တိုင်းပြည်ရဲ့နယ်စားမင်း ကိုးယောက်က သူတို့သမီးတွေရဲ့ ပုံတူတွေကိုပို့ပြီး... မင်းမကြာခင် လက်ထပ်နိုင်ဖို့အတွက် သမီးတစ်ယောက်ရွေးမှာကို အသင့်စောင့်နေကြတယ်"
ရွှယ်ဟုန်ယန် နန်းတော်ထဲဝင်စဥ်က တကယ်တမ်းမှာ ပြဿနာက ဤကိစ္စဖြစ်မည်ဟု သူနည်းနည်းမှထင်ထားခဲ့။ သူ ချက်ချင်း ဒူးထောက်ကာ ပြောလိုက်၏။
"အရှင်မင်းကြီး... ချန်တိ ထပ်ပြီးလက်ထပ်မှာမဟုတ်ပါဘူး"
"အို...မင်းက အကြိမ်တိုင်း အဲ့လိုပြောတာပဲ...စိတ်မပြောင်းတော့ဘူးလား..."
"မပြောင်းတော့ပါဘူးဘုရား"
ရွှယ်ကျွင်းလျန်က ဝေ့ဝိုက်နေခဲ့ပြီး အဓိကအချက်ကိုမရောက်ခင် တခြားခေါင်းစဥ်များကိုကွေ့ပတ်ပြောပြီးမှ
ပြောလိုက်သည်။
"ထန့်ရှန်ကရော ဘယ်လိုနေလဲ... မင်းနဲ့ထပ်တူပဲလား"
"အရင်ကဆိုရင်တော့ ကျွန်တော် သိပ်မသေချာပေမဲ့ အခုတော့ သေချာပါတယ် "
ရွှယ်ကျွင်းလျန် လက်ဖက်ရည်တစ်ငုံသောက်ကာ ပြောလိုက်၏။
"အိုး...ထန့်ရှန် စိတ်ပြောင်းသွားအောင် မင်းလုပ်ခဲ့တာလား...ငါ မင်းကိုချီးကျူးရမှာပဲ"
ထိုစကားကို ကြားရချိန်တွင် ရွှယ်ဟုန်ယန် တဟီးဟီးရယ်ကာ ပြောလိုက်သည်။
"ချန်တိ...ချန်တိ ဘာမှမလုပ်ခဲ့ရပါဘူး"
အနှီစာကြောင်းက ချက်ချင်းပင် ရွှယ်ကျွင်းလျန်အား လက်ဖက်ရည်ပန်ကန်လုံးကို ပစ်ပေါက်မိချင်သွားစေ၏။
သူက အသက်မရှူနိုင်အောင် ကွေ့ပတ်ပြီးအကြာပြီးပြောလိုက်ရပေမဲ့ ရလဒ်တစ်ခုအနေဖြင့် ဤဝါကျကို အဖြေအဖြစ်သူပြန်ရခဲ့သည်။ သို့ပေမဲ့ ရွှယ်ဟုန်ယန်ကတော့ လိမ်ပြောနေဟန်မရပေ။
———
ထန့်ယွင် မနက်ခင်းညီလာခံအပြီး၌ နေအိမ်တော်ကို ပြန်သွားနေ စဥ်တွင် သူ၏ရထားလုံးက ရုတ်ချည်း ရပ်တန့်သွား၏။ လိုက်ကားကို မ,ကြည့်လိုက်ရာ ရှေ့မနီးမဝေးမှာ အပြုံးတစ်ခုနှင့် ရပ်နေရင်းစကားပြောလာသည့် မြင်းပေါ်ကရွှယ်ယွီကိုမြင်လိုက်ရသည်။
"နယ်စားမင်းထန့်နန်မှာ အချိန်ရှိရဲ့လားလို့ ကျုပ်သိချင်မိတယ်...တစ်ခါလောက်သွားသောက်ကြရင်ရော"
"လန့်ကျင်းမပါဘူးလား...လန့်ကျင်းပါလာရင် နယ်စားမင်းက ကျွန်တော့် ကိုသောက်ဖို့ဖိတ်ခေါ်တာကို ကောင်းတဲ့အရာလို့ထင်မှာမဟုတ်ဘူးနော်"
"လန့်ကျင်း"ဟူသော စကားကို ကြားကသောအခါ ရွှယ်ယွီ၏မျက်နှာက အနည်းငယ်ရုပ်ဆိုးသွားပြီး ပြော၏။
"နယ်စားမင်းက ကျုပ်ရဲ့ဖိတ်ခေါ်မှုကိုလက်မခံဘူးလား"
"လက်ခံပါတယ်... ကျွန်တော်လည်း သဘောကျတာပေါ့"
ထန့်ယွင်က ဘေးဘီကို ကြည့်ကာပြောလိုက်သည်။
"ဒီနေရာက အဆင်ပြေသားပဲ"
ထိုသို့ဖြင့် ထန့်ယွင် ရထားလုံးပေါ်ကနေဆင်းလိုက်ကာ ရွှယ်ယွီလည်း မြင်းပေါ်ကနေဆင်းပြီး သူတို့ စားသောက်ဆိုင်အတွင်းသို့ ဘေးချင်းယှဥ်ကာ ဝင်သွားကြ၏။ ထန့်ယွင်က အစေခံတွေကို အပြင်မှာထားခဲ့ပြီး ဘယ်သူ့ကိုမှ ဝင်မလာရန်ပြောလိုက်သည်။
သူတို့ ထိုင်ပြီးချိန်၌ ရွှယ်ယွီက ထန့်ယွင်ကို သူ့ကျန်းမာရေးအကြောင်းမေးလာ၏။ ဝိုင်နှစ်ခွက်သောက်ပြီနောက် သူကပြုံးကာဆိုသည်။
"ဒီနေ့ အစ်ကိုတော်ဧကရာဇ်က ဘာကိုရည်ရွယ်သလဲဆိုတာ ကျုပ်မြင်နိုင်ပါတယ် ...သူက မင်းကိုဟွမ်ကွေ့ဖေးလုပ်ချင်နေတာ...ကျုပ် မင်းကို ဂုဏ်ပြုသင့်တယ်မဟုတ်ဘူးလား"
သူ့ကိုလာရှာပါက ရွှယ်ယွီအတွက် ကောင်းသည့်အရာတစ်ခုမှမရှိကြောင် ထန့်ယွင်သိ၏။ သူကပြောလိုက်သည်။
"ဧကရာဇ်ရဲ့ စိတ်က ကျွန်တော်တို့လို မင်းမှုထမ်းတွေခန့်မှန်းလို့ရတဲ့အရာမဟုတ်ဘူး...ကျွန်တော်တို့ ကိုယ့်အပိုင်းကိုယ် ကောင်းကောင်းလုပ်ဆောင်ရင် ကန့်သတ်ချက်ထက်မကျော်လွန်ဖို့ရာ မလုံလောက်ပေဘူးလား"
ရွှယ်ယွီက သရော်၏။
"အရှင်နယ်စားမင်းရဲ့နှုတ်ရေးကြွယ်မှုက ကျုပ်ထက်ပိုသာတာပဲ...နိမ့်ကျခြင်းအတွက် ကျုပ်တကယ် သက်ပြင်းချမိပါတယ်"
"နိမ့်ချလွန်းနေပါပြီ"
ရွှယ်ယွီက ဝိုင်ထပ်ငှဲ့လိုက်ပြန်ပြီး ပြောလေသည်။
"တကယ်တော့ ကျုပ်က ဒီနေ့ အရှင်နယ်စားမင်းကို အတူသောက်ဖို့တင် ရှာနေ တာမဟုတ်ဘူး..."
ထန့်ယွင်က ပြော၏။
"မဟုတ်ရင် ဒီနေ့ ကျွန်တော် နယ်စားမင်းနဲ့ဒီလိုအခန်းထဲမှာနေဖို့ ရွေးချယ်မှာမဟုတ်ဘူးလေ...နယ်စားမင်းမှာ ပြောစရာရှိရင် တိုက်ရိုက်သာပြောပါ"
သူ့စကားကိုကြားတော့ ရွှယ်ယွီဝမ်းသာသွားသည်။
သူစကားပြောမည်ကြံကာရှိသေး "ချပ်"ခနဲအသံဖွဖွနှစ်ခုကြားလိုက်ရပြီး အခန်းတံခါးက တွန်းဖွင့်ခံလိုက်ရ၏။
ရွှယ်ယွီက လာမနှောက်ယှက်ရန် အထူးတလည်အမိန့်ပေးထားခြင်းဖြစ်သဖြင့် တစ်စုံတစ်ယောာက်ဝင်လာသောအခါ ဒေါသထွက်ပြီး ကြိမ်းမောင်းရန်အဆင်သင့်ဖြစ်နေသော်လည်း ဝင်လာသူက လန့်ကျင်းဖြစ်နေသည်။
လန့်ကျင်းက လျှောက်လာပြီးဆို၏။
"သခင်"
ရွှယ်ယွီက သရော်လိုက်သည်။
"အရှင်လန့်...ဒီနေ့ စစ်မက်ရေးရာဌာနက ဘယ်လောက်တောင်အလုပ်ရှုပ်နေလို့လဲ...နန်းတော်ထဲက မထွက်နိုင်တဲ့အထိလား"
လန့်ကျင်းက ရွှယ်ယွီ၏ ယင်နှင့်ယန်လို သူစိမ်းဆန်သောဟန်ပန်ကိုဂရုမစိုက်ပါချေ။ သူ့မျက်နှာက တည်ငြိမ်နေဆဲဖြစ်ကာ ပြောလေ၏။
"ရွှယ်ဝမ်က သခင် နယ်စားမင်းထန့်နန်ကို ဒီမှာ သောက်ဖို့ဖိတ်ခေါ်ခဲ့တာကို ကြားလို့ လန့်ကျင်းကို လာပြီး နယ်စားမင်းထန့်နန်ကို နန်းတော်ပြန်ဖိတ်ခိုင်းလိုက်တာပါ"
112.2
ထန့်ယွင်ထွက်သွားသောအခါ လန့်ကျင်းက ပြောလေသည်။
"သခင်က သင်ခန်းစာမရသေးဘူးပဲ"
အရင်တစ်ခါက ကြီးကြီးမားမားဆုံးရှုံးခဲ့ပင်ငြား ယခုတွင်
သူက တူညီအမှားများကို ထပ်လုပ်နေပြန်သည်။
ရွှယ်ယွီက သူ့ကိုမကြည့်ပါဘဲ သူ့ဘာသူ ဝိုင်တစ်ခွက်ငှဲ့ကာ ပြော၏။
"သင်ခန်းစာ... မင်းကငါ့ကို သခင်ခန်းစာပေးဖို့တန်လို့လား"
"ဒီလန့်က သခင့်ကို မသင်ကြားဝံ့ပါဘူး"
ရွှယ်ယီက အသာအယာ လက်ကိုဝှေ့ယမ်းကာ ဆိုလိုက်သည်။
"အရှင်လန့်...ကျုပ်ကို 'သခင်'လို့ခေါ်စရာမလိုပါဘူး...အရှင်လန့်မင်မြစ်ကနေ ပြန်ရောက်ပြီးတဲ့နောက် ရွှယ်ဝမ်က အရှင်လန့်ကို အပြစ်မပေးသလို ချိုးချိုးနှိမ်နှိမ်လည်းမလုပ်ခဲ့ဘူးလေ ...အရှင်လန့်က စစ်မက်ရေးရာဌာနမှာ ပိုလို့တောင် နာမည်ကျော်ကြားနေပါပြီ...ဂုဏ်ပြုပါတယ်"
သူက ပြောရင်းဖြင့် ရုတ်တရက် ဒေါသထွက်လာပုံရပြီး ခွက်ကို ကြမ်းပြင်ပေါ် ပစ်ပေါက်လိုက်လေသည်။ သူက လန့်ကျင်းကိုစိုက်ကြည့်ကာပြော၏။
" ရွှယ်ကျွင်းလျန်က အကျဥ်းချမထားတော့ မင်းကတကယ့်ကို အဆင်ပြေနေတာပဲ...အိမ်ထဲမှာ ပိတ်လှောင်ခံထားရတဲ့ခံစားချက်ကို မင်းသိလား...ပြတင်းပေါက်တစ်ခုတောင်မပါဘဲနဲ့လေ...ငါက သိသိသာသာကို မြင်မြတ်တဲ့တော်ဝင်မျိုးရိုးဖြစ်ပေမဲ့ ယုတ်ညံ့တဲ့ အစောင့်တွေကတောင်ငါ့ကို လှောင်ပြောင် ရယ်မောကြတယ်...အစားအသောက်တွေကိုမြေကြီးပေါ်ပစ်ချပြီး လျက်ခိုင်းကြတယ်"
လန့်ကျင်း၏မျက်နှာက နောက်ဆုံးတွင် ပြောင်းလဲသွားသည်။
"သခင်..."
ရွှယ်ယွီက သူ့ကိုဖြတ်ပြောလိုက်၏။
"ငါမင်းကို မမြင်ချင်ဘူး...ငါ့လမ်းငါသွားမယ်...ငါ့ခေါင်းကိုဆုံးရှုံးရရင်တောင် ငါ့မှာ ငါ့ကိုယ်ပိုင်သိက္ခာရှိတယ်...
ရွှယ်ကျွင်းလျန် ငါ့အပေါ်တင်နေတဲ့အကြွေးတွေကို အနှေးနဲ့အမြန်ပြန်ပေးဆပ်ရလိမ့်မယ်"
လန့်ကျင်းက အချိန်အနည်းငယ်ကြာသည့်အတိုင်စကားမပြောပါဘဲ ရွှယ်ယွီ သူ့ဒေါသတွေကို သူ့အပေါ်ပေါက်ကွဲတော့မည့်အခါမှ ပါးစပ်ဟကာပြောလာသည်။
"သခင်...သခင်နန်းတက်ရင် လက်ရှိဧကရာဇ်ထက် ပိုကောင်းအောင်ဆောင်ရွက်နိုင်မယ်လို့ထင်လား"
ရွှယ်ယွီ သူ့ကိုဘေးတိုက်စိုက်ကြည့်ကာဖြင့်
"မင်းဘာကိုဆိုလိုတာလဲ"
လန့်ကျင်းက ပြော၏။
"ဖုန့်တိုင်းပြည်ကိုပဲ ဥပမာယူပါ...ဖုန့်တိုင်းပြည်က ငြိမ်းချမ်းရေးကိုရှာဖွေနေပေမဲ့ ခွဲခြားတတ်တဲ့ဘယ်သူမဆို ဒါက ရေတိုငြိမ်းချမ်းရေးဖြစ်ပြီတော့ မဝေးတော့တဲ့တစ်နေ့မှာ ငြိမ်းချမ်းရေးက အစိတ်အမွှာမွှာဖြစ်သွားမှာ မှန်းမြင်နိုင်တယ်...မင်မြစ်ရဲ့ ကမ်းပါးတွေက စစ်ပွဲနယ်မြေ ထပ်ဖြစ်လာလိမ့်မယ်...အဲ့ဒီအခါကျ သခင် ဘာလုပ်ချင်မှာလဲ"
ရွှယ်ယွီက သူ့ကို ဘာစကားမှမပြောဘဲစိုက်၍သာကြည့်နေသည်။ ရဲရဲနီနေသော မျက်လုံးများက သူ့အားအလွန် ညှိုးငယ်နေပုံပေါ်စေ၏။
လန့်ကျင်းက ထပ်ပေါင်းပြောသည်။
"လန့်ကျင်း သခင့်နားမှာနေလာတဲ့နှစ်တွေကလည်းမနည်းလှပါဘူး...ဘယ်သူကမှ ဒီလန့်ထက် သခင်ကိုပိုမသိဘူးလို့ထင်ပါတယ်...သခင်က စိတ်မရှည်သလို စိတ်ခံစားချက်တွေကိုလည်း မဖုံးကွယ်နိုင်ဘူး...သခင်က တိုင်းပြည်တစ်ခုရဲ့ဘုရင်ဖြစ်ဖို့မသင့်တော်ဘူး"
"အိုး..."
ရွှယ်ယွီက ဒေါသမထွက်ပါဘဲ ထိုအစားပြုံး၍ပြောလာ၏။
"နောက်ဆုံးတော့ မင်းစိတ်ထဲကဟာတွေကို ထုတ်ပြောလာပြီပေါ့"
လန့်ကျင်းက ပြောသည်။
"သခင်က ဒေါသထွက်နေတာပါ...အမှန်တော့ သူ(ယွီ)ကတိုင်းပြည်တစ်ခုရဲ့ အုပ်ချုပ်သူ တကယ်မဖြစ်ချင်ပါဘူး...သူရဲ့ဒေါသကိုမမြိုသိပ်နိုင်ရုံတင်ပါ...ဒါပေမဲ့ ဘာလို့ တပ်သားတွေကို အဆုံးရှုံးခံပြီး ဗိုလ်ချုပ်တွေကို အနိုင်ယူတဲ့နည်းလမ်းကိုသုံးရတာလဲ"
ရွှယ်ယွီက အေးစက်စွာနှာမှုတ်လိုက်သည်။
"ဆိုတော့ အရှင့်လန့်ကဒီကို အဆွယ်တရားလာဟောတာကိုး...ဒါပေမဲ့ ရွှယ်ကျွင်းလျန်ရဲ့ အကျင့်စရိုက်ကို ငါသိပ်ကိုကောင်းကောင်းသိတာပေါ့ ...သူက အပေါ်ယံမှာ အရမ်းသဘောထားကြီးပုံပေါ်ပေမဲ့ တကယ်ကျတော့ သူက နည်းနည်းမှ သည်းမခံတတ်ဘူး...မင်းငါ့ကို အောင်မြင်မှုတွေယူပြီး ရွှယ်ကျွင်းလျန်ငါ့ပေါ် အမြင်ကွဲပြားလာအောင်လုပ်စေချင်တာလား...အဲ့ဒီအချိန်ရောက်ရင် ရွှယ်ကျွင်းလျန်က ငါ့ရဲ့အာဏာကို ဘယ်လိုသိမ်းပိုက်ရမလဲတွေးနေမှာ စိုးရတယ်..."
လန့်ကျင်း၏ မျက်နှာကမပြောင်းမလဲရှိနေဆဲဖြစ်ကာ တည်တည်ငြိမ်ငြိမ် ဆိုလေ၏။
"ရှေးရှေးကတည်းက လူတွေရဲ့နှလုံးသားကို အောင်နိုင်တဲ့သူတွေက လောကကြီးကို အောင်နိုင်ကြပါတယ်...ရွှယ်ဝမ် နယ်စားမင်းထန့်နန်ကို မဖယ်ရှားနိုင်တဲ့အကြောင်းပြချက်က သူက လူတွေနှလုံးသားကို အောင်နိုင်စွမ်းရှိလို့ပါ...ဧကရာဇ်ကသာ ပညာရှိတစ်ယောက်ကို အချည်းနှီးသတ်လိုက်ရင် ပုန်ကန်မှုကိုဖိတ်ခေါ်မိသလိုပဲဖြစ်ပါလိမ့်မယ်"
ရွှယ်ယွီက ပြန်မတုံ့ပြန်သော်လည်း သူ့မျက်နှာထက်တွင်မူ လန့်ကျင်းက စည်းရုံးနေသေးသည် ဟုထင်နေကြောင်း မြင်နေရသည်။
လန့်ကျင်း ဆက်မပြောတော့ဘဲ လှည့်ထွက်ခဲ့ကာ အခန်းငယ်၏တံခါးကနေ ထွက်မသွားခင် ပြောလိုက်၏။
"သခင်က ဒီလန့်ရဲ့သစ္စာတရားကို မယုံကောင်းမယုံနိုင်သလို သခင်က ဒီလန့်ရဲ့အကြံပေးချက်ကို နားထောင်နိုင်စွမ်းမရှိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့...×××ကိုတော့......"
လန့်ကျင်းက တစ်စုံတစ်ခုပြောချင်ပုံရသော်လည်း သူ့အသံကတိုးလွန်းနေခဲ့သည်။ ရွှယ်ကျွင်းလျန် ရှင်းရှင်းလင်းလင်းမကြားလိုက်ချေ၊ ၎င်းနောက်တော့ သူ့ထွက်သွားခဲ့၏။ ရွှယ်ကျွင်းလျန် တစ်ဝက်ဟနေသော တံခါးကိုစိုက်ကြည့်နေရင်း ရုတ်တရက် ထတွန်းချကာ ဝိုင်အိုးကို ခွဲပစ်လိုက်သည်။ ဝိုင်အိုးက ကြမ်းပြင်ထက်မှာ အစိတ်စိတ်အမွှာမွှာဖြစ်သွားသော်လည်း သူ့ဒေါသကို ဖြေဖျောက်မပေးနိုင်ခဲ့ပေ။
——-
နောက်တစ်နေ့ မနက်ခင်းညီလာခံတွင် ဝန်မင်းများက ကွေ့ဖေးတင်မြောက်မှုနှင့်ပတ်သတ်ပြီး ဆက်လက်ဆွေးနွေးချင်ကြသေးသော်လည်း လျှောက်လွှာတစ်ခုက လူတိုင်း၏ အစီအစဥ်များကို ဖျက်ဆီးပစ်ခဲ့၏။ ရွှယ်ကျွင်းလျန်၏ဦးရီးတော် နယ်စားမင်းကျန်းအန်းသေဆုံးသွားလေပြီ။
ရွှယ်ကျွင်းလျန်အနေဖြင့်လည်း ထန့်ယွင်ကို ရုံးတော်ထဲမှာပဲထားရမလား သို့မဟုတ် တော်ဝင်မောင်းမဆောင်ထဲမှာထားရမလာကို ဝေခွဲမရဖြစ်နေခဲ့သည်။ သူက ဤအခွင့်အရေးကို အသုံးပြုပြီး လူတိုင်း၏ပါးစပ်ကို ချိတ်ပိတ်ထားလိုက်တော့၏။
ရွှယ်ကျွင်းလျန်က ပြောလိုက်သည်။
"နယ်စားမင်း ကျန်းအန်းကနန်းမြို့တော်ကို မကြာခဏ လာလေ့မရှိပေမဲ့...ကုက သူ့ကိုအမြဲတမ်း လေးစားနေခဲ့တာ...အခု ကုရဲ့ဦးရီးတော် ကွယ်လွန်သွားတယ်ဆိုတော့ ဒီကိစ္စတွေကို ရွေ့ဆိုင်းထားမယ်"
xxxxxxxx