အပိုင်း ၁၁၃
Viewers 17k

Chapter 113


ရွှယ်ကျွင်းလျန်နှင့် နယ်စားမင်းကျန့်အန်းကြားက ခံစားချက်များ မည်မျှထိနက်ရှိုင်းသလဲဆိုသည်မှာ ပြောဖို့ရာမဖြစ်နိုင်ပါချေ။ ရွှယ်ဧကရာဇ်များ၏ ယခင်မျိူးဆက်ထဲတွင် နယ်စားမင်းကျန့်အန်းတစ်ဦးတည်းသာကျန်ရစ်ခဲ့သည်။ သူ ဘာကြောင့်နေနိုင်သလဲဆိုသည်က အလွန်ပင်ရိုးရှင်း၏။ နယ်စားမင်း ကျန်းအန်းက စစ်တပ်အာဏာကို ကိုင်ဆောင်ထားပြီး ကြင်နာတတ်လေသည်။သူဟာ ငြိမ်းချမ်းရေးတမန်တော်တစ်ဦးဖြစ်ပြီး သူ့ကိုယ်သူမပြည့်ဝမှန်းသိသည့်အတွက် ဘယ်တုန်းကမှ ထီးနန်း ရာထူးဂုဏ်သိမ်များကို တိုက်ခိုက်ခြင်းလုယူခြင်းမရှိခဲ့ပေ။


ယခု နယ်စားမင်းကျန်းအန်း သေဆုံးသွားပြီဖြစ်ရာ ရွှယ်ကျွင်းလျန် သူ၏စစ်တပ်အာဏာနှင့်ပတ်သတ်ပြီး စတင်တွေးတောရတော့၏။


ရွှယ်ကျွင်းလျန် ညီလာခံရုတ်သိမ်းပြီး လူအများအပြားကို ဤအရေးကိစ္စအတွက် ဆွေးနွေးရန် စာကြည့်ဆောင်ထဲက အနွေးမဏ္ဍပ်ကိုလာခိုင်းလိုက်သည်။  ရွှယ်ကျွင်းလျန်အနေဖြင့်  အင်အားမသုံးဘဲ နယ်စားမင်းကျန်းအန်း၏စစ်တပ်အာဏာကို သိမ်းယူလိုသည်မှာသဘာဝကျပေသည်။ အဆုံးမတော့ ဖုန့်မင်က ဤတိုင်းပြည်ကို မျက်စိထောက်ထောက်ကြည့်နေ၏။ ရွှယ်တိုင်းပြည်သာ ပြည်တွင်းစစ်ဖြစ်ပွားပါလျှင် ဖုန့်မင်က သေချာပေါက် ယင်းကို အခွင့်ကောင်းယူရန်ကြိုးစားမှာပင်။

 

ရွှယ်ဟုန်ယန်က ခေတ္တခဏစဥ်းစားပြီးနောက် ပြောလေသည်။


"နှစ်တွေအများကြီး ကြာပြီးတဲ့နောက် နယ်စားမင်းကျန်းအန်းရဲ့ ဩဇာအာဏာကအခြေခိုင်နေပြီ...ချန်တိ သူ့ရဲ့စစ်တပ်ကို မြင်ဖူးပါတယ်...အရေအတွက်က သိပ်မများပေမဲ့ တကယ်ကို လက်ရွေးစင်စစ်တပ်တစ်ခုပါ...ချန်တိစိုးရိမ်တာက နယ်စားမင်း ကျန်းအန်းမရှိတော့ရင်တောင်

သူ့စစ်တပ်ကအလွယ်တကူ အညံ့မခံမှာကိုပါ" 


ရွှယ်ကျွင်းလျန် ခေါင်းညိတ်လိုက်၏။ ရွှယ်ဟုန်ယန်ပြောသည့်အရာက သူစိတ်ပူနေသည့်ဟာအတိအကျပင်။ နယ်စားမင်းကျန်းအန်းက အရာရှိတစ်ယောက်အနေဖြင့် မာန်မဝံ့ပေ။ သူဟာ စစ်သည်များနှင့်ရင်းနှီးသော ဆက်ဆံရေးရှိပြီး အများ၏အကြွင်းမဲ့ ယုံကြည်လက်ခံမှုကိုရထားလေသည်။ ဤအတွက်ကြောင့် စစ်သည်များက သူတို့၏သခင်ဟောင်းကို အတော်လေးသံယောဇဥ်ရှိနေကြပါက စစ်တပ်အာဏာကို သိမ်းယူရန်ခက်ခဲပေမည်။


ရွှယ်ကျွင်းလျန်က လက်ညိုးနှင့် စားပွဲကိုခေါက်ရင်း ပြုံးကာဖြင့် 

"ထန့်ယင်းရဲ့အတွေးကရော"


ထန့်ယွင် ဦးညွတ်ကာလျှောက်တင်လိုက်၏။ 

"ဘုရင်မင်းမြတ်က နယ်စားမင်းကျန်းအန်းဆီကနေ စစ်တပ်အာဏာကို သိမ်းယူချင်တာပါ...တကယ်တော့ အင်မတန်ရိုးရှင်းပါတယ်...နယ်စားမင်းကျန်းအန်းရဲ့ရာထူးကို သူရဲ့ပထမသား ဆက်ခံပါတယ်...အရှင်မင်းကြီးအနေနဲ့ နယ်စားမင်းကျန်းအန်းရဲ့သားတွေကို ချီးမွမ်းဖို့ တော်ဝင်အမိန့်တော်တစ်ခုချမှတ်ပြီး...နယ်မြေနဲ့နယ်စားမင်းကျန်းအန်းရဲ့စစ်တပ်ကို သူတို့ကို အညီအမျှခွဲပေးလို့ရပါတယ်...စစ်တပ်အာဏာကို စိတ်ပိုင်းပြီးတာနဲ့ ကြောက်စရာဘာတစ်ခုမှမရှိတော့ရုံတင်မကဘူး....ဘုရင်မင်းမြတ်အတွက် အရာရာတိုင်းကို စနစ်တကျပြင်ဆင်ဖို့ လွယ်ကူသွားမှာပါ"


ရွှယ်ကျွင်းလျန် ပြုံးပြုံးရွှင်ရွှင်ခေါင်းညိတ်ကာ ပြောလိုက်သည်။

"တကယ်ကို အကြံကောင်းပဲ...နောက်လအစမှာ မင်းသားက ဘွဲ့ကိုဆက်ခံဖို့ နန်းမြို့တော်ကိုလာလိမ့်မယ်...ဆောင်ရွက်နိုင်ခြေရှိလိမ့်မယ်"


သူ့စကားဆုံးသည်နှင့် လန့်ကျင်းကလျှောက်တင်လာ၏။


"နယ်စားမင်းကျန်းအန်းက စစ်တပ်ထဲမှာ ဩဇာဂုဏ်သတင်းမြင့်မြင့်မားမားရှိပြီး လူတွေကိုကြင်ကြင်နာနာဆက်ဆံပေမဲ့လည်း သူက အပြင်မှာပဲ ထောက်ထားညှာတာတတ်တာလို့ ဒိနိမ့်ကျတဲ့ငယ်သားကြားဖူးပါတယ်...သူ့ကိုယ်ပိုင်နေရာမှာဆိုရင် သူကအမြဲတမ်းဒေါသကြီးပါတယ်...သားတွေသမီးတွေလည်း အများကြီးရှိတာပါ...အကြီးဆုံးမင်းသားက တရားဝင်အမွေဆက်ခံသူဖြစ်ပေမဲ့ ယောကျာ်းတွေကိုသာစိတ်ဝင်စားပါတယ်...ဘုရင်မင်းမြတ်အနေနဲ့ ဒါကို အခွင့်အရေးအဖြစ်အသုံးချလို့ရပါတယ်...နယ်မြေနဲ့စစ်တပ်ကို အညီအမျှခွဲဝေပေးစရာမလိုပါဘူးဘုရား...အဲဒီအစား အကြီးဆုံးမင်းသားကို အနည်းငယ်လျော့ပြီးပေးလိုက်ပါ...ပြီးရင် ဖုန့်တိုင်းပြည်ကပို့လိုက်တဲ့ သမီးတော်တွေရဲ့ပုံတူတွေကိုသူ့ဆီပို့ပေးလိုက်ပါ...သူလက်ထပ်ချင်တဲ့တစ်ယောက်ကိုရွေးပြီး နှစ်နိုင်ငံကြားမဟာမိတ်ကို ထူထောင်လို့ရပါတယ်...ပေးအပ်တဲ့နယ်မြေနဲ့စစ်တပ်အာဏာက ပိုနည်းပေမဲ့ အရှင်မင်းကြီးက ကိုယ်တော်တိုင် မဟာမိတ်တစ်​ယောက်ညွှန်းပေးလိုက်ရင် မျှတသွားစေမှာပါ...ဒါပေမဲ့မင်းသားက သေချာပေါက် အာဃာတထားပါလိမ့်မယ်... သူတို့က သူလောက်အဆင့်အတန်းမမြင့်တာတောင်မှ ခြင်သေ့ရဲ့ဝေစုကိုရဦးမှာဖြစ်တဲ့အတွက် တခြားညီငယ်များကို မကျေမချမ်းဖြစ်သွားပါလိမ့်မယ်...သူတို့ကို လျှို့ဝှက်စွာ အတွင်းရေးပဋိပက္ခဖြစ်ခိုင်းလိုက်မယ်ဆိုရင် အရှင်မင်းကြီးက အချိန်တန်ရင် အခွင့်ကောင်းယူနိုင်မှာပါဘုရား"


ရွှယ်ကျွင်းလျန်က ပြုံးကာပြောသည်။

"လန့်ကျင်းက တကယ်ကို အကြံကောင်းတွေပြည့်နေတာပဲ"


ခဏအကြာတွင် သူတို့ စာကြည့်ဆောင်၏အနွေးမဏ္ဍပ်ထဲမှ ထွက်လာခဲ့ကြ၏။


ရွှယ်ကျွင်းလျန်က ထန့်ယွင်ကိုနေ့လည်စာစားရန် ပြန်ဆွဲထားချင်သော်လည်း ထန့်ယွင်ကမျက်နှာသာပေးမှုအတွက်ကျေးဇူးတင်လိုက်ပြီး ယဥ်ယဥ်ကျေးကျေး ငြင်းဆိုလေသည်။ ရွှယ်ကျွင်းလျန်အနေဖြင့် သိပ်ပြီး သိသာ၍မရသည့်အတွက် ထန့်ယွင်ကို နန်းတော်ထဲကထွက်ခွင့်ပြုလိုက်ရ၏။


ထိုအစား လန့်ကျင်းက ချန်နေရစ်လေသည်။ လန့်ကျင်းက ဒူးထောက်ကာလျှောက်တင်လာ၏။ 


"အရှင်မင်းကြီး... လန့်ကျင်းမှာ ကျေးဇူးကန်းတဲ့တောင်းဆိုမှုတစ်ခုရှိပါတယ်...ကျေးဇူးပြုပြီး ခွင့်ပြုပေးတော်မူပါ အရှင်မင်းကြီး "


"အိုး..."


ရွှယ်ကျွင်းလျန် စားပွဲပေါ်က လျှောက်လွှာများကို ကောက်ကိုင်ကာ ကြည့်လိုက်သည်။ထို့နောက် သူကပြော၏။


"မတောင်းအပ်တဲ့တောင်းဆိုချက်ဆိုမှတော့ မပြောတာပိုကောင်းတယ်"


လန့်ကျင်းက ပြောသည်။ 


"နယ်စားမင်းထန့်နန်က အလွန့်အလွန်ထက်မြက်ကြောင်းကို အရှင်မင်းကြီး မြင်ကိုမြင်နိုင်မှာပါ...နည်းလမ်းရှာဖို့ကြိုးစားရင်တောင် သူက ပွင့်လင်းပြီးရိုးသားပါလိမ့်မယ်...လန့်ကျင်းက စိတ်သဘောထားသေးသိမ်တဲ့လူမလို့ နောက်ကျောကနေဓားနဲ့ထိုးနိုင်စွမ်းပဲရှိပါတယ်...လန့်ကျင်းက နိမ့်ကျတဲ့ဝန်မင်းတစ်ယောက်မလို့ မြှောက်ပင့်မျက်နှာချိုသွေးနိုင်စွမ်းပဲရှိပါတယ်...အရှင်မင်းကြီးသာ 

တိုင်းပြည်ကို ခုခံကာကွယ်လိုပါက ဖော်လံဖားတစ်ယောက်ကို အသုံးပြု၍မရပါဘူးဘုရား"


" ထွက်သွားချင်နေတာလား..."


လန့်ကျင်း သူ၏ရုံးတော်ခေါင်းဆောင်းကို ချွတ်ပြီးပြောလိုက်သည်။


"အရှင်မင်းကြီးက အရည်အချင်းရှိတဲ့သူတွေအများကြီးနဲ့ဝန်းရံလျက်ရှိသူပါ...လန့်ကျင်းက သူ့အရည်အချင်းကို ဂုဏ်ယူပေမဲ့လည်း...ဒီနေရာမှာ သူကသိပ်ပြီး အသုံးမဝင်လှပါဘူး...ဒါ့ကြောင့် ကျေးဇူးပြုပြီး လန့်ကျင်းကို နှုတ်ထွက်ပြီး မွေးရပ်မြေပြန်ခွင့်ပြုတော်မူပါ"

 

ရွှယ်ကျွင်းလျန်က ခေါင်းခါကာ ပြော၏။


"မင်းက ဖော်လံဖားဝန်မင်းဟုတ်မဟုတ် ကုဂရုမစိုက်ဘူး...စိတ်ချလက်ချနေပါ ကု မောင်မင်းကို ဘယ်တော့မှလက်မလွှတ်ဘူး...တကယ်တမ်းကျတော့ ဘယ်လိုလုပ် ကုက မောင်မင်းရဲ့အသိပညာကြွယ်ဝမှုကို အပြင်မှာပို့ပြီး

စိတ်အေးလက်အေးနေနိုင်မှာလဲ.....လန့်ကျင်း မောင်မင်းထွက်သွားဖို့ ခေါင်းမာနေမယ်ဆိုရင် ကုက ရွှယ်ယွီကို ဓားနဲ့မိုးရလိမ့်မယ်...မောင်မင်း ကိုယ့်ဘာကိုယ် ချိန်ဆပါ"

113.2


ထန့်ယွင် နန်းတော်ထဲက ထွက်လာခဲ့သည်။


ရွှယ်ဟုန်ယန်ကလည်း သူနှင့်ဦးတည်ရာတူသဖြင့် နှစ်ယောက်သား အတူတူပြန်ခဲ့ကြ၏။ သူတို့မှာ ပြောစရာဘာတစ်ခုမှမရှိကြသဖြင့် အပြန်လမ်းမှာ တိတ်ဆိတ်နေခဲ့ကြသည်။


သူတို့လမ်းလျှောက်နေရင်း လူတစ်ယောက်နောက်ကနေ ပြေးလိုက်နေသည့် တန်ဖိုးကြီးအဝတ်အစားများကို ဝတ်ဆင်ထားသော လူငယ်တစ်​ယောက်ကိုမြင်လိုက်ရသည်။ယင်းက  လမ်းထဲက လူတိုင်းကို ထိုနေရာသို့ လှမ်းကြည့်မိစေပြီး ပြပွဲကောင်းတစ်ခုကြည့်နေသကဲ့သို့ပင်။ 


ရှေ့ကလူကို လိုက်ဖမ်းနေသည့် သခင်ငယ်လေးက အနီးနားရှိ လက်ဖက်ရည်အိမ်တော်ထဲသို့ လှည့်ကာဝင်သွား၏။ ရွှယ်ဟုန်ယန် ကြည့်ပြီး ချက်ချင်း မျက်နှာပျက်သွားသည်။ အကြောင်းမှာ အရှုပ်အထွေးထဲ ပါဝင်ပတ်သတ်နေသူက တခြားမဟုတ်ပါဘဲ သူမိသားစုကထန့်ဖြစ်နေသောကြောင့်ပင်။ 


ထိုသခင်ငယ်လေးက ဟိတ်ဟန်များလွန်းသူဖြစ်ပုံရ၏။ သူက လူလိုက်ဖမ်းရင်း မလျော်မကန်ပြုမူနေသည်။ သို့ပေမဲ့ ဤအမျိူးကောင်းသားက ထန့်ရှန်၏ ပါးလျပြီး အားနည်းသည့် ခန္ဓာကိုယ်ကို မြင်ဖူး၍ဖြစ်ရမည်၊ အကြောက်တရားနည်းနည်းမှမရှိပေ။ ထန့်ရှန်ကလည်း သိုင်းသမားတစ်ယောက်ဖြစ်မည် သူထင်သည့်ပုံမရချေ။


ထန့်ယွင်အနေဖြင့် သူ့စိတ်ထဲတွင် လက်မခံနိုင်သေးပေ။

အဆုံးမတော့ ယောကျာ်း နှစ်ယောက်က အဘယ်သို့ ယင်းခံစားချက်တွေရှိနိုင်သလဲဆိုသည်ကို သူနားမလည်ပါသော်လည်း ရွှယ်ဟုန်ယန်၏အမူအရာကို မြင်သောအခါ သူ့နှလုံးသားက နောက်ဆုံးမှာ သက်သာရာရသွားခဲ့သည်။ ကြည့်ရသည်မှာ နယ်စားမင်းဝမ်နျန်က ထန့်ရှန်ကို တကယ်နှလုံးသားထဲမှာရှိပုံရ၏။


ရွှယ်ဟုန်ယန်က ထန့်ယွင်ကိုပြောလာ၏။

"ကျွန်တော့်မှာ အရင်ဆုံးလုပ်ရမဲ့ဟာရှိလို့ သွားနှင့်ပါ"


ထန့်ယွင်က ပြုံးပြုံးရွှင်ရွှင် ဆိုလိုက်သည်။

"ကျွန်တော်လည်း အရှင်ထန့်ကိုအခုလေးတင်မြင်လိုက်သလိုပဲ...ဘယ်လိုပဲဖြစ်ဖြစ် အိမ်တော်မှာ အရေးကြီးလုပ်စရာမှမရှိတာ...အတူတူသွားကြရအောင်"


ရွှယ်ဟုန်ယန်က ထန့်ယွင်၏သရုပ်မှန်ကို သိပြီး ထန့်ယွင်ကအန္တရာယ်ပေးရန် ကြံစည်မှာမဟုတ်ဟုထင်မိ၏။ထို့ကြောင့် သူတို့လည်း လက်ဖက်ရည်အိမ်တော်ထဲအတူတူဝင်လိုက်ကြသည်။


ထန့်ရှန်က ထောင့်ရှိစားပွဲတစ်ခုမှာထိုင်နေပြီး တန်ဖိုးကြီးအဝတ်အစားများဝတ်ဆင်ထားသော သခင်ငယ်လေးက

လည်း သူ့ဘေးမှာ ထိုင်နေ၏။ သူ့အသံက ကျယ်လွန်း၍ ရွှယ်ဟုန်ယန် တံခါးကနေဝင်ဝင်ချင်း ကြားလိုက်ရသည်အထိပင်။


"သခင်လေး...လက်ဖက်ရည်တစ်ယောက်တည်းသောက်နေတာလား...အဲ့လိုက ပျင်းစရာကောင်းလွန်းတယ်...ဘာလို ငါတို့စကားမပြောရမှာလဲ"


သူထိုသို့ပြောရင်း သူ၏ကပြက်ကချော်လက်ကို ထန့်ရှန်၏ပခုံးပေါ်တင်လိုက်လေသည်။


ဤအပြုအမူမျိုးက အမှန်တော့ ကပြက်ကချော်နိုင်ပုံမရသော်လည်း ရွှယ်ဟုန်ယန်၏မျက်လုံးထဲတွင်မူ အလွန့်အလွန်ကို ကပြက်ကချော်နိုင်၏။ ရွှယ်ဟုန်ယန် ၎င်းကို သည်းမခံနိုင်တော့ဘဲ လျှောက်သွားကာ တမင်သက်သက် သူတို့ကြားမှာ ရပ်ပြီး ပြောလိုက်သည်။


"ယောကျာ်း ဘယ်လိုထွက်လာတာလဲ"


ထန့်ရှန်က ရွှယ်ဟုန်ယန်ကို မြင်သောအခါ အံဩမသွားပါဘဲ ပြုံးကာ ဆို၏။


"မင်း မနက်ခင်းညီလာခံကနေပြန်လာလောက်ပြီထင်လို့

အိမ်မှာလည်းလုပ်စရာမရှိတာနဲ့ လမ်းလျှောက်ထွက်လာတာ"


ရွှယ်ဟုန်ယန် စိတ်အခြေအနေကောင်းသွားသည်။လက်စသတ်တော့ အရှင်ထန့်က သူ့ကိုရှာရန်လာခြင်းပင်။


၎င်းက အပြုအမူသေးသေးမွှားမွှားတချို့သာ ဖြစ်သော်လည်း ရွှယ်ဟုန်ယန်အနေဖြင့် တစ်နေ့က သူတို့ထိုအကြောင်းကို ပြောဆိုပြီးကတည်းက သူတို့၏ဆက်ဆံရေးက ပိုပြီးနီးကပ်လာသည်ဟု သိသိသာသာကို ခံစားရ၏။ ဤသည်က ရိုးရှင်းစွာပင် ရွှယ်ဟုန်ယန်အိပ်မက်မက်ခဲ့သော ကိစ္စကောင်းတစ်ခုဖြစ်လေသည်။ 


ထန့်ယွင်လည်းရှိနေသည်ကို မြင်လျှင် ထန့်ရှန်ကပြော၏။ 

"ခဏလောက်အတူတူထိုင်ချင်လား"


ထန့်ယွင် ကိုးရိုးကားယားနှင့် နှာခေါင်းပွတ်လိုက် သည်။

သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးက သူ့အမြင်မှာ အလွန်းကောင်းနေပုံပေါ်၏။ သူသာ နေလိုက်ပါက သူတို့ကို နှောက်ယှက်မိမလားမသိပါချေ။

 

ထန့်ရှန် သူ၏တုံ့ဆိုင်းမှုကိုမြင်လျှင် စားပွဲပေါ်မှာ မှောက်ထားသည့် ခွက်တွေကို လှန်ကာ ထန့်ယွင်အတွက် လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးလိုက်သည်။


ထန့်ယွင် ထိုင်ပဲထိုင်လိုက်ရတော့၏။ လေးထောင့်ညီစားပွဲက တစ်ဘက်ခြမ်းမှာတစ်နေရာလွတ်နေဆဲပင်။

သခင်ငယ်လေးက ယဥ်ကျေးခြင်းမရှိပါဘဲ လွတ်နေသည့်ခုံမှာဝင်ထိုင်ပြီး ပြုံးပြုံးရွှင်ရွှင် ဆိုလာသည်။

"ငါ့မျိုးရိုးနာမည်က ရွှယ်...ချန်ကျင်းလို့ပဲခေါ်ပါ"


သူထိုသို့ပြောလိုက်သည်နှင့် သုံးယောက်လုံးတစ်ယောက်နှင့်တစ်ယောက်ကြည့်မိကြသည်။ ထန့်ယွင်က ရွှယ်တိုင်းပြည်၏ တော်ဝင်မျိုးနွယ်များ၊မျိုးရိုးမြင့်များနှင့်

အကျွမ်းတဝင်မရှိသော်ငြား  အခုလေးတင်မှ စာကြည့်ဆောင်၏ အနွေးမဏ္ဍပ်ထဲမှာ သူတို့အကြောင်းပြောလာခဲ့ခြင်းဖြစ်၏။ ဆိုတော့ကား သူတိုအဘယ်သို့ မသိဘဲနေမှာမည်နည်း။


ရွှယ်ချန်ကျင်းက နယ်စားမင်းကျန်းအန်း၏အကြီးဆုံးသားတော်ဖြစ်လေသည်။  နောက်လကနေစပြီး သူက ဘွဲ့ဆက်ခံရန် နန်းမြိုတော်ကို ရောက်ရှိလာမည်ဟုဆိုခဲ့၏။ 

မမျှော်လင့်ထားစွာဖြင့် လက်ရှိတွင် သူဟာ ရွှယ်ဝမ်၏မျက်မှောက်မှာပင် မြို့တော်၏လမ်းများထက်၌ တကားကားလျှောက်သွားနေခဲ့လေသည်။


သူက နယ်စားမင်းကျန်းအန်း၏အကြီးဆုံးသားတော်ဖြစ်ကြောင်းကြားရသောအခါ ရွှယ်ဟုန်ယန်၏မျက်နှာက တန်းပြီးမဲမှောင်လာ၏။ အကြီးဆုံးသားတော်က ယောကျာ်းများကိုပဲ စိတ်ဝင်စားသည်ဟူသော  လန့်ကျင်း၏စကားများကို သူမှတ်မိနေဆဲဖြစ်သည်။ ယခု သူက ထန့်ရှန်ကိုနှောက်ယှက်နေ၏။ ဒါက ထန့်ရှန်၏အာရုံစိုက်မှုကိုရဖို့ပဲမဟုတ်ဘူးလား...

 

မှန်သည်ပင်၊ ရွှယ်ချန်ကျင်းကတော့ အနှီလူသုံးယောက်မှာ ကိုယ်ပိုင်အတွေးများရှိကြကြောင်းမသိပါချေ။ သူက ထန့်ရှန်နှင့် ရင်းနှီးချင်သော်လည်း ရွှယ်ဟုန်ယန်၏စစ်မြေပြင်ထဲမှာ သွေးယူခဲ့သော သတ်ဖြတ်လိုသည့် အော်ရာက ဟာသမဟုတ်ပေ။ ရွှယ်ချန်းကျင်အနေဖြင့် အချစ်ရေး၊ကာမကိစ္စများကို ရွှယ်ဟုန်ယန်ထက်ပိုပြီး ကောင်းကောင်း  နားလည်လေရာ ထန့်ရှန်က ပိုင်ရှင်ရှိပြီးသွားပြီး ဖြစ်ကြောင်းတန်းသိလိုက်၏။ 


သူက မကြာခင် နယ်စားမင်းဖြစ်လာတော့မှာဖြစ်သဖြင့် ကြောက်စရာမလိုဟု ထင်မိသော်လည်း လက်ရှိတွင် သူကတစ်ယောက်တည်းဖြစ်ပြီး ကြမ်းကြမ်းတမ်းတမ်းဖြေရှင်းရန် မသင့်တော်ပေ။ သူ၏ခန့်ညားထည်ဝါသော ဟန်ပန်ကိုပြသရန် တစ်ရက်ရက်ကျမှ အခြွေအရံတွေခေါ်လာ၍ရလေသည်။


xxxxxx