အပိုင်း ၁၁၄
Viewers 17k

Chapter 114


ရွှယ်ချန်ကျင်း ထိုသို့တွေးပြီး ထန့်ရှန် ကိုနှောက်ယှက်ခြင်းအား ရပ်တန့်ကာ ထန့်ယွင်ကိုလှည့်ကြည့်လိုက်၏။

ထန့်ယွင် တစ်ဖက်လူက သူ့ကိုကြည့်နေသည်ကိုမြင်သော်လည်း မမြင်ချင်ယောင်ဆောင်ထားလိုက်သည်။


သူက ကောင်းမွန်စွာမွေးဖွားလာသော်ငြား သူ့မျက်နှာထက်တွင် များစွာသောအမာရွတ်များရှိနေသည်ကို ရွှယ်ချန်ကျင်းမြင်လိုက်ရ၏။ အနှီအမာရွတ်များဟာ ကုသပြီးသည့်နောက် မပျောက်သွားသော်လည်း ယခင်ကထက် များစွာပိုပြီးမှိန်ဖျော့လာခဲ့သည်။


ရွှယ်ချန်ကျင်း၏စိတ်ထဲတွင် သို့လောသို့လောတချို့ဖြစ်နေမိ၏။ မြင်မြင်ချင်းတုန်းက သူဟာ အနည်းငယ်ကြောက်စရာကောင်းသော်လည်း နီးနီးကပ်ကပ်ကြည့်လိုက်ချိန်တွင်မူ တကယ်ကို တောက်ပနေခဲ့သည်။ ထိုဟာက ပျော်စရာကောင်းသည်ဟုသာ ရွှယ်ချန်ကျင်း ထင်မိသဖြင့်  ထန့်ယွင်ဘက်လှည့်ကာ စတင်နှောက်ယှက်တော့၏။


ထန့်ယွင် ရွှယ်ချန်ကျင်းနှင့်စကားမပြောလိုပေ။ ပထမအချက် သူကဤလူက ကပြက်ချော်နိုင်လွန်းသည်။

အဆုံးမတော့ ထန့်ယွင်က ပို၍ရှေးရိုးဆန်သည်ပင်။ ဒုတိယအချက်မှာ ရွှယ်ချန်ကျင်းက နယ်စားမင်း၏အကြီးဆုံးမင်းသား ဖြစ်နေသောကြောင့်ဖြစ်၏။

သူအနေဖြင့်  ယခုတွင် မြို့တော်ကိုတစ်ခါတစ်ရံပြန်လာရန်အတွက် ဆင့်ခေါ်စာတွေရရှိထားရပေမည်။ ဧကရာဇ်ထံမှဆင့်ခေါ်စာမရရှိပါဘဲ နယ်မြေကနေထွက်ခွာခြင်းသည် ကြီးလေးသော ရာဇဝတ်မှုဖြစ်၏။ ထန့်ယွင် ပြဿနာမတတ်ချင်ပေ ၊အထူးသဖြင့် ရွှယ်ချန်ကျင်း၏လက်ရှိ သူ့အပေါ်သဘောထားကြောင့် သူနောက်တစ်ကြိမ်ထပ်ရွေးခံရမှာကိုကြောက်မိလေသည်။


ရွှယ်ချန်ကျင်း ထန့်ယွင်ကို အကြာကြီး စကားပြောခဲ့ပေမဲ့ နံရံနှင့်စကားပြောနေရသလိုပင်။ တစ်ဖက်လူက သူ့ကို လုံးလုံးလျားလျား လျစ်လျူရှုထား၏။ ယင်းက သူ့နယ်မြေထဲမှာရှိနေစဥ်က လိုချင်သမျှရရှိခဲ့သော မင်းသားကို အလွန်မပျော်မရွှင်ဖြစ်စေသည်။


ရွှယ်ဟုန်ယန် ခဏလောက်ထိုင်နေပြီးနောက် ရွှယ်ချန်ကျင်း၏အပြုအမူကိုမကြိုက်ပေ။ သူက ထပြန်ရန်အဆင်သင့်ဖြစ်နေ၏။ ထန့်ရှန်က သူ့နောက်ကိုလိုက်သွားရင်း ထန့်ယွင်ကိုပြောလိုက်သည်။


"မင်းက နေကောင်းသေးတာမဟုတ်ဘူး..ပြန်ပြီးအနားယူတော့"


ထန့်ယွင်ကခေါင်းညိတ်ပြီးဖြေ၏။

"ကျွန်တော် အခုပြန်မှာ"


သူတို့ထွက်သွားသည်ကိုမြင်သောအခါ ရွှယ်ချန်ကျင်း အတော်လေးမခံချိမခံသာဖြစ်သွားသော်လည်း သူက မြို့တော်မှာအကြာကြီးနေဦးမှာဟု တွေးပြီး စိတ်ကိုအေးအေးထားလိုက်သည်။

——-


ရွှယ်ကျွင်းလျန် မကြာမိ သတင်းတစ်ခုရလေ၏။


ကျန်းယွီကပြောသည်။

"အရှင်မင်းကြီး... တစ်ယောက်ယောက်က နယ်စားမင်းထန့်နန်နဲ့ လမ်းထဲမှာ ပရောပရီလုပ်ပြီး မလျော်မကန်ပြုနေပါတယ်တဲ့"


ချပ်ခနဲ အသံနှင့်အတူ ရွှယ်ကျွင်းလျန်လျှောက်လွှာကို

စားပွဲပေါ် ပစ်ချလိုက်ပြီး မျက်ခုံးပင့်ကာ ပြောလေ၏။"ပြန်ပြောစမ်း"


ကျန်းယွီ ချွေးစေးများကို သုတ်ကာဆိုလိုက်သည်။

"အာာ... တစ်ယောက်ယောက်က နယ်စားမင်းထန့်နန်ကိုလမ်းထဲမှာ ပရောပရည်လုပ်ပြီးမလျော်မကန်ပြုမူဖို့ ကြိုးစားနေပါတယ်လို့ လူတစ်ယောက်က သတင်းပို့လာပါတယ်"

 

ရွှယ်ကျွင်းလျန်က အေးစက်စွာ ပြော၏။

"မလျော်မကန်ပြုတယ်...ဧကရာဇ်ရဲနှာခေါင်းအောက်တည့်တည့်မှာ ဒီလိုသောင်းကျန်းတဲ့လူတွေ ရှိနေတယ်ပေါ့"


ကျန်းယွီကပြောသည်။

"ဒီကကျွန်အိုကြီး... ဒီကျွန်အိုကြီးတစ်ယောက်ယောက်ကို

စစ်ဆေးဖို့လွှတ်ထားပါတယ်...​ ကြည့်ရတာ  အဲ့ဒီလူက ပြဿနာကောင်မဟုတ်ဘူးထင်ပါတယ်... သူကတကယ်တော့ နယ်စားမင်းကျန်းအန်းရဲ့အကြီးဆုံးမင်းသားပါ"


"အိုး..."


ရွှယ်ကျွင်းလျန် အပြုံးတစ်ခုနှင့် ဆိုလိုက်၏။

"မင်းသားက လမ်းမှာပဲရှိရဦးမှာမဟုတ်ဘူးလား...သူက ဘယ်လိုလုပ် မြို့တော်ကိုစောပြီးရောက်လာတာလဲ" 


"ဒီအစေခံအိုကြီးလည်းမသိပါဘူး...အဲ့ဒီလူက ရွှယ်ချန်ကျင်းလို့အခိုင်အမာဆိုပါတယ်"


ရွှယ်ကျွင်းလျန်က ခဏငြိမ်သက်သွားပြီးနောက်ပြောလေသည်။

"သွားပြီး ဒီသူ့ကိုယ်သူ ရွှယ်ချန်ကျင်းလို့ပြောတဲ့သောင်းကျန်းသူကို ကုဆီခေါ်လာခဲ့"


"ဟုတ်ကဲ့ပါ... "


ပြဿနာကိုလက်ယက်ခေါ်နေမိသလို ကျန်းယွီခံစားရ၏။ သူ အလောတကြီး ဆင်းကာ အစောင့်တွေကို

ထိုလူအားဖမ်းဆီးရန်အမိန့်ပေးလိုက်သော်လည်း သူ့အရှင်၏မိန့်မှာလိုက်သောစကားအရ ရွှယ်ဝမ်ကသူ့ကိုကိုယ်တိုင်သွားစေချင်နေသည်။ ထို့ကြောင့် သူအစောင့်တွေနှင့်အတူတူသွားလိုက်၏။

————-


ဤရက်ပိုင်းတွင် ထန့်ယွင် ဆက်တိုက်ဆိုသလို နှောက်ယှက်ခံနေရပြီး သူ၏နေ့ရက်များမှာ သည်းမခံနိုင်အောင်ဖြစ်၏။ မင်းသားက သူဒီအချိန်မှာ ဒီလမ်းကနေဖြတ်သွားမှန်းသိသဖြင့် လမ်းပေါ်ကနေစောင့်ကာ နေ့စဥ်နေတိုင်း  သူလာသည့်အခါတိုင်း စပြီးစကားပြောကာ သူ့ကိုပရောပရည်လုပ်ရန်ကြိုးစားနေသည်။ ထန့်ယွင် သူ၏သရုပ်မှန်ကို မဖော်ပြချင်သဖြင့် အရှာတွေ့မခံရဘဲနေအိမ်တော်ကို ပြန်ရောက်ရန်အတွက် များစွာချိန်ဆနေရ၏။ သူ့နောက်ကနေ တဝဲလည်လည်လိုက်နေသည့် ရွှယ်ချန်ကျင်းကြောင့် အလွန်သတိထားနေသည်။


ထို့ကြောင့် သူ့အနေဖြင့် လမ်းထဲမှာနေ့တိုင်းကွေ့ပတ်သွားရုံသာ တတ်နိုင်၏။ ရွှယ်ချန်ကျင်းက သူ့နောက်ကို ပျော်ပျော်ကြီး လိုက်ပြီး ပရောပရည်လုပ်ကာ မလျော်မကန်ပြုရန်ကြိုးစားနေသည်။ ထန့်ယွင်က အချစ်အကြောင်းကို များများစားစား မသိပေ။ ထို့အပြင် တစ်ဖက်လူက ယောကျာ်းတစ်ယောက်ဖြစ်နေသေး၏။ ရွှယ်ချန်ကျင်း၏နှောက်ယှက်မှုက အင်မတန်စိတ်ရှုပ်စရာကောင်းသည်ဟုသာ သူထင်လေသည်။ 


တစ်နေ့တာ၏အဆုံးတွင် ထန့်ယွင်၏ရထားလုံးက ထပ်ပြီးအတားခံလိုက်ရပြန်၏။ သို့ပေမဲ့ ထန့်ယွင် လိုက်ကာ မ မရသေးခင်တွင် အပြင်ဘက်က ရုတ်ရုတ်သဲသဲအသံကို့ကြားလိုက်ရသည်။ သူ ကျန်းယွီ၏အသံကို ခပ်ယဲ့ယဲ့ကြားလိုက်ရ၏။


အခုအချိန်မှာ ကျန်းယွီက နန်းတော်ထဲတွင် ရွှယ်ကျွင်းလျန်ကို ခစားနေရမှာဖြစ်သည်။ ယခုလိုအချိန်မျိုး၌ စျေးထဲမှာ လုံးဝပေါ်လာမှာမဟုတ်ပေ။ ထန့်ယွင် သူ့ရထားလုံး၏လိုက်ကာကိုမပြီး အပြင်ကိုကြည့်လိုက်ရာတွင် အမှန်ကို ကျန်းယွီဖြစ်နေ၏။


ကျန်းယွီက ရွှယ်ချန်ကျင်းကိုမြေကြီးပေါ်မှာချုပ်ထားသည့် အစောင့်တသိုက်နှင့်အတူရှိနေသည်။ မင်းသားက အင်မတန်စိတ်ဆင်းရဲနေပုံရပြီး "ငါ့ကို ဘယ်လိုများထိရဲတာလဲ"နှင့်တခြားသောစကားများကို အော်ဟစ်နေ၏။


ထန့်ယွင်ကို မြင်လျှင် ကျန်းယွီကပြောလာသည်။ 

"နယ်စားမင်း...ဒီအစေခံအိုကြီးက နယ်စားမင်းရဲ့ငြိမ်းချမ်းမှုကို နှောက်ယှက်မိပါပြီ...ဒီအစေခံက အရှင်မင်းကြီးရဲ့ အမိန့်တော်အရ သောင်းကျန်းနေတဲ့လူကို စစ်ဆေးမေးမြန်းဖို့အတွက် လာရောက်ဖမ်းဆီးတာပါ"


ရွှယ်ကျွင်းလျန်၏အမိန့်ဟု ဆိုသဖြင့် ထန့်ယွင်ဝင်မစွက်ဖက်တော့ဘဲ ခေါင်းသာညိတ်ပြလိုက်၏။


ကျန်းယွီက ရွှယ်ချန်ကျင်းကို နန်းတော်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ရွှယ်ကျွင်းလျန်က သူ့ကိုခေါ် မတွေ့ပါဘဲ တစ်ယောက်ယောက်ကိုသာ ကြိမ်ဒဏ်ပေးခိုင်းလိုက်၏။ ကျန်းယွီ တစ်ခုခုမှားနေသလိုခံစားရသည်။

114.2


ရွှယ်ကျွင်းလျန်က ပြုံးပြုံးရွှင်ရွှင်ဆိုလာ၏။

"ဘာဖြစ်လို့လဲ... နယ်စားမင်းကျန်းအန်းရဲ့မင်းသားက အခုလမ်းမှာပဲရှိသေးတာလေ...ကုက မရိုးသားတဲ့ငနဲတစ်ကောင်ကိုပဲအပြစ်ပေးတာလေ...သူ့ကို တန်းပြီးခေါင်းဖြတ်မဲ့အစား ကြိမ်ဒဏ် အချက်ရေနည်းနည်းလောက်ပဲပေးလိုက်တာက ကုရဲ့ကြင်နာမှုပဲ"


ရွှယ်ကျွင်းလျန်က အစောင့်တွေအား အပြစ်ပေးမှုကို

ခန်းမဆောင်၏အပြင်ဘက်ကျောက်စိမ်းလှေကားထစ်များပေါ်မှာ ဆောင်ရွက်ရန်အမိန့်ပေးလိုက်သည်။ အပြင်ဘက်က အဆက်မပြတ်အော်ဟစ်နေသောအသံကို အထဲကနေကြားနေ၏။ ရွှယ်ကျွင်းလျန် သူ့လက်ဖက်ရည်ကို ပျော်ရွှင်စွာသောက်လိုက်သည်။ အပြစ်ပေးမှုပြီးဆုံးသွားသောအခါ ရွှယ်ကျွင်းလျန် လူကိုလွှတ်မပေးပေ။ ထိုအစား အကျဥ်းတိုက်ထဲ တရွတ်တိုက်ဆွဲခေါ်သွားရန်အမိန့်ပေးလိုက်ပြီး လဝက်ကျော်ကျော် အကျဥ်းချထားခဲ့လေသည်။ မင်းသား နန်းမြို့တော်ကို ရောက်သင့်သည့်ရက်နှင့် ကိုက်ချိန်ရောက်မှသာ လွှတ်ခွင့်ပေးလိုက်၏။


ဤနေ့သည့် နယ်စားမင်းကျန်းအန်း၏မင်းသား  ဧကရာဇ်ကိုတွေ့ဆုံရန် နန်းမြို့တော်ကို ရှောက်ရှိရမည့်နေ့ဖြစ်ပေသည်။ ရွှယ်ကျွင်းလျန် ခန်းမဆောင်ထဲဝင်လိုက်သည်နှင့် 

အောက်မှာရပ်နေသော ရွှယ်ချန်ကျင်းကိုမြင်လိုက်ရ၏။ သူ့က မျက်တွင်းဟောက်ပက်နှင့် ရို့ရို့ကျိုးကျိုးဖြစ်နေသည်။ ရွှယ်ကျွင်းလျန်က သူ့ကို ကြည့်နေသည်ကိုတွေ့လျှင် ကြိမ်ဒဏ်ကနေ ရသည့်ဒဏ်ရာများက ဒဏ်ရာကျက်မသွားသေးသကဲ့သို့ မနေနိုင်ဘဲ တုန်ရီလာတော့၏။


မှန်သည်ပင်၊ ရှေ့ဆုံးတန်းမှာမတ်တပ်ရပ်နေသည့် ထန့်ယွင်ကိုလည်း သူသတိထားမိလေသည်။ ရွှယ်ဝမ်မလာခင်က ဝန်မင်းတွေက ထန့်ယွင်ကို နှုတ်ဆက်ကြ၏။ လူတွေက သူ့ကို "နယ်စားမင်းထန့်နန်"ဟုခေါ်သည်ကို ရွှယ်ချန်ကျင်း ရှင်းရှင်းလင်းလင်း ကြားခဲ့ရပြီး ထန့်ယွင်နှင့်လျှောက်လာသည့် တခြားသူက ကြီးမားသော အောင်မြင်မှုများနှင့် စစ်တပ်အာဏာကို ပိုင်စိုးထားသော ရွှယ်ဟုန်ယန် ဖြစ်ပုံရလေသည်။ 


ရွှယ်ချန်ကျင်း၏မျက်နှာကား စိမ်းဖန့်သွား၏။ နောက်ဆုံးတွင် ရွှယ်ဝမ်က သူ့ကို ဘာလို့ နန်းတော်ထဲဲခေါ်ပြီး ရိုက်ခိုင်းကာ အကျဥ်းတိုက်ထဲပစ်ထည့်လိုက်မှန်း သူနားလည်သွားသည်။ သူ ထန့်ယွင်ကို နှောက်ယှက်နေသည့်သတင်းက ရွှယ်ဝမ်၏နားထဲကိုရောက်သွားပုံရ၏။


သူ့အစ်ကိုတော်ဘာလုပ်ထားမှန်း ရွှယ်ဟုန်ယန်မသိသော်လည်း လက်ရှိ ရွှယ်ချန်ကျင်း၏မျက်တွင်းဟောက်ပက် ဖြစ်နေသောအသွင်အပြင်ကို ကြည့်ပြီး သူ အတန်အသင့်စိတ်သက်သာသွားကြောင်း ဝန်ခံရပေမည်။


ရွှယ်ဟုန်ယန် ပြုံးပြုံးရွှင်ရွှင်နှင့် အထူးတလည်ပြောလိုက်သေး၏။

"မင်းသား...မင်းသား ဘေးမသီရန်မခရှိနေမယ်လို့ မျှော်လင့်ပါတယ်"


ရွှယ်ချန်ကျင်းအနေဖြင့် ပြန်ပြုံးပြကာ ပြောလိုက်ရုံသာတတ်နိုင်လေသည်။

"နယ်စားမင်း... နယ်စားမင်းလည်း နေကောင်းမယ်လို့ မျှော်လင့်ပါတယ်"


ရွှယ်ဟုန်ယန်က သူ့ကို မကြည့်တော့ဘဲ အေးစက်စွာ ပြော၏။

"ကျေးဇူးပဲ "


ထန်ယွင် သူတို့စကားပြောခန်းကို နားထောင်ပြီး  ရွှယ်ဟုန်ယန်နှင့်ရွှယ်ကျွင်းလျန်တို့က တကယ့်ကို ညီအစ်ကိုတွေဖြစ်ကြောင်း တန်း၍ခံစားမိလိုက်သည်။ ယခုလိုအချိန်မှာ အသံနေအသံထားပဲဖြစ်စေ၊စကားပြောသည့်ပုံစံပဲဖြစ်ပါစေ ခုနစ်မှတ်လောက်တူညီကြ၏။ ဤသည်က  ရွှယ်ဟုန်ယန်က "ရေနစ်သူဝါးကူထိုးခြင်း"ကို သူပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်လေသည်။


သို့ပေမဲ့ ရွှယ်ဟုန်ယန်၏ ရွှယ်ချန်ကျင်းအပေါ်သဘောထားဟာ လုံးလုံးလျားလျားကို ရွှယ်ချန်ကျင်းက ထန့်ရှန်ကို ယခင်က နှောက်ယှက်ပြီး မလျော်မကန်ပြုဖို့ကြိုးစားခဲ့၍ဖြစ်သည်ဟု ထန့်ယွင်ထင်၏။ ထန့်ယွင် စိတ်ထဲမှာတွေးလိုက်သည်။ နယ်စားမင်းဝမ်နျန်က ထန့်ရှန်အပေါ် တကယ်ရိုးသားတာဖြစ်လောက်ပေမည်။ထန့်ရှန်၏လူတွေကို သိနိုင်သည့်စွမ်းရည်က အမြဲတမ်း မှန်ကန်တိကျခဲ့သည်ပင်။


———–


ရွှယ်ကျွင်းလျန်က ခန်းမဆောင်ထဲသို့ တည်ငြိမ်စွာ လျှောက်ဝင်လာပြီးထိုင်လေသည်။ 


လူတိုင်း အရိုအသေပေးပြီးနောက်တွင် ရွှယ်ကျွင်းလျန်က အံအားသင့်သွားသယောင်ပြုလိုက်၏။

"မင်းသားကဘာဖြစ်တာလဲ... ကု သူ့ကိုမတွေ့ရတာ နှစ်ပေါင်းများစွာ ရှိပြီ...သူ့ကြည့်ရတာ မကျန်းမာပုံပဲ...ဦးရီးတော်ကျန်းရဲ့ကွယ်လွန်မှုက ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်သွားလို့ပဲ ဖြစ်ရမယ် ...မင်းသားက အမြဲတမ်း သားသမီးဝတ်တ္တရားကျေပွန်တဲ့သားတစ်ယောက်လို့ ကုကြားဖူးတယ်...သူက ဒီဂုဏ်သတင်းနဲ့ထိုက်တန်မှန်း ကုမြင်နိုင်ပါပြီ ...ကုသူ့ရဲ့ဆုံးရှုံးမှုအတွက် အင်မတန်စိတ်မကောင်းဖြစ်မိတယ်"


ရွှယ်ကျွင်းလျန်၏မှတ်ချက်များက မမှန်ကန်သည့်အတွက် ယင်းက မင်းသားကို နေမထိထိုင်မသာဖြစ်စေသည်။ သူ့စကားများက အနည်းငယ် သိုဝှက်ထားသလိုဖြစ်ပြီး မှုန်မှိုင်းနေ၏။ ရွှယ်ချန်ကျင်း ရွှယ်ကျွင်းလျန်၏စကားများကို အမြန် တွေးကြည့်ပြီး ကြောက်လန့်သွားတော့သည်။


အရင်ဆုံး ရွှယ်ဝမ်က သူ၏ဘွဲ့ ဆက်ခံမှုကိုထည့်မပြောသွားခဲ့ပေ။ သူက ရွှယ်ချန်ကျင်းကို သာကြောင်းမာကြောင်း၊ နယ်​မြေ၏ ဓလေ့ထုံးတမ်းများကဘယ်လိုရှိလဲနှင့် ရွှယ်ချန်ကျင်း အသက်ဘယ်လောက်ရှိပြီလဲတို့ကိုသာ မေးမြန်းခဲ့၏။

 


ထို့နောက်  ရွှယ်ကျွင်းလျန်က ပြုံးပြုံးရွှင်ရွှင်ဆိုလေသည်။

"ကုက သူကို့ခဏခဏမတွေ့ဖူးပေမဲ့... ကုရဲ့ဦးရီးတော်ရှိစဥ်တုန်းက ကုမှာ ဦးရီးတော်အပေါ် နက်ရှိုင်းတဲ့ခံစားချက်တွေရှိတယ်...ချန်ကျင်းက ဇနီးမရှိသေးဘူးဖြစ်မယ်လို့ ကုမမျှော်လင့်ထားခဲ့ဘူး...ဒါက ဦးရီးတော်ကျန်းကို စိတ်နှလုံးမကြေကွဲစေခဲ့ဘူးလား...မောင်မင်းအတွက် ဒီတစ်ခေါက် မြို့တော်ကိုလာဖို့က လွယ်ကူခဲ့တာမဟုတ်ဘူး...ကုမှာလည်း မောင်မင်းကို ချီးမြှင့်စရာဘာမှရှိမနေတော့... မောင်မင်းနဲ့ထိုက်တန်တဲ့ ဇနီးမယားတစ်ယောက်ရှာပေးရင်ရောဘယ်လိုနေလဲ"

 

အောက်မှာ မတ်တပ်ရပ်နေသည့် ရွှယ်ချန်ကျင်းသူ့ချွေးများကို သုတ်လိုက်၏။ သူက ယောကျာ်းတွေနှင့် လိင်ဆက်ဆံပြီး ယောကျာ်းတွေကိုပဲစိတ်ဝင်စားကြောင်းကို ရွှယ်ဝမ် သိမသိ သူမသေချာပေ။


နယ်စားမင်းကျန်းအန်းအသက်ရှင်နေစဥ်တုန်းက သူ့အဖေကလည်း ယောကျာ်းတွေကိုကြိုက်မှန်း ချန်ကျင်းသိ၏၊သို့ပေမဲ့ သူ့အဖေက ကိုယ်လုပ်တော်တွေအများကြီးလက်ထပ်ယူခဲ့လေသည်။ သူက ချန့်ကျင်းကို လက်ထပ်ပေးရန်ကြိုးစားခဲ့သော်ငြား မအောင်မြင်ခဲ့ပေ။ နောက်ဆုံးတွင် ဂရုမစိုက်တော့ဘဲ ချန်ကျင်းကို သူရွေးချယ်ထားသည့် ယောကျာ်းလေးချစ်သူများနှင့် လွှတ်ပေးထားလိုက်တော့၏။

 


xxxxxx