အပိုင်း ၁၁၆
Viewers 14k

Chapter 116


သူမ ဆုံးအောင်မပြောရသေးခင်တွင် ရွှယ်ဟုန်ယန်က အိမ်နောက်ဖေးဆီသို့ပြေးသွားလေပြီ။


အမျိုးသမီးအစေခံက အလောတကြီးပြေးသွားသည့် နယ်စားမင်းကိုကြည့်ပဲကြည့်လိုက်ပြီး သူမပြောချင်သည့်စကားကို ဆုံးအောင်မပြောတော့ပေ။ အမှန်တွင် သူမပြောချင်သည်ကား

"အရှင်ထန့်က နောက်ဖေးမှာ ...နယ်စားမင်းထန့်နန်ရောက်နေပြီး အရှင်နဲ့အတူတူထမင်းစားနေပါတယ်"ဟုပင်။


"လူကြီးမင်း ...ကျွန်တော်..... "


ရွှယ်ဟုန်ယန်က နောက်ဖေးကိုပင်မရောက်သေးခင် အဝေးကြီးကနေလှမ်းအော်လိုက်ပေမဲ့ သူဆုံးအောင်မအော်ရသေးခင်တွင် ထန့်ရှန်ကကျောက်စားပွဲမှာထိုင်နေပြီး လူတစ်ယောက်က သူ့ဘေးမှာထိုင်နေသည်ကို မြင်လိုက်ရ၏။ ထိုလူ့မျက်နာထက်တွင် အမာရွတ်တချို့ရှိနေပြီ မြင်မြင်ချင်းတော့ ကြောက်စရာကောင်းပုံရသော်ငြား သေသေချာချာကြည့်ပါက အတော်လေး သန့်စင်ကောင်းမွန်သောပင်ကိုစိတ်ရင်းနှင့်လူကို မြင်နိုင်ပေသည်။ 


ရွှယ်ဟုန်ယန်၏စကားများက ချက်ချင်းလည်းချောင်းထဲတွင် တစ်ဆို့သွားပြီး သေသည်အထိဆို့နင် လုမတတ်ပင်။ သူဟာ စိုးရိမ်စရာကောင်းလောက်အောင် ချောင်းဆိုးနေခဲ့ပြီး အားစိုက်ရမှုကြောင့် သူ့မျက်နှာကနီရဲနေခဲ့ကာ သူတို့ကို ရှေ့တိုး၍နှုတ်ဆက်လ်ုက်သည်။


"နယ်စားမင်းထန့်နန်ရောက်နေတာပဲ...အစေခံက ကျွန်တော့်ကို မပြောဘူး...လျစ်လျူရှုခံလိုက်ရရင်တောင်းပန်ပါတယ်"


ထန့်ယွင် ရွှယ်ဟုန်ယန်၏ အဆင်အခြင်မဲ့သော အသွင်အပြင်ကိုကြည့်ကာ ယခုအချိန်၌ပျောက်ကွယ်သွားဟန်ရှိသည့် သူ၏ တော်ဝင်ရုံးတော်ထဲက တည်ငြိမ်ပြီး အတွေ့အကြုံများသည့်ပုံစံကို ပြန်တွေးကြည့်မိလိုက်၏။


သူ မနေနိုင်ဘဲရယ်မိသွားပြီး ပြောလိုက်သည်။

"ကျွန်တော်က အရောဝင်လွန်းပြီး နယ်စားမင်းကိုနှောက်ယှက်မိတာပါ...ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့"


"မဟုတ်ပါဘူး...မဟုတ်ပါဘူး..."

ရွှယ်ဟုန်ယန် လက်ကိုဝှေ့ယမ်းကာ ပြောလိုက်၏။


"လူကြီးမင်းထန့်နဲ့စကားပြောလိုက်ပါဦး...ကျွန်တော် သွားနှင့်တော့မယ်... မနှောက်ယှက်တော့ဘူး"


ထန့်ရှန်က မေးလိုက်သည်။


"အရှင်နယ်စားမင်း နေလည်စာစားပြီးပြိလား"


ရွှယ်ဟုန်ယန် ခေါင်းခါပြလိုက်၏။

"မစားရသေးဘူး "


"ဒါဆို နေ့လည်စာအတူတူစားရအောင်လေ"


ထန့်ရှန်က သူ့ကိုနေ့လည်စာစားရန် ဖိတ်ခေါ်သည်ကိုကြားရသောအခါ ရွှယ်ဟုန်ယန်ခေါင်းညိတ်ပြလိုက်သည်။

"နယ်စားမင်းထန့်နန်ရော ဆက်နေမှာလား"


ထန့်ယွင်က အပြုံးတစ်ခုနှင့်ဆို၏။

"အဆင်ပြေရင်ပေါ့"


ထိုသို့ဖြင့် သုံး​ယောက်သား ကျောက်စားပွဲလေးကိုဝိုင်းကာဖြင့် နေ့လည်စာစားခဲ့ကြသည်။ အနားမှာရပ်နေပြီး အစားအသောက်ထည့်ပေးသည့်အစေခံများရှိမနေခဲ့ပေ။ ရွှယ်ဟုန်ယန်က စားသောက်နေစဥ်အနားမှာ လူတွေဝိုင်းနေပါက မြိုမကျနိုင်ဟုခံစားရသဖြင့် နယ်စားမင်းဝမ်နျန်၏နေအိမ်တော်ကား ဤကိစ္စအပေါ် ဘယ်တုန်းကမှ အာရုံများများမထားခဲ့ပေ။ 

 


ထန့်ယွင်နှင့် ထန့်ရှန်တို့က စကားကောင်းနေကြသည်။ သူတို့၏အကြိုက်များနှင့် ပုံစံများကလည်း တူညီသည့်အချက်တွေ များစွာရှိသည့်အတွက် သဘာဝအတိုင်း သူတို့မှာ ပြောစရာအများကြီးရှိကြသည်ပင်။ ထန့်ရှန်က သူ့ကို မကြာခဏ တစ်ခုခုမေးခြင်းသို့မဟုတ်ပြောခြင်းတို့ရှိသော်လည်း ရွှယ်ဟုန်ယန်က နားထောင်၍သာနေပြီး သူတို့ကိုမနှောက်ယှက်လိုပေ။ လေထုကား အလွန်ကောင်းမွန်နေခဲ့၏။ ထန့်ရှန် စကားပြောကာ ပြုံးရယ်နေသည်ကိုမြင်ရသည်က ကြည်နူးစရာပါပင်။

 

ပထမတုန်းက ထန့်ရှန် ထန့်ယွင်ကို ပြုံးပြရယ်ပြနေသည်ကိုကြည့်နေရင်း ရွှယ်ဟုန်ယန် အနည်းငယ်ချဥ်တူးလာသော်လည်း နယ်စားမင်းထန့်နန်က ထန့်ရှန်၏တူတော်ဟုတွေးလိုက်သောအခါ ရှာလကာရည်၏အရသာက အတော်လေး လျော့ပါးသွားသလိုရှိလေသည်။


အနည်းငယ်သဝန်တိုမိသည်ကိုပင် သူ့ကိုယ်သူ

လုံးလုံးလျားလျားရူးနှမ်းသူတစ်ယောက်ဟု ရွှယ်ဟုန်ယန်ခံစားနေရ၏။ တားမြစ်နန်းဆောင်ထဲမှာ မွေးဖွားခဲ့ပြီး အရေးအဖတ်နှင့်ကိုယ်ခံပညာ ကျွမ်းကျင်သော်ငြား သူက ရှာလကာရည်မသောက်နိုင်သလို သူတော်ကောင်းယောင်လည်မဆောင်နိုင်ပေ။ သူက အလွန်ရိုးစင်းသောလူတစ်ယောက်ဖြစ်ကာ ခံစားချက်ကို အမြဲတမ်းထုတ်ပြောတတ်သူဖြစ်လေသည်။


ဆန့်ကျင်ဘက်အနေဖြင့် ထန့်ရှန်က စာပေပညါရှင်တစ်ယောက်၏ အသရေရှိ၏။ သူဟာ ယဥ်ကျေးပေမဲ့ အလွန်အမင်း မြင်သာထင်သာမရှိပေ။ သူက ထန့်ယွင်၏ကျော့ရှင်းရည်မွန်မှုနှင့် အတော်လေး ပနံသင့်နေသည်။


ယင်းက ရွှယ်ဟုန်ယန်ကို အပြင်လူတစ်ယောက်ဖြစ်နေသလိုမျိုး ထင်ယောင်ထင်မှား ခံစားရစေ၏။


နှစ်ဦးသား မွန်းလွဲပိုင်းတစ်ခုလုံးစကားပြောနေခဲ့ကြသည်။ ထန့်ယွင်က ညနေစောင်းရောက်သည့်တိုင် မပြန်သေးပေ။ ထန့်ရှန်က သူ့ကို ညစာစားသွားခိုင်းသော်လည်း ထန့်ယွင်က သိနားလည်ဟန်ဖြင့် ပြုံးကာ ဖိတ်ခေါ်ချက်ကို ငြင်းဆိုလိုက်၏။

"ကျွန်တော် ခင်ဗျားတို့နှစ်ယောက်ကိုမနှောက်ယှက်တော့ပါဘူး"


ထန့်ယွင် ထွက်သွားပြီးနောက် ထန့်ရှန်က ရုတ်တရက် ပြောလာသည်။


"ဒီနေ့မနက်ခင်းညီလာခံထဲမှာ ရွှယ်ဝမ်က တစ်ခုခုပြောလိုက်တာပဲဖြစ်ရမယ် ...ဟုတ်တယ်မလား"


"အာ...လူကြီးမင်း ကြားပြီးသွားပြီလား"


"မဟုတ်ပါဘူး... ကိုယ်က အိမ်တော်ထဲမှာပဲနေတာလေ...ကောလဟာလတွေက အဲ့လောက်မြန်မြန်မပျံ့ပါဘူး...ခုလေးတင် သိလိုက်တာ"


ထန့်ရှန်က ပြုံးလိုက်ပြီး ၎င်းနောက် ဆက်ပြော၏။


"အရှင်နယ်စားမင်းကတော့ သိမှာမဟုတ်ဘူး...ထန့်ယွင်က ကိုယ့်ထက်နှစ်နည်းနည်းပဲ ငယ်တာ...ကိုယ်က သူကြီးပြင်းလာတာကို မြင်ခဲ့ရတယ်...စိတ်ထဲမှ တစ်ခုခုက သူ့ကိုအနှောက်အယှက်ပေးနေတဲ့အချိန်ဆိုရင် သူကစကားအများကြီးပြောလေ့ရှိတယ်"


ရွှယ်ဟုန်ယန်က သက်ပြင်းချလိုက်သည်။


"လူကြီးမင်းက သူ့ကိုအတော်လေးကောင်းကောင်းသိတာပဲ"


ထို့နောက် သူက ပြော၏။

"ဒီနေ့မနက်တုန်းက နယ်စားမင်းကျန်းအန်းရဲ့မင်းသား လက်ထက်ပွဲကိုအခွင့်အကောင်းယူပြီး နယ်စားမင်းထန့်နန်ကို နန်းတော်ထဲသွင်းမယ်လို့ ရွှယ်ဝမ်ကပြောတယ်"


ထန့်ရှန်က များများစားစား မတုံ့ပြန်ပါဘဲပြောလိုက်သည်။


"ကြည့်ရတာ ကိုယ်မှန်းတဲ့ဆယ်ခုမှာ ခုနှစ်ရှစ်ခုလောက်မှန်မယ်ထင်တယ်"


ရွှယ်ဟုန်ယန်ကကပြော၏။

"ထပ်လာဦးမှာပါ လူကြီးမင်း... ခင်ဗျား ဒါကိုတော့ ခန့်မှန်းထားမိမှာမဟုတ်ဘူး"


"အိုး..."


"ရွှယ်ဝမ်က နယ်စားမင်းထန့်နန်ကို နန်းတော်ထဲသွင်းပြီး သူ့ဧကရီလုပ်ခိုင်းချင်နေတယ်"


ထန့်ရှန် အံ့အားသင့်သွားသော်လည်း ချက်ချင်း နားလည်သည့်အပြုံးအတစ်ခုပေးလိုက်သည်။

116.2


"မမျှော်လင့်ထားပေမဲ့ တကယ့်ကို အဓိပ္ပါယ်ရှိပါတယ်"


"အဓိပ္ပါယ်ရှိတယ်လား..."

ရွယ်ဟုန်ယန်က ပြောလိုက်၏။

"ကျွန်တော် ရွှယ်ဝမ့်ကို စကားသွားပြောခဲ့တယ်...ဧကရာဇ်က နှုတ်နဲ့မဝန်ခံပေမဲ့ သူက နယ်စားမင်းထန့်နန်အပေါ် စိတ်ရင်းနဲ့ဖြစ်ပုံရတယ်...


"စိတ်ရင်းနဲ့..."

ထန့်ရှန်က ပြုံးလိုက်သည်။

"ဖြစ်ကောင်းဖြစ်နိုင်ပါတယ်...ဒါပေမဲ့ ဧကရာဇ်ရဲ့ချစ်ချင်းမေတ္တာက ဘယ်ကိုယ်လုပ်တော်နဲ့များစိတ်ရင်းမဟုတ်လို့လဲ...အဓိကက ဒီစိတ်ရင်းကဘယ်လောက်ကြာမလဲဆိုတာပဲ...ဆယ်ရက်လား...တစ်လလား...တစ်နှစ်လား...ဆယ်နှစ်လား..."


ရွှယ်ဟုန်ယန် ခေါင်းခါလိုက်၏။ သူ မသိပါချေ။

 


နယ်စားမင်းကျန်းအန်း၏မင်းသား ပုံတူရွေးချယ်ပြီးနောက် ရွှယ်ကျွင်းလျန် ဖုန့်တိုင်းပြည်သို့ သံတမန်တစ်ဦးစေလွှတ်၍ မင်းသမီးကို ကြိုဆိုစေသည်။ သဘာဝအတိုင်းပင် ဤအရေးက ကျောက်လု၏ပေါ်သို့ ကျမလာပေ။ ကျောက်လုကို စေလွှတ်လိုက်ပါက နှစ်နိုင်ငံကြား စစ်ပွဲဖြစ်ပွားအောင် လှုံ့ဆော်လိုနေခြင်းပင်မဟုတ်ပါလော။


ထို့အပြင် ဖုန့်ဘုရင်က ငြိမ်းချမ်းရေး တောင်းဆိုချင်နေ၏။ သို့အတွက် သူက သူ၏မင်းသမီးဘက်ပြောင်းသွားခြင်းကနေ ကာကွယ်လိုပေသည်။ အများကြီး ပူစရာမလိုသဖြင့် ရွှယ်ကျွင်းလျန် ကျောက်ထုံကိုသာလွှတ်လိုက်၏။


————


ဖုန့်တိုင်းပြည်သို့ ကျောက်ထုံရောက်ရှိသွားသောအခါ သဘာဝကျကျပင် ဖုန့်တိုင်းပြည်က သူ့ကို လျစ်လျူရှုထား၍မဖြစ်သည့်အတွက် သံတမန်များကို ဧည့်ခံရန် ရုံးတော်ဝန်မင်းများကို စားသောက်ပွဲတစ်ခု လက်ခံကျင်းပဖို့ရာ စေလွှတ်လိုက်သည်။ 


လုရှစ်ချန်က သူ၏အရာရှိခေါင်းဆောင်းကို ချိတ်ဆွဲထားသည်ကို ကျောက်ထုံကြားသိရသော်လည်း အတိတ်မှာ အချိန်အချို့ကြာခဲ့ပြီဖြစ်၏။ သူ လုရှစ်ချန်ကို ဤစားသောက်ပွဲမှာတွေ့ရလိမ့်မည်ဟု ထင်ပြီး လှောင်ပြောင်ရန် တွေးထားခဲ့သည်။ ကံမကောင်းစွာဖြင့် ရာထူးအနိမ့်အမြင့် အရာရှိတွေအားလုံးနီးပါး စားသောက်ပွဲကြီးမှာ ရှိနေကြပြီး ယင်းက ရွှယ်တိုင်းပြည်ကိုလည်း မျက်နှာသာရစေသော်ငြား သူ လုရှစ်ချန်ကိုတော့ မတွေ့ပါချေ။


ကျောက်ထုံမေးမြန်းကြည့်သောအခါ လုရှစ်ချန် ဘွဲ့၊ရာထူးမရှိနေဆဲဖြစ်ပြီး ဝန်မင်းအိမ်တော်ကဗလာဖြစ်နေကြောင်း သိသွားခဲ့သည်။ သူဟာ လက်ရှိတွင် သာမန်လူအဖြစ်နေထိုင်နေပြီး မြို့တော်ထဲတွင် အိမ်သေးသေးလေးတစ်လုံး တွေ့ခဲ့၏။


မှန်ပေသည်၊  လုရှစ်ချန်က ဖြူစင်ပြီး ဖြောင့်မတ်သူတစ်ယောက်​ဖြစ်ကြောင်း ကျောက်ထုံသိသည်ပင်။ သူက ရုံးတော်၏အလှည့်အပြောင်းများကိုသာ သူနားမလည်ခြင်းဖြစ်လေ၏။ ဖုန့်မင်က လုရှစ်ချန်ကို ယုံကြည်သော်လည်း လူထု၏အမြင်မှာ သဘောထားကွဲလွဲမည်စိုးသည့်အတွက် သူ(ဖုန့်) သူ့ကို အသုံးပြု၍မရပေ။


ကျောက်ထုံ လုရှစ်ချန်၏ယာယီနေအိမ်တော်ကို စုံစမ်းခဲ့သည်။ ကျောက်ထုံ သူ့ဆီကို တစ်ခါလောက်သွားလည်ချင်၏။ သူ အနှီလူကို ရွှယ်တိုင်းပြည်ဆီသို့ ဆွဲဆောင်နိုင်စွမ်းရှိနိုင်ကောင်းသည်။ နယ်စားမင်းထန့်နန်နှင့် လန့်ကျင်းတို့က သူ့ကို အညံ့ခံအောင် စည်းရုံးသိမ်းသွင်းရန် မအောင်မြင်ခဲ့သည့်ဖြစ်ရာ အကယ်၍သူသာ အောင်မြင်ခဲ့ပါက လူတွေက သူ့ကို သေချာပေါက်  ကွဲပြားခြားနာစွာကြည့်လာမှာဖြစ်၏။


လုရှစ်ချန်နေထိုင်နေသည့်နေရာအကြောင်းကို ကြားသိရလိုက်မှ သူအနည်းငယ် အံအားသင့်သွားခဲ့သည်။ 


မြို့တော်ထဲရှိ အိမ်ခြံမြေများက စျေးမနည်းပေ။.

လုရှစ်ချန်က အမြဲတမ်း *သန့်ရှင်းသောလက်များရှိသည်ဖြစ်ရာ အိမ်ကောင်းတစ်လုံးမှာနေထိုင်ရန် မတတ်နိုင်ပေ။ တစ်စုံတစ်ဦးက ကြားဝင်ပြီး သူ့ကို ခြံဝန်းကျယ်ကြီးတစ်ခု၏ ဘေးအိမ်မှာ ခေတ္တနေထိုင်ခွင့်ပြုခဲ့သည်။

(E/T-အကျင့်ပျက်ချစားမှုမရှိ)


ခြံဝန်းကို မိသားစုကြီးတစ်စုမှ စွန်ပစ်ထားခဲ့၏။

ကြီးမားသော ဂိတ်တံခါးတစ်ခုနှင့် ပင်မရှေ့တံခါးတစ်ခုလည်းရှိလေ သည်။ အိမ်ကြီးက စွန့်ပစ်ခံထားရသော်လည်း ရှေ့တံခါးကနေဝင်၍မရပေ။

သို့ပေမဲ့ ဘေးအိမ်၏အတွင်းအပြင်၌ မလွယ်ပေါက် ငယ်လေးများရှိ၏။


လုရှစ်ချန်၏ ခန္ဓာကိုယ်က ပါးလျလာသော်လည်း

စိတ်ဓာတ်ကျခြင်းကားရှိမနေပါချေ။ သူ၏စာရေးခုံနှင့်စားပွဲပေါ်မှာ စာအုပ်တွေ အများအပြားရှိနေပြီး စာအုပ်၏စာမျက်နှာများထက်တွင်ကား စက်ဝိုင်းပုံစံအစက်ချထားသော သုံးသပ်ချက်များစွာရှိနေကြသည်။


လုရှစ်ချန်က ကျောက်ထုံကိုမြင်ပေမဲ့ မတုံပြန်ပေ။ သူက သူ့ရှေ့ရှိစာအုပ်ကိုပဲ ဆက်ဖက်နေပြီး ပြောလိုက်၏။


"ဗိုလ်ချုပ်က မင်းသမီးကိုလာကြိုတာလို့ ကျွန်ုပ်ကြားပေမဲ့ ဗိုလ်ချုပ် ဒီကိုလာမယ်လို့ မထင်ထားခဲ့ဘူး...တကယ်လက်ဖျားခါလောက်တယ်"


ထိုသို့ပြောပြီးနောက် သူက ကျောက်ထုံကို စကားဆိုရန် အချိန်မပေးပါဘဲပြောပြန်သည်။


"ဗိုလ်ချုပ်က ရှစ်ချန်ကိုအညံ့ခံအောင်သိမ်းသွင်းဖို့လာတာဆိုရင်တော့...ရှစ်ချန်ကို ပြောင်ပြောင်ဘွင်းဘွင်း ပြောတဲ့အတွက် ဗိုလ်ချုပ်​ခွင့်လွတ်ပေးရပါလိမ့်မယ်...ဆက်ပြီးလေကုန်ခံနေစရာမလိုပါဘူး...ဒီလူသွမ်းက ဗိုလ်ချုပ်ကိုဒုက္ခပေးမိမှာစိုးပါတယ်"


ကျောက်ထုန် သူ့ကိုအကြာကြီးစိုက်ကြည့်နေပြီးမှပြောလိုက်၏။

"ဒီအခြေအနေ ဒီနေရာမှာ နေနေရတာတောင်မှ မင်းက မင်းရဲ့ပြင်းပြတဲ့ဆန္ဒတွေကိုပြသဖို့အတွက် ရွှယ်တိုင်းပြည်ကို သွားဖို့ရာငြင်းဆန်နေတုန်းပဲလား"


"ဒီလောကကြီးထဲမှာ ကျွန်ုပ်ကို  မှားယွင်းတဲ့နည်းလမ်းနဲ့ အသိအမှတ်ပြုတဲ့လူ အများကြီးရှိကောင်းရှိနိုင်ပေမဲ့...လုရှစ်ချန်ဟာ ငယ်စဥ်ကတည်းက ကိုယ့်ရဲ့အမြစ်ကိုမမေ့ဖို့သင်ယူခဲ့ရပါတယ်...မင်းကြီးရဲ့ကြင်နာမှုကို မပေးဆပ်ရသေးပါဘူး...တိုင်ပြည်ကို အမှုမထမ်းနိုင်တော့တာမဟုတ်ရင်...လုရှစ်ချန်လက်လျော့မှာမဟုတ်ဘူး"


ကျောက်ထုံ ပြုံးကာပြောလိုက်သည်။

"အရမ်းကောင်းတဲ့စကားပဲ...ဖုန့်တိုင်းပြည်မရှိတော့တာကလွဲရင်ပေါ့"


လုရှစ်ချန်က သူ့လေသံကိုသတိထားမိပြီး ပြုံးပြုံးလေးဆို၏။

"အရဲစွန့်ပြီးမေးပါရစေ...ရွှယ်တိုင်းပြည်မရှိတော့ရင် ဗိုလ်ချုပ်ဘာလုပ်မှာလဲ"


သူက ကျောက်ထုံ၏အဖြေကိုမစောင့်ပါဘဲ ဆက်ပြောလေသည်။

"ဗိုလ်ချုပ်နဲ့ကျွန်ုပ်က ဒီနေရာမှာ သေချာပေါက်  အတွေးတူလိမ့်မယ်ထင်တယ်"


ကျောက်ထုံ ခေါင်းညိတ်ပြလိုက်ပြီး ခဏမျှဆိုင်းငံ့နေပြီးမှပြောလိုက်သည်။


"မင်းက ငယ်ငယ်ကတည်းက စာပေသင်ယူခဲ့တယ်...ကျုပ်ကငယ်ငယ်ကတည်းက သိုင်းပညာသင်ယူခဲ့တယ်...ကျုပ်က ဘဝင်မြင့်ပေမဲ့ တည့်တိုးဆန်တယ်...မင်းအခုလို အိမ်ခြေယာမဲ့ မွဲတေနေရတာကျုပ်အပြစ်ပါ...နောင်တမရမိပေမဲ့

တကယ်တမ်းကျ ကျုပ်တို့ရဲ့လမ်းကြောင်းတွေက တစ်ယောက်နဲ့တစ်ယောက် တူမှမတူကြဘဲ..မင်းရဲ့စိတ်နေစိတ်ထားကို ကျုပ်သဘောကျတယ်...ကျုပ် မင်းကို ကိုယ်ရေးကိုယ်တာ အကြွေးတစ်ကြိမ်တင်သွားပြီ...အနာဂတ်မှာ စစ်ပွဲထဲမှာကျုပ်တို့ ဆုံဖြစ်ကြရင်...ကျုပ်မင်းကို တစ်ကြိမ်ချမ်းသာပေးမယ်"

 

"ဗိုလ်ချုပ်က ဒီလောက်ထိစကားကုန်ပြောနေရင် အနာဂတ်ကျရင်ကိစ္စတွေက မသေချာမရေရာဖြစ်လာလိမ့်မယ်"


ကျောက်ထုံ ပြုံးကာဆိုလိုက်၏။

"မလိုပါဘူး"

သူက လက်ချင်းယှက်ကာ အနည်းငယ်ဦးညွတ်ပြီးနောက် တန်းတန်းမတ်မတ်ထွက်သွားခဲ့သည်။


ဖုန့်မင်က သူနှလုံးသားထဲတွင် နာကြည်းချက်ရှိနေသေးသောကြောင့် စားသောက်ပွဲကိုသွားပြီး ကျောက်ထုံကိုမတွေဆုံခဲ့ပေ။ မင်းသမီးက သံတမန်များနှင့်အတူ ထွက်ခွာသွားခဲ့၏။ ဖုန့်မင်

မင်မြစ်ဘေးက ကင်းစောင့်မျှော်စင်ပေါ်သို့တက်ကာ သံတမန်အား အဝေးကနေကြည့်ခဲ့လေသည်။ 

———–


ရွှယ်ကျွင်းလျန် ဖုန့်တိုင်းပြည်ကနေ မင်းသမီးထွက်လာပြီဖြစ်ကြောင်း သတင်းရရှိခဲ့၏။ သူက လူတွေကို ရွှယ်ချန်ကျင်း၏လက်ထပ်ပွဲအတွက်ပြင်ဆင်ထားခိုင်ပြီးလေပြီ။  ထန့်ယွင်ကို ဧကရီခန့်အပ်မည့်အရေးကိုပါထည့်ပြောခဲ့သေးသည်။ ချန်ယီက ထိုကိစ္စကိုခေတ္တခဏ နှောင့်နှေးအာင်လုပ်ရန် အဆင်သင့်ဖြစ်နေ၏။ ရလဒ်တစ်ခုအနေဖြင့် ရွှယ်ကျွင်းလျန်က ချန်ယီကို ဤတစ်ကြိမ်တွင် အောင်မြင်ခွင့်မပြုတော့ပေ။


xxxxxxx