အပိုင်း ၁၁၇
Viewers 17k

Chapter 117


အားလုံး မတိုးသာမဆုတ်သာဖြစ်နေကြပေသည်


 ချန်ယီက စိုးရိမ်မှုကြောင့် ချွေးများရွှဲနေပြီး ထန့်ယွင်ကို မကြာမကြာကြည့်နေ၏။ 


ထန့််ယွင်ကမူ စိတ်ထဲတွင် ရွှယ်ကျွင်းလျန်၏ရည်ရွှယ်ချက်ကို နားမလည်နိုင်ဆဲပင်။ ရွှယ်ကျွင်းလျန်က ဘာတစ်ခုမှမ​ပြောပြပါဘဲ သူ့အပေါ်မှာလည်စ ထူးဆန်းသည့်သဘောထားရှိနေသည်။ တစ်ခါတစ်ရံ အေးစက်ကာ တစ်ခါတစ်ရံ ပူနွေးပြီး၊ တစ်ခါတရံ ဂရုစိုက်ပေးပြီး တစ်ခါတရံ စိမ်းကား၍နေ၏။ 


ရွှယ်ဟုန်ယန် ၎င်းကို စိတ်ထဲမှာ သိပါသော်လည်း သူကိုယ်သူ အပြင်လူတစ်ယောက်ဟုထင်မိလေသည်။ သူနှင့်မဆိုင်သည်ဖြစ်ရာ တစ်ခုခုပြောရန် သူ့အတွက်ခဲယဥ်းပေ၏။


ထန့်ရှန်အနေဖြင့် သူဤစာရွက်အလွှာကိုဖောက်ပြီး ရွှယ်ကျွင်းလျန်ကိုကူညီမိမှာစိုးသည့်အတွက်.ထန်ယွင်ကို ပြောပြရန်ဆန္ဒမရှိပါချေ။ သို့ဖြစ်ရာ ထန့်ယွင်က ဘာတစ်ခုမှကိုမသိရှာပါချေ။ 


နောက်ဆုံးတွင် ထန့်ယွင်ထရပ်ကာလျှောက်တင်လိုက်သည်။

"ဒီနိမ့်ကျတဲ့ငယ်သားက အဆင်အခြင်မဲ့တဲ့သူပါ...

စစ်မြေပြင်မှာနေသားကျနေပါပြီ...ဒီနိမ့်ကျတဲ့ငယ်သားက စည်းမျဥ်းတွေကို ချိုးဖောက်မိမှာစိုပါတယ်"


ထန့်ယွင်က သူ့ခံစားချက်များကို နားမလည်ပါဘဲ 

ရွှယ်ကျွင်းလျန်က သူ့ကို လျှို့ဝှက်ကြံစည်နေဆဲဖြစ်ပြီး သူကိုဆန့်ကျင်ရန်အပိုင်ဲဲကြံနေသည်ဟုထင်နေမှန်း သိသောကြောင့် ရွှယ်ကျွင်းလျန်စိတ်မကောင်းသလို ခံစားရ၏။


ချန်ယီက လန့်ကျင်းဆီကိုစကားကောင်းများစွာပြောပြီးတောင်းရန် ဆင်းသွားခဲ့သော်လည်း လန့်ကျင်းက အတွေ့ပင်မခံပေ။


ချန်ယီ ဤသို့ပြောရုံသာတတ်နိုင်လေသည်။

"တွေးကြည့်ပါဦး...မင်းက ဧကရာဇ်ကို ဖြောင့်ဖြရင်လည်း ကောင်းတဲ့အရာပဲမဟုတ်ဘူးလား...ရွှယ်ဝမ်က ခဏလောက်စိတ်ခံစားချက်ပြင်းထန်ရုံပါ...သူ အနာဂါတ်ကျရင် နောင်တရလိမ့်မယ်..မင်းသူ့ကို အခုဖြောင့်ဖြတားဆီးလိုက်ရင် သူကသေချာပေါက် မင်းရဲ့ လုပ်ဆောင်ချက်ကိုမှတ်မိနေမှာ...အနာဂတ်မှာ တစ်ခုခုတောင်းဆိုဖို့လွယ်ကူသွားလိမ့်ယ်"


လန့်ကျင်းက နန်းဆောင်ထဲကိုဝင်သွားပြီး စကားလုံးတချို့သာပြောခဲ့၏။ ရွှယ်ကျွင်းလျန်၏ အမူအရာက မကောင်းသော်လည်း အနာဂတ်ကိစ္စများနှင့်ပတ်သတ်ပြီး တစ်ခုမှမပြောပါဘဲ ထန့်ယွင်ကို ဟွမ်ကွေ့ဖေးအဖြစ်အမည်တပ်ပြောနေဆဲပင်။


လန့်ကျင်းက ပြောသည်။

"အရှင်မင်းကြီး... အဲ့ဒီအကြောင်းကို သေသေချာချာ စဥ်းစားရင်ကောင်းပါလိမ့်မယ်..အရှင်မင်းကြီးရဲ့လုပ်ရပ်က အမြော်အမြင်ရှိသလားမရှိဘူးလားဆိုတာကို သေသေချာချာစဥ်းစားဆင်ခြင်ပြီးရင် သိနိုင်မှာပါ...အရှင်မင်းကြီးက အဲ့ဒီလိုလုပ်ဖို့ အခိုင်အမာဆိုနေတယ်ဆိုရင်...ကျွန် တော်မျိုးစိုးရိမ်တာက လူတွေက အရှင်မင်းကြီးက နယ်စားမင်းထန့်နန်ကို အလွန်အမင်း မုန်းတီးနေတဲ့အတွက် ဓားဖျားအောက်ကိုခေါ်သွားပြီး မြန်မြန် အပြတ်ရှင်းချင်နေတယ်လို့ထင်သွားမှာကိုပါ"


စားသောက်ပွဲတွင်လူများစွာရှိနေသည်။ ထန့်တိုင်းပြည်က သူတို့၏အကြီးဆုံးမင်းသမီးကို လက်ထပ်ရန်ပေးရန် ပို့ဆောင်ပေးခဲ့၍ အရာရှိတိုင်း ရာထူးကြီးငယ်မရွေး စားသောက်ပွဲသို့တက်ရောက်ရန် ဖိတ်ကြားခံခဲ့ရသည်။


ရွှယ်ကျွင်းလျန်က ဝိုင်အနည်းငယ်သာသောက်ထားသော်လည်း သူ့ကြည့်ရသည်မှာ အနည်းငယ်မူးရစ်နေသည့်ပုံပင်။ သူလူအုပ်ကြီးဝန်းရံနေသော စားပွဲပေါ်ကထချိန်တွင် ရီဝေဝေဖြစ်နေလေပြီး ယိမ်းယိုင်နေကာ ထွက်ခွာသွားခဲ့သည်။ သဘာဝအားဖြင့် သူက သတို့သမီးအသစ်လေး၏အခန်းကိုသွားမည်ဟု ယူဆ၍ရသည်။ သို့သော် ဧကရာဇ်ရွှယ်က အမှန်တကယ်မူးနေသည်လား မမူးနေသည်လား မင်းသမီးထောင်၏ အဆောင်ကိုသွားမည်လား မသွားမည်လား မည်သူမှမသိပေ။


ဧကရာဇ်ရွှယ်စားပွဲမှထသွားပြီးချိန်တွင် လေထုက ပိုမိုသက်တောင့်သက်သာရှိလာပြီး လူများက ပျော်ရွှင်စွာ ခွက်ချင်းတိုကိနေကြတော့သည်။ အချို့သောအရာရှိများက အခွင့်အရေးရှာပြီး မြှောက်ထိုးပင့်ကော်လုပ်ကြတော့လေသည်။


ရွှယ်ကျွင်းလျန်ထွက်သွားပြီးနောက်တွင် နယ်စားမင်း ဝမ်နျန်ရွှယ်ဟုန်ယန်က အာရုံစိုက်ခံလာရသည်။ ရွှယ်ဟုန်ယန်က အခြားစစ်သူကြီးများထက် ငယ်ရွယ်သော်လည်း သူ၏ အောင်မြင်မှုနှင့် နာမည်ကြီးမှုကို "အကျိုးခံစားမှုမြင့်မားကြီး အနာဂတ်အတွက် မှီခိုရန်ထိုက်တန်သည်"ဟူ၍ ဖော်ပြနိုင်လေသည်။


"နယ်စားမင်း ဝမ်နျန်"ဟူသော ဘွဲ့ဖြင့်ပင် ဧကရာဇ်ရွှယ်က သူ့ကိုမည်မျှတန်ဖိုးထားကြောင်း နားလည်နိုင်ပေသည်။ ထို့ကြောင့် လူအများစုက ရွှယ်ဟုန်ယန်နှင့် ဆက်ဆံရေးတစ်ခုတည်ဆောက်လိုကြသည်။


ထန့်ရှန်က အခြားနိုင်ငံမှ ဝန်ကြီးဖြစ်ပြီး အကြီးဆုံးမင်းသမီး၏ မင်္ဂလာပွဲအတွက် အစောင့်အကြပ်အဖြစ်လိုက်ပါလာရသူဖြစ်သည်။ လူပေါင်းများစွာက ခွက်ချင်းတိုက်ရန် လာခဲ့ကြပြီး ထိုလူများစိတ်ထဲတွင် ဘာရှိနေလဲ မရှင်းလင်းပါချေ။ အဆုံးတွင် ထန့်တိုင်းပြည်က ယခုတွင်စစ်ရှုံးသွားပြီဖြစ်ပြီး ထန့်ရှန်း၏ အဆင့်မှာ အခြားသူများထက်နိမ့်ကျ၍ သူ့ခေါင်းကိုသာငုံ့ကိုင်းထားရန် လိုအပ်လေသည်။


ထန့်ရှန်က ဘုရင်ထန့်နှင့် မျိုးဆက်တစ်ခုတည်းမှဖြစ်သော်လည်း သူက ဝန်ကြီးချုပ်ဖြစ်ပြီး အလွန်နူးညံ့သိမ်မွေ့ကာ ဂုဏ်သတင်းကောင်းမွန်လှသည်။ အချို့သော အရာရှိအရာခံများက သူ၏ငြင်သာမှုကြောင့် ပင့်သက်ရှိုက်မိရပြီး မြှောက်ပင့်ကြလေသည်။


တော်ဝင်ခုံရုံးတွင် နှစ်ပေါင်းများစွာနေလာသူဖြစ်၍ ထန့်ရှန်က သူ့ကိုယ်သူ အပေါ်ယံနူးညံ့ငြင်သာခြင်းသာဖြစ်ကြောင်း သိလေသည်။ သူကအခြားလူများပြောသလို မြင့်မြတ်ခြင်းမရှိပါချေ။ မည်သိုပင်ဆိုစေ ထန့်ရှန်မှာ ဝန်ကြီးတစ်ယောက်ဖြစ်ပြီး ပညာရှိပဏ္ဍိတတစ်ယောက်ဟုတ်မနေပေ။

117.2


သူ အရက်ခွက်ချင်းတိုင်ပြီး ပြုံးရယ်နေရင်း ထန့်ရှန်က သူ့ကိုတစ်ယောက်ယောက် စိုက်ကြည့်နေသလို ခံစားလိုက်ရသည်။ သူလှည့်ကြည်လိုက်တိုင်း ထိုလူက ချက်ချင်းအကြည့်လွှဲသွား၍ သူကပဲအလွန်သတိကြီးနေသလိုဖြစ်နေသည်။


ထိုလူက နယ်စားမင်းဝမ်နျန်ဖြစ်နေလေသည်။ ရွှယ်ဟုန်ယန်၏ စိတ်ထဲတွင် သူက သူ့အသက်ကိုယ်တင်ပေးခဲ့ပါသော ထန့်ရှန်ကို အတော်လေး အကောင်းမြင်နေသည်။ ထို့အပြင် ဤအရာရှိများ၏အတွေးများကိုလည်းသိနေသည်။ ထို့ကြောင့် ထန့်ရှန်ကို စိတ်မပူပဲမနေနိုင်တော့ချေ။


ဝိုင်ကိုသုံးခါမျှ လှည့်ပတ်သောက်ပြီးချိန်တွင် ထန့်ရှန်းအတော်သောက်မိပြီဖြစ်၍ မူးနေလေပြီ။ အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့သော ရွှယ်ဟုန်ယန်က နောက်ဆုံးတွင် အချိန်ကိုက်လမ်းလျှောက်ထွက်လာသလို ဟန်ဆောင်လိုက်သည်။


ဝန်ကြီးများက နယ်စားမင်းဝန်နျန်ကိုမြင်သောအခါတွင် ထန့်ရှန်ကိုချက်ချင်းမေ့သွားကြပြီး ရွှယ်ဟုန်ယန်ကိုသာ ဖော်လံဖားလုပ်ကြတော့သည်။


စားသောက်ပွဲပြီးသွားချိန်တွင် နန်းတော်ဂိတ်တံခါးပိတ်ချိန်ပင် ကျော်လွန်သွားလေပြီ။ နန်းတော်မှဝန်ထမ်းများက ရွှယ်ဟုန်ယန်ကို အခန်းလွတ်တစ်ခုထဲ လိုက်လံပို့ဆောင်ပေးသည်။ သူက နန်းတော်ထဲတွင်ရတစ်ညတာ အိပ်စက်အနားယူမည်ဖြစ်ပြီး မနက်ဖြန်တွင် နန်းတော်မှထွက်သွားမည်ဖြစ်သည်။


ရွှယ်ဟုန်ယန် ထွက်သွားတော့မည်ပြင်သော်လည်း မျက်စိထောင့်မှတဆင့် ထန့်ရှန်တစ်ယောက် တူညီသောနေရာတွင် ထိုင်ခုံပေါ်မှီထိုင်ကာ မျက်စိကိုလက်ဖြင့်အုပ်ထားကြောင်း မြင်လိုက်ရသည်။ တစ်ဖက်လူဘာတွေလုပ်နေလဲ သူမသိပါချေ။


ရွှယ်ဟုန်ယန် အချိန်အတော်ကြာတုန့်ဆိုင်သွားသော်လည်း သူ့ဘေးနားသွားကာမေးလိုက်သည်.

"ဝန်ကြီးရှန်.... စားသောက်ပွဲပြီးပြီနော်..."


ထန့်ရှန်က "အိုး..."ဟုပြောပြီး ဘာမှဆက်မပြောလာတော့ပေ။


ရွှယ်ဟုန်ယန်က တစ်ဖက်လူအများကြီးသောက်ထားကြောင်း သိလေသည်။ သူပြောသည်ကို ရှင်းရှင်းလင်းလင်းမကြားလိုက်ဘူးဟုထင်၍ ထပ်ခေါ်လိုက်သည်။ ဤတစ်ကြိမ်တွင် ထန့်ရှန်းက သူပြောသည်ကိုကြားသွားသည်မှာ သိသာလှပြီး မျက်လုံးကိုအုပ်ထားသောလက်များကို ဖယ်ကာ တစ်ဖက်လူကိုကြည့်လိုက်သည်။


ထိုခဏတွင် ရွှယ်ဟုန်ယန် ခပ်ငေးငေးဖြစ်သွားရသည်။ သူ့ကိုယ်ပေါ် အလင်းရောင်တစ်ချက်ထိုးလိုက်သလို ခံစားလိုက်ရသည်။ ဤလူထံမှ တိုက်ရိုက်မျက်လုံးချင်းဆုံပြီး အကြည့်ခံလိုက်ရ၍ ပြောစရာစကားတို့ပျောက်ဆုံးသွားမိမည်ဟု တစ်ခါမှမထင်ခဲ့ဖူးပေ။ သူ့နှလုံးခုန်သံ စည်းချက်တို့လွဲမှားသွားရသည်။ 


••••••••••

ရွှယ်ဟုန်ယန် ထန့်ရှန်ကို အိပ်ရာပေါ်ပစ်တင်လိုက်သည်။ ထန့်ရှန်းက ယောက်ျားတစ်ယောက်ဖြစ်ပြီး အရပ်မပုသော်ငြား ရွှယ်ဟုန်ယန်အတွက် သူ့ခန္ဓာကိုယ်မှာ သိပ်မလေးလှပါချေ။ သို့သော် ရွှယ်ဟုန်ယန်က ချွေးများထွက်လာခဲ့သည်။ သူချက်ချင်းနောက်ပြန်ဆုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်နှင့် နှလုံးသားတစ်ခုလုံး အလွန်ပူလောင်လာသလိုခံစားလိုက်ရသည်။ 


ရွှယ်ဟုန်ယန်တစ်ယောက် အိပ်ရာပေါ်တွင်လှဲလျောင်းနေပါသော ထန့်ရှန်ကိုကြည့်ပြီး အသက်ပြင်းပြင်းရှူသွင်းကာ တံတွေးတစ်ချက်မျိုချလိုက်ပြီး မျက်လုံးတင်းတင်းမှတ်ချလိုက်ပြီးမှ ထွက်သွားခဲ့သည်။


ခြေတစ်လှမ်းသာလှမ်းရသေးသော်လည်း သူ့အင်္ကျီထောင့်ကို ထောင်ရှန်းကဆွဲလိုက်လေသည်။


ရွှယ်ဟုန်ယန်က နောက်လှည့်မကြည့်ဘဲပြောလိုက်သည်။


"ကျေးဇူးပြုပြီးအနားယူလိုက်ပါ..... မနက်ဖြန် ဝန်ကြီးရှန်ကို ကူညီသန့်စင်ပေးမယ့် အစေခံတွေရောက်လာပါလိမ့်မယ်... ပြီးရင်တော့ ဝန်ကြီးရှန် ညီလာခံသွားပြီး ဧကရာဇ်ရွှယ်နဲ့ စကားပြောခွင့်ရပါလိမ့်မယ်...."


သူအချိန်အတော်ကြာစောင့်လိုက်သော်လည်း ထန့်ရှန်းဆီမှ ပြန်ဖြေသံကိုမကြားရပေ။ သို့သော် တစ်ဖက်လူက သူ့အင်္ကျီစကိုဆွဲထားနေဆဲပင်။


ရွှယ်ဟုန်ယန်က တစ်ဖက်လူက သူ့အင်္ကျီကိုဆွဲရင်းအိပ်ပျော်သွားပြီဟုတွေးမိ၍ နောက်လှည့်ကာ သူ့အင်္ကျီကိုပြန်ဆွဲယူရန်ပြင်လိုက်သည်


သူနောက်လှည့်ကြည့်လိုက်သည်နှင့် ရုတ်တရက်သူ့ကော်လာကိုအဆွဲခံရကာ အိပ်ရာပေါ်ဆွဲချခံလိုက်ရသည်။


ထန့်ရှန်၏မျက်လုံးများက ရီဝေနေကာ အရည်လဲ့နေသည်။ သူ့မျက်လုံးများက သူ၏မူးယစ်နေမှုကိုပြသနေသည်။ သူရွှယ်ဟုန်ယန်အပေါ်ကို လှဲချလိုက်သည်။ သူ၏စိုစွတ်ကာ ပူနွေးနေသော ထွက်သက်များက ရွှယ်ဟုန်ယန်၏နားထဲကို တိုက်ရိုက်ကျရောက်သွားသည်။


ရွှယ်ဟုန်ယန်၏နှလုံးသားမှာအကြမ်းပတမ်းခုန်ပေါ်လာပြီး မျက်လုံးများပြူးကျယ်သွားကာ ထန့်ရှန်းကို ကြောင်ငေးငေးကြည့်လိုက်မိသည်။ သူဘာလုပ်ရမလဲမသိတော့ချေ။


ထန့်ရှန်က ခေါင်းငုံ့မှီချထားကာ ရွှယ်ဟုန်ယန်ကိုဖိထားသည်။သူတို့၏ ခန္ဓာကိုယ်များက နေရာလပ်မရှိအောင် ပူးကပ်နေလေပြီး ထန့်ရှန်းက ရွှယ်ဟုန်ယန်ခန္ဓာကိုယ်မှ သွေးခုန်နှုန်းတဒုတ်ဒုတ်ကိုပင် ခံစားမိနေရသည်။ ထိုသို့အကြည့်ခံလိုက်ရ၍ သူ့နှလုံးခုန်သံက ပိုပြီး ထိန်းချုပ်မရနိုင်ဖြစ်သွားရသည်။


ထန့်ရှန်က တဖြေးဖြေးခေါင်းငုံ့ချကာ ရွှယ်ဟုန်ယန်၏မေးဖျားကို ခပ်ဖွဖွကိုက်လိုက်သည်။ ရွှယ်ဟုန်ယန်က လှုပ်ပင်မလှုပ်ရဲတော့ဘဲ တစ်ကိုယ်လုံးတောင့်ခဲသွားရသည်။


ထန့်ရှန်က ပြုံးရင်းပြောလိုက်သည်။

"စားသောက်ပွဲမှာတုန်းက ဘာလို့ကျွန်တော့်ကိုလိုက်ကြည့်နေရတာလဲ...."


ရွှယ်ဟုန်ယန် ချက်ချင်းအသိပြန်ဝင်သွားပြီး ရုန်းကန်ကာ ထရန်လုပ်လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ရေအေးများဖြင့် လောင်းချခံလိုက်ရသလို ဖြစ်နေသည်။ သူ၏ညစ်ညမ်းသည့် စိတ်ကိုတစ်ဖက်လူက ချက်ချင်းထွင်းဖောက်မြင်သွားသည်။


သို့သော် ထန့်ရှန်က သူ့ကိုထခွင့်မပေးပဲ မျက်လုံးမှေးကျဉ်းလိုက်ကာ သူ့နှုတ်ခမ်းများကိုဖိနမ်းလိုက်ပြီး ရွှယ်ဟုန်ယန်မျက်နှာပေါ်တွင် လေးလေးပင်ပင်အသက်ရှူလိုက်သည်။


ရွှယ်ဟုန်ယန်က "ဝန်ကြီးရှန်..."ဟုခေါ်လိုက်သော်လည်းထောင်ရှန်းက နောက်ပြန်မဆုတ်ပေ။ သူ၏ဒူးခေါင်းများက တစ်ဖက်လူ၏ခန္ဓာကိုယ်အောက်ပိုင်းကို ခပ်ဖွဖွပွတ်သပ်နေသည်။


ပူလောင်လွန်းလှသည့် အပူဓာတ်က နောက်တစ်ဖန် မြင့်တက်လာပြန်သည်။ ထန့်ရှန်း၏ လျှာဖျားလေးက အထဲသို့‌စိတ်အားထက်သန်စွာရောက်သွားပြီး ရွှယ်ဟုန်ယန်ကို ရန်စနေသလို ပြုလုပ်နေသည်။


ရွှယ်ဟုန်ယန်၏ လည်ဇလုတ်က မြင့်ချည်နိမ့်ချည်ဖြစ်ကာခဏခဏ တံတွေးမျိုချနေရသည်။ သူ့မျက်လုံးများက ထန့်ရှန်ကို ပြင်းပြင်းထန်ထန်စိုက်ကြညိ့နေပြီး မျက်တောင်ပင်မခတ်နေပေ။ ခဏအကြာတွင် ထောင်ရှန်း၏ ပခုံးများကို ခပ်ကြမ်းကြမ်းတွန်းလိုက်ကာ သူတို့၏အနေအထားက ပြောင်းပြန်ဖြစ်သွားသည်။


ရွှယ်ဟုန်ယန်က သူ့ခန္ဓာကိုယ်အောက်ရှိ အမျိုးသားကိုဖိကာ ခေါင်းအနောက်ဖက်ကို ခပ်ဖွဖွကိုင်ပြီး နှုတ်ခမ်းများကို အထိန်းအကွပ်မဲ့စွာ ပြင်းပြင်းထန်ထန်နမ်းရှိုက်တော့သည်။


xxxxxxx