အပိုင်း ၁၁၈
Viewers 13k

Chapter 118


—- 

**ဒီအပိုင်းက NSFWပါနော်!!!!! အတော်လေး hotပါတယ်... +အခန်းမကြိုက်တဲ့လူများကျော်သွားပေးပါ.... 


===============================


ထန့်ရှန် နာကျင်မှုကြောင့် ငြီးငြူလိုက်သည်။ သူ့မျက်လုံးများတွင် စိတ်ရှုပ်ထွေးနေဟန် အရိပ်အယောင်တို့ပြသနေသည်။ တွန်းထုတ်ရမည့်အစား ရွှယ်ဟုန်ယန်ကို နမ်းရှိုက်လိုက်ပြီး လက်ဦးမှုရယူကာ တစ်ဖက်လူ၏အဝတ်အစားများကိုဖြဲလိုက်သည်။


ခဏအကြာတွင် အမျိုးသားနှစ်ယောက်၏ အဝတ်အစားများ ကျဲပြန့်သွားသည်။ ရွှယ်ဟုန်ယန်က သူ့ကိုယ်သူဘာလုပ်မိနေလဲ မတွေးနိုင်တော့သည့်ပုံပင်။ သူထန့်ရှန်း၏ နှုတ်ခမ်းထောင့်မှတဆင့် လည်တိုင်၊ ရင်ပတ်နှင့် ဝမ်းဗိုက်အောက်ပိုင်းတို့ကို တဖြေးဖြေးနမ်းရှိုက်လိုက်သည်။


ထန့်ရှန်၏ ရင်ဘတ်က မကြာခဏမြင့်တက်လာပြီး အသက်ရှူမဝသည့်ဟန်ဖြစ်နေသည်။ သူ့ကိုယ်သူကွေးညွတ်လိုက်ပြီး ရွှယ်ဟုန်ယန်ထံမှ အနမ်းများကို ရှာဖွေနေသည်။


ရွှယ်ဟုန်ယန်၏ ခန္ဓာကိုယ်အောက်ပိုင်းက ချက်ချင်းဖောင်းတက်လာသည်။ထန့်ရှန်က တစ်ဖက်လူ၏ နူးညံ့ညင်သာသော အနမ်းများအောက်တွင် စိတ်ဆွခြင်းခံထားရသည်။ သူ့လက်ကိုဆန့်ထုတ်ကာ ရွှယ်ဟုန်ယန်၏ လက်ကိုကိုင်လိုက်ပြီး သူ့ကျောအောက်သို့ စမ်းတဝါးဝါးပို့ပေးလိုက်သည်။


ရွှယ်ဟုန်ယန်က ကာမဆက်ဆံမှုအကြောင်း အတော်လေးမရင်းနှီးသော်လည်း စစ်တန်းလျားတွင် ဤကိစ္စများကို ပြောကြသူများရှိ၍ သူအနည်းငယ်သိပေသည်။ သူထန့်ရှန်၏ ခါးလိုင်းမှတဆင့် တဖြေးဖြေးလျှောဆင်းကာ လူတစ်ယောက်၏ ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ် ညှစ်ထားနိုင်သော နေရာတစ်ခုကို စူးစမ်းလိုက်လေသည်။


ထိလိုက်ရုံဖြင့် ထန့်ရှန်က "အိုး..."ဟုသက်ပြင်းချလိုက်သည်။ ရွှယ်ဟုန်ယန်၏လက်ချောင်းများက ထိုနေရာကိုကျူးကျော်ဝင်ရောက်လိုက်သည်။ထိုအချိန်တွင် ထန့်ရှန်းက အသိစိတ်လွတ်သွားသည့်ပုံပေါက်နေသည်။ သူ့လည်တိုင်ကိုမော့ကာ ပင့်သက်ရှိုက်လေသည်။ ထန့်ရှန်းအတွက် ရွှယ်ဟုန်ယန်လှုပ်ရှားနေသည်က နှေးလွန်းသည့်ပုံပင်။ ထန့်ရှန်းက သူ့ခန္ဓာကိုယ်အထဲရှိ ရွှယ်ဟုန်ယန်၏လက်များကိုကိုင်ကာ ခပ်ဖြေးဖြေးလှုပ်ရှားပေးနေလေသည်။


ရွှယ်ဟုန်ယန် တစ်ဖက်လူ၏ တင်းကြပ်နေမှုနှင့် အနွေးဓာတ်ကိုခံစားလိုက်ရသည်။ သူ့မျက်လုံးများက နီရဲလာသည်။ သူ့ရင်ဘတ်ပေါ်သို့ ချွေးများစီးကျလာပြီး ထန့်ရှန်၏ ရင်ဘတ်ပေါ် စီးကျကာ ရေစီးကြောင်းလေးတစ်ခုကို ဖြစ်ထွန်းသွားစေသည်။


ရွှယ်ဟုန်ယန် မထိန်းနိုင်တော့ပေ။ ချက်ချင်းသူ့လက်များကို ဆွဲထုတ်ကာ ထန့်ရှန်၏ ခြေထောက်များကို မလိုက်သည်


ထန့်ရှန်က နှုတ်ခမ်းကိုကိုက်ကာ လည်ချောင်းအတွင်းမှလာသောအသံဖြင့် "အား...."ဟုအသံပြုလိုက်သည်။ သူ့ဂန္ဒာမာပန်းလေး မှသွေးများစီးကျလာသည်ကို ခံစားနေရသည်။ ရွှယ်ဟုန်ယန်၏ အငယ်ကောင်က သူ့ခန္ဓာကိုယ်ကို တဖြေးဖြေးချင်းထိုးဖောက်နေကြောင်း ခံစားနေရသည်။


ထန့်ရှန်၏မျက်နှာက နာကျင်မှုကြောင့် ဖြူရော်သွားခဲ့သည်။ ရွှယ်ဟုန်ယန် တစ်ဖက်လူ၏အတွင်းကို လုံးဝဝင်ရောက်သွားချိန်တွင် သူ့ခွန်အားများအကုန် ဖယ်ရှားခံလိုက်ရသလိုဖြစ်သွားသည်။ သူ့ကိုယ်သူ ကုတင်ပေါ်တွင် လုံးဝနစ်မြုပ်နေစေလိုက်သည်။ စောင်နှင့် ဘရိုကိတ်ဂွမ်းကပ်များက ချွေးများဖြင့် ရွှဲရွှဲစိုသွားပြီး လှုပ်ရှားမှုများကြောင့် တွန့်ကြေကုန်လေသည်။


ရွှယ်ဟုန်ယန်က ထန့်ရှန်ကိုစောင်းငဲ့၍ကြည့်လိုက်သည်။ သူ့ဆံပင်များက ကုတင်ပေါ်တွင် ပြန့်ကျဲနေသည်။ သူ့ခန္ဓာကိုယ်တွင် ချွေးများဖုံးလွှမ်းနေပြီး အနည်းငယ်ရွှန်းစိုနေသည်။ မီးရောင်မှိန်မှိန်အောက်တွင် ရွှယ်ဟုန်ယန်မှာ ပို၍ပို၍ ထိန်းမနိုင်သိမ်းမရဖြစ်လာရသည်။


သူ့ခေါင်းကိုငုံ့ချလိုက်ကာ ထန့်ရှန်၏ နှုတ်ခမ်းသားများကို နမ်းရှိုက်လိုက်သည်။ ထန့်ရှန်းက သူ့ကို မျက်စိလည်လမ်းပျောက်နေသလို ကြည့်လာသော်လည်း ပြန်လည်နမ်းရှိုက်ရန် မပျက်ကွက်ခဲ့ပေ။


ရွှယ်ဟုန်ယန်က ထန့်ရှန်၏ခြေထောက်များကို မကာ သူ့ပခုံးပေါ်တင်လိုက်သည်။ ထန့်ရှန်၏ သေးသွယ်သောခါးလေးကိုကိုင်ကာ သူ့ခန္ဓာကိုယ်ကိုဖြေးဖြေးချင်းလှုပ်တော့သည်။ ထန့်ရှန်၏မျက်လုံးများ ပြူးကျယ်လာကာ နှုတ်ခမ်းများပွင့်ဟလာပြီး လည်တိုင်ကျော့ကျော့ကို ကွေးညွတ်လိုကိသည်။ သူ့ခန္ဓာကိုယ်ထဲသို့ တစ်ဖက်လူ၏ အငယ်ကောင် ဝင်ထွက်နေချိန်တွင် အသက်ရှူသွင်းရှူထုတ်ရန် ကြိုးပမ်းနေလေသည်။


ထန့်ရှန်၏ အဝလေးမှာ အလွန်ကြပ်နေပါသော်လည်း သွေးတို့စိမ့်ထွက်နေ၍ အတော်လေးချောမွေ့သွားစေသည်။ ရွှယ်ဟုန်ယန်က သူတို့နှစ်ယောက်လုံး စည်းချက်တစ်ခုကို အသားကျသွားသည်အထိ. ခပ်ဖြေးဖြေးသာလှုပ်ရှားလေသည်။ မကြာမီတွင် သူတို့နှစ်ယောက်လုံး လုံးဝသက်တောင့်သက်သာဖြစ်သွားပြီး စိတ်ပူရန်မလိုအပ်တော့ချေ။


ထန့်ရှန်က သူ့ခန္ဓာကိုယ်အောက်မှ စောင်ပိုင်းကို ဆုပ်ကိုင်လိုက်သည်။ မူလက သူကစစ်သူကြီးတစ်ယောက်ဖြစ်ပြီး များစွာသော ဒဏ်ရာများကို ခံစားခဲ့ရဖူးသည်။ နာကျင်မှုအနည်းငယ်လောက်ဆိုလျှင် စိတ်ထဲပင်မထားချေ။သို့သော် ဤကိစ္စမှနာကျင်မှုက မရိုးရှင်းလှပေ။


ထန့်ရှန်က ရွှယ်ဟုန်ယန်၏သူ့အပေါ်သဘောထားက ကွာခြားသည်မှန်း မြင်နိုင်သည်။ သူသာအသက်ရှင်သန်လိုပြီး ထန့်တိုင်းပြည်အတွက် ဆက်လက်အလုပ်လုပ်လိုလျှင် ဤနယ်စားမင်းဝမ်နျန်ကို မှီခိုရန်လိုအပ်သည်။ နယ်စာမင်းဝမ်နျန်၏ စိတ်သဘောထားကိုလည်း သူကြားဖူးထားသည်။ အကယ်၍ ရွှယ်ဟုန်ယန်သာ သူ့အပေါ် အကြွေးတစ်ခုတင်နေပါက အရာရာတိုင်းက ပိုမိုလွယ်ကူသွားမည်ဖြစ်သည်။ 


ထန့်ရှန်က မူးချင်ဟန်ဆောင်၍ ဤချစ်တင်းနှောခြင်းကို စတင်ခဲ့သော်လည်း ယခုတွင် ၎င်းက တကယ်ကြီးဖြစ်ပျက်နေသည့်ပုံဖြစ်ပြီး ခံစားချက်ကလည်း လုံးဝကွဲပြားနေသည်။ သူ ရွှယ်ဟုန်ယန်၏ ချစ်တင်းနှောချိန်တွင် သတိကြီးမှုနှင့် ခံစားချက်များ ထိန်းချုပ်နေမှုကို ခံစားနိုင်သည်။


တစ်ဖက်တွင် သူက သူ၏ လျှို့ဝှက်ဗျူဟာကို မုန်းသလို တစ်ဖက်တွင်လည်း ရွှယ်ဟုန်ယန်၏ သူ့အပေါ်ထားရှိသည့် အတွေးနှင့်လုပ်ရပ်များကြောင့် စိတ်လှုပ်ရှားသွားရသည်။ ဤတစ်ကြိမ်တွင် ထန့်ရှန်က ကသောင်းကနင်းဖြစ်နေပြီး ရွှယ်ဟုန်ယန်က သူ၏စည်းချက်ကိုသာ အမှီလိုက်နေသည်။


ထန့်ရှန် "အ့.."ဟု ခပ်တိုးတိုးငြီးငြူပြီး သူ့ခေါင်းထိပ်ဆီသို့ပင် တင်းကျပ်ကျပ်ခံစားချက်တို့ပွင့်ထွက်လာသည်။ သူ၏ခန္ဓာကိုယ်အောက်ပိုင်းက နာကျင်ရာမှ တဖြေးဖြေးပျော့ပြောင်းသွားပြီး သူ့မျက်လုံးများက မျက်ရည်တို့ရစ်သိုင်းကာ နီရဲသည်ထက် နီရဲလာသည်။


ရွယ်ဟုန်ယန်က ထန့်ရှန် ရုတ်တရက်အထိန်းအကွပ်မဲ့သွားသည်ကို မြင်လိုက်သည်။ ထန့်ရှန်းက သူ့ကိုယ်သူ အထိန်းအချုပ်မဲ့သွားမည်ဟုတစ်ခါမှ မထင်ခဲ့မိဘဲ ရှက်ရွံ့လာ၍ ခြေထောက်ကို ပြန်ရုတ်လိုက်သော်လည်း ရွှယ်ဟုန်ယန်က သူ့ကိုပွေ့ချီသူ့ခန္ဓာကိုယ်အောက်ပိုင်းပေါ်တွင် ထိုင်စေပြီးသူ့လက်မောင်းထဲတွင် ပွေ့ထားလိုက်သည်။


ဤအနေအထားက ထန့်ရှန်၏စိတ်ကို လွှမ်းမိုးသွားသည်။ လူနှစ်ဦးချိတ်ဆက်နေသည့်နေရာက ပိုမိုနက်ရှိုင်းသွားသည်။ ထန့်ရှန်းက ခပ်တိုးတိုးသာရှိုက်ငိုနိုင်လေပြီး ရွှယ်ဟုန်ယန်၏လည်ပင်းကိုကာဖက် ရွှယ်ဟုန်ယန်ပခုံးပေါ် မျက်နှာအပ်လိုက်သည်။


ရွှယ်ဟုန်ယန် ထန့်ရှန်၏ ခါးကိုကိုင်ကာ တစ်ဖက်လူ၏ တွင်းဝထဲသို့ သူ၏မာကျောနေသည့် အသားချောင်းကို ထပ်ကာထပ်ကာထည့်ကာ စေးကပ်ကာစိုစွတ်နေသော အသံများကို ထွက်ပေါ်စေသည်။ ရွှယ်ဟုန်ယန်မှာ ထန့်ရှန်း၏မျက်နှာ အမူအရာကိုမမြင်နိုင်ပေ။ သူကထန့်ရှန်၏‌ သွေးများယိုစီးတော့မယောင်ဖြစ်နေအောင် နီရဲနေသည့် နားသန်သီးလေးများကိုသာ နမ်းရှိုက်နိုင်လေသည်။ရွှယ်ဟုန်ယန်၏ လက်တစ်ဖက်က ထန့်ရှန်၏ အငယ်ကောင်လေးပေါ်ရောက်သွားကာ တစ်ချိန်တည်းတွင်လှုပ်ရှားပေးလိုက်သည်။


ထန့်ရှန်၏အငယ်ကောင်လေးက ရွှယ်ဟုန်ယန်၏လက်အတွင်း သက်ဆင်းသွားရပြီး ထိုလှုံ့ဆော်မှုကြောင့် သူ့အသက်ရှုသံတို့ ပိုမိုမြန်ဆန်လာသည်။ ထိုလှုံ့ဆော်မှုကိုတားမြစ်ရန် သူ၏ခြေထောက်များကို စေ့လိုက်ချင်သော်လည်း ရွှယ်ဟုန်ယန်၏ခါးက ထိုလှုံ့ဆော်မှုကို ပိုမိုတိုးပွားစေပြ သူ့ကိုလက်သီးတင်းတင်းဆုပ်သွားစေသည်။


ထန့်ရှန်၏ခန္ဓာကိုယ်တုန်ယင်လာပြီး သူ့တုန့်ပြန်မှုက ပြင်းထန်သည်ထက်ပြင်းထန်လာသည်။ ရွှယ်ဟုန်ယန်က မှီချလိုက်ကာ သူ့ကိုအိပ်ရာပေါ်ဖိလိုက်သည်။ လက်တစ်ဖက်ကိုအသုံးပြုကာထန့်ရှန်း၏ အငယ်ကောင်ကို ချော့မြူနေသလို တစ်ဖက်လူ၏ကိုယ်တွင်းကိုလည်း အဆက်မပြတ်ထိုးဖောက်နေသည်။ ထန့်ရှန်၏ ဆီးကြိတ်ကိုအဆက်မပြတ် ထိုးသွင်းနေပြီး သူ့ကိုလုံးဝစိတ်လွတ်နေစေသည်။


ထန့်ရှန်၏မျက်လုံးများက ပြူးကျယ်နေကာ သူ့ခန္ဓာကိုယ်က တဆတ်ဆတ်တုန်နေ၍ ခြေထောက်များကို ထိန်းချုပ်မရနိုင်အောင်ဖြစ်နေသည်။ သူအော်ပင်မအော်နိုင်တော့ချေ။ သူ့စိတ်က ဗလာဖြစ်နေကာ မထိန်းချုပ်နိုင်အောင် အထွတ်အထိပ်ရောက်နေသည်။

118.2


ရွှယ်ဟုန်ယန်က ထန့်ရှန် အထွတ်အထိပ်ရောက်ချိန်တွင် တွင်းဝလေးက ပိုမိုကြပ်ထုပ်သွားကြောင်း ခံစားလိုက်ရသည်။ သူမငြီးငြူပဲမနေနိုင်တော့သလို ထပ်မံ၍လှုပ်ရှားလိုက်သည်။ ထန့်ရှန်း၏ စိတ်လွတ်နေမှုကိုအခွင့်ကောင်းယူကာ ထန့်ရှန်းကို မှောက်ချလိုက်ပြီး တစ်ဖက်လူကိုယ်ထဲကို မရပ်တော့မည့်ပုံစံဖြင့် အဆက်မပြတ်ထိုးသွင်းနေသည်။


ထန့်ရှန်က အထွတ်အထိပ်ရောက်ပြီးကာစဖြစ်၍ အထိမခံဖြစ်နေသည်။ သူ၏ဖြူဖွေး ဖျော့တော့သော အသားအရည်က အလွန်အမင်း အထိမခံဖြစ်ကာ နီဆွေးလာတော့သည်။ ရွှယ်ဟုန်ယန်၏ အငယ်ကောင်လေးက သူ့ကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်နေမှန်းခံစားနေရသော်လည်း အဓိပ္ပါယ်ရေရေရာရာမရှိလေသော အသံတစ်ချို့ကိုပြုလုပ်ကာ သူ့ကိုယ်တွင်းရှိ ပြင်းထန်သောခံစားချက်များကို ကြိုးစားလက်ခံနေသည့်အလား ခေါင်းခါရမ်းနေသည်။ သို့သော် သူရွှယ်ဟုန်ယန်၏ ရမက်ကိုထပ်မဆွချင်တော့ပေ။


ရွှယ်ဟုန်ယန်က ထန့်ရှန်း၏နှုတ်ခမ်းများကိုနမ်းလိုက်ပြီး ထန့်ရှန်၏နားရွက်ထဲသို့ သူ၏နာမည်ကို ထပ်ထပ်ကာခေါ်နေလေသည်။


——


ရွှယ်ဟုန်ယန်တွင် ပြောမပြနိုင်လောက်သော အိပ်မက်တစ်ခုမက်ခဲ့သည်။ ၎င်းက သူနှင့်ထန့်ရှန်တို့ နန်းတော်ရှိအခန်းလွတ်ထဲတွင် ပထမဆုံးလိင်ဆက်ဆံကြသည့် အကြောင်းဖြစ်သည်။ ရွှယ်ဟုန်ယန်က ထိုအိပ်မက်ကြောင့် သူ့ကိုယ်သူသာအပြစ်တင်နေသည်။ သူကမတုံးသလို ရွှယ်ကျွင်းလျန်ကလည်း သူ့ကို ထန့်ရှန်က သူတို့နှင့် တမင်သက်သက် ရင်ဆိုင်ပြီး သူ၏ သဘောကျနှစ်သက်မှုကိုအရယူရန် စီစဉ်ခဲ့တာဖြစ်နိုင်ကြောင်း အရင်ကသတိပေးဖူးသည်။ ၎င်းကိုသိပြီးသားဖြစ်၍ ရွှယ်ဟုန်ယန်က သူ့ကိုယ်သူသာ အပြစ်တင်နေလေသည်။ အဆုံးတွင် ထန့်ရှန်းကို တစ်ဖက်သတ်သဘောကျနေသည်မှာ သူသာဖြစ်လေသည်။


လတ်တလောတွင် ရွှယ်ဟုန်ယန်က နယ်စားမင်း ကျန်းအန်း၏ စစ်တပ်အာဏာကို ထိန်းချုပ်ရန်အတွက် ကြိုးစားရင်းအလုပ်များနေခဲ့သည်။ သူအိမ်တော်ကိုပြန်ရောက်ချိန်တွင် အလွန်နောက်ကျနေပြီဖြစ်သည်။ ထန့်ရှန်းအိပ်နေသည်ကို မနှောင့်ယှက်လို၍ စာကြည့်ခန်းထဲတွင်အိပ်စက်ခဲ့သည်။ သူထန့်ရှန်းနှင့် အတူမရှိသည်မှာ ရက်အတော်ကြာပြီဖြစ်၍ ထိုကဲ့သို့အိပ်မက်မျိုးမက်ခြင်း ဖြစ်နိုင်ပေသည်။


အမှန်အတိုင်းပြောရလျှင် ရွှယ်ဟုန်ယန်က အလွန်ရှက်တတ်ပေသည်။ သူချက်ချင်းထကာ သူ့ကိုယ်သူသန့်ရှင်းရေးလုပ်ပြီး အိပ်ရာပေါ်ပြန်လှဲသော်လည်း အိပ်မပျော်ချေ။ ထို့ကြောင့် ခြံဝန်းထံသို့ ခတ္တမျှလမ်းလျှောက်ထွက်လိုက်သော်လည်း သတိမထားမိဘဲ ထန့်ရှန်ရှိရာ ခြံဝန်းဆီရောက်လာခဲ့သည်။


ရွှယ်ဟုန်ယန် တံခါးကိုညင်သာစွာဖွင့်ရင်း အထဲသို့ဝင်ခဲ့သည်။ အိပ်ဖန်စောင့်များတစ်ယောက်မှမရှိကြချေ။ ရွှယ်ဟုန်ယန် အထဲရှိအခန်းထဲသို့ ဝင်လိုက်ချိန်တွင် ကုတင်ပေါ်ရှိ လိုက်ကာစတို့စေ့စေ့ပိတ်လျက်ရှိကြောင်း တွေ့လိုက်ရသည်။ အထဲရှိလူက အတော်လေးကောင်းကောင့းအိပ်ပျော်နေသည့်ပုံပင်။


သူအထဲသို့ လမ်းလျှောက်ဝင်လိုက်ကာ အိပ်ရာထက်ရှိလိုက်ကာစကို ညင်သာသည်ထက်ညင်သာအောင် ခပ်ဖွဖွလေးပင့်မလိုက်သည်။ သူထန့်ရှန်း၏ အိပ်ပျော်နေသည့်မျက်နှာလေးကိုမြင်ပြီး အိပ်မက်၏လက်ကျန်သက်ရောက်မှုကြောင့် သူ၏အငယ်ကောင်လေး ထောင်မတ်လာသည်ကို ခံစားမိလိုက်၍ သူ့ကိုယ်သူ ညစ်ညမ်းလှသည့်စိတ်အစုံကြောင့် ဆူပူမိလိုက်သည်။ သူလိုက်ကာစတို့ကို မြန်မြန်ပြန်ချကာ အပြင်ပြန်ထွက်ရန်ပြင်လိုက်သည်။


သို့သော် ထိုအချိန်တွင် သူ့ခါးကိုဖက်တွယ်ခြင်းခံလိုက်ရသည်။ အိပ်ရာပေါ်တွင်အိပ်နေသောသူက ရုတ်တရက်ကြီး မျက်လုံးများပွင့်လာကာ ပြုံးပြုံးလေးပြောလိုက်သည်။


"အရှင်နယ်စားမင်း.... ကျွန်တော်ကိုယ်တိုင်ကလည်း သမားတော်တစ်ယောက်ဆိုတာကိုမေ့နေတာများလား..."


"အနားယူနေတာကိုနှောက်ယှက်မိလို့ တောင်းပန်ပါတယ်... ကိုယ်... ကိုယ်ပြန်တော့မယ်..."


ထန့်ရှန်က ပြုံးလိုက်ကာ သူ၏ခန္ဓာကိုယ်အောက်ပိုင်းကို ကြည့်လိုက်သည်။

"အရှင်နယ်စားမင်းက နေ့တိုင်းနောက်ကျတဲ့အထိ အလုပ်တွေလုပ်ရပေမဲ့ အရမ်းကိုအားအင်ပြည့်ဖြိုးပြီး တက်ကြွနေသေးတာပဲနော်..."


ရွှယ်ဟုန်ယန်က ပို၍ရှက်ရွံ့လာသည်။


ထန့်ရှန်က သူ့ကိုမလွှတ်ပေးပေ။ ကုတင်ကိုပုတ်ပြကာ တက်လာရန် အချက်ပြလိုက်သည်။ ရွှယ်ဟုန်ယန် သူ့ကိုကိုင်ထားသည့် လက်လေးများကို ခါချလိုက်သော်လည်း ထိုသူက အံကြိတ်ကာ ပြောလာသည်။

"ကျွန်တော် ဂရုစိုက်ပေးပါ့မယ်...."


ထန်ရှန်ကသူ့ လက်ကိုဆွဲလိုက်သည်။ ရွှယ်ဟုန်ယန်က အားမသုံးရဲ၍ သူ့အလိုကျကုတင်ပေါ်တက်လိုက်သည်။ ထန့်ရှန်က သူ့နှုတ်ခမ်းထောင့်ကိုသာနမ်းလာခဲ့သည်။ ထန့်ရှန်က နူးညံ့ငြင်သာသလို သူ့အနမ်းများကလည်း အလွန်သဘာဝကျနေသည်။ ရွှယ်ဟုန်ယန်က အရေပြားပါးသူဖြစ်ရာ တစ်ဖက်လူကို စိတ်ဆိုးအောင်မလုပ်ရဲပါချေ။ မကြာခင်နှစ်ဦးသားလုံး ကုတင်ထက်မှတိုက်ပွဲကိုဆင်နွှဲလိုက်ကြသည်။


နောက်တစ်နေ့တွင် ရွှယ်ဟုန်ယန်က ပုံမှန်အတိုင်း မနက်ခင်းညီလာခံကို တက်ကြွလန်းဆန်းစွာတက်ရောက်လေသည်။ သူနိုးလာချိန်တွင် သူ့အစေခံများကို အရှင်ထန့်အိပ်စက်နေချိန် မနှောက်ယှက်ကြရန် အမိန့်ပေးထားသည်။ သူတို့ကို အထဲဝင်ရန်ခေါ်မှဝင်သွားပြီး ကူညီခစားပေးရန်သာပြောလိုက်သည်။


အမျိုးသမီးအစေခံများက ချက်ချင်းလက်ငင်းပြုံး၍ပြန်ဖြေလေသည်။


"ဒီအစေခံသိပါပြီ.... သခင်တို့ မနေ့ညက အသံတွေအတော်လေးထွက်ခဲ့ကြတာမလို့.... ဒီအစေခံတွေကို ဘာလုပ်ရမလဲ ပြောဖို့မလိုပါဘူးနော်..."


ရွှယ်ဟုန်ယန် ချောင်းဟန့်လိုက်ကာ "ပြောတာများသွားပြီ..."ဟုဆိုပြီး မနက်ခင်းညီလာခံတက်ရန် ထွက်ပေလေသည်။


ထန့်ရှန်က အတော်လေးနောက်ကျတဲ့အထိမနိုးသေးပေ။ သူနိုးလာချိန်တွင် သူ့ခါးတစ်ခုလုံးကျိုးတော့မလိုကိုက်ခဲနေလေသည်။ သူအိပ်ရာပေါ်မှထရန်ကြံလိုက်ချိန်တွင် သူ့နောက်ကျောတစ်ခုလုံး နာကျင်မှုတို့ဖြင့် ပစ်ခွင်းခံလိုက်ရသည်။ မနေ့ညက အဖြစ်အပျက်များကိုပြန်လည်စဉ်းစားပြီး ဘရိုကိတ်စောင်ကိုဆွဲယူကာ သူ့မျက်နှာကိုအုပ်လိုက်သည်။


သူက သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးကို သက်တောင့်သက်သာရှိပြီး သဘောကျသော်လည်း ထိုအဖြစ်အပျက်များကိုပြန်တွေးလိုက်လေလေ ပိုရှက်လေလေဖြစ်နေသည်။


======

xxxxxx