အပိုင်း ၁၂၁
Viewers 13k

Chapter 121


ဤသို့ဖြင့် ဧကရာဇ်ရွှယ်နှလုံးသားထဲရှိ ထန့်ယွင်၏နေရာကို လူတိုင်းရှင်းရှင်းလင်းလင်းနားလည်သွားကြလေသည်။ ကန့်ကွက်လိုသော ဝန်ကြီးအချို့ပင် ပြောလိုသည့်စကားများကို မျိုချလျက် တစ်ခွန်းတစ်ပါဒမှ မပြောရဲကြပေ။


ရွှယ်ကျွင်းလျန်စားသောက်ပွဲသို့ဝင်လိုက်ပြီး ထန့်ယွင်ကသူ့ဘေးတွင်ထိုင်သည်။ ထန့်ရှန်လည်း ယနေ့တွင် ရွှယ်ဟုန်ယန်နှင့်အတူ နန်းတော်တွင်းဝင်လာခဲ့သည်။ သူထန့်ယွင်ကိုမော့ကြည့်လိုက်သည်။ ထန့်ယွင်က ရှက်လွန်း၍ ထန့်ရှန်ကိူပြန်မကြည့်ရဲပေ။


ထန့်ရှန်က ရွှယ်ကျွင်းလျန်ကို တိုက်ရိုက်ကြည့်လိုက်သည်။


ရွှယ်ကျွင်းလျန်က ထန့်ရှန်သူ့ကိုကြည့်နေကြောင်းမြင်သော်လည်း အကြည့်မလွှဲလိုက်ပေ။ သူ့က လုံးဝသက်တောင့်သက်သာမဖြစ်ပေ။


ရွှယ်ဟုန်ယန်က ထန့်ရှန်တစ်ယောက် ရွှယ်ကျွင်းလျန်ကို စူးစိုက်ကြည့်နေမှန်းသိ၍ ထန့်ရှန်က်ု အသာအယာထိလိုက်ပြီး ပြောလိုက်သည်။

"ဧကရာဇ်ကို ဒီလိုသာစိုက်ကြည့်နေမယ်ဆိုရင် အပြစ်ပေးခံရလိမ့်မယ်နော်...."


ထန့်ရှန်းက ပြုံးပြီးပြန်ဖြေသည်။


"ကျွန်တော်ကသူ့ကိုကြည့်ရုံကြည့်တာပါ... ဘာပဲဖြစ်ဖြစ် ဝန်ကြီးထန့်နန်မှာ ကျွန်တော်နဲ့တူတဲ့ ထန့်ဆိုတဲ့ မျိုးရိုးနာမည်ရှိနေတယ်လေ... သူအနိုင်ကျင်ခံရရင် ဘာလုပ်သင့်လဲ..."


ရွှယ်ဟုန်ယန်က နှစ်ကြိမ်မျှရယ်မောလိုက်သည်။

"တကယ်တော့ ကျွန်တော်က အရှင်မင်းကြီးကို ရိုးသားတယ်ထင်မိတယ်... မဟုတ်ရင် ဒီလိုကြီး လူသိရှင်ကြားလုပ်ဖို့မှ မလိုအပ်တာ..."


ထန့်ရှန်းပြောလိုက်သည်။

"တကယ်တော့ ကျွန်တော်လည်း သူရိုးသားမှန်းမြင်ပါတယ်... မဟုတ်ရင် ဒီလိုထိုင်နေမှာကိုမဟုတ်တာ...."


ရွှယ်ဟုန်ယန်က ပြောလိုက်သည်။

"သူ့ရဲ့ရိုးသားမှုကို မြင်နိုင်မှတော့ အရှင်မင်းကြီးကို ကူညီပေးလိုက်ပါလား.... နယ်စားမင်းထန့်နန်က အရှင်မင်းကြီးရဲ့ စိတ်ကိုနားမလည်သေးတဲ့ပုံပဲ..."


"ကျွန်တော်က ဘာလို့များကူညီရမှာလဲ...."


ထန့်ရှန် မျက်လုံးများမှိတ်အောင်ပြုံးရင်းပြောလိုက်သည်။


"ဒီထန့်က ဧကရာဇ်ရွှယ်က အစားမထိုးနိုင်တဲ့ ဧကရာဇ်တစ်ပါးဖြစ်မှန်းဝန်ခံပါတယ်... ဒါပေမဲ့ ဒီထန်မှာ မကျေလည်တဲ့ကိစ္စအချို့ရှိနေတာကြောင့် မသိသိုပဲနေပါတော့မယ်..."


ရွှယ်ဟုန်ယန်က ကူကယ်ရာမဲ့စွာပြုံးလိုက်သည်။

"အမတ်မင်းက လောကကြီးတစ်ခုလုံး အရှုပ်အထွေးဖြစ်တာကို ကြည့်ရမှာကိုများ တောင့်တနေတာလား.."


ထန့်ရှန်ကပြောသည်။

"အမှန်ပဲ... မင်းစိတ်ပူဖို့မလိုအပ်ပါဘူး... သိပ်မကြာခင် ဒါမှမဟုတ် အချိန်နည်းနည်းကြာရင် သူသိသွားမှာပါပဲ.... ဘာလို့များ အလျှင်လိုနေရတာလဲ,.."


ရွှယ်ဟုန်ယန်က ခေါင်းတငြိမ့်ငြိမ့်နှင့်ထောက်ခံသည်။

"မှန်တာပဲ..."


ရွှယ်ကျွင်းလျန်က ထန့်ရှန်၏အကြိမ်ရည်များစွာ စေ့စေ့စပ်စပ်ကြည့်နေမှုကိုခံနေရသော်လည်း ထိုအကြည့်များကို အကြည့်မလွှဲသလို ပုန်းရှောင်မနေပေ။ သူထန့်ယွင်အတွက် လက်ဖက်ရည်တစ်ခွက်ပင်ငှဲ့ပေးလိုက်သေးသည်။


"မနေ့က မင်းရဲ့လည်ချောင်းက နည်းနည်းမသက်မသာဖြစ်နေတဲ့ပုံပေါ်တယ်... ဝိုင်တွေအရမ်းမသောက်နဲ့...."


ထန့်ယွင်က ဝိုင်သောက်နေရခြင်းမှာ သူ့တွင်ဘာမှလုပ်စရာရှိမနေ၍ဖြစ်သည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင် လက်ဖက်ရည်ခွက်ကိုအေးအေးဆေးဆေးယူလိုက်သည်။ သာလက်ဖက်ရည်ခွက်ကိုယူချိန်တွင် ရွှယ်ကျွင်းလျန်က အခွင့်ကောင်းယူရင်း သူ့လက်ကိုဖျစ်ညှစ်လေသည်။ ၎င်းက ထန့်ယွင်ကိုအံ့ဩသွားစေပြီး လက်ဖက်ရည်ခွက်ကိုရွဲ့စောင်းသွားစေ၍ သူ့ကိုယ်လုံးပေါ်မှောက်ကျလာသည်။


ရွှယ်ကျွင်းလျန်က ထန့်ယွင်ပေါ်လက်ဖက်ရည်များမှောက်ကျလာမည်ဟု မထင်ခဲ့ပေ။ လက်ဖက်ရည်က အလွန် မပူသော်ငြား အနည်းငယ်တော့ ပူနေသေးသည်။ သူချက်ချင်းမတ်တတ်ရပ်ကာ ထန့်ယွင်အပူလောင်သွားသလား ကြည့်လိုက်သည်။


ထန့်ယွင်က သူ၏တုန့်ပြန်မှုကြောင့် အမှန်တကယ် အရှက်ရသွားသည်။ သူက မာကျောသည့်အရေပြား၊ ထူထဲသည့်အသားများဖြင့် ယောက်ျားကြီးတစ်ယောက်ဖြစ်သည်။ သူ၏လက်ကို အကိုင်ခံရရုံမျှဖြစ်သော်လည်း သူက ချက်ချင်းခါ ပြင်းထန်စွာတုန့်ပြန်မိလိုက်သည်။


ရွှယ်ကျွင်းလျန်က သူအဆင်ပြေနေကြောင်းသေချာမှ သက်ပြင်းချလိုက်သည်။ ထို့နောက်တွင် တက်ကြွစွာပြုံးလာသည်။


"ထန့်ယင်းရဲ့ အဝတ်တွေစိုကုန်တာပဲ... အဝတ်လဲဖို့အတွက် မင်းနဲ့အတူ အတွင်းခန်းမထဲ ဘာလို့မလိုက်ပေးနိုင်ရမှာလဲ..."


ထန့်ယွင်က ခေါင်းငြိမ့်ရန်ပြင်လိုက်သော်လည်း ရွှယ်ကျွင်းလျန်၏ အပြုံးကိုမြင်လိုက်ရသည်။ သူ့နှလုံးခုန်သံတို့ ဟန်ချက်မညီဖြစ်သွားရပြီး သူ့မျက်နှာက ချက်ချင်းပူပြင်းလာသည်။


ရွှယ်ကျွင်းလျန်က ထန့်ယွင်ငြင်းမည်ကို ခွင့်မပြုပေ။

"သွားကြစို့...."


ကျန်းယွီက အနောက်တွင်ရပ်နေပြီး နှုတ်ဆိတ်နေသည်။ သူက ဧကရာဇ်ဆိုလိုသည်ကို နားလည်ပါသည်။ သူ နန်းတွင်းအစေခံများကို မီးအိမ်ကိုင်၍ ဧကရာဇ်ရွှယ်နှင့် နယ်စားမင်းထန့်နန်ကို လမ်းပြရန်ပြောလိုက်သည်။

121.2


လမ်းတစ်လျှောက်တွင် ရွှယ်ကျွင်းလျန်က ထန့်ယွင်၏လက်များကို ကိုင်ထားခဲ့သည်။ သူပြန်ဆွဲယူရန်ကြိုးပမ်းပါသော်လည်း ရွှယ်ကျွင်းလျန်က တင်းတင်းကိုင်ထား၍လွှတ်မပေးပေ။ ထန့်ယွင်လည်း ရုန်းကန်မနေတော့ပဲ ရွှယ်ကျွင်းလျန်သဘောကျသာ နေပေးလိုက်တော့သည်။


ရွှယ်ကျွင်းလျန်က လေထုအခြေအနေက အတော်အဆင်ပြေသည်ဟု ခံစားလိုက်ရသည်။ သူကထိုအခွင့်အရေးကိုယူကာ ထန့်ယွင်အပေါ် လှုပ်ရှားမှုလေးအနည်းငယ်လုပ်ရန်ပြင်ချိန်တွင် အရှေ့တွင်မီးအိမ်အချို့ကိုတွေ့လိုက်ရပြီး သူတို့ဆီကို တစ်စုံတစ်ယောက်လာနေကြောင်း တွေ့လိုက်ရသည်။


ရွှယ်ကျွင်းလျန် အသေအချာကြည့်လိုက်ချိန်တွင် ထိုနေရာ၌ အိမ်ရှေ့စံရွှယ်နှင့် ဟယ့်ညီအစ်ကိုသုံးဖြစ်နေကြောင်း တွေ့လိုက်ရသည်။


ဟယ့်ညီအစ်ကိုသုံးယောက်က တစ်တန်းတည်းရပ်နေကာ ဓားပြတိုက်တော့မည့် တောပုန်းဓားပြများနှယ် ၎င်းတို့၏လက်ထဲတွင် ဓားကြီးများကိုဝံ့လျက် ရက်စက်ကြမ်းကြုတ်သည့်အကြည့်များဖြင့် ကြည့်နေကြသည်။ သူတို့ရှေ့တွင် မင်းသားလေးကရပ်နေပြီး လက်နောက်ပစ်နေလျက် သူ့အသက်အရွယ်နှင့်မကိုက်ညီသည့် အမူအရာကိုပြုလုပ်နေသည်။


သူတို့အားလုံး ရွှယ်ကျွင်းလျန်ကို မြင်လိုက်ချိန်တွင် ကြောက်လန့်တကြားဖြစ်သွားကြသည်။ ကြည့်ရသည်မှာ ဧကရာဇ်ရွှယ်တစ်ယောက် ဤလမ်းမှဖြတ်သွားမည်ဟု မထင်ထားကြပုံပင်။


ရွှယ်ကျွင်းလျန်က ပြုံးရင်းပြောလိုက်သည်။

"မင်းသားလေး ဘယ်ကိုများသွားမလို့ပါလဲ..."


"သားတော်... သားတော်..."


မင်းသားလေးက မေးခွန်းထုတ်ခံလိုက်ရသည်နှင့် ခြေလှမ်းတို့အယောင်ယောင်အမှားမှားဖြစ်ကာ စကားတို့ပင် အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားထသည်။ သို့သော် ရွှယ်ဖေက ခဏမျှသာတုန့်ဆိုင်းသွားပြီး သူ၏သတ္တိအကုန်လုံးကို ဆင့်ခေါ်ပြီးပြောလိုက်သည်။

"သားတော် ခမည်းတော်ဆီကိုမကွယ်ဝှက်တော့ပါဘူး... သားတော်က နယ်စားမင်းထန့်နန်ကိုတားဆီးဖို့ ဒီနေရာကိုရောက်နေရတာပါ...."


"အိုး....."


ရွှယ်ကျွင်းလျန်က မေးလိုက်သည်။

"ဒါဆို သားတော်က ထန့်ယင်းကိုဘာကြောင့်များ တားချင်ရတာလဲ..."


ရွှယ်ဖေက ချောင်းဟန့်လိုက်ပြီး သတ္တိပြန်မွေးလိုက်ရသည်။ ထို့နောက်တွင် ကျယ်လောင်စွာပြောချလိုက်သည်။

"သားတော် နယ်စားမင်းထန့်နန်က ယွင်ဖုန့်နန်းတော်မှာနေဖို့ မထိုက်တန်ဘူးလို့ထင်ပါတယ်... ဟိုးယခင်ကတည်းက ရှင်ဘုရင်ရဲ့ မိဖုရား၊ ဧကရာဇ်ရဲ့ဧကရီကသာ ယွင်ဖုန့်နန်းဆောင်မှာနေခဲ့ကြတာပါ...."


ရွှယ်ကျွင်းလျန်က ၎င်းကိုကြားပြီး မရေမရာပြုံးလိုက်သည်။


သူ့ခမည်းတော်၏ထိုအပြုံးကိုမြင်ပြီး မင်းသားလေးက ဇက်ပုသွားရသည်။


ထန့်ယွင်က ရွှယ်ဖေတစ်ယောက် ထန့်ယင်းက အနှီယွင်ဖုန့်နန်းဆောင်ကို မီးလောင်တိုက်သွင်းခဲ့ဖူး၍ သူ့ကိုမကျေနပ်နေကြောင်းသိပါသည်။ သူက ထန့်ယင်းမဟုတ်ဘဲ ဤခန္ဓာကိုယ်ကို အသုံးပြုနေသည့်လူသာဖြစ်သော်လည်း သူ့တွင်စောဒကတက်စရာ အရည်အချင်းမရှိပါချေ။


အမှန်အတိုင်းပြောရပါလျှင် မင်းသားလေးရွှယ်ဖေက တရားမျှတမှုကို ချစ်မြတ်နိုးသောသူတစ်ယောက်ဖြစ်သည်။ သူကငယ်ရွယ်သေးပါသော်လည်း သူ့အပြုအမူများက အနည်းငယ်ပြင်းထန်နေလေပြီ။


ထန့်ယွင်က ရွှယ်ကျွင်းလျန် ရွှယ်ဖေ၏လုပ်ရက်ကို အပြစ်မြင်မည်စိုး၍ ပြောလိုက်သည်။

"ကျွန်တော်မျိုးက ကိုယ့်ကိုယ့်ကိုယ် အရည်အချင်းမရှိပဲ မလျော်ကန်သူလို့ခံစားရပါတယ်... အကယ်၍ ကျွန်တော်မျိုးသာ ယွင်ဖုန့်နန်းဆောင်မှာနေခဲ့ပါရင် မကောင်းတဲ့အတင်းအဖျင်းတွေထွက်ပေါ်လာစေမှာ စိုးရွံ့မိပါတယ်...."


"ဘယ်သူကအတင်းအဖျင်းပြောရဲမှာလဲ..."


ရွှယ်ကျွင်းလျန်က ထန့်ယွင်ကို ချောင်ပိတ်လိုက်သည်။ သူက ပြုံးရင်းပြောလာသည်။

"ကိုယ်တော်ကတော့ လူတွေအပေါ်နားလည်မှုက အတော်လေးကောင်းတယ်လို့ထင်တာပဲ... ထန့်ယင်းမှာ သူပုန်တွေကိုတောင် နှိမ်နင်းချေမှုန်း နိုင်တဲ့ အစွမ်းပကားရှိနေတာပဲ... သူက ဆိုးရွားလှတဲ့အတင်းအဖျင်းတွေကိုတောင် တောင့်ခံပြီး အကြံဉာဏ်ကောင်းတွေပေးနိုင်တဲ့ ဉာဏ်ပညာပါရမီနဲ့ပြည့်စုံ ကုံလုံတဲ့လူပဲ... သူကဘာကြောင့် မထိုက်တန်ရမှာလဲ..."


မင်းသားလေးက ခေါင်းမော့ရင်း ပြန်ဖြေသည်။

"သားတော်ကြားထားတာနဲ့ လုံးဝမတူညီဘူးဖြစ်နေပါတယ်...ထန့်ယင်းရဲ့ ဂုဏ်သတင်းက အရမ်းကိုဆိုးဝါးလှပြီး အခြားသူတွေဆီက အကျိုးအမြတ်ရဖို့ မျက်နှာချိုသွေးတာဖို့ပဲ သိတဲ့လူပါ... ခမည်းတော် သားတော်ကိုသင်ကြားပေးပါဦး... ခမည်းတော်သာ လူတွေကိုလက်ခံစေချင်ရင် ပါးစပ်ပြောနဲ့တင်မဟုတ်ဘဲ ခွန်အားနဲ့သက်သေပြရမှာပါ..."


ရွှယ်ကျွင်းလျန်ပြောလိုက်သည်။


"ဒါဆို သားတော်က ဘာလိုချင်တာလဲ,..."


ရွှယ်ဖေက ပြန်ဖြေသည်။


"သားတော် နယ်စားမင်းထန့်နန်ကို ဟယ့်ညီအစ်ကိုတွေနဲ့ ယှဉ်ပြိုင်ဖို့ အရဲစွန့်ပြီးတောင်းဆိုပါရစေ... သူသာ အနိုင်ရပြီး လူတိုင်းကိုသက်သေပြနိုင်ရင် သားတော်က အကျိုးအကြောင်းမဆီလျော်ပဲ ဖျက်လိုဖျက်ဆီးမကျူးလွန်တော့ပါဘူး... သူသာ ခမည်းတော်ရှေ့မှာ သက်သေပြနိုင်ရင် သားတော်ကို အပြစ်ပေးချင်ရင်လည်း သားတော်မငြင်းပါဘူး..."


"ဒီလိုမှမဟုတ်ရင်..."


"ဒီလိုမှမဟုတ်ရင် သားတော်ကဒီနေရာမှာပဲ ရပ်နေမှာပါ... နယ်စားမင်းထန့်နန်ယွင်ဖုန့်နန်းဆောင်ကို ဝင်နိုင်ခဲ့ရင်တောင် ဒီလူအုပ်ရဲ့ ပါးစပ်ကိုမပိတ်နိုင်ပါဘူး...."


သားအဖနှစ်ယောက် မတိုးသာမဆုတ်သာအခြေအနေဖြစ်နေပြီး လေထုက ပို၍လေးလံလာချိန်တွင် ထန့်ယွင်က ရုတ်တရက်ပြုံးလိုက်သည်။


"အရှင့်သားက ကျွန်တော်မျိုးရဲ့ ကိုယ်ခံပညာကို မြင်တွေ့ချင်တာပဲ.... ဘာကြောင့်များ အရမ်းကြီးလေးလေးနက်နက်ဖြစ်နေ ကြရတာပါလဲ.. ဒီနေ့အရှင်မင်းကြီးရဲ့ စိတ်ဝင်စားနေမှတော့ ကျွန်တော်မျိုးကပဲ အရဲစွန့်လို့ ကြိုးစားကြည့်ပါ့မယ်..."


သူခဏမျှရပ်ပြီးဆက်ပြောသည်။


"ဒီငယ်သားသာ ဟယ့်ညီအစ်ကိုတွေနဲ့ယှဉ်ပြိုင်ရရင် အနိုင်အရှုံးက မမျှမတဖြစ်ပါလိမ့်မယ်... မြင်းပြိုင်ပြီး မြှားပစ်ပြိုင်ရင်ရော ဘယ်လိုပါလဲ..."


ဟယ့်ညီအစ်ကိုများက စစ်သူကြီးလုပ်သက်ကြာနေသူများဖြစ်ကြသည်။ ဓားရေးသာမက မြင်းရေးနှင့် မြားရေးတို့မှာ စစ်သားများအတွက် အရေကြီးသော အတတ်ပညာတို့ဖြစ်ကြသည်။ ထို့ကြောင့်သူတို့က ထန့်ယွင်၏တောင်းဆိုချက်ကို ကြောက်ရွံ့မနေဘဲ ချက်ချင်းသဘောတူလိုက်သည်။


ရွှယ်ကျွင်းလျန်က ထန့်ယွင်ကိုပြုံးပြီးကြည့်လိုက်သော်လည်း သူ့မျက်လုံးများတွင် ကျက်သရေရှိလှသော ခံစားချက်တို့ မွှန်းထုံနေသည်။ သူခဏမျှစိတ်လွတ်သွားရသည်။ ထန့်ယွင် စစ်မြေပြင်တွင်ရှိနေချိန်တွင် ရက်စက်ကြမ်းတမ်းလှပြီး မည်မျှမျက်စိဖမ်းစားနိုင်စွမ်းရှိကြောင်း မှတ်မိနေဆဲဖြစ်သည်။ သူကထက်မြက်ကာ အရည်အချင်းရှိလှပြီး စစ်သူကြီးတစ်ယောက်ဖြစ်လာရန် မွေးဖွားလာသူဖြစ်လေသည်။


ထန့်ယွင် တစ်ဖက်လူကိုလှည့်ကြည့်လိုက်ပြီး ရွှယ်ကျွင်းလျန်၏ တွေငေးငေးဖြစ်ပြီး ပြုံးနေပုံကိုကြည့်ကာ ထန့်ယွင်၏ပထမဆုံးအတွေးမှာ တစ်ခုခုမှားနေပြီဟုသာဖြစ့သည်။ သို့သော် ဝိုင်အနည်းငယ်သောက်ပြီးနောက်တွင် ရွှယ်ကျွင်းလျန်၏ နူးညံလှသည့်အပြုံးလေးကို မြင်လိုက်ရချိန်တွင် သူ၏ပုံမှန်လို တည်တင်းကာ ဝေးကွာသလိုခံစားချက်တို့ ပျောက်ကွယ်သွားသည့်ပုံပင်။


သူထန့်ယွင်၏ပခုံးကိုပုတ်လိုက်သည်။


"ဒါအချိန်ကိုက်ပဲလို့ပြောရမယ်... ကိုယ်တော့်မှာ စစ်သူကြီးထန့်ရဲ့ တိုက်ခိုက်ပုံကိုမြင်တွေ့ဖို့ တစ်ခါမှ အခွင့်အရေးမရခဲ့ဘူး.. အခုတော့ ကောင်းကောင်းကြည့်ဖို့ အခွင့်အရေးရခဲ့ပြီပေါ့... စစ်သူကြီးထန်က ကိုယ်တော့်ကို စိတ်မပျက်စေဖို့မျှော်လင့်ပါတယ်...."


ထန့်ယွင်က အခြားလူများ၏ မာကျောခက်ထန်မှုကိုမကြောက်ပါချေ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် မာကျောလှသော အရိုးများရှိနေ၍ပင် ။ သူကလေးဘဝကတည်းက အလွန်အမင်းခံစားခဲ့ရသည်။ သို့သော် ဘုရင့်ထန့်တွင် သားများစွာရှိပြီး သူတစ်ယောက်တည်းနေခွင့်မရှိ၍ အခြားသူများကသူ့ကိုနူးနူးညံ့ညံ့ ပြောဆိုလာမည်ကို ကြောက်ပေသည်။


ထန့်ယွင်က အဖေမရှိဘဲမွေးလာသည့်ကလေးကဲ့သို့ဂရုစိုက်မှုကိုမရခဲ့သလို သူ့အမေကလည်း သူငယ်စဉ်ကတည်းက ဆုံးပါးသွားခဲ့သည်။ ထန့်ရှန်ရောက်မလာခင်အထိ သူ့ကိုချစ်ခင်ပေးမည့် နူးညံ့ငြင်သာပေးမည့်သူမရှိခဲ့ချေ။ ထန့်ရှန်က သူ့ကိုကြင်နာပေးသည့် ပထမဆုံးလူဖြစ်ပြီးသူ့ကို ဂရုစိုက်ပေးခဲ့သည်။ သူထန့်တိုင်းပြည်မှထွက်ပြီး သူ၏တစ်ဘဝလုံးကို စစ်မြေပြင်၌ကုန်ဆုံးခဲ့ပါသော်လည်း ထန့်ရှန်နှင့် ထိုသူ၏ကြင်နာမှုကိုဘယ်သောအခါမှ မမေ့ခဲ့ပေ။ ယခုအခါတွင် သူ့ကိုကြင်နာပေသည့်လူမှာ ရွှယ်ကျွင်းလျန်ဖြစ်လာခဲ့သည်။ 


ထန့်ယွင်တံတွေးမျိုချကာ တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမလဲမသိဖြစ်နေသည်။ နောက်ဆုံးတွင်

"အရှင့်ရဲ့ ဂရုစိုက်မှုနဲ့အားပေးမှုကို ကျေးဇူးတင်ပါတယ်အရှင်မင်းကြီး... ကျွန်တော်အကောင်းဆုံးလုပ်ဆောင်ပါ့မယ်..."


xxxxxx