Chapter 122
ရွှယ်ကျွင်းလျန်က နန်းတွင်းအစေခံများကို မီးအိမ်များကိုင်ခိုင်းပြီး ကိုယ်ခံပညာလေ့ကျင့်ရေးကွင်းကို သွားခိုင်းလိုက်သည်။ ပေအနည်းငယ်ကွာတိုင်း မီးတုတ်တစ်ခုစီရှိနေလေရာ ကွင်းပြင်ထဲ၌ မှုန်ဝါးဝါးမြင်နေရသေးသည်။ ညအမှောင်တွင် မီးပွားအချို့က လက်ခနဲဖြစ်ဖြစ်သွား၍ အလွန်ခမ်းနားကြီးကျယ်သယောင်ဖြစ်နေသည်။ ကိုယ်ခံပညာလေ့ကျင့်ကွင်းရှိလေထုက တင်းမာနေပြီး စစ်မြေပြင်ရှိ ငရဲလိုခံစားချက်ကို ပေးစွမ်းနေသည်။
ကျန်းယွီက အစောင့်အချို့ကို မြင်းများထုတ်လာခိုင်းလိုက်သည်။ တစ်ကောင်က ဟယ့်ညီအစ်ကိုများအတွက်ဖြစ်ပြီး တစ်ကောင်က ထန့်ယွင်အတွက်ဖြစ်သည်။ မြားပစ်ရန်အတွက် ပစ်မှတ်ကို ခပ်လှမ်းလှမ်းတွင်ထားထားပြီး ပစ်မှတ်များအနောက်တွင် မီးတုတ်နှစ်ခုကို ထွန်းညှိထားသည်။ ပစ်မှတ်များက လင်းနေပါသော်လည်း ညအမှောင်ကြောင့် မှိန်ဖျော့ဖျော့သာမြင်ရလေသည်။ အမှောင်ထုအပါအဝင် မှိန်ဖျော့ဖျော့အလင်းကြောင့် ပစ်မှတ်ကိုပင် မနည်းမြင်အောင်ကြည့်ရပြီး အလယ်တည့်တည့်ကိုပစ်ခွင်းနိုင်ရန်မှာ ခက်ခဲလှပေသည်။ သို့သော် ဤလေးယောက်မှာ မြှားပစ်ရုံတင်မက မြင်းစီး၍ မြှားပစ်ကြမည်ဖြစ်လေရာ ပိုမိုခက်ခဲပေသည်။
သို့သော် ဤကဲ့သို့မြင်းစီးရင်း မြှားပစ်ရသည်မှာ ဤလူလေးယောက်အတွက် ကိစ္စအသေးလေးသာဖြစ်သည်။ စစ်မြေပြင်တွင်တိုက်ခိုက်ရာ၌ ညအချိန်များတွင် ချောင်းမြောင်းလုပ်ကြံခံရခြင်း တိုက်ခိုက်ခံရခြင်းမျိုးက မလွဲဧကန်ဖြစ်သည့်အရာများဖြစ်ပေသည်။ စစ်သားများက ညအချိန်၌ပင် မြင်းစီးခြင်းနှင့် မြှားပစ်ခြင်းကို လေ့ကျင့်ရပေသည်။
ဟယ့်ညီအစ်ကိုသုံးယောက်တွင် သူတို့၏ကိုယ်ပိုင်လေးနှင့်မြှားရှိပြီး အစေခံများကိုသွားယူရန် အမိန့်ပေးလိုက်သည်။ ထန့်ယွင်က ကျန်းယွီကို သူ့အတွက်လေးတစ်ခုရှာခိုင်းလိုက်သည်။ သို့သော်မထင်မှတ်ထားသည့်အရာမှာ ထန့်ယွင်က ထိုလေးကိုချိန်တွယ်ပြီး ကျန်းယွီကိုဤသို့ပြောလာလေသည်။
"ဘဏ္ဍာစိုးကျန်းကို တခြားလေးတစ်ခုပေးဖို့ အလုပ်ရှုပ်ရစေပါဦးမယ်... ဝိုင်နည်းနည်းသောက်ထားလို့ ကျွန်တော် ဒီလေးကြိုးကိုတောင်မတင်နိုင်ဖြစ်သွားမှာစိုးမိတယ်ဗျာ..."
မင်းသားငယ်လေးနှင့် ဟယ့်ညီအစ်ကိုသုံးယောက်က ထိုစကားကိုကြားပြီးနှာခေါင်းရှုံ့လိုက်ကြသည်။
သူကဖြင့် လေးတောင်မတင်နိုင်ဘဲနဲ့.... ဘယ်လိုလုပ်မြှားပစ်နိုင်မှာတဲ့လဲ...
လေးကြိုးကသန်မာလေလေ မြှားက မြန်မြန်ပြေးလေလေဖြစ်သည်။ သူသာ ပေါ့ပါးလှသောလေးတစ်ခုကိုပြောင်းလိုက်ပါက လူပြိန်းသာသာဖြစ်နေကြောင်းဖြစ်နေသည်။
လူလေးယောက်က သူတို့၏မြင်းများပေါ်ခုန်တက်လိုက်ကြသည်။ ထန့်ယွင်က သူ့မောက်ကျောတွင်မြှားပေါင်းများစွာကိုလွယ်ထားပြီး လက်တစ်ဖက်က ဇက်ကြိုးကိုကိုင်ကာ နောက်တစ်ဖက်က လေးကိုကိုင်ထားသည်။ ဟယ့်ညီအစ်ကိုသုံးယောက်က ထန့်ယွင်ကိုကြည့်ပြီး အချင်းချင်းပြန်ကြည့်ကာ ဖွင့်ပြောစရာမလိုသောနားလည်မှုဖြင့် မြင်းကိုဒုန်းစိုငိးစီးလေသည်။
ထန့်ယွင်က မြင်းဇက်ကြိုးကိုခါရင်း သူတို့နောက်မှလိုက်လေသည်။
ဟယ့်ညီအစ်ကိုများ၏လေးကြိုးမှာ သန်မာလှသည်။ ထို့ကြောင့် သူတို့က အဝေးမှနေ၍ပစ်လွှတ်ကြလေသည်။ ထန့်ယွင်က အစပိုင်းတွင် အလျှင်မလိုပါချေ။ သူက သူတို့အားလုံးလေးကြိုးတင်ပြီးချိန်ကိုစောင့်၍ သူ့နောက်ကျောမှမြှားသုံးချောင်းကိုဆွဲထုတ်ကာ ဇက်ကြိုးကိုလွှတ်၍ လေးကြိုးကိုလက်နှစ်ဖက်ဖြင့်ဆွဲလေသည်။
သို့သော် သူ၏မြှားများကို ပစ်မှတ်ဆီသို့မချိန်ထားပေ။ ဟယ့်ညီအစ်ကိုသုံးယောက်မြှားပစ်ပြီးချိန်တွင် ထန့်ယွင်ကလည်း တစ်ချိန်တည်း၌ လေးကြိုးကိုပစ်လွှတ်လိုက်သည်။ မြှားသုံးချောင်းပျံထွက်သွားပြီး လေကိုထိုးခွင်းသံတို့ထွက်ပေါ်လာသည်။ ထို့နောက်တွင် လူတိုင်းက "ဒုတ်... ဒုတ်... ဒုတ်..."ဟူသော အသံများကိုကြားလိုက်ရပြီး မြေပြင်ပေါ်အရာဝတ္ထုအချို့ပြုတ်ကျသံကိုလည်းကြားလိုက်ရသည်။
ထန့်ယွင်က မြှားသုံးချောင်းကိုတစ်ပြိုင်တည်းပစ်လွှတ်ခဲ့ပြီး ချက်ချင်း နောက်ဆုံးသောအရှည်ဆုံးမြှားကိုယူကာ လေးကြိုးတင်ရင်း ခန္ဓာကိုယ်ကို ကွေးညွတ်၍ ပစ်လွှတ်လိုက်လေသည်။ ပစ်မှတ်ကို ထိမိသွားကြောင်း ကြည့်စရာပင်မလိုပေ။ ထို့နောက်တွင် သူ့မြင်း၏ဇက်ကြိုးကိုပြန်ထိန်းကာ နောက်သို့ပြန်လာခဲ့သည်။
ကျန်းယွီက အစောင့်များကို မီးတုတ်များမြှောက်ခိုင်းလိုက်ချိန်တွင် ပစ်မှတ်နေရာ၌ မြှားတစ်ချောင်းသာရှိနေလေသည်။ မြှားအရောင်အရ ထန့်ယွင်၏မြှားဖြစ်ကြောင်း သံသယပင်ရှိစရာမလိုပေ။
ကျန်းယွီက ဟယ့်ညီအစ်ကိုများ၏မြှားများကိုသွားကောက်လိုက်သည်။ သိပ်မဝေးသည့်နေရာတွင် ထန့်ယွင်၏မြှားသုံးချောင်းကိုမြင်လိုက်ရပြီးထိုဘေးတွင် ဟယ့်ညီအစ်ကိုများ၏ မြှားများကိုကျိုးလျက်သား တွေ့လိုက်ရသည်။
ကျန်းယွီက သစ်သားပြားပေါ်ရှိမြှားကိုဆွဲထုတ်ပြီး ရွှယ်ကျွင်းလျန်ကိုပြလိုက်သည်။
ရွှယ်ကျွင်းလျန်က ထိုမြှားများကိုယူကာ မေးလိုက်သည်။
"အခုရော လက်ခံနိုင်ပြီလား..."
မင်းသားငယ်ရွှယ်ဖေ့၏မျက်နှာက အနီတလှည့်အဖြူတစ်လှည့်ဖြစ်သွားရသည်။
ဟယ့်ညီအစ်ကိုများကလည်း သူတို့၏ကျိုးပဲ့နေသော မြှားသုံးချောင်းကို တအံ့တဩကြည့်ပြီး အနည်းငယ်အရှက်ရနေကြသည်။
သူတို့အားလုံး တိတ်ကျသွားသည်ကိုကြည့်၍ ရွှယ်ကျွင်းလျန်က သူတို့ကိုတွန်းအားမပေးခဲ့ပေ။
"ဒါဆိုရင် သွားလို့ရပြီ... နောက်ကျနေပြီလေ..."
ရွှယ်ဖေကဘာမှမပြောနိုင်တော့ပေ။ သူက ထန့်ယွင် ပေါ့ပါးသောလေးကိုလဲခဲ့၍ ရယ်မောခဲ့သော် လည်း တစ်ဖက်လူက ထိုလေးကိုသုံးပြီး ဟယ့်ညီအစ်ကိုသုံးယောက်၏မြှားများကို အေးအေးဆေးဆေးပစ်ထုတ်နိုင်ခဲ့သည်။
မင်းသားလေးက အံတင်းတင်းကြိတ်ပြီး အရိုအသေပြုကာ သူပင်ပန်းနေပြီဟုပြောပြီး အရိပ်ပင်မကျန်ပဲ ထွက်ပြေးသွားခဲ့သည်။
ရွှယ်ကျွင်းလျန်ပြုံးလိုက်သည်။
"အနာဂတ်မှာ အိမ်ရှေ့စံ မင်းဆီလာပြီးပြဿနာရှာရင် သူ့ကိုသင်ခန်းစာပေးလို့ရတယ်..."
ထန့်ယွင်ကဤသို့သာပြန်ဖြေသည်။
"အိမ်ရှေ့စံက ငယ်သေးပေမဲ့ အမှန်တရားကိုမြတ်နိုးတဲ့သူဖြစ်ပြီး အရည်အချင်းရှိတဲ့သူဖြစ်၍ အနာဂတ်မှာသေချာပေါက်ကို ကျွမ်းကျင်တဲ့လူတစ်ယောက်ဖြစ်လာမှာပါ...."
"အိုး...."
ရွှယ်ကျွင်းလျန်က မရေမရာပြုံးပြီးပြောလိုက်သည်။
" အိမ်ရှေ့စံအပေါ် ထန့်ယွင်ရဲ့ အမြင်က အတော်လေးကောင်းတာပဲ... ဒါပေမဲ့ အဲဒါကောင်းပါတယ်... ငါကိုယ်တော်ရဲ့သားက မင်းရဲ့သားပဲကိုး..."
"အရှင်မင်းကြီး...."
ထန့်ယွင်နှလုံးပင်ဆောင့်ခုန်သွားရသည်။ ယခင်က ရွှယ်ကျွင်းလျန်၏ လုပ်ရပ်များနှင့်စကားများက မရေမရာသာဖြစ်သော်လည်း ဤတစ်ကြိမ်တွင် သူ့စကားများ၏အဓိပ္ပါယ်က အလွန်သိသာနေလေသည်။
ရွှယ်ကျွင်းလျန်ကပြောလိုက်သည်။
"သွားကြစို့... မင်းအဝတ်မလဲရသေးဘူး..."
ထန့်ယွင်ကရွှယ်ကျွင်းလျန်သူ့ကို ယွင်ဖုန့်နန်းတော်ကိုခေါ်သွားခဲ့ချိန့အထိ ထိတ်လန့်နေဆဲဖြစ်သည်။ ယနေ့တွင် ယွင်ဖုန့်နန်းဆောင်ကို နီရဲနေအောင်အလှဆင်ထားသည်။လွေ့ရွယ်က ကုတင်လိုက်ကာများ၊ အိပ်ရာခင်းများနှင့် ဂွမ်းစောင်များကိုပင် အနီရောင်လဲထားသည်။ အနီရောင်ဖယောင်းတိုင်များ၊ ဝိုင်ခရားနှင့် ဟင်းပွဲများအပြင် ဝိုင်ခွက်များကိုပါ စားပွဲပေါ်တွင်ပြင်ထားပြီး မီးအိမ်တစ်ခုပါထွန်းညှိထားလေရာ အလွန်အမင်းချဲ့ကားပြင်ဆင်ထားသလိုပင်။
ရွှယ်ကျွင်းလျန်က လွေ့ရွှယ်ကို အဝတ်သန့်တစ်ခုယူလာရန် ပြောလိုက်သည်။ လွေ့ရွှယ်က ပြုံးရင်းပြောလိုက်သည်။
122.2
"စားသောက်ပွဲပြီးသွားပြီဆိုမှတော့ မင်္ဂလာဝတ်စုံကိုမဝတ်တာ ပိုကောင်းပါတယ်..."
ရွှယ်ကျွင်းလျန်က "စကားများလွန်းတယ်..."ဟုသာ ပြောလိုက်ပြီး သူမကိုအပြစ်မတင်ခဲ့ပေ။ ထန့်ယွင်က အရှက်သည်းသူဖြစ်ကြောင်းသိလေရာ မစပဲမနေနိုင်၍ "မြန်မြန်လုပ်..."ဟု ပြောလိုက်သေးသည်
လွေ့ရွှယ်က ပြုံးရုံသာပြုံးပြီး ပြန်ထွက်သွားခဲ့သည်။ ခဏအကြာတွင် အနီရောင်ဝတ်ရုံအကြီးတစ်ခုကိုသယ်လာကာ အပြုံးကြီးကြီးပြုံးရင်းပြန်ထွက်သွားခဲ့သည်။
အတွင်းခန်းထဲ၌ ရွှယ်ကျွင်းလျန်နှင့် ထန့်ယွင်သာကျန်ခဲ့လေသည်။ ထန့်ယွင်က ရုတ်တရက်ကြီးဘာလုပ်ရမလဲမသိတော့ပေ။ သူ၏အဝတ်အစားများကိုယူကာ ပြောလိုက်သည်။
"အရှင်မင်းကြီး ကျွန်တော်မျိုး အဝတ်အစားလဲမှာမလို့ ခဏလောက်ခွင့်ပြုပေးဖို့ တောင်းဆိုပါတယ်..."
ရွှယ်ကျွင်းလျန်က ပြုံးပြုံးလေးပြောလိုက်သည်။
"ဘာလို့ ခွင့်တောင်းနေသေးလဲ... ကိုယ်တော်ကူညီပေးမယ်လေ..."
ထိုသို့ပြောပြီးသည်နှင့် သူ၏လက်များက ထန့်ယွင်၏အဝတ်များဆီရောက်နေလေပြီ။ ထန့်ယွင်က မီးဖြင့်ထိမိလိုက်သလို နောက်သို့ခြေတစ်လှမ်းခုန်ဆုတ်မိလိုက်သည်။ သို့သော် အိပ်ရာနားတဖြေးဖြေးရောက်သွား၍ မျက်နှာကြီးနီရဲက ထပ်မလှုပ်ရဲတော့ချေ။
နောက်ပြန်ဆုတ်၍မရတော့ကြောင်းတွေ့လိုက်၍ ရွှယ်ကျွင်းလျန်က သူ၏ခါးပတ်ကိုဖြေပေးကာ အပေါ်ရုံကိုချွတ်ပေးလိုက်ပြီး ကုတင်ပေါ်ပစ်တင်လိုက်ကာ သန့်ရှင်းသည့် မင်္ဂလာဝတ်စုံကို ဝတ်ပေးလိုက်သည်။
ထန့်ယွင်က အခြားလူများ သူ့ကိုအမှုထမ်းပေးသည်ကို နေသားကျနေပြီဖြစ်သော်လည်း ရွှယ်ကျွင်းလျန်ထံမှ အသုံးတော်ခံပေးမှုကို တစ်ခါမှမခံယူဖူးပေ။ တစ်ဖက်လူ၏လှုပ်ရှားမှုများက သူ့ကိုတောင့်တင်းနေစေပြီး ၎င်းက ရွှယ်ကျွင်းလျန်ကို ရယ်မောစေသည်။
ထန့်ယွင်ကို အဝတ်တတ်ပေးပြီးနောက်တွင် ရွှယ်ကျွင်းလျန်က လွေ့ရွှယ်တစ်ယောက်ဘာကြောင့် ပြုံးရင်း အပြင်ထွက်သွားရသလဲ သိသွားခဲ့လေပြီ။ဤမင်္ဂလာဝတ်ရုံတွင် ခါးပတ်မပါသလို ခါးပတ်ချိတ်တို့လည်းမပါဝင်၍ ချည်နှောင်လို့ရမနေပေ။ ၎င်းက မရေမရာရည်ရွယ်ချက်ဖြင့် ပွင့်လျက်သားသာထား၍ရပေသည်။
ထန့်ယွင်က သူအဝတ်မလဲခဲ့သင့်ဟုခံစားလိုက်ရသည်။ လက်ဖက်ရည်အနည်းငယ်စွန်းသည်က ပြဿနာမရှိသော်လည်း ယခုတွင် ဤသို့ဝတ်ဆင်ထားပြီဖြစ်ပြီး လဲလှယ်ရန်လည်းမလွယ်ကူတော့ပါချေ။
ရွှယ်ကျွင်းလျန်က သူ့ကိုအဝတ်လဲပေးရာတွင် သူ၏လက်များကို သူ(ထန့်ယွင်)၏ ခါး၌တမင်သက်သက်တဝဲလည်လည်လုပ်ခဲ့သည်။ ထန့်ယွင်က မလှုပ်ရဲပါချေ။ သို့သော် သူ့ခါးက တုန်ယင်နေကြောင်း ခံစားနေရသည်။ သူကထိုခံစားချက်နှင့် အလွန်အမင်းရင်းနှီးလေသည်။ ရွှယ်ကျွင်းလျန်က သူအားတိုင်း သူ(ထန့်ယွင်)ကိုစလေ့ရှိသော်လည်း အလွန်အကျုးမဟုတ်ပေ။
ရွှယ်ကျွင်းလျန်က သူ့ကိုဤကဲ့သို့လုပ်ရပ်မျိုး မလုပ်သည်မှာကြာပြီဖြစ်သည်။ ထန့်ယွင်က ရုတ်တရက်ကြီး ရွှယ်ကျွင်းလျန်က သူကထန့်ယွင်ဖြစ်ကြောင်းသိနေပြီး ဧကရီအတုဖြစ်ခဲ့ကြောင်းကိုလည်းသိပြီးဖြစ်ပြီး သူ့ကိုအတိတ်ကို တမင်သက်သက်သတိပေးနေသလိုခံစားနေရသည်။
ထန့်ယွင်သည် ထန့်ရှန်က သူ့ကိုရွှယ်ကျွင်းလျန်က သူ့ကိုထန့်ယွင်ဖြစ်ကြောင်း သိပြီးဖြစ်လောက်သည်ဟု သတိပေးခဲ့သည်ကို သတိရသွားခဲ့သည်။ သို့သော် ရွှယ်ကျွင်းလျန်တွင် သူက ဧကရီဖြစ်ခဲ့ကြောင်း သက်သေပြရန်နည်းလမ်းမရှိဟု တွေးခဲ့သည်။
ရွှယ်ကျွင်းလျန်က ထန့်ယွင်၏ အကြည့်ပြောင်းလဲသွားကြောင်းမြင်၍ပြုံးပြီးပြောလိုက်သည်။
"အတော်နောက်ကျနေပြီပဲ.. ကိုယ်တို့မင်္ဂလာသေရည်ကိုသောက်ပြီးတာနဲ့ ထန့်ယင်းက ဘာလို့ ကိုယ့်ကို အိပ်ရာပေါ်မှာ အဖော်မပြုပေးရမှာလဲ..."
ထန့်ယွင် နှုတ်ခမ်းစေ့ကာ ဘာမှပြန်မပြောပေ။
ရွှယ်ကျွင်းလျန်က ထန့်ယွင်က ယောက်ျားလေးတစ်ယောက်ဖြစ်မှန်းသိပြီးသားဖြစ်သလို တစ်ဖက်လူ၏ခုခံမှုကို ချိုးဖောက်ရန်မဖြစ်နိုင်ဘဲ သူ့နှလုံးသားခဲလွယ်လွယ်မဝင်နိုင်ကြောင်းလည်းသိပေသည်။ ရွှယ်ကျွင်းလျန်က တွန်းအားလည်းမပေးချင်နေရာ ပြုံး၍သာပြောလိုက်သည်။
"ထန့်ယင်းရဲ့မျက်နှာက အရမ်းကိုနီနေတာပဲ... တစ်ခုခုကိုများစဉ်းစားနေတာလား..."
ထို့နောက်တွင် လက်ဆန့်ကာထန့်ယွင်၏ ပါးပြင်နှင့်မေးစေ့ကို ပွတ်သပ်လိုက်သည်။ သူ့မျက်နှာပေါ်ရှိအမာရွတ်က ယခုအခါတွင် အတော်လေးမှိန်ဖျော့နေပြီဖြစ်သော်လည်း ရွှယ်ကျွင်းလျန်က တော်ဝင်သမားတော်ကို အမြစ်ပြတ်အောင်ကုမပေးလိုက်၍ ဒေါသထွက်နေဆဲဖြစ်သည်။ သို့သော် ရွှယ်ကျွင်းလျန်ကိုယ်တိုင်ကလည်း ထန့်ယွင်၏ မျက်နှာပေါ် ဤအမာရွတ်ရှိလာအောင် လုပ်ရာတွင်တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့သူဖြစ်၍ သူ့စိတ်ထဲမည်သို့ ခံစားနေလဲပင်မသိတော့ချေ။
ထန့်ယွင်က ရွှယ်ကျွင်းလျန်၏ ထိတွေ့မှုကြောင့်ယားယံသွားသည်။ သူရွှယ်ကျွင်းလျန်၏လက်များကို ရှောင်ရန်မကြိုးစားခဲ့ပေ။
ရွှယ်ကျွန်းလျန်က သူ့လက်များကိုပြန်ရုတ်လိုက်ပြီး သူ့ကိုအခက်တွေ့အောင်ထပ်မလုပ်တော့ပေ။
"ကိုယ်က အဲ့လောက် စိတ်စောတဲ့လူနဲ့တူလို့လား... မင်းဒီနေ့ ပင်ပန်းနေလောက်ပြီပေါ့..."
ထို့သို့ပြောပြီးနောက်တွင် မင်္ဂလာသေရည်ခွက်ကိုယူကာ ထန့်ယွင်ကိုကမ်းပေးလိုက်သည်။ သူတို့နှစ်ယောက်စလုံး သောက်လိုက်သည်။ ရွှယ်ကျွင်းလျန်က အိပ်ရာပေါ်လှဲချလိုက်ပြီး သူ့ဘေးရှိနေရာလွတ်ကိုပုတ်ပြလိုက်သည်။ ထန့်ယွင်လည်း သူ့ဘေးတွင်လာလှဲလေသည်။
ရွှယ်ကျွင်းလျန်က ဂွမ်းစောင်တစ်ထည်ကိုဆွဲယူကာ နှစ်ယောက်စလုံးပေါ်လွှမ်းခြုံလိုက်ပြီး ရယ်မောလိုက်သည်။ ထို့နောက်တွင် စောင်အောက်မှ တောကြက်မောက်သီးအချို့နှင့် ကြာစေ့လက်တစ်ကုတ်ယူလိုက်သည်။
ထန့်ယွင်ကတောကြက်မောက်သီးများကိုမြင်ပြီး သူ့မျက်နှာပေါ်ရှိ အပူဓာတ်က အတော်လေးလျော့ကျသွားသည်။
မင်္ဂလာဦးညတိုင်းတွင် တောကြက်မောက်သီးနှင့် ကြာစေ့များကို မင်္ဂလာကုတင်ပေါ်တွငိထားမည်ဖြစ်ပြီး ၎င်းက ကိုယ်ဝန်ရရှိစေခြင်းနှင့် ကလေးမြန်မြန်ရစေရန် ဆိုလိုသည်။
နှစ်ယောက်လုံး ဖယောင်းတိုင်မီးတို့ငြိမ်းသွားသည်အထိ စကားမပြောခဲ့ကြပေ။ ရွှယ်ကျွင်းလျန်က မျက်လုံးမှိတ်ထားပြီး စည်းချက်ညီညီအသက်ရှူနေသည်။ ထန့်ယွင်က တစ်ဖက်လူအိပ်နေသလား မအိပ်သေးသလားမသိပေ။ သူမျက်လုံးမှိတ်လိုက်ချိန်တွင် အတိတ်မှအရာများကို တစ်ခုပြီးတစ်ခုပြန်လည်မြင်ယောင်မိပြီး ထန့်ယွင်ကို ကသိကအောက်ဖြစ်စေသည်။
ရွှယ်ကျွင်းလျန်က မအိပ်သေးပါချေ။ သူက ထန့်ယွင်ရှက်မည်စိုး၍ မျက်လုံးမှိတ်ထားခြင်းသာဖြစ်သည်။ အချိန်အတော်ကြာပြီးနောက်တွင် ထန့်ယွင်၏သက်ပြင်းချသံနှင့် ဟိုဟိုသည်သည်လှည့်နေသံကို ကြားနေရဆဲဖြစ်သည်။ ရွှယ်ကျွင်းလျန်က သူသာ ထန့်ယွင်၏အတွေးစက်ဝိုင်းကို အနှောင့်အယှက်မပေးပါလျှင် ထိုသက်ပြင်းချသံတို့ အဆုံးမသတ်လောက်တော့ဟုခံစားလိုက်ရသည်။
ခဏအကြာတွင် ဖယောင်းတိုင်မီးတို့က မှိန်သည်ထက်မှိန်လာသည်။ မီးတောက်က နှစ်ကြိမ်မျှ တဖျစ်ဖျစ်မြည်ပြီးနောက်တွင် လုံးဝငြိမ်းသွားတော့သည်။
ရွှယ်ကျွင်းလျန် မျက်လုံးဖွင့်ကာ ထထိုင်လိုက်သည်။
ထန့်ယွင်က လှုပ်ရှားသံများကြားလိုက်ရ၍ မြန်မြန်မျက်လုံးမှိတ်ကာ အိပ်ချင်ယောင်ဆောင်လိုက်သည်။ တစ်ဖက်လူသူ့ဘေးတွင် လာထိုင်သံကိုကြားလိုက်ရပြီး အဝတ်အစားတို့ပွတ်တိုက်သံကိုကြားလိုက်ရသည်။ သူ့ပတ်ပတ်လည်ရှိ အပူဓာတ်က ပိုမိုသိသာလာပြီး တစ်ဖက်လူက သူ့ကိုယ်ပေါ်ငုံ့ကိုင်းနေသယောင်ဖြစ်နေသည်။
ထန့်ယွင်က မျက်လုံးဖွင့်လိုက်ရမလား ဆက်လက်၍ အိပ်ချင်ယောင်ဆောင်ရမလား ဝေခွဲမရဖြစ်နေလေသည်။ ရုတ်တရက် သူ့နားရွက်များထဲ လေပူတစ်ချက်မှုတ်ထုတ်ခံလိုက်ရသည်။ ထန့်ယွင် အံ့ဩလွန်း၍ လှုပ်မိလုနီးပါးဖြစ်သွားသည်။
xxxxxx