အပိုင်း ၁၂၄
Viewers 17k

Chapter 124


လန့်ကျင်းကပြောလိုက်သည်။


"လုရှစ်ချန်က စာပေပညာရှင်တစ်ယောက်ပါ... စာပေပညာရှင်တွေမှာ အားနည်းချက်ရှိတယ်ဆိုတာ သဘာဝပါပဲ... ဥပမာအားဖြင့် သူတို့က လက်နက်ကောက်ကိုင်ပြီး မတိုက်ခိုက်နိုင်ကြသလို အမျိုးသမီးများနဲ့ ကလေးတွေအပေါ် စာနာထောက်ထားကြပါတယ်.. လုရှစ်ချန်က မတိုက်ခိုက်နိုင်သလို တိုက်လည်းမတိုက်ခိုက်ချင်ပါဘူး... တကယ်လို့တိုက်ခိုက်ဖြစ်ရင်တောင် သူက အထိအခိုက်အနည်းဆုံးနည်းကိုသုံးမှာပါ... တစ်ခါတစ်လေ စစ်ပွဲထဲမှာ နှစ်ဖက်စလုံးအတွက် အကောင်းဆုံးနည်းလမ်းဆိုတာမရှိတတ်ပါဘူး..."


ရွှယ်ကျွင်းလျန် ခေါင်းအသာငြိမ့်လိုက်သည်။


"အမှန်ပဲ... မင်းသာ ထိုင်နေပြီး ကမ္ဘာကြီးကိုလုံခြုံငြိမ်းချမ်းစေချင်ရင် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကိုထောက်ထားညှာတာပေးလို့ရမှာလဲ... တစ်ခါတစ်လေမှာ ခဏတာလေးထောက်ထားညှာတာမိတာလေးကတင် စစ်သားအများအပြားကို အသက်ဆုံးရှုံးစေတယ်...."


လန့်ကျင်းပြောလိုက်သည်။


"သူဘယ်လောက်ပဲ နာမည်ကျော်ကြားနေပါစေ ​ ဖုန့် တိုင်းပြည်ကိုဘယ်သူအုပ်ချုပ်နေပါစေ လုရှစ်ချန်က သေချာပေါက် အပြစ်မကင်းသလိုခံစားရမှာပဲ... အချိန်ရောက်လာရင် သူသေချာပေါက် တောင့်ခံနိုင်မှာမဟုတ်ဘူး... စစ်ပွဲထဲမှာဆိုရင် သူသာအကောင်းဆုံးမကြိုးစားရင် သေချာပေါက်ကျရှုံးမှာပဲ...."


ရွှယ်ကျွင်းလျန်ရယ်မောလိုက်သည်။


"လုရှစ်ချန်ကို အရမ်းဉာဏ်ကောင်းတယ်လို့ပြောကြပေမဲ့... ငါကိုယ်တော်ကတော့ မောင်မင်းကိုပိုပြီး သဘောကျမိတယ်..."


လန့်ကျင်းခဏမျှ ငြိမ်ကျသွားပြီးမှပြောလိုက်သည်။


"ဒီငယ်သား အရှင်မင်းကြီးရဲ့ကြင်နာမှုကိုကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျွန်တော်မျိုးက အခြားလူတွေလောက်မတော်မှန်း ကိုယ့်ကိုယ်ကိုယ်သိနေပါတယ်... ကျွန်တော်မျိုးက ကိုယ့်ရန်သူအကြောင်းကိုသိနေရုံပါ.. ပြီးတော့ ဘုရင်ဖုန့် က လုရှစ်ချန်ကိုရထားပေမဲ့ တစ်ဖက်လူကို ဘယ်လိုရည်မှန်းချက်ပိုကြီးလာအောင်လုပ်ပေးရမလဲမသိပါဘူး... အရှင်မင်းကြီးကတော့ နယ်စားမင်းထန့်နန်ကိုရထားပြီး ကျင့်ဝတ်ထုံးတမ်းတွေကိုတွယ်ကပ်မနေခဲ့ပါဘူး... ဒါကမှ အစစ်အမှန်ဉာဏ်ကောင်းမှုပါ..."


လူတိုင်းက သူမြှောက်ပြောနေကြောင်းသိသော်လည်း ရွှယ်ကျွင်းလျန်က ထိုစကားများကိုကြားပြီး အလွန်အမင်းသဘောတော်ကျနေလေသည်။ သူတို့ခေါင်းထဲတွင် ထန့်ယွင်ကလည်း ဧကရာဇ်ရွှယ်က တပါးသူ၏ အရည်အချင်းများကို ချင့်ချိန်ရာတွင်တော်ကြောင်း ပြောခဲ့ဖူးသည်။


ရွှယ်ကျွင်းလျန်က လန့်ကျင်းက ရွှယ်ယွီအတွက်သူ့ကို တမင်ချီးကျူးနေမှန်းသိပေသည်။ ရွှယ်ယွီက လွတ်သွားပြီဖြစ်သော်လည်း သူ၏လွတ်လပ်ခွင့်က ကန့်သတ်ထားခံရပြီး ညီလာခံကိုတက်ရောက်ခွင့်မရသေးပေ။


ရွှယ်ယွီ၏စိတ်နေစိတ်ထားမှာ ပွင့်လင်း၍ တဲ့တိုးဆန်လှသည်။ သူက လန့်ကျင်းကို အခြားအရာများကြောင့် သရော်ခဲ့ခြင်းမဟုတ်လေဘဲ ရွှယ်ကျွင်းလျန်၏ လက်အောက်ငယ်သားဖြစ်နေ၍ သရော်ခဲ့ခြင်းဖြစ်သည်။ ယခုတွင် လန့်ကျင်းက စစ်တပ်ရေးရာဌာနတွင် လွတ်လွတ်လပ်လပ်သွားလာဝင်ထွက်၍ရသော်လည်း ရွှယ်ယွီကမူ နယ်စားဟူသော ဂုဏ်ပုဒ်ရထားပြီး သူ၏လုပ်ပိုင်ခွင့် က တိတ်တဆိတ်စောင့်ကြည့်ခံနေရသည်။


လန့်ကျင်းက ရွှယ်ယွီ၏ ပင်ကိုယ်စရိုက်ကိုသိသော်လည်း ရွှယ်ယွီအတွက် အလုပ်လုပ်ပေးလိုဆဲဖြစ်သည်။ ထို့ကြောင့် သူကရွှယ်ယွီအတွက် အစစ်အမှန်အင်အားရရန် တိုက်ခိုက်လိုခြင်းဖြစ်ပြီး ရွှယ်ကျွင်းလျန်ကလည်း သိပေသည်။


အမတ်များ၏အကြံဉာဏ်မျိုးစုံကို နားထောင်ပြီးနောက်တွင် ရွှယ်ကျွင်းလျန်က ညီလာခံမှပြန်ကြွသွားတော့သည်။ သူမထွက်သွားမီ လန့်ကျင်းကို ပြောခဲ့သေးသည်။


"ကိုယ်တော် နယ်စားမင်းကျန်းကျန်းကိုမတွေ့တာအတော်ကြာပြီပဲ... သူ့ကို သူ့ရဲ့နာမည်ကတ်ပြားကိုပေးပြီး နန်းတော်ထဲဝင်ခဲ့ဖို့ပြောလိုက်ပါဦး...."


လန့်ကျင်းက အနည်းငယ်အံ့ဩသွားသလိုဖြစ်သွားသော်လည်း ချက်ချင်းအသိဝင်သွားကာ ဒူးထောက်ချပြီး သူ့၏ကြင်နာမှုကို ကျေးဇူးတင်လေသည်။


ထန့်ယွင်အဆောင်က နယ်စားထန့်နန်၏အဆောင်မှ ယွင်ဖုန့်နန်းဆောင်အဖြစ် ပြောင်းသွားခဲ့သည်။ ထို့ကြောင့် ညီလာခံပြီးသည်နှင့် နန်းတော်အပြင်ကိုထွက်ရန်မလိုအပ်တော့ချေ။ ယွင်ဖုန့်နန်းဆောင်ကိုသာပြန်ရလေသည်။ သူလမ်းတစ်ဝက်ပင်မရောက်သေး ရွှယ်ကျွင်းလျန်ထံမှ အပြုံးလေးဖြင့်အတားခံလိုက်ရသည်။


"ထန့်ယင်းက ဒီနေ့စစ်တပ်ရေးရာဌာနကိုမသွားရဘူး... ဒီတော့ကိုယ်တော်နဲ့လိုက်ခဲ့..."


ထန့်ယွင်က ထိုနေ့ကတည်းက စိတ်မတည်မငြိမ်ဖြစ်နေခဲ့သည်။ ထုတ်ပြောရပါလျှင် သူနှင့်ရွှယ်ကျွင်းလျန်တို့၏ ရန်ညှိုးများက ဘဝအဆက်ဆက်ပင်လွယ်လွယ်ကုန်ဆုံးမည်မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ရွှယ်ကျွင်းလျန်က သူ့ကိုမြှားဖြင့်တစ်ကြိမ်ပစ်သတ်ခဲ့ဖူးလေသည်။ သို့သော် ထို့နောက်တွင် သူ့ကိုယုံကြည်အားကိုးလာခဲ့သည်။ ထန့်ယွင် သူဘယ်လိုတွေးရမလဲပင်မသိတော့ချေ။


သို့သော်တစ်ဖက်လူက အမြဲတမ်းလေပြေလေညင်းနှင့်တူပြီး ပေါ့ပါးသည့်စိတ်ဓာတ်လည်းရှိကာ သူ့ကိုအမြဲတမ်းပြုံးရယ်ရင်းကြည့်လေ့ရှိသည်။ တစ်ခါတစ်ရံ သူတို့အတူထမင်းစားချိန်တွင် သူ့ကိုကြည့်ကာ သူပြောသမျှကိုလေးလေးနက်နက်နားထောင်ပေးလေ့ရှိသည်။ သူတို့ကြားတွင် ပါးပြင်ကိုထိတွေ့ခြင်းနှင့် နမ်းရှိုက်ခြင်းတို့မှအပ ကျန်တာမဖြစ်ပျက်သေးပါချေ။


ထန့်ယွင်၏ စိတ်ထဲတွင် တစ်စုံတစ်ရာရှိနေသေးပြီး စိတ်ရှုပ်ထွေးနေ၍ ရွှယ်ကျွင်းလျန်သူ့ကိုဘယ်ခေါ်သွားသလဲ ဂရုမစိုက်နိုင်ဖြစ်နေသည်။ သူတို့ ထိုနေရာကိုရောက်မှသာ တစ်ခုခုမှားနေကြောင်း သတိပြုမိသွားလေသည်။


ရွှယ်ကျွင်းလျန်က ပြုံးရင်းနှင့် ထန့်ယွင်အတွက်တံခါးဖွင့်ပေးလေသည်။


"အခုရက်ပိုင်း ထန့်ယင်းစိတ်အခြေအနေမကောင်းမှန်း ကိုယ်မြင်မိတယ်လေ... ဒီတော့ ကိုယ်က တစ်ယောက်ယောက်ကိုစမ်းရေယူလာဖို့ တကူးတကပြောခဲ့တာ..."


ထန့်ယွင်က သူ့ရှေ့ရှိ အငွေ့တထောင်းထောင်းနှင့် ရေကန်ကိုကြည့်လိုက်သည်။ သူအငွေ့များကြောင့်ပူသည်လား ရွှယ်ကျွင်းလျန်၏စကားများကြောင့်လားမသိ သူ့မျက်နှာက အဖျားဝင်သလိုပူပြင်းလာ ကြောင်းခံစားလိုက်ရသည်။


ရွှယ်ကျွင်းလျန်က ထန့်ယွင်က အရှက်ကြီးသူဖြစ်ကြောင်းသိ၍ ဘေးတွင်ရပ်ပြီးခစားရန်စောင့်နေကြသည့် အစေခံများကို လက်ဝေ့ရမ်းပြီးပြီး နှင်ထုတ်လိုက်သည်။ ကျန်းယွီကလည်း နားလည်သဖြင့် ထွက်သွားခဲ့ပြီးထွက်မသွားခင် ပြောခဲ့သေးသည်။


"အရှင်မင်းကြီးမှာ ခိုင်းစေစရာတစ်ခုခုရှိရင် ဒီငယ်သားအပြင်မှာရှိနေပါ့မယ်..."


ကျန်းယွီက တံခါးပင်ပိတ်ပေးသွားခဲ့သည်။ အခန်းအတွင်းရှိ အလင်းမှာ မှိန်ဖျော့ဖျော့သာရှိပြီး ဟိုလိုလိုသည်လိုလို လေထုကိုဖြစ်ပေါ်နေစေသည်။ ထန့်ယွင်က တံခါးပိတ်သံကြားလိုက်ပြီး တုန်ယင်မိသွားလေသည်။ သူ့ခြေထောက်များနှင့် အစာအိမ်ကအနည်းငယ်ပျော့ခွေသွားပြီး ခပ်ထွေထွေခံစားနေရကာ အရင်ကစစ်မြေပြင်သို့သွားလျှင်ပင် ဤသို့ စိတ်မလှုပ်ရှားရ၍ အတော်လေးဆန်းသစ်နေသည့်ခံစားချက်ပင်။


ထန့်ယွင်အသက်ပြင်းပြင်းရှူလိုက်ပြီး ဆေးနံ့သင်းသင်းလေးကိုရလိုက်သည်။ ရေပူထဲတွင် ဆေးဖက်ဝင်အပင်အချို့ကိုပါ ထည့်သွင်းထားသည်ဖြစ်နိုင်သော်လည်း ယခုအချိန်တွင် ၎င်းက မြင်ကွင်းကို ပို၍ မရေမရာဖြစ်လာစေသည်။


ရွှယ်ကျွင်းလျန်က တစ်ဖက်လူရေကန်ကိုတွေတွေကြီးကြည့်နေမှန်းတွေ့၍ သူ့ဘေးသို့ နှစ်လမ်းလောက်တိုးလာပြီး ပြုံးပြလိုက်သည်။


"ဘာများလဲ... ထန့်ယင်းက ကိုယ်ရဲ့ဂရုတစိုက်ရှိမှုကြောင့် ထိရှသွားရတာလား...."


ထန့်ယွင်က သူ့နားရွက်သို့ ပူနွေးနွေးထွက်သက်တစ်ခုရိုက်ခတ်ခံလိုက်ရသည်ကို ခံစားလိုက်မိပြီး လည်ပင်းလေးကြုံ့ဝင်သွားသည်။ ရွှယ်ကျွင်းလျန်က သူ့ကိုအဝတ်ချွတ်ပေးရန်လက်ဆန့်လာသည်။


ထန့်ယွင်က မလှုပ်ပေ။ ရွှယ်ကျွင်းလျန်က သူ၏တည်တင်းနေသည့် အမူအရာကိုကြည့်ပြီးရယ်လိုက်သည်။


"စိတ်မပူပါနဲ့... မင်းအခုတလော စိတ်အခြေအနေမကောင်းမှန်းတွေ့နေရတယ်လေ... မင်းကောင်းကောင်းအိပ်မပျော်လို့လို့ ထင်မိတယ်... တော်ဝင်သမားတော်က ရေပူထဲထည့်ပြီးချိုးရတဲ့ ဆေးဖက်ဝင်အပင်အချို့ကိုပြင်ဆင်ပေးထားတယ်.. ရေထဲဝင်စိမ်လိုက်ပါ... ကိုယ်ကဘေးမှာစောင့်နေပေးမယ်... အရမ်းကြီးစိတ်ပူစရာမလိုအပ်ပါဘူး...."


ထန့်ယွင်က သူ၏တီးတိုးပြောပြသံကိုကြားပြီး ရွှယ်ကျွင်းလျန်က သူနှင့်အတူ ဆေးစိမ်မည်မဟုတ်မှန်းသိလိုက်ရပြီး သူ့နှလုံးသားထဲတွင် အနည်းငယ်ရှုပ်ထွေးသွားရသည်။ ရွှယ်ကျွင်းလျန်က သူတို့ကိုခစားမည့် အစေခံများအားလုံးကို အပြင်သို့နှင်ထားသည်။

124.2


ဒါ... ဧကရာဇ်ရွှယ်ကိုယ်တိုင် သူ့ကို အလုပ်အကျွေးပြုမယ်လို့ ဆိုလိုတာများလား...


ရွှယ်ကျွင်းလျန်က သူ့ကိုအပေါ်ရုံချွတ်ကူလိုက်ပြီး ရေချိုးခန်းကိုကာရံထားသည့်အကာပေါ်တင်လိုက်သည်။ သူကထန့်ယွင်၏အတွင်းဝတ်ကိုပါ ချွတ်ပေးရန်ကြံလိုက်ချိန်တွင် ထန့်ယွင်က နောက်သို့တစ်လှမ်းဆုတ်သွားသည်။


"အရှင်မင်းကြီး.... ဒီ.. ဒီငယ်သား ကိုယ့်ဘာသာလုပ်နိုင်ပါတယ်..."

သူ့အသံက အတော်လေးတုန်ယင်နေလေသည်။


ရွှယ်ကျွင်းလျန်က ထန့်ယွင်၏အသံတုန်ခါနေသည်ကို သတိမပြုမိသလိုဟန်ဆောင်ပြီးပြောလိုက်သည်။


"ကောင်းပြီလေ...."


ထို့နောက်တွက် တစ်စုံတစ်ခုကိုသွားရှာနေပြံပေါ်ပြီး သူ့ကိုမကြည့်နေသလိုဟန်ဆောင်နေလိုက်သည်။


ထန့်ယွင်က ရွှယ်ကျွင်းလျန်တစ်ဖက်ကိုလှည့်လိုက်ကြောင်းမြင်လိုက်ရမှ အနည်းငယ်စိတ်သက်သာရာရသွားပြီး ခပ်မြန်မြန်အဝတ်ချွတ်ကာ ရေထဲဆင်းသွားလိုက်သည်။


ရွှယ်ကျွင်းလျန်က ရေသံကိုကြားလိုက်ရပြီးနောက်တွင် စိတ်ထဲတွင်သက်ပြင်းချလိုက်ပြီး သူ၏အယောင်ဆောင်သိတတ်မှုကိုပင် နောင်တရသွားရသည်။ သူသာ မျက်နှာမလွှဲခဲ့ပါလျှင် ထန့်ယွင်အဝတ်ချွတ်နေသည့်မြင်ကွင်းကို ရှုစားနိုင်ပေလိမ့်မည်။ 


ထို့နောက်တွင် ရေကန်ဘေးရှိထိုင်ခုံကြီးပေါ်ထိုင်လိုက်ကာ ပြုံးပြီးမေးလိုက်သည်။


"ရေကနွေးနေတုန်းလား...."


ထန့်ယွင်က ရေကန်တစ်ဖက်သို့မှီနေကာ သူ့ခန္ဓာကိုယ်ကို မေးဖျားရောက်သည်အထိရေထဲစိမ်ထားလေသည်။ ရွှယ်ကျွင်းလျန်က ယင်းကိုမြင်ပြီးရယ်ချင်သွားသည်။


"ထန့်ယင်း... မင်းအဲ့လောက်အဝေးကြီးမှာပုန်းနေစရာမလိုပါဘူး... ရေငွေ့တွေရှိနေတော့ တစ်ယောက်ကိုတစ်ယောက်တောင် ကောင်းကောင်းမမြင်ရတာ... အဲ့ဒါဆိုရင်..."


သူ မထီတရီအပြုံးလေးဖြစ့်ပြောလိုက်သည်။


"ပြီးတော့ ကိုယ်သာမြင်ချင်ရင် ဒီလောက်အလုပ်ရှုပ်ခံဖို့လိုပါ့မလား..."


ထန့်ယွင်က သူ၏လေသံကြောင့်ပို၍ ရှက်သွားရသည်။ သူအစွန်နားကိုတဖြေးဖြေးရွေ့လာသည်။ ရွှယ်ကျွင်းလျန် မရယ်ဘဲမနေနိုင်တော့ချေ။

"ကြည့်ရတာ ကိုယ်တော့ စစ်သူကြီးထန်ရဲ့ အားနည်းချက်ကိုသိပြီထင်တယ်...."


ထန့်ယွင်က စကားမပြောတော့သလို ရွှယ်ကျွင်းလျန်ကိုပင် ထပ်မကြည့်တော့ပေ။ သူ ရေကန်ထဲတွင် ကိုးရိုးကားရားမတ်တတ်ရပ်ချလိုက်သည်။ ရွှယ်ကျွင်းလျန်က မလှုပ်ရှားသော်လည်း ထန့်ယွင်ကိုစိုက်ကြည့်နေသည်။ ဤကဲ့သို့အရာများက စစ်စခန်းတွင် ပုံမှန်လိုသာဖြစ်ပြီး မည်သူကမှထန့်ယွင်ကို ထိုကဲ့သို့သောအတွေးမျိုးဖြင့်မကြည့်ရဲကြချေ။ ထို့အပြင် ထန့်ယွင်က သူ၏ဝန်ခံချက်ကို အိပ်ချင်ယောင်ဆောင်ရင်းနားထောင်ခဲ့သည်ဖြစ်၍ ပို၍ရှက်ဖွယ်ကောင်းနေသည်။


မူလက ရွှယ်ကျွင်းလျန်မှာ ထန့်ယွင်ကိုစချင်ရုံသာဖြစ်သော်လည်း ထန့်ယွင်က လေးလေးနက်နက်ကြီးစဉ်းစားနေသည်ကိုမြင်၍ ယခုတွင်အတော်လေးနောင်တရနေလေပြီ။


ရေငွေ့များက သိပ်သည်းနေသဖြင့် အခန်းတစ်ခုလုံးက စိုစွတ်နေသည်။ ရွှယ်ကျွင်းလျန်က သူ၏တော်ဝင်ညီလာခံဝတ်ရုံကို လဲရန်အချိန်မရှိလိုက်ပေ။ လေးလံလှသည့်ဝတ်ရုံက သူ့ကိုချွေးစို့စေကာ ရေထဲရှိ ခပ်ဖွဖွလှုပ်ရှားသံလေးများက သူ့ကိုအပ်ပုံပေါ်ထိုင်နေရသည့်အလား မယိုးမယွဖြစ်နေစေသည်။


နောက်ဆုံးတွင် ရွှယ်ကျွင်းလျန် ငြိမ်ငြိမ်မထိုင်နိုင်တော့ပေ။ မတ်တတ်ထရပ်လိုက်ကာ သူ၏အပေါ်ရုံကိုချွတ်လိုက်သည်။ ထိုလုပ်ရက်က ထန့်ယွင်ကိုကျောမတ်သွားစေပြီး သူ၏လှုပ်ရှားမှုတိုင်းကိုကြည့်နေမိသွားသည်။


ရေကအတော်လေးနက်လေသည်။ မတ်တတ်ရပ်နေလျှင်ပင် ရင်ဘတ်အောက်သို့ရောက်ပေသည်။ ထန့်ယွင်က သူစိတ်လှုပ်ရှားသွား၍ မတ်တတ်ရပ်မိသွားခဲ့သည်။ ရွှယ်ကျွင်းလျန်က ရေစက်တို့တွဲလွဲခိုနေသော ထန့်ယွင်၏ ရင်ဘတ်ကိုကြည့်ပြီးချောင်းပင်ဆိုးသွားရသည်။


ရွှယ်ကျွင်းလျန်က သူ၏အပေါ်ရုံကိုချွတ်လိုက်ပြီး သရဖူကိုချွတ်ကာ အင်္ကျီကော်လာကိုပင် လျော့ရဲစေလိုကိသည်။ ထိုမှသာ သူအေးမြသွားသလိုခံစားလိုက်သည်။သို့သော် ခဏအကြာတွင် အပူရှိန်နှင့် အစိုဓာတ်က သူ့ကိုချွေးပျံလာစေပြန်သည်။


ထန့်ယွင်က ရွှယ်ကျွင်းလျန် သူ့အင်္ကျီကော်လာကို လျော့ရဲအောင်လုပ်လိုက်သည်ကိုကြည့်ပြီး သူ့နှလုံးသားထဲရှိ ရှုပ်ထွေးနေသောခံစားချက်တို့က တစ်ကျော့ပြန်ပေါ်လာသည်။


ရွှယ်ကျွင်းလျန်က တိုင်းပြည်တစ်ခု၏ ပြည့်ရှင်မင်းဖြစ်သည်။ သူက တစ်နိုင်ငံလုံး၏အထက်တွင်ရှိသည့်လူဖြစ်သည်။ ရွှယ်တိုင်းပြည်ထဲရှိ မည်သူကမှသူ့ကို မယှဉ်ပြိုင်နိုင်ပါချေ။ ထို့ကြောင့် မည်သူကမှသူ၏ဆန္ဒကို မငြင်းဆိုနိုင်ချေ။ ထိုကဲ့သို့ ဧကရာဇ်တစ်ယောက်က လူတစ်ယောက်အတွက် အရာပေါင်းများစွာကိုလုပ်ပေးနေခြင်းကို ထန့်ယွင်စိတ်မလှုပ်ရှားဘူးဟုပြောလျှင် လိမ်ရာကြပေမည်။


အထူးသဖြင့် တစ်ဖက်လူ၏ကြင်နာမှုကိုသတိရပြီး ပြန်ပေးဆပ်လိုသောထန့်ယွင်လိုလူမျိုးအတွက် ပိုဆိုးပေသည်။ သူက သူလက်ခံရရှိခဲ့သော ကြင်နာမှုတိုင်းကို သတိတရရှိနေပေးတတ်သောလူဖြစ်သည်။


ထန့်ယွင် သက်ပြင်းချလိုက်ကာ ထန့်ယွင်၏မြှားက သူ၏နှလုံးကိုထိုးခွင်းသွားသည်မှာ ကံကောင်းသည်ဟု တွေးလိုက်သည်။ အခြားလူဆိုပါက သူခွင့်လွှတ်နိုင်မည်မဟုတ်ပေ။ ရွှယ်ကျွင်းလျန်က သူ့အပေါ်ကြင်နာသော်လည်း သူသေချာပေါက်လက်မလွှတ်ပေ။


ရွှယ်ကျွင်းလျန်က ရေလှုပ်ရှားသံနှင့် အပူဓာတ်ကြောင့် နှိုးဆွခံနေသော်လည်း ထန့်ယွင်ဆန္ဒမရှိသေးသ၍ ထန့်ယွင်ကို တွန်းအားပေးမည်မဟုတ်ဟု ဆုံးဖြတ်ချက်ချထားသည်။ အဆုံးတွင် သူကအရင်တစ်ခေါက် မှားပြီးပြီဖြစ်၍ ထန့်ယွင်ကို ထပ်မံ မနာကျင်စေချင်တော့ပေ။


ရွှယ်ကျွင်းလျန် ချောင်းဟန့်ပြီးပြောလိုက်သည်။


"ထန့်ယင်း... မင်း အေးအေးဆေးဆေးရေစိမ်နော်... ရေအေးသွားရင် ကျန်းယွီကိုခေါ်လိုက်...ကိုယ်တစ်ခုခုလုပ်ဖို့လိုသေးမှန်း ရုတ်တရက်ကြီးသတိရသွားလို့..."


သူ့စကားမဆုံးမီ ထန့်ယွင်၏မကြားရလုနီးနီးတိုးတိမ်နေသော အသံလေးကိုကြားလိုက်ရသည်။


"အရှင်.. အရှင်မင်းကြီး... အဲ့လိုလုပ်ဖို့မလိုပါဘူး..."


တံခါးကိုဆွဲကိုင်ထားသော ရွှယ်ကျွင်းလျန်၏အမူအရာက ရုတ်တရပ်ကြီး ရပ်တန့်သွားကာ ထန့်ယွင်ကိုလှည့်ကြည့်လေသည်။ ထန့်ယွင်က ထိုသို့ပြောပြီးနောက်တွင် သူ့ကိုယ်သူ အသိဝင်ရန် မျက်နှာကိုရေအနည်းငယ်ပက်လိုက်သော်လည်း ရေများက နွေးနေ၍ သူ့ကိုပိုမိုပြီး ရီဝေဝေဖြစ်သွားစေသည်။


ရွှယ်ကျွင်းလျန် အပျော်လွန်သွားသည်။ သူ့က သူတော်စင်တစ်ပါးလိုဟန်ဆောင်နေမည်မဟုတ်ပေ။ ချက်ချင်းအဝတ်ချွတ်ကာ ရေကန်ထဲဝင်လိုက်လေသည်။


xxxxxxx