Chapter 125
ထန့်ယွင်က ချက်ချင်းလက်ငင်း နောင်တရပြီးသေပင်သေချင်သွားသည်။ ရေကန်မှာအလွန်ကြီးမားသော်လည်း ရွှယ်ကျွင်းလျန်က အခြားအစွန်းတစ်ဖက်ကိုမသွားပေ။ သူကထန့်ယွင်ကို ညင်ညင်သာသာဖက်လိုက်သည်။
ဤသည်က လူနှစ်ယောက်သား ရိုးရိုးသားသားထိတွေ့သည့် ပထမဆုံးအကြိမ်ပင်။ ထန့်ယွင်က နောက်သို့ဆုတ်လိုက်သည်။ သို့သော် ရွှယ်ကျွင်းလျန်က သူ့အလိုကျလိုက်မလုပ်ပေ။ ခန္ဓာကိုယ်နှစ်ခုထိတွေ့လိုက်ချိန်တွင် ရွှယ်ကျွင်းချန်က တစ်ဖက်လူ၏တုန်ယင်နေမှုကို ခံစားနိုင်လေသည်။ ခပ်ဖွဖွသာဖြစ်သော်လည်း သူမချုပ်တီးထားနိုင်ချေ။
ရွှယ်ကျွင်းလျန်က သူ့ကိုဖက်ရုံသာဖက်ပြီး သူ၏ဆံပင်များကို မေးဖြင့်ပွတ်သပ်ကာ ပြုံးရင်း သက်ပြင်းချလိုက်သည်။
"မင်းဘယ်တော့များမှ နားလည်မှာလဲကွာ... ကိုယ်ဘယ်အချိန်အထိများစောင့်ရမှာလဲ..."
ထန့်ယွင် အထိတ်တလန့်ဖြစ်သွားသည်။ ရွှယ်ကျွင်းလျန်က မနေ့ကညကအကြောင်းပြောနေခြင်းဖြစ်ကြောင်း သိသော်လည်း သူက သူ့စိတ်သူမသိပေးပါချေ။ ထို့ကြောင့် နှုတ်ဆိတ်နေကာဘာမှပြန်မဖြေပေ။
ရွှယ်ကျွင်းလျန်က တွန်းအားမပေးပါချေ။ ထန့်ယွင်ချက်ချင်းကြီး ပြန်ဖြေမည်ကိုလည်း မဘိုချင်သော်လည်း ထန့်ယွင်၏နောက်ကျောဘက်ရှိလက်များက စတင်ပြီး ရွေ့လျားလာသည်။
ထန့်ယွင်က ရေပူထဲတွင် အချိန်အတော်ကြာစိမ်နေခဲ့သည်ဖြစ်၍ သူ့ခန္ဓာကိုယ်က ပျော့ပျောင်းနေပြီဖြစ်သည်။ ထိုအချိန်တွင် သူ၏နောက်ကျောကို ရွှယ်ကျွင်းလျန်၏ အသားမာတက်နေသည့် လက်ဖဝါးတို့က ပွတ်သပ်လာ၍ အသက်ရှူမြန်လာရသည်။
ထန့်ယွင်က ဤကဲ့သို့အရာမျိုးတွင်မတော်သလို အမျိုးသားနှစ်ယောက်ကြားတွင် မည်ကဲ့သို့လုပ်ဆောင်ကြောင်းလည်းမသိပါချေ။ ထန့်ရှန်နှင့် ရွှယ်ဟုန်ယန်တို့အကြားရှိ ကိစ္စကိုသိပါသော်လည်း သူကအရှက်ကြီးလွန်း၍ တစ်ခါမှမမေးဖူးခဲ့သလို အဖြေလည်းမရှာကြည့်ဖူးပေ။ ဤအချိန်တွင် သူက ရွှယ်ကျွင်းလျန်၏လက်များအကြား လုံးလုံးလျားလျားကျဆင်းသွားလေပြီ။
ရွှယ်ကျွင်းလျန်က ထန့်ယွင်၏ တုန့်ပြန်မှုက အလွန်အထိမခံဖြစ်နေမှန်းသိသွားပြီး အတော်လေးစိတ်ကျေနပ်မိသွားလေသည်။
ထန့်ယွင်က ဤကဲ့သို့သောအရာမျိုးနှင့်ကြုံရာတွင် သူသင်ကြားခဲ့သော ကိုယ်ခံပညာရပ်များအားလုံးကို မေ့လျော့သွားလေသည်။ သူလုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ ရွှယ်ကျွင်းလျန်၏လက်မောင်းကို အသက်ကယ်ကောက်ရိုးတစ်မျှင်ပမာ ဖက်တွယ်ထားခြင်းသာဖြစ်သည်။
ရွှယ်ကျွင်းလျန်က သူ၏နောက်ကေတာက အတော်လေးတောင့်တင်းနေမှန်းသိလိုက်ရ၍ နှစ်သိမ့်ပေးလိုက်သည်။
"စိတ်မပူပါနဲ့... ကိုယ်ဘာမလုပ်ပါဘူး....မင်း အရမ်းကို သက်တောင့်သက်သာမရှိဘူးဖြစ်နေတာလား.."
ထန့်ယွင်ပြန်မဖြေရသေးမီ ရွှယ်ကျွင်းလျန်က သူ့ခန္ဓာကိုယ်အောက်ပိုင်းရှိ ထိုအစိတ်အပိုင်းကို လက်တစ်ဖက်ဖြင့်ကိုင်ပြီး မဝံ့မရဲအပေါ်အောက်ပွတ်ဆွဲပေးလေသည်။
ထန့်ယွင်မျက်လုံးပြူးသွားရပြီး နှုတ်ခမ်းကိုကိုက်ကာ ရွှယ်ကျွင်းလျန်၏လက်လှုပ်ရှားမှု ပိုမြန်လာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်က ကော့တက်သွားရသည်။ ရွှယ်ကျွင်းလျန်၏လက်လှုပ်ရှားမှုအတိုင်း သူက လိုက်ပါနေ၍ သူ့ကြည့်ရသည်မှာအတော်ကြီး နာခံတတ်ပုံပေါက်နေသည်။
ထန့်ယွင်က အတော်လေးနာခံတတ်သော်လည်း ဤသည်က ရွှယ်ကျွင်းလျန်အဖို့ သူ့အတွက်အလွန်နာခံပေးနေကြောင်း တွေ့ဖူးခြင်းဖြစ်သည်။ ရုတ်တရက် သူ့နှလုံးစားထဲ ပူပြင်းလာပြီး ရေများကလည်း ပွက်ပွက်ဆူလာသလိုခံစားလိုက်ရသည်။
ရွှယ်ကျွင်းလျန်က တစ်ဖက်လူမရုန်းကန်ကြောင်းခံစားလိုက်ရ၍ ထိုအစိတ်အပိုင်းကိုကိုင်ထားသည့်လက်က ပိုမိုအရှိန်မြန်လာပြီးထန့်ယွင်၏ နှုတ်ဖျားဝမှ တအင်းအင်းငြီးသံတို့ပင် ပွင့်အံကျလာသည်ကို ကြားလိုက်ရသည်။
ထန့်ယွင်က သူ့စိတ်ဗလာဖြစ်သွားသလိုခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်က သူ့အမိန့်ကိုမနာခံတော့ဘဲ ရွှယ်ကျွင်းလျန်၏လွှမ်းမိုးမှုကို လုံးလုံးလျားလျားခံစားလိုက်ရတော့သည်။ ထုံထိုင်းထိုင်းသာယာမှုက သူ့ကို ရွှယ်ကျွင်းလျန်ကိုသာ ကုတ်တွယ်ခိုင်းနေလေသည်။
ရွှယ်ကျွင်းလျန်က သူ့ကိုယ်သူ ဂုဏ်ယူနေမိသည်။ ရုတ်တရက် သူ့လည်ပင်းမှ ဆက်ခနဲနာကျင်သွားရသည်။ ထန့်ယွင်၏မျက်လုံးများက သူခံစားနေရသည့်သာယာမှုကြောင့် နီရဲနေပြီး မျက်လုံးများကလည်းပြာဝေနေရသည်။ သူ့နှုတ်ဖျားမှ ငြီးငြူသံတို့ထွက်ပေါ်လာမည်ကို ကာကွယ်ရန် ရွှယ်ကျွင်းလျန်၏ လည်ပင်းကို ကိုက်ခဲလိုက်ခြင်းဖြစ်သည်။
ရွှယ်ကျွင်းလျန်က ထိုနာကျင်မှုကိုစိတ်ထဲပင်မထားဘဲ ထန့်ယွင်ကိုလုံးဝစိတ်လွတ်သွားအောင်လုပ်နိုင်ခဲ့၍ ပျော်နေသေးသည်။ သို့သော် သူအကိုက်ခံလိုက်ရသည့်နေရာအကြောင်း တွေးမိသောအခါတွင် တော်ဝင်ဝတ်ရုံကိုဝတ်ဆင်လျှင်ပင် ဖုံးနိုင်မည်မဟုတ်ကြောင်း သိလိုက်ရသည်။
ထန့်ယွင် အထွတ်အထိပ်ကိုရောက်သွားပြီးနောက်တွင် ရွှယ်ကျွင်းလျန်က သူ့ကိုကူညီ၍ သန့်ရှင်းပေးလိုက်သည်။ ကံကောင်းစွာဖြင့် ထန့်ယွင်က ပိန်ပါးပြီး အလွန်မလေးပေ။ ရွှယ်ကျွင်းလျန်က သူ့ကိုရေကန်ထဲမှထုတ်ကာ ခြောက်သွေ့အောင်သုတ်သင်ပေးလိုက်သည်။ အရာအားလုံးပြီးသွားချိန်တွင် ထန့်ယွင်ကအသိပြန်ဝင်လာလေပြီး စကားပြောချင်သော်လည်း ယခုလေးတင်ဖြစ်ပျက်ခဲ့သည့်အရာကြောင့် သူ၏လည်ချောင်းက မသက်မသာဖြစ်နေဆဲဖြစ်သည်။ သူစကားပြောရန်ကြိုးစားချိန်တွင် သူ့အသံက လုံးဝအက်ကွဲနေလေသည်။
ရွှယ်ကျွင်းချန်က ထန့်ယွင်ရှက်နေကြောင်းသိလေ၍ ဤတစ်ကြိမ်တွင် စနောက်မနေတော့ဘဲ ငြင်သာစွာပြောလိုက်သည်။
"အဝတ်မြန်မြန်ဝတ်ချေ... အအေးမိလိမ့်မယ်..."
ထန့်ယွင်က သူရွှယ်ကျွင်းလျန်လည်ပင်းပေါ်တွင် ကိုက်ရာထားခဲ့မိကြောင်း သတိရသွားသည်။ သူရှက်လွန်း၍ ရှက်သွေးများပင်ဖြာလာမိသည်။ သူချက်ချင်း အဝတ်အစားလဲလှယ်လိုက်သည်။
ကျန်းယွီက အခန်းအပြင်တွင်စောင့်နေပြီး ဧကရာဇ်စိတ်အခြေအနေကောင်းနေကြောင်း မြင်လိုက်ရသည်။ ထို့နောက်တွင်ရွှယ်ကျွင်းလျန်ကပြောလာသည်။
"ငါကိုယ်တော် အခုလေးတင်မှတ်မိသွားပြီ... မောင်မင်း နယ်စားမင်းကျန်းကျန်းကို နာမည်ပြားပို့ခိုင်းဖို့ပြောလိုက်ရဲ့လား... သူရောက်နေပြီလား...."
ကျန်းယွီက ချွေးသုတ်ရင်းပြန်ဖြေသည်။
"သူရောက်နေပါပြီ... နယ်စားမင်းက အမွှေးတိုင်တစ်တိုင်စာအကြာလောက် စောင့်နေခဲ့တာပါ..."
—-
ရွှယ်ကျွင်းလျန်က ခေါင်းငြိမ့်လိုက်ပြီး သူ့လည်ပင်းသူထိကာ ခပ်ဖွဖွချောင်းဟန့်လိုက်သည်။
"ကျန်းယွီ နယ်စားမင်းကို လက်ဖက်ရည်နဲ့သွားဧည့်ခံထားချေ... ထန့်ယင်းနဲ့ကိုယ်တော် အဝတ်လဲလိုက်ဦးမယ်..."
ကျန်းယွီက ဧကရာဇ်ရွှယ်လက်မလှုပ်လိုက်ခင်အထိ ဧကရာဇ်လည်ပင်းရှိကိုက်ရာကို သတိမထားမိပေ။ သူမကျေမနပ်ဖြစ်သွားရကာ စိတ်ထဲတွက်စောဒကတက်မိသည်။ နယ်စားငယ်လေးက ဤနိမ့်ကျသည့်အစေအပါးနှင့်ဖက်ပြိုင်၍ ရွှယ်ဧကရာဇ်ကို ခစားရန် ရဲဝံ့နေသည်။
ရွှယ်ကျွင်းလျန်က ကျန်းယွီက ရွှယ်ယွီကိုကိုင်တွယ်နိုင်ကြောင်းသိ၍ ထန့်ယွင်ကိုအတွင်းဆောင်ထဲသို့ ပျော်ပျော်ကြီးခေါ်သွားလေသည်။ ထိုအခွင့်အရေးကိုကောင်းကောင်းယာကူကာ အချိန်ပင်ဆွဲနေလိုက်သေးသည်။ ထန့်ယွင်က စစ်မြေပြင်တွင် မထိတွေ့နိုင်သောလူသားတစ်ယောက်ဖြစ်သော်လည်း ဤအခြေအနေတွင် သူ့ခန္ဓာကိုယ်ကသူ့ကို အဆက်မပြတ်သစ္စာဖောက်နေလေသည်။
ရွှယ်ကျွင်းလျန်က နောက်ဆုံးတွင် ထန့်ယွင်၏အဝတ်များကိုလဲလှယ်ပေး၍ပြီးသွားသည်။ ရွှယ်ယွီက စာကြည့်ဆောင်အပြင်ဘက်တွင် တစ်နာရီကျော်ကျော်စောင့်လိုက်ရသည်။ သူလက်ဖက်ရည်သုံးခွက်သောက်ပြီးသွားပြီဖြစ်ရာ ကျန်းယွီတစ်ယောက်စတုတ္ထအကြိမ်မြောက် လက်ဖက်ရည်ထပ်ဖြည့်ပေးသည်ကိုကြည့်ပြီး လက်ဖက်ရည်ခွက်ကိုကြည့်ကာ ဗိုက်ပင်အောင့်လာမိသည်။
ရွှယ်ကျွင်းလျန်က သူ့အဝတ်သူလဲပြီးနောက်တွင် ထန့်ယွင်ကိုပြုံးပြလိုက်သည်။
"ရွှယ်ယွီကိုသွားတွေ့ကြရအောင်...."
ထန့်ယွင် ခဏမျှတုန့်ဆိုင်းသွားသည်။
"မသင့်တော်မှာစိုးရွံ့မိပါတယ်... ဒီငယ်သားက အခုထိ.."
ရွှယ်ကျွင်းလျန်က ဖြတ်ပြောလိုက်သည်။
125.2
"ကိုယ်တော်က ရွှယ်ယွီကိုကိုယ်ရေးကိုယ်တာအကြောင်းပြချက်ကြောင့် နန်းတော်ကိုလာဖို့ခေါ်တာ... ဒီတော့ မင်းကိုယ်တော်နဲ့လိုက်လာလို့ အဆင်ပြေတယ်..."
နှစ်ယောက်အတူ စာကြည့်ဆောင်၏နွေးထွေးလှသောအခန်းထဲရောက်ချိန်တွင် ရွှယ်ကျွင်းလျန်က ရွှယ့်ယွီကိုအထဲဝင်လာရန်အတွက်ခေါ်ခိုင်းလိုက်ရန် အစေခံကိုအမိန့်ပေးလိုက်သည်။ ကျန်းယွီက အစေခံလာနေသည်ကိုမြင်သောအခါမှ စိတ်သက်သာရာရသွားခဲ့သည်။ ရွှယ်ယွီတစ်ယောက် ဒေါသမထိန်းနိုင်ဘဲ လက်ဖက်ရည်ခွက်ကိုကောက်ပေါက်ပစ်မည်ကို သူစိုးရိမ်နေမိ၍ဖြစ်သည်။
ရွှယ်ယွီ့စိတ်ထဲတွင် ရွှယ်ကျွင်းလျန်က သူ့ကိုတမင်သက်သက်စောင့်ဆိုင်းရအောင်လုပ်ပြီး အာဏာကသူ့လက်ထဲတွင်အခိုင်အမာရှိနေကြောင်းသိအောင် လုပ်ခဲ့ကြောင်းသိနေလသည်။ သူနန်းတွင်းအစေခံ၏နောက်မှနေ၍ နန်းဆောင်ထဲသို့ မျက်နှာမဲမှောင်လျက်လိုက်ဝင်သွားခဲ့သည်။
ရွှယ်ကျွင်းလျန်က ရွှယ်ယွီဝင်လာကြောင်းမြင်၍ ခပ်ဖွဖွပြံး၍ပြောလိုက်သည်။
"ရောက်လာပြီပဲ... ကျန်းယွီ ဧည့်သည်အတွက်ထိုင်ခုံသွားယူလိုက်...."
ထိုသို့ပြောပြီးနောက်တွင် ထန့်ယွင်ကိုကြည့်လိုက်သည်။
"ထိုင်ပါဦး...."
သူ့ဘေးရှိထိုင်ခုံအလွတ်ကိုပုတ်ပြလိုက်စည်။
ထန့်ယွင်က ခေါင်းလေးငုံ့ထားပြီး
"ဒီငယ်သားမထိုင်ဝံ့ပါဘူး...."
ရွှယ်ကျွင်းလျန်က ရုတ်တရက်ပြုံးလိုက်သည်။
"မထိုင်ရဲဘူးလား... နွေဦးရေကန်မှာတုန်းက ကိုယ့်ကိုကိုက်ရဲတယ်မဟုတ်ဘူးလား... အခုကြဘာလို့မလုပ်ရဲတော့တာတဲ့လဲ...."
ထန့်ယွင်၏မျက်နှာတွင် မီးတောက်သလိုရဲရဲနီသွာပြီး မသိစိတ်အလျောက်ခေါင်းမော့က ရွှယ်ကျွင်းလျန်ကိုကြည့်မိလိုက်သည်။
ရွှယ်ကျွင်းလျန်က ထန့်ယွင်၏အကြည့်များဖြင့် ထိုးဖောက်ခံလိုက်ရပြီး ရင်ထဲတွင်ပန်းများပင်ပွင့်သွားရပြီး အပြုံးဖြင့်ကြည့်လိုက်သည်။
ဘေးဘက်တွင် သူတို့၏ ပရောပရည်လုပ်နေသည်ကိုနားထောင်ပြီး ရွှယ်ယွီပိုမိုဒေါသထွက်လာရသည်။ ကံဆိုးစွာဖြင့် တိုက်ရိုက်ထုတ်မပြနိုင်လေရော ထိုင်ပြီးသည်းခံနေရုံသာရှိသည်။ ခဏအကြာတွင် နှစ်ယောက်သားက အချင်းချင်းစိုက်ကြည့်နေကြပြီး တစ်ယောက်က စူးစိုက်ကြည့်နေကာ နောက်တစ်ယောက်က အပြုံးလေးဖြင့်အကြည့်ခံနေသည်ကိုမြင်၍ သူရှိနေသေးကြောင်း သတိပေးလိုဟန်ချောင်းဟန့်လိုက်သည်။ နောက်ဆုံးတွင် ပူနွေးနွေးလေထုက ပျောက်ကွယ်သွားလေသည်။
ရွှယ်ကျွင်းလျန်က ရွှယ်ယွီကိုလှည့်ကြည့်လိုက်ပြီး သူတို့နှင့်အတူ အခြားလူလည်းအခန်းထဲတွင်ရှိနေ၍ အံ့ဩသွားသည့်အမူအရာဖြင့် ပြောသည်။
"နယ်စားမင်းကျန့်ကျန်းက အချိန်အကြာကြီးစောင့်နေခဲ့ရတာပဲ... ငါကိုယ်တော် မေ့သွားခဲ့တာ...."
"ဒါက ဒီငယ်သားလုပ်သင့်တဲ့အရာပါပဲ.."
"အိုး....."
ရွှယ်ကျွင်းလျန်က အလေးအနက်တွေးနေဟန်အမူအရာကိုပြသာလာပြီး အပြုံးလေးဖြင့်ပြောလိုက်သည်။
"စကားမစပ်... နယ်စားမင်းကျန့်ကျန်းနန်းတော်ထဲကိုလာရအောင် အရေးကြီးတဲ့ဟာတစ်ခုခုရှိမှာပေါ့...."
ရွှယ်ယွီအသက်ပြင်းပြင်းရှူလိုက်ပြီး ဒေါသကိုမျိုချလိုက်ရသည်။ သူဒေါသတကြီးပြန်ပြောလိုက်ချင်သော်လည်း လေးလေးစားစားသာပြန်ပြောလိုက်သည်။
"အရှင်မင်းကြီးက နေ့တိုင်း အကြောင်းကိစ္စအများကြီးကိုစီမံခန့်ခွဲနေရတာကြောင့် ဒီငယ်သားကို နာမည်ပြားကိုပို့ပြီး နန်းတော်ထဲအခစားဝင်ခိုင်းတာကိုမေ့သွားတာဖြစ်လောက်မှာပါ...."
"တကယ်လား...."
ရွှယ်ကျွင်းလျန်က ကျန်းယွီကိုမေးလိုက်သည်။
ကျန်းယွီက ပြုံးပြုံးလေးပြန်ဖြေသည်။
"အမှန်ပါပဲ.. အရှင်မင်းကြီး...."
ရွှယ်ကျွင်းလျန်က စဉ်းစားနေသည့်ဟန်ဖြင့် သူ့နားထင်သူပွတ်လိုက်သည်။
"ကြည့်ရတာ ကိုယ်တော်က မောင်မင်းကိုနန်းတော်ထံ အခစားဝင်ဖို့တကယ်ပြောခဲ့မိတယ်ထင်တယ်... အာ့,.. ကိုယ်တော်မှတ်မိသွားတယ်... ကိုယ်တော်တကယ်မေ့သွားခဲ့တာပဲ... ကိုယ်တော်က မောင်မင်းရဲ့ အတွင်းအကျဆုံးအတွေးတွေနဲ့ခံစားချက်တွေကို ရိုးရိုးသားသားပြောပြတာ နားထောင်ချင်တယ်..."
"ကျွန်တော်မျိုးရဲ့အတွင်းကျဆုံးအတွေးတွေနဲ့ ခံစားချက်တွေလား..."
ရွှယ်ယွီက အံ့ဩသွားပြီး ပြုံးရင်းပြောလိုက်သည်။
"ငယ်သားကတကယ်တုံးအပါတယ်.... အရှင်မင်းကြီးပြောတာကို တကယ်နားမလည်ပါဘူး..."
ရွှယ်ကျွင်းလျန်ကပြောလိုက်သည်။
"ကိုယ်တော်မှတ်မိပါသေးတယ်... ကိုယ်တော်တို့ငယ်ငယ်က မောင်မင်းက ကိုယ်တော်ထက်အတော်လေးသေးကွေးနေခဲ့တာလေ... ဟုတ်တယ်မလား...."
ရွှယ်ယီကခေါင်းငြိမ့်လိုက်သည်။
"ငယ်သားက အငယ်ဆုံးဆိုတော့... အရှင်မင်းကြီးထက် သေးကွေးတာ ပုံမှန်ပါပဲ..."
ရွှယ်ကျွင်းလျန်ကဆက်ပြောသည်။
.
"မင်းက ငယ်ငယ်ကတည်းက အရမ်းကိုဉာဏ်ကောင်းခဲ့တာလေ... ပထမဧကရာဇ်ကမင်းကို အရမ်းကိုချစ်ချင်မြတ်နိုးပြီး ကိုယ်တော်တို့ ညီအစ်ကိုအများစုက မင်းလုပ်သမျှလှည့်ကွက်လေးတွေနဲ့ ဆိုးသွမ်းမှုတွေအားလုံးက လွတ်အောင်လုပ်ပေးကြတယ်လေ... ကိုယ်တော်ကိုယ်တိုင်တောင် မင်းကို ဉာဏ်ကောင်းတယ် သတ္တိရှိတယ် လုပ်ရဲကိုင်ရဲရှိတယ်လို့တွေးခဲ့သေးတယ်... မင်းငယ်ငယ်ကတည်းက စစ်တပ်ကိုအမိန့်ပေးစေခိုင်းနေနိုင်ခဲ့ပြီး ကိုယ်တော်က မင်းရဲ့အောင်မြင်မှုတွေကိုကြည့်နေခဲ့ရတာ...."
ရွှယ်ယွီက ရွှယ်ကျွင်းလျန်တစ်ယောက် နှမ်းစေ့အကောင်းနှင့် ပြောင်းဆန်အပုတ်အကြောင်းပြောနေသည်ကိုနားထောင်လိုက်သည်။ ရွှယ်ကျွင်းလျန်က သူ့အတွက်မည်သည့်လှည့်ကွက်များနှင့် ထောင်ချောက်များပြင်ဆင်နေလဲသူကိုယ်တိုင်ပင်မသိတော့ချေ။ သူ့ခေါင်းထဲတွင် ရွှယ်ကျွင်းလျန်ဘာလိုချင်လဲ တွက်ချက်နေသဖြင့် ဘာပြောပြောအပြုံးဖြင့်ခေါင်းသာငြိမ့်နေသည်။
"ငါကိုယ်တော့်မှာ လန့်ကျင်းကိုအတော်အလေးထားပြီး သူ့ရဲ့ပါရမီကိုလည်း တန်ဖိုးထားပေမဲ့လန့်ကျင်းက မင်းကိုပဲသစ္စာရှိနေတယ်... ကိုယ်တော်ကသူ့ကိုတွန်းအားပေးလို့ရမရဘူးမလား... လန့်ကျင်းကိုဟာသတစ်ခုပြောပြီးတစ်ခါမေးခဲ့ဖူးတယ်... အဲ့ဒီ့အချိန်ကသူ့ကိုကယ်ခဲ့တဲ့လူက မင်းမဟုတ်ဘဲ ကိုယ်တော်ဖြစ်နေခဲ့ရင် ကိုယ်တော့်အပေါ်သစ္စာရှိမှာလားလို့ပေါ့... လန့်ကျင်းကဘာပြောတယ်ထင်လဲ... အရာအားလုံးကတည်မြဲခြင်းမရှိဘူးတဲ့... ရွှယ်ယွီကချစ်ခြင်းမေတ္တာရဲ့အရေးပါမှုနဲ့ အမှန်တရားပေါ်မြတ်နိုးမှုက သူ့လိုကျောက်တုံးနှလုံးသားနဲ့လူကိုတောင် လှုပ်ခတ်စေနိုင်ပါတယ်တဲ့... ဒါပေမဲ့ ကိုယ်တော်ကတော့ မလုပ်နိုင်ဘူးတဲ့.. ကိုယ်တော်ကလူတွေကို သံသယမဝင်ပဲအသုံးချနိုင်ပေမဲ့ သူတို့ကိုမယုံဖို့အတော်လေးဆုံးဖြတ်ထားနိုင်တယ်... လန့်ကျင်းရဲ့စကားတွေက အတော်လေးကိုဆီလျော်နေတယ်..."
ရွှယ်ယွီကဘာမှမပြောသလို ဘာပြန်ပြောရမလဲမသိပေ။
xxxxxx