အပိုင်း ၁၂၆
Viewers 17k

Chapter 126


ရွှယ်ကျွင်းလျန်က ဆက်ပြောသည်။


"ကိုယ်တော်အများကြီးပြောမိသွားပြီပဲ... ကိုယ်တော်ကလူတိုင်းကို လူအများကြီးက ကိုယ်တော့်ကိုမကြိုက်ကြဘဲ အရမ်းရက်စက်ကြမ်းကြုတ်တယ်လို့ထင်ပြီး ကိုယ်တော့်ကိုပုန်ကန်ခဲ့တဲ့လူတွေဆိုရင်တောင် သူတို့အသက်ရှင်နိုင်သ၍ သူတို့ကို အာဃာတမထားပါဘူးဆိုတာကိုပဲ... ဧကရာဇ်တစ်ပါးအနေနဲ့ကိုယ်တော်က ဘယ်သူ့ကိုမှယုံလို့မရပေမဲ့ လူတွေကိုအလုပ်ခန့်လို့ရပါသေးတယ်.. ဒါက ကိုယ်တော်စိတ်ရင်းနဲ့ပြောတာပဲ... မင်းကရော..."


သူပြောပြီးသည်နှင့်ထန့်ယွင်ကို တစ်ချက်ကြည့်ပြီးပြုံးလိုက်သည်။


"ကိုယ်တော်ယုံကြည်မှုပေးချင်တဲ့လူတစ်ယောက်ရှိတယ်ဆိုတာပြောဖို့မေ့တော့မလို့... ဒါပေါ့ ကိုယ်တော်ကလည်း အပြန်အလှန်ယုံကြည်ခံချင်ပါတယ်...."


ထန့်ယွင်က ရွှယ်ကျွင်းလျန်ကိုလှည့်မကြည့်ရဲချေ။ သို့သော် ရွှယ်ကျွင်းလျန်က သူ့ကိုစိုက်ကြည့်နေမှန်းသိပေသည်။ သူ့လက်များကို ရွှယ်ကျွင်းလျန်က ကိုင်လိုက်၍ ရုတ်တရက်ပူနွေးသွားရသည်။


ထန့်ယွင်က ရွှယ်ယွီကိုခပ်မြန်မြန်ကြည့်လိုက်သည်။


ရွှယ်ယွီ၏ခေါင်းက တစ်ခုခုကိုအလေးအနက်စဉ်းစားနေသည့်အလား ငုံ့ကိုင်းနေသည်။ သူက ရွှယ်ကျွင်းလျန်၏လှုပ်ရှားမှုလေးကိုအာရုံမရှိနေကြောင်းသိသာနေသည်။


ရွှယ်ယွီခဏမျှ ငြိမ်ကျသွားသည်။


ရွှယ်ကျွင်းလျန်ပြုံးရင်းပြောလိုက်သည်။


"ဘာများလဲ... ကိုယ်တော်ရဲ့စကားတွေက အတော်လေးအတွေးပွားစေလို့လား... တကယ်လို့ နယ်စားမင်းကျန့်ကျန်းသာတွေးကြည့်မယ်ဆိုရင် အခုက မင်းကိုယ်တော်ကိုတစ်ခုခုပြန်ပြောရမယ့်အချိန်ပဲမဟုတ်လား..."


ရွှယ်ယွီခဏမျှတန့်သွားပြီး ပြောလိုက်သည်။


"အရှင်မင်းကြီးက စိတ်ရင်းနဲ့ပြောပြမှတော့ ဒီငယ်သားလည်းပြောပြရတော့မှာပေါ့... ဒါပေမဲ့ အစေခံတွေကိုထွက်သွားခိုင်းဖို့တောင်းဆိုပါရစေ... မဟုတ်ရင် ကျွန်တော်မျိုးမကောင်တစ်ခုခုပြောမိပြီး အပြင်လူတွေနားကိုပေါက်ကြားသွားရင် လှောင်ရယ်ခံရမှာစိုးရွံ့လို့ပါ..."


ရွှယ်ကျွင်းလျန် လက်ခါပြလိုက်ပြီး ကျန်းယွီက အစေခံများကို ခန်းမအပြင်သို့ခေါ်ထုတ်သွားသည်။ ထန့်ယွင်က ထိုင်ခုံကထပြီးထွက်သွားရန်ပြင်သော်လည်း ရွှယ်ကျွင်းလျန်က သူ့လက်ကိုဆွဲလိုက်ပြီး ခပ်တင်းတင်းကိုင်လိုက်ကာ ပြုံးပြလိုက်သည်။


"ထန့်ယင်းကဘယ်ကိုများသွားမလို့လဲ... ကိုယ့်ကိုယ်ကိုယ်အပြင်လူလို့တွေးနေတုန်းများလား..."


ထန့်ယွင်၏လက်က တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားခံရ၍ သူ့လက်ချောင်းလေးများက လောင်ကျွမ်းနေသလိုခံစားလိုက်ရသည်။ ရွှယ်ကျွင်းလျန်က သူပြောသမျှကိုအမြဲတမ်းလေးလေးနက်နက်နားထောင်ပေးသော်လည်း သူ့ကိုကြည့်လိုက်တိုင်း အဘယ့်ကြောင့်ပြုံးနေရပါသနည်း။ ထန့်ယွင် သူဘယ်လိုခံစားနေရလဥနားမလည်နိုင်တော့ဘဲ သူ့ကိုအတော်လေး မသက်မသာဖြစ်စေသည်။


သူပြန်ထိုင်လိုက်ရသည်။


ရွှယ်ယွီကစတင်ပြောဆိုလာသည်။


"အရှင်မင်းကြီးပြောသလိုဆို ကျွန်တော်မျိုးက မွေးကင်းစကတည်းက ယခင်ဧကရာဇ်နဲ့ အစ်ကိုတော်တွေဆီက အလိုလိုက်ခံခဲ့ရတာပါ... ကျွန်တော်အသက်နှစ်ဆယ်ပြည့်တဲ့အထိ မကောင်းတဲ့အရာ ဘာကိုမကြုံခဲ့ရပါဘူး... ကျွန်တော်မျိုးက အရှင်မင်းကြီးကို နာခံဖို့ငြင်းဆိုပြီး အောင်မြင်မှုကြီးကြီးမားမားရအောင်လုပ်ပြီး အာဏာကိုစုဆောင်းခဲ့ပါတယ်... ကျွန်တော်မျိုးက ကိုယ့်ကိုယ်ကိုယ်အရှင်မင်းကြီးအောက်မကျဘူးလို့ ခံစားခဲ့ရပေမဲ့ ကျွန်တော်ကငယ်ရွယ်လွန်းပြီး အတွေ့အကြုံမရှိဘူးဆိုတဲ့ အကြောင်းပြချက်လေးနဲ့ အရှင်မင်းကြီးက ဧကရာဇ်ဖြစ်လာခဲ့ပြီး ကျွန်တော်မျိုးက တစ်သက်တာလုံး စစ်သူကြီးအဖြစ်ကျန်ရစ်ခဲ့ရပါတယ်... ကျွန်တော်မျိုး ဒါကိုလက်မခံချင်ပါဘူး...."


သူ ရွှယ်ကျွင်းလျန်ကိုမကြည့်ဘဲ တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။ ၎င်းက သူရွှယ်ကျွင်းလျန်ကို ထိုကိစ္စများမပြောနေသည်နှင့်ပင်တူနေသည်။ ထန့်ယွင်က ရွှယ်ကျွင်းလျန်၏မျက်နှာကိုကြည့်ပြီး သူ့နှလုံးသားက လေထဲတွင်တန်းလန်းဖြစ်သွားသလိုခံစားလိုက်ရသည်။


ရွှယ်ယွီကဆက်ပြောသည်။


"ကျွန်တော်ကဘယ်သောအခါကမှ ယုံကြည်ခြင်း မခံရပါဘူး... လန့်ကျင်းက ကျွန်တော်မျိုးရဲ့ အကြံပေးဖြစ်လာတုန်းက အချိန်မကျသေးဘူးလို့ပဲ ခဏခဏအကြံပေးတယ်.. ကျွန်တော်ကဘယ်တော့မှများ အချိန်တန်မှာလဲလို့တွေးနေမိတာ... အခုတော့ လန့်ကျင်းရဲ့စကားတွေကိုနားလည်သွားပါပြီ... သူပြောတဲ့အချိန်ဆိုတာ ကျွန်တော့်အတွက်ဘယ်သောအခါမှမရောက်လာမှာလည်းဖြစ်နိုင်တာပဲလေ... ကျွန်တော်က အမြဲတမ်း ဂုဏ်မောက်ပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလေးစားတဲ့လူတစ်ယောက်ဆိုပေမဲ့ ကိုယ့်ကိုယ်ကိုယ် ရေတွင်းအောက်ခြေကဖားမဖြစ်ချင်ခဲ့ဘူး... ကျွန်တော်အရှင်မင်းကြီးရဲ့ ဉာဏ်ပညာရဲ့ နည်းလမ်းတွေကိုလေးစားပေမဲ့ လက်သင့်မခံနိုင်ဘူး.. ဘာကြောင့်လဲဆိုတာသိလား... ဘာကြောင့်လဲဆိုတော့အရှင်မင်းကြီးက အကြင်နာတရားမဲ့တဲ့လူတစ်ယောက်ဖြစ်နေလို့ပဲ.. ကျွန်တော်လည်း နန်းမွေအတွက်အလျာခံခဲ့ရပါတယ်... ကျွန်တော်မျိုးက အထက်စီးကဆက်ဆံခံရပြီး ချနင်းခံရမှာထက် ဂုဏ်သိက္ခာရှိရှိပဲသေချင်တာပါ.. အရှင်မင်းကြီးကတော့ သစ္စာဖောက်တွေကိုမသတ်တာက ကြင်နာမှုလို့တွေးပြီး အရှင့်ရဲ့ကြင်မှုကိုလူတိုင်းသတိရနေပါလိမ့်မယ်... ဒါပေမဲ့ ကျွန်တော်မျိုးအတွက် ခါးသီးတာထက်ပိုတဲ့ဘဝဖြစ်နေတာပါပဲ... အရှင်မင်းကြီးကတော့ ဒီတစ်သက်လုံး ပြတင်းပေါက်တောင်မပါတဲ့ အခန်းတစ်ခုထဲသော့ခတ်ခံရပြီး စိတ်ဓာတ်ကျရတယ်ဆိုတာ ဘယ်လိုလဲသိမှာမဟုတ်ပါဘူး..."


ရွှယ်ကျွင်းလျန်က လုံးဝဒေါသမထွက်သလို သူ့အသံကအတော်လေးတည်ငြိမ်နေသည်။


"ဒီတော့ ကိုယ်တော်တို့အခုဘာအကြောင်းပြောနေကြတာလဲ... ပြီးတော့ မင်းရဲ့မကျေနပ်ချက်နစ်နာချက်ကဘာများလဲ... မင်းဘာလိုချင်လဲပြော ကိုယ်တော်တတ်နိုင်တာမှန်သမျှအပ်နှင်းပေးမယ်... လူတိုင်းက ဧကရာဇ်ဆိုတာလူတိုင်းအထက်မှာရှိပြီး လုပ်ချင်တာလုပ်လို့ရတယ်လို့ဆိုကြပေမဲ့ ကိုယ်တော်မပေးနိုင်တာတော့ရှိသေးတယ်လေ... ဥပမာ နန်းပလ္လင်တို့ စစ်တပ်အာဏာတို့ပေါ့...."


ရွှယ်ယွီကပြောလိုက်သည်။


"ကျွန့တော်မျိုး အဲ့ဒါတွေကိုမမျှော်လင့်ပါဘူး... အရှင်မင်းကြီး သူလျှိုတွေကိုဖယ်ရှားပြီး ကျွန်တော့်ကို ဂုဏ်ဒြပ်တွေပြန်ပေးဖို့ကိုပဲ လိုလားတာပါ...."


ရွှယ်ကျွင်းလျန် ခေါင်းငြိမ့်ကာ ပြုံးရင်းပြောလိုက်သည်။


"အဲ့တာပဲလား...."


"ဒါပါပဲ...."


ရွှယ်ကျွင်းလျန်ပြောလိုက်သည်။


"ကြည့်ရတာ မင်းကအများကြီးမလိုချင်ပုံပါပဲ... မနက်ဖြန် မနက်ခင်းညီလာခံကိုပြန်လာခဲ့...."


ရွှယ်ယွီအံ့အားသင့်သွားပြီး သူ့အမူအရာကပြောင်းလဲသွားသည်။ သူအလွန်အမင်းစိတ်လှုပ်ရှားသွားကာ ပြောလိုက်သည်။


"ကျေးဇူးကြီးမားလှပါတယ် အရှင်မင်းကြီး...."


ရွှယ်ကျွင်းလျန်ပြောလိုက်သည်။


"ကိုယ်တော့်ကိုကျေးဇူးမတင်နဲ့... လန့်ကျင်းကိုပဲကျေးဇူးတင်... ကိုယ်တော်တောင် သူ မင်းအပေါ်ထားရှိတဲ့ သစ္စာတရားကြောင့် လှုပ်ခတ်သွားခဲ့ရတယ်... မင်းနဲ့ လန့်ကျင်းတို့ ရွှယ်တိုင်းပြည်ကို သစ္စာရှိနိုင်မယ်လို့မျှော်လင့်မိတယ်... မင်းရဲ့အရည်အချင်းတွေကိုလည်း ကောင်းကောင်းအသုံးချပေါ့..."


ရွှယ်ယွီကသူ့ကိုကျေးဇူးတင်စကားပြောကာ ပြန်သွားလေသည်။


ရွှယ်ကျွင်းလျန်က ထန့်ယွင်၏လက်ကိုကိုင်ရင်းမေးလိုက်သည်။


"ဘယ်လိုနေလဲ...."


ထန့်ယွင်ကပြောသည်။


"အရှင်မင်းကြီးက မြို့စားမင်းကျန့်ကျန်းကို စကားတစ်ခွန်းနဲ့သိမ်းသွင်းလိုက်တာ မဟုတ်ပါလား...."


ရွှယ်ကျွင်းလျန်ရယ်မောလိုက်ကာ ထန့်ယွင်လက်ကိုမြှောက်ပြီး သူ့နှုတ်ခမ်းနားကပ်ကာ နမ်းရှိုက်လိုက်သည်။


"အတိအကျပဲ..."


"အရှင်မင်းကြီးက နယ်စားမင်းကျန့်ကျန်းအယောင်ဆောင်လက်နက်ချတာမဟုတ်ဘူးလို့ အတော်သေချာနေတာပဲနော်..."


"အကောင်းမြင်ပါ..."


ရွှယ်ကျွင်းလျန် တန့်ခနဲဖြစ်သွားပြီးပြောလိုက်သည်။

126.2


"ရွှယ်ယွီ့မှာအဲ့လိုစိတ်မျိုးမရှိဘူး... သူသာ ပုန်ကန်နေတဲ့အချိန်မှာ လက်နက်ချချင်ယောင်ဆောင်ခဲ့ရင် ပလ္လင်ကလွယ်လွယ်ကူကူယူနိုင်ပြီး ဧကရာဇ်ဖြစ်တာကြာလှပြီ... ရွှယ်ယွီက စိတ်လိုက်မာန်ပါလုပ်ပြီး လွယ်လွယ်ထိခတ်နိုင်တယ်.. ဒါကြောင့်ပဲ လန့်ကျင်းလိုလူကို သူ့လက်အောက်ခံအဖြစ်သိမ်းသွင်းနိုင်ခဲ့တာ... ပြီးတော့ အဲ့ဒါကလည်း ကိုယ်တော် အခွင့်အရေးယူလို့ရတဲ့ အကြောင်းပြချက်ဖြစ်နေတာပေါ့..."


ထန့်ယွင်က ခဏမျှတိတ်ကျသွားပြီး ပြောလိုက်သည်။


"အရှင်မင်းကြီး ဒီနေ့အများကြီးပြောမိသွားပါပြီ...."


ရွှယ်ကျွင်းလျန်ရယ်မောလိုက်သည်။


"ဘာတွေများကြောက်နေတာလဲ... အခုအပြင်လူတွေမရှိဘဲ ကိုယ်နဲ့မင်းပဲရှိတော့တာလေ... ထန့်ယင်းက ကိုယ့်ကိုအပြင်လူလိုဆက်ဆံနေတာလား... ဒါကတော်လေး စိတ်ထိခိုက်စရာပါပဲလားကွာ..."


ထန့်ယွင်က သူ၏ဝမ်းနည်းနေသောအမူအရာကိုကြည့်ပြီး မတုန်ယင်ဘဲမနေနိုင်တော့ချေ။ အမြဲတစေ ဘုန်းတန်ခိုးအနန္တနှင့်ပြည့်စုံကုံလုံနေသော ဧကရာဇ်တစ်ပါးက ဤကဲ့သို့အမူအရာနှင့်လုံးဝ မအပ်စပ်နေပါချေ။


ရွှယ်ကျွင်းလျန် ရုတ်တရက်တစ်ခုခုကိုသတိရသွားသည်။


"မနက်ဖြန် ကိုယ်ရွှယ်ချန်းကျင်း မင်္ဂလာပွဲကိုသွားပြီး သူဆက်ခံထားတဲ့ စစ်တပ်အာဏာကိုပြန်လက်ခံရတော့မှာပဲ... ဒီအာဏာကိုဘယ်သူ့ကိုပေးရင်ကောင်းမလဲ စဉ်းစားနေတာအတော်ကြာခဲ့ပြီဆိုပေမဲ့ သင့်တော်တဲ့လူတစ်ယောက်မှမတွေ့ခဲ့ဘူး... ဒီနေ့ ရွှယ်ယွီနဲ့ စကားပြောပြီးတော် သူ့ကို ချိုမြိန်တဲ့အပေးအယူတစ်ခုပေးရမယ်လို့ခံစားမိတယ်... သူ့ကို ပြန်သိမ်းယူထားတဲ့ စစ်တပ်အာဏာအချို့ကိုပြန်ပေးမယ်ဆိုပေမဲ့ အပြည့်အဝယုံကြည်မှာတော့မဟုတ်ဘူး... ဒီတော့ ထန့်ယင်းနဲ့ ရွှယ်ယွီတို့က ဝန်ကြီး ကျန်းအန်းဆီက စစ်အာဏာကိုအတူတူတာဝန်ယူကြပေါ့... ထန့်ယင်းကဘယ်လိုထင်လဲ..."


ထန့်ယွင်ကပြောသည်။


"ဝန်ကြီးကျန်းအန်းရဲ့စစ်အာဏာကိုယူရတာလွယ်တယ်ဆိုပေမဲ့... စစ်သားတွေက အမိန့်နာခံအောင်လုပ်ဖို့ မလွယ်မှာကိုတော့ စိုးရွံ့မိပါတယ်...."


"ဒါကြောင့်ပဲ ကိုယ်က ထန့်ယင်းကိုစေလွှတ်ရတာပဲမဟုတ်ဘူးလား..."


ထန့်ယွင်ခဏမျှတောင့်ခဲသွားပြီးပြောလိုက်သည်။

"အရှင်မင်းကြီးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်..."


"ကိုယ်မင်းရဲ့ အရည်အချင်းတွေကို မျက်မြင်တွေ့ခဲ့ပြီးသားပါ...."


ထိုအထိပြောပြီး အတိတ်ကိုပြန်လည်တမ်းတနေဟန် တိတ်ကျသွားသည်။ ရွှယ်ကျွင်းလျန်က အမှန်တကယ် အတိတ်ကိုပြန်လည်တမ်းတနေခြင်းဖြစ်သည်။ ဟိုးယခင်က စစ်မြေပြင်တွင် ထန့်ယွင်၏ လွှမ်းမိုးနိုင်စွမ်းရှိနေပုံကိုပြန်လည်တွေးတောမိသွားကာ မပြုံးပဲမနေနိုင်တော့ချေ။


"ဒီကစ္စကိုမင်းဆီမှာဝကွက်အပ်လိုက်ဖို့ အတော်လေးယုံကြည်နေမိတယ်.. အထူးသဖြင့် မင်းက ရွှယ်ယွီကိုကိုင်တွယ်နိုင်မယ်လို့ ယုံမိတယ်လေ..."


"ဒီငယ်သား အရှင့်ရဲ့ယုံကြည်မှုကို စိတ်မပျက်စေရပါဘူး..."


ရွှယ်ကျွင်းလျန်ပြုံးလိုက်သည်။


"ကိုယ့်ကိုအရမ်းကြီး ယဉ်ကျေးနေဖို့မလိုပါဘူး... အခုအချိန်မှာ မင်းရဲ့သတိတရားကို လွှတ်မချနိုင်သေးဘူးဆိုပေမဲ့ အချိန်ပဲလိုအပ်တယ်လို့ထင်ပါတယ်..."


အဆုံးတွင် ဤကမ္ဘာပေါ်၌ ထန့်ယွင်ကို သူ၏ ရည်ရွယ်ချက်ကို အမှန်တကယ်ပြသနိုင်အောင် လုပ်နိုင်သည့်လူမရှိသလို ရွှယ်ကျွင်းလျန်ကဲ့သို့ ထန့်ယွင်ကို ယုံကြည်စိတ်ချမည့်လူလည်းမရှိပေ။


"ဝန်ကြီးကျန်းအန်းရဲ့ စစ်တပ်က နည်းနည်းလေးပဲလို့မထင်လိုက်လေနဲ့... သူတို့အားလုံးက ပြင်းပြင်းထန်ထန်လေ့ကျင့်ထားတဲ့ လက်ရွေးစင်စစ်သားတွေပဲ... အဲ့လိုစစ်သားတွေကို ခံအောင်လုပ်ဖို့ခက်တယ်ဆိုပေမဲ့ သူတို့နာခံပြီဆိုတာနဲ့ သူတို့သေသည်အထိ မင်းကိုသစ္စာစောင့်သိတော့မှာ..."


ရွှယ်ကျွင်းလျန်ပြောလိုက်သည်။


"စကားမစပ်... လက်ရွေးစင်စစ်သားတွေကို လေ့ကျင့်ပေးရာမှာ မင်းကိုကူညီဖို့ ဟယ့်ညီအစ်ကိုသုံးယောက်ကိုလွှတ်ပေးလိုက်မယ်... ဘာပဲဖြစ်ဖြစ် သူတို့က စစ်မြေပြင်ကိုသွားဖူးတဲ့ စစ်သားတွေဆိုတော့ အတွေ့အကြုံအချို့ရှိမှာသေချာပါတယ်..."


ထန့်ယွင်ပြောလိုက်သည်။


"အရှင့်သားက သူတို့ကို မလွှတ်ပေးမှာစိုးရွံ့မိပါတယ်... ဟယ့်ညီအစ်ကိုသုံးယောက်က မင်းသားနန်းဆောင်မှာ ခစားတဲ့လူတွေမဟုတ်လား..."


ရွှယ်ကျွင်းလျန် ပြုံးပြီးပြောလိုက်သည်။


"ရွှယ်ဖေက အားနည်းတဲ့လူကိုအနိုင်ကျင့်ရတာကြိုက်ပြီး သန်မာတဲ့လူကိုကြောက်တတ်တယ်... မင်းသာ သူ့ကိုကောင်းကောင်းဆက်ဆံပေးရင် သူနားထောင်ပါလိမ့်မယ်..."


"အိမ်ရှေ့စံက အမှန်တကယ် ဉာဏ်ကောင်းပြီး ထက်မြက်တဲ့လူပါ... အခုက ကလေးစိတ်ပဲရှိနေတာမလို့ပါ... သူရင့်ကျက်လာရင် အပြုအမူတွေက သေချာပေါက်ပိုကောင်းလာမှာပါ..."


ထန့်ယွင်ပြောပြီးသည်နှင့် ရွှယ်ကျွင်းလျန်က အထူးတလှယ်အဓိပ္ပါယ်ရှိနေဟန်ဖြင့် ပြုံးရင်းပြောလိုက်သည်။


"သိပ်တောင်မကြာသေးဘဲ မင်းက သူ့အတွက်ခုခံပြောဆိုနေပြီပေါ့လေ... ထန့်ယင်းက အိမ်ရှေ့စံအပေါ်အရမ်းကောင်းပေးနေတော့ ကိုယ်တောင် မနာလိုဖြစ်လာရတယ်... ဘယ်လိုလုပ်ရတော့မလဲ...."


"အရှင်မင်းကြီး..."


ထန့်ယွင်က ဝှစ်ခနဲထရပ်ကာ ဘေးသို့ရောက်သွားသည်။


ရွှယ်ကျွင်းလျန်က သူ့ကိုထပ်မစတော့ပေ။ ဘယ်အချိန်တွင်ရပ်ရမလဲသိသူတစ်ယောက်က အမြဲတမ်းရလဒ်ကောင်းတွေသာရတတ်ပေသည်။


နောက်တစ်နေ့တွင် ရွှယ်ကျွင်းလျန်က ဝန်ကြီးကျန်းအန်း၏ အကြီးဆုံးသား၏မင်္ဂလာပွဲကိုတက်ရောက်လေသည်။ ဖန်းတိုင်းပြည်၏ မင်းသမီးက နန်းတော်တွင်းသို့ ရောက်နေပြီဖြစ်သည်။ ရွှယ်ချန်းကျင်းက လက်မထပ်ချင်သော်လည်း ဧကရာဇ်၏အမိန့်တော်ကိုမလွန်ဆန်နိုင်သလို အနှေးနှင့်အမြန် သူမိန်းမတစ်ယောက်ကို လက်ထပ်ရန်လိုအပ်ကြောင်း သိလေသည်။


ထန့်ယွင်က ဟွမ်ကွေ့ဖေးတစ်ယောက်ဖြစ်သည့်အလျောက် တော်ဝင်မောင်းမဆောင်တွင် သူ့ထက်အဆင့်မြင့်သူတစ်ယောက်မှမရှိပေ။ ရွှယ်ကျွင်းလျန်ကလည်း သူ့ကိုအလွန်ကပ်တွယ်နေ သဖြင့် သဘာဝကျစွာဖြင့် စားသောက်ပွဲကိုတက်ရောက်ရလေတော့သည်။


xxxxxx