အပိုင်း (၂၄၁)
Viewers 31k

Chapter 241


လက်ထောက်ချန်သည်ပင် သူ့သူဌေးက ယခုရက်ပိုင်း ထူးခြားနေကြောင်း သတိပြုမိသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူ့ဇနီးနှင့် သားလေးနှင့်အတူ အပန်းဖြေခရီးထွက်သွားသည့်အတွက် အလုပ်မလာနိုင်ခဲ့ပေ။ ယနေ့တွင်လည်း အလုပ်စော‌စောဆင်းသွားသည်။ စီအီးအိုစုန့်၏ ပရိသတ်တစ်ယောက်ဖြစ်သည့်အတွက် သူ၏သူဌေးက ဇနီးဖြစ်သူနှင့် ဆက်ဆံရေးကောင်းမွန်လာသောကြောင့် ဝမ်းသာနေမိသည်။ အလုပ်က အရေးကြီးသော်လည်း မိသားစုက ပိုမိုအရေးကြီးလှပေသည်။


စုန့်ထင်ရှန်း ကားပါကင်တွင် ကားရပ်လိုက်သည့်အချိန်တွင် ယွမ်ရှ အလုပ်ဆင်းရန် မိနစ်နှစ်ဆယ်ခန့်လိုနေသေးသည်။ သူက စောစောထွက်လာခဲ့မိခြင်းဖြစ်သည်။


ကံအားလျော်စွာဖြင့် သူကားပါကင်ထိုးပြီး မကြာမီ ချင်ယွီနှင့်ဆုံသည်။


သူတို့က အချင်းချင်း အသိအကျွမ်းများဟု သတ်မှတ်နိုင်ပြီဖြစ်ရာ. စုန့်ထင်ရှန်း ခဏတာတွေးလိုက်ပြီးနောက် ကားပေါ်မှဆင်းကာ ချင်ယွီကို နှုတ်ဆက်လိုက်သည်။

" စီအီးအိုချင် ... တိုက်ဆိုက်လိုက်တာ ..."


 ကားသော့ကိုကိုင်ထားသည့် ချင်ယွီက စုန့်ထင်ရှန်းကို မြင်သည့်အခါ သူ့မျက်နှာတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခုပေါ်လာပြီး ညင်သာစွာပြုံးပြလိုက်သည်။

" အမျိုးသမီးကို လာကြိုတာလား ..."


စုန့်ထင်ရှန်း ခေါင်းငြိမ့်ပြလိုက်သည်။

" ဟုတ်တယ် သူမက တစ်ခါတစ်လေ ကားမမောင်းချင်ဘူး ... ကျွန်တော်ပဲ လာခေါ်ရတယ် ..."


" မြင်ရခဲလိုက်တာ ..."

ချင်ယွီ သက်ပြင်းချလိုက်သည်။


" ဒီနေ့ခေတ်မှာ အားလုံးက အလုပ်များနေကြတာ ... ခင်ဗျားက လက်ထပ်ပြီးတာ တော်တော်ကြာတာတောင် ဒီလိုတွေးနေတုန်းပဲနော် ... လွယ်တော့မလွယ်ဘူး ..."


အကယ်၍ သူဖတ်ထားခဲ့မိသည့် စုံစမ်းမှုများက မထူးဆန်းနေပဲ ယွမ်ရှ၏ အပြုအမူများကလည်း မထူးဆန်းနေခဲ့ပါက ဤလူ ယွမ်ရှကိုကြိုက်နေသည်ဟု ထင်မိမည် မဟုတ်ပေ။ သူ့ပုံစံကလည်း ယွမ်ရှကို သဘော‌ကျနေသည်နှင့်မတူပေ။ 


အကယ်၍ အခြားရှု့ထောင့်တစ်ခုမှ ကြည့်မည်ဆိုပါက ဤလူက အလွန်ကြောက်စရာကောင်းလှသည်။ ချင်ယွီက သူ့ကိုယ်သူ ပုန်းကွယ်နေနိုင်ခဲ့ပြီး အရာအားလုံးကို သူ့လက်အောက်သို့ရောက်အောင် ထိန်းချုပ်‌ထားနိုင်ခဲ့သည်။

ဒီအဆင့်ထိ ရောက်ဖို့ဆိုတာ လူတိုင်းမလုပ်နိုင်လောက်ဘူး ...


စုန့်ထင်ရှန်း ပြုံးပြလိုက်သည်။ သူ၏အကြည့်က အလိုလိုက်သင့်ပုံစံပြောင်းသွားသည်။


" ကျွန်တော်သူမကို စတွေ့တုန်းက အသက်နှစ်ဆယ်ပဲ ရှိသေးတာ တော်တော်ငယ်သေးတယ်လေ ... ဒီနှစ်တွေမှာလည်းကျွန်တော်တို့မှာ ကလေးတစ်ယောက် ရလာခဲ့ပေမယ့် ကျွန်တော့်စိတ်ထဲ သူမက ကလေးလေးပဲ ... သူမက ငယ်ငယ်ရွယ်ရွယ်အချိန်မှာ ကျွန်တော့်ကို လက်ထပ်ခဲ့တာ ကောင်းချီးပေးခံရတာပဲလို့ ကျွန်တော့်ကို တော်တော်များများက ပြောကြတယ် ... အဲ့ဒါအမှန်ပဲ ... ကျွန်တော်သေချာတွေးကြည့်လိုက်တော့လည်း အလုပ်က ဇနီးနဲ့ ကလေးလောက် အရေးမကြီးဘူး ... ယောက်ျားတစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော်တို့ အလုပ်ကြိုးစားရတယ်လေ ... အဲ့ဒါက‌လည်း ဇနီးနဲ့ကလေးကို ပတ်ဝန်းကျင်ကောင်းကောင်မှာ ထားချင်လို့ပဲလေ ..."


ချင်ယွီက သဘောတူဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။


" အမှန်ပဲပေါ့ ... ကျွန်တော်က ရည်မှန်းချက်တွေအတွက် တစ်ဖက်မှာ အလုပ်ကြိုးစားရသလို တစ်ဖက်မှာလည်း ကျွန်တော့်အမျိုးသမီးကို အလိုလိုက်ပေးရတယ် ... ကျွန်တော် ဝန်ခံရမှာ မရှက်ပါဘူး ... တကယ်လို့ ကျွန်တော့်ဇနီးက ကြယ်တွေကိုလိုချင်တယ်ဆိုရင်တောင် ကျွန်တော်သူမအတွက် ယူပေးနိုင်ဖို့ နည်းလမ်းရှာပေးမိမှာ ..."


အယ် ... သူ့မိန်းမက သေသွားပြီ မဟုတ်ဘူးလား ...


ထိုစကားများကြားသည့်အခါ စုန့်ထင်ရှန်း နေရခက်သွားသည်။


သူ၏ စုံစမ်းမှုများမှတစ်ဆင့် သိရသည်မှာ ချင်ယွီနှင့် သေဆုံးသွားသော ဇနီးသည်က ဆက်ဆံရေးမကောင်းလှပေ။ သူမ မသေဆုံးခဲ့ပါကလည်း သူတို့နောက်ဆုံးတွင် ကွာရှင်းကြမည်သာဖြစ်သည်။

ဘာလို့ ချင်ယွီက သူ့မိန်းမအကြောင်းပြောတိုင်း အရမ်းနူညံ့ပြီး အလိုလိုက်တဲ့ပုံ ဖြစ်နေရတာလဲ ... သူ့ကိုကြည့်ရတာ ဟန်ဆောင်နေတာနဲ့လည်း မတူဘူး ...


သူက ခင်ပွန်းကောင်းယောင်ဆောင်ဖို့ သူ့ရဲ့သေသွားတဲ့ဇနီးကို ဆွဲထည့်နေတာများလား ... 


ယောက်ျားသားနှစ်ယောက်က နေရခက်စွာဖြင့် စကားပြောနေစဉ်တွင် ယွမ်ရှက ဓာတ်လှေကားထဲမှ ထွက်လာသည်။ သူမ အလုပ်မှ စောစောထွက်လာခြင်းဖြစ်သည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးသည့်အခါ စုန့်ထင်ရှန်းနှင့် ချင်ယွီက အတူတူရပ်ပြီး စကားပြောနေသည်ကို မြင်လိုက်ရသည်။


သူမက သူတို့နှင့် အနည်းငယ်ဝေးနေသောကြောင့် သူတို့ပြောနေသည်များကို မကြားရပေ။ 


ယွမ်ရှ ထိုနေရာသို့ မြန်မြန်လျှောက်သွားပြီး စိတ်လှုပ်ရှားနေသောအသံဖြင့် ခေါ်လိုက်သည်။

" ယောက်ျား ..."


ချင်ယွီနှင့် စုန့်ထင်ရှန်းက သူမဘက်သို့ လှည့်ကြည့်လိုက်သည်။


ဝမ်လေး၏ ပုံစံအတိုင်းအတုယူပြီး အမြောက်ဆန်လုံးလေးကဲ့သို့ စုန့်ထင်ရှန်း၏ ရင်ခွင်ထဲပြေးဝင်သွားပြီး ဖက်လိုက်သည်။ စုန့်ထင်ရှန်းက သူ့ဘဝကြီးထံမှ အံ့အားသင့်ဖွယ်တစ်ခုကို လွယ်ကူစွာ လက်ခံလိုက်သည်။


xxxxx