အပိုင်း ၁၂၈
Viewers 17k

Chapter 128


သူပြောပြီးသည်နှင့် ကျန်းယွီကိုခေါ်လိုက်သည်။ ကျန်းယွီနှင့် လွေ့ရွှယ်တို့အတူဝင်လာပြီး  ဧကရာဇ်ရွှယ်နှင့် ထန့်ယွင်တို့ကို လေးလေးစားစားဖြင့် အဝတ်အစားဝတ်ဆင်ပေးပြီးနောက် အရှေ့သို့ပြန်ထွက်သွားလေသည်။


မနက်ခင်းညီလာခံပြီးနောက် ထန့်ယွင်ကအမတ်မင်းဝမ်နျန်၏ အိမ်တော်ထံသွားခဲ့သည်။ ရွှယ်ဟုန်ယန်က စစ်ရုံးကို တရားဝင်အုပ်ချုပ်ရသူဖြစ်ပြီး ထန့်ရှန်မှာ အိမ်တော်တွင်တစ်ယောက်ထဲနေရစ်လေသည်။


သဘာဝကျစွာဖြင့် ထန့်ယွင်က ထန့်ရှန့်ဆီသို့ နယ်စားမင်းကျန်းအန်း၏နယ်မြေက စစ်တပ်ကိုလက်ခံရန် ပို့ဆောင်ပေးဖို့လာခဲ့သည်။


ထန့်ယွင်က ထန့်ရှန့်ထွက်လာနိုင်မည်လားဆိုသည်ကိုမမေးချင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ထန့်ယွင်က ထန့်ရှန့်၏စိတ်ကူးက သူနှင့်မတူညီကြောင်းသိသောကြောင့်ပေ။ ထန့်ပြည်ထောင်ကိုထူထောင်နိုင်ရန် ယောက်ျားတစ်ယောက်နှင့်လက်ဆက်ခဲ့ပြီး သူ့၏ နှလုံးသားက  အင်အားကြီးမားလာမည့် ထန်တိုင်းပြည်ကို တောင့်တနေခဲ့သော်လည်း ယခုအခါ ထန့်တိုင်းပြည်က သိမ်းပိုက်ခံရပြီးဖြစ်သည်။ ထန့်ရှန်က အခြားတိုင်းပြည်တစ်ခုအတွက် ထွက်ခွာရန်ဆန္ဒရှိမရှိကို ထန့်ယွင်လည်းမခန့်မှန်းနိုင်ချေ။


ထန့်ရှန်က ထန့်ယွင်ကိုတွေ့သည့်အခါတွင် အနည်းငယ်အံ့ဩသွားပုံရသည်။ သူက ထန့်ယွင်ကိုထိုင်ခိုင်းလိုက်ပြီး အစေခံကို လက်ဖက်ရည်ကောင်းကောင်းယူလာခဲ့ရန် မှာကြားလိုက်သည်။ ထန့်ရှန့်ကပြုံးရင်းပြောလိုက်သည်။


"ရွှယ်ဧကရာဇ်ကမင်းကို နန်းတော်ကထွက်ခွာခိုင်းဖို့ ဆန္ဒရှိနေတာလား......"


ထန့်ယွင်၏မျက်နှာတွင် ခဏတာမျှရှက်ရွံ့သွားသော အမူအရာတို့ပုံထွက်ပေါ်လာပြီး မပြတ်မသားပြောလိုက်သည်။


"တစ်ကယ်တော့ ဦးလေးကိုနှုတ်ဆက်ဖို့လာခဲ့တာပါ...."


"ရွှယ်ဧကရာဇ်က မင်းကို တစ်နေ‌ရာရာဆီပို့ပြန်ပြီထင်တယ်...."


ထန့်ယွင်ကခေါင်းညိမ့်ပြီး ပြောလိုက်သည်။

"အမှန်ပါပဲ...."


ထန့်ရှန့်က ဘာမှပြန်မပြောဘဲ လက်ဖက်ရည်ခွက်ကိုကောက်ကိုင်လိုက်ပြီး လက်ဖက်ခြောက်ရွက်ကိုမှုတ်ကာ တစ်ငုံသောက်လိုက်ရင်း အေးအေးဆေးဆေးဖြစ်နေပုံရသည်။ ထို့နောက်သူပြုံးပြီးပြောလိုက်သည်။


"ဧကရာဇ်ရွှယ်ရဲ့စိတ်ထဲ တစ်ခုခုရှိနေပုံရတယ်.... ငါစိုးရိမ်မိတာက မင်းကအဲ့တာကိုမပြောရသေးတာကိုပဲ...."


"တစ်ကယ်ကိုပဲ ဦးလေးကိုဘာမှဖုံးကွယ်ထားလို့မရဘူးပဲ....."

ထန့်ယွင်က ဆက်ပြီးပြောလာသည်။


"တစ်ကယ်တော့တစ်ခုခုရှိတာအမှန်ပဲ..


.. ဒါပေမဲ့ ဦးလေးကို ခက်ခဲအောင်မလုပ်ချင်လို့ပါ...."


ထန့်ရှန်က ပြောလိုက်သည်။

"ငါဧကရာဇ်ရဲ့ စိတ်ဓာတ်ကိုခန့်မှန်းမိပြီးသားပါ..  သူကမင်းကို လွယ်လွယ်နဲ့ ထွက်သွားခွင့်ဘယ်ပေးနိုင်ပါ့မလဲ... သူစိုးရိမ်နေတာသိသာတယ်....  အရင်ကနဲ့ အခု ဘယ်လောက်ပဲ အကြောင်းပြချက်တွေ ကွဲပြားနေပါစေ.... အတိုချုပ်ပြောရရင် မင်းအကြာကြီးထွက်သွားမှာကို သူစိုးရိမ်နေတုန်းပဲ.... ထုံးစံအတိုင်း သူကတစ်ယောက်ယောက်ကိုရှာဖို့ ဒါမှမဟုတ် တစ်ခုခုလုပ်ဖို့မင်းကိုလွှတ်ပြီးအမြန်ပြန်လာခိုင်းမယ်.... မင်းနောက်ငါလိုက်သွားမယ်ဆိုရင် နယ်စားမင်းဝမ်နျန်က ငါ့ကို ပြန်လာခိုင်းလိမ့်မယ် အရာအားလုံးက မြန်မြန်ဆန်ဆန်ပြီးသွားပြီး မင်းကလည်းအရင်လိုမျိုးစောစောပြန်လာနိုင်လိမ့်မယ်...."


ထန့်ယွင်က ထန့်ရှန်၏ဒွိဟဖြစ်စေသောစကားများကိုကြာပြီးနောက် အနည်းငယ်တုန်လှုပ်သွားခဲ့သည်။ 


ထန့်ရှန်ကအစောကြီးကတည်းက ဧကရာဇ်ရွှယ်က သူ့ကိုဘယ်လိုတွေးထင်လဲဆိုတာ သိနေပြီးသားလား...


ထိုအထိသူတွေးနေစဉ် ထန့်ယွင်က သူ့နှလုံးသားထဲတွင် မည်သို့ခံစားချက်မျိုးဖြစ်ပေါ်နေမှန်းမသိသော်လည်း အလွန်ရှုပ်ထွေးသောခံစားချက်ဖြစ်ကြောင်းကို ပြောနိုင်သည်။


ထန့်ရှန်က ထန့်ယွင်၏မျက်လုံးမှတစ်ဆင့် သူ၏ခံစားချက်ကိုသိရှိလိုက်ပြီး ထန့်ယွင်၏ အတွေးများက အလွန်ရိုးရှင်းကြောင်းသိလိုက်သည်။ အကယ်၍ သူသာအမှန်တကယ် ဂရုမစိုက်ဘူးဆိုပါက သူ့နှလုံးသားထဲအထိ မည်ကဲ့သို့ ယူဆောင်နိုင်မည်နည်း။ သူက ဤကိစ္စများကိုဂရုမစိုက်ပေ။ ဂရုစိုက်ဖြစ်ခဲ့လျှင် သူ့စိတ်ထဲတွင် ၎င်းကအရေးကြီးကြောင်းသက်သေပြသလိုပင် ဖြစ်သွားလိမ့်မည်။


ထန့်ရှန်သည်လည်း သူ့ကိုခက်ခဲအောင်မလုပ်ချင်ပေ။ နောက်ဆုံးတွင် ထန်တိုင်းပြည်၏ အရေးကိစ္စများက ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး သူ့နှလုံးသားထဲရှိ ထိုအကျပ်အတည်းများ ပယ်ပျောက်သွားစေရန် ရွှယ်ဟုန်ယန်ကအချိန်ကြာမြင့်စွာ ကြိုးပမ်းပေးခဲ့သည်။


ထန့်ရှန်ကတမင် အံ့အားသင့်ဟန်ဆောင်လိုက်သည်။

"မင်းလည်ပင်းကဘာဖြစ်လာတာလဲ နန်းတော်ထဲမှာပိုးမွှားတွေရှိနေတာလား....ဒါကယွင်ဖုန့်နန်းဆောင်ရဲ့သန့်ရှင်းမှုတဲ့လား...."


ပထမတော့ ထန့်ယွင်က သူ့လည်ပင်းကိုလက်ချောင်းနှင့် ထိလိုက်သည်။ သူ့လည်ပင်းတွင် ဘာမှားယွင်းနေလဲဆိုတာကို မမြင်နိုင်သော်ငြား သူ့လက်တွေက အနည်းငယ်ယားယံပြီး တုန်ယင်သွားသည်။ သူက လောကကြီးအကြောင်း မြင်တွေ့နေရဆဲသူဖြစ်၍ ၎င်းကိုသူဘယ်လိုလုပ်မသိပဲနေမည်နည်း။ ထိုအချိန်တွင် သူ အလွန်ရှက်ရွံ့သွားခဲ့သည်။


ထိုအချိန်တွင်  ထန့်ရှန်ကအကြောင်းအရာကိုပြောင်းလိုက်သည်။


"ထုံးစံအတိုင်း ငါမင်းနဲ့လိုက်ခဲ့မယ်...."


ထန့်ယွင်က တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ထန့်ရှန့်ကထပ်ပြောလာခဲ့သည်။


"စိတ်မပူပါနဲ့.... ငါမလုပ်ချင်တဲ့အရာဖြစ်နေရင်အတော်နက်ရှိုင်းတဲ့ သူငယ်ချင်းဆက်နွှယ်မှုရှိနေတာတောင် ငါလုပ်မှာမဟုတ်ဘူး.... ငါလုပ်ချင်တာမလို့ မင်းအဲ့အကြောင်းအရမ်းဂရုမစိုက်နဲ့...."


ထန့်ရှန်က ထန့်ယွင်ကို နေ့လည်စာအတူစားဖို့တောင်းဆိုလိုက်သည်။ နေ့လည်စာစားပြီးနောက် လွေ့ရွှယ်ကပြန်ရောက်လာပြီး အပြုံးလေးဖြင့်ပြောလိုက်သည်။


"သခင် အရှင်မင်းကြီးက ဆွေးနွေးစရာကိစ္စရှိတာကြောင့် ပြန်လာခိုင်းလိုက်ပါတယ်...."


ထန့်ရှန်က ရွှယ်ကျွင်းလျန်က သူ၏အရေးကြီးဆုံးလူကို အချိန်အတော်ကြာမတွေ့ရ‌သောကြောင့် စိုးရိမ်နေပြီဖြစ်မှန်းသိလိုက်သည်။ ထို့ကြောင့်လည်း ထန့်ရှန့်က ထန့်ယွင်ကိုပြန်မလွှတ်ခင် တမင်တကာအချိန်ဆွဲထားခဲ့သည်။


ရွှယ်ကျွင်းလျန်က ထန့်ယွင်နှင့်ဆွေးနွေးစရာမရှိသော်လည်း ထိုသူက မနက်ကတည်းကနန်းတော်မှ နေထွက်သွား၍ ပြန်လာရန်အရေးကို စိတ်ပူနေခဲ့သည်။ ထန့်ရှန်နှင့် ထန့်ယွင်တို့ကြားကဆက်ဆံရေးက တူဝရီဖြစ်သော်လည်း သူတို့နှစ်ယောက်တွင် ခိုင်မာသောဆက်ဆံမှုရှိသည်။ ထန့်ယွင်၏ကိုယ်ခံပညာနှင့် စစ်ရေးပညာအားလုံးကို ထန့်ရှန်ကသင်ကြားပေးခဲ့ပြီး ထန့်ယွင်က ထန့်ရှန့်အပေါ် လေးစားမှုနှင့် မိသားစုဝင်တစ်ယောက်လို အလေးထားမှုသာရှိကြောင်းလည်းသိပြီးဖြစ်သည်။


သို့သော် ရွှယ်ကျွင်းလျန်ရဲ့စိတ်ထဲတွင် ရှာလကာရည်ကိုတိတ်တဆိတ်သောက်နေရုံအပြင် မတတ်နိုင်ချေ။ ထန့်ရှန်က ထန့်ယွင်၏အယုံကြည်ရဆုံးလူဖြစ်ကြောင်းသိလာရချိန်က သူ့စိတ်ထဲ၌ အဆင်မပြေသလိုပင် ခံစားလိုက်ရသည်။


ရွှယ်ကျွင်းလျန်က ဧကရာဇ်တစ်ပါးဖြစ်ရန် အရည်အချင်းနှင့်လုပ်နိုင်စွမ်းရှိကြောင်း အမြဲခံစားလာရသော်လည်း အခုအချိန်တွင် သူ မထိန်းချုပ်နိုင်သည့်လူ သို့မဟုတ် စိုးရိမ်ပူပန်စေမည့်လူရှိနိုင်မှန်း သိရှိလာခဲ့ရသည်။ သူ့တွင်လုပ်ချင်တာ မှန်သမျှလက်တွေ့လုပ်နိုင်စွမ်းရှိသော်လည်း ထိုသူ့အကြောင်းကိုတော့သိနားလည်စွမ်းမရှိပေ။

128.2


ထန့်ယွင် ရွှယ်ကျွင်းလျန်ကို လာရောက်တွေ့ဆုံသောအခါ ရွှယ်ကျွင်းလျန်ကချောမွေ့စွာပြောလိုက်သည်။


"တစ်ကယ်တော့ ကိုယ်တော်ထန့်ယင်းကိုပြန်ခေါ်ရတဲ့အကြောင်းအရင်းက အိမ်ရှေ့စံမင်းသားဆီသွားဖို့ ကိုယ်တော်နဲ့အတူလိုက်ခဲ့ပေးဖို့ပဲ....."


ထန့်ယွင်က မကန့်ကွက်သဖြင့် သူတို့အတူတူသွားလိုက်ကြသည်။ အိမ်ရှေ့စံမင်းသား၏ ‌အတန်းကို နေ့လည်စာစားချိန်တွင် ဖယ်ထုတ်ထားခဲ့ပြီး ညနေခင်းစာဖတ်ချိန်ကိုတော့ မစရသေးပေ။


ရွှယ်ဖေက ထန့်ယွင်ကို စတင်တွေ့မြင်ထဲကအမြင်မကြည်ခဲ့သလိုပင် သစ္စာရှိသည့်ဟယ့်ညီနောင်အစ်ကိုသုံးဦးကလည်း ထိုသူအားအမြင်မကြည်ပေ။


ရွှယ်ကျွင်းလျန်က ချန်ယီအားမင်းသား၏ လတ်တလောအခြေအားမေးမြန်းရာ ချန်ယီကလည်းသဘာဝကျစွာဖြင့် မင်းသားအားချီးကျူးပြောဆိုလေသည်။ အမှန်ပင် မင်းသားက အလွန်ထက်မြက်၏။


ရွှယ်ကျွင်းလျန်က ပြောလိုက်သည်။


"ဖေအာက ကိုယ်တော့်ကို ကျေနပ်စေတာပဲ....."


ခဏမျှ စကားပြောကြပြီးနောက် စကားလမ်းစပြောင်းလိုက်ပြီး ရွှယ်ကျွင်းလျန်က ပြောလိုက်သည်။


"ဒီတစ်ကြိမ်တော့ လာရတဲ့အကြောင်းအရင်းနောက်တစ်ခုရှိသေးတယ်.....ကိုယ်တော်ဖေအာဆီကနေ ထန့်ယင်းကိုစောင့်ရှောက်ဖို့ လူသုံးယောက်လောက်တောင်းဆိုချင်တယ်...."


ရွှယ်ဖေက ၎င်းကိုကြားပြီးနောက်သဘောပေါက်သွားခဲ့ပြီး ထိုလူသုံးယောက်က ဟယ့်ညီအစ်ကိုသုံးယောက်ကိုဆိုလိုမှန်းနားလည်သွား၍ သူကပြုံးရင်းပြောလိုက်သည်။


"ခမည်းတော်မသိလို့ပါ ဟယ့်ညီအစ်ကိုသုံးယောက်က ခေါင်းမာပြီးမဆင်မခြင်လုပ်တတ်တဲ့အပြင် သူတို့က ဧကရီ့အပေါ်ပဲသစ္စာစောင့်သိကြတဲ့လူတွေပါ....အခုမယ်တော်က ကွယ်လွန်သွားပြီဆိုတော့ သူတို့ရဲ့သစ္စာခံမှုကိုပြောင်းလဲပေးနိုင်မဲ့လူ မရှိမှာစိုးရွံ့မိပါတယ်..."


ဟယ့်ညီအစ်ကိုသုံးယောက်ကလည်း ဖြောင့်မတ်စွာဖြင့် ရွှယ်ဖေ၏စကားများကိုထောက်ခံခဲ့ပြီး တဖြောင့်ထဲတွေးကြသူများဖြစ်သည့်အလျောက် သူတို့ပြုမူပုံက ရွှယ်ဧကရာဇ်ကို မျက်နှာသာမပေးသလို ဖြစ်သွားမည်ဆိုသည်က်ု မတွေးမိကြပေ။


ထန့်ယွင်က ပြောလိုက်သည်။


"ပြောရရင် အခုသွားရမယ့်အကြောင်းအရင်းက ကျွန်တော်မျိုးကိုစစ်မြေပြင်သွားရတာလောက် အန္တရာယ်မများစေပါဘူး.... သူတို့မှာလည်းကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိသေးတာကြောင့် ကျွန်တော်မျိုးနောက်လိုက်မယ်ဆိုတာမျိုးမသေချာပါဘူး...."


ဟယ်ကျုံးက နားထောင်ပြီးနောက်တွင် သူ့၏စကားတွေကိုရှုံ့ချလိုက်ပြီး ချက်ချင်းမပျော်ရွှင်စွာနဲ့ပဲ ပြောဆိုလာသည်။


"မင်းဘာသိလို့လဲ.... ငါစစ်သူကြီးဖြစ်နေတဲ့အချိန် မင်းနို့စို့အရွယ်လေးပဲရှိနေသေးမှာကိုပဲ...."


ထန့်ယွင်ကစိတ်မဆိုးသည့်အပြင် ရယ်မောလိုက်သည်။


"အဲ့တာကမှန်ပါတယ် ဒါပေမဲ့ကျွန်တော်နည်းနည်းသိထားသေးတာက.......အဲ့ဒီနှစ်တုန်းကညီအစ်ကိုသုံးယောက်က သူရဲကောင်းဆန်ပြီး ရဲရင့်တဲ့စစ်သည်တွေဖြစ်ကြပေမဲ့ နောက်ပိုင်းဧကရီရဲ့တပ်သားစုဆောင်းတာကိုခံခဲ့ရတယ်.... အခုချိန် ကိုယ်ရံတော်အသေးအမွှားလေးဖြစ်တာကို ပျော်ရွှင်နေကြလိမ့်မယ်လို့တော့မတွေးခဲ့ဖူးဘူး.... ဒါပေမဲ့အဲ့ဒါကယုတ်ညံ့တဲ့ဓားပြတွေဖြစ်တာထက်ပိုလွယ်ကူပါတယ် သူများမိသားစုတွေဆီကလုယက်စရာမလိုသလို တရားစီရင်ရေးရုံးရောက်မှာကိုလည်း စိုးရိမ်စရာမလိုတော့ဘူးလေ.... တဖြည်းဖြည်းနဲ့စိတ်ဓာတ်နဲ့ ရည်မှန်းချက်တွေကအမြင်နိမ့်ကျလာတာပဲ... ကြည့်ရသလောက် အခုချိန်မင်းစစ်မြေပြင်ကိုသွားချင်ရင်တောင် ရန်သူတွေကိုတစ်ကယ်သတ်နိုင်ပါမယ်တဲ့လား...."


ဤစကားကိုကြားပြီးနောက် ဟယ်ကျုံးက ရွှယ်ကျွင်းလျန်ရှိနေသည်ကိုပင် ဂရုစိုက်မနေနိုင်တော့ပဲ ပြောလိုက်သည်။


"အတင့်ရဲလိုက်တာ ဒီသခင်ကြီးရဲ့ဓားက ရန်သူတွေကိုသတ်ဖို့ မွေးဖွားလာခဲ့တာကွ... အပျော်ဆော့ကစားဖို့မဟုတ်ဘူး....."


‌"ကောင်းပြီလေ....."


ထိုအချိန်တွင် ရွှယ်ကျွင်းလျန်ကပြုံးပြီး ပြောလိုက်သည်။


"ဒါဆိုလည်းမင်းတို့သုံးယောက်ကိုလက်ထောက်စစ်သူကြီးလုပ်ခိုင်းမယ်.... မင်းရဲ့အရည်အချင်းတွေကို ထန့်ယင်းအသိအမှတ်ပြုသွားအောင် ပြသနိုင်တယ်...."


သူတို့သုံးယောက်က အများကြီးစဉ်းစားမနေပဲ ခေါင်းငုံ့ပြီးအမိန့်ကိုနာခံခဲ့သည်။


........


ရွှယ်ကျွင်းလျန်နှင့် ထန့်ယွင်တို့က အချင်းချင်းတွဲဖက်ညီမှုကိုပြသခဲ့ပြီးနောက် ပင်မခန်းမဆောင်သို့ပြန်ပြီး စတင်ထွက်ခွာမည့်အချိန်ကိုဆွေးနွေးရန် ဝန်ကြီးများကိုဖိတ်ခေါ်လိုက်သည်။ ထန့်ယွင်နှင့် ဟယ့်ညီအစ်ကိုသုံးယောက်က အမတ်မင်းကျန်းအန်ကို စောင့်ကြပ်မည်ဟူသော အမည်ဖြင့်စတင်ထွက်ခွာလာခဲ့ကြသည်။


ထန့်ယွင်က ဒီတစ်ကြိမ်တွင် စစ်တပ်အာဏာလက်ခံယူရန်သွားရမည်ဖြစ်ပြီး တိုက်ခိုက်ရန်သွားသည်မဟုတ်သည့်အတွက် လူအများကြီးမခေါ်ဆောင်လာခဲ့ပေ။ ထို့အပြင် ရွှယ်ကျွင်းလျန်တစ်စုံတစ်ခုမှားနေပြီဟု ခံစားရမည်ကိုကြောက်ရွံ့မိသည်။ သူသာ အချိန်အများကြီးပြင်ဆင်နေပါက ထန့်ယွင်အတွက်မကောင်းသောကြောင့် ပြင်ဆင်ချိန်သိပ်မကြာလိုက်ပဲ မကြာခင်တွင်ထွက်ခွာသွားတော့သည်။


ရွှယ်ချန်ကျင်းက ထန့်ယွင်အပေါ်စိတ်ဝင်စားမှုရှိပါသော်လည်း မည်သို့ပင်ဖြစ်စေ သူကရွှယ်ဧကရာဇ်၏ လူဖြစ်နေပြီး ဧကရာဇ်ရွှယ် ၏သဘောထားကလည်း အစောကြီးကတည်းက ရှင်းရှင်းလင်းလင်းဖော်ပြထားပြီးသားဖြစ်သည်။ ရွှယ်ချန်ကျင်းက သိပ်မကြာခင်ကပြဿနာတစ်ခုဖြစ်ခဲ့ပြီး ယခုတွင် ဖုန့်မင်းသမီးနှင့်လက်ဆက်ခဲ့ရသည်။ မင်းသမီး၏ ငယ်ဘဝအတိတ်ကြောင့် ကြမ်းတမ်းသည့် ခရီးရှည်တစ်ခါထွက်တိုင်း အမြဲချော့မော့ပြောဆိုခဲ့ရသည်။


ရွှယ်ချန်ကျင်းက ယောင်္ကျားတစ်ယောက်ပင်။ မင်္ဂလာသေရည်အားသောက်သုံးပြီးနောက် သူဘာမှမလုပ်ဆောင်နိုင်တော့ပေ။ ကံကောင်းစွာဖြင့် လိမ္မာပါးနပ်သောစကားလုံးများနှင့် အမူအယာများကြောင့် မင်းသမီးကိုသံသယမဖြစ်စေပဲပြောဆိုနိုင်ခဲ့သည်။ ရွှယ်ချန်ကျင်းက ဖုန့်ပြည်ထောင်နှင့် ဝေးကွာသော နယ်မြေသို့ရောက်သောအခါ မင်းသမီးကမည်သည့်အထောက်အပံ့မှမရှိတော့၍ သူထပ်ပြီးကြောက်ရွံစရာမလိုဟုတွေးမိသည်။ ထို့ကြောင့် သူ ဤအခြေအနေများကို တိတ်တဆိတ်ခံနိုင်ရည် ရှိနေခြင်းဖြစ်သည်။


ထန့်ရှန်သည်လည်း ထန့်ယွင်နောက်လိုက်ပါခဲ့ပြီး သူတို့အဖွဲ့၏အရှိန်မှာမနှေးပေ။ လမ်းတစ်လျှောက်ရှိ အရာရှိများက ဤလူများကဧကရာဇ်ရွယ် ၏မျက်နှာသာပေးခြင်းခံရသူများဖြစ်သည်ကိုသိထားကြသဖြင့် လျစ်လျူမရှုဝံ့ကြသော်ငြား အဖွဲ့သားများက အရာအားလုံးကိုအမြန်ဖြတ်ကျော်သွားခဲ့ကြသည်။


ညီလာခံသိမ်းချိန်ရောက်သောအခါ ရွှယ်ချန်ကျင်း၏ဒုတိယညီနှင့် အမတ်မင်းကျန်းအန်၏ ဒုတိယမြောက်သားက အမိန့်ကြောင့်အစောကြီးလာရောက်ကြသည်။ ကျန်းအန်၏ သားများက မျက်နှာသာပေးခံရပြီး လူတိုင်းက စစ်တပ်အာဏာနှင့်မြေယာများ ပေးအပ်လာခဲ့ သောကြောင့် သူတို့ဝမ်းသာအားရဖြစ်သွားကြသည်။ မြို့တော်မှ သံတမန်ရောက်လာကြောင်း ကြားသိရသောအခါ ဟင်းလျာများချက်ပြုတ်ပြီးမျက်နှာလိုမျက်နှာရလုပ်ကြရလေသည်။


xxxxxxx