Ch 21
Viewers 9k


Chapter 21 


“စျေးနှုန်းညှိနှိုင်းခြင်း”




ဖူမင်ယိုသည် မုရှင်းကျိုးကို ဧည့်ခန်းထဲခေါ်လာပြီး ပြုံး၍ပြောလိုက်သည်။ “မုသခင်လေးက ကျွန်တော့်ပစ္စည်းတွေကို မြင်ပြီးပြီဆိုတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောကြပါစို့.. ဒီပစ္စည်းတွဲမှာ နံပါတ်တစ်ကို ကြေးဒင်္ဂါးပြား၅၀၊ နံပါတ်နှစ်ကနေ ငါးအထိကို ကြေးဒင်္ဂါးပြား၁၅၀၊ နံပါတ်ခြောက်ကတော့ ကြေးဒင်္ဂါးပြား၅၀၀ စျေးနဲ့ရောင်းပါမယ်”



နံပါတ်ခြောက်၏ စျေးနှုန်းသည် ဖူမင်ယို ကြိုတင်စဥ်းစားထားသည့် စျေးနှုန်းဖြစ်၏။ ၎င်းသည် အရေအတွက်နည်းပါးပြီး တခြားမီးအိမ်များထက် ပိုကြီးသည်။ ရှားပါးလေ စျေးကြီးလေဆိုသည့် သဘောတရားအတိုင်းဖြစ်၏။



မုရှင်းကျိုးက စားပွဲခေါက်၍ တွေးဆဆပြောလိုက်သည်။ “ဖူသခင်လေး.. မူရင်းစျေးကို ပြား၂၀ထပ်တိုးပေးပါမယ်.. ဒါပေမယ့် ကျွန်တော့်ဆိုင် တစ်ဆိုင်တည်းကိုပဲ ရောင်းပေးပါ”



မုရှင်းကျိုးက နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ခဲ့သူဖြစ်ရာ ဤပစ္စည်းများကို သူ့ဆိုင်တစ်ဆိုင်တည်းတွင်သာ ရောင်းချမည်ဆိုပါက အမြတ်အစွန်း အလွန်ကြီးမားမည်ကို သူသိထားသည်။



သို့သော် တခြားသူတစ်ယောက်က သူနှင့်အတူ ခွဲဝေရောင်းချလျှင် အမြတ်အစွန်း လျော့နည်းသွားမှာသေချာသည်။



ဖူမင်ယို၏ မျက်လုံးများတွင် အပြုံးရိပ်ပေါ်လာသည်။ သူက လက်ဖက်ရည်တစ်ငုံသောက်၍ ဆိုသည်။ “ပြား၂၀ပဲဲ တိုးပေးတာက နည်းသလိုပဲ”



ဘယ်လိုပဲဖြစ်ဖြစ် သူ့ပစ္စည်းတွေကို တစ်ယောက်တည်းသာ ရောင်းချမယ်ဆိုရင် တခြားသူတွေကို ရောင်းချလို့ရတော့မှာ မဟုတ်ဘူးမလား။



“ဒါဆို ဖူသခင်လေးကပဲ စျေးတစ်ခုသတ်မှတ်ပေးပါ”



ဖူမင်ယိုက အပြင်ပန်းမှာမြင်ရသလို မရိုးရှင်းကြောင်း မုရှင်းကျိုး သိပြီးသားပင်။ ဒီလိုပစ္စည်းမျိုးရှိနေတဲ့လူက ရိုးရှင်းတဲ့လူ ဖြစ်နိုင်ပါဦးမလား။



ဖူမင်ယိုက ပြုံး၍ တည့်တိုးပြောလိုက်၏။ “စျေးနှုန်းကိုတော့ ပြောင်းဖို့မလိုပေမယ့် မုသခင်လေးရတဲ့ အသားတင်အမြတ် ၁၀% ကို ကျွန်တော်လိုချင်ပါတယ်”




သူ့တောင်းဆိုမှုက မများချေ။ 

ဤပစ္စည်းတစ်သုတ်ကို မြို့တော်သို့ ယူဆောင်သွားပါက ထိုနေရာမှာ အရာရှိကြီးများနှင့် မှူးမတ်များ သဘောကျမှာ သေချာသည်။



မည်သို့ပင်ဆိုစေ ဤပစ္စည်းသည် လီတိုင်းပြည်မှာ တစ်ခါမှမရှိဖူးသော အရာဖြစ်၏။



မုချင်းကျိုးက တခဏမျှ တိတ်ဆိတ်သွားပြီးမှ ဆုံးဖြတ်ချက်ချလိုက်၏။ “ကောင်းပါပြီ.. ဖူသခင်လေးပြောတဲ့အတိုင်းပဲ လုပ်ပါမယ်”



ဖူမင်ယိုက ပြုံးပြီး ပြောလိုက်၏။ “ပူးပေါင်းဆောင်ရွက်ရတာ ဝမ်းသာပါတယ်”



မုရှင်းကျိုးသည်လည်း ပြုံးရွှင်လျက်ရှိသည်။ 

အသားတင်အမြတ်၏ ဆယ်ရာခိုင်နှုန်း ဆုံးရှုံးသွားသော်လည်း ဖူမင်ယိုနှင့် ဆက်ဆံရေးကောင်း တည်ဆောက်နိုင်ခြင်းသည် အမြတ်တစ်ရာရာခိုင်နှုန်း ရရှိခြင်းထက်ပင် ပို၍တန်ဖိုးရှိသည်။



ထို့နောက် သူတို့နှစ်ဦးက စာချုပ် တန်းချုပ်လိုက်ကြပြီး ဖူမင်ယိုသည် မီးအိမ်များ ထိခိုက်ပွန်းပဲ့ခြင်းမှ ကာကွယ်နိုင်စေရန် အဖုံးများ အလကားပေးခဲ့သည်။ 




သူရှေ့က ထူးဆန်းသောပစ္စည်းများကို ကြည့်ကာ မုရှင်းကျိုးက အလွန်အံအားသင့်နေသည်။ ဤပစ္စည်းမျိုးကို မမြင်ဖူးသော်လည်း ဤပစ္စည်းဖြင့်ဆိုလျှင် မည်မျှပင် ဝေးဝေးသွားစေကာမူ မီးအိမ်များ လုံးဝပျက်စီးမည်မဟုတ်ကြောင်း နားလည်လိုက်၏။



“နောက်ကျနေပြီဆိုတော့ ဖူသခင်လေးကို အနှောင့်အယှက်မပေးတော့ပါဘူး.. နေ့လည်လောက်ကျရင် ကျွန်တော်ကိုယ်တိုင်

 လူတွေခေါ်ပြီး ပစ္စည်းတွေလာယူပါမယ်”



မုရှင်းကျိုးက လက်နှစ်ဖက်ယှက်၍ ဖူမင်ယိုကို ကြည့်ပြီး ပြောလိုက်သည်။




ဤပစ္စည်းတစ်သုတ်ကို သူ ကိုယ်တိုင်မကြည့်ရပါက လုံးဝစိတ်အေးမည်မဟုတ်ပေ။




ဖူမင်ယိုက အပြုံးလေးဖြင့် တုံ့ပြန်ပြီးနောက် တစ်ဖက်လူအား တံခါးဝထိ လိုက်ပို့လိုက်သည်။



တိုက်ဆိုင်စွာပင် သူ တံခါးဝမှထွက်လာစဥ် အရင်က တစ်ကြိမ်ဆုံခဲ့ဖူးသော မုလေးကိုမြင်လိုက်ရပြီး ချက်ချင်းပြုံးပြလိုက်၏။ “အစ်ကိုကြီးမု.. အမဲလိုက်ပြီး ပြန်လာတာလား.. ဒီနေ့ သားကောင်း ဖမ်းကောင်းခဲ့တယ်ထင်တယ်”


မုလေးက ခေါင်းညိတ်ပြပြီး ဖူမင်ယိုအား ရစ်ငှက်တစ်ကောင်ပေးရင်း ပြောလိုက်၏။ “မင်းပေးခဲ့တဲ့ လောက်လေးခွက အရမ်းကောင်းတယ်ကွာ”




တစ်ဖက်လူပေးခဲ့သော ပစ္စည်းကို တစ်ခါမျှ မမြင်ဖူးသော်လည်း ခိုင်ခံ့လွန်း၍ ကွေးလို့ပင်မရပေ။




ထိုစဥ် နံဘေးရှိ မုရှင်းကျိုးက စိတ်နေစိတ်ထား ကြီးကြီးမားမား ပြောင်းလဲသွားသော မုလေးကိုကြည့်ပြီး အာမေဋိတ်သံပြုလိုက်၏။ “ဦး…”




‘ဦးလေးငယ်'ဟူသော စကားလုံးသုံးလုံးကို မပြောနိုင်ခင်မှာ မုလေးက မျက်လုံးဖြင့် တားမြစ်လိုက်၏။



ဖူမင်ယို၏ မျက်လုံးများက တွေးတောနေဟန်ရှိသော်လည်း မသိချင်ယောင်ဆောင်လိုက်၏။ “အစ်ကိုကြီးမု.  ခဏစောင့်ပါဦး”



“မုသခင်လေး.. ကျွန်တော်လိုက်မပို့တော့ဘူးနော်.. သတိထားသွားပါ.. နေ့လည်ကျရင် လူတွေတစ်ခါတည်းခေါ်လာလို့ရပါတယ်”



ဖူမင်ယိုက မုရှင်းကျိုးကို လှည့်ကြည့်ကာ ပြုံးရယ်လျက် ပြောလိုက်၏။


မုရှင်းကျိုးက ကြောင်တက်တက် ခေါင်းညိတ်ပြပြီး နောက်လိုက်နှင့်အတူ မြင်းလှည်းဖြင့် ထွက်ခွာသွားလေသည်။



တစ်ဖက်လူ ထွက်သွားပြီးနောက် ဖူမင်ယိုက ရစ်ငှက်ကို အထဲယူသွားရင်း ပြောလိုက်၏။ “အစ်ကိုကြီးမု.. အထဲဝင်ပါ”



သူသည်ကား မုလေးနှင့် မရင်းနှီးသော်လည်း ထိုလူပေးခဲ့သော ဓားမြှောင်သည် တန်ဖိုးရှိလှပြီး ၎င်းပေါ်က ကျောက်မျက်ရတနာကို ရောင်းမည်ဆိုလျှင် ငွေတေးလ်အများကြီးရမှာ သေချာသည်။



“အစ်ကိုကြီးမု.. ရစ်ငှက်အတွက် ကျေးဇူးတင်တဲ့အနေနဲ့ ဒါကိုပေးချင်လို့ပါ”



ဖူမင်ယိုက သူ့အခန်းထဲမှ နံပါတ်တစ်မီးအိမ်ကို တိုက်ရိုက်ယူလာပေးလိုက်၏။ မုရှင်းကျိုးအား အများကြီးရောင်းချခဲ့သော်လည်း သူ့အတွက် အများကြီး ချန်ထားသေးသည်။




တစ်ဖက်လူပေးခဲ့သော ဓားမြှောင်သည် စျေးကြီးလွန်းလှ၍ ဖူမင်ယိုက အမြတ်အများကြီး ရလိုက်သည်ဟု အမြဲတမ်းခံစားခဲ့ရသည်။ 


“ဒါဘာလဲ”



မုလေးက ငြင်းဆိုခြင်းမပြုဘဲ သူ့ရှေ့မှ လှပသောပစ္စည်းကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေသည်။



ဖူမင်ယိုက ပြုံး၍ တစ်ဖက်လူအား ဖွင့်ပြလိုက်သည်။ “ကျွန်တော်က ဒီပစ္စည်းကိုရောင်းပြီး ငွေရှာပေမယ့် အစ်ကိုကြီးမုကတော့ ကိုယ်တိုင်ပဲသုံးပါ… မရောင်းပါနဲ့”


သိို့သော် မုလေးက ဤပစ္စည်းကို ရောင်းလိုက်လျှင်လည်း မုရှင်းကျိုးက ကန့်ကွက်မည်မဟုတ်ဟု သူ ထင်သည်။



မုလေးက ခေါင်းညိတ်ကာ ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ်”


ဖူမင်ယိုက မလိုအပ်ကြောင်းပြရန် ခေါင်းယမ်းလိုက်ပြီး တစ်ဖက်လူ ထွက်သွားပြီးနောက် သူသည် ပစ္စည်းများယူ၍ ရှမိသားစုဆီသို့ တန်းသွားလိုက်၏။



“အဒေါ်.. ကျွန်တော် ထမင်းလာစားတာပါ” ယခုအခါ သူသည် ရှလီရမ်မိသားစုနှင့် အလွန်ရင်းနှီးသွားပြီဖြစ်၍ အားနာမနေတော့။



အမေရှက သူ့လက်ထဲက ရစ်ငှက်ကိုကြည့်ပြီး ပြုံးလိုက်သည်။ “ဖူရှောင်ကျစ်.. ရစ်ငှက်က ပစ္စည်းကောင်းပဲ.. မင်းပဲစားဖို့ သိမ်းထားပါ”


ဖူမင်ယိုက သတိလစ်နေသော ရစ်ငှက်ကို ဘေးချကာ ပြောလိုက်၏။ “အဒေါ်.. ကျွန်တော်က အရွယ်ရောက်ပြီးသား ယောကျာ်းကြီးပါ.. ကျွန်တော့်ဟင်းချက်စွမ်းရည်က ညံ့ဖျင်းလွန်းလို့ ဒီရစ်ငှက်ကို အလကားမဖြစ်စေပါနဲ့ဗျာ”



အိမ်ထဲမှာရှိနေသော ညီအစ်ကိုနှစ်ယောက်က ဖူမင်ယို၏အသံကိုကြားပြီး ချက်ချင်းထွက်လာသည်။


“ဝိုး.. ရစ်ငှက်ပါလား”




ဤသည်မှာ ရှရှောင်ပေါင်က ရစ်ငှက်ကို ဤမျှနီးနီးကပ်ကပ်မြင်ဖူးတာ ပထမဆုံးအကြိမ်ဖြစ်၏။ ၎င်းသည် အရောင်အသွေးစုံလင်စွာ လှပနေသည်။



ဖူမင်ယိုက လက်ဆန့်ပြ၍ သူ့ကိုကြည့်ကာ ပြုံးလိုက်ပြီး ရှယန်ရှီးဘက်လှည့်ကာ ပြောလိုက်သည်။ “ရှီးရှီး.. မင်းကို ပေးစရာပစ္စည်းတစ်ခုရှိတယ်”




ရှယန်ရှီးက နှုတ်ခမ်းကွေးညွတ်အောင် ပြုံး၍ မေးလိုက်သည်။ “ဖူတာ့ကောရဲ့ လက်ထဲက ပစ္စည်းကိုပြောတာလား”



ဖူမင်ယို ခေါင်းညိတ်ပြလိုက်သည်။ မလှမ်းမကမ်းမှ ဤမြင်ကွင်းကို ကြည့်နေသော အမေရှက ပြုံးလိုက်မိ၏။ 


လူငယ်လေးနှစ်ယောက်ကို သူတို့ဘာသူတို့ ရင်းနှီးခွင့်ပေးထားလိုက်မယ်.. အချိန်တန်ရင် ဖူရှောင်ကျစ်က သဘာဝကျကျ လက်ထပ်ခွင့်လာတောင်းမှာပေါ့..



သူ့ကောလေး ဘယ်လောက်ကောင်းလဲ အမေဖြစ်တဲ့သူက အသိဆုံးပဲမလား။



ဖူမင်ယိုက ရှယန်ရှီးကို ဧည့်ခန်းထဲခေါ်သွားပြီး သူ့အခန်းထဲသို့ မဝင်ခဲ့ပေ။ ဤအရာက မသင့်တော်၍ပင်။



သူ့လက်ထဲရှိ မီးအိမ်ကို ဖွင့်၍သရုပ်ပြလိုက်သောအခါ ရှယန်ရှီး၏ အံ့သြသဘောကျသောအကြည့်ကို ရရှိခဲ့သည်။



“ဖူတာ့ကော.. ဒါဘာလဲ..အရမ်းမိုက်တာပဲ”



ရှယန်ရှီးက သူ့ရှေ့မှ မီးအိမ်ကိုကြည့်ပြီး အံ့အားသင့်မှုအပြည့်ဖြင့် ပြောလိုက်သည်။



အပြင်ဘက်မှာ ရစ်ငှက်ကိုကြည့်နေသော ရှောင်ပေါင်သည် သူ့အစ်ကို၏ အာမေဋိတ်သံကိုကြားပြီး ချက်ချင်းဆိုသလို အထဲပြေးဝင်လာပြီး သူပါ အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။



အဆုံးမှာ မိသားစုတစ်ခုလုံးက မီးအိမ်ကိုဝန်းရံ၍ အချိန်ကြာမြင့်စွာ ကြည့်ရှုခဲ့ကြသည်။ သူတို့အမြင်တွင် ဤပစ္စည်းက ရှားပါးရတနာတစ်ခုဖြစ်၏။



“အဒေါ်.. ဦးလေးလည်း ပြန်ရောက်လာတော့မှာဆိုတော့ ကျွန်တော် ရစ်ငှက်ကို သန့်ရှင်းရေးလုပ်လိုက်မယ်”


ဖူမင်ယိုက အမေရှကိုကြည့်၍ အပြုံးလေးဖြင့် ပြောလိုက်၏။



နေ့လည်ရောက်တော့မည်ဖြစ်၍ ရှလီရမ် လယ်ကွင်းထဲမှ ပြန်လာတော့မည်။ တစ်ဖက်လူက ဤရက်ပိုင်းမှာ ပေါင်းသင်နေ၍ နေ့လည်မှ နေ့လယ်စာစားဖို့ ပြန်လာလေ့ရှိသည်။


အမေရှက ဤစကားကြားသောအခါ အချိန်ကျပြီဖြစ်ကြောင်း သတိပြုမိလိုက်၍ အတူတူချက်ပြုတ်ရန် ရှယန်ရှီးကို ခေါ်လိုက်တော့သည်။