အပိုင်း ၁၃၀
Viewers 17k

Chapter 130


ထန့်ရှန့်က ပြောလိုက်သည်။

.

“အခုချက်ချင်း အလျင်စလို ပြန်သွားစရာ မလိုပါဘူး… မင်း မြန်မြန်ဆန်ဆန် ထွက်သွားမယ်ဆိုရင် ရွှယ်ချန်ကျင်းက သံသယဖြစ်လိမ့်မယ်… ဧကရာဇ်ရွှယ်က မင်းကို ပြန်လာဖို့ အရေးတကြီး တောင်းဆိုနေတယ် ဆိုတဲ့ သတင်းအမှားမျိုး မင်းဆီကို တစ်ယောက်ယောက်ကို ပို့ခိုင်းလိုက်… အဲ့ဒီအချိန်မှ သွားလည်း မင်း နောက်မကျသေးပါဘူး…”


ထန့်ယွင်က သဘောတူကြောင်း ပြန်ဖြေလိုက်သည်။ နေ့လည်သို့ ရောက်သောအခါ ရွှယ်ချန်ကျင်းက ယဉ်ကျေးမှုအရ လာရောက်ပြီး ကျေနပ်သွားအောင် တောင်းပန်စကား ဆိုလေသည်။ အမှန်တကယ်တမ်းတွင် ထန့်ယွင်၏ သံသယကို ရှောင်ရှားရန်အတွက် သူ့ကို စိတ်ကျေနပ်အောင် ကြိုးစားနေခြင်းသာ ဖြစ်သည်။ ကံမကောင်းစွာဖြင့် ထန့်ယွင်ကား သူဖုံးကွယ်ရန် ကြိုးစားနေသော သတင်းအချက်အလက်ကို သိထားပြီးသား ဖြစ်ပေသည်။


ဤအချိန်တွင် အစောင့်တစ်ဦး ရောက်လာပြီး မြေပြင်ပေါ်၌ ဒူးထောက်ကာ မြို့တော်တွင် အရေးပေါ်အခြေအနေ ဖြစ်နေသဖြင့် ချက်ချင်း ဖြေရှင်းနိုင်ရန် အမတ်ကြီးထန့်ယွင် မြို့တော်သို့ ပြန်လာရန် လိုအပ်ကြောင်း ပြောလိုက်သည်။


ထိုအခါ ရွှယ်ချန်ကျင်းက သူ ထွက်သွားတော့မည် ဖြစ်သဖြင့် ဝမ်းသာနေပြီး မည်သည့် ကိစ္စကိုမှ သံသယမဝင်ပေ။ သူက ထန့်ယွင်အတွက် အစောင့်အကြပ်များနှင့် မြင်းများကို အဆင်သင့်ပြင်ဆင်ထားရန် အမိန့်ပေးလိုက်ပြီး စိတ်ကျေနပ်စေရန် ရွှေငွေသေတ္တာများပါ ပြင်ဆင်ပေးလိုက်သည်။


ထန့်ယွင်က ထိုလက်ဆောင်များကို သဘာဝကျကျ လက်ခံလိုက်ပြီး သူ့လူများကို သေတ္တာအား သော့ခတ်ခိုင်းပြီး ကုန်ကျစရိတ်အဖြစ် ပြန်လည် ပို့ဆောင်ခိုင်းလိုက်သည်။


ထို့နောက် သူတို့အဖွဲ့ မြို့တော်သို့ အမြန် ပြန်သွားကြ၏။ မြို့တော်အနီးသို့ ရောက်သောအခါ ထန့်ယွင်က ထန့်ရှန်း ပြောသည့် စကားများကို ရုတ်တရက် ပြန်လည် အမှတ်ရလာသည်။ အကယ်၍ တိုင်းပြည် နှစ်ခုသာ စစ်မက်ဖြစ်ပွားခဲ့ပါက ရွှယ်တိုင်းပြည်တွင် ဗျူဟာမှူးများနှင့် စွမ်းရည်ရှိသော စစ်သည်တော်များ ပိုင်ဆိုင်ထားသော်လည်း တစ်ခုတည်းသော လိုအပ်သည့်အရာမှာ ရှေ့ပြေးတပ်အဖြစ်ဆောင်ရွက်ပေးနိုင်မည့် ဗိုလ်ချုပ်တစ်ယောက် ဖြစ်သည်။


ဟယ့်ညီနောင်သုံးဖော်မှာ ရဲရင့်ပြီး တိုက်ရည်ခိုက်ရည် အားကောင်းသော်လည်း သူတို့၏ စိတ်ထားမှာ ဒေါသ ဖြစ်လွယ်သောကြောင့် ရှေ့ပြေးတပ်အဖြစ် ဆောင်ရွက်ရန် မသင့်တော်သော်လည်း ထန့်ရှင်းမှာ ခြားနားပေသည်။ ထန့်ရှင်းက အမြဲလိုလို တည်ငြိမ်ပြီး ဆုံးဖြတ်ချက် ပြတ်သား၏။ အကယ်၍ ထန့်ဘုရင်ကသာ သူ့ကို အဆုံးသတ်အထိ မတွန်းပို့ခဲ့ပါက အိမ်ရှေ့စံအဖြစ် ဆက်လက်၍ သူ့တိုင်းပြည်၏ တာဝန်များကို တစ်သက်တာလုံး ထမ်းရွက်နေပေလိမ့်မည်။


ထန့်ယွင်နှင့် ထန့်ရှင်းတို့မှာ မိခင်တစ်ဦးတည်းမှ မွေးဖွားခြင်း မဟုတ်သည့်အပြင် နှစ်ဦးကြားရှိ ခင်မင် ရင်းနှီးမှုမှာ အလွန် နက်နဲခြင်း မရှိသော်လည်း ထန့်ရှင်း၏ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းရည်ကို ကောင်းစွာ သိရှိထားလေသည်။


ထန့်ယွင်တို့အဖွဲ့ မြို့တော်အနားသို့ ရောက်လာသည်နှင့်တပြိုင်နက် ရွှယ်ကျွင်းလျန်က သတင်းရရှိထားသည်။ သူက ထန့်ယွင် မကြာခင် ပြန်လာမည်ဟု မမျှော်လင့်ထားသော်လည်း အမတ်ကြီးထန့်ယွင်မှာ အလောတကြီးနှင့် အလွန်  လျင်မြန်စွာ ပြန်လာနေကြောင်း သတင်းပေးပို့သူက ပြောသည်။


ရွှယ်ကျွင်းလျန်က ချက်ချင်းပင် ၇ မှတ်၊ ၈ မှတ် ခန့်မှန်းလိုက်၏။ ထန့်ယွင်ကို သွားကြိုရန်အတွက် တစ်စုံတစ်ယောက်အား မြို့ပြင်ထွက်ရန် သူကိုယ်တိုင် အမိန့်ပေးလိုက်သော်လည်း မကြာမီပင် အမတ်ကြီးထန့်ယွင်က ရုတ်တရက် ဦးတည်ချက် ပြောင်း၍ မြို့တော်မှ ၁၀ မိုင်ခရီး အကွာရှိ အရှေ့ဘက်သို့ ထွက်ခွာသွားကြောင်း သတင်းပေးပို့လာသည်။


ဆင်ခြေဖုံး၏ အရှေ့တောင်ဘက်တွင် အမဲလိုက်ခြင်းနှင့် လေ့လာရေးခရီးစဉ်အတွက် ယခင်က ရွှယ်ဧကရာဇ်များ အသုံးပြုခဲ့သော ခြံဝင်းကြီး တစ်ခု ရှိသည်။ သို့သော် နောက်ပိုင်းတွင် ပိုမိုကောင်းမွန်သည့် ခြံဝင်းကြီးတစ်ခုအဖြစ် ဆောက်လုပ်ခဲ့ကြပြီးနောက် ဤနေရာမှာ စွန့်ပစ်ခံလိုက်ရပြီး နောက်ပိုင်းတွင် ချုပ်နှောင်ခံရသူများ ထားသည့် နေရာအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။


ဤနေရာတွင် အသတ်မခံခဲ့ရသော အဆင့်မြင့် ဝန်ကြီး အများအပြား ရှိနေကြပြီး သူတို့အားလုံး အကျဉ်းကျနေသည်။ ထန့်ဘုရင်က ရွှယ်နိုင်ငံလက်အောက်တွင် သစ္စာခံပြီးချိန်မှစ၍ ထန့်ရှင်းသည်လည်း ဤခြံဝင်းထဲ၌ နေထိုင်ခဲ့ရလေသည်။


ခြံဝင်းထဲ၌ အစောင့်အကြပ်များ များစွာ ရှိနေသော်လည်း လူများကို ခြံထဲသို့ ဝင်ခွင့်မပေးပေ။ ထန့်ယွင်က ထိုနေရာသို့ ရောက်သောအခါ ဂိတ်ကို ဖြတ်၍ ချောမောစွာပင် ဝင်လာခဲ့သည်။


ဤနေရာတွင် တာဝန်ထမ်းဆောင်နေသည့် လက်အောက်ငယ်သားများမှာ အလွန် နည်းပါးလွန်းသောကြောင့် ခြံဝင်းမှာ အနည်းငယ် အထီးကျန်နေ၏။ မွန်းတည့်ချိန် ဖြစ်သောကြောင့် နေက အလွန် ပူပြင်းနေသည်။ ထန့်ရှင်း မည်သည့်နေရာတွင် ရှိနေကြောင်း ထန့်ယွင်အနေဖြင့် မည်သူ့ကိုမှ မေးစရာမလိုပေ။ ကြိမ်ထိုင်ခုံပေါ်တွင် ထိုင်ရင်း မျက်စိမှိတ်၍ နေပူစာလှုံနေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။


ယခုအချိန်တွင် ခြံထဲ၌ အစေခံများ တစ်ယောက်မှ မရှိပေ။ စားပွဲလေး တစ်လုံးပေါ်၌ လက်ဖက်ရည် အပြည့် ဖြည့်ထားသော ရေနွေးအိုးလေးနှင့် ပန်းကန်လုံး နှစ်လုံး တင်ထားသည်။


ထန့်ရှင်းက ပြုံးရွှင်စွာ ပြောလိုက်၏။

“အမတ်မင်း ထန့်နန် ဒီမှာ ရောက်နေတာပဲ… အခြေအနေတွေက နည်းနည်းတော့ ဆိုးရွားနေတယ်ဆိုပေမယ့် ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့…”


ထန့်ယွင်က လျှောက်လာပြီး သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ ကြိမ်ထိုင်ခုံမှာ မာကြောပြီး လက်ရာက ကြမ်းတမ်းလွန်းလှ၏။ ထို့နောက် ထန့်ရှင်းက မျက်လုံးဖွင့်ကြည့်ကာ စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ထန့်ယွင်ဆီသို့ တိုးပေးရင်း လက်ဖက်ရည် သောက်ရန် လက်ဟန်ခြေဟန်ဖြင့် ပြလိုက်လေသည်။

130.2


ထန့်ယွင်က လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ရာ လက်ဖက်ရည်မှာ သိသိသာသာ အေးစက်နေသည်။ ထို့နောက် သူက ပြောလိုက်၏။


“ကျွန်တော် လာမယ်ဆိုတာ သိနေတာလား…”


“မသိပါဘူး…”


ထန့်ရှင်းက တဲ့တိုးပင် ပြောလိုက်လေသည်။


“ငါက အမတ်ကြီးတွေ လာတွေ့မှာကို စောင့်နေရုံပဲ…”


သူက ခဏရပ်ကာ မတ်တပ်ထရပ်လိုက်ပြီး ဆက်ပြောသည်။


“ဒီမှာနေရတဲ့ နေ့ရက်တွေက အရမ်းကို ဇိမ်ကျကျနဲ့ အိပ်လိုက် စားလိုက်လုပ်ရင်း နေနေရတယ်ဆိုပေမယ့် ငါ ဒီလိုမျိုးကို မျှော်လင့်ထားတာ မဟုတ်ဘူး…”


“ဒါဆို ခင်ဗျားက ဘာကို မျှော်လင့်နေတာလဲ…”


“စစ်သည်တော်တွေကို ဦးဆောင်ဖို့… စစ်သည်တော်တွေကို လေ့ကျင့်ပေးဖို့…”


ထိုအခါ ထန့်ယွင်က ခေါင်းငြိမ့်လိုက်ပြီး ဤကဲ့သို့ ပြောလေသည်။


“ဒါက ခင်ဗျားရဲ့ ဆန္ဒသာဆိုရင် ခင်ဗျား လုပ်သင့်တဲ့အရာအတွက် ကျုပ် ဧကရာဇ်ကို အကြံပြုပေးပါ့မယ်…”


ထိုအခါ ထန့်ရှင်း၏ ခံစားချက် ကင်းမဲ့နေသော မျက်လုံးများမှာ ရုတ်တရက် တောက်ပလာ၏။


“ထန့်ရှင်းသာ ဒီလိုအထီးကျန်နေတဲ့ ခြံဝန်းကြီးထဲက ထွက်သွားနိုင်ခဲ့မယ်ဆိုရင် အမတ်မင်းရဲ့ ကြင်နာမှုကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး…”


ထန့်ယွင်က ဘာမှပြန်မပြောနိုင်မီ တစ်စုံတစ်ယောက်၏ ရယ်သံနှင့် စကားပြောသံကို ကြားလိုက်ရသည်။


“ထောက်ခံချက် ပေးစရာ မလိုပါဘူး… ဒီကိစ္စက ဆုံးဖြတ်ပြီးသားပါ…”


ဤအခိုက်တွင် ခြံဝင်း၏ ဆွဲသီးတံခါးမှ လူတစ်စု ဝင်လာကြပြီး ရှေ့ဆုံးမှ ဦးဆောင်၍ ဝင်လာသည်မှာ အခြားလူ မဟုတ်ဘဲ ရွှယ်ကျွင်းလျန်သာ ဖြစ်ပေသည်။


ထန့်ယွင်နှင့် ထန့်ရှင်း နှစ်ယောက်လုံးက ရွှယ်ကျွင်းလျန် ဤခြံဝန်းထဲသို့ ကိုယ်တိုင် ရောက်လာလိမ့်မည်ဟု မထင်ထားပေ။ သို့သော် မြို့က ဧကရာဇ်ရွှယ်၏ သူလျိုများ ပြည့်နေသောကြောင့် အလွန်အကျွံ မတွေးပဲ ခန့်မှန်းနိုင်ပေသည်။


သူက ထန့်ယွင်၏ တည်နေရာနှင့် ဆောင်ရွက်ချက်များအကြောင်း အချက်အလက်အားလုံးကို သေချာပေါက် သိသည်။ ထန့်ယွင်က တော်ဝင်မြို့တော်၏ အစပ်ကို ခြေချလိုက်ပြီး ဆင်ခြေဖုံးအရပ်သို့ သိသွားမည်မှာ သဘာဝ ဖြစ်သည်။  


ရွှယ်ကျွင်းလျန်က တံခါးဘောင်ကို ဖြတ်ကျော်လျက် မျက်စိဖမ်းစားနိုင်စွမ်းမရှိသော အရပ်သားဝတ်စုံကို ဝတ်ထားသည်။ 


ထန့်ရှင်းနှင့် ထန့်ယွင် နှစ်ယောက်လုံးက ရပ်ပြီး အရိုအသေပေးလေ၏။  


ရွှယ်ကျွင်းလျန်က စားပွဲနား ရောက်သွားပြီး ကြိမ်ကုလားထိုင်များထဲမှ တစ်ခု၌ ချောမွေ့စွာ ထိုင်ချလိုက်၏။ ထို့နောက် ကုလားထိုင်ကို သူ့နောက်ကျောထိမိသွားသည့် အချိန်၌ မျက်မှောင်ကြုတ်မိသွားသည်။ ကြိမ်ခုံက မာလွန်းသည်ဟု တွေးမိသောကြောင့် ဖြစ်နိုင်၏။ သူက ချက်ချင်းပင် လက်ဝှေ့ယမ်းလိုက်၏။ 


“ထိုင်ကြ.. ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုဘူး ငါတို့တွေက နန်းတော်ထဲမှာ မဟုတ်ဘူး....."


ထိုသို့ ပြောလိုက်သော်ငြား ကြိမ်ခုံက နှစ်ခုံသာ ရှိနေပြီး သူက တစ်ခုံကို ယူထားပြီးဖြစ်ရာ ကျန့်ယွီက နောက်ထပ်တစ်ခုံကို အမြန်ရှာပြီး ရွှယ်ကျင်းလျန်ဘေး ထားပေးလိုက်သည်။  


ထန့်ယွင်နှင့် ထန့်ရှင်း နှစ်ယောက်လုံးက သူ့ကို ကျေးဇူးတင်စကား ဆိုပြီး ထိုင်လိုက်တော့သည်။ ရွှယ်ကျွင်းလျန်က သူ ကြားခဲ့သည့် အကြောင်းကို မပြောခဲ့ပေ။ သူ ရောက်လာသည့် အချိန်၌ သူက ထန့်ယွင်ဘက်လှည့်ကာ ပြောလိုက်တော့သည်။  


“မြို့တော်ကို ဘာကြောင့်များ ဒီလောက်စောစော ပြန်လာရတာလဲ....."


ထန့်ယွင်က ခဏတာ ရပ်တန့်သွားပြီးနောက် ကံကြွေးခံမြေထဲ၌ ကြုံတွေ့ခဲ့သည့် အရေးကိစ္စကို ယခုအချိန်၌ ပြောသင့် မပြောသင့် ပြောနေလေသည်။ သူက ပြောလိုက်သည်။  


“ဒီအဆင့်နိမ့်တဲ့ အမှုထမ်းက တော်ဝင်မြို့တော်ဆီ သတင်းပို့ချင်တဲ့ ကိစ္စရှိပါတယ်....."


“ကောင်းပြီ...."


ရွှယ်ကျွင်းလျန်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို ရုတ်တရက် အမှတ်ရသွားသည့်ပုံဖြင့် ပြောလိုက်တော့၏။  


“ဒါနဲ့.. မင်း ထောက်ခံပေးထားတဲ့ ထန့်ရှင်း အကြောင်းကလေ.."


ထိုသို့ပြောလိုက်စဉ် ထန့်ရှင်း၏ နောက်ကျောက သိသိသာသာ မတ်သွားပြီး အနည်းငယ် စိုးရိမ်ပူပန်ပုံပေါ်နေသည်။  


ရွှယ်ကျွင်းလျန်က ပြောလိုက်တော့သည်။  


“ထန့်ရှင်း မင်းအကြောင်းကို ကြားဖူးတာ ကြာပြီ မင်းက အိမ်ရှေ့စံတစ်ပါးလို တော်ဝင်အဆင့်အတန်းတစ်ခု ရှိတယ်....."


ထန့်ရှင်းက အမှန်ပြောလိုက်၏။  


“ဒီအပြစ်သားက ကိုယ့်ကိုယ်ကိုယ် ဒီလို မတွေးရဲပါဘူး.... ဒီအပြစ်သားက အိမ်ရှေ့စံတစ်ပါး ဖြစ်ဖို့ ကောင်းချီးမရှိဘဲ မွေးဖွားလာတာပါ.... ဒီအပြစ်သားက တိုက်ခိုက်ပြီး ရန်သူတွေအားလုံးကို သတ်ဖြတ်ဖို့ ဆန္ဒရှိပြီး နယ်ရုပ်တစ်ရုပ်ဖြစ်ဖို့ လိုလားပါတယ်....."


ရွှယ်ကျွင်းလျန် စိတ်ထဲ ရယ်မောလိုက်လေသည်။ ထန့်ရှင်းက အလွန်နှိမ့်ချပုံပေါ်သည်။ သူ၏ အထောက်အထားနှင့် အဆင့်အတန်းကို သိပြီး စိတ်အားထက်သန်စွာ ပြုမူနေသည်။ ဘုရင်ထန့်က သူ့ကို အလွန်ဆိုးရွားစွာ တင်းကျပ်သည့် ထောင့်ထဲ တွန်းမပို့ထားခဲ့လျှင် သူက ထိုမျှ ဒေါသထွက်မှာ မဟုတ်ချေ။ ဧကရာဇ်ကို ဆန့်ကျင်ပြီး ပုန်ကန်မည် မဟုတ်ပေ။ 


ရွှယ်ကျွင်းလျန်က ပြုံးလိုက်သည်။  


“အိုက်ချင်း ပြီးတော့ ထန့်ရှင်း စိတ်ပူဖို့ မလိုဘူး..... ဒီခုံက ဘာကိုမှ မဆိုလိုဘူးလေ.... မင်းရဲ့ အရင်အောင်မြင်မှုအကြောင်း ချီးကျူးရုံပဲ.... မင်းက တည်ငြိမ်ပြီး သစ္စာရှိတယ်လို့ ကြားထားတာ.... တပ်ထဲကလိုမျိုး မောက်မာထောင်လွှားတာလည်း မရှိ၊ ကမူးရှူးထိုးနိုင်တာမျိုးလည်း မရှိဘူးလေ.... ဟွေ့ရန်ကလည်း မင်းနဲ့ တိုက်ခိုက်တာက ဦးနှောက်ဆဲလ်တွေကို ဖြုန်းတီးရာ ရောက်တယ်လို့ ပြောခဲ့တယ်.... ဒီတိုင်းပြည်မှာ ဒီလို ပါရမီက ချို့တဲ့နေတာ.... နယ်စားမင်းထန့်နန်က မင်းကို ထောက်ခံချင်တယ် ဆိုတော့ မင်းရဲ့အကျင့်စရိုက် ကောင်းမွန်တာကို ပြသနေတာပဲ.... မင်းရဲ့အောင်မြင်မှုတွေက သိသာလွန်းတယ်....ဒါကြောင့် မင်းရဲ့ပါရမီတွေကို အသုံးမချစရာအကြောင်း မရှိဘူး...."


ရွှယ်ကျွင်းလျန် ထရပ်လိုက်သည်။ ထန့်ယွင်နှင့် ထန့်ရှင်းကလည်း လိုက်ပါလာပြီး ရပ်လိုက်လေ၏။ ရွှယ်ကျွင်းလျန်က ဆက်ပြောသည်။  


“ ကိုယ်တော့်ကို မင်းဆိုးမင်းညစ်တစ်ပါး... တိုက်ခိုက်ဖို့ပဲ သိတဲ့သူလို့ လူတချို့က ပြောတယ်..သူက ရက်စက်ပြီး ကြင်နာမှုမရှိဘူး...ဒါပေမဲ့ သူက ဘုရင်ထန့်နဲ့ ဝေးလွန်းနေသေးတယ်.... အနည်းဆုံးတော့ ဒီလူက လက်စားချေမှာ.... သူက အငြှိုးအတေးကို ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး.... အရည်အချင်း ရှိတယ် ဆိုရင် နောက်ထပ် အခွင့်အရေးရမယ်.... ဒီက သူ့ရဲ့ကိုယ်ပိုင်လူတွေကို တွန်းအားမပေးပေမဲ့ အကန့်အသတ်ကျော်နေတဲ့ ကိုယ့်လူတွေကို တခြားသူတွေ သတ်ဖြတ်တာ ခံရအောင် တွန်းအားမပေးဘူး.... ခိုလှုံတဲ့သူတွေတောင် ငါကိုယ်တော်ရဲ့ အမြင်ထဲမှာ မင်းသားလိုမျိုးပဲ ငါကိုယ်တော်ရဲ့ ကလေးတွေလည်း ဟုတ်တယ်....” 


ရွှယ်ကျွင်းလျန်က လှည့်လာပြီး ထန့်ယွင်နှင့် ထန့်ရှင်းကို ပြုံးပြလိုက်သည်။


xxxxxxx