အပိုင်း ၁၃၁
Viewers 17k

Chapter 131


“မင်းတို့ ဒါကို လုပ်သင့်တာ ဖြစ်လောက်တယ်....ဧကရာဇ်ရွှယ်က ပေါ့ဆလွန်းတယ် လို့လဲ ပြောကြတယ်... သူတို့ ပြောတဲ့စကားက ဘယ်နှစ်ခွန်းမှန်မလဲ... ဘယ်နှစ်ခွန်းမှားမလဲ.... တကယ်တော့ ငါကိုယ်တော်က ရင်ထဲက လာတဲ့လာတဲ့ စကားတချို့ကို ပြောနေတယ်ဆိုတာ လူတိုင်းကို ပြောနိုင်တယ်.... ဒါပေမဲ့ ပြောသမျှ စကားတိုင်းက အခွန်းတစ်ထောင်တန်တယ်.....အားလုံးကို နောင်တရနေမှာ မဟုတ်ဘူး....."


ထန့်ယွင်က ခဏတာ မှင်တက်သွား၏။ ရွှယ်ကျွင်းလျန်က သူ၏နဂါးဝတ်ရုံ သို့မဟုတ် သရဖူကို မဆင်မြန်းထားသော်ငြား သူ၏ အရှိန်အဟုန်သည် ဧကရာဇ်တစ်ပါး ဖြစ်နေသေးပြီး သူ၏ သိက္ခာခမ်းနားမှုတို့က အမေးထုတ်စရာ မရှိပေ။  


သူ မှန်ပေသည်။ ဘုရင်ထန့်နှင့် ယှဥ်သည့် အချိန်၌ ရွှယ်ကျွင်းလျန်က ဉာဏ်ရည်ထက်မြက်ပြီး သဒ္ဓါတရားထက်သန်သော ဧကရာဇ်တစ်ပါးဖြစ်သည်။ ယင်းက သူ၏မူလရည်ရွယ်ချက် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ၊ သူ လိုချင်သည် ဖြစ်စေ မလိုချင်သည် ဖြစ်စေ၊ ဘုရင်ထန့်ကို သူ သတ်မည်မဟုတ်ပေ။ သို့သော် သူ့ကို အရပ်သားအဖြစ်သို့ ရာထူးချလိုက်မည်။ သူက ထန့်ရှင်းကို မသတ်ခဲ့လျှင် ထန့်ရှန့် သို့မဟုတ် သူ သေလောက်သည်။ သူက ရွှယ်ယွီကိုလည်း မထိခဲ့ပေ။  


သို့သော် ရွှယ်ကျွင်းလျန်က အလွန်ကြင်နာတတ်သည့် လူတစ်ယောက် မဟုတ်ပေ။ အသတ်မခံရနိုင်သည့်သူများ ရုံးတော်၏ နေရာထဲတွင် ရှိနေသူများ ထိုလူများက သူ အသုံးချတာ မည်ကဲ့သို့ မခံရဘဲ နေမည်နည်း။ ရာထူးလျော့ချခံလိုက်ရသူတွေ နိမ့်ပါးသွားသည့်သူများက သူ့အတွက် ဘာမှအသုံးမဝင်သည့် လူများသာ ဖြစ်သည်။  


ထန့်ယွင် မှင်တက်နေစဉ် ထန့်ရှင်းက အချိန်ကိုက် ပြောလိုက်၏။  


“အရှင်မင်းကြီးက ဉာဏ်ပညာကြီးမားလှပါပေတယ်....” 


ရွှယ်ကျွင်းလျန်က ပြောလိုက်သည်။  


“အဲလိုပြောရတာ အသုံးမဝင်ဘူး... တကယ်တော့ မင်းကို ပြောချင်တာ ရှိတယ် ထန့်ရှင်း.. မင်းက ရွှယ်မိသားစုက လာတာ မဟုတ်ပေမဲ့ ငါ ကိုယ်တော်က မင်းကို စားစရာနဲ့ လစာပေးခဲ့ပြီး တရားဝင်အမှုထမ်းတစ်ယောက် ရာထူးကို ပေးခဲ့တယ်....မင်း သွားတဲ့စစ်မြေပြင်မှာ မင်းရဲ့ရည်မှန်းချက်ကြီးကို ပြသနိုင်ခဲ့တာ... အခုကစပြီး မင်းက ရွယ်မိသားစုရဲ့ လူတစ်ယောက် ဖြစ်သွားပြီ...တပ်ဖွဲ့ကို ဆက်ပြီး ဦးဆောင်ချင်တယ် ဆိုရင် မင်းရဲ့ခွန်အားကို ငါကိုယ်တော် ရှေ့မှာပြသပေတော့...."


ထန့်ရှင်းက စိတ်လှုပ်ရှားမှုကြောင့် ခြေထောက်များ တုန်ရင်နေကာ မြေကြီးပေါ် ဒူးထောက်လိုက်ပြီး မြေပြင်ပေါ်၌ ထပ်ခါတလဲလဲ အရိုအသေပေးလိုက်၏။ ပြီးနောက် ပြောလိုက်တော့သည်။  


“အရှင့်ရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်.... ဒီနိမ့်ကျတဲ့ ဝန်မင်းက အရှင်မင်းကြီး မျှော်လင့်ထားတဲ့အတိုင်း သေချာပေါက် နေထိုင်ပါ့မယ်...."


ရွှယ်ကျွင်းလျန်က ပြုံးပြီး ပြောလိုက်၏။  


“ထပ်ပြီး ဒူးမထောက်နဲ့တော့ ထတော့..” 


ထို့နောက် သူက ထန့်ယွင်ဘက် လှည့်ပြီး မေးလိုက်တော့သည်။


“မြို့စားကျန်းရဲ့ တပ်ဖွဲ့က ဘယ်လိုလဲ....."


ထန့်ယွင်က ပြန်ပြောလိုက်သည်။  


“ဒီအမှုထမ်း လွန်ခဲ့တဲ့ နှစ်ရက်က တွေ့ထားပုံအရ ကျန်းရဲ့တပ်ဖွဲ့က စည်းကမ်းတင်းကျပ်ပြီး စီမံခန့်ခွဲမှုမှာ ကောင်းကောင်း ထိန်းချုပ်ထားတာပါ...အညံ့ခံဖို့ အချိန်တချို့ လိုပါလိမ့်မယ်....” 


“ထန့်ရှန့် ဘယ်မှာလဲ သူ နေခဲ့တာလား....."


“ဟုတ်ပါတယ်.... ဒီနိမ့်ကျတဲ့ အမှုထမ်းက နန်းမြို့တော်ကို သတင်းပို့ဖို့ အရင်ဆုံး ပြန်လာတာပါ.... လူကြီးမင်းထန်က အဲဒီ့မှာ ရှိပါသေးတယ်...."


“သူ အဲမှာ ရှိရင် ကိုယ်တော် စိတ်သက်သာရာရပြီ...."

ရွှယ်ကျွင်းလျန်က ပြော၏။  


“ထန်ကျင်း၊ ဟယ့်ကျုံး၊ ဟယ့်ယိ၊ ဟယ့်ယန်တို့က ကျန့်အန်းတပ်ဖွဲ့နဲ့ ပူးပေါင်းသွားရင် ထန့်ရှန်က စစ်အင်အားကို လက်လွဲယူတဲ့အခါ ကျန့်အန်းတပ်ဖွဲ့မှာ ကျားစစ်သူကြီး လေးယောက်ကျော် ရှိလာလိမ့်မယ်....."


ထန့်ရှင်းက ရွှယ်ကျွင်းလျန်က ကျေးဇူးတင်စကားပြောရန် ဒူးထပ်ထောက်လိုက်၏။ သူက ကျေးဇူးတင်လွန်းသောကြောင့် ငိုမိလုနီးပါး ဖြစ်သွားသည်။ သူ၏ မိဘအရင်းများက သူ့ကို တန်ဖိုး မထားခဲ့ပေ။ အပြင်လူတစ်ယောက်က သူ့အပေါ် အာရုံစိုက်လွန်းသည်ကို သူ မည်သို့ ကျေးဇူးမတင်ဘဲ နေမည်နည်း။  


ရွှယ်ကျွင်းလျန်က ခေါင်းညိတ်ပြီး ပြောလိုက်တော့၏။  


“ဒီနေရာက ရှုခင်းက ကောင်းတယ်...ငါကိုယ်တော်က နန်းမြို့တော်ကို ပြန်ဖို့ အလျင်မလိုဘူး... ထန့်ရှင်း သွားပြီး ပစ္စည်းတွေ ပြင်ဆင် ထွက်ခွာဖို့ပြင်ကြ...."


ထန့်ရှင်းက လက်ခံလိုက်သည်။ အမှန်တကယ်တွင် ဧကရာဇ်ရွှယ်က သူ့ကို ဆင်ခြေပေးပြီး မြို့စား ထန့်နန်နှင့် တစ်ကိုယ်တည်း စကားပြောချင်နေကြောင်း သူသိသည်။ ထန့်ရှင်းက ဉာဏ်ရည်ထက်မြက်သူ ဖြစ်သည်။ နှစ်ပေါင်းများစွာ အိမ်ရှေ့စံ ဖြစ်လာခဲ့သည့် မင်းသားထန့်အနေဖြင့် သူက မည်သည်ကို နားထောင်ရပြီး မည်သည်ကို နားမထောင်သင့်မှန်း သေချာသိ၏။ လက်ရှိတွင် သူက တလေးတစား ခေါင်းငုံ့ထားလျက် ဥယျာဉ်ကနေ ဆုတ်ခွာသွားသည်။  


သူ ထွက်သွားတာကို ကြည့်ပြီး ရွှယ်ကျွင်းလျန်က ပြုံးကာ ပြောလိုက်တော့သည်။


“ထန့်ယင်း ဒီလောက်မြန်မြန် ပြန်လာတာ ငါကိုယ်တော်ကို လွမ်းနေတာလား....."


ထန့်ယွင်အဖို့ ရွှယ်ကျွင်းလျန် ထိုမျှ လွှမ်းမိုးနိုင်စွမ်းရှိပြီး တခမ်းတနား ပြုမူတာကို မြင်တွေ့တာ ရှားပါးလွန်းသည်။ ချက်ချင်းပင် သူ၏ စနောက်တတ်သည့် သွင်ပြင်မျိုး ပြန်ရောက်လာသည်။ သို့သော်ငြား ရွှယ်ကျွင်းလျန် ဤအတိုင်းနေနေသည်က သူ့ကို စိတ်အေးသက်သာစေပြီး သတိအနေအထားမှ လျော့ကျစေရန် ပိုလွယ်ကူကြောင်း သူ ပြောရပေမည်။

131.2


ထန့်ယွင်က ပြောလိုက်သည်။


“နိမ့်ကျတဲ့ အမှုထမ်းက မြို့စားကျန့်အန်းရဲ့ အိမ်တော်ထဲ သူလျိုတွေ ထည့်ခဲ့ပြီး အရေးကြီးတဲ့ သတင်းကို ရှာတွေ့ခဲ့ပါတယ်။ ဒါကြောင့် နန်းမြို့တော်ဆီ ချက်ချင်းလက်ငင်း ပြန်လာတာပါ..."


“ဪ.. ဘယ်လို သတင်းမျိုးကများ ငါကိုယ်တော်ဆီ တော်ဝင်ကြင်ယာတော် ပြန်ရောက်လာတာထက် ပိုအရေးကြီးတာလဲ..."


“အရှင်မင်းကြီး..” 


ရွှယ်ကျွင်းလျန်က ချောင်းဟန့်ပြီး ပြုံးကာ ပြောလိုက်၏။  


“ဟုတ်ပြီ ကိုယ်တော် နားထောင်နေတယ်.... ပြောပါ.. ဒီတစ်ခေါက် ကိုယ်တော် ကြားမဖြတ်ဘူး....."


ထန့်ယွင်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလျက် ပြောလိုက်လေသည်။  


“ဖုန့်တိုင်းပြည်ရဲ့ မင်းသမီးက မြို့စားကျန်းအန်းနဲ့ အချင်းများခဲ့ပါတယ်...လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ထွက်ပြေးသွားတာပါ...."


ရွှယ်ကျွင်းလျန်က ခေါင်းညိတ်ပြီး 'အမ်း.. အင်း.. 'ဟူ၍သာ တုံ့ပြန်သည်။ သူက ကြားသည်ဟု ရည်ညွှန်းခြင်းပဲ ဖြစ်သည်။ ထန့်ယွင်က ဆက်ပြောသည်။


“မင်းသမီး ထွက်သွားတာ ရက်အနည်းငယ် ရှိနေပါပြီ....ဒီအမှုထမ်းက မြို့စားကျန့်အန်း သူ့ကို ရှာတွေ့ပြီ ဆိုတဲ့သတင်းကို မရသေးပါဘူး.... အခုလောက်ဆို မင်းသမီးက ဖုန့်တိုင်းပြည်က လူတွေနဲ့ ဆက်သွယ်ပြီးလောက်ပြီ....ဖုန့်ဘုရင်က မင်းသမီးညှင်းပန်းနှိပ်စက်ခံရတဲ့အကြောင်း ကြားသွားတာနဲ့ စစ်ဖြစ်ဖို့ တပ်သားတွေ လွှတ်ဖို့ ဒီအခွင့်အရေးကို ယူလိမ့်မယ်....."


“ဒါပေမဲ့ ဖုန့်တိုင်းပြည်က လုံလောက်အောင် မကုစားရသေးဘူး...."


ထန့်ယွင်က ခေါင်းခါပြီး ပြောလိုက်တော့သည်။  


“ဒီနှိမ့်ကျတဲ့ အမှုထမ်းက တွေးခဲ့ပါတယ်...ဖုန့်တိုင်းပြည်က အပြည့်အဝ ပြန်မကောင်းသေးပေမဲ့ ကျွန်တော်တို့လည်း အတူတူပါပဲ...ရွှယ်တိုင်းပြည်က အရင်ဆုံး ထန့်နန်ကို ယူတယ်..... ပြီးတော့ ချန်းထျန်းကို တိုက်ခိုက်တယ်.... ပြီးတော့ ထန်းရှင်းကို ကျန့်ဟုန်က တိုက်ခိုက်တာ.. ပြန်လည်ကုစားတဲ့ အရေးကိစ္စအရ ဖုန့်တိုင်းပြည်က လုံလောက်အောင် ထူထောင်ပြီးပြီ.... ရှေးယခင်တည်းက ဖုန့်တိုင်းပြည်က မျှတတဲ့ အကြောင်းအရင်းတွေအတွက် တိုက်ပွဲစခန်းတွေ ဆောင်ယူလာတယ် ဆိုပြီး နာမည်ကျော်ကြားတာ.... မဟုတ်ရင် လူတွေရဲ့ ထောက်ပံ့မှု ဆုံးရှုံးသွားလိမ့်မယ်....  ဖုန့်တိုင်းပြည်က တိကျတဲ့ အကြောင်းအရင်းအောက်မှာ နောက်ဆုံးတော့ ပြဿနာရှာမှာ.... ကျွန်တော်မျိုးတို့တွေ သူတို့ရဲ့ထူးခြားတဲ့ အရည်အချင်းတွေကို လျစ်လျူရှုထားလို့ မရဘူး...."


ရွှယ်ကျွင်းလျန်က သူပြောတာကို နားထောင်ပြီး.. ကျွန်တော်တို့..  ကျွန်တော်မျိုးတို့ ဟူသည့် စကားလုံးများကို အသုံးပြုသွားသောကြောင့် ပျော်ရွှင်နေလေသည်။ ထန့်ယွင်က ပုံမှန်နေ့ရက်၌ သူ့ကို ယဉ်ကျေးပြီး အလွန်လေးစားသော်ငြား သူ လူယုတ်မာပမာ ပြုမူသည့် အချိန်ကျမှ ထန့်ယွင်က အလွန် ကူကယ်ရာမဲ့ပုံ ပေါ်လာလိမ့်မည်။ သို့သော်ငြား အလိုလိုပင် ထန့်ယွင်၏နှလုံးသားက ရွှယ်ကျွင်းလျန်ဘက်ထဲ သူ့ကိုယ်သူ ထည့်ထားပြီးသား ဖြစ်သည်။


ရွှယ်ကျွင်းလျန်က စိတ်အခြေအနေ ကောင်းနေသည်။ ထန့်ယွင်က ကုန်လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း နန်းမြို့တော်မှ ထွက်ခွာသွားခဲ့သည်။ ရွှယ်ကျွင်းလျန်က ပုံမှန်အတိုင်း နံနက်ခင်းညီလာခံသို့ သွားနေပြီး ဝေဖန်ခံရကာ ပုံမှန် မှတ်ဉာဏ်များကို အမှန်ပြင်ခဲ့ပြီး ဝန်မင်းများနှင့်အတူ စီးပွားရေးဆွေးနွေးရန်အတွက် နွေးထွေးခြင်းမျှော်နန်းဆီသို့ သွားခဲ့သည်။


သူက အမြဲတမ်း မသက်မသာ အဆင်မပြေ ဖြစ်ခဲ့သည်။ နွေးထွေးခြင်း မျှော်နန်းအတွင်း နံရံပေါ်ရှိ ချိတ်ဆွဲထားသော မြေပုံကိုသာ တွေဝေစွာ ကြည့်နေတတ်၏။ ရုတ်တရက် ဧကရီ၏သေခြင်းတရားကိစ္စ ပေါ်ပေါက်လာသည်ကို မှတ်မိသွားသောအခါ ရင်ထဲ အကြောက်တရားက ပေါ်လာလေသည်။ ထန့်ယွင် ဘယ်တော့မှ ပြန်မလာလျှင် မည်သို့ ဖြစ်မည်နည်း။  


ထိုအခါမှရွှယ်ကျွင်းလျန်က သူသည်လည်း လူသားတစ်ယောက် ဖြစ်ကြောင်း၊ သူသည်လည်း မောပန်းနွမ်းနယ်ပြီး သူ တစ်စုံတစ်ယောက်ကို ပြောရန် လိုအပ်သည့်အရာက နှလုံးသားထဲတွင် ရှိနေပြီဖြစ်ကြောင်း၊ ထိုလူက ထန့်ယွင်ဖြစ်ကြောင်း သိလိုက်ရသည်။ ထန့်ယွင်မှတစ်ပါး ထိုမျှ မောပန်းနွမ်းနယ်ပြီး ရုပ်ဆိုးသည့် ဘက်ခြမ်းကို တခြားသူအား မြင်ခွင့်ပေးမှာ မဟုတ်ပေ။  


ရွှယ်ကျွင်းလျန် ရုတ်တရက် လက်ဆန့်ထုတ်ပြီး ထန့်ယွင်၏လက်ကို ကိုင်ကာ သူ့ကို လက်မောင်းထဲ ဆွဲသွင်းပြီး ကြိမ်ခုံပေါ်၌ အတူ ထိုင်လိုက်တော့၏။  


ကြိမ်ခုံက ရုတ်တရက် ဝန်ပိသွားသောကြောင့် ဂျွတ်ခနဲ မြည်လာ၏။ ကြိမ်ခုံက အလွန်ရိုးရှင်းသည်။ ယင်းက ထန့်ရှင်းကိုယ်တိုင် လုပ်ထားတာပဲ ဖြစ်ရမည်။ ထန့်ယွင်က စိတ်ပူပန်သွား၏။ သူ၏တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ ခုံလဲသွားလျှင် သူ့အတွက် မြေကြီးပေါ်ကျတာက အဆင်ပြေပါသည်။ သို့သော် ရံရွှေတော်များစွာ ရှိနေလေရာ ဧကရာဇ်ရွှယ်က မြေကြီးပေါ် ကျသွားလျှင် သူ သိက္ခာကျလိမ့်မည်။


ထန့်ယွင် ထိုအကြောင်းတွေးမိချိန်၌ ထပ်မံမှင်တက်သွားပြန်၏။ ထိုလူအကြောင်း သူ အဘယ်ကြောင့် တွေးသင့်သနည်း။ တစ်ခါက သူကိုယ်တိုင် သတ်ခဲ့ပြီး နှလုံးကို မြှားထိုးဖောက်သွားသည့် ခံစားချက်ကို ဘယ်တော့မှ မေ့မှာ မဟုတ်ပေ။ သို့သော် ဧကရာဇ်က ၎င်းကို သူကိုယ်တိုင် လုပ်ပြီးသည့်တိုင် ဤလောကထဲရှိ မည်သူကမှ ထန့်ရှန်မှလွဲ၍ သူ့ကို ထိုမျှအာရုံစိုက်တာ မရှိပေ။ 


တစ်ယောက်က ကောင်းပြီး တစ်ယောက်က ဆိုးသည်။ သူတို့၌ ကုသိုလ်နှင့် အကုသိုလ် ညီတူမျှတူ ရှိနေသည် မဟုတ်ပါလော။ သူတို့က တစ်ယောက်နှင့်တစ်ယောက် အကြွေးမတင်သင့်ပေ။ သို့သော်ငြား ထန့်ယွင်၏ ရင်ထဲ သေချာပေါက် မှားယွင်းသည့် ကိစ္စတစ်ခု ရှိသည်။ ရွှယ်ကျွင်းလျန်၏ ကောင်းမွန်သည့် စိတ်နေသဘောထားကို သူ အမြဲတမ်းတွေးခဲ့သည်။ ထိုခံစားချက်က ရွှံ့အိုင်ထဲတွင် ပိတ်မိနေပုံပေါ်ကာ လွတ်အောက် မရုန်းနိုင်တော့ပေ။


xxxxxxx