အပိုင်း ၁၃၂
Viewers 17k

Chapter 132


ရွှယ်ကျွင်းလျန် ပြောလိုက်သည်။  


“စိတ်ချထားလိုက် နှစ်ပေါင်းများစွာစစ်ပွဲတွေ တိုက်ခိုက်ပြီး စစ်ပွဲ ရှိလာပြီးတဲ့နောက် ငါကိုယ်တော် ကိုယ့်ကိုယ်ကိုယ်လည်း သုံးသပ်ပြီးသားပါ.... အနှစ်သုံးဆယ်လုံး နေထိုင်လာခဲ့တာ ရည်မှန်းချက် ရှိတာပေါ့... ဒါပေမဲ့ သူတို့က အရင်ကလောက် အံ့ဩဖို့ မကောင်းဘူးလေ.... အခု ကိုယ်တော် လိုချင်တာက တိုင်းပြည်လုံခြုံပြီး တိုင်းပြည်နှစ်ခုက နှစ်ပေါင်းများစွာတည်တံ့နိုင်ဖို့ပဲ..... ဒါပေမဲ့ ဖုန့်တိုင်းပြည်က တပ်သားတွေ လွှတ်လိုက်တယ် ဆိုရင် ငါ ရွှယ်ကျွင်းလျန်က မပြင်ဆင်ဘဲ နေမှာ မဟုတ်ဘူး....ဟို့ရန်ကို တပ်သားတွေ တိတ်တဆိတ် ပို့ခိုင်းပြီးသား...."


ရွှယ်ကျွင်းလျန်၏ ပေါင်ပေါ်တွင် ထိုင်နေသော ထန့်ယွင်က သူ၏အနေအထားက အလွန်သင့်တော်ခြင်း မရှိ၍ ထရပ်ချင်သည်။ သို့သော် သူ အနည်းငယ်လှုပ်လိုက်ချိန်၌ ကြိမ်ခုံ၏ကျွီခနဲ မြည်သံက ပို၍ဆူညံလာသည်။ ရွှယ်ကျွင်းလျန်ကလည်း အားစိုက်ထုတ်ထားပြီး ထန့်ယွင်၏ခါးကို ဖက်ထားကာ သူ့မျက်နှာ အပ်ထားလေသည်။


သူတို့ အရေပြားများက အဝတ်အစားများ ခြားနေသော်ငြား ထန့်ယွင်က ရွှယ်ကျွင်းလျန်၏ အသက်ရှုငွေ့က အရေပြားပေါ် တိုက်ရိုက်ကျသလို ခံစားမိပုံပေါ်ပြီး သူ့အဝတ်အစားအလွှာများကို ဖြတ်ကျော်လာသည့်ပမာ ပူလောင်မှုကို ခံစားနေရသည်။  


ထိုကဲ့သို့ သေးငယ်သည့် အသွင်အပြင် ပေါ့ပါးသည်လည်း မဟုတ် ယားယံသည်လည်း မမည်သော်လည်း ထန့်ယွင်ကို အတော်လေး စိတ်လွှတ်စေသည်။ တစ်ကိုယ်လုံး တောင့်တင်းနေကာ သူ ဇောဒကမတက်တော့ဘဲ ရွှယ်ကျွင်းလျန်ကို ဖက်ထားခွင့် ပြုနေမိသည်။  


ရွှယ်ကျွင်းလျန်က သက်ပြင်းချလိုက်သည်။


“မင်းကို တကယ်လွမ်းနေတာ.. ပြီးခဲ့တဲ့ ရက်တွေမှာ မင်းအကြောင်းပဲ တွေးနေမိတယ်... အထူးသဖြင့် ရွှယ်ချန်ကျင်းလုပ်တာ မရပ်နိုင်တဲ့ အခက်အခဲ ဒုက္ခတွေထဲမှာပေါ့..... သူက မင်းကို အရင်တုန်းက အကောက်ကြံခဲ့ဖူးတယ်.... လမ်းပေါ်မှာလည်း အခက်တွေ့အောင် လုပ်တယ်.... မင်းကို သူ အကောက်မကြံရင် ဘယ်လိုများ စိတ်အေးနိုင်ပါ့မလဲ..."


“အရှင်မင်းကြီး အဲဒီတုန်းက ဒီနိမ့်ကျတဲ့ အမှုထမ်းက တစ်စုံတစ်ယောက်က မြို့စားကျန့်အန်းရဲ့ မင်းသားကို ဖမ်းခဲ့ပြီး သူ့ကို ရိုက်နှက်ခဲ့တယ်လို့ ကြားမိသေးတယ်.... သူ လဝက်လောက် ထောင်ကျသွားတယ်..."


ရွှယ်ကျွင်းလျန်ကလည်း ဝန်ခံလိုက်သည်။


“ဟုတ်တယ် ငါကိုယ်တော် လုပ်ခဲ့တာ.. ကျန်းယွီက အဲလူကို ကိုယ်တိုင်ဖမ်းခဲ့တယ်လေ...."


ထိုစဉ်က ကျန်းယွီက သူ့ချွေးကို တိတ်တဆိတ် သုတ်နေခဲ့သည်။ 

သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြတုန်း ဘာလို့ နောက်တစ်ယောက်ကို ဝင်ပါခိုင်းနေရတာလဲ... အခုလည်းလုံလောက်နေပါပြီ... 


လူသားများ အသက်အရွယ်ကြီးပြင်းလာသည့်အခါ ကြီးမြတ်သူကို ခစားရမည်။ သွက်သွက်လေး အနားယူပြီး မွေးရပ်မြေ ပြန်တာက ကောင်းလိမ့်မည်။  


ထန့်ယွင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။  


“ဒီအမှုထမ်း ပွင့်ပွင့်လင်းလင်း ပြောမိတဲ့အတွက် ခွင့်လွတ်ပေးပါ... ဧကရာဇ်ရွှယ် ဒါမျိုးကို မလုပ်သင့်ဘူးပါဘူး...  ကျန့်အန်းမြို့စားမင်းသားက လူတိုင်းထင်သလို သတ္တိကြောင်သူ မဟုတ်ခဲ့ရင် အရှင်က သူ့ကို ဖမ်းပြီး သေအောင်ရိုက်တဲ့အခါ သူ့ကို ရန်ငြှိုးခံစားခွင့် ပေးလိုက်မှာ မဟုတ်ဘူးလား...."


ရွှယ်ကျွင်းလျန်က ထန့်ယွင်၏ခါးနှင့် ဝမ်းဗိုက်ပေါ် မျက်နှာအပ်လိုက်၏။ ထိုအစား ရယ်မောလိုက်သည်။  


“ဟား ဟား ဟား....."


ထန့်ယွင်၏တစ်ကိုယ်လုံးက ထူးဆန်းသွားတော့၏။  


ရွှယ်ကျွင်းလျန်က ပြုံးလိုက်သည်။  


“ငါကိုယ်တော်ကို ဒီလောက်ဂရုစိုက်တဲ့အတွက် ဝမ်းသာပါတယ်...."


“ဒီနိမ့်ကျတဲ့ အမှုထမ်းက...."

ထန့်ယွင်က သူ့အကြောင်း ဂရုမစိုက်ကြောင်း ပြောရန် ပြင်လိုက်သည်။ သို့သော် သူ ယခု ပြောခဲ့သည်ကို တွေးမိပြီး ထပ်မံ ရှင်းပြတာက သူတော်ကောင်းယောင်ဆောင်ရာ ရောက်သွားလိမ့်မည်။  


ရွှယ်ကျွင်းလျန်က သူ့ဘက် လှည့်လာပြီးနောက် လက်မောင်းကို မှီခွင့်ပေးလိုက်သည်။ ကံကောင်းသည်မှာ ထန့်ယွင်က ပိန်ပြီး ပေါ့လွန်းနေသည်။ မဟုတ်လျှင် ထန့်ရှင်းပြုလုပ်ပေးထားသည့် ကြိမ်ခုံက အမှန်တကယ် လဲသွားလောက်ပြီဖြစ်၏။  


ရွှယ်ကျွင်းလျန်က အကြောင်းအရာကို ရုတ်တရက် ပြောင်းပြီး တင်းမာသောလေသံဖြင့် ပြောလိုက်သည်။


“ဖုန့်တိုင်းပြည်က စစ်ဖြစ်ချင်တယ် ဆိုမှတော့ မင်းက စစ်မြေပြင်ကို သွားဖို့ အသင့်ဖြစ်ပြီလား...."


ထန့်ယွင်က ထိုမေးခွန်းကြောင့် မှင်တက်သွားပြီးနောက် ပြန်ဖြေလိုက်သည်။  


“နိမ့်ကျတဲ့အမှုထမ်းအတွက် နေရာတစ်ခု လိုအပ်တယ် ဆိုရင် ဒီအမှုထမ်းက ငြင်းမှာမဟုတ်ပါဘူး...."


“မင်းရင်ထဲက ပြောတာကို ကြားချင်တယ်.... မင်းက အခုချက်ချင်း မဖြေခဲ့ဘူး.... ဒါပေမဲ့ ဝေဝါးဝါး ပြောရရင် မင်းရဲ့ရင်ထဲမှာ ပြောနေတာက မင်းမသွားချင်ဘူးတဲ့....."


ရွှယ်ကျွင်းလျန်က သူ့ကို ညင်သာစွာ ဆွဲယူလိုက်ပြီး ထန့်ယွင်ကို သူ့ပေါ် ပိုမှီစေကာ ထန့်ယွင်၏ နားသံသီးလေးကို ညင်သာစွာ နမ်းရှိုက်လိုက်သည်။


“ကိုယ့်အပေါ်မှာထားတဲ့ မင်းရဲ့သတိတရားတွေအကြောင်း အကုန်သိတယ်.... မင်းကို ကိုယ်တော်က ဘယ်အရာတွေနဲ့များ အထင်ကြီးစေနိုင်မလဲဟင်...."


ထန့်ယွင်က ပြုံးပြီး ပြောလိုက်သည်။


“အရှင်မင်းကြီး အရှင်က ပန်းပွင့်တွေအကြား လှည့်လည်သွားရတာ အသားကျနေပါပြီနေလောက်မယ်.... ဒီအမှုထမ်းက အမျိုးသားတစ်ယောက်ပါ... ချိုသာတဲ့ စကားတွေ မလိုအပ်ဘူး...."


ရွှယ်ကျွင်းလျန်က ပြောသည်။


“ဒါပေမဲ့ ငါကိုယ်တော်က အသည်းအညှာလေးကို ဒီအကြောင်း ပြောချင်နေတာလေ...."


“အရှင်မင်းကြီး....."


ရွှယ်ကျွင်းလျန်က ပြောသည်။


“ဧကရာဇ်တစ်ပါး ဆိုပေမဲ့ ရင်ထဲကနေ ထွက်မလာတဲ့ စကားတွေ အများကြီးရှိတယ်....ဒါပေမဲ့ အဲဒီစကားတွေကို အခု ပြောတော့မယ်...ဒါတွေက ရင်ထဲကနေ လာတဲ့စကားတွေပဲဆိုတာသိထားပေး.... မင်းအကြောင်းကို ဂရုစိုက်တယ်.....မင်းအပေါ် ကောင်းချင်တယ်.... မင်းအကြောင်းတွေးချင်တယ်... မင်းကို ပျော်ရွှင်စေချင်တယ်...."


ထန့်ယွင် တိတ်သွားလေသည်။ ရွှယ်ကျွင်းလျန်က သူ၏နားသံသီးကို ကိုက်လိုက်သည်။ ထန့်ယွင်က အာ့ခနဲ ညည်းညူလိုက်ကာ သူက မပြင်ဆင်ထားမိသောကြောင့် အံ့ဩမှုကြောင့် မျက်လုံးဖွင့်လျက် ရွှယ်ကျွင်းလျန်ကို ကြည့်လိုက်တော့သည်။  


ရွှယ်ကျွင်းလျန်က ပြုံးကာ ပြောလိုက်တော့သည်။  


“ဘာအကြောင်းတွေးနေတာလဲ.... မင်းကို ဂရုစိုက်ချင်ပြီး မင်းကို အာရုံစိုက်နေဖို့က ကိုယ်တော်ကိစ္စ ကိုယ်တော် လုပ်ချင်တာပဲ.... ဘာမှ ဝန်လေးနေဖို့ မလိုဘူး... တုံ့ပြန်ဖို့လည်း မလိုအပ်ဘူး...."


ဖုန့်မင်က မင်းသမီးကို လက်ထပ်ခွင့်ပြုစဉ်က သူသည် မင်းသမီးနား လူပို့ပေးထားလိမ့်မည်။ မင်းသမီးက ကံကြွေးခံမြေကနေ ထွက်ပြေးသွားပြီးနောက် သူမကို ထောက်ပံ့ပေးမည့်သူကို ရှာတွေ့သွားခဲ့သည်။ ရုပ်ဖျက်ပြီးနောက် မည်သည့်ပြဿနာမှ မရှိဘဲ ဖုန့်တိုင်းပြည်သို့ ပြန်သွားတော့သည်။

132.2


ဖုန့်တိုင်းပြည်၏ နဝမမြောက်မြို့စားက မျိုးဆက်နှစ်ဆက်စာ ဝါရင့်သူ ဖြစ်သည်။ သူ၏သမီးထိုမျှ အနိုင်ကျင့်ခံရသည်ကို သူ မည်သို့ အလျော့ပေးနိုင်မည်နည်း။ မင်းသမီးက တစ်ချိန်လုံး ငိုနေလေရာ ပို၍ပင် စိတ်ဓာတ်ကျဖွယ် ကောင်းပေသည်။  


ဖုန့်မင်က သူတို့အမြင်ကို တောင်းခံရန် မှုးမတ်များအားလုံးကို ဆင့်ခေါ်လိုက်သည်။ နဝမမြောက်မြို့စားက တပ်သားများ လွှတ်ရန် ချက်ချင်း သဘောတူသည်။ သို့သော် ဖုန့်မင်က ငြင်းဆန်လိုက်သည်။  


“လက်ရှိမှာ မင်မြစ်ဘေးက စီရင်စုတွေက ပြန်မတည်ဆောက်ရသေးဘူး...ကျန်းဟုန်နဲ့ စစ်ပွဲအတွင်းမှာ ထိခိုက်မှုများခဲ့တယ်... လူတွေက ပြန်လည်ကုစားနေတုန်းပဲ.... အလျင်စလို စစ်ဖြစ်မယ် ဆိုရင် လူတွေ မကျေမချမ်း ဖြစ်စေမှာ စိုးရိမ်မိတယ်....  ဒါကို ဘယ်လို ဖြေရှင်းသင့်လဲ...."


လုရှစ်ချန်က တော်ဝင်ညီလာခံထဲတွင် မရှိပေ။ သူက မင်မြစ်၏ရှေ့တန်းသို့ ပို့ခံရသည်မှာ ကြာပြီဖြစ်သည်။


“ငါတို့တွေက ကျိကျဲပြောတဲ့အတိုင်း လုပ်ရုံပဲ.... ဒါပေမဲ့ နောက်ထပ် ပြဿနာတစ်ရပ် ရှိတယ်... ဧကရာဇ်ရွှယ်က အစောတည်းက မင်မြစ်ဆီကိုတပ်သားတွေ ပို့ထားပြီးသား ငါတို့ တပ်သားတွေ ပို့မယ် ဆိုရင် သူတို့ ဘယ်လိုလုပ် အငိုက်မိမှာလဲ....."


ချီကျိကျဲက ပြောသည်။


“ရှေ့တန်းက စခန်းချနေတဲ့ စစ်သူကြီးရဲ့ သတင်းပို့ချက်အရ မင်မြစ်ရဲ့နယ်နိမိတ်က အလွန်အန္တာရယ်များတယ်... ဧကရာဇ်ရွှယ်က ခံတပ်ကို စောင့်ကြပ်ဖို့ တပ်သားတွေ ပို့ခဲ့တာတဲ့.... ဒီနေရာကို ဖောက်ထွက်ဖို့ မသင့်တော်တော့ဘူး... သန်မာတဲ့ တိုက်ခိုက်မှုတစ်ခု လုပ်မယ် ဆိုရင် အကျိုးအမြတ် မရဘဲ ပိုဆုံးရှုံးလိမ့်မယ်.... ရွယ်တွေက သန်မာပြီးအစွမ်းထက်တယ် ဆိုပေမဲ့ သူတို့က ရေကြောင်းစစ်ပွဲမှာတော့ နိမ့်ကျတယ်လေ...."


ဖုန့်မင်က ပြုံးပြီး ပြောလိုက်လေသည်။


“အမှန်ပဲ... ရွယ်တိုင်းပြည်က ကုန်းမြေထဲ ခပ်နက်နက်မှာနေကြတာ...  သူတို့စစ်သားတွေက ရေကြောင်းတိုက်ပွဲ လေ့ကျင့်ဖို့ အိုင်လည်း မရှိဘူး...ပင်လယ်လည်း မရှိဘူး...."


ချီကျိကျဲက ပြောလိုက်သည်။


“ရေကြောင်းတိုက်ပွဲက ကုန်းတွင်းတိုက်ပွဲနဲ့ လုံးဝ မတူဘူး... မလေ့ကျင့်ထားတဲ့ စစ်သားတွေက စစ်သင်္ဘောပေါ်မှာ တိုက်ခိုက်တဲ့အချိန် လှိုင်းမူးလိမ့်မယ်...ပြီးတော့ သူတို့ လှံတွေနဲ့ ဓားတွေက ငြိမ်မှာ မဟုတ်ဘူး.... ဒါကြောင့် ဒီဘုရင်က မင်မြစ်ကို စောင့်ကြပ်ပြီး ရွှယ်တပ်သားတွေ မြစ်ကို ဖြတ်ကျော်လာမှာကို ကာကွယ်ဖို့အတွက် တပ်သားတွေ ပို့ဖို့ပဲ လိုတယ်.... ပြီးရင် ရွယ်ရဲ့စစ်သားတွေက စားစရာပြတ်တောက်ပြီး ရိက္ခာပြတ်တောက်သွားတဲ့အချိန် မြစ်ကို ဖြတ်ကျော်ပြီး သူတို့ မပြင်ဆင်ထားခင်မှာ သတ်လိုက်ရုံပဲ.... ဒါဆို ရွယ်ရဲ့နယ်စပ်ကို ငါတို့ ယူလို့ရပြီ...."


ဖုန့်မင်က ပြောသည်။  


“ဒါပေမဲ့ ရွှယ်ကျွင်းလျန်က ထန့်တိုင်းပြည်ကို လက်ထပ်ပြီးတဲ့နောက် ထန့်ရဲ့လူတွေ အားလုံးကို မသတ်ဘူးလို့ ကြားထားတယ်...သူတို့တွေက တောင်ဘက်မှာ တိုင်းပြည်တစ်ခု ရှိတယ့်ပုံပဲ.... ရေကြောင်းက သူတို့ရဲ့ခွန်အားပဲ... အဲဒီလူတွေက ရွယ်တိုင်းပြည်ဆီ သူတို့ သစ္စာစောင့်သိလိုက်မယ် ဆိုရင် ရေကြောင်းတိုက်ပွဲအတွက်.. ဧကရာဇ်ရွှယ်ကို တပ်သားတွေ လေ့ကျင့်ပေးဖို့ ကူညီပေးလောက်တယ်...."


“ဒါကြောင့် အရှိန်က အရေးကြီးတယ်.... သူတို့ တပ်ဖွဲ့ တပ်သားတွေ မလေ့ကျင့်ရသေးခင် တပ်သားတွေ ပို့တာက ကောင်းလိမ့်မယ်...."


ထန့်ရှန် လမ်းပတ်လျှောက်ခဲ့သည်။ ကျန့်အန်းမြို့စားက သူ့ဖခင်၏ ဘွဲ့အမည်ကို မေ့သွားပြီး သူ၏ညီအစ်ကိုများက သူ့ထက် စစ်ရေးအာဏာပိုရှိတာကို မကျေမနပ် ဖြစ်ခဲ့ကာ အခွံသက်သက် မြို့စားမဖြစ်ချင် ဟူသည့် ကောလာဟလ ပေါ်ထွက်လာသည်။ သူက ယခုဆို သူ့ညီအစ်ကိုများအားလုံးကို သတ်ရန် ကြိုးစားနေပြီဖြစ်သည်။  


ညီအစ်ကိုများက ကောလာဟလကို ကြားသောအခါ ကြောက်လန့်သွားကြသည်။ တစ်ဖက်တွင်မူ ထန့်ရှန်က ရွှယ်ချန်ကျန်း၏ ညစာအတွက် ဖိတ်ကြားမှုကို အခွင့်ကောင်းယူကာ သူ့ကို ညီအစ်ကိုများ၏ စစ်ရေးအာဏာကို လွဲယူရန် သွေးဆောင်နေသည်။


ထို့ကြောင့် နှစ်ဖက်ကြားရှိ ဆက်ဆံရေးက ခဏတာ အလျော့အတင်း မရှိ ဖြစ်နေသည်။ မြို့စားအိုကြီး၏ သားများကလည်း စားသောက်ပွဲကြီးတစ်ခု ကျင်းပရန် ထန့်ရှန်ကို တိတ်တဆိတ် ဖိတ်ကြားပြီး အရေးကြီးကိစ္စ ဆွေးနွေးစရာ ရှိသည်ဟု ဆိုခဲ့သည်။ သူတို့က ထန့်ရှန်ကို သူတို့ညီအစ်ကိုအတင်းအဓမ္မသေခိုင်းခြင်းကို မည်သို့ ရှောင်ရှားရမည်ဖြစ်ကြောင်း အကြံပေးခိုင်းခဲ့သည်။


ထန့်ရှန်က ထိုအချိန်၌ ပြောလိုက်တော့သည်။  


“ဒီလောကကြီးမှာ မြို့စားကျန့်အန်းထက် ဘယ်သူက ပိုကြီးမားလဲ... ဘယ်သူကများ မြို့စားကျန့်အန်းကို တစ်ခွန်းတည်းနဲ့ ဖျက်သိမ်းနိုင်မှာလဲ...."


အချို့က ရုတ်တရက် သဘောပေါက်သွားပြီး လက်ခုပ်တီးကာ ပြောလိုက်သည်။


“ဧကရာဇ်ရွှယ်ပေါ့...."


ထန့်ရှန်းက ပြောလိုက်သည်။  


“မင်းရဲ့သစ္စာရှိမှုကို ပြဖို့အတွက် မင်းရဲ့စစ်တပ်အာဏာကို ဧကရာဇ်ရွှယ်ဆီ ပေးလိုက်.... ဧကရာဇ်ရွှယ်က မင်းရဲ့စစ်ရေးအာဏာကို ယူမှာ မဟုတ်လောက်ဘူး.... အဲဒီအချိန်ကျရင် သူတို့ မင်းတို့ ကိုယ်ပိုင်တပ်ကို စီမံခန့်ခွဲခွင့် ပေးလိမ့်မယ်.... ဒါပေမဲ့ ဧကရာဇ်ရွှယ်က မင်းတို့ရဲ့သစ္စာရှိမှုကို အမှတ်ရနေမှာ... အဲဒီအခါ မြို့စားကျန့်အန်းက မင်းတို့ကို ဘယ်လိုလုပ် အကောက်ကြံနိုင်မှာလဲ...."


ညီအစ်ကိုများက ယင်းက ကောင်းမွန်သည့် အကွက်တစ်ခုဟု ဆိုခဲ့သည်။  


“ဒါပေမဲ့ ကျွန်တော်တို့က နန်းမြို့တော်နဲ့ ဝေးနေတာ.... မြို့စားရှာမတွေ့ဘဲ ဒီမြေကနေ မထွက်နိုင်ဘူးလေ...စစ်ရေးအာဏာကို ဧကရာဇ်ရွှယ်ဆီ ဘယ်လိုလုပ် ပေးနိုင်မှာလဲ...."


ထန့်ရှန့်အတွက် ဖြေရှင်းနည်း မရှိသည့်ပုံ ယောင်ဆောင်ရသည်မှာ ခက်ခဲလှသည်။ သားများက သူ့၌ နည်းလမ်းရှိကြောင်း မြင်တွေ့သည်။ ထို့ကြောင့် သူတို့က သူ့အကြံဉာဏ် ဘာဆိုတာ ပြောရန် တိုက်တွန်းခဲ့သည်။ ထန့်ရှန်က ဘာမှမပြောခဲ့ပေ။ သူတို့ အတော်ကြာ တောင်းဆိုပြီးနောက် ထန့်ရှန်က နောက်ဆုံးတွင် ပြောလိုက်တော့သည်။


“ဒီနည်းနဲ့ ပြောလိုက်ရင် ငါ လူဆိုးတစ်ယောက်လို့ မင်းတို့ တွေးသွားမှာကို စိုးရိမ်မိတယ်... ဒါပေမဲ့ ဒါက တစ်ခုတည်းသော နည်းလမ်းပဲ..... တခြားဖြေရှင်းနည်း အလုပ်ဖြစ်မဖြစ် မသိဘူး....” 


သားများက ထန့်ရှန်ရှေ့ ဒူးထောက်ပြီးနောက် သူ့ကို မိဘအသစ်ပမာ ကိုးကွယ်နေကြတော့သည်။ ထန့်ရှန်က ပြောလိုက်သည်။


“မင်းတို့ ငါ့ကို ယုံတယ် ဆိုရင် တပ်ရဲ့တရားဝင် တံဆိပ် ကျားတံဆိပ်ကို ပေး.. ပြီးရင် အကြောင်းပြချက် ရှင်းပြဖို့ ဧကရာဇ်ရွှယ်ဆီ စာတစ်စောင် ရေးလိုက်... မနက်ဖြန်ကျ နန်းမြို့တော်ကို သွားပြီး အဲဒါကို ငါနဲ့ တစ်ပါတည်း သယ်သွားမယ်...မြို့စားကျန့်အန်း ရှေ့မှာ.. ဒီနေရာကနေ ငါကလွဲရင် ထွက်သွားမဲ့သူ မရှိမှာ စိုးရိမ်မိတယ်...."


အစက သူတို့ တွေဝေနေကြသည်။ သို့သော် မြို့စားကျန့်အန်းဟူသော စကားလုံးကို ကြားသည့်အခါ မတွေဝေတော့ပေ။ ချက်ချင်းပင် စာတစ်စောင်ရေးရန် ပြင်ဆင်ပြီးနောက် ကျားတံဆိပ်ကို သေတ္တာလေးထဲ တည့်ပြီး ထန့်ရှန်အား ပေးလိုက်သည်။ ထန့်ရှန်က နောက်တစ်နေ့တွင် ခရီးထွက်ပြီး မြင်းလှည်းထဲ၌ အေးအေးလူလူ ထိုင်နေသည်။ သူက တရားဝင်ကျားတံဆိပ်လေးခု ထားရှိသည့် သေတ္တာလေးကို ဖွင့်လိုက်သည်။ သူတို့အောက်၌ အနီရောင်ဖယောင်းဖြင့် ချိတ်ပိတ်ထားသည့် စာအိတ်တစ်ခုရှိနေသည်။  


ထန့်ရှန်က စာကို ကြည့်တောင်မကြည့် ဖတ်လည်းမဖတ် သူက ဖယောင်းတိုင်ကို မီးညှိပြီးနောက် စာအိတ်ကို မီးတောက်ထဲ ပစ်ထည့်ကာ မီးရှို့လိုက်လေ၏။  


...


xxxxxxx