အပိုင်း ၁၃၃
Viewers 17k

Chapter 133


ထန့်ရှန်မြို့တော်သို့ပြန်ရောက်ချိန်တွင် ရွှယ်ချန်ကျင်းမှာ သူ၏ညီငယ်ဖြစ်သူက သူတို့၏စစ်အင်အားကိုရောင်းထုတ်လိုက်သည်အား မသိရသေးချေ။


ထန့်ရှန်မြို့တော်သို့ရောက်ရှိကြောင်းကို ရွှယ်‌ဟုန်ယန်သိလိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းဆိုသလို မြင်းကိုပြင်ကာ မြို့စွန်ရှိ အမတ်မင်းစံအိမ်တော်သို့ ထန်ရှန်နှင့်တွေ့ဆုံရန်အတွက်လာခဲ့လေသည်။


ယွင်ဖုန့်နန်းဆောင်မှ ထန့်ယွင်ကလည်း ထန့်ရှန်းပြန်ရောက်လာသည့်အကြောင်းအား ကြားခဲ့ရလေရာ သူလွေ့ရွှယ်အား နန်းတော်မှထွက်၍ ထန့်ရှန်အားကြိုဆိုရန်အတွက် ပေါ့ပေါ့ပါးပါးဖြစ်မည့်ဝတ်စုံအားပြင်ခိုင်းလိုက်၏။


သို့သော်လည်း လွေ့ရွှယ် သူ့အားကြည့်လာကာ သူမ၏ပါးစပ်ကိုပိတ်၍ရယ်မောလိုက်ပြီး ပြောလေသည်။

" ကျွန်တော်မျိုးမရဲ့ သခင်ကောင်းလေး ဘာတွေများလုပ်ဖို့ပြင်နေပါလိမ့်…"


ထန့်ယွင်ပြန်ဖြေလိုက်သည်။

" ငါကလူကြီးမင်းထန့်ကိုသွားကြိုပေးရမှာပေါ့… သူကကျန့်အန်းနယ်စားရဲ့တပ်တွေကို ပြန်လည်ရယူပေးဖို့အတွက် သူတစ်ယောက်တည်း ဓားခံအဖြစ်ကျန်ရစ်ခဲ့ရတာလေ ပြီးတော့ ငါစိတ်မချနိုင်ခဲ့ပေမဲ့… အခုသူပြန်ရောက်လာတော့…"


သူ၏စကားမဆုံးလိုက်ခင်မှာပင် လွေ့ရွှယ်ကြားဖြတ်လိုက်သည်။


" သခင် နယ်စားမင်းဝမ်နျန်လည်း သူ့အိမ်တော်ကနေ မြို့စွန်ကို သခင်ကြီးထန့်နဲ့တွေ့ဆုံဖို့အတွက် ထွက်ခွာသွားပြီးပြီဆိုတာ မသိသေးဘူးလား…"


ထန့်ယွင်၏ မည့်သည့်ကိစ္စကိုမျှနားမလည်ပါဟူသော အမူအယာအား မြင်လိုက်ရသဖြင့် လွေ့ရွှယ်သက်ပြင်းချကာ ပြုံးလိုက်ပြီး ပြောသည်။


" အဲ့ဒီစုံတွဲက ခဏတာခွဲခွာခဲ့ရပြီးမှ ပြန်လည်ဆုံတွေ့ရတာလေ…သခင်သာအဲ့ကိုသွားမယ်ဆို သခင့်အတွက်နေရာမရှိဘူး မဟုတ်ဘူးလား…"


ထန့်ယွင်ကြောင်အသွားပြီးနောက် အနည်းငယ်ရှက်သလိုခံစားလာရသဖြင့် ပြောလိုက်လေသည်။


" ငါအဲ့ဒီလိုကိစ္စတွေ ရှိတာကိုမသိလိုက်ဘူးပဲ… မင်းရဲ့ဉာဏ်ရှိရှိနဲ့သတိပေးပေးတာကို ကျေးဇူးတင်ပါတယ်…"


" အဲ့ဒါဒီအစေခံက ဉာဏ်ရှိခဲ့တာမဟုတ်ပါဘူး သခင်ကသာလုံးဝမစဉ်းစားမိခဲ့တာပါ…ကျွန်တော်မျိုးမတော့ အရှင့်ကိုပဲ သနားမိတယ်…သူ့တစ်ဘဝလုံး တန်ခိုးအာဏာကြီးမားခဲ့ပြီးမှ အဆုံးကျ အရှင့်လက်ထဲကိုကျဆင်းသွားရတာပဲလေ… ဘယ်လောက်သနားစရာကောင်းလိုက်လဲ…"


အစပိုင်းတွင် ထန့်ယွင်က သူမအဘယ့်ကြောင့် ရွှယ်ကျွင်းလျန်အကြောင်းဖော်ပြလာရသည်ဆိုသာအား နားမလည်ခဲ့ချေ။ ထို့နောက်တွင်မှ သူခဏကြာစဉ်းစားခဲ့ပြီးနောက် ၎င်းမှာ လွေ့ရွှယ်သည် သူ၏နှေးကွေးခြင်းနှင့် ရွှယ်ကျွင်းလျန်၏ခံစားချက်များအား မသိရခြင်းတို့အပေါ် လှောင်ပြောင်နေသည်ဖြစ်ကြောင်းကို သိလိုက်ရလေသည်။


ထန့်ယွင်မည်ကဲ့သို့ နားမလည်ဘဲရှိမည်နည်း။ အဆုံး၌ ရွှယ်ကျွင်းလျန်သည် သူ့၏စကားများအား ထန့်ယွင်ကဲ့သို့လူမျိုးပင် နားလည်နိုင်သည်အထိ အလွန်ပြတ်သားစွာလုပ်ဆောင်ခဲ့သည်။ သို့သော်လည်း အခြားတစ်ဖက်တွင် ထန့်ယွင်သူ၏နှလုံးသားအားပြန်လည်မကုစားရသေးသည့်အပြင် သူ၏အရေခွံမှာ မထူနေသောကြောင့် ထိုကဲ့သို့စဉ်းစားနိုင်ခြင်းမရှိပေ။ ၎င်းကိစ္စမျိုးသည် သဘာဝအတိုင်းဖြစ်လာခြင်းသာ ပို၍ကောင်းမွန်ပေမည်။


ယခုအချိန်တွင် လွေ့ရွှယ်အမှန်တကယ်ပင် သက်ပြင်းချမိလိုက်ပြီး ပြောလိုက်လေသည်။


" သခင် တချို့သောစကားလုံးတွေက ဒီအစေခံပြောသင့်တဲ့အရာမဟုတ်ပေမဲ့လည်း ဒီအစေခံ သခင့်ကိုသတိပေးချင်ပါသေးတယ်… တချို့သောအရာတွေပြန်လည်ရွေးချယ်လို့မရတော့မှသာ နောင်တမရပါနဲ့… ဒီကမ္ဘာကြီးမှာ အချို့သောခံစားချက်တွေက ခွင့်မပြုနိုင်ဘူးဆိုပေမဲ့လည်း အကျိုးအကြောင်းတော့သင့်လျော်ပါသေးတယ်…"


သူမ ကျောက်လုနှင့် ဖုန့်မင်တို့ကို ရည်ညွှန်းနေသည်အား ထန့်ယွင်သိနေခဲ့သဖြင့် သူပြောလာခဲ့သည်။


" ငါကအမြဲတမ်းသူတို့ရဲ့အတွေ့အကြုံတွေကို ကြားချင်ခဲ့တာလေ ဒါပေမဲ့ မင်းကိုဘယ်လိုမေးရမလဲဆိုတာမသိခဲ့ဘူး… မင်းငါ့ကိုအဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောပြချင်စိတ်ရှိရဲ့လား…"


လွေ့ရွယ်ပြန်ဖြေလာခဲ့သည်။

" ဘာပုံပြင်မှမရှိပါဘူးလေ.. ဒါကကံကြမ္မာက လူတွေကိုလှည့်စားခဲ့ရုံသက်သက်ပါပဲ…"


လွေ့ရွှယ် ဆက်မပြောခင် အချိန်အတန်ကြာရပ်နားလိုက်သည်။

" ကျွန်တော်မျိုးမက နောက်ပိုင်းမှသာ နယ်စားမင်းကျောက်လုကိုခစားခဲ့ရတာလေ… ဒါပေမဲ့ စစ်သူကြီးကကျွန်မကိုယုံကြည်ပေးခဲ့တယ် ဒါမှမဟုတ် ဖုန့်နိုင်ငံမှာ သူတစ်ယောက်ထဲဖြစ်နေပြီး စကားပြောစရာလူမရှိလို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ… အဲ့ဒါကြောင့်ပဲ ဒီအစေခံလေးက သူ့အတွက်နားထောင်ပေးမြဲနားတစ်စုံဖြစ်လာခဲ့တာ…  နယ်စားမင်းရဲ့ကလေးဘဝတုန်းက သူ့မိဘတွေနဲ့အတူ မင်မြစ်အနီးတဝိုက်မှာနေခဲ့ဖူးတယ်တဲ့…အဲ့အချိန်တုန်းက ဖုန့်နိုင်ငံက ပရမ်းပတာဖြစ်နေတဲ့အခြေအနေမှာပဲရှိနေပြီးတော့ ဖုန့်ဘုရင်ကလည်း အိမ်ရှေ့စံဘဝပဲရှိသေးတာလေ…သူကနန်းတော်ကနေထွက်ပြေးလာပြီး မုဆိုးမိသားစုတစ်ခုမှာ ခိုလှုံခဲ့တာ…နောက်ပိုင်း လိုက်ရှာတဲ့သူတွေရောက်လာတော့ နယ်စားမင်းရဲ့မိဘနှစ်ပါးစလုံး ဖုန့်ဘုရင်အတွက်နဲ့အသတ်ခံလိုက်ရ‌တယ်တဲ့… ဒီအရာတွေအားလုံးက အမေ့လျော့ခံအတိတ်ဟောင်းတွေဖြစ်ခဲ့ပေမဲ့ နယ်စားမင်း တစ်ခါပြောပြခဲ့ဖူးတယ်… အဲ့ဒီနောက်ပိုင်းတော့ ဘယ်တော့မှဒီအကြောင်းတွေကို ထပ်မပြောလာတော့ဘူးလေ…ဒီအစေခံမြင်နိုင်တာကတော့ နယ်စားမင်းကျောက်လုကသူ့မိသားစုကိုအလွန်ချစ်မြတ်နိုးတဲ့လူတစ်ယောက်ပဲ…ဖုန့်ဘုရင်က မရည်ရွယ်ခဲ့ဘူးဆိုပေမဲ့ သူ့ကြောင့် နယ်စားမင်းမိဘတွေကိုဆုံးရှုံးခဲ့ရပြီးတော့


မိဘမဲ့တစ်ယောက်ဖြစ်သွားရတာလေ…"


ထန့်ယွင်ပြောလိုက်လေသည်။

" ငါသာဆိုရင်တော့ လက်စားချေမှာပဲ…"


ထို့ကြောင့် လွေ့ရွယ်ခေါင်းငြိမ့်ကာ ပြန်ဖြေလာခဲ့သည်။

" မိဘမရှိတော့တဲ့ လူတစ်ယောက်က သူလျိုဖြစ်ဖို့အသင့်တော်ဆုံးပဲတဲ့… ကျွန်တော်မျိုးမလိုပေါ့..ဒီနိမ့်ကျတဲ့အစေခံက အားနွဲ့တဲ့အမျိုးသမီးတစ်ဦးဆိုပေမဲ့လည်း ဘယ်လိုနာကျင်မှုမျိုးကိုမဆို ကျွန်တော်မျိုးမ ခံနိုင်ရည်ရှိပြီးတော့ သဘာဝကျစွာနဲ့ပဲ အရာအားလုံးကိုလည်းနားလည်နိုင်တယ်လေ…နောက်ပိုင်းမှာတော့ ဒီအစေခံကို နယ်စားမင်းဆီအပို့ခံလိုက်ရပြီးတော့ အဲ့နောက်ပိုင်းမှာ ဒီအစေခံပြောရေးဆိုခွင့်ရှိလာပြီး ဖုန့်ဘုရင်အကြောင်းကို နယ်စားမင်းရှေ့မှာ ရံဖန်ရံခါပြောပြခဲ့ရတယ်…"


ဖုန့်ဘုရင်မှာ သွေးအေးရက်စက်သောသူတစ်ဦးဖြစ်သော်လည်း ကျောက်လုအပေါ်၌အလွန်ရိုးသားခဲ့ကြောင်းအား လွေ့ရွှယ်မြင်နိုင်လေ၏။


ထန့်ယွင်ပြောလာခဲ့သည်။

" ယူဆရမယ်ဆိုရင် ကျောက်လုက အဲ့ဒီအရာကိုမခံစားနိုင်တော့တဲ့အထိကို ဖုန့်ဘုရင်က ကျောက်လုကိုအရမ်းကောင်းကောင်း‌ဆက်ဆံပေးခဲ့တာပဲဖြစ်မယ်…"


လွေ့ရွှယ်ပြုံးကာ ပြန်ဖြေလာခဲ့သည်။

" အဲ့ဒါကြောင့်ပဲ ကံကြမ္မာက လူတွေကိုလှည့်စားနေတာလို့ပြောကြတာပေါ့…သခင်လည်း အရှင်က သခင့်အပေါ်ထားရှိတဲ့‌ခံစားချက်တွေကို မြတ်နိုးတန်ဖိုးထားသင့်တယ်…အဲ့ဒီမှာ ဆုံးရှုံးသွားတာနဲ့ ဘယ်တော့မှပြန်မရနိုင်တော့တဲ့အရာမျိုးတွေရှိတာပဲကို… သခင်ဘယ်လောက်ပဲ နောင်တရနေပါစေ ဒီတစ်ကြိမ်မှာတော့ အရာအားလုံးကို စွဲစွဲမြဲမြဲဆုပ်ကိုင်ထားသင့်တယ်နော်…"


.....


ဖုန့်မင် သူ့လက်ကိုမြှောက်လျှက် နဖူးကိုပွတ်ကာ မြေပုံအား အချိန်အတန်ကြာမျှကြည့်နေခဲ့သည်။ လွန်ခဲ့သော ရက်အနည်းအငယ်အတောအတွင်း တပ်သားများစေလွှတ်ရန် ပြင်ဆင်မှုများအတွက်ကြောင့် အရာအားလုံးအား သူကိုယ်တိုင်လုပ်ဆောင်ခဲ့ရသဖြင့် သူ၏စိတ်မှာ အနည်းငယ်ထုံကျင်နေခဲ့ရသည်။ ထိုအရာမှာ သူထပ်၍ပင်မမောပန်းနိုင်တော့သည်အထိ မောပန်းခဲ့ရခြင်းဖြစ်ပြီး သူတွေးနေသည့်အရာကိုပင် တွေးတောနိုင်ခြင်းမရှိ၊ မှတ်မိနိုင်ခြင်းမရှိဖြစ်နေခဲ့ရသည်။


ဖုန့်မင်၏ဦးခေါင်းမှာမူ ပြုတ်ထွက်မတတ်ဖြစ်နေပြီး အလွန်အိပ်ချင်နေသောကြောင့် အနည်းငယ်ငိုက်မြည်းနေခဲ့သည်။ သူ၏ဖခင်ဖြစ်သူ၌ သားသမီးအများအပြားရှိခဲ့ပြီး သူသည်လည်း တစ်ဦးအပါအဝင်ဖြစ်သဖြင့် သူထိုအရာအား ကလေးဘဝတွင် မြင်ဖူးသလိုရှိနေခဲ့သည်။ သူ့သည်အလွန်ရက်စက်သည့်ပုံပေါ်သောကလေးတစ်ဦးဖြစ်ခဲ့သော်လည်း သူမင်မြစ်ဘက်သို့ထွက်ပြေးလာပြီး မုဆိုးမိသားစုထံတွင် ခိုလှုံခဲ့ချိန်၌ မိသားစု၏ချစ်ခြင်းဆိုသည်မှာ မည်ကဲ့သို့ဖြစ်ကြောင်းအား ပထမဆုံးအကြိမ်အဖြစ်သိခဲ့ရလေသည်။


ထိုမုဆိုးမိသားစုမှာ ငွေကြေးဥစ္စာမကြွယ်ဝသည့်တိုင်အောင် သူတို့မိသားစုသုံးဦးမှာအလွန်ပျော်ရွှင်နေခဲ့ကြသည်။ သူတို့ ဖုန့်မင်အားခေါ်ဆောင်ပေးခဲ့ရုံသာမက သူတို့သားဖြစ်သူကိုပင် ဖုန့်မင်အားအဖော်ပြုခွင့်ပေးခဲ့လေသည်။


ဖုန့်မင်ဘုရင်ဖြစ်လာသည့်အချိန် ပထမဦးဆုံးစစ်တန်းလျားစစ်ဆေးရာတွင် ကျောက်လုအားတွေ့ခဲ့ရလေသည်။ ထိုအချိန်၌ ကျောက်လုမှာသူရဲကောင်းပီသပြီး စစ်သည်တော်များအကြားတွင် မတ်မတ်ရပ်ကာ အရပ်ရှည်ရှည်ဖြင့် ကွာခြားနေခဲ့သည်။ ဖုန့်မင်သဘောကျသည်ဟု မသတ်မှတ်နိုင်ခဲ့သေလည်း ထိုအချိန်တုန်းက သူ့ထံတွင် ကိုယ်လုပ်တော်အများအပြားရှိ၏။

133.2


နောက်ပိုင်းတွင် စစ်တန်းလျားအားစစ်ဆေးနေသည့်အချိန်အတွင်း၌ ဖုန့်မင်ထိုသူရဲကောင်းစစ်သည်နှင့်တစ်ဖန်ပြန်လည်ဆုံတွေ့ခဲ့သော်လည်း ထိုစစ်သည်မှာ သူခိုလှုံခဲ့သော မုဆိုးမိသားစုမှသားဖြစ်သူဖြစ်နေမည်အား သူမထင်မှတ်ထားခဲ့ပေ။  သူတိတိကျကျမှတ်မိခဲ့သည့်အရာမှာ ထိုသူ၏လည်ပင်းတွင်ဆွဲထားသော တိရစ္ဆာန်အရိုးလည်ဆွဲဖြစ်သာဖြစ်ခဲ့သော်လည်း ယခင်အချိန်တုန်းကထိုသူမှာချပ်ဝတ်တန်ဆာဝတ်ဆင်ထားခဲ့သောကြောင့် သူ၏လည်ပင်းတွင်ဆွဲထားသောတိရစ္ဆာန်အရိုးအား မမြင်‌ခဲ့ရချေ။


ထို့နောက်တွင် ဖုန့်ဘုရင်က သာမန်စစ်သည်တော်အငယ်တစ်ဦးအား အရေးကြီးသည့်ရာထူးကိုပေးအပ်သောကြောင့် တဖြည်းဖြည်းနှင့် ဖုန့်ဘုရင်တွင် အမျိုးသားများကိုနှစ်သက်သဘောကျနေသည့် ကောလဟာလထွက်ပေါ်လာခဲ့ရပြီး အရာရှိငယ်တစ်ဦးဖြစ်လာရသည့် ကျောက်လုသည်လည်း အချစ်တော်အသစ်ဟူ၍သတ်မှတ်ခံခဲ့ရလေသည်။


အစပိုင်း၌ ဖုန့်မင်ထိုစကားများအား ဂရုမစိုက်ခဲ့မိချေ။ သို့သော်လည်း ထိုထုတ်ဖော်၍မရနိုင်သော အတင်းစကားများမှာ တော်ဝင်ရုံးတော်၌ အမြဲဆိုသလို ပွထနေခဲ့ပြီး သူနေသားကျနေသည့်တိုင် ဖုန့်မင်မထင်ထားခဲ့သည်မှာ တဖြည်းဖြည်းနှင့် ကျောက်လုသူ့အပေါ်လေးစားမှုပြသလာလိမ့်မည်ဟူ၍ပင်ဖြစ်သည်။


ကျောက်လု ထိုအတင်းစကားများအပေါ်၌ အထင်လွှဲမှားခဲ့ပြီး ဖုန့်ဘုရင်၏ယုံကြည်မှုကိုရနိုင်ရန်အတွက် ဖြတ်လမ်းကိုလိုက်လိုခဲ့သည်။ ၎င်းမှာ သဘာဝကျစွာပင် အိပ်ရာထဲတွင်ဖြစ်လာမည့်အရာသည်သာ ယုံကြည်မှုအများဆုံးအရာဟူ၍ဖြစ်လာခဲ့သည်။


အပြစ်ရှိမှုတစ်ဝက်နှင့် လတ်ဆတ်မှုတစ်ဝက်ဖြစ်နေသော ဖုန့်မင်မှာလည်း ထိုကောလဟာလများအား ကျယ်ပြန့်စွာ ပြန့်နှံ့စေခွင့်ပြုခဲ့သည်။ သို့သော် မမျှော်လင့်ပဲ သူ၏မွေးနေ့ပွဲအခမ်းအနား၌ ကျောက်လုက ဖုန့်မင်၏ခံနိုင်ရည်ကိုကျော်လွန်၍ အတင်းအကြပ်ရယူမိခဲ့လေသည်။


ထိုအချိန်မှစ၍ သူတို့နှစ်ဦးအကြားရှိဆက်ဆံရေးမှာ ထူးဆန်းလာကာ တဖြည်းဖြည်းနှင့် အိပ်ရာပေါ်ရှိကစားပွဲမှာ သူတို့နှစ်ဦးအတွက်ပုံမှန်ဖြစ်လာပြီး ကောလကာလများအတိုင်း အမှန်တကယ်ဖြစ်လာခဲ့လေသည်။ ဖုန့်မင် သူ၏နှလုံးသားထဲရှိ အပြစ်ရှိနေသည့်စိတ်သည် တဖြည်းဖြည်းပြောင်းလဲသွားသည်အား ရှာတွေ့ရချိန်၌ ကျောက်လုသည် သူ၏နှလုံးသားထဲတွင် ဖယ်ထုတ်၍မရသော ဖြစ်တည်မှုတစ်ခုဖြစ်နေခဲ့ရပြီဖြစ်သည်။


ဖုန့်မင်ချွေးစေးများပြန်ကာ လန့်နိုးလာခဲ့သည်။ သူ၏အင်္ကျီလက်ဖြင့် နဖူးမှချွေးများအားသုတ်လိုက်ကာ သက်ပြင်းတစ်ချက်ချလိုက်ပြီး တိရစ္ဆာန်သွားဖြင့်ပြုလုပ်ထားသော ကြိုးလေးအားထုတ်ယူလိုက်သည်။


သူထိုတိရစ္တာန်သွားလေးအား ကျောက်လုထံမှတောင်းခဲ့သည်ကိုမှတ်မိနေသေးသည်။ သို့သော်လည်း သူပြောခဲ့သည်မှာ ထိုအရာမှာ ပျော်ရွှယ်ဖွယ်ရာကောင်းမည်ဟုပင်။ ကျောက်လု၎င်းအားနေ့တိုင်းဝတ်ဆင်ထားခဲ့သဖြင့် သူသည် ကျောက်လုထံမှအလဲအလှယ်ပစ္စည်းအဖြစ်လိုချင်လာခဲ့မိသည်။


အစပိုင်းတွင် သူနှင့်ဖုန့်မင်တို့အကြားရှိ အဖြစ်အပျက်ကြောင့် တင်းမာမှုများရှိခဲ့ကြသဖြင့် ကျောက်လုပေးရန်ငြင်းဆိုခဲ့သည်။ ထိုအရာမှာ သူ့မိဘများချန်ရစ်ခဲ့သည့်တစ်ခုတည်းသောအရာဖြစ်သည်ကို ဖုန့်ပင်သိနေခဲ့သဖြင့် သူထပ်မံ၍မတောင်းဆိုခဲ့ချေ။ သို့သော်လည်း နောက်တစ်နေ့တွင် ကျောက်လုသူ့ထံရောက်ရှိလာကာ ထိုတိရစ္ဆာန်သွားလေးအား ပေးလာခဲ့သည်။


အမှန်ပင် ဖုန့်မင်အလွန်ပျော်ရွှင်မြူးထူးသွားခဲ့၏။ ထိုအချိန်တုန်းက ကျောက်လုမှာ ရွှယ်နိုင်ငံမှသူလျိုဖြစ်မှန်းသူမသိခဲ့သေးပေ။ သူထင်ထားခဲ့သည်မှာ ‌နောက်ဆုံးတော့ ကျောက်လုသူနှင့်အတူရှိချင်စိတ်ပေါ်လာပြီဟူ၍ပင်ဖြစ်သည်။ သို့သော်လည်း အဆုံးတွင် တစ်ဖက်လူသည် သူ၏ယုံကြည်မှုအား ရယူချင်ရုံသာဖြစ်ခဲ့လေသည်။


ဖုန့်မင်လက်ကိုဆန့်ကာ ထိုတိရစ္ဆာန်သွားလေးအား ထိကြည့်လိုက်သော်လည်း သူ၏နှာခေါင်းမှ ချဉ်စူးနေမှုကိုမူ တားမရခဲ့ချေ။ ထိုအရာမှာကျောက်လုသည် အရာအားလုံးကို မှတ်မိခဲ့ပြီး သူ့အားလက်စားချေရန်အတွက် အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းနေခဲ့ခြင်းပင်ဖြစ်သည်။ ထိုအချိန်တွေတုန်းက ဖုန့်မင်အလွန်အယုံလွယ်ခဲ့ပြီး နန်းတော်မှထွက်ပြေးလာမိခဲ့သည့်အတွက် သူ့ကိုယ်သူအပြစ်တင်နိုင်ပေမည်။


.....


မြို့စွန်တွင် ရွှယ်ဟုန်ယန် ထန့်ရှန်၏လှည်းနှင့်ဆုံခဲ့ပြီး အပြင်ဘက်ရှိအစေခံမှပြောကြားလာခဲ့သည် ။


" သခင်ကြီးထန့် နယ်စားမင်းဝမ်နျန်ရောက်ရှိလာပါပြီ…"


ထန့်ရှန် လှည်း၏လိုက်ကာကိုမလိုက်ကာ အပြင်ဘက်သို့ကြည့်၍ အပြုံးတစ်ပွင့်ဖြင့်ပြောလာခဲ့သည်။


" အမတ်မင်းက ဒီထန့်ကိုတွေ့ဖို့အတွက်နဲ့ ကိုယ့်ဘာသာကိုယ်လာခဲ့ရတာလား…"


သူ၏စကားများကြောင့် ရွှယ်ဟုန်ယန်ရှက်သွေးဖြာသွားခဲ့သည်။ ထို့နောက် ထန့်ရှန်းမှ သူ၏မြင်းကို အစေခံအားပေးရန်ပြောလာခဲ့ပြီးနောက် သူတို့အတူလှည်းထဲဝင်လိုက်လေသည်။


ထိုလှည်းမှာ ရွှယ်‌ချန်ကျင်းမှပြင်ဆင်ပေးခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ရွှယ်ဝမ်၏ဝေါယာဉ်ကဲ့သို့ မခမ်းနားသော်လည်း အသေအချာပင် ဆိုးဆိုးရွားရွားမဖြစ်ခဲ့ပဲ တကယ်တမ်းမှာတော့ ထိုလှည်းပေါ်တွင်ထိုင်ရသည်မှာ အလွန်သက်တောင့်သက်သာရှိလှသည်။


ထန့်ရှန် အိတ်ထဲမှပိုးသားသေတ္တာကိုထုတ်လိုက်ပြီး ဖွင့်ကာ ရွှယ်ဟုန်ယန်ဆီသို့ ကမ်းပေးလိုက်သည်။


၎င်းအားရွှယ်ဟုန်ယန်မြင်လိုက်ချိန်တွင် သူချက်ချင်းဆိုသလို အံ့ဩသွားပြီး ပြောလာခဲ့သည်။


" တကယ်ကြီးကျားတံဆိပ်ကိုရခဲ့တာလား…"


ထန့်ရှန်ပြန်ဖြေလိုက်သည်။


" သူတို့ကလွယ်လွယ်ကူကူပဲလွှဲပြောင်းပေးလိုက်တာလေ…အဲ့ဒီကလေးသာသာလေးတွေက လှည့်စားဖို့လွယ်ကူလွန်းတယ်…"


ရွှယ်ဟုန်ယန် ကျားတံဆိပ်အားကြည့်လိုက်ပြီး အလွန်ပျော်ရွှင်ရလွန်းသဖြင့် ပါးစပ်ကိုပင်မပိတ်နိုင်ရှိနေခဲ့သည်။ သူတခစ်ခစ်ရယ်မောလိုက်ပြီးနောက် တစ်စုံတစ်ခုအား စဉ်းစားမိ၍ ပြောလိုက်လေသည်

" အမတ်မင်းထန့်နန်က မြို့တော်ကိုပြန်ရောက်နေတာတောင် အချိန်အတော်ကြာနေပြီ…"


" ငါသိပါတယ်… မင်းကိုဒုက္ခများသွားစေခဲ့ရပြီ…"


Xxxxxxx