အပိုင်း ၁၃၄
Viewers 14k

Chapter 134


ထန့်ရှန်ပြောလိုက်သည်။


" အခုတော့ မင်းကျားတံဆိပ်ရသွားတယ်ဆိုပေမဲ့လည်း ကျန့်အန်းတပ်တွေရဲ့ စိတ်နှလုံးကိုရရှိဖို့ မင်းဘာလုပ်နိုင်မလဲဆိုတဲ့အပေါ် မူတည်နေဦးမှာ…"


" ဧကရာဇ်ရွှယ်က ထန့်ရှင်းကိုလွှတ်ပေးလိုက်ပြီးတော့ စစ်သူကြီးအဖြစ်ခန့်အပ်ခဲ့တယ်တဲ့…သူက ကျားတံဆိပ်ကိုအသုံးပြုပြီး ကျန့်အန်းရဲ့တပ်တွေနဲ့ပေါင်းစည်းနိုင်ဖို့အတွက် စောင့်ဆိုင်းနေခဲ့တာ…"


ထန့်ရှန်ခေါင်းငြိမ့်ကာ ထပ်ပေါင်းပြောလိုက်သည်။

" ငါစဉ်းစားနေတာ အချိန်အတော်ကြာပြီ… ထန့်ရှင်းမှာက ရှားပါးစွမ်းရည်ရှိတာပဲ.. အထူးသဖြင့် သူက ဘယ်ချိန်မှာရှေ့တိုးပြီး ဘယ်ချိန်မှာနောက်ဆုတ်ရမလဲဆိုတာကိုသိနေတာပဲ.. အဲ့လိုသာမဟုတ်ရင်တော့…"


အကယ်၍ ထန့်ဘုရင်သာ ဟွမ်ကွေ့ဖေးအား အလွန်ပစားမပေးခဲ့ပါလျှင် ၎င်းမှာ အိမ်ရှေ့စံအားရုပ်သိမ်း၍ နောက်ထပ်တစ်ဦးကိုလွှဲပြောင်းပေးလိုက်ခြင်းဟူသော ရလဒ်ထွက်လာမည်ဖြစ်သည်။ ထန့်ရှင်း၏ ကိုယ်တိုင်ဖျက်သိမ်းလိုက်ခြင်းမှာ သူ၏သေဆုံးခြင်းနှင့် မဝေးကြောင်းကိုသက်သေပြနိုင်သည်ဟု သူသိနေခဲ့သည်။ မည်သည့်အိမ်ရှေ့စံက ယခင်အိမ်ရှေ့စံဟောင်းကို သည်းခံနိုင်မည်နည်း။ ထိုကဲ့သို့သာ မဟုတ်ခဲ့ပါက ထန့်ရှင်းက ပုန်ကန်ရန်အတွက် စစ်တပ်အင်အားကို အဘယ်ကြောင့် ကရူးရှူးထိုးမြင့်တင်ခဲ့မည်နည်း။


မည့်သို့ပင်ဖြစ်စေ ထန့်ရှန်က ထိုထန့်နိုင်ငံနှင့်ပတ်သက်နေသော အတိတ်ဟောင်းများအား ထပ်ပြောစိတ်ချင်မရှိ‌နေပေ။


ရွှယ်ဟုန်ယန်က ထန့်ရှန်၏စိတ်ကိုသဘောပေါက်သွားပြီး ပြောလိုက်လေသည်။


" စိတ်မပူပါနဲ့…အရှင်မင်းကြီးက စပြီးပြင်ဆင်နေပြီလေ.. ပြီးတော့ ကျန့်အန်းရဲ့စစ်တပ်ကိုလည်း ကိုင်တွယ်နိုင်မှာပါ… အဲ့ဒီ့အပြင် အမတ်မင်းထန့်နန်ကလည်းအရည်အချင်းရှိတယ်လေ…ကျွန်တော့ရဲ့ခင်ပွန်းက အရှင်မင်းမြတ်ရဲ့ အမတ်မင်းထန့်နန်ကို ကျန့်အန်းစစ်တပ်ကိုယူခွင့်ပြုလိုက်တဲ့ အဓိပ္ပါယ်က ဘာကိုဆိုလိုချင်လဲဆိုတာကိုပဲသိနေဖို့လိုတယ်…" 


ထန့်ရှင်း ရယ်မောလျက်ပြောလာခဲ့သည်။


" မင်းကအတော်လေးသိပြီးနေပြီပဲ…"


ရွှယ်ဟုန်ယန် တခစ်ခစ်ရယ်လိုက်ပြီး ထန့်ရှန်ထိုကိစ္စကိုစိုးရိမ်နေသည်အား သူသိရှိနေသည့်အတွက် သဘာဝကျစွာပင် ထန့်ရှန်အားသက်တောင့်သက်သာဖြစ်စေမည့်အရာကိုသာ မေးမြန်းခဲ့လေသည်။


ထန့်ရှန်က သူ့အားပြုံး၍ကြည့်နေခဲ့သည်။ ထို့နောက် ပိုးသားသေတ္တာကိုပိတ်လိုက်ကာ အိတ်ထဲသို့ပြန်ထည့်လိုက်ပြီးနောက် ပြောလာခဲ့သည်။


" ဖုန့်နိုင်ငံရဲ့မင်းသမီးကတော့ အစော်ကားမခံနိုင်လို့ ထွက်ပြေးသွားတယ်တဲ့…တကယ်လို့သူမသာအမတ်မင်းနဲ့လက်ထပ်လိုက်ရမယ်ဆိုရင် ကိုယ်ကြောက်မိတာ အခုဖြစ်နေတဲ့အရာတွေ ဖြစ်မလာနိုင်မှာကိုပဲ…"


ထန့်ရှန်ပြောသည်ကို ရွှယ်ဟုန်ယန်ကြားလိုက်ပြီး သူ၏အာရုံကြောများ တောင့်တင်းသွားကာ ပြန်ပြောလိုက်သည်။


" ကျွန်တော်ကဘယ်လိုလုပ်ပြီး မင်းသမီးနဲ့လက်ထပ်နိုင်မှာလဲ  ကျွန်တော့် ခင်ပွန်းက ကျွန်တော့်ရဲ့နှလုံးသားကိုမသိတာမဟုတ်လို့လား…" 


ထန့်ရှန်မျက်ခုံးပင့်ကာ ပြုံးလိုက်လေသည်။ ရုတ်တရက်ဆိုသလို လက်ကိုဆန့်၍ ရွှယ်ဟုန်ယန်အား သားမွှေးအခင်းပျော့ပျော့ပေါ်သို့တင်လိုက်ပြီး သူ့အားဖိကပ်လိုက်ကာ ပြုံးလျက် ပြောလိုက်သည်။


" ငါကြားဖူး‌တာတော့ လူတွေပြောတာ သေးငယ်တဲ့ခွဲခွာခြင်းက အချစ်သစ်ထက်ပိုပြီးကောင်းတယ်တဲ့… ဒီရက်ပိုင်းအမတ်မင်းမှာကော အချစ်သစ်လေးတွေများပေါ်မနေဘူးလား…"


" ဒီတိုင်းကတော့ မရှိပါဘူး…"


" အဲ့ဒါဆိုရင် ဒီထန့်အဝေးရောက်နေတုန်းက နယ်စားမင်းအနေနဲ့သည်းခံဖို့ခက်ခဲခဲ့မှာပေါ့နော်…"


သူ၏ လက်အနားသို့နီးကပ်နေသည့် တစ်ဖက်လူ၏မျက်နှာအား ရွှယ်ဟုန်ယန်ကြည့်လိုက်မိချိန်တွင် သူ၏နှလုံးမှာ ခုန်ပေါက်ထွက်လာမတတ် ခုန်နေခဲ့ပြီး ထို့နောက်တွင် ပြန်ဖြေလိုက်လေသည်။


" ရောက်ရောက်ချင်းတောင်မရဘူးလား.... ဘာလို့များ ကျွန်တော့ကိုလိုက်စနေတာလဲ…"


ထန့်ရှန်ပြောလိုက်သည်။

" ကိုယ်မင်းကိုဘယ်လိုစလို့လဲ.."


ပြောပြီးသည်နှင့် ရွှယ်ဟုန်ယန်၏ လက်ကောက်ဝတ်အားဆွဲယူကာ အောက်ဘက်သို့ရွှေ့ပေးလိုက်သဖြင့် ရွှယ်ဟုန်ယန်မှာကြောင်အသွားရကာ အံ့ဩမှုအပြည့်ဖြင့်ကြည့်လာခဲ့သည်။


ထို့နောက် ထန့်ရှန်ကထပ်၍ပြောလိုက်သည်။

" စောစောကတည်းက ကိုယ်အောင့်မထားနိုင်တော့တာ…"


ရွှယ်ဟုန်ယန်ကလည်း သဘာဝကျကျပင် တက်ကြွနေပြီဖြစ်သည်။ သူတစ်ဖက်လူခါးကိုတင်းကြပ်စွာဆုပ်ကိုင်လိုက်ကာ ထန့်ရှန်အား သူ့ခန္ဓာကိုယ်၏အောက်သို့ အားသုံး၍ တွန်းလှန်လိုက်ပြီး သူတို့၏ပုံစံများမှာ ချက်ချင်းဆိုသလို ပြောင်းပြန်ဖြစ်သွားခဲ့သည်။ ရွှယ်ဟုန်ယန် ထန့်ရှန်၏နှုတ်ခမ်းထောင့်လေးအားနမ်းလိုက်ပြီးနောက် ပြောလာသည်။


" သေချာပေါက် ကျွန်တော်လွမ်းတာပေါ့… မကြာခင်မှာ ခင်ဗျားပြန်လာနိုင်လိမ့်မယ်လို့မျှော်လင့်ထားခဲ့ပေမဲ့ တကယ်တမ်းတော့ အရှင်ဒုက္ခတွေ့နေမှာ စိုးရိမ်နေခဲ့တာ…"


ထန့်ရှန်တီးတိုးပြောလိုက်သည်။


" အခုကလှည်းပေါ်မှာနော် နယ်စားမင်းကအပြင်ကလူတွေကြားသွားမှာ မစိုးရိမ်ဘူးလား…"


ရွှယ်ဟုန်ယန် ကြက်သီးများထောင်ထလာပြီး ပြောလိုက်သည်။


" ကျွန်တော့်ကို တမင်လုပ်နေတာမဟုတ်ဘူးလို့ ပြောနေသေးတာလား…"


ထန့်ရှန် တမင်တကာပင် ခြေထောက်အားမြှောက်၍ သူ၏ဒူးဖြင့် ရွှယ်ဟုန်ယန်၏အောက်ပိုင်းအား ပွတ်၍ ရယ်လိုက်သည်။


" ဒါပေမဲ့ ကိုယ်ကမင်းနဲ့လှည်းထဲမှာပဲအတူရှိချင်တာလေ… ရမယ်မလားဟင်…"


...


သူတို့နန်းတော်ထဲရောက်ချိန်မှာတွင် မွန်းလွဲချိန်ပင်ဖြစ်နေပြီဖြစ်သည်။ ထို့အတူ ထန့်ရှန် သူ့ကိုအဖော်ပြု၍ နန်းတော်ထဲလိုက်လာပေးခဲ့ခြင်းမျိုးမှာလည်း ရှားပါးလှပြီး သူရွှယ်ဟုန်ယန်အား ကျားတံဆိပ်ကို တိုက်ရိုက်မပေးခဲ့ချေ။


သူတို့လှည်းထဲတွင်ရှိနေစဉ်က ထန့်ရှန်မှာ အပြင်ဘက်မှကြားသွားမည်အား စိုးထိတ်ခဲ့ရသဖြင့် ကျယ်ကျယ်လောင်လောင်ပင်မညည်းရဲခဲ့ချေ။ 


မည်သို့ပင်ဖြစ်စေ ရွှယ်ဟုန်ယန်မှာ သူ့ဆီမှ နှိုးဆွခံလိုက်ရသဖြင့် ထိန်းချုပ်မှုလွတ်ထွက်သွားပြီး လဲပြိုကျလာခဲ့သည်။ ထန့်ရှန်နောက်တစ်ကြိမ်တွင်တော့ နယ်စားမင်းအားထပ်မံ၍ နှိုးဆော်ပေးရဲတော့မည် မဟုတ်ချေ။


အမတ်မင်းအိမ်တော်သို့ပြန်ရောက်ပြီးနောက် သူဆေးကြောသန့်စင်ကာ အလျင်အမြန် နန်းတော်သို့ဝင်လိုက်ရသည်။

134.2


ရွှယ်ကျွင်းလျန်နှင့် ထန့်ယွင်မှာမူ နွေးထွေးသော စာကြည့်ခန်းမတွင်ရှိနေခဲ့သည်။ ရွှယ်ဟုန်ယန်နှင့် ထန့်ရှန် သူတို့အား အရိုအသေပြု၍ နှုတ်ခွန်းဆက်စကားပြောကြားလိုက်ပြီး ဧကရာဇ်ရွှယ်က ကျန်းယွီအားသူတို့အတွက်ထိုင်ခုံယူလာရန်မိန့်ကြားလိုက်သည်။


ထန့်ရှန်၏အသံမှာ အနည်းငယ်အက်ရှနေကာ သိသိသာသာပင် ထိုင်ချလိုက်ချိန်၌ သက်တောင့်သက်သာဖြစ်နေပုံမရှိပေ။ သဘာဝကျစွာပင် ရွှယ်ကျွင်းလျန်အကြောင်းရင်းအား သဘောပေါက်သွားခဲ့သော်လည်း စုံတွဲများလုပ်လေ့ရှိသည်များအား မသိခဲ့သော ဖြူစင်သည့် ထန့်ယွင်မှာမူ နားမလည်ခဲ့ချေ။ ထို့ကြောင့် သူအလွန်စိုးရိမ်သွားခဲ့ရပြီး မေးလိုက်လေသည်။


" လူကြီးမင်းက အအေးမိလာတာလား…"


လူရှေ့သူရှေ့တွင်ရှက်ရွံမှုအား ထုတ်ဖော်ပြလေ့မရှိသူ ထန့်ရှန်မှာ ရှားရှားပါးပါး မျက်နှာနီမြန်းလာခဲ့ရသည်။ ရွှယ်ဟုန်ယန်မှာ မြင်နေကျဖြစ်နေခဲ့အတွက် အသားကျနေခဲ့သော်လည်း ရွှယ်ကျွင်းလျန်မှာမူ ကျယ်လောင်စွာ ရယ်မောလိုက်မိသည်။


ရွှယ်ကျွင်းလျန် ပြောလိုက်သည်။


" ‌အလုပ်အကြောင်းကိုပဲ ပြောလိုက်ကြတာပေါ့ အခုက ကျားတံဆိပ်ရှိနေပြီဆိုတော့ ဖုန့်နိုင်ငံကိုတိုက်ဖို့အတွက်ပိုပြီးတော့ သေချာသွားရပြီ…"


ထန့်ယွင် ခေါင်းငြိမ့်လိုက်ပြီး ပြောသည်။

" တပ်တွေချထားနိုင်နေသရွေ့ ကျန့်အန်းက မင်မြစ်နဲ့အနီးဆုံးနေရာပဲ… ကျန့်အန်းကနေ တပ်သားတွေပို့ပေးနေသရွေ့တော့ မင်မြစ်က ဦးတည်ရာနှစ်ဘက်ကနေပြီး တိုက်ခိုက်နိုင်လိမ့်မယ်… အဲ့နည်းနဲ့သာဆိုရင် အနိုင်ရဖို့ အလားအလာက ပိုတောင် ကြီးမားသွားမှာ…"


ရွှယ်ကျွင်းလျန်လည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် ဆက်ပြောလိုက်သည်။

" ပြီးတော့ အံ့ဩသွားရတာပေါ့…"


ထိုသူနှစ်ဦး အချင်းချင်းထောက်ခံနေသည်အား ထန့်ရှန်ကြည့်လိုက်ပြီး ကြည့်ရသည်မှာ ထိုသူနှစ်ဦးသည် စစ်ဗျူသာများအကြောင်း ဆွေးနွေးနေကြခြင်းဖြစ်ပြီး တစ်ဖက်လူမှာ စကားတစ်လုံးမျှဝင်မပြောနိုင်ခဲ့ပေ။ ထန့်ယွင်သည် စစ်တိုက်ခြင်းနှင့်ပတ်သက်သည့်အနုပညာအား ကျွမ်းကျင်သူဖြစ်ပြီး သူသည် စစ်ပွဲဆိုင်ရာအနုပညာအတွက် အလွန်စိတ်လှုပ်ရှားခဲ့ရကာ သူ့တွင်ထူးခြားသော ထိုးထွင်းသိမြင်မှုများစွာရှိသည်။ ရွှယ်ကျွင်းလျန်သည် သူ၏စကားကို အာရုံစူးစိုက်မှုအပြည့်နဲ့ နားထောင်နေပြီး သူတို့နှစ်ဦးမှာ သဘာဝအတိုင်း အလွန်လိုက်ဖက်ညီလှသည်။


သူတို့လေးဦးစလုံး ကျန့်အန်းစစ်တပ်အတွက် နောက်ဆုံးသောဆုံးဖြတ်ချက်ချခဲ့ကြသည်။ လက်ရှိအချိန်တွင် သူတို့ဆုံးဖြတ်ခဲ့ကြသည်မှာ တည်တည်ငြိမ်ငြိမ်နေခြင်းသာအကောင်းဆုံးဖြစ်ပြီး ဖုန့်နိုင်ငံအား ကျန့်အန်းစစ်တပ်သည် ထိုနယ်မြေ၏အာဏာစက်အောက်တွင်သာ ရှိနေသည်ဟူ၍ ဆက်လက်ထင်မြင်နေစေမည်။ ထို့ဖြစ်ရာ ထိုနေရာသို့တပ်သားများများပို့ရန်မဖြစ်နိုင်သောကြောင့် ကျန့်အန်းစစ်တပ်အပေါ်ထားရှိသည့် သတိထားနေမှုမှာ ‌လျော့နည်းသွားမည်ဖြစ်သည်။ အချိန်ကျရောက်သည့်အခါမှာတော့ ကျန့်အန်းကို ရှေ့တန်းသို့အားဖြည့်ပေးရန်အတွက် စေလွှတ်နိုင်မည်ဖြစ်သည်။


ကျားတံဆိပ်လေးခုမှာမူ ရွှယ်ကျွင်းလျန်၏ ရဲရင့်သော စစ်သူကြီးလေးဦးဖြစ်သည့် ထန့်ရှင်းနှင့် ဟယ့်ညီအစ်ကိုသုံးဦးထံတွင် အသီးသီးရှိနေခဲ့ကြသည်။ နောက်ထပ်တစ်ဆင့်မှာ ‌စစ်သူကြီးများကို အမှတ်အသားပေး၍ တပ်သားများပေးပို့စေမည်ဖြစ်သည်။


လူတိုင်းဆွေးနွေးပြီးချိန်၌ ထန့်ရှန်း ရွှယ်ကျွင်းလျန်နှင့် နှစ်ဦးတည်းစကားပြောရန် ခွင့်ပန်လာခဲ့သဖြင့် ရွှယ်ဟုန်ယန်နှင့်ထန့်ယွင့်တို့မှာ ပဟေဠိဖြစ်နေခဲ့ကြသည်။


နွေးထွေးသော စာကြည့်ဆောင်ခန်းမသည် အရေးကြီးကိစ္စများကို ဆွေးနွေးရန်အတွက် ဘုရင်မင်းမြတ် ဝန်ကြီးများနှင့် တွေ့ဆုံခဲ့ရာ အထူးနေရာတစ်ခုဖြစ်သည်။ ထို့ကြောင့် အသံလုံခြင်းစနစ်မှာ အလွန်တင်းကြပ်ပြီး တံခါးအား တစ်ကြိမ်ပိတ်လိုက်သည်နှင့် အပြင်ဘက်ရှိလူများမှာ အတွင်းထဲတွင်ပြောနေသည်အား မကြားနိုင်တော့ပေ။


ရွှယ်ကျွင်းလျန်အပြုံးတစ်ပွင့်ဖြင့် ပြန်လည်ဖြေကြားလိုက်သည်။


" လူကြီးမင်းထန့်အတွက် နန်းတော်ဝင်ဖို့လည်းခက်ခဲတယ်ဆိုတော့ ကျန်းမာရေးကောဘယ်လိုရှိပါလိမ့်..ကိုယ်တော့်ရဲ့ ဒီအစ်ကိုကြီးက တစ်ခါတလေ ကျင့်ဝတ်တွေနားလည်တတ်တာမဟုတ်တော့..နောက်ကျရင် မင်းသူ့ကိုပိုပြီးဂရုစိုက်ပေးရတော့မှာပဲ…"


ထန့်ရှန်ပြုံး၍ပြောလာခဲ့သည်။

"နယ်စားမင်းဝမ်နျန်နဲ့ ကျွန်တော်မျိုးက တစ်ဦးရဲ့ဝန်ကိုတစ်ဦးကထမ်းပိုးပေးထားတာမလို့ အဆုံးမှာတော့ ကျွန်တော်မျိုးတို့မှာ လိုက်ဖက်ညီတဲ့အိမ်ထောင်ရေးတစ်ခုရှိပါတယ်…"


ထိုစာသားမှာ ရွှယ်ကျွင်းလျန်၏အနာအားထိမိသွားပုံရသွားခဲ့သည်။ ရွှယ်ဟုန်ယန်နှင့် ထန့်ရှန်တို့မှာ စည်းလုံးညီညွတ်စွာနေထိုင်ကြသော စုံတွဲတစ်တွဲ၏ အကောင်းဆုံး ဥပမာတစ်ခုအဖြစ် မှတ်ယူနိုင်မည်ဖြစ်သည်။ သူတို့သည် တစ်ဦး‌အပေါ် တစ်ဦး ချစ်ခင်လေးစားကြပြီး ထန့်ယွင်အားလမ်းညွှန်ပြသနေရသည့်အဆင့်တွင်သာ ရှိနေသေးသည့် သူနှင့်မတူခဲ့ချေ ။


ထန့်ရှန်ပြောလာခဲ့သည်။

" ကျွန်တော်မျိုးက အစစ်အမှန်အရည်အချင်းရှိတဲ့ လူတွေရှေ့မှာ မုသားမပြောတတ်ပါဘူး…ယူဆရမယ်ဆိုရင် ဧကရာဇ်ရွှယ်ရော ကျွန်တော်မျိုးရော နှစ်ဦးစလုံးက ကွေ့ပတ်ပြောရတာကို စိတ်ကုန်နေကြပြီဆိုတော့ ကျွန်တော်မျိုးလည်း စကားကိုတည့်တည့်ပြောရဲတာပေါ့…"


" ထုံးစံအတိုင်းပဲ ပေါ့ပေါ့ပါးပါးသာပြောကြတာပေါ့…"


ဒါကြောင့်ထန့်ရှန်ပြုံးရင်းပြောလိုက်သည်။


" ကျွန်တော်မျိုးထင်တာတော့ ဧကရာဇ်ရွှယ်သိနေတဲ့အရာအချို့ရှိတာ ကြာနေပြီဖြစ်မယ်…ကျွန်တော်မျိုးက ထန့်ယွင်ကြီးပျင်းလာတာကို မြင်ခဲ့ရတဲ့သူဖြစ်ပြီးတော့ သူရဲ့သဘာဝကို ကျွန်တော်မျိုးထက်ပိုပြီးသိတဲ့သူမရှိတော့ပါဘူး…ထန့်ယွင်က ဦးလေးတစ်ယောက်အနေနဲ့ သစ္စာရှိရှိနဲ့ စေတနာထားခဲ့တဲ့လူပါ..အဲ့ဒါကြောင့် သဘာဝကျစွာနဲ့ပဲ ကျွန်တော်မျိုး သူ့အတွက် တစ်သက်တာလုံးကောင်းကောင်းဆက်ဆံပေးနိုင်မဲ့ အမျိုးသမီးတစ်ဦးရှာပေးဖို့အလိုရှိပါတယ်…"


ရွယ်ကျွင်းလျန် ထန့်ရှန်းပြောလိုက်သည့်စကားမှာ " အမျိုးသမီး " ဆိုသည်ကိုသာ အာရုံစိုက်မိသွားပြီး သူ၏အပြုံးအား ထိန်းချုပ်ထားကာ ပြောလိုက်သည်။


" လူကြီးမင်းထန့် ဆက်ပြောပါ ကိုယ်တော် နားဆင်နေပါတယ်…"


ထန့်ရှန်းဆက်ပြောလာခဲ့သည်။

" ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းမှာလည်း အကြံဉာဏ်ကိုယ်စီရှိတာပဲလေ…ကျွန်တော်မျိုးက ထန့်ယွင်သဘောကျတဲ့အရာကိုငြင်းပယ်မှာမဟုတ်ပါဘူး…ထန့်ယွင်က ဒီကိစ္စတွေကို လုံးဝသိခဲ့ရတာ မဟုတ်ပါဘူး…တစ်စုံတစ်ယောက်က သူ့အတွက်ခုန်ချဖို့တွင်းတူးထားပြီးတော့ သူကလည်း ခုန်ချချင်စိတ်ရှိနေတဲ့အတွက် ကျွန်တော်မျိုး ကန့်ကွက်မှာတော့မဟုတ်ပါဘူး…ကျွန်တော်မျိုးပြောချင်တာက ထိုလူကဘုရင်ဖြစ်နေရင်တောင်မှ ထန့်ယွင်ကိုကောင်းကောင်းမဆက်ဆံဘူးဆိုရင်..ဒါမှမဟုတ် သူထန့်ယွင်အပေါ်ဆက်ဆံပုံကို ကျွန်တော်မျိုးသဘောမတွေ့ခဲ့ဘူးဆိုရင်တော့ တစ်နေ့မှာ ထန့်ယွင်ကို တခြားလက်တွဲဖော်တစ်ယောက်ရှာဖို့ နားချရလိမ့်မယ်…"


ရွှယ်ကျွင်းလျန် ရယ်မောကာ ပြောလိုက်သည်။


" တစ်စုံတစ်ဦးက ကိုယ်တော့်ကို အမတ်မင်းထန့်မှာ စူးရှတဲ့ပါးစပ်နဲ့ ချွန်ထက်တဲ့သွားတွေရှိတယ်လို့ပြောဖူးတာ မအံ့ဩတော့ပါဘူး…ကိုယ်တော်ဒီနေ့သင်ယူလိုက်ရပြီပဲ… မင်းက ဒီနေရာကိုချိန်းခြောက်လာတဲ့ ပထမဆုံးသူဆိုပေမဲ့လည်း…"


သူခဏရပ်လိုက်ပြီးနောက် ဆက်ပြောလာခဲ့သည်။

" ဘယ်လိုကိစ္စတွေပဲရှိရှိ ထန့်ယွင်က ရွှယ်ကျွင်းလျန်နဲ့ပဲ သက်ဆိုင်ပြီး ဘယ်တော့မှ မပြောင်းလဲသွားဘူးဆိုတာကို ကိုယ်တော်ကောင်းကင်ဘုံကိုတိုင်တည်ပြီး ကျိန်ဆိုနိုင်ပါတယ်…ထုံးစံအတိုင်းပဲ ကိုယ်တော်ကတော့ ဟုန်ယန်ကို အသားစားတဲ့မြေခွေးတွေ သူ့ကိုနာခံတဲ့ကိစ္စနဲ့အထူးပြုပြီး အကြံဉာဏ်တောင်းထားရမယ်… မစိုးရိမ်ပါနဲ့ လူကြီးမင်းထန့်…"


သူတို့နှစ်ယောက်စလုံးက တစ်ဖက်ကို တစ်ကြိမ်စီလျော့ချလိုက်ပြီး မည်သူကမှ အသာစီးမရခဲ့သော်လည်း ထန့်ရှန်က  ရွှယ်ကျွင်းလျန် ထန့်ယွင်အပေါ်ထားရှိသည့် ရွှယ်ကျွင်းလျန်ရဲ့ သဘောထားကို အလွန်ကျေနပ်ခဲ့ရသည်။


ထန့်ရှန် တံခါးကိုဖွင့်၍ထွက်သွားမည်အပြုတွင် အနောက်သို့လှည့်၍ပြောလာခဲ့သည်။


" ထန့်ယွင်က အတော်ဆုံးစစ်သူကြီးတစ်ယောက်ဖြစ်ဖို့ မွေးဖွားလာတဲ့သူပဲ…သူကစစ်မြေပြင်မှာပဲ သင်ယူကြီးပြင်းလာခဲ့ရတာ… သူ့ကိုနန်းတော်ထဲမှာပဲ ပိတ်လှောင်ပြီးတော့ မဖျက်ဆီးပါနဲ့…သူ့ကို အပြင်ထွက်ခွင့် ပေးရင်တော့ ကောင်းတာပေါ့လေ…"


ရွှယ်ကျွင်းလျန် ခေါင်းငြိမ့်လိုက်ပြီးပြောလိုက် သည်။

" ကိုယ်တော်သိတယ်…"


ထို့နောက် ထန့်ရှန်တံခါးကိုဖွင့်လိုက်ချိန်တွင် အပြင်ဘက်၌စောင့်ဆိုင်းနေကြသော ရွယ်ဟုန်ယန်နှင့် ထန့်ယွင်အားမြင်လိုက်ရလေသည်။ ထန့်ရှန်းထွက်လာသည်အား ရွှယ်ဟုန်ယန်မြင်လိုက်၍ ပြောသည်။


"နယ်စားမင်း ကျွန်တော်တို့ပြန်ကြတော့မလား…"


ထန့်ရှန်ခေါင်းငြိမ့်၍ ပြန်ဖြေသည်။


" ‌အင်း အရင်ပြန်လိုက်တာကောင်းမယ်… အပြင်မှာနောက်ကျနေပြီလေ…"


ထိုသူနှစ်ဦးထွက်ခွာသွားသည်အား ထန့်ယွင်ကြည့်နေခဲ့ပြီး သူ၏ခေါင်းအားပြန်လှည့်လိုက်ချိန်တွင် သူ့အားအထဲဝင်လာရန် လက်ပြဝှေ့ယမ်းနေသော ရွယ်ကျွင်းလျန်အားမြင်လိုက်ရလေသည်။


xxxxxxx