အပိုင်း ၁၃၅
Viewers 17k

Chapter 135


ထန့်ယွင် နန်းတော်ဆောင်ထဲသို့လျှောက်ဝင်လာခဲ့ချိန်၌ ရွှယ်ကျွင်းလျန် ပြုံးကာ မေးလာခဲ့သည်။


" ကိုယ်တော်တို့ဘာတွေပြောခဲ့ကြလဲဆိုတာသိလား…"


ထန့်ယွင်ခေါင်းယမ်းလိုက်ပြီး ဖြေသည်။


" မသိပါဘူး…"


ရွယ်ကျွင်းလျန် အကြောင်းအရာကို ပြန်ပြောင်းပြောဆိုလိုက်ပြီး ပြုံးလျက် ပြောသည်။


"ထန့်ရှန် ဘာလို့ သက်တောင့်သက်သာမဖြစ်နေရတာလဲ ဆိုတာကိုကောသိလား…"


ထန့်ယွင်ထပ်မံခေါင်းယမ်းလိုက်ချိန်တွင် ရွယ်ကျွင်းလျန်သူ‌၏‌ခေါင်းကိုလက်တစ်ဖက်မှထောက်ထားပြီး သူ့၏အနားသို့လာရန် လက်တစ်ဖက်မှ လက်ယပ်ခေါ်နေခဲ့သည်။ ထန့်ယွင်အရှေ့သို့ခြေနှစ်လှမ်းတိုးလိုက်ရာ ရွှယ်ကျွင်းလျန်‌‌ဆီမှ ဆွဲချခံလိုက်ရပြီး သူ့၏ပေါင်ပေါ်သို့ထိုင်ခိုင်းလိုက်သည်။


ရွှယ်ကျွင်းလျန်က သူ့ခါးပေါ်တွင် လက်တစ်ဖက်ကို ရစ်ပတ်ထားပြီး သူ၏ကျောရိုးပေါ်မှ ပေါင်ခြံအထိ တဖြည်းဖြည်းချင်း ပွတ်သပ်လိုက်သည့်အတွက် ထန့်ယွင်၏မျက်နှာမှာ ပူလောင်လာခဲ့ပြီး ထပြေးချင်နေမိခဲ့သည်။


ထို့နောက် ရွှယ်ကျွင်းလျန်ပြောလိုက်လေသည်။


" သူတို့ကဒီလိုမျိုးလုပ်ခဲ့ကြတာလေ … အဲ့ဒီတော့ကား…"


ယခုအချိန်မှသာ ထန့်ယွင်နားလည်သွားခဲ့ပြီး သူ၏မျက်နှာမှာ ချက်ချင်းဆိုသလို နီမြန်းလာခဲ့သည်။ သူထန့်ရှန်အား ဖျားနေသည်လားဟု မေးမြန်းခဲ့သည့်အကြောင်းအား သတိရသွားခဲ့ချိန်တွင် သူအရှက်ရမှုကြောင့် စားပွဲဖြင့်ထု၍သေလိုက်ချင်မိတော့သည်။ ဘယ်လောက်တောင် သူတုံးအခဲ့မိသည်နည်း။ ထိုအချိန်တုန်းက လူတိုင်း၏မျက်နှာမှာ ပြုံးတုံ့တုံ့ဖြစ်နေခဲ့ကြသည်မှာ အံ့ဩဖွယ်မရှိ‌ပေ။


ရွှယ်ကျွင်းလျန် သူ၏အင်္ကျီလည်ပင်းကို ဆွဲယူလိုက်ပြီး သူတို့၏နှုတ်ခမ်းနှစ်စုံအား အတူဖိကပ်စေလိုက်ကာ ရယ်လျက်မေးသည်။


" ကိုယ်တော်တို့ကော ဘယ်တော့အဲ့လိုမျိုးလုပ်ကြမှာလဲ…"


သူ၏စနောက်နေမှုအား ထန့်ယွင်ခံနိုင်ရည်မရှိသောကြောင့် မည်သည့်စကားပြန်ပြောရမည်အား မသိနေဖြစ်နေခဲ့သည်။ သဘာဝကျစွာပင် ရွှယ်ကျွင်းလျန်သည်လည်း သူပြန်ဖြေသည်ကို မလိုချင်ခဲ့ပဲ အချိန်အတန်ကြာအထိ နန်းဆောင်ထဲတွင် ပြင်းပြသောအနမ်းများသာရှိနေခဲ့သည်။


ဧကရာဇ်ဖုန့်က ချီကျစ်ကျဲကို စစ်သေနာပတိအဖြစ် ခန့်အပ်ပြီး ရွှယ်တိုင်းပြည်နှင့် စစ်မက်ဖြစ်ပွားရန်အတွက် ဖုန့်စစ်တပ်ကို စေလွှတ်လိုက်သည်။ 


ရှေ့တန်းတွင် တပ်စွဲထားသော ကျောက်လု၏ တပ်များနှင့် ချီကျစ်ကျဲ၏ တပ်များမှာ ချက်ချင်းပင် ထိပ်တိုက် တွေ့ကြလေသည်။


ကျောက်လုက သူ၏ စစ်သားများထဲမှ အချို့ကို တောင်ကုန်းအား စောင့်ကြပ်ရန် စေလွှတ်လိုက်ပြီး အဓိက တပ်ဖွဲ့များကိုမူ မင်မြစ်ကို ဖြတ်ကူးလာသည့် ရန်သူတပ်များကို တိုက်ခိုက်ရန် စေလွှတ်လိုက်သည်။


မင်မြစ်ကား ရွှယ်တိုင်းပြည်နှင့် ဖုန့်တိုင်းပြည် နှစ်နိုင်ငံကြားရှိ နယ်နိမိတ်တွင် တည်ရှိပေသည်။ ထို့ကြောင့် နှစ်ဖက်လုံးရှိ စစ်တပ်များက သူတို့အနေဖြင့် မင်မြစ်ကို ဖြတ်ကျော်နိုင်သမျှ ကာလပတ်လုံး နယ်နိမိတ်၏ တစ်ဝက်ကျော်ခန့်ကို အောင်နိုင်ပြီ ဖြစ်ကြောင်း သိထားကြသဖြင့် သဘာဝအရ တစ်ဖက်နှင့် တစ်ဖက် မြစ်ကို ဖြတ်ကူးခွင့် မပြုနိုင်ခြင်းပင် ဖြစ်သည်။


မနက်ခင်းညီလာခံတွင် ရွှယ်ကျွင်းလျန်က ရွှယ်တိုင်းပြည်အား ဖုန့်ဧကရာဇ်၏ တိုက်ခိုက်မှုနှင့် ပတ်သက်၍ တိုက်ပွဲကြေညာချက်ကို ဖတ်ရန် တရားရေးဝန်ကြီးတစ်ဦးအား တောင်းဆိုခဲ့သည်။ ဖုန့်တိုင်းပြည်ကို စစ်ကြေညာရသည့် အကြောင်းအရင်းမှာ ရွှယ်တိုင်းပြည်၏ အမတ်ကြီး တစ်ဦးဖြစ်သော ရွှယ်ချန်းကျင်က ဖုန့်မင်းသမီးကို လွန်စွာ ရိုင်းပြစော်ကားခဲ့ခြင်းကြောင့် ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့ကြောင့် ရွှယ်ကျွင်းလျန်က အခွင့်ကောင်းယူ၍ ရွှယ်ချန်ကျင်းကို ဖမ်းဆီးရန် အမိန့်ထုတ်၍ သူ့ကို ရာထူးမှ ဖယ်ရှားကာ သူ၏ စစ်တပ်အာဏာကို သိမ်းယူရန် အမိန့်ပေးလိုက်သည်။


ရွှယ်ကျွင်းလျန်က ချက်ချင်းပင် ကျားစစ်သူကြီး လေးဦးကို ခန့်အပ်လိုက်ပြီး ကျန်းအန်၏ တပ်ဖွဲ့များနှင့် မြင်းများကို အသီးသီး တာဝန်ယူရန် အမိန့်ပေးခဲ့သည်။


မင်မြစ်အောက်ပိုင်းရှိ ရေမှာ တိမ်ကောနေသောကြောင့် ထိုနေရာ၌ ဖြစ်ပွားနေသော တိုက်ပွဲမှာ ကုန်းမြေပေါ်ရှိ တိုက်ပွဲနှင့် အတူတူပင် ဖြစ်သည်။ ထို့ကြောင့် ဖုန့်တိုင်းပြည်ဖြစ်စေ၊ ရွှယ်တိုင်းပြည်ဖြစ်စေ အရင်ဆုံး တိုက်ခိုက်သည်ဖြစ်စေ နောက်မှတိုက်ခိုက်သည်ဖြစ်စေ ဤနေရာကို ဖြတ်သန်းရပေလိမ့်မည်။ ရွှယ်ကျွင်းလျန်က ကျောက်လု စောင့်ကြပ်သည့် တောင်ကုန်းအား မြစ်ရှုခင်းတောင်ကုန်းဟု အမည်ပေးထားသည်။

135.2


ထန့်ရှင်းနှင့် ဟယ့်ညီနောင်သုံးဦးတို့က ကျန်းအန်၏ စစ်တပ်များကို စုဆောင်းရန်အတွက် အိမ်တော်သို့ ထွက်ခွာလာကြ၏။ ဟယ့်ညီနောင်သုံးဦးမှာ ခြေသလုံးအိမ်တိုင်များ ဖြစ်ကြပြီး ထန့်ရှင်းနှင့် မတူဘဲ ရေပေါ်တွင် မတိုက်ခိုက်နိုင်ကြပေ။ ထန့်တိုင်းပြည်မှာ ၎င်းကို ရေများက ဝန်းရံထားသဖြင့် ထန့်ရှင်းက မြေပြင်ပေါ်တွင် လမ်းလျှောက်နေသည့်အလား ရေပေါ်တွင် တိုက်ခိုက်နိုင်ပေသည်။ ရေတပ်အတွက် ရွှယ်စစ်သားများကို လေ့ကျင့်ပေးရန် အနည်းငယ် နောက်ကျခဲ့သော်လည်း ထန့်ရှင်းနှင့် ရွှယ်တိုင်းပြည်တွင် ရောနှောပါဝင်နေသည့် ထန့်စစ်သားများမှာ အတွေ့အကြုံ မရှိသူများထက် များစွာ သာလွန်ပေသည်။


စစ်သားများကို ရေတပ်အတွက် လေ့ကျင့်မှု ပြီးဆုံးသွားပါက ထိုစစ်သားများမှာ ကျောက်လု၏ စစ်တပ်အတွက် ချွန်ထက်သော လှံတံများ ဖြစ်လာကြမည် ဖြစ်ပြီး ရန်သူကို နှစ်ဖက် ညှပ်၍ တိုက်ခိုက်ပါက ဖုန့်စစ်တပ်မှာ သေချာပေါက် ထွက်ပြေးသွားပေလိမ့်မည်။


ရွှယ်ဧကရာဇ်က အရာအားလုံးကို တွက်ချက်ထားသည်ကို တွေ့လိုက်ရသောအခါ ဖု့န်တိုင်းပြည်မှ ပထမဦးဆုံး တိုက်ခိုက်ခွင့်နှင့် စစ်သူကြီး လေးဦး၏ သူကောင်းပြုခြင်းကို ကြေညာလိုက်ပြီးနောက် သူတို့အားလုံး ဘာမှ မပြောဝံ့ကြတော့ပေ။ ရွှယ်ကျွင်းလျန်က ဤကိစ္စအတွက် စီစဉ်ခဲ့သည်မှာ ထင်ရှားပေသည်။


ရွှယ်ကျွင်းလျန်က လူအုပ်ကြီးကို မေးလိုက်၏။


“မင်မြစ်ကို ပံ့ပိုးကူညီပေးဖို့ ဘယ်သူ့ကို လွှတ်သင့်လဲ…”

အမတ်မင်းများအားလုံး ထန့်ယွင်ကို အကြံပြုရန် ဦးဆုံး စဉ်းစားမိခဲ့ကြသော်လည်း မည်သူမျှ မတင်ပြရဲခဲ့ကြပေ။ အကြောင်းမှာ ထန့်ယွင်က ယခင်ကလို မဟုတ်တော့သောကြောင့် ဖြစ်သည်။ ယခုအခါ သူက ဖီးနစ်တံဆိပ်ကို တာဝန်ယူရသည့် ဟွမ်ကွေ့ဖေး ဖြစ်လာခဲ့ပြီး ဧကရာဇ်ရွှယ်နှင့် ပေါင်းသင်းနေထိုင်နေကြ၏။ ထို့ပြင် ဤမင်္ဂလာမောင်နှံ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် လေးလေးနက်နက် ချစ်ကျွမ်းဝင်နေကြလေသည်။ ထို့ကြောင့် အမတ်မင်းများက သူ့ကို စစ်မြေပြင်သို့ စေလွှတ်ရန် မည်ကဲ့သို့ တောင်းဆိုဝံ့ပါမည်နည်း။


ထန့်ယွင်ကို အထင်သေးနေကြသည့် အချို့သော အမတ်မင်းများက အမတ်ကြီးထန့်နန်က အချိန်အတော်ကြာအောင် ကြီးစိုးနေပြီး ဧကရာဇ်ရွှယ်ကို ဖျက်ဆီးနေသည်ကို ထင်မြင်နေကြသည်။ ထို့ကြောင့် သူ့အနေဖြင့် မည်ကဲ့သို့ တိုက်ခိုက်ရမည်ကို မသိသည့်အပြင် အကယ်၍ ရှေ့တန်းသို့သာ စေလွှတ်ခံရပါက ရွှယ်တိုင်းပြည်ကို ကျဆုံးသွားစေမည်မှာ အသေအချာပင်။


လက်တွေ့တွင် ရွှယ်ကျွင်းလျန်က ထန့်ယွင်အား မသွားစေလိုပေ။ အကြောင်းမှာ စစ်မြေပြင်တွင် တိုက်ခိုက်ရခြင်းမှာ သေရေးရှင်ရေး စမ်းသပ်မှု တစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။ စစ်မြေပြင်တွင် ကျဆုံးခဲ့ရသည့် စစ်သေနာပတိ အနည်းငယ်သာ ရှိသော်လည်း စစ်မြေပြင်တွင် ကျဆုံးခဲ့ရသည့် လူဘယ်နှယောက်လောက်များ သူတို့၏ အလောင်းကို ပြန်လည် ရှာတွေ့နိုင်ခဲ့ပါသနည်း။


ထို့ကြောင့် ရွှယ်ကျွင်းလျန်က အားလုံး၏ ထင်မြင်ချက်ကို မေးမြန်းလိုသော်လည်း မည်သူမှ မပြောဝံ့ကြပေ။ ထို့နောက် ရွှယ်ကျွင်းလျန်က မေးကြည့်လိုက်သည်။


“ဘယ်သူ့ဆီမှာမှ အကြံဉာဏ်တွေ မရှိကြတော့ဘူးလား… ဒီစစ်ပွဲကို ငါတို့ဘက်က ဘယ်လိုတိုက်ကြမလဲဆိုတာ ပြောကြည့်ရအောင်လေ… လန့်ကျင်း မောင်မင်းက အမြဲတမ်း ဗဟုသုတ ကြွယ်ဝတဲ့ လူတစ်ယောက်ပဲ… မင်း ဘာပြောချင်လဲ…”


လန့်ကျင်းဆိုသူက မတ်တပ်ထရပ်လိုက်ပြီး ပြောလိုက်သည်။


“ကျွန်တော်မျိုးရဲ့ အမြင်အတိုင်း ပြောရမယ်ဆိုရင်တော့ အရှင်မင်းကြီးအနေနဲ့ မင်မြစ်ကို ကာကွယ်နိုင်ပြီး မြစ်ရေကို ဖြတ်ကျော်နိုင်ပြီဆိုတာနဲ့ ဖု့န်တပ်တွေကို အနိုင်ယူနိုင်မှာပါ…”


“အိုး… မင်မြစ်က သေးငယ်တဲ့ နယ်နိမိတ်တစ်ခုပဲလေ… အဲ့ဒီကနေ ဒီလောက်ကြီးမားတဲ့ အကျိုးသက်ရောက်မှုမျိုး ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ…”


“အရှင်မင်းကြီးဟာ အခုလက်ရှိ ဧကရာဇ်ပုလ္လင်ပေါ်မှာ ထိုင်နေပြီးတော့ လက်ရှိ လူတွေအားလုံးထဲမှာ ပြိုင်ဘက်ကင်း အရည်အချင်း အရှိဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါတယ်… ဒါပေမဲ့ ရွှယ်တိုင်းပြည်မှာ ရေမရှိပါဘူး အရှင်မင်းကြီး… တကယ်လို့ အရှင်မင်းကြီးသာ မင်မြစ်ကို ချုပ်ကိုင်နိုင်မယ်ဆိုရင် မြစ်ထဲက နဂါးတစ်ကောင်လို ဖြစ်လာမှာပါ… ဒါဆို အဆင်ပြေမယ်မဟုတ်ဘူးလား… အဲ့ဒီအချိန်ကျရင် ဖုန့်တိုင်းပြည်က လူတွေဟာလည်း သစ္စာမဲ့လာကြပြီးတော့ တိုင်းပြည်ကြီးဟာ သူ့အလိုလို ပြိုလဲသွားပါလိမ့်မယ်…”


“မောင်မင်း ပြောခဲ့တာတွေက တကယ့်ကို အကျိုးအကြောင်း ဆီလျော်မှု ရှိတယ်ဆိုပေမယ့် ဒီစစ်တပ်ဟာ ရေတပ်အတွက် သင့်တော်မှု မရှိဘူးဆိုတာ ငါတို့အားလုံး သိနေတာပဲ မဟုတ်ဘူးလား…”


“မင်မြစ်ကို အနိုင်ယူဖို့ ရေပေါ်မှာ တိုက်ခိုက်စရာ မလိုပါဘူး အရှင်မင်းကြီး… ရွှယ်စစ်တပ်ရဲ့ ရေတပ်အင်အားက အားနည်းပါတယ်… အဲ့ဒါကြောင့် မင်မြစ်ရဲ့ ရေတိမ်ပိုင်းကနေ စပြီးတော့ တိုက်ခိုက်သင့်တယ်… တစ်ဖက်မှာ ရန်သူကို အာရုံပြောင်းအောင်လို့ မင်မြစ်ကမ်းတလျှောက်မှာ စစ်တပ်တွေကို ကောင်းကောင်း ဖြန့်ကျက်ထားတုန်းမှာ အခြားတစ်ဖက်ကနေ မင်မြစ်ရဲ့ ရေတိမ်ပိုင်းကို ဖြတ်ကျော်ဖို့ စစ်တပ်တွေကို စေလွှတ်သင့်တယ်… ကျွန်တော်မျိုး သိသလောက်ဆိုရင် ဖုန့်တိုင်းပြည်ဘက်မှာ ရှိတဲ့ မင်မြစ်ကမ်းဘေးက ရွာငယ်လေးတွေဟာ ရေကြီးပြီးနောက်ပိုင်းမှာ ပြန်ပြီး မတည်ဆောက်ရသေးဘူး… အဲ့ဒါကြောင့် အရှင်မင်းကြီးအနေနဲ့ ဖုန့်တိုင်းပြည်က ပြည်သူတွေက စိတ်အနှောင့်အယှက် ဖြစ်ရအောင် အဲ့ဒီနေရာကနေပြီးတော့ ရုတ်တရက် တိုက်ခိုက်သင့်ပါတယ်…”


ရွှယ်ကျွင်းလျန်က ဤကဲ့သို့ ပြောလိုက်သည်။

“မောင်မင်း ပြောတာတွေက အဓိပ္ပာယ် ရှိပေမယ့် ဖုန့်ဧကရာဇ်က အလွယ်တကူ အရူးလုပ်လို့ ရတဲ့ လူ မဟုတ်လောက်ဘူး… ကိုယ်တော်တို့ ဘယ်လိုလုပ်ပြီး အာရုံပြောင်းအောင် လုပ်လို့ ရမှာလဲ…”


“ဒါကတော့ အရှင်မင်းကြီး စိတ်ထဲမှာ ရွေးချယ်ထားတဲ့ စစ်သေနာပတိပေါ် မူတည်ပါလိမ့်မယ်…”


လန့်ကျင်းက ဤကဲ့သို့ ပြန်ပြောလိုက်သည်။ ထိုအခါ ရွှယ်ကျွင်းလျန်က လန့်ကျင်းကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ ပြုံးရွှင်စွာ ပြောလိုက်၏။


“ကောင်းပြီလေ… မောင်မင်းက တကယ့်ကို အရည်အချင်းရှိတဲ့ လူတစ်ယောက်ပဲ… မောင်မင်းက ငါကိုယ်တော်ရဲ့ စိတ်ကိုတောင် မြင်နိုင်တယ်…”


ဤကဲ့သို့ မိန့်ကြားပြီးနောက် ညီလာခံကို အဆုံးသတ်ကြောင်း ကြေညာလိုက်သဖြင့် လူတိုင်း စိတ်ရှုပ်ထွေးသွားကြသည်။


အမှန်အတိုင်းဆိုပါက ရွှယ်ကျွင်းလျန်၏ စိတ်ထဲတွင် ရွေးချယ်ထားသည့် စစ်သေနာပတိမှာ ထန့်ယွင်ပင် ဖြစ်ပေသည်။ သို့သော် သူက ထန့်ယွင်ကို စေလွှတ်ရန် တွန့်ဆုတ်နေ၏။ သူက ထန့်ယွင် အန္တရာယ်ဖြစ်မည်ကို မလိုလားပေ။ နောက်ဆုံးတစ်ခေါက်က စစ်တပ်များကို ဦးဆောင်ရန် ထွက်ခွာသွားပြီးနောက် မက်မွန်ပွင့်ရေကန်တွင် သေလုမျောပါး ဖြစ်ခဲ့ရသည်။ ထို့နောက် သူ၏ သေဆုံးကြောင်း သတင်းစကားကို ကြားလိုက်ရသောအခါ ရွှယ်ကျွင်းလျန်တစ်ယောက် ပြိုလဲလုနီးပါး ခံစားခဲ့ရလေသည်။


“ပင်ပန်းနွမ်းနယ်မှုကြောင့် သေဆုံးသွားသည်” ဟူသော စကားလုံးများက ယခုတိုင် ရွှယ်ကျွင်းလျန်ကို ခြောက်လှန့်နေသည့် အိပ်မက်ဆိုးတစ်ခုပင်။


စစ်မြေပြင်မှာ သူ၏ မွေးရပ်မြေဖြစ်ကြောင်း ထန့်ယွင် ပြောခဲ့သည့်စကားများကို ရွှယ်ကျွင်းလျန် တစ်ယောက် အမှတ်ရနေပြီး သူ့တန်ဖိုးကို ရှာဖွေရန်အတွက် စေလွှတ်ပေးရမည် ဖြစ်သော်လည်း ထန့်ယွင်က အလွန်အမင်း စိတ်ကို နှစ်မြှုပ်ထားသောကြောင့် သူ့ဘဝ၏ မျှော်လင့်ချက်ကလေး အဆုံးသတ်သွားမည်ကို သူ စိုးရိမ်နေမိသည်။


ရွှယ်ကျွင်းလျန်က ခန်းမထဲသို့ ပြန်လာပြီး နဂါးပလ္လင်ထက်တွင် ထိုင်နေသည်။ အကယ်၍ သူသာ ရွှယ်ယွီကို စေလွှတ်လိုက်ပါက စိတ်အေးရမည် မဟုတ်ပေ။ အကြောင်းမှာ ရွှယ်ယွီထံတွင် အခြားသော ရည်ရွယ်ချက်များ ရှိနေသောကြောင့် မဟုတ်ဘဲ ရွှယ်ယွီ၏ ပင်ကိုယ်စရိုက်က ဖုန့်မင်နှင့် တိုက်ခိုက်ရန် မသင့်တော်သောကြောင့် ဖြစ်သည်။ ဖုန့်မင်နှင့် ယှဉ်ပါက ရွှယ်ယွီမှာ ငယ်ရွယ်လွန်းပြီး သင်ယူစရာ များစွာ ရှိနေသေးသည်။


xxxxxx