(15)
ရန်ချင်းလင်မှာ ထိုစကားကို ပြောပြီးသွားချိန်တွင် အနည်းငယ် စိတ်လှုပ်ရှားသွားသကဲ့သို့ သူ့၏မျက်တောင်များက အနည်းငယ်လောက် တုန်ယင်လှုပ်ခတ်သွားခဲ့သည်။
စိတ်လှုပ်ရှားသင့်တာပဲ။
ကျင်းရန် တွေးတောလိုက်သည်။ သူ အင်္ဂလိပ်စာ စလေ့လာတုန်းကလည်း နိုင်ငံခြားသားတစ်ယောက်နဲ့ စကားပြောတဲ့အချိန်မှာ ထိုကဲ့သို့ စိတ်လှုပ်ရှားခဲ့ဖူးသည်ပင်။
ထို့ကြောင့် ကျင်းရန် သူ့ကို နားလည်နိုင်သည်။
ရိုးရိုးသားသားပြောရလျှင် ရန်ချင်းလင်သည်ကား ဤနေ့စဉ်သုံး ကွမ်တုံးစကား အနည်းငယ်ကို ကောင်းမွန်စွာပြောနိုင်ခဲ့သည်။ သူ၏ အသံက သဘာဝကျပြီး ထူးဆန်းသလိုမျိုးလည်း ခံစားရခြင်းမရှိပါချေ။
“ကောင်းပြီ၊ မင်းပြောတာ မှန်တယ်”
ကျင်းရန်က ရန်ချင်းလင်၏ ဘာသာစကားစွမ်းရည်ကို ကောင်းကောင်းပြောနိုင်ကြောင်းသဘောတူပေးလိုက်သည်။
“မင်းက ရှောင်ကွားတွေထက် အများကြီးသာတယ်”
ရန်ချင်းလင် တိတ်ဆိတ်သွားခဲ့ပြီး ရုတ်တရက် ပြောလက်စခေါင်းစဉ်ကို ပြောင်းလဲလာခဲ့သည်။
“ရွှယ်ကျန်း၊ ရွှယ်ကျန်းကို ဘာလို့ ကျင်းရန်လို့ခေါ်တာလဲ”
ကျင်းရန် နားမလည်နိုင်ဖြစ်သွားရသည်။
“ဟမ်?”
ရန်ချင်းလင် ပြုံးပြီး ပြောလာသည်။
“ရွှယ်ကျန်းကို “ရိုးရှင်းတဲ့လူ”လို့ ခေါ်တာ ပိုသင့်လျော်လောက်မယ်လို့ထင်တယ်”
? ? ?
လူသား ဘာသာစကားလား?
ကျန်းရန် နှာမှုတ်လိုက်သည်။
“ဒါဆို ဘာလို့ မင်းကို ကလိန်ကကျစ်ကောင်လို့ မခေါ်တာလဲ၊ အဲဒီနာမည်က မင်းနဲ့ ပိုလိုက်ဖက်တယ်လို့ ငါထင်တယ်”
ရန်ချင်းလင်: “...”
အဆုံး၌ တက္ကသိုလ်တွင် ကွမ်တုံးဘာသာစကား ကလပ်မရှိသောကြောင့် ရန်ချင်းလင်က ဘတ်စကတ်ဘောကလပ်သို့ ဝင်ရောက်ဖို့ စီစဥ်ခဲ့သည်။
ကျင်းရန် အနည်းငယ် အံ့အားသင့်သွားရသည်။
“မင်းလည်း ဘတ်စကတ်ဘော ကစားတာလား”
ရန်ချင်းလင်က ချောမောသည့်ဂျပန်စတိုင်ကောင်လေးတစ်ယောက်ဖြစ်သည့်အတွက် သူက ဘေ့စ်ဘောကစားသင့်ကြောင်း လူတိုင်းက ပြောနေခဲ့ကြသည်ပင်။
ရန်ချင်းလင် မျက်ခုံးပင့်လိုက်ပြီး:
“ကျွန်တော်နှင့် ပြိုင်မလား?”
“မင်းက တိုက်ခိုက်ချင်နေတယ်ပေါ့၊ ကောင်းပြီလေ၊ နောက်တစ်ခါ ချိန်းပြီး ပြိုင်ရအောင်”
“ကောင်းပြီ”
ရန်ချင်းလင် ပြောလာခဲ့သည်။
“ရွှယ်ကျန်း ကျွန်တော့်ကို ချိန်းဆိုလာမှာကို စောင့်နေမယ်”
ပေကျင်းတွင် မိုးများထပ်ရွာခဲ့ပြီး ရာသီဥတုကလည်း လုံးဝအေးစက်သွားသွားခဲ့ပြီ။
ဆောင်းဦးရာသီ ပွဲတော်က နီးလာတော့မှာဖြစ်ပြီး တက္ကသိုလ်နယ်မြေ၏အနီးဝန်းကျင်မှ ဒေသခံ ဧရိယာတွင် နေထိုင်သည့် ရှန်ကျစ်ရှောင်းက ပွဲတော်အတွက် အိမ်ကိုပြန်ဖို့ရန် ပြင်ဆင်ခဲ့သည်။
ကျိယွမ်ရှီးကတော့ သူ့၏ချစ်သူ ကောင်မလေးနှင့် ချင်းဟွမ်တောက်သို့သွားရန် ချိန်းဆိုထားခဲ့သည်။
ခယ့်ယန်ကတော့ ပိတ်ရက်သုံးရက်လုံး စာကြည့်တိုက်တွင် နေမည်ဖြစ်ပြီး ကျင်းရန်တစ်ယောက်တည်းကသာ အစီအစဉ်မရှိသေးဖြစ်နေခဲ့ပေသည်။
ရှန်ကျစ်ရှောင်းက အားလပ်ရက်များအတွက် ကျင်းရန်ကို သူ့အိမ်သို့ ဖိတ်ခေါ်ခဲ့သည်။
“ဘာပဲဖြစ်ဖြစ် မင်းလည်း သွားစရာနေရာမှ မရှိတာ၊ ငါ့အိမ်ကို လာပြီး ပျော်ပွဲရွှင်ပွဲမှာ ပါဝင်လိုက်ပါလား”
ကျင်းရန်ဆီတွင် ငြင်းဆိုစရာ အကြောင်းပြချက်မရှိခဲ့ပေ။
“ကောင်းပြီ ၊ ငါ ငါ့အမေနဲ့ ပြောလိုက်ဦးမယ်”
ကျင်းရန်တစ်ယောက် သူ့အမေဆီကို ဖုန်းမဆက်ရသေးခင် သူ့အမေဘက်မှ သူ့ကို ဖုန်းခေါ်လာခဲ့သည်။
ကျင်းမားမား: “ ဆောင်းဦးလလယ်ပွဲတော်အတွက် အိမ်ကို ပြန်မလာနှင့်တော့၊ ရန်မိသားစုအိမ်ကို သွားလိုက်”
“ကျွန်တော် အိမ်ပြန်လာဖို့မစီစဉ်ထားဘူး၊ ပိတ်ရက်က သုံးရက်ပဲရထားတာ၊ သွားတာလာတာနှင့် အချိန်က သိပ်ပြီးရှိမှာမဟုတ်...”
ကျင်စရန်တစ်ယောက် စကားပြောနေရင်း တန်းလန်းမှ ရုတ်တရက် ရပ်လိုက်မိသည်။
“ဟမ်? မား ခုနက ဘာပြောလိုက်တာလဲ???”
ကျင်းမားမားက စိတ်ရှည်လက်ရှည်နှင့် နောက်တစ်ကြိမ် ထပ်ပြောလာခဲ့သည်။
“ဆောင်းဦးလလယ်ပွဲတော်အတွက် မင်း ရန်ချင်းလင်ရဲ့ အိမ်ကိုသွားရမယ်၊ ပြီးရင် သူ့မိဘတွေကို နှုတ်ဆက်ရလိမ့်မယ်”
“…”
ကျင်းရန်မှာ ဆောင်းဦးလေများတိုက်ခတ်နေသော လသာဆောင်တွင် ရပ်လျှက် သူ့၏လက်ထဲမှဖုန်းကို ဆုတ်ကိုင်ထားခဲ့သည်။
“ရန်ရန်?”
ဖုန်း၏ တခြားတစ်ဖက်မှ ကျင်းမားမားက အသံပြုလာသည်။
“ရန်ရန် မင်းရှိသေးလား”
ကျင်းရန်တစ်ယောက် သူ၏ ဂျာကင်အင်္ကျီ ကို တင်းကြပ်နေအောင် ဆွဲပိတ်လိုက်ပြီး သူ့အသံကလည်း မကြားရလောက် တိုးနေခဲ့သည်။
“ဘာလို့လဲ...”
“မင်းနဲ့ ရန်ချင်းလင် လက်ထပ်မှတ်ပုံတင်လက်မှတ်ရထားတာ တစ်လကျော်တောင်ရှိနေပြီ၊ အခုထိ သူ့ရဲ့မိဘတွေနဲ့ မဆုံဖြစ်သေးဘူး၊ ဒါကြောင့် ရန်မိသားစုအိမ်ကို သွားလည်ဖို့အတွက် ဒါက အချိန်အခါကောင်းပဲ”
ကျင်းရန်မှာ ရန်မိသားစုအိမ်သို့ “အလည်အပတ်သွားရောက် ခြင်း”အတွက် ဖြစ်နေမည့် မြင်ကွင်းအား သူ့ဘာသာသူ ပုံဖော်ကြည့်လိုက်မိသည်။
— ဆာဘဲနင် အောက်ဆီဂျင်ရှူသွင်းခြင်း.jpg
ကျင်းရန်၏ စကားလုံးများက နှလုံးနှင့် ခြေဖဝါးကဲ့သို့ အဆက်အစပ်မရှိဖြစ်နေခဲ့သည်။
“လက်ထပ်မှတ်ပုံတင် လက်မှတ်ရပြီးရင် မိဘတွေနဲ့တွေ့ရမယ်၊ မင်္ဂလာဆောင်တဲ့အချိန်ကျရင် ကျွန်တော်တို့တွေ လက်ကိုကိုင်ဆွဲထားရမှာလား! ပထမဆုံးမင်္ဂလာနှစ်ပတ်လည်နေ့ကိုရောက်ရင် နမ်းရမှာလား၊ ဒါကတကယ်ကို ကောင်းမွန်တဲ့ အိမ်ထောင်ရေးတစ်ခုပဲ မဟုတ်ဘူးလား ?! မား! မား ကျွန်တော့်ကို ရောင်းစားဖို့ လုပ်နေတာလား!”
ကျင်းမားမားက တခစ်ခစ် အသံထွက်အောင် ရယ်မောလာခဲ့သည်။ သူမ အားရအောင်ရယ်မောပြီးမှသာ သားဖြစ်သူအား နှစ်သိမ့်စကားဆိုလာချေသည်။
“မင်းဘယ်လောက်ထိ စိတ်လှုပ်ရှားနေလဲဆိုတာကိုကြည့်လိုက်ဦး၊ ဒါက မိဘတွေနဲ့တွေ့ဆုံရုံလောက်ပဲလေ၊ ဘာတွေများ ကြီးမားတဲ့ကိစ္စဖြစ်နေလို့လဲ၊ အမျိုးသားနေ့ကျရင် ချင်းလင်လည်း ငါတို့အိမ်ကို လာလိမ့်မယ်”
ကျင်းရန်တစ်ယောက် သူ၏ စိတ်ကို မထိန်းချုပ်နိုင်သေးဘဲ ဗလာဖြစ်စွာဖြစ် ပြောလာသည်။
“အိုး၊ သူက ကျွန်တော်တို့အိမ်ကို လာဦးမှာပေါ့”
“စိတ်အေးအေးထားစမ်းပါ၊ ချင်းလင်ရဲ့မိဘတွေက စကားပြောဆိုရတာ အရမ်းအဆင်ပြေတယ် ၊ ဒါကြောင့် မင်း သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ကို ရက်နည်းနည်းလောက်သွားသလိုမျိုး တွေးထားလို့ရတယ်၊ စကားမစပ်၊ လက်ဆောင်ဝယ်သွားဖို့ မမေ့နဲ့ဦး”
ကျင်းရန်တစ်ယောက် သေလောက်သည်အထိ ရုန်းကန်နေခဲ့ရသည်။
“ကျွန်တော်တို့တွေ မသွားဖို့အတွက် ဆွေးနွေးလို့မရတော့ဘူးလား?”
“မရဘူး”
အမေကျင်း၏ လေသံက လေးနက်လာခဲ့သည်။
“ရန် မိသားစုဆိုတာက စာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်ပြီး အပေါ်ယံကြိုးစားအားထုတ်မှုတွေကတော့ လုပ်ပြရဦးမှာပဲ၊ မဟုတ်ရင် ပရောဂျက်ကို ရင်းနှီးမြှုပ်နှံသူတွေနဲ့ အစုရှယ်ယာရှင်တွေကို ဘယ်လိုမျိုးထင်မြင်ချက်တွေရှိလာစေချင်လို့လဲ”
ကျင်းရန်: “...”
အခုလိုမျိုး ပရောဂျက်၏အကြောင်းကို အထူးတလည်ထုတ်ဖော်ပြောလာပြီးသည့်နောက်တွင်တော့ ကျင်းရန်အနေနှင့် မည်သည့်စကားကိုမျှ မပြောနိုင်တော့ပါချေ။
“ကျွန်တော်သိပြီ”
ကျင်းရန် အသက်မပါစွာ ပြောလာသည်။
“ကျွန်တော် သွားလိုက်ပါ့မယ်”
ကျင်းရန် ဖုန်းချလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူကာ သူ့၏မျက်နှာပေါ်တွင် ဖျောက်ဖျက််၍မရနိုင်သည့် တံဆိပ်တုံးဖြင့် ထုနှင့်ခံထားရသကဲ့သို့ သူ့၏မျက်နှာကို အားပြင်းပြင်းဖြင့် ပွတ်သပ်လိုက်မိသည်။
ထိုအခိုက်တွင် အိပ်ခန်းထဲမှကျိယွမ်ရှီး၏ အသံ ထွက်ပေါ်လာခဲ့သည်။
“ရန်ရန်၊ မင်းဘာလုပ်နေတာလဲ”
ကျင်းရန်၏လေသံက တည်ငြိမ်နေခဲ့ချေသည်။
“ Toner နှင့်ပွတ်နေတာ”
ကျိယွမ်ရှီး : “မင်း ပေါ့ပေါ့ပါးပါး ရိုက်သင့်တယ်နော်၊ တော်ကြာ မင်းရဲ့ ပန်းပွင့်လေးလိုမျက်နှာလေး ထိခိုက်မိသွားရင် ဘယ်လိုလုပ်မလဲ”
ကျင်းရန် မိမိကိုယ်ကို နှိပ်စက်ခြင်းကို ရပ်တန့်လိုက်သည်။ ထို့နောက် မှန်ထဲကိုကြည့်ကာ သူ၏ စိတ်ပိုင်းဆိုင်ရာကို တည်ဆောက်မှုကို စတင်ဖို့ လုပ်ခဲ့သည်။
-ကျင်းရန်၊ ဒါက မင်း ဘယ်လောက်ထိတော်လဲဆိုတာကိာ စမ်းသပ်ဖို့အချိန်ပဲ!
ဂျူနီယာညီလေးတစ်ယောက်ရဲ့ မိဘတွေနဲ့ တွေ့ဆုံရုံပဲ မဟုတ်လား! မင်းက အစပ်နည်းနည်းပါတဲ့ ဘဲအူကိုတောင် စားရဲခဲ့တာပဲလေ။ ဒီကိစ္စလေးလောက်ကို ကြောက်နေစရာလိုလို့လား !
ပြီးတော့ မင်းက မင်းရဲ့သူငယ်ချင်းတွေရဲ့မိဘတွေနဲ့ တစ်ခါမှမတွေ့ဖူးတဲ့ လူလည်းမဟုတ်ဘူး!
ရှန်ကျစ်ရှောင်းရဲ့မိဘတွေဆိုလည်း မင်းကိုသဘောကျတာပဲမဟုတ်ဘူးလား? သူတို့က မင်းကို မွေးစားသားတစ်ယောက်အနေနဲ့တောင်အသိအမှတ်ပြုချင်ကြတာလေ!
သို့ပေမဲ့လည်း ရှန်ကျစ်ရှောင်းရဲ့ မိဘတွေက ရန်ချင်းလင်ရဲ့မိဘတွေနှင့် တူညီနိုင်ပါ့မလား။
သူ ရှန်ကျစ်ရှောင်းရဲ့မိဘတွေကို “အန်ကယ် နဲ့ အန်တီ” ဟုခေါ်ဆိုခဲ့တယ်လေ။ ရန်ချင်းလင်ရဲ့ မိဘတွေကိုလည်း “အန်ကယ် နဲ့ အန်တီ” လို့ ခေါ်ရမှာလား။ ဒါမှမဟုတ်...
... ပါးနှင့်မား?
…သူ့ကိုသာ သတ်လိုက်ပါတော့!
ကျင်းရန် သူ့၏အိပ်ဆောင်နှင့် ဆန့်ကျင်ဘက်တွင်ရှိသည့် အဆောက်အအုံကို ကြည့်လိုက်သည်။ ရန်ချင်းလင်တို့ ၏ အိပ်ခန်း လသာဆောင်တွင် ကြံချောင်းတစ်ချောင်းကို စားနေသော ကောင်လေးတစ်ယောက် ရှိနေခဲ့ပြီး သူ့၏ ခန္ဓာကိုယ်အချိုးအစားအရ ရန်ချင်းလင်တော့ ဖြစ်ပုံမရပေ။
တစ်နည်းဆိုရသော် ရန်ချင်းလင်သည်လည်း သူနှင့်အတူ ထိုသတင်းကို လက်ခံရရှိသင့်သည်။ သို့သော်လည်း သူ့ကို လာပြောဖို့အတွက် စတင်ပြောဆိုလာခဲ့ခြင်းမရှိပေ။
ထိုကောင်လေးက မကြာသေးခင်အချိန်တွင်မှာ စာကျက်ဖို့အတွက် အလုပ်ရှုပ်နေလို့များဖြစ်နေလောက်လား။
- အဆင်ပြေပါတယ်။ ကျောင်းသားသစ်တွေက လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်ကတည်းက အတန်းစတင်နေခဲ့တာဆိုတော့ သူ ဘာမှ မတတ်နိုင်ဘူးလေ။
ဒါပေမယ့်လည်း ဆောင်းဦးလလယ်ပွဲတော်က သဘက်ခါရောက်တော့မှာဖြစ်ပြီး အချိန်က အများအပြား ကျန်ရှိတော့တာမဟုတ်ဘူး။ ဒါ့အပြင် သူတို့ရဲ့အိမ်ကိုသွားဖို့အတွက် လက်ဆောင်ပစ္စည်းတွေကိုလည်း မဝယ်ရသေးဘူး။
ဤသည်ကို စဉ်းစားကာ ကျင်းရန်တစ်ယောက် ဖုန်းကို ကောက်ကိုင်လိုက်ပြီး ရန်ချင်းလင်ထံသို့ စာတစ်စောင် ပေးပို့လိုက်သည်။
ကျင်းရန်ရန်ရန်: [ဟေး .. မင်းမိဘတွေက ဘာကြိုက်တတ်လဲ]
.R:?
ကျစ်!
မင်းရဲ့အဖေ့ရှေ့မှာ ဟန်ဆောင်နေစရာ မလိုဘူး။
ကျင်းရန်ရန်ရန်:[ ငါက ဆောင်းဦးလလယ်ပွဲတော်ကို ဖြတ်သန်းဖို့အတွက် မင်းအိမ်ကိုသွားမလို့၊ မင်းမသိဘူးလို့တော့ လာမပြောနှင့် 【အေးခဲ.jpg】]
.R : [အမ်၊ ရွှယ်ကျန်း ဒီအတိုင်း လိုက်လာရင် အဆင်ပြေတယ်၊ လက်ဆောင်တွေ ယူလာဖို့ မလိုဘူး]
ကျင်းရန်:[ မရဘူး၊ ငါ ဒီလိုမျိုး မျက်နှာပျက်ရအောင် လုပ်ဖို့ မတတ်နိုင်ဘူး၊ တကယ်လို့ မင်းမှာ အရည်အချင်းရှိရင် ငါ့အိမ်ကို မလာနဲ့လေ]
.R : [ရွှယ်ကျန်း မနက်ဖြန် နေ့လည် အတန်းရှိလား]
ကျင်းရန် အတန်းအချိန်ဇယားကို လှန်ကြည့်လိုက်သည်။
ကျင်းရန်ရန်ရန် :[ ဘာသာရပ်တစ်ခုရှိတယ်၊ လေးနာရီမှာ ပြီးမှာ]
.R:[ ဒါဆို ကျွန်တော် ရွှယ်ကျန်းကို လက်ဆောင်ဝယ်ဖို့အတွက် ကုန်တိုက်ကို ခေါ်သွားရမလား]
ကျင်းရန်ရန်ရန်:[ O-JB-K၊ စကားမစပ် မင်းရဲ့အခန်းဖော်က ကြံစားနေတာ တော်တော်ကြာနေပြီမဟုတ်ဘူးလား]
.R:[ကြံ?]
ကျင်းရန် ခေါင်းမော့ကြည့်လိုက်ရာ ရန်ချင်းလင်က ဆန့်ကျင်ဘက်တွင်ရှိနေသည့် အိပ်ခန်းထဲမှ ထွက်လာသည်ကို တွေ့လိုက်ရချေသည်။
.R: [ ရွယ်ကျန်း ...သူက ပုလွေမှုတ်နေတာ [ပိုင်ကျန်းထုန် ရှက်ရွံ့ပြီး အနေရခက်နေတဲ့ပုံ .jpg]
ကျင်းရန်ရန်ရန်: [ မြေအောက်ရထားပေါ်မှ အဘိုးကြီး ဖုန်းကို စိုက်ကြည့်နေတဲ့ပုံ .jpg]
*