အပိုင်း ၁၃၉
Viewers 13k

Chapter 139


ဖုန့်စစ်တပ်က မြို့တော်ကို တစ်ဖက်မှတိုက်ခိုက်ပါသော်လည်း တခြားတစ်ဖက်တွင် တူးမြောင်းများကိုတူးနေပြီး မြို့ကိုရေလွှမ်းစေရန် ရေလမ်းကြောင်းကိုပြောင်းနေသည်။ ရွှယ်ယွီက ထိုလှုပ်ရှားမှုအတွက်ပြင်ဆင်ပြီးသားဖြစ်ပြီး သူ့လူများကို မျက်စိဒေါက်ထောက်ကြည့်စေသော်လည်း မသိချင်ယောင်ဆောင်နေသည်။ သူက ရန်သူများကိုသာအာရုံစိုက်နေသည်။ ရန်သူများက အောင်မြင်မှုမဘဲ တိုက်ခိုက်ကြသော်လည်း သူတို့က နှလုံးသားမရှိသူများမဟုတ်ကြပေ။ ရန်သူ့စစ်သူကြီးက သူကိုယ့်သူ ရွှယ်စစ်တပ်၏ အာရုံစိုက်မှုကိုရယူနိုင်ခဲ့ပြီး အာရုံလွှဲနိုင်ခဲ့ပြီဟုတွေး၍ပျော်ရွှင်နေခဲ့သည်။ သူ့ကိုယ်သူ ဤစစ်ပွဲတွင် အေးအေးဆေးဆေးနိုင်မည်ဟု ခံစားနေရလေသည်။


ရွှယ်ယွီက တိတ်တဆိတ်စစ်တပ်တစ်တပ်ဖွဲ့ထားကာ မင်မြစ်မှရေများကို လမ်းကြောင်းလွှဲရန် မြို့၏လူမရှိသောနေရာတွင် တူးမြောင်းများတူးရန် လူများကိုခေါ်ထားသည်။


ဖုန့်စစ်တပ်က စစ်သားတစ်ယောက်ပင်မသုံးဘဲ ပန့်မြို့ကို သိမ်းယူရန်အဆင်သင့်ဖြစ်နေသော်လည်း ဖုန့်စစ်တပ်မှသူလျှိုများက ပန့်မြို့ထဲတွင် တစ်စုံတစ်ရာမှားယွင်းနေကြောင်း သတင်းပို့လာသည်။ ထိုအခါမှသာ ရန်သူများက ရွှယ်စစ်တပ်ကလည်း တူးမြောင်းများတူးကာ သူ၏လှုပ်ရှားမှုကို တန်ပြန်ပြုလုပ်နေကြောင်းသိလိုက်ရပြီး တပ်ခွဲကိုချက်ချင်းဦးဆောင်ကာသွားသော်လည်း သူတို့ လျှိုမြောင်သို့ရောက်ချိန်တွင် လမ်းကို ကျောက်တုံးများဖြင့် ပိတ်ထားသဖြင့် ဖြတ်၍မရတော့ကြောင်း သိလိုက်ရသည်။ သူသာကွေ့ပတ်ပြီးသွားခဲ့ပါလျှင် ပြန်လှည့်ရမည်ဖြစ်ပြီး ကျဉ်းထဲကျပ်ထဲရောက်နေရသည်။ ထိုအချိန်တွင် ရေစီးကြောင်းက ဒုန်းစိုင်းစီးဝင်လာပြီး လက်ရွေးစင်တပ်သားနှစ်ထောင့်ငါးရာလုံး အကွဲအကွဲအပြားပြားဖြစ်ကာ မတိုက်ခိုက်ရသေးဘဲ ပြန်ဆုတ်လိုက်ရသည်။


ပန့်တိုင်းပြည်မှ အကြီးအကျယ်အောင်နိုင်ပွဲကသတင်းက မြို့တော်သို့ရောက်ရှိချိန်တွင် ရွှယ်ကျွင်းလျန် ခံစားချက်မျိုးစုံခံစားလိုက်ရသည်။ အကယ်၍ ထန့်ယွင်၏ထောက်ခံချက်မရှိပါလျှင် သူဆိုသည့် ရွှယ်ကျွင်းလျန်က ရွှယ်ယွီကိုစစ်သူကြီးတစ်ယောက်မှန်းသိပါသော်လည်း သူ၏စိတ်သဘောထားသေးမှုကြောင့် ရာထူးပေးကာ ပြန်လည်အသုံးချမည်မဟုတ်ပေ။


ရွှယ်ကျွင်းလျန်က မြို့တော်တွင်ထိုင်နေရသော်လည်း သူ၏အာရုံကြောများက တစ်ချက်မျှပင် သက်တောင့်သက်သာရှိမနေချေ။ ရှေ့တန်းတွင် မတော်တဆဖြစ်မည်ကို သူစိုးရွံ့လှသည်။ နေ့တိုင်း စစ်တပ်ရေးရာဌာနက အစီရင်ခံစာများစွာကိုလက်ခံရရှိမည်ဖြစ်ပြီး သူ့ကိုမင်မြစ်၏အခြေအနေနှင့်ပတ်သတ်၍ အစီအရင်ခံကြပေလိမ့်မည်။


ရွှယ်ယွီထံမှ အစီအရင်ခံစာရပြီးနောက်တွင် ရွှယ်ကျွင်းလျန်က မင်မြစ်မှ အစီအရင်ခံစာကိုရလိုက်သည်။ ၎င်းကို ကောင်းမွန်သည့် အစီအရင်ခံစာဖြစ်မည်ဟုထင်ခဲ့သော်ဘည်း အလွန်ကောင်းသောအရာတစ်ခုဖြစ်သည်။ နယ်စားမင်းထန့်နန်နှင့် ဖုန့်နိုင်ငံ၏ စစ်သူကြီးချီကျိကျဲတို့က မင်မြစ်တွင် ပထမဆုံးအကြိမ်တိုက်ခိုက်ကြပြီး ချီကျိကျဲက ရှုံးနိမ့်သွားခဲ့သည်။ ဖုန့်တိုင်းပြည် အယောက်သုံးရာကို အကျဉ်းသားအဖြစ် ဖမ်းဆီးရရှိလေသည်။


မြို့စားမင်းထန့်နန်က မြှားမှန်၍ အဆိပ်သင့်သည်ဟူသော အရာတစ်ခုသာရှိသည်။ ဖုန့်စစ်တပ်မှလူများသိမည်စိုး၍ မြှားမြှီးကိုချိုးကာ ဖုန့်စစ်တပ်မှ မင်မြစ်တောင်ဘက်သို့ ဆုတ်ခွာချိန်အထိ လိုက်လံတိုက်ခိုက်ခဲ့သည်။


မြှားဆိပ်က သွေးများပိတ်ဆို့စေသည့် အဆိပ်မဟုတ်ပါသော်လည်း မြှားခေါင်းက သူ့ကိုယ်ထဲတွင် အချိန်အတော်ကြာရှိနေခဲ့၍ နယ်စားမင်းထန့်နန်က စခန်းကိုပြန်ရောက်သည်နှင့်မေ့မျောသွားခဲ့သည်။ စစ်တပ်သမားတော်က ထိုအဆိပ်ကို ကုသ၍ အလွန့်အလွန်ကြိုးစားခဲ့ရသည်။


ရွှယ်ကျွင်းလျန်က စာလွှာကိုအချိန်အတော်ကြာကြည့်နေပြီးမှမေးလိုက်သည်။


"ဖုန့်တိုင်းပြည်က သူ့အခြေအနေကိုသိကြလား..."


အစီအရင်ခံစာကိုယူလာသည့်လူက ပြန်ဖြေသည်။


"မင်မြစ်က စစ်တပ်ရဲ့ အစီအရင်ခံစာအရတော့ စစ်သူကြီးက သူမေ့မျောမသွားခင် ဒီသတင်းကို လျှို့ဝှက်ထားထို့ အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်... သူက ရွှယ်တိုင်းပြည်ရဲ့ စစ်သူကြီးက ပြင်းပြင်းထန်ထန်ဒဏ်ရာရနေကြောင်း ဘယ်သူ့ကိုမှမသိစေချင်ပါဘူးတဲ့... မဟုတ်ရင် ဖုန့်တိုင်းပြည်က ဒါကိုအခွင့်အရေးယူပြီး တပ်သားတွေထပ်တိုးရင်း အလစ်ဝင်တိုက်ခိုက်မှာစိုးရပါတယ်တဲ့..."


ရွှယ်ကျွင်းလျန်ခေါင်းငြိမ့်ပြီးပြောလိုက်သည်။

"အဲ့ဒါကောင်းတယ်..."


ခဏအကြာတွင် သူ့စိတ်နှလုံးက စိုးရိမ်ပူပန်လာကာ နှလုံးခုန်သံတို့ပင် စည်းချက်လွဲလာ၍မေးလိုက်သည်။


"နယ်စားမင်းထန့်နန်ရဲ့ ဒဏ်ရာကပျောက်ကင်းနိုင်ပါ့မလား..."


တစ်ဖက်လူကဖြေသည်။

"ကျွန်တော့်မှာ အဲ့ဒါနဲ့ပတ်သတ်တဲ့ ဗဟုသုတမရှိပါဘူး..."


ရွှယ်ကျွင်းလျန် ထပ်မပြောတော့သော်လည်း ညဘက်တွင်အိပ်မရခဲ့ပေ။ နောင်တစ်နေ့ အစီအရင်ခံစာရောက်လာချိန်တွင် နယ်စားမင်းထန့်နန်က မနိုးလာသေးသလို စခန်းတွင် ဖုန့်နိုင်ငံမှ သူလျှိုအချို့ရှိနိုင်လောက်ကြောင်း ဖတ်လိုက်ရသည်။ ဖုန့်တိုင်းပြည်တွင် ရွှယ်တိုင်းပြည်၏ စစ်သူကြီးက ပြင်းပြင်းထန်ထန်အဆိပ်မိနေကြောင်း သတင်းပျံ့နေလေပြီ။ ဖုန့်တိုင်းပြည်က ထိုဖြစ်ရပ်ကိုအခွင့်အရေးယူကာ မင်မြစ်တွင် အရှိန်မြှင့်၍ တိုက်ခိုက်ကြသည်။


ရွှယ်ကျွင်းလျန် နှလုံးပင်ဆောင့်ခုန်သွားရပြီး အမတ်ကြီးများကို နန်းတော်တွင်းသို့ ချက်ချင်းဆင့်ခေါ်လိုက်သည်။


အမတ်ကြီးများက မနက်ခင်းညီလာခံပြီးဆုံး၍ နန်းတော်တွင်းမှထွက်ကာ အိမ်ပြန်လာစဖြစ်သော်လညိး ချက်ချင်းပြန်လည်ဆင့်ခေါ်ခံလိုက်ရသည်။ ရွှယ်ကျွင်းလျန်က လူတစ်ယောက်ကို အစီအရင်ခံစာဖတ်ခိုင်းပြီး အမတ်ကြီးများထံမှ အကြံဉာဏ်တောင်းခံလေသည်။


ရွှယ်ဟုန်ယန်ပြောလိုက်သည်။

"ခေါင်းဆောင်မရှိတဲ့စစ်တပ်က ခေါင်းမရှိတဲ့ယင်ကောင်လိုပါပဲ... မြို့စားမင်းထန့်နန်က တပ်သားတွေရဲ့ စိတ်နှလုံးကို အောင်နိုင်ရုံပဲရှိသေးတာ... အကယ်၍ အရှင်မင်းကြီးသာ မြို့စားမင်းထန့်နန်နေရာမှာ အစားထိုးဖို့တခြားလိုကိုစေလွှတ်မယ်ဆိုရင် လူတွေကိုသိမ်းသွင်းဖို့မလုပ်နိုင်မှာ စိုးရွံ့မိပါတယ်... ဒါက မသင့်တော်ပါဘူး..."


"ကိုယ်တော်လည်း အဲ့ဒီလိုပဲတွေးတာပါ... အကယ်၍ ခေါင်းဆောင်စစ်သူကြီး ကောင်းကောင်းမလုပ်ဆောင်နိုင်လို့ တခြားလူကိုပို့ရင် သဘာဝဆိုပေမဲ့..."


အချို့သောဝန်ကြီးများက စစ်သားများနှင့် စစ်သူကြီးများကို နယ်စားမင်းထန့်နန်က ကျန်းမာနေသေးကြောင်း ပြောပြခိုင်းပြီး ဖုန့်စစ်တပ်ကိုနှေးဖင့်စေအောင် ပြုလုပ်ခိုင်း၍ ရကြောင်း အကြံပေးကြသည်။


ချန်ယီက မတ်တတ်ထရပ်ပြီးပြောသည်။


"ဒီနည်းလမ်းက မသင့်တော်ပါဘူး... အခုစစ်တပ်နှစ်ခုကြားက သဘောထားကွဲလွဲမှုက ဖြစ်အံ့ဆဲဆဲပါ... ရန်သူတွေက နယ်စားမင်းထန့်နန် ပြင်းပြင်းထန်ထန်ဖျားနာနေကြောင်း ကြားကတည်းက ဒီအခွင့်အရေးကိုယူကိုယူမှာပါ.. နယ်စားမင်းထန့်နန်ပြန်ကောင်းသွားပြီလို့ ရုတ်တရက်ကြီးပြောလာခဲ့ရင် ဖုန့်စစ်တပ်ကိုပိုမိုရဲတင်းသွားစေပါလိမ့်မယ်...."


ရွှယ်ကျွင်းလျန်ကပြောလိုက်သည်။

"ဒါဆို တော်ဝင်ဆရာရချန်ရဲ့ပြောပြချက်အရ.. ဘာကိုများလုပ်သင့်လဲ..."


ချန်ယီက ပြောသည်။


"ဒီငယ်သားမှာနည်းလမ်းတစ်ခုရှိပါတယ်... ပြီးတော့အရမ်းကိုလည်း သက်ရောက်မှုရှိတဲ့နည်းပါ... ဒါက အရှင်မင်းကြီး ပြုလုပ်မယ့်အရာနဲ့ဆိုင်ပါတယ်...."


"ပြောလိုက်လို့ ထိခိုက်သွားတာမရှိဘူး... ဘယ်လိုထင်လဲပြောပါ...


ချန်ယီက ရွှယ်ကျွင်းလျန်ကိုမော့ကြည့်ပြီး ဖြေးဖြေးချင်းပြောသည်။

139.2


"ဧကရာဇ်ကိုယ်တော်တိုင် ရှေ့တန်းထွက်ဖို့ပါ..."

သူပြောပြီးသည်နှင့် ခန်းမထဲ၌ ဆူညံသွားသည်။ ရွှယ်ဟုန်ယန်ကပြောလိုက်သည်။


"အရှင်မင်းကြီးကိုယ်တိုင်ရှေ့ထွက်မယ်ဆိုရင် တပ်သားတွေရဲ့စိတ်ဓာတ်ကိုမြှင့်တင်နိုင်မှာပါ...ဒါပေမဲ့ ဧကရာဇ်မရှိတဲ့ နန်းမြို့တော်က ဘယ်လိုဖြစ်သွားမလဲ... ပန့်တိုင်းပြည်ကျသွားခဲ့ရင် မြို့တော်က အန္တရာယ်ရှိလာလိမ့်မယ်..." 


ချန်ယီကပြောသည်။

"အခုလက်ရှိမှာတော့ အဲ့ဒီ့အန္တရာယ်များတဲ့နည်းလမ်းပဲရှိနေတယ်... မြို့တော်ထဲမှာ နယ်စားမင်းဝမ်နျန်ရှိပြီး မြို့တော်အစွန်က စခန်းကလည်း ကောင်းကောင်းစတည်းချထားပါတယ်... ပုန်ကန်ထကြွဖို့မလွယ်ကူပါဘူး... ပြီးတော့ ပန့်တိုင်းပြည်စစ်ပွဲပြီးရင် မြို့စားကျန့်ကျန်းက နာမည်ကြီးလာမှာပါ.... ဖုန့်ဘုရင်က အရှုံးကိုတွက်ဆပြီး ပန့်တိုင်းပြည်ကို ဆက်တိုက်တော့မှာမဟုတ်ပါဘူး...."


ရွှယ်ကျွင်းလျန်က ချန်ယီ၏စကားများကြောင့် စိတ်လှုပ်ရှားသွားရသည်။ ဧကရာဇ်ကိုယ်တိုငိစစ်ချီခြင်းက ရွှယ်စစ်တပ်ကို သေချာပေါက်စိတ်ဓာတ်တက်ကြွစေရမညိဖြစ်သလို ထန့်ယွင်ကိုလည်း တွေ့ခွင့်ရမည်ဖြစ်သည်။ ထန့်ယွင်က အဆိပ်မိပြီး ယခုအခုအချိန်အထိနိုးမလာသေးပေ။ သူ့စိတ်ကလုံးဝမအေးချမ်းနိုင်ချေ။


ရွှယ်ဟုန်ယန်ကလည်း ချန်ယီ၏စကားများက အဓိပ္ပါယ်ရှိပြီး ကျိုးကြောင်းညီညွတ်ကြောင်းတွေးမိသည်။ သို့သော် သူက တာဝန်အကြီးကြီးယူရမည်ဖြစ်၍ သူ့စိတ်သူသေချာအောင်လုပ်ရပေလိမ့်မည်။


ချန်ယီကပြောပြန်သည်။

"အရှင်မင်းကြီးက မြို့တော်ကို အိမ်ရှေ့စံလက်တွင်းဝကွက်အပ်ခဲ့ပြီး မြို့စားမင်းဝမ်နျန်ကို အုပ်ချုပ်ရေးအတွက် ကူညီခိုင်းပါ... ဒါပေမဲ့ အရေးကြီးကိစ္စရှိရင် မင်မြစ်ကိုစာလွှာပါပြီး ဧကရာဇ်ရဲ့ သဘောတူမှုကို ယူရပါမယ်... အိမ်ရှေ့စံက ငယ်ရွယ်သေးပေမဲ့ သူက အရမ်းကိုထက်မြက်ပါတယိ... ယခုလို အန္တရာယ်ဖြစ်မဲ့အခြေအနေမျိုးမှာ ရဲရင့်နိုင်သေးဦးမယ်လို့ယုံကြည်မိပါတယ်..."


ရွှယ်ကျွင်းလျန်က ရွှယ်ဖေကိုတွေးလိုက်သည်။ သူထိုအရွယ်က စာသင်ကြားမှုပြီးဆုံးပြီဖြစ်ပြီး တော်ဝင်အရေးကိစ္စများနှင့် ပြဿနာများကို ယခင်ဧကရာဇ်ကိုကူညီဖြေရှင်းပေးကာ ကမ္ဘာအနှံ့ခရီးထွက်နေပြီဖြစ်သည်။


ရွှယ်ကျွင်းလျန်က တစိမ့်စိမ့်တွေးဆနေပြီး ခန်းမထဲရှိလူတိုင်းက ငြိမ်သက်စွာရပ်နေသည်။ မည်သူကမှ အသက်ပြင်းပြင်းမရှူရဲကြဘဲ ဧကရာဇ်၏ဆုံးဖြတ်ချက်ကိုစောင့်ဆိုင်းနေကြသည်။


အတော်ကြာပြီးနောက်မှ ရွှယ်ကျွင်းလျန်ကပြောလာည်။


"တော်ဝင်ဆရာချန်ပြောတာတွေက ကျိုးကြောင်းဆီလျော်တယ်... ကိုယ်တော်ကိုယ်တိုင် စစ်ချီထွက်မယ်... အိမ်ရှေ့စံရွှယ်ဖေက မြို့တော်ကို စီမံအုပ်ချုပ်ပြီး နယ်စားမင်းဝမ်နျန်က ကူညီဆောင်ရွက်ပေးလိုက်စေ..."


သူ့စကားသံထွက်ပေါ်လာသည်နှင့် ဝန်ကြီးများအားလုံး ဒူးထောက်အရိုအသေပြုကာပြောကြသည်။


"ဉာဏ်ပညာကြီးမားလှကြောင်းပါ အရှင်မင်းကြီး...."


ဧကရာဇ်ကိုယ်တော်တိုင် စစ်ချီရခြင်းက ကိစ္စအသေးလေးတစ်ခုမဟုတ်၍ ချက်ချင်းထွက်သွား၍မရပေ။ သို့သော် အခြေမကျသေးမီ ထိုသတင်းက မင်မြစ်ကိုရောက်သွားပြီးသားဖြစ်သည်။ စစ်သူကြီးများက ခေါင်းဆောင်စစ်သူကြီးကို စိတ်ပူနေကြဆဲဖြစ်သည်။ ဖုန့်တိုင်းပြည်က ၎င်းကိုအခွင့်ကောင်းယူပြီး အလုံးအရင်းနှင့်တိုက်ခိုက်လာကြမည်ကိုကြောက်ရွံ့နေကြသည်။ သူတို့


မြို့တော်မှသတင်းကြားလိုက်ရချိန်တွင် ဧကရာဇ်ရွှယ်က စတင်ထွက်ခွာရန် အဆင်သင့်ဖြစ်နေလေပြီ။


ထိုသတင်းက အားသစ်လောင်းလိုက်သလိုပင်။ ဧကရာဇ်နှင့်အတူလိုက်ပါရမည့် စစ်သားများကလည်း အဆင်သင့်ဖြစ်လေပြီ။ မကြာခင်တွင် ရိက္ခာအပြည့်အစုံကိုသယ်ပိုး၍ ချီတက်ကြရန်အဆင်သင့်ဖြစ်နေသည်။ 


အချိန်ကြာသောအခါတွင် ရွှယ်ကျွင်းလျန်က မင်မြစ်ကိုအသော့နှင်လေပြီး ဖုန့်စစ်တပ်ကလည်း နောက်တစ်ကြိမ်တိုက်ခိုက်ရန် တပ်ခွဲကိုစေလွှတ်လိုကိသည်။ ဤတစ်ကြိမ်တွင် သူတို့က မြို့စားမင်းထန့်နန်၏အလံကိုမြင်ရသော်လည်း တပ်ဖွဲ့ကိုဦးဆောင်သူက သူမဟုတ်လေပဲ ကျောက်ထုံဖြစ်နေသည်။


နယ်စားမင်းထန့်နန်က ရက်အတော်ကြာမေ့မျောနေခဲ့သည်။ စစ်တပ်သမားတော်က အကောင်းဆုံးကုသပေးသော်လည်း မသက်သာလာနိုင်ပေ။ ဖုန့်စစ်တပ်က အချိန်အတော်ကြာ တိုက်ပွဲခေါ်ခဲ့သည်။ နောက်ဆုံးတွင် ကျောက်ထုံက ဒေါသထွက်ပြီး လှေအစင်းနှစ်ဆယ်ကိုအမိန့်ပေးကာမြို့စားမင်ထန့်နန်၏ စစ်အလံကိုလွှင့်ကာ တိုက်ခိုက်လေသည်။


လူတိုင်းက ကျောက်ထုံကို ရန်သူနှင့်ရင်ဆိုင်ရာတွင် ဂရုစိုက်ရန်နှင့် ယုံကြည်မှုမလွန်ကဲရန်အကြံပေးကြသည်။ သို့သော် ကျောက်ထုံက အမြဲတမ်းပြောဆိုရခက်ပြီး မည်သူ့အကြံပေးသည်ကိုမှနားမထောင်ပေ။ လှေငယ်အစင်းနှစ်ဆယ်ကိုယူကာ ဖုန့်စစ်တပ်နှင့်ထိပ်တိုက်တွေ့လေသည်။


ချီကျိကျဲက သူနှင့်တိုက်ခိုက်ရန် စစ်သူကြီးများထဲမှတစ်ယောက်ကို စေလွှတ်လိုက်သည်။ ကျောက်ထုံက လက်နက်ပင်မယူလေဘဲ သူ့လက်ထဲတွင်အလံကိုသာကိုင်ထားသည်။ လှေများနှင့် သင်္ဘောများက ကုန်းပတ်ခြင်းချိတ်ဆက်သွားကြပြီး ကျောက်ထုန်က အလံတိုင်ကိုကိုင်ကာ ဖုန့်စစ်သူကြီးတစ်ယောက်ကိုရေထဲပစ်ချခဲ့သည်။ ခဏအကြာတွင် ချီကျိကျဲက နောက်တစ်ယောက်ကိုစေလွှတ်ပြီးထိုလူကလည်း ကျဆုံးပြန်သည်။


ကျောက်ထုံက အလံတိုင်ကိုလက်တစ်ဖက်ဖြင့်ကိုင်ပြီး လှေဦးပိုင်တွင်ရပ်နေကာ ဖုန့်စစ်သားများက သူ့ခွန်အားကိုကြောက်လွန်း၍ မတိုက်ခိုက်ရဲကြတော့ချေ။


ချီကျိကျဲက တစ်ခါတည်းနှင့် စစ်သူကြီးနှစ်ယောက်ဆုံးရှုံးလိုက်ရ၍ ထပ်မတိုက်ရဲတော့ချေ။ ချက်ချင်း မင်မြစ်တောင်ပိုင်းသို့ဆုတ်ခွာရန် အမိန့်ပေးလေသည်။ ကျောက်ထုံက လှေငယ်အစင်းနှစ်ဆယ်ဖြင့် ဖုန့်စစ်တပ်ကိုနိုင်မည်လားမသေချာသော်လည်း ဖိအားပင်မရှိချေ။ လှေများကို မြောက်ဘက်သို့ပြန်ခိုင်းကာ နောက်ပြန်လှညိ့လိုက်သည်။


ကျောက်ထုံတစ်ယောက်ဦးဆောင်သည့် တိုက်ပွဲက အနိုင်ရ၍ စခန်းသို့ပြန်လာချိန်တွင် စစ်သူကြီးတစ်ယောက်က အပြေးလာပြောသည်။


"စစ်သူကြီးနိုးလာပြီ...."


၎င်းကိုကြားပြီး ကျောက်ထုံအံ့အားသင့်သွားရကာ အပျော်လွန်သွားသည်။ သူအဓိကရွက်ဖျင်တဲဆီမသွားမီ ဆက်သားတစ်ယောက်ကပြေးဝင်လာသည်။


"ဒီဘက်လမ်းကိုချီတက်လာတဲ့ စစ်တပ်တစ်ခုရှိနေပါတယ်...."


ကျောက်ထုံက စောင့်ကြည့်စင်ကိုသွားလိုက်သည်။ အမှန်တကယ်ပင် ကြီးမားလှသော စစ်တပ်ကြီးတစ်တပ်ကချီတက်လာသော်လည်း ၎င်းတို့၏အလံများတွင် "ရွှယ်"ဟူသော စကားလုံးကို ထင်ထင်ရှားရှားရေးသားထားသည်။


ထိုမှသာ ကျောက်ထုံက ဧကရာဇ်ရွှယ်၏စစ်တပ်ရောက်လာကြောင်း သတိပြုမိသွားသည်။


xxxxxxx