Chapter 141
စစ်သားများက စစ်ချီရာ တိုက်ခိုက်ရာတွင် စခန်း၌ အရသာရှိသည်ဟု မဆိုသာသော အစားအသောက်များသာရှိသည်။ စစ်သားများက သူတို့၏ခန္ဓာကိုယ်ကိုကြံ့ခိုင်စေပြီး တိုက်ခိုက်နိုင်စွမ်းရစေသည့် ရိုးရှင်းသောအစားအသောက်များကိုသာစားကြသည်။ စစ်ပွဲပြီးသည့်အချိန်တွင်ပင် သူတို့ကိုယ်သူတို့ ဆုချသည်ဟုဆိုကာ တောတောင်အတွင်းအမဲလိုက်၍ အမဲကောင်များကို ကင်၍စားကြသည်။
သို့သော်ဤအချိန်တွင် ထန့်ယွင်က တစ်ခုခုစားရန်ပင်အားနည်းလွန်းနေ၍ ရွှယ်ကျွင်းလျန်ကိုယ်တိုင် အိပ်ရာဘေးတွင်ထိုင်ကာ ယာဂုကို အေးသွားအောင်မှုတ်ပေးပြီး တစ်ဇွနိးပြီးတစ်ဇွန်းခပ်တိုက်လေသည်။
ထန့်ယွင် ဗိုက်ပြည့်သည်အထိစားပြီးချိန်တွင် ရွှယ်ကျွင်းလျန်က သူပြန်လှဲနိုင်ရနိကူညီပေးလိုက်သည်။ သို့သော် သူက အချိန်အကြာကြီးအိပ်ခဲ့ရ၍ မအိပ်ချင်တော့ပေ။ ကုတင်ပေါ်တွင်လှဲရင်း စစ်ပွဲကိုသာစိတ်ပူနေသည်။
"ဖုန့်တိုင်းပြည်က ကျွန်တော်မြှားပစ်ခံလိုက်ရတာကိုသိကြလား..."
ရွှယ်ကျွင်းလျန်က နှာရိုးကိုနာနာဖိရင်း ယာဂုပန်းကန်ကိုဘေးသို့ထားကာ သူ့ကိုစောင်ခြုံပေးရင်းပြောလိုက်သည်။
"ဒါပေါ့ သိကြတာပေါ့... မဟုတ်ရင် ကိုယ်က ဒီကိုဘယ်လိုလုပ်ရောက်လာရမှာလဲ..."
ထန့်ယွင်က သေချာစဉ်းစားပြီးနောက်တွင်နားလည်သွားသည်။
"ကျွန်တော်မျိုးသာ ဒဏ်ရာမရခဲ့ရင် အရှင်မင်းကြီး တိုင်းခန်းလှည့်လည်ဖို့မလိုအပ်ဘူးပဲ...."
ရွှယ်ကျွင်းလျန်ကပြောသည်။
"မစိုးရိမ်ပါနဲ့... ကိုယ်ဒီကိုလာခဲ့တာ ကောင်းတဲ့အရာပါ... အခုစစ်သားတွေရဲ့ စိတ်ဓာတ်ပိုငိးကအတော်လေး တက်ကြွသွားကြပြီ... မင်းသတိမေ့နေတုန်းက ကျောက်ထုံကမင်းရဲ့အလံကိုယူပြီး လှေငယ်အဆင်းနှစ်ဆယ်နဲ့ မြစ်ကြောင်းတစ်လျောက်မှာ ဖုန့်စစ်တပ်ကိုတိုက်ခိုက်ခဲ့တယ်... သူက စစ်သူကြီးနှစ်ယောက်ကိုတစ်ပြိုင်တည်းသတ်ခဲ့တယ်တဲ့.. အနာဂတ်မျိုးဆက်တွေက ကြောက်ဖို့ကောင်းလောက်အောင်ရဲရင့်ကြတာမလို့ မင်းစိုးရိမ်စရာမလိုပါဘူး...."
ထန့်ယွင်ကကျောက်ထုံ၏အောင်ပွဲအကြောင်းကြားလိုက်ရ၍ ပျော်ရွှင်သွားခဲ့သည်။ သူသက်ပြင်းချရင်းပြောလိုက်သည်။
"ကျွန်တော်မျိုး အရှင်မင်းကြီးကိုဒီနေရာကိုလာပြီး ကျွန်တော်မျိုးကိုနှစ်သိမ့်ပေးမှာမျိုးတကယ်မလိုချင်ပါဘူး... ဒီငယ်သားတကယ့်ကို...."
ရွှယ်ကျွင်းလျန်လည်းသက်ပြင်းချလိုက်သည်။
"ကိုယ့်ကိုယ်ကိုယ် ငယ်သားလို့ဆက်မခေါ်ပါနဲ့တော့... မင်းက မသက်မသာဖြစ်ရတယ်လား.... ဘယ်လိုဧကရာဇ်မျိုးကများ သူ့ရဲ့ငယ်သားအတွက် မြို့တော်ကနေဆင်းလာပြီး ပြုစုပေးမှာလဲ.. အထူးသဖြင့် လူကိုယ်တိုင်ကိုယ်ကျ ခန္ဓာကိုယ်ကိုသုတ်သင်ပေးပြီး ဆေးတိုက်ပြီး ထမင်းခွံ့ကျွေးတာမျိုးကိုလေ...."
ထန့်ယွင်ခဏမျှ ပြောစရာစကားပျောက်ရှသွားရသည်။ ရွှယ်ကျွင်းလျန်က သူ၏ပါးမို့များကို ငြင်သာစွာထိတွေ့ရင်းပြောလိုက်သည်။
"ကိုယ်မင်းကို ကောင်းပေးတယ်ဆိုတာ ကိုယ်မင်းကိုဂရုစိုက်လို့ပဲ... မင်းကကိုယ့်ကိုဘာကြောင့်များ အရမ်းကို ယဉ်ကျေးနေပြီး ကိုယ်တို့ကြားမှာအကွာအဝေးတစ်ခုထားနေရတာလဲ..."
ထန့်ယွင်က ထိုသူထိထားသည့်သူ့ အသားအရေတစ်လျောက်ကပူပြင်းလာသလိုခံစားလိုက်ရသည်။ သူ့မျက်နှာက ပွက်ပွက်ဆူနေသလို ပူပြင်းနေကြောင်းခံစားလိုက်ရသည်။ သူခေါင်းအနည်းငယ်စောင်းရင်းပြောလိုက်သည်။
"ဒီ..ဒီငယ်သား..ကျွန်တော်... ကျွန်တော်သိပါတယ်... ဒါပေမဲ့ ဘယ်လိုပြောရမလဲ မသိလို့ပါ...."
ရွှယ်ကျွင်းလျန်က ငုံ့ကိုင်းလိုက်ပြီး သူ့နှုတ်ခမ်းများကိုငြင်သာစွာရှိုက်နမ်းပြီး နူးညံ့စွာပြောလိုက်သည်။
"မင်းလေး ဘာမှပြောဖို့မလိုတော့ပါဘူးလေ...."
ထန့်ယွင်၏နှလုံးသားက အတော်လေးလှုပ်ခတ်သွားရသည်။ ရွှယ်ကျွင်းလျန်က သူ့ကိုအလွန်ကောင်းမွန်စွာဆက်ဆံလေသည်။ သူက ဘာကိုမှတွန်းအားမပေးသလို သူ့ကိုတုန့်ပြန်လာအောင်လည်းမလုပ်ပေ။ ထန့်ယွင်သူ့ကိုယ်သူ အသုံးမကျသလိုခံစားလိုက်ရသည်။
သူ့ကိုနမ်းပြီးနောက်တွင် ရွှယ်ကျွင်းလျန်က ထရန်ပြင်လိုက်သော်လည်း ထန့်ယွင်က သူ့ကိုဆွဲလိုက်သည်။ နှစ်ယောက်စလုံးနှုတ်ခမ်းပါးတို့ထပ်တူကျသွားပြ န်ပြီး ရွှယ်ကျွင်းလျန်က သူ့နှုတ်ခမ်းတို့အနည်းငယ်ယားယံသလိုခံစားလိုက်ရသည်။
ထန့်ယွင်က သူ့ကိုကိုက်နေသည်။
ထန့်ယွင်က ထိုလူ၏နှုတ်ခမ်းကိုကိုက်ပြီးချိန်တွင် သူ့ပခုံးရှိအနာကိုနောက်တစ်ကြိမ်ဆွဲဆန့်မိလိုက်ကြောင်းသိလိုက်သည်။
ရွှယ်ကျွင်းလျန်က တစ်ဖက် အနည်းငယ်ရှုံ့မဲ့သွားကြောင်းသိလိုက်ပြီးနောက် ပြင်းပြင်းထန်ထန်နမ်းရှိုက်ချင်ပါသော်လည်း ထန်ယွင်၏နှုတ်ခမ်းများမှ သူ့နှုတ်ခမ်းနှစ်လွှာကိုဖယ်ခွာလိုက်သည်။ သူ့ကိုလှဲနိုင်အောင်ကူညီပေးပြီးနောက်တွင် ရယ်မောရင်းပြောလိုက်သည်။
"ဒဏ်ရာရနေတုန်းကို လျှောက်ကစားမနေနဲ့... မင်းကြိုက်တယ်ဆိုမှဒဏ်ရာတွေပျောက်သွားရင် ကိုယ်တို့ဒီရွက်ဖျင်တဲထဲမှာပဲနေကြပြီးတော့..."
သူအများကြီးမပြောလိုက်သော်လည်း ထန့်ယွင်ကနားလည်သွားသည်။ ချက်ချင်းလက်ငင်းရွက်ဖျင်တဲထဲရှိ ကုတင်မှ အပ်များဖြင့်ထိုးနေသလို နေမထိထိုင်မသာ ခံစားလိုက်ရသည်။
ထန့်ယွင်က ကုတင်ပေါ်တွင်ငါးရက် ခြောက်ရက်မျှလှဲနေခဲ့ရသည်။
ရွှယ်ကျွင်းလျန်ကိုယ်တိုင်သူ့ကိုပြုစုပေး၍ သူ့ခွန်အားများကပြန်လည်ရရှိလာပြီး တိုက်ခိုက်ရန်အဆင်သင့်ဖြစ်လုနီးနီးဖြစ်နေပေပြီ။ လေးတင်ပြီးမြှားပစ်ခြင်းမှလွဲ၍ မြင်းစီးရာတွင်ပင် ပြဿနာမရှိတော့ပေ။
ရွှယ်ကျွင်းလျန်၏ တိုင်းခန်းလှည့်လည်မှုကြောင့် ဖုန့်စစ်တပ်က ခဏတာမျှမင်မြစ်ကိုမဖြစ်ရဲတော့၍ ထန့်ယွင်ကို လုံးလုံးလျားလျားနလံထူသွားစေခဲ့သည်။
စစ်သူကြီးများ၊ လက်ထောက်စစ်သူကြီးများ၊ တပ်ခွဲခေါင်းဆောင်များနှင့် ၎င်းတို့၏အရာရှိများအပါအဝင် လူတိုင်းက ရွှယ်ကျွင်းလျန်နှင့်အတူရှိကြပြီး အဓိကတဲတွင်ထိုင်ကာ မြေပုံပတ်လည်ရှိ လက်ရှိအခြေအနေကိုဆွေးနွေးနေကြသည်။ နှစ်နိုင်ငံလုံးက မင်မြစ်တစ်လျောက်တိုက်ခိုက်နေကြဆဲဖြစ်သည်။ ကျောက်လုက မြစ်ရှုခင်းတောင်ကုန်းတွင် တပ်စွဲပြီး ရွှယ်ယွီက ပန့်နိုင်ငံကိုစောင့်ကြပ်နေသည်။ အဓိကစစ်ကြောင်းနှစ်ခုကမူ မင်မြစ်တွင်တိုက်ခိုက်နေကြသည်။
လက်ရှိအခြေအနေကိုကြည့်ပါက နှစ်ဖက်စလုံး လုံးဝညီမျှနေသည်။ ထိုအချန်မျိုးတွင် အရာအားလုံးက မည်သည့်ဘက်က ရိက္ခာနှင့်လက်နက်များကို အချိန်ကြာကြာထောက်ပံ့နိုင်သလဲဆိုသည့်အရာတွင်သာ မူတည်တော့သည်။ သို့သော် ဤကဲ့သို့လွန်ဆွဲပွဲမျိုးကမကောင်းလှပေ။ ၎င်းက အချိန်နှင့် ခွန်အားနှစ်မျိုးစလုံးလိုအပ်ပြီး စစ်တပ်၏တိုက်ခိုက်ချင်စိတ်နှင့် စိတ်နှလုံးကိုအလေးပေးရမည်လည်းဖြစ်ကာ မဟုတ်ပါကနှစ်ဖက်စလုံး ရှုံးသွားပေလိမ့်မည်။
ထန့်ယွင်ပြောလိုက်သည်။
"တကယ်တော့... ကျွန်တော်တို့က လက်ရည်တူနေပုံရပေမဲ့ ကျွန်တော်တို့မှာကျန့်အန်းစစ်တပ်ရှိတာ မနေ့နဲ့ဦးလေ...."
ကျောက်ထုံကပြောသည်။
"ကျွန်တော်ကြားတာတော့ ကျန့်အန်းစစ်တပ်တစ်ခုလုံးမှာ တပ်သားနဲ့ မြင်းနှစ်ထောင်ပဲရှိပြီး သူတို့အားလုံးက ကောင်းကောင်းလေ့ကျင့်ခံထားရတဲ့ လက်ရွေးစင်တပ်သားတွေတဲ့... ကျွန်တော်တို့သာ ကျန့်အန်းစစ်တပ်ကိုဦးဆောင်ပြီး ဖုန့်စစ်တပ်ကိုတိုက်မယ်ဆိုရင် ပိုတောင်ကောင်းလိမ့်ဦးမယ်...."
ရွှယ်ကျွင်းလျန်ကမေးလိုက်သည်။
"ဒါဆိုရင် မင်းကဖုန့်စစ်တပ်ကိုဘယ်လို ထောင်ချောက်ထဲထည့်ပြီး အောင်ပန်းဆင်နိုငမလဲ...."
141.2
လူတိုင်း မြေပုံကိုငေးစိုက်ကြည့်ရင်း ခဏမျှတိတ်ကျသွားသည်။ ဖုန့်တိုင်းပြည်၏စစ်သေနာပတိ ချီကျိကျဲက စစ်မြေပြင်တွင်လုပ်သက်ကြာနေသူဖြစ်ပြီး သူ၏တပ်သားများကို တွက်ဆပြီးသုံးတတ်သူဖြစ်သည်။ ကျောက်ထုန်၏အရင်တစ်ခေါက်က အကြံက နေရာတိုင်းတွင် စိတ်ချရသည့်ပုံမပေါ်ပါချေ။ ချီကျိကျဲကသူ၏ စစ်တပ်ကို အခွင့်အရေးယူခံမည့်လူမျိုးမဟုတ်ပေ။ အရည်အချင်းအနည်းငယ်လောက်က အတွေ့အကြုံရှိပြီးလုပ်သက်ကြာနေသူမျက်လုံးထဲ ဘောင်ပင်မဝင်ချေ။
ထန့်ယွင်ကပြောလိုက်သည်။
"ဒါဆိုရင် ကျွန်တော်တို့ ချီကျိကျဲကို မင်မြစ်ကိုဖြတ်လာခိုင်းရမယ်..."
ကျောက်ထုံအံ့အားသင့်ပြီးပြောလိုက်သည်။
"ဘယ်လို.. သူတို့ကိုသာ မင်မြစ်ကိုဖြတ်ခိုင်းလိုက်ရင် ကိုယ့်စစ်တပ်ကို လက်လျော့လိုက်နဲ့ တူမနေဘူးလား...."
ရွှယ်ကျွင်းလျန်က ထန့်ယွင်ကိုကြည့်လိုက်ပြီး
မြေပုံကိုပြန်ကြည့်ကာ ပြုံးလိုက်သည်။
"နယ်စားမင်းထန့်နန်ပြောသလိုသူတို့ကို မြစ်ကိုဖြတ်ခိုင်းလိုက်ပါ...."
ကျောက်ထုံ၏ ပဟေဠိဖြစ်နေသော အကြည့်များအောက်တွင် ထန့်ယွင်ကမြေပုံပေါ်ရှိ မင်မြစ်ကိုထောက်ပြလိုက်သည်။
"မင်မြစ်က သဘာဝတံတိုင်းကြီးပဲ.... ရေစီးကလည်းသန်တာကြောင့် ကျွန်တော်တို့လို ရေကြောင်းတိုက်ပွဲမှာအားနည်းတဲ့သူတွေအတွက် ရေပေါ်မှာတိုက်လို့ ဘာကောင်းကျိုးမှမရဘူး..... ခုဏက မင်းပြောခဲ့သလိုပဲ ကျွန်တော်တို့သာ ကျန့်အန်းစစ်တပ်ကို ရှေ့တန်းကိုခေါ်လာနိုင်ခဲ့ပြီး ဖုန့်စစ်တပ်ကိုခြောက်လှန့်နိုင်မယ်ဆိုရင် အဆင်ပြေလိမ့်မယ်... ချီကျိကျဲက တွက်ချက်တတ်မှတော့ သူ့ကိုထောင်ချောက်ထဲကျအောင်အခွင့်အရေးပေးကြတာပေါ့...."
ထန့်ယွင်ပြောပြီးနောက်တွင် မြေပုံပေါ်ရှိမင်မြစ်၏မြောက်ဘက် ကမ်းပါးကိုထောက်ပြလိုက်ပြီးဆက်ပြောသည်။
"ကျွန်တော်တို့သာ ရေပေါ်မှာမတိုက်ချင်ရင် မြစ်ရဲ့တောင်ဘက်ကမ်းပါး ဒါမှမဟုတ် မြောက်ဘက်ကမ်းပါးမှာပဲတိုက်လို့ရမယ်... ကျွန်တော်တို့သာ တောင်ဘက်ကမ်းပါးမှာတိုက်ချင်ရင် မင်မြစ်ကိုသိမ်းရမယ်.. မဟုတ်ရင် မြစ်ကိုဖြတ်တုန်းရန်သူစစ်တပ်နဲ့ ဆုံရဖို့အတော်လေးဖြစ်နိုင်ချေများတယ်... တိုက်ခိုက်ဖို့အတွက် ချီကျိကျဲကိုပဲ မြောက်ဘက်ကိုလာအောင်လုပ်ရမယ်... မြောက်ဘက်မြစ်ကမ်းပါးက ကျွန်တော်တို့တပ်စွဲထားတဲ့နေရာမလို့ သူ့ရဲ့စစ်သည်တွေက ခြေကုတ်ယူနိုင်မှာမဟုတ်ဘူး... ကျွန်တော်တို့တပ်သားတွေသာ ရှုံးနိမ့်နေသလိုဟန်ဆောင်ပြီးနောက်ကို ဆုတ်သွားခဲ့ရင် ဖုန့်စစ်သားတွေက ကုန်းတွင်းပိုင်းထဲရောက်လာကြလိမ့်မယ်... ဒါဆိုရင် မင်မြစ်ကနေပြန်ဆုတ်ခွာဖို့တောင် ခဲယဉ်းသွားကြလိမ့်မယ်... ကျွန်တော်တို့တပ်တွေက အနောက်ဘက်မှာရှိနေပြီး ကျန့်အန်းတပ်သားတွေက အရှေ့ဘက်ပိုင်းမှာရှိနေကြတာ... သူတို့သာ မြောက်ဘက်ကိုအလျှင်စလိုကြီးထွက်လာရင် သူတိုကိုတားမယ့်ွ ကြားဝင်နှောင့်ယှက်မယ့် နိုင်ငံတွေရှိလာနိုင်တယ်...."
ကျောက်ထုုံက ဧကရာဇ်ရွှယ်၏တည်ရှိမှုကိုပင်မေ့သွားပြီး စားပွဲကိုပုတ်၍ပျော်ပျော်ကြီး ပြောလေသည်။
"ကောင်းလိုက်တဲ့အကြံ... ချက်ချင်းသုံးဖို့အဆင်ပြေပြီး အတော်လေးထိရောက်မယ့် ဗျူဟာတစ်ခုပဲ....."
သူပြောပြီးသည်နှင့်ချက်ချင်းမျက်မှောင်ကြုတ်သွားပြန်သည်။
"အဲ့ဒါကဒီအတိုင်း... ချီကျိကျဲ ကိုလှည့်စားဖို့ခက်လောက်မှာကိုပဲ...."
ထန့်ယွင်ကပြုံးပြီးပြောလိုက်သည်။
"အဲ့ဒါ မင်းနဲ့ငါ့အပေါ်မူတည်တယ်လေ...."
"ကျွန်တော်နဲ့ စစ်သူကြီးနဲ့...."
ကျောက်ထုံအံ့အားသင့်သွားသည်။
"စစ်သူကြီးလည်း စစ်ပွဲထဲသွားမှာလား... မရဘူးနော် ပခုံးကကောင်းကာစပဲရှိသေးတာ.... ဒဏ်ရာပြန်ပွင့်သွားနိုင်တယ်...."
ရွှယ်ကျွင်းလျန်က ချောင်းဟန့်သည်။
"ကျောင်ထုံ.. တပ်သားတွေ့ရှေ့မှာ နိမိတ်မရှိတွေမပြောနဲ့လေ...."
ကျောက်ထုံ သူ့ခေါင်းသူကုတ်ကာ စိုးရိမ်တကြီးပြောလိုက်သည်။
"ဒီငယ်သား ကိုယ့်အမှားကိုယ်သိပါပြီ... အရှင်မင်းကြီးနဲ့ စစ်သူကြီးတို့ ခွင့်လွှတ်တော်မူပါ..."
ထန့်ယွင်ကပြုံးပြီးပြောလိုက်သည်။
"ကိစ္စမရှိပါဘူး.... တကယ်တော့ ငါစစ်ပွဲထဲသွားမှာရန်သူကိုသတ်မလို့မဟုတ်ဘဲ ချီကျိကျဲကိုသတိလျော့စေအောင်လို့ပါ... နောက်ရက်တွေထဲ မြစ်တစ်ဖက်ကစစ်သားတွေဆီ ငါ့ဒဏ်ရာကောင်းသွားပြီဆိုတဲ့ သတင်းကိုလွှင့်လိုက်တော့... ဖုန့်စစ်သားတွေက အရမ်းသတိကြီးတော့ ဒါကိုသတင်းအမှားလို့ထင်ကြမှာပဲ...."
ကျောက်ထုံကပြောသည်။
"ဟုတ်တယ်... ဟုတ်တယ်... စစ်သူကြီးပြောသလိုသူတို့ကတကယ်ထင်ကြမှာ...."
သူထိုသို့ပြောပြီးနောက်တွင် ရုတ်တရက်စကားရပ်ကာ မတ်တတ်ရပ်လိုက်သည်။
"ဒီငယ်သား စစိသည်တွေကို သတင်းဖြန့်ခိုင်းလိုက်ပါ့မယ်...."
ဗျူဟာအတွက်ဆွေးနွေးမှုပြီးဆုံးပြီးနောက်တွင် လူတိုင်းပျောက်ကွယ်သွားကြသည်။ ရွှယ်ကျွင်းလျန်နှင့်ထန့်ယွင်တို့က အဓိကရွက်ဖျင်တဲကိုဝင်လိုက်သည်။ ရွှယ်ကျွင်းလျန်က
"ကျောက်ထုံကို သူ့ရဲ့ပုတ်သိုးနေတဲ့လျှာကြောင့်အပြင်ကို ဆွဲထုတ်ပစ်လိုက်ချင်ခဲ့တာ..."
ထန့်ယွင်ကသူ့ကိုလှည့်ကြည့်ပြီးပြောလိုက်သည်။
"ကျောက်ထုံက ငယ်ရွယ်ပြီးတက်ကြွနေဆဲမလို့ စကားကို အထိန်းအကွပ်မရှိပြောတတ်တာပါ..."
ရွှယ်ကျွင်းလျန်က လက်ခါရမ်းရင်းပြောသည်။
"ထိုင်ပါဦး.... အခု ဒဏ်ရာအတွက် ပတ်တီးဖို့အချိန်ပဲ...."
ထန့်ယွင် လိမ်လိမ်မာမာလေးထိုင်လိုက်သည်။ ဤရက်များတွင် ရွှယ်ကျွင်းလျန်ကိုယ်တိုင် သူ့ကိုပတ်တီးလဲပေးနေကြဖြစ်၍ ထန့်ယွင်က နေသားကျနေပြီဖြစ်သည်။
ရွှယ်ကျွင်းလျန်က ထန့်ယွင်၏အင်္ကျီနှင့် ခါးပတ်ကိုချွတ်လိုက်သည်။ ဒဏ်ရာက ပျောက်ကင်းသွားပြီဖြစ်သော်လည်း ကြည့်လိုက်တိုင်း ခက်ထန်ကြမ်းတမ်းနေသလိုပင်။ ရွှယ်ကျွင်းလျန် ပတ်တီးလဲပေးချိန်တိုင်းတွင် ရင်ထဲတွင်နာကျင်မိရသလို မသက်မသာဖြစ်ရသည်။
ဒဏ်ရာကိုကြည်ပြီး ပုံမှန်မဟုတ်သည့်အရာမရိသလို ပိုးဝင်သည့်အရိပ်အယောင်မရှိကြောင်းလည်း တွေ့လိုက်ရသည်။ ရွှယ်ကျွင်းလျန်က ပျောက်ကင်းနေပြီဖြစ်သော ဒဏ်ရာအပေါ်ဆေးထပ်လိမ်းပေးကာ ပတ်တီးအသစ်လဲပေးလ်ုက်သည်။
သူပတ်တီးလဲပေးပြီးသော်လည်း ထန့်ယွင်ကို အဝတ်အစားပြန်မဝတ်ပေးပေ။ လက်ဆန့်ကာ ထန့်ယွင်၏ ညှပ်ရိုးရှိအမာရွတ်များနှင့် ရင်ဘတ်ရှိအမာရွတ်များကိုထိတွေ့လိုက်သည်။ အမာရွတ်များက အကြီးအသေးအစုံရှိပြီး သူ့ခန္ဓာကိုယ်တွင် အချိန်အတော်ကြာကတည်းက ရှိနေခဲ့လေပြီဖြစ်၍ တစ်ချက်ကြည့်ရုံဖြင့် မသိသာတော့ပေ။ ၎င်းတို့က ထန့်ယွင်၏တစ်စိတ်တစ်ပိုင်းနှင့်ပင်တူနေလေပြီ။
ထန့်ယွင်က ထိုထိတွေ့မှုလေးများကြောင့် တုန်ယင်သွားရသော်လည်း ခေါင်းမော့ကြည့်ချိန်တွင် ရွှယ်ကျွင်းလျနိ၏မှုန်မှိုင်းနေသောမျက်နှာကိုသာ မြင်နေရ၏။
"ဒီအမာရွတ်တွေက... ဒါတွေရလာအောင် ကိုယ်တစ်ယောက်ယောက်ကို အမိန့်ပေးမိတာလား.."
ထန့်ယွင် တန့်ခနဲဖြစ်ကာ ပြုံးလိုက်သည်။
"မမှတ်မိတော့ပါဘူး..."
ရွှယ်ကျွင်းလျန်က အမာရွတ်များကို တစ်ခုပြီးတစ်ခု အသာဖွဖွထိကြည့်၏။ ဧကရီသေဆုံးချိန်တွင် ရွှယ်ကျွင်းလျန်က အလွန်ဒေါသထွက်ကာ အစပျိုးသူကို ဖမ်းဆီးစေပြီး နှိပ်စက်ညှဉ်းပန်းရန် အမိန့်ပေးခဲ့သည်။
ထန့်ယွင်က မေ့သွားခြင်းမဟုတ်ဘဲ ဆက်မပြောချင်ခြင်းသာဖြစ်၍ သူ့ကို မသက်မသာမခံစားရစေရန် မလုပ်တော့ပေ။
xxxxxxx