အပိုင်း ၁၄၂
Viewers 17k

Chapter 142


အနည်းငယ်ကြမ်းတမ်းနေသော လက်ဖျားထိပ်လေးများက ထန့်ယွင်၏အရေပြားကိုပွတ်ဆွဲနေသည်။ ထိုနေရာများက နှစ်ပေါင်းများစွာအဝတ်ဖြင့် ဖုံးအုပ်ခြင်းခံထားရ၍ တစ်စုံတစ်ယောက်ကလာထိချိန်တွင် ထန့်ယွင်မနေနိုင်ဘဲ တုန်ယီသွားရသည်။ သူခပ်တိုးတိုးလေး 'အာ့'ဟုအော်ငြီးမိပြီး သူ့ခန္ဓာကိုယ်ကပူတက်လာသည်။


ရွှယ်ကျွင်းလျန်က အသက်ပြင်းပြင်းရှူသွင်းနေရသည်ကိုကြား၍ ပြုံးပြုံးလေးပြောလိုက်သည်။


"အမ်း.. ကြည့်ရတာ မင်းအတော်လေးကောင်းလာတဲ့ပုံပဲ... ခန္ဓာကိုယ်က အတော်လေးကိုကျန်းမာလာတယ်နော်...."


သူပြောပြီးသည်နှင့် ရွှယ်ကျွင်းလျန်၏လက်က ရွှယ်ကျွင်းလျန်၏ရင်ဘတ်မှသည် ဝမ်းဗိုက်ဆီသို့လျောဆင်းသွားပြီး သူ၏လက်ချောင်းထိပ်လေးများက ကြွက်သားကောက်ကြောင်းများမှ ထန့်ယွင်၏အောက်ပိုင်းသို့ရောက်သွားသည်။


ထန့်ယွင်ထိတ်လန့်သွားပြီး ခုန်ထလုနီးနီးဖြစ်သွားသော်လည်း ရွှယ်ကျွင်းလျန်က ဖိချကာပြောလိုက်သည်။


"မင်းတော်တော်လေးသက်သာသွားရင် လို့ပြောခဲ့တာမှတ်မိသေးတယ်မလား....လုပ်ကြတာပေါ့...."


ထန့်ယွင်က သူ၏ဟိုလိုလိုသည်လိုလိုစကားကိုကြားပြီး လည်ချောင်းများပင်ချောက်သွေ့လာရသည်။ သူ့နှုတ်ခမ်းသူလျှာသပ်လိုက်ပြီး ခြောက်သွေ့မှုကိုဖြေဖျောက်နိုင်စေရန်မျှော်လင့်နေမိသည်။ ချက်ချင်းလက်ငင်း ရွှယ်ကျွင်းလျန်၏လက်က တစ်စုံတစ်ခုသောအရာကို ဖမ်းကိုင်လိုက်ချိန်တွင် ထန့်ယွင်က နှုတ်ခမ်းနာနာကိုက်ပြီး တုန်ယင်သွားရသည်။


သူ၏ထိတွေ့မှုကြောင့် ထန့်ယွင်၏အပူရှိန်တက်လာသော တုန့်ပြန်မှုကြောင့် ရွှယ်ကျွင်းလျန် မျက်စိများမှေးကျဉ်းကာ ထန့်ယွင်ကိုဖိချပြီးနမ်းလိုက်သည်။ အစတွင် ထန့်ယွင်က ပါးစပ်စေ့ထားပြီး ရွှယ်ကျွင်းလျန်ကို ရှေ့ဆက်မတိုးစေသော်လည်း ရွှယ်ကျွင်းလျန်၏လက်များက အောက်ဘက်ပိုင်းကိုအလုပ်ပေးလိုက်ချိန်တွင် ရင်ဘတ်ကခုံးကြွကာ ပါးစပ်ဟ၍ လေရှူမိသွားသည်။


ထန့်ယွင်က သူနှင့်လုံးမယှဉ်နိုင်ချေ။ သူက အနည်းငယ်သာစရသေးသော်လည်း သူ့ခန္ဓာကိုယ်က ပျော်ဝင်နေပြီဖြစ်ကာ သူပင်မထိန်းချုပ်နိုင်သော တုန့်ပြန်မှုကိုပေးစွမ်းနေကြောင်း ခံစားမိသည်။


ရွှယ်ကျွင်းလျန်၏ အသက်ရှူသံကမတည်ငြိမ်တော့ဘဲ လေးလံသည်ထက်လေးလံလာသည်။ ထန့်ယွင်က အံတင်းတင်းကြိတ်လိုက်ပြီး လက်ဦးမှုရယူကာ အရမ်းကိုနက်ရှိုင်းစေလိုက်သည်။


ရွှယ်ကျွင်းလျန်က တစ်ဖက်လူ၏အစပျိုးမှုကို အတော်လေးသဘောကျလေပြီး ထန့်ယွင်၏အနမ်းများကို လမ်းညွှန်ပြသကာ သူ၏လက်တစ်ဖက်က ခါးကောက်ကြောင်းကို အဆုန်အဆန်ထိတွေ့နေသည်။


ခန္ဓာကိုယ်နှစ်ခုက တင်းတင်းကြပ်ကြပ်ရစ်ပတ်နေကြသည်။ ထိုအချိန်တွင် ထန့်ယွင်က သူ၏ချယ်ရီပွင့်ချပ်တို့က သူလှုပ်လိုက်တိုင်း ရွှယ်ကျွင်းလျန်၏ အဝတ်များနှင့်ပွတ်သပ်နေမိ၍ တသိမ့်သိမ့်တုန်နေရသည်။ ဤကြွပ်ဆပ်သောခံစားချက်က သူ့ကိုအသိစိတ်အာရုံလွတ်သွားစေသည်။ ရွှယ်ကျွင်းလျန်၏လက်က သူ၏ရင်ဘတ်မှခါးဆီသို့ ဆင်းသက်နေရာတွင် ရင်ဘတ်ရှိပဲစေ့လေးတစ်ခုကို ဖိညှစ်သွားသဖြင့် ထန့်ယွင်ပါးစပ်ဟ၍ အသက်ရှူသွင်းလိုက်ရသည်။ ရွှယ်ကျွင်းလျန်က နမ်းနေရာမှခွာလိုက်ကာ ခေါင်းငုံ့ပြီး ရင်ဘတ်ကိုမွတ်သိပ်စွာနမ်းလေသည်။ သူ့နှုတ်ခမ်းများက သူဖိညှစ်ဆိတ်ဆွဲခဲ့သည့် ရင်ဘတ်ရှိပဲစေ့လေးကို ငြင်သာစွာငုံထွေး၍ကိုက်လိုက်ကာ လျှာထိပ်လေးဖြင့် လျပ်လိုက်သည်။


ထန့်ယွင်၏ အသက်ရှူသံကချက်ချင်း မြန်သွားရကာ ခြောက်သွေ့နေသောခံစားချက်နှင့်သူလက်ခံရရှိနေသည့် အပူဓာတ်တို့ကို မကိုင်တွယ်နိုင်တော့ပေ။ သူက ဝတ်လစ်စလစ်ဖြစ်လုနီးအခြေအနေတွင်ရှိသော်လည်း တစ်ဖက်လူက ဝတ်စုံပြည့်ဖြစ်နေသေးကြောင်းတွေ့လိုက်ရသည်။ ထန့်ယွင့်ချက်ချင်း လက်ဆန့်ထုတ်ကာ ရွှယ်ကျွင်းလျနိ၏ ဝတ်ရုံကိုချွတ်ရန်ပြင်လိုက်ချိန်တွင် ရွှယ်ကျွင်းလျန်က ရယ်မောလိုက်သည်။.


"စိတ်မပူပါနဲ့.... ကုတင်ပေါ်အရင်သွားရအောင်ပါ...."


ရွှယ်ကျွင်းလျန်က သူ့ကိုကုတင်ပေါ်ဦးဆောင်ခေါ်သွားချိန်တွင် ထန့်ယွင်ကသူ့ကိုကြည့်ရုံသာကြည့်နေပြီး စိတ်လွတ်နေကြောင်းသိသာလှသည်။ သူတို့ကုတင်ပေါ်ရောက်လာကြသည်။ သူ့နောကိကျောက ကုတင်နှင့်ထိလိုက်သည်နှင့် ထန့်ယွင်က ချက်ချင်းလှည့်လိုက်ကာရွှယိကျွင်းလျန်ကို အောက်သို့ဖိချပြီးတစ်ဖက်လူ၏ နှဖူးကိုနမ်းရှိုက်လေသည်။


ရွှယ်ကျွင်းလျန်က ထန့်ယွင်နာကျင်သွားမည်စိုး၍ လိမ္မာစွာလှဲလျောင်းနေလိုက်ပြီး သူ့ဘာသာတောက်လောင်နေစေလိုက်သည်။


ထန့်ယွင်က အတော်လေးစိတ်မရှည်ဖြစ်ကာ ရွှယ်ကျွင်းလျန်၏ သုံးလေးလွှာရှိသော အဝတ်များကိုချွတ်နေသည်။ ခန္ဓာကိုယ်နှစ်ခုနောက်တစိကြိမ် ထိကပ်ချိန်တွင် အရေပြားချင်းထိတွေ့မှုသာဖြစ်လေသည်။ ထန့်ယွင်ရုတ်တရကိကြီး ရှက်သွေးဖြာသွားရသည်။ သူက ဤကဲ့သို့သောကိစ္စများကို တစ်ခါမှမကြုံဖူးချေ။ ဤကဲ့သို့သောကိစ္စမျိုးကို ယောက်ျားတစ်ယောက်နှင့် လုပ်ဖြစ်မညိဟုလည်းတစ်ခါမှ မတွေးဖူးပေ။ 


ရွှယ်ကျွင်းလျန်က တမင်တကာပြုံးပြီးပြောလိုက်သည်။


"ကိုယ်မင်းကို အချိန်ပေးချင်ပေမဲ့လည်း ကိုယ့်ကိုယ်ကိုယ်မထိန်းထားနိုင်တော့ဘူး...."


ထိုသို့ပြောပြီးနောက်တွင် ထန့်ယွင်ကိုအောက်သို့ဖိချလိုက်သည်။


"ထန့်ယွင်က ဘယ်လိုလုပ်ရမလဲမသိမှတော့... ကိုယ်ကပဲအရင်ဆုံးလုပ်ပြရတာပေါ့...."


ထန့်ယွင်၏ မြှားဒဏ်ရာကြောင့် ရွှယ်ကျွင်းလျန် အများကြီးမလုပ်ရဲသော်လည်း နှစ်ယောက်စလုံးက သူတို့၏ကိုယ်ပိုင်ခွန်အားအပေါ် အလွန်အမင်းမျှော်လင့်ထားကြသည်။ ရွှယ်ကျွင်းလျန် ထန့်ယွင်၏နောက်ပေါက်ထဲဝင်ရောက်ပြီး၍ လှုပ်ရှားချိန်တွင် ထန့်ယွင်က အမှုမဲ့အမှတ်မဲ့ဖြင့် အိပ်ရာခင်းတို့ကို ဆုပ်ကိုင်ကာ စိတ်လွတ်နေသောမျက်နှာလေးဖြင့် ညှာတာပေးရန် ပြောဆိုလေရာ ရွှယ်ကျွင်းလျန်ကို စိတ်ဆန္ဒတို့ကြောင့် ရူးမလိုဖြစ်သွားစေသည်။ အစပိုင်းတွင် ခပ်ဖြေးဖြေးသာလှုပ်ရှားခဲ့သော်လည်း ထန့်ယွင်၏ခန္ဓာကိုယ်က တူညီသောတပ်မက်မှုနှင့်အတူ ပြန်လည်ဆောင့်လာသော တုန့်ပြန်မှုကြောင့် စိတ်လွတ်မလိုပင်ဖြစ်ခဲ့သညိ။ သူထန့်ယွင်နှင့် ချစ်ရည်လူးသည်မှာ ညသန်းခေါင်အထိပင်ရောက်သွားခဲ့သည်။


နောက်တစ်နေ့ထန့်ယွင်နိုးချိန်တွင် နေ့လည်ခင်းပင်ရောက်လေပြီ။ ရွှယ်ကျင်းလျန်က ကုတင်ဘေးရှိထိုင်ခုံတွင် ထိုင်နေပြီး အစီအရင်ခံစာများဖတ်နေသည်။ ထန့်ယွင့်နိုးလာကြောင်းမြင်လိုက်သည်နှင့် ပြုံးရင်းပြောလိုက်သည်။


"ဒဏ်ရာက အဆင်ပြေရဲ့လား... ပြန်ပွင့်သွားသေးလား...."


ထန့်ယွင်က ပြန်ဖြေချင်သော်လည်း သူလည်ချောင်းကအနည်းငယ်နာကျင်နေ၍ အက်ကွဲနေသောအသံဖြင့်ဖြေလိုက်သည်။

"ဟင့်အင်း...."


ရွှယ်ကျွင်းလျန်ကမေးသည်။


"အခုပဲထပြီး မင်းရဲ့ခန္ဓာကိုယ်ကိုသန့်ရှင်းရေးလုပ်ချင်လား... ဒါမှမဟုတ် နည်းနည်းလောက်ဆက်အိပ်ချင်လား...."


ထန့်ယွင်က ထိုအမေးကိုကြားပြီးနောက်တွင် မျက်နှာကြီးပူလာသလိုခံစားရပြီး သွေးများယိုစီးကျလာမလို နီရဲလာသည်။ သူ၏ခန္ဓာကိုယ်အောက်ပိုင်းက ယခုအချိန့အထိ စေးကပ်နေကြောင်း ခံစားမိလိုက်သည်။


"ကိုယ်မငိးကို ကိုယ်တိုင်သန့်ရှင်းရေလုပ်ပေးချင်ပေမဲ့ မင်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတော့ မနှောင့်ယှက် ချင်ဘူးလေ.. အခုသန့်ရှင်းရေးသွားလုပ်ချင်လား...."


ထန့်ယွင်က မျက်နှာနီနီဖြင့် "အင်း..."ဟု ပြန်ဖြေလိုက်သည်။


ထိုမှသာ ရွှယ်ကျွင်းလျန်က ရွက်ဖျင်တဲအပြင်ရှိလူကို ရေနွေးအနည်းငယ်သွားယူရန်စေခိုင်းလိုက်သည်။


ထန့်ယွင်၏ ပခုံးက ဒဏ်ရာရထားပြီး ရေစို၍မရသောကြောင့် ရွှယိကျွင်းလျန်ကိုယ်တိုင် သူ့ခန္ဓာကိုယ်ကို သန့်ရှင်းရေးလုပ်ပေးလေသည်။ ရွှယ်ကျွင်းလျန်က သူ၏အနောက်ပေါကအလေးကို သန့်ရှင့်ရေးလုပ်ပေးချိန်တွင် သူက ဤနေရာလေးသို့ ပထမဆုံးအချိန် ပြည့်လျှံသွားစေသူဟု တွေးရင်း ကြိတ်ပြုံးနေသည်။


ပထမက သူ့ကိုယ်သူထိန်းပြီး ထန့်ယွင်က အားနည်းနေဆဲဖြစ်၍ ဤကဲ့သို့ကိစ္စများကို လုပ်ပြီး သူ့ကိုခက်ခဲအောင်မလုပ်ချင်ခဲ့ပေ။ ရလဒ်အနေဖြင့် ထန့်ယွင်က ဘာမှမသိဘဲ သူ့ကိုစနောက်နေသူ ရွှယ်ကျွင်းလျန်မှာ သူ့ကိုလှုံ့ဆော်မှုကို မတောင့်ခံနိုင်ခဲ့ပေ။


ရွှယ်ကျွင်းလျန်၏တိုင်းခန်းလှည့်လည်မှုကြောင့် ဖန့်စစ်တပ်က အလောတကြီးမတိုက်ရဲကြပေ။ ရွှယ်တိုင်းပြည်နှင့်ဖုန့်တိုင်းပြည်တို့၏ အင်အားက အတူတူသာဖြစ်သည်။ မည်သူ့ စိတ်ဓာတ်က ပိုမိုသန်မာသည်၊ မည်သည့်ဘက်က ပိုမိုတောင့်ခံနိုင်သည်ဆိုသညိ့အပေါ်တွင် မူတည်လေသည်။


ဖုန့်တိုင်းပြည်က မတိုက်ခိုက်ရဲခဲ့၍ ထန့်ယွင်ကို ဒဏ်ရာပျောက်ကင်းသွားအောင်အချိန်ပေးလိုက်သလိုဖြစ်သွားသည်။ ထို့အပြင် ရွှယ်ကျွင်းလျန်ကလည်း စစ်စခန်းကိုလာပြီး ထန့်ယွင်ကိုတွေ့ချင်သည့်စိတ်ဆန္ဒကလည်း ပြည့်သွားရသည်။ ထပ်ပေါင်းအနေဖြင့် ဤနေရာက ရှေ့တန်းဖြစိပြီး မည်သည့်အချိန်တွင်မဆို တိုက်ခိုက်ခံရနိုင်သည်။ ရွှယ်ကျွင်းလျန်က အလွန်အရေးပါသည့်ပုံရိပ်တစ်ခုဖြစ်၍ တိုက်ခိုက်ရန်မည်သည့်လှုပ်ရှားမှုကိုမှမလုပ်ပါချေ။ 


ထန့်ယွင်တွင် ရှေ့တန်း၌ရှိစဉ်၌နေ့တိုင်း ပတ္တရောင်လှည့်တတ်သည့် အကျင့်ရှိသည်။ သူဒဏ်ရာရနေ၍ ကျောက်ထုန်က ထိုနေရာကိုယးကာ ရန်သူ့ဘက်တွင်မည်သည့်လှုပ်ရှားမှုရှိသလဲ ကိုယ်တိုင်စောင့်ကြည့်ပေးလေသည်။


သူတို့က ချီကျိကျဲ၏စစ်သည်များကို မြောက်ဘက်မြစ်ကမ်းပါးသို့လာစေရန် လှည့်စားရန်အတွက်ဆုံးဖြတ်ထား၍ သူတို့အတော်လေးပြင်ဆင်နေရပြီးလူတိုင်းက တာဝန်တစ်ခုပြီးတစ်ခုရနေသည်။ စစ်စခန်းတစ်ခုလုံး အနားကိုမရပေ။ လက်ရှိတွင် စစ်စခန်းက ချီကျိကျဲ၏အာရုံကိုရရှိရန် ဗလာဖြစ်နေသည့်အသွင်ကိုယူနေသည်။

142.2


ထန့်ယွင်နှင့် အကြံပေးများများက မြောက်ဘက်မြစ်ကမ်းပါးတစ်လျှောက်က်ု လေ့လာပြီး အနောက်ဘက် ခြေကုပ်ယူပြီး အရှေ့ဘက်မှလာသည့် ကျန့်အန်းတပ်များနှင့်ပူးပေါင်းရန် ပြင်ဆင်ကြလေသည်။ သူတို့က ရန်သူများကိုစိတ်ရှုပ်ထွေးသွားစေရုံသာမက ၎င်းတို့၏တိုက်ခိုက်မှုကိုပါ ဖျက်ဆီးနိုင်စေရန် ခြေကုတ်ယူထားကြလေသည်။


တစ်ချိန်တည်းတွင် ထန့်ယွင်က ကျန့်အန်းစစ်စခန်းဆီလူပို့ကာ ထန့်ရှင်းနှင့်ဟယ့်ညီနောင်သုံးဦးတို့ကို တိတ်တဆိတ်လှုပ်ရှားရန်နှင့် ဖုန့်စစ်တပ်ကိုနှစ်ဖက်ညှပ်တိုက်နိုင်ရန် ပြင်ဆင်ရန်ပြောလေသည်။


ကျောက်လုက မြစ်ရှုခင်းတောင်ကုန်းတွင်ရှိပြီး မြင်မြစ်၏အောက်ပိုင်းကို စောင့်ကြပ်နေသည်။ ဖုန့်စစ်တပ်က မြစ်ရှုခင်းတောင်ကုန်းဆီသို့ပြေး၍ ထွက်ပြေးရန်ကြိုးစားလျှင်ကျောက်လု၏စစ်တပ်နှင့် ဆုံရပေလိမ့်မည်။


မြစ်အထက်ပိုင်းရှိရွှယ်ယွီက နယ်စားမင်းထန့်နန်၏အစီအစဉ်အရ သူ၏စစ်တပ်ကို ဖုန့်စစ်တပ်ပြန်ဆုတ်ရာလမ်းတွင် ဝင်နှောက်ယှက်စေလိုကြောင်း သတင်းရခဲ့သည်။ လန့်ကျင်းက ရွှယ်ယွီကိုတားရင်းပြောသည်။


"သခင်ဘာလို့များ စိတ်အနှောင့်အယှက်ဖြစ်နေရတာလဲ.... ဖုန့်စစ်တပ်သာမြောက်ဘက်ကမ်းကိုသွားရင် ရွှယ်စစ်တပ်သုံးခုရဲ့ညှပ်ပိတ်ခြင်းခံရပြီး ရေလမ်းကနေထွက်ပြေးဖို့ပဲရွေးချယ်လို့ရတော့မှာ..သူတို့က ချောင်ပိတ်ခံလိုက်ရပြီးပြီလေ.... သခင်သာ သူတို့မြစ်ကိုဖြတ်နေတဲ့ဒီအခွင့်အရေးကိုယူပြီး သခင့်ရဲ့တပ်ခွဲကိုစေလွှတ်ပြီး လက်ဦးမှုယူတိုက်ခိုက်ရင် ပိုပြီးသက်‌ရောက်မှုရှိပါလိမ့်မယ်...."


ရွှယ်ယွီက တစ်ဖက်လူပြောတာ ဆီလျော်သည်ဟုတွေးမိသည်။ လန့်ကျင်းကထပ်ပြောပြန်သည်။


"ချီကျိကျဲက သူ့ရဲ့စစ်တပ်ကိုသုံးတဲ့နေရာမှာ အတော်လေးသတိထားပြီး မင်မြစ်ကိုကာကွယ်ရင်း သေမှာပဲ... သူ့ရဲ့ တွက်ချက်တတ်မှုကြောင့် မင်မြစ်မှာတပ်ခွဲတွေအများကြီးထားပြီး ဖုန့်တိုင်းပြည်ရဲ့ ကုန်းတွင်းပိုင်းကို ဗလာကျင်းပြီးထားခဲ့မှာပဲ... သခင့်မှာ တပ်ရင်းတစ်ခုသာရှိရင် နန်းမြို့တော်ကိုဖောက်ဝင်ပြီး ဘုရင်ဖုန့်ကိုဖမ်းဆီးလိုက်ရင် ဧကရာဇ်ရွှယ်က သခင့်ကိုသေချာပေါက်အမြင်ကြည်လာမှာပါ...."


ရွှယ်ယွီမျက်လုံးများတောက်ပကာ ပြုံးလိုက်သည်။

"မင်းပြောသလိုလုပ်ကြတာပေါ့...."


လန့်ကျင်းက အတည်ပြုသလိုပြန်လည်ဖြေကြားပြီး တံခါးအပြင်ထွက်ကာ စစ်သားများကို စစ်သားများကိုစေလွှတ်ရန်အမိန့်ပေးလိုက်သည်။ ရွှယ်ယွီက သူအအရည်အချင်းကို ရွှယ်ကျွင်းလျန်ကိုပြသရတော့မည်ဖြစ်၍ အလွန်ပျော်နေပါသော်လည်း ရွှယ်စစ်တပ်က ဖုန့်တိုင်းပြညိ၏ကုန်းတွင်းပိုင်းကို မရင်းနှီးနေပေ။ သို့သော် သူတို့သာတပ်ခွဲတစ်ခုစေလွှတ်မည်ဆိုပါက တိုင်းပြည်ကိုမည်သူက ကာကွယ်မည်နည်း။ ၎င်းက အသေအချာစဉ်းစားရမည့်ပြဿနာပင်။ ရွှယ်ယွီကဲ့သို့ဂရုမမူတတ်သူက ထိုပြဿနာကိုမတွေးမိသော်လည်း လန့်ကျင်းကဲ့သို့လက်အောက်ငယ်သားက တစ်ခုချင်းဆီ အသေအချာတွက်ဆပြီးလေပြီ။ 


ကင်းထောက်များက ရွှယ်ယွီကို ဖုန့်စစ်တပ်က နောက်ရက်အနည်းငယ်အတွင်းလှုပ်ရှားတော့မည်ဟု သတင်းပို့သဖြင့် ရွှယ်ယွီအလွန်စိတ်လှုပ့်ရှားသွားရသည်။ ဖုန့်စစ်တပ်သာမင်မြစ်ကိုတိုက်ခိုက်လျှင် ထိုရုတ်ရုတ်သဲသဲအခြေအနေကိုအခွင့်ကောင်းယူပြီး တပ်သားများကိုဦးဆောင်ကာ မင်မြစ်ကိုဖြတ်သန်းရင်း ဘုရင်ဖုန့်ကိုဖမ်း၍ရပေသည်။


ညနက်နေပြီးဖြစ်၍ ရေပတ်လည်ဝန်းရံနေသော နိုင်ငံငယ်လေးက ညဘက်တွင်ပိုအေးလေသည်။ ရွှယ်ယွီက စိတ်လှုပ်ရှားနေ၍အိပ်မရပေ။ အဝတ်အစားဝတ်ကာ အပြင်သို့လမ်းလျှောက်ထွက်ခဲ့လိုက်တော့သည်။ 


ခြံဝန်းထဲတွင်အကြိမ်ရေအနည်းငယ် လှည့်ပတ်လမ်းလျှောက်လိုက်သည်။ သို့သော် သူက တုန်လှုပ်စရာကိစ္စရပ်ကိုလုပ်ဆောင်ရင်း ရွှယ်ကျွင်းလျန်ကို သူ့အရည်အချင်းကိုပြသရမည်ဟုတွေးမိတိုင်း ငြိမ်ငြိမ်ပင်မထိုင်နိုင်တော့ပေ။ သူမော့ကြည့်လိုက်သောအချိန်တွင် ခြံဝန်းထံရှိ စာကြည့်ခန်းထဲတွင်အလင်းရောင်မြင်လိုက်ရသည်။ ရွှယ်ယွီက အနည်းငယ်ကြောင်အသွားပြီး သူလျှိုဟုတွေးလိုက်သည်။


အသက်အောင့်ကာ ထိုနားသို့သွားလိုက်သည်။ စာကြည့်ခန်းက မကြီးပါချေ။ ပြတင်းပေါက်တွင် ပုံရိပ်ထင်နေသောလူကိုတွေ့လိုက်ပြီး ရွှယ်ယွီကထိုလူကိုကောင်းကောင်းသိပေသည်။ တစ်ချက်ကြည့်ရုံဖြင့်ထိလူမှန်းသိ၍ တံခါးဖွင့်ပြီးဝင်သွားလိုက်ကာ ထိုလူနှင့်မျက်လုံးချင်းဆုံသွားရသည်။


လန့်ကျင်းက ချက်ချင်းထရပ်လိုက်သည်။


"သခင် ဘာကြောင့်အနားမယူရသေးတာပါလဲ...."


ရွှယ်ယွီက လန့်ကျင်းကိုကြည့်လိုက်သည်။ သူ့အဝတ်များက သပ်ရပ်နေကာ စားပွဲပေါ်တွင် အရွယ်စုံသော စာရွက်အထပိများရှိပြီး အရောင်စုံသော မြေပုံများလည်းရှိနေသည်။ တစ်ချက်ကြည့်ရုံဖြင့် ထိုလူက အနားယူရန်အဆင်သင့်မဖြစ်သေးကြောင်းသိသာနေသည်။ သူ့လိုစိတ်လှုပ်ရှားမှုကြောင့် မအိပ်နိုင်ဖြစ်နေခြင်းမဟုတ်ပေ။


ရွှယ်ယွီကပြောလိုက်သည်။

"အရမ်းနောက်ကျနေပြီလေ... မင်းဘာတွေကြည့်နေတာလဲ...."


လန့်ကျင်းကဖြေသည်။

"ကျွန်တော် ဖုန့်တိုင်းပြည်ရဲ့ မြေမျက်နှာသွင်ပြင် မြေပုံကိုကြည့်နေတာပါ...."


"အိုး.... မင်းကြည့်ရတာလည်း လွယ်မယ့်ပုံမပေါ်ဘူးနော်...."


"ဟုတ်တာပေါ့...."


လနိ့ကျငိးက ပြုံးရင်းပြောလိုက်သည်ာ

"ဖုန့်တိုင်းပြည်က မိုးများပြီး စိုစွတ်တဲ့ရာသီဥတုရှိတယ်... ဖုန့်တိုင်းပြည်ရဲ့စစ်သားတွေကတော့ ဒါတွေကိုနေသားကျနေပြီဖြစ်ပြီး ကုန်းတွင်းပိုင်းမှာဆိုရင် အားအပြည့်နဲ့မတိုက်ခိုက်နိုင်ဘူး.... သခင်ရောဒီအကြောင်းတွေးမိသေးလား... ပန့်တိုင်းပြည်က ခံတပ်ဖြစ်ပြီး ဖုန့်တိုင်းပြည်ကနောက်တစ်ကြိမ်ထပ်တိုက်ချင်နေသေးတာ.. စစ်တပ်အင်အားကိုသာ အလောတကြီးစေလွှတ်ရင် မြို့တော်ကိုဘယ်သူစောင့်ရှောက်မှာတဲ့လဲ.... သခင်ကဒီအကြောင်းတွေးမိရဲ့လား.... တွေးမိခဲ့ တယ်ဆိုရင်တောင် တပ်ခွဲကိုစေလွှတ်တာက တိတ်တဆိတ်လုပ်ရပြီး ဖုန့်စစ်တပ်မရိပ်မိအောင်လုပ်ရမှာ... သဲလွန်စတစ်ခုခုရသွားတာနဲ့ မင်မြစ်ကစစ်သားတွေအတွက် အရှုံးကိုယူဆောင်ပေးလိုက်သလိုဖြစ်မှာပဲ... သခင်ဒီအကြောင်းတွေးမိသေးလား..."


သူက ကြားကျကျစကားကိုမဆိုခဲ့သော်လည်း နောက်ဆုံးစကားအပြီးတွင် ရွှယ်ယွီ၏မျက်နှာက မဲမှောင်သွားပြီး နှာရှုံ့၍ဖြေလိုက်သည်။


"ဘာကိုဆိုလိုတာလဲ... ဒီအကြံကိုပေးတာ မင်းမဟုတ်ဘူးလား...."


လန့်ကျင်းကပြောသည်။

"ဒီလန်ကပြောခဲ့တာမလို့ ဒီလန်ကပဲသခင့်အတွက် ပြင်ဆင်ပေးပါ့မယ်....."


xxxxxxx