အပိုင်း ၁၄၃
Viewers 13k

Chapter 143


ရွှယ်ယွီကစကားမပြောခက် လန့်ကျင်းကထပ်ပြောလာသည်။


"သခင်က ဒါတွေကိုလုံးဝမတွေးခဲ့တဲ့ပုံပဲ... လန့်ကျင်းက အမြဲတမ်းတစ်ခုခုကိုပြောချင်ပေမဲ့ အရှင်မကြိုက်မှာစိုးရွံ့နေခဲ့မိတာ... အရှင်က ဧကရာဇ်တစ်ပါးထက် ဘုရင်တစ်ပါးဖြစ်ဖို့ ပိုသငိ့လျော်တာပါ... အမျိုးမျိုးသောပြဿနာတွေအတွက် သခင့်ရဲ့ဖြန့်ဝေတွေးခေါ်မှုက မလုံလောက်ဘူး...."


ရွှယ်ယွီသူ့ကိုစိုက်ကြည်ပြီးပြောလိုက်သည်။


"ဒါဆိုမင်းက ကျယ်ကျယ်ပြန့်ပြန့်တွေးတတ်တော့ နန်းတော်ကိုသိမ်းပိုက်ချင်တာလား...."


လန့်ကျင်းကပြုံးလိုက်သည်။


"သခင်ကတော့ နောက်နေပြန်ပါပြီ.... လန့်ကျင်းက အကြံပေးဖြစ်ဖို့မွေးဖွားလာတာပါ.. ပြီးတော့လန့်ကျင်းက အရမ်းအလုပ်ကြိုးစားရင်တောင် အလွန်ဆုံးမှ အမတ်ချုပ်ပဲဖြစ်နိုင်တာပါ.."


ရွှယ်ယွီ့အတွက် ပထမဆုံးအကြိမ်အဖြစ် လန့်ကျင်း၏အပြုံးကိုနှစ်ကြိမ်ဆက်တိုက်တွေ့လိုက်ရခြင်းဖြစ်သည်။ လန့်ကျင်းက အမြဲတမ်း လေးလေးစားစားရှိကာ စကားအရာတွင်နာခံသော်လည်း ဘယ်သောအခါမှဘယ်သူနှင့်စကားပြောပြော မပြုံးပေ။


ရွှယ်ယွီပြောလ်ုက်သည်။

"ငါကတော့သွားနားရပြီး ငါ့လက်အောက်ငယ်သားကိုတော့ မြေပုံကြည့်ပြီး စစ်ပွဲအတွက် ဗျူဟာထုတ်ခိုင်းရမယ်လား.. ငါ့ကိုသမိုင်းမှာ နာမည်ဖျက်ချင်နေတယ်ထင်တယ်..."


"လန့်ကျင်းအဲ့လိုအတွေးမျိုးမရှိရပါဘူး... လန့်ကျင်းက အရမ်းနောက်မကျခင်သခင့်ကို ကောင်းကောင်းအနားယူစေချင်တာပါ..."


"မြှောက်ပင့်မနေပါနဲ့... ပြီးတော့အဓိပ္ပါယ်မရှိတာလဲမပြောနဲ့... မင်းအခုလေးတင်ပြောလိုက်တဲ့စကားသုံးခုကြောင့် ခြိမ်းခြောက်သလို မခံစားလိုက်ရဘူးလား...."


ထိုသို့ပြောပြီးနောက်တွင် ရွှယ်ယွီကတံခါးဖွင့်ကာ စားပွဲဆီသို့လျှောက်သွားပြီးထိုင်ချလိုက်ကာ လန့်ကျင်း စာရင်းပြုစုထားသည့် စာများကိုကြညိ့လေတော့သည်။


__ __

ချီကျိကျဲက နယ်စားမင်းထန့်နန်ပြန်ကောင်းသွားပြီဟူသောသတင်းကိုကြား၍ သံသယဝင်သွားသည်။ အကယ်နယ်စားမင်း၏ကျန်းမာရေး အမှန်တကယ်ပြန်ကောင်းသွားပါလျှင် လူထုဆီထုတ်ပြန်ပါမည်လော။ ထိုသတင်းက ကောလဟာလဟုသာ သတ်မှတ်လိုက်တော့သည်။ မဟုတ်ပါက ရွှယ်ကျွင်းလျန်က တပ်သားများကိုတည်ငြိမ်စေရန် သတင်းလွှင့်ခြင်းဖြစ်ရပေမည်။


ဤသို့စဉ်းစားကြည့်လျှင် ရွှယ်တိုင်းပြည်၏ စစ်သေနာပတိမှာ သေလုမြောပါးဖြစ်နေလောက်ပေသည်။


ချီကျိကျဲက ဒီအတိုင်းတွက်ချက်ကြည့်ရုံသာဖြစ်သည်။ သူ၏စိတ်ထင်ရာအတိုင်း တပ်ရင်းတစ်ခုကို ပို့လွှတ်ရန်မည်သို့ဖြစ်နိုင်မည်နည်း။


ထန့်ယွင်၏ ပြန်လည်ကောင်းမွန်သွားမှုက ဖုန့်စစ်တပ်ထံရောက်သွားချိန်တွင် ထန့်ယွင်က သူ့လူများကို မြစ်ကိုတိတ်တဆိတ်ဖြတ်စေကာ ဖုန့်စစ်တပ်၏ရှေ့တန်းမှ စစ်သည်ငယ်လေးများကို လာဘ်ထိုးစေသည်။ သူ့ကို ပိုက်ဆံပမာဏအတော်လေးပေးထား၍ ချီကျီကျဲဆီသို့ နယ်စားမင်းထန့်နန်၏ ဒဏ်ရာကအတော်လေးအခြေအနေဆိုးနေပြီး သေလုနီးနီးဖြစ်နေသည်ဟုပြောခိုင်းလိုက်သည်။


ချီကျိကျဲက အပျော်လွန်ပြီး ထိုသတင်းကိုယုံသွားသည်။ သူကစစ်သူကြီးများကိုခေါ်ပြီး စစ်ချီရန်ဆွေးနွေးတော့သည်။


ဖုန့်တိုင်းပြည်၏ ဗျူဟာရှင်များက မင်မြစ်က သူတို့၏ ခြေကုတ်နေရာ အခွင့်အရေးယူသည့်နေရာဟုထင်ကြသည်။ မင်မြစ်၏အထက်ပိုင်းက ရွှယ်တိုင်းပြည်ပိုက်နက်အတွင်းရှိသော်လည်း ရွှယ်တိုင်းပြည်၏နယ်မြေထဲ၌ မြစ်ကြီးများမရှိပါချေ။ ထို့ကြောင့် ထိုသူများက ရေကြောင်းတိုက်ခိုက်မှုတွင်အားနည်းကြပေသည်။ ရေကြောင်းတိုက်ခိုက်မှုအတွက်တစ်ခါမျှမလေ့ကျင့်ဖူးသော တပ်သားများကိုလှေပေါ်တင်လိုက်ပါက လမ်းမလျှောက်တတ်သောကလေးကို တိုက်ခိုက်ခိုင်းနေသည်နှင့်တူပေသည်။


ထို့ကြောင့်မင်မြစ်၏အထက်ပိုင်းတွင် စစ်ပွဲဖြစ်ပွားရန်လိုချင်ကြသည်။


နောက်ရက်အနည်းငယ်အတွင်း မင်မြစ်ရှိရာသီဥတုက တိမ်ထူကာ မိုးရွာနေပြီး မြူအချို့ပင်ရစ်သိုင်းနေသည်။ ဤသို့သောရာသီ၍တုက ရေကြောင်းတိုက်ပွဲအတွက်မသင့်လျော်သော်လည်း ဖုန့်စစ်တပ်၏သူလျှိုများက ဧကရာဇ်ရွှယ်က သူ့လူများကို မင်မြစ်တစ်လျောက်ဆယ်မိုင်အကွာတိုင်း စောင့်ကြည့်စင်တို့တည်ဆောက်ရန် အမိန့်ပေးပြီး ရှေ့တန်းက အလွန်ရှည်လျားကြောင်းပြောလေသည်။


ချီကျိကျဲက ၎င်းကို ရန်သူ၏စစ်သူကြီးချုပ်ရုတ်တရက်ပြောင်းသွား၍ဖြစ်ရမည်ဟုတွေးလေည်။ ထန့်ယွင်ကိုတိုက်ခိုက်ပြီးနောက်တွင် ထန့်ယွင်က ရင်ဆိုင်ရန်မလွယ်သော အားကြီးသည့်ရန်သူဖြစ်ကြောင်း သူသိနေပြီးဖြစ်သည်။ ယခုတွင် ထန့်ယွင်က ဒဏ်ရာပြင်းထန်နေ၍လား စစ်သူကြီးချုပ်ပြောင်း၍လား ဧကရာဇ်ရွှယ်က သူ၏အာဏာစက်ကိုပြသချင်နေ၍လား မသိသော်လည်း ဤကဲ့သို့သော စခန်းချပုံမျိုးက မလုပ်သင့်သောအရာဖြစ်နေသည်။


ထန့်ယွင်က ချီကျိကျဲတိုက်ခိုက်ရန် စိတ်မရှည်တော့ကြောင်းသိနေ၍ စစ်သည်များကို မင်မြင်ကိုနေ့ရောညပါစောင့်ကြည့်ခိုင်းနေလိုက်သည်။


မြူများက မပျောက်ကွယ်သွားသော်လည်း ချီကျိကျဲက ဤသည်က ရွှယ်စစ်တပ်ကို တိတ်တဆိတ်တိုက်ခိုက်ရန်အတွက် အကောင်းဆုံးအခြေအနေဟူ၍ ခံစားနေရသည်။


ရှေ့ပြေးတပ်သားများက မင်မြစ်ကိုဖြတ်၍ စစ်သင်္ဘောတစ်စင်းထွက်လာကြောင်း သတင်းလာပို့သည်။ ထန့်ယွင်က ဤအချိန်ကိုစောင့်နေပြီး ချက်ချင်းလူများကို ပို့လိုက်တော့သည်။


ရွှယ်ကျွင်းလျန်က မင်မြစ်ကို တိုက်ခိုက်ရန်မသွားနိုင်ချေ။ ထန့်ယွင်က တပ်ဖွဲ့တစ်ခုကိုခွဲထုတ်ကာ ရွှယ်ကျွင်းလျန်ကို ကာကွယ်ရန်အမိနိ့ပေးထားလေသည်။ ထို့နောက်တွင် စီစဉ်ထားသည့်အတိုင်း စစ်သားများကိုတိုက်ပွဲအတွင်းခေါ်ဆောင်သွားခဲ့သည်။


ရွှယ်ကျွင်းလျန်ကိုယ်တိုင်က စောင့်ကြည့်စင်ပေါ်တက်ပြီး တိုကိပွဲကိုစောင့်ကြည့်လေသည်။ 


မြူခိုးများက မြစ်ထဲတွင်လွှမ်းနေသေးပါသော်လည်း ချီကျိကျဲက သူ့ကိုယ်သူအနိုင်ရပြီဟု တထစ်ချတွေးထားပြီးလေပြီ။ ထိုအချိန်တွင် သူ့စိတ်ထဲမလွယ်ကူသလိုခံစားလိုက်ရသော်လည်း ရွှယ်စစ်တပ်ချီတက်လာသည်ကိုမြင်လိုက်ရသည်။ 


ရွှယ်စစ်တပ်များက ရေပြင်ညီအတိုင်းစီထားပြီး ဖုန့်စစ်တပ်၏လမ်းကြောင်းကိုပိတ်လေသည်။ ၎င်းက သာမန်ထက်လွန်ကဲနေသောပုံပေါ်သော်လည်း ချီကျိကျဲက ထိုမြင်ကွင်းကိုကြည့်ပြီး အပျော်သာလွန်နေခဲ့သည်။ 


ရွှယ်စစ်တပ်က ဒီလိုစီထားမှတော့ သူတို့ရဲ့ လေးသည်တော်တွေပစ်ခတ်ဖို့ ပိုလွယ်မသွားဘူးလား... 


ဖားသူငယ်၏မျက်လုံးက မည်မျှပင်ကျယ်နေပါစေ နွားသိုး၏မျက်လုံးက ပို၍ ရှင်းလင်းစွာမြင်ရပေသည်။ ဤကဲ့သို့ပစ်ခတ်ခွင့်ရသည့် အခွင့်အရေးကို လက်လွှတ်မခံသင့်ပေ။


ချီကျိကျဲက တပ်သားများကို မြှားများပစ်ခတ်ကြရန် ချက်ချင်း အမိန့်ပေးလိုက်သည်။


ထနိ့ယွင်က ပြင်ဆင်ပြီးသားဖြစ်သည်။ ကျောကိထုန်ကို လှေအစင်းတိုင်းတွင် ဒိုင်းကာတစ်ခုလုပ်ရနိ စေခိုင်းပြီးသားဖြစ်သည်။ မြှားများက မည်သူ့ကိုမှထိမှန်ခြင်းမရှိဘဲ အများဆုံးအနေဖြင့် ဒိုင်းကာများကိုသာထိမှန်လေသည်။


နာရီဝက်ကျော်ကြာပြီးနောက်တွင် ရွှယ်စစ်တပ်၏လှေများက ဇကာပေါက်ကဲ့သို့ဖြစ်နေလေပြီး မြှားများပြည့်နေလေသည်။ ထန့်ရွယ်က တပ်သားများကို ယောက်ယက်ခတ်နေသလိုဟန်ဆောင်ရန်ပြောထားပြီး ထိုအခြေအနေတွင်ထွက်ပြေးရန်ပြောထားသည်။

143.2


ထိုအချိန်တွင် နှစ်ဖက်စလုံးက လှေများကအချင်းချင်းထိပ်တိုက်တွေ့နေပြီဖြစ်ပြီး ကျောက်ထုံက ကုန်းပတ်ပေါ်ပြေးထွက်ပြီး တစ်ယောက်တည်းတိုက်ခိုက်လေသည်။


ချီကျိကျဲက စစ်ပွဲအတွင်းသို့ စစ်သူကြီးတစ်ယောက်ကပါ ဝင်ရောက်တိုက်ခိုကိနေကြောင်းတွေ့၍ တစ်ယောက်ယောက်ကိုသွားရောက်တိုက်ခိုက်ရန် အမိန့်ပေးလေသည်။ မထင်မှတ်ထားစွာဖြင့် ထိုလူက ကျောက်ထုန်ဖြစ်နေလေသည်။ အမိနိ့ပေးခံရသည့်လူက ကျောက်ထုံထံမှ ခဏအတွင်းအသတ်ခံလိုက်ရသည်။ ဖုန့်စစ်တပ်က နောက်တစ်ယောက်ကိုတိုက်ခိုက်ရနိလွှတ်လိုက်ပြန်သည်။ ရွှယ်စစ်သားများက ပရမ်းပတာဖြစ်နေဆဲပင်။


နောက်ထပ်စစ်သူကြီးတစ်ယောက်ကိုသတ်ပြီးနောက်တွင် ကျောက်ထုံက အချိန်ကြပြီဟုတွေးလိုက်ပြီး သူ၏လှုပ်ရှားမှုများကို နှေးကွေးလိုက်တော့သည်။ ချီကျိကျဲက အပျော်လွန်ပြီး နောက်ထပ်လူသာထပ်လွှတ်နေလိုက်သည်။ ကျောက်ထုံက တိုက်ခိုက်မှုတစ်ခုကိုရှောင်တိမ်းရင်း တစ်ဖက်သို့အရှိန်လွန်သွားပြီးပလုံခနဲနေအောင် ရေထဲကျသွားသည်။ 


ထန့်ယွင်က လှေပေါ်မှအခြေအနေကိုမြင်ပြီး စစ်သားများကို ဗုံများဆက်တီးရန်အမိန့်ပေးလေသည်။ မြူခိုးများက ပျောက်ကွယ်မသွားသေးပေ။ ချီကျိကျဲက ကျောက်ထုန်ကျဆုံးသွားမှန်းသိသော်လည်း အခွင့်ကောင်းမယူရဲသေးပါချေ။ သူကမြှားများကိုသာ ပစ်ခိုင်းထားလေသည်။ အရှုပ်အထွေးများကြားတွင် ရွှယ်စစ်တပ်မှတစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်ကို ကြားလိုက်ရသည်။


ချီကျိကျဲက တစ်ယောက်ယောက်ကိုပို့လိုက်ပြီး သွားနားထောင်ခိုင်းလိုက်လေရာ ထိုလူက ရွှယ်စစ်တပ်၏စစ်သေနာပတိ မြှားမှန်သွားကြောင်းပြောပြလာသည်။


ချီကျိကျဲက မှန်ပြောင်းယူ၍ လှမ်းကြည့်လေသည်။ မြူတို့ဝေနေသေးသော်လည်းပဲ ရွှယ်စစ်တပ်တစ်ခုလုံး ပရမ်းပတာဖြစ်နေလျက် ထွက်ပြေးနေကြကြောင်းတွေ့လိုက်ရသည်။


ထိုအချိန်တွင် ဖုန့်စစ်တပ်က လုံးဝစိတ်လျော့လိုက်ပြီး ရွက်ကိုလွှင့်၍ မင်မြစ်၏ မြောက်ဘက်ကမ်းသို့ သွားလေတော့သည်။


အမှန်တကယ်တွင် ထန့်ယွင်က မြှားမှန်ခြင်းမရှိလေပဲ ဟန်ဆောင်နေခြင်းသာဖြစ်သည်။ ရန်သူ့စစ်တပ်မှလူများထွက်လာကြောင်းတွေ့ချိန်တွင် သူ၏ငယ်သားများကို ပြေးရုံသာပြေးခိုင်းပြီး ပြန်မတိုက်ခိုက်ခိုင်းပေ။ သူတို့အားလုံး မြေတွင်းပိုင်းသို့ပြေးကြကာ မြောက်ဘက်ကမ်းပေါ်သို့ ငါးကြီးကြီးတစ်ကောင်ကိုဖမ်းမိသွားကြသည်။


မြောက်ဘက်ကမ်းပေါ်တွင် ရွှယ်စစ်တပ်က တစ်ကွဲတစ်ပြားပြေးကြပြီး အနောက်ဘက်သို့ဦးတည်၍ပြေးကြသည်။


ရွှယ်ကျိကျဲက ရှုံးနိမ့်သွားသောတပ်သားများကို လိုက်ဖမ်းလေပြီး ရုတ်တရက်ဗုံသံများကြားလိုက်ရပြီး အနောက်ဘက်မှ စစ်တပ်တစ်ခုပြေးထွက်လာကြောင်းတွေ့လိုက်ရသည်။ အနည်းဆုံး နှစ်ထောင်သုံးထောင်မျှရှိသော တပ်သားများနှင့် မြင်းများဖြစ်ကြပေသည်။ ဖုန့်စစ်တပ်က သင်္ဘောများပေါ်မှဆင်းလာကာစဖြစ်ပြီး သူတို့တွငိမြင်းများမရှိကြပေ။ သူတို့အားလုံး ချက်ချင်းပြန်ဆုတ်၍ လှည့်ပြေးကြလေသည်။


ထိုအချိန်မှသာ ချီကျိကျဲက ခြုံခိုတိုက်ခိုက်ခံရကြောင်း သိသွားလေပြီး လက်ရွေးစင်သံချပ်ကာတပ်သားများနှင့်ထွက်ပြေးလေသည်။ သူလှေပေါ်ရောက်သည်နှင့် အခြားသောလှေများက မီးလောင်တိုက်သွင်းခံလိုကိရကြောင်းတွေ့လိုက်ရသည်။ ကျောက်ထုံက ရေအောက်တွင်အသက်အောင့်ရင်း ဖုန့်စစ်တပ်၏လှေများဆီခိုးဝင်ကာ မီးလောင်တိုက်သွင်းနေကြောင်း ထိုအခါမှသိလိုက်ရတော့သည်။


မြစ်ကိုဖြတ်ကူးရန်လှေမရှိတော့၍ ဖုန့်စစ်တပ်က အရှေ့ဘက်သို့ပြေးကြလေသည်။


ထန့်ရှင်းဦးဆောင်သော တပ်သားငါးထောင်ပါဝင်သည့် ကျန့်အန်းစစ်တပ်က ခြုံခိုတိုက်ခိုက်ရန်စောင့်ဆိုင်းနေလေပြီး သူတို့က ဖုန့်စစ်သားများထွက်ပြေးသည့်အချိန်ကိုစောင့်နေလေသည်။ ဖုန့်တပ်သားများက ခြုံခိုတိုက်ခိုက်ခံလိုက်ရသည်နှင့် အရှေ့ဘက်သို့ထွက်ပြေးကြသည်။


နောက်ဆုံးတွင် ချီကျိကျဲမှာ ထန့်ရှင်း၏ ပတ်ပတ်လည်ပိတ်ဆို့တိုက်ခိုက်မှုကို မြင်းတပ်သားအယောက်သုံးဆယ်နှင့်အတူ ဖောက်ထွက်ပြီး အရှေ့ဘက်သို့သွားလေသည်။ မင်မြစ်က ပိတ်ဆို့ထားလေ၍သူတို့အားလုံး ဖုန့်တိုင်းပြည်ကို ပြန်၍မရပေ။ အဆုံးတွင် သူတို့က ရေတိမ်ရာနေရာသို့ရောက်ချိန်တွင် ဟယ့်ညီနောင်သုံးဦး ဦးဆောင်လေသောထူးဆန်းသည့် တပ်သားများဖြင့် အဝိုင်းခံလိုက်ရတော့သည်။ တပ်သားအယောက်သုံးက အယောက်သုံးထောင်ကိုမည်ကဲ့သို့ ယှဉ်နိုင်အံ့နည်း။ နောက်ဆုံးတွင်ဟယ့်ညီနောင်များက ချီကျိကျဲကို အားစိုက်ထုတ်မှုမရှိဘဲအေးအေးဆေးဆေးဖြင့် အသက်ရှင်လျက် ဖမ်းဆီးလိုက်နိုင်သွားသည်။ 


ထန့်ယွင်က တပ်သားများကိုဦးဆောင်ရင်း ရွှယ်ကျွင်းလျန်နှင့်ပြန်လည်ပေါင်းစီးကာ အကျဉ်းသားများကိုဖမ်းဆီးချုပ်နှောင်ရင်း စခန်းသို့ပြန်ရောက်လာလေသည်။ ချီကျိကျဲကိုစစ်ဆေးမေးမြန်းခါနီးတွင် ကျောက်ထုံသတင်းပေးလာသည်ကိုကြားလိုက်ရသည်။


"စစ်သူကြီး... ရှေ့ပြေးတပ်သားတွေက မင်မြစ်ကိုဖြတ်ပြီးဖုန့်တိုင်းပြည်နယ်နိမိတ်ထဲ ပြေးဝင်သွားသူတွေရှိတယ်လို့ သတင်းပို့လာပါတယ်...."


ထန့်ယွင်အံ့ဩသွားပြီးမေးလိုက်သည်။

"အဲ့လူတွေကဘယ်ကရောက်လာတာလဲ...."


ကျောက်ထုံကပြောသည်။

"ဖုန့်တိုင်းပြည်က စစ်သားတွေ မြင်းတွေနဲ့တော့မတူပါဘူး... တင်ပြချက်အရ အဲ့လူတွေက နယ်စားမင်းကျန့်ကျန်းရဲ့လူတွေလို့ပြောပါတယ်..."


ရွှယ်ကျွင်းလျန်ကပြောသည်။

"ရွှယ်ယွီရဲ့စစ်တပ်ထဲ လူဘယ်နှယောက်ရှိလဲ...."


ကျောက်ထုန်ကပြန်ဖြေသည်။


"လူနည်းပါတယ်... ဒါပေမဲ့ မြူတွေအတော်လေးထူနေတာကြောင့် သေသေချာချာမမြင်ရဘူးဖြစ်နေတယ်... အများဆုံးခုနစ်ထောင်ကနေ ရှစ်ထောင်အထိရှိပါတယ်...."


ထန့်ယွင်ကပြောသည်။


"အရှင်မင်းကြီး...အချိန်ဖြုန်းလို့မဖြစ်ပါဘူး... ဒီငယ်သားက မြို့စားမင်းကျန့်ကျန်းကို ကူညီဖို့လူလွှတ်ပေးဖို့တောင်းဆိုပါရစေ...."


ရွှယ်ကျွင်းလျန်ကပြောသည်။


"အလျှင်မလိုပါနဲ့... ရွှယ်ယွီကအကျိုးဆက်တွေကိုမစဉ်းစားပဲ လုပ်လေ့ရှိတယ်ဆိုပေမဲ့ လူတွေအများကြီး မင်မြစ်ကိုဖြတ်နေတယ်ဆိုမှတော့ ဒါလန့်ကျင်းရဲ့ အကြံပဲဖြစ်လိမ့်မယ်.... လန့်ကျင်းရှိနေမှတော့ ဒါက ပြီးပြည့်စုံတဲ့အကြံအစဉ်တစ်ခုပဲဖြစ်ပါလိမ့်မယ်...."


သူဆက်ပြောလိုက်သည်။


"ကျောက်ထုံ... အယောက်ငါးထောင်စီပါတဲ့ တပ်ခွဲသုံးခုကို လမ်းကြောင်းသုံးခုကနေခွဲပြီးသွားပြီး မြို့တော်ကို ဝန်းရံလိုက်ဖို့အမိန့်ပေးလိုက်... ပြီးတော့ လူအချို့လွှတ်ပြီး ကျောက်လုကိုမြစ်ရှုခင်းတောင်ကို စောင့်ကြည့်ထားဖို့ပြောလိုက်... အဲ့နေရာက အချက်အချာနေရာဖြစ်လာလိမ့်မယ်... ထွက်ပြေးချင်တဲ့ဘယ်သူမဆို အဲ့လမ်းကနေဖြတ်သွားမှရလိမ့်မယ်...."


xxxxxx