အပိုင်း ၁၄၄
Viewers 17k

Chapter 144


ရွှယ်စစ်တပ်က မင်မြစ်ကိုဖြတ်ပြီးနောက်တွင် အတော်လေးအရှိန်ရနေလေပြီ။ မင်မြစ်က ဖုန့်တိုင်းပြည်၏ အသက်ကယ်အဆောင်ဖြစ်လေသည်။ မင်မြစ်အလွန်တွင် ခုခံရန်နေရာများရှိသေးသော်လည်း အဓိကဖြစ်သည့်မင်မြစ်ကျဆုံးသွားပြီဖြစ်၍ ဖုန့်တပ်သားများ၏တိုက်ခိုက်ချင်စိတ်တို့ လျော့ကျလာသည်။ တစ်လ်တွင်းတွင် မြို့ပေါင်းသုံးဆယ်ကမတိုက်ခိုက်တော့ပဲ လက်နက်သာချလိုက်တော့သည်။


ထန့်ယွင်က တပ်သားတစ်သောင်းခွဲပါသော တပ်ခွဲကိုဦးဆောင်ပြီး ကျောက်ထုံကလည်း တပ်သားတစ်သောင်းခွဲ၊ ရွှယ်ကျွင်းလျန်ကိုယ်တိုင်ကတပ်သားနှစ်သောင်းနှင့် ရွှယ်ယွီက တပ်သားတစ်သောင်းဖြင့် အကုန်လုံးက ဖုန့်တိုင်းပြည်၏ မင်းနေပြည်တော်ကို လူသူလက်နက်အပြည့်အစုံဖြင့် တစ်ဆင့်ပြီးတစ်ဆင့်ဝန်းရံလိုက်လေသည်။


_ _ _


လုရှစ်ချန် အရေးနိမ့်သွားသည့်နောက်တွင် တော်ဝင်ခုံရုံးသို့ပြန်ရောက်လာခဲ့သည်။ မူလက ဖုန့်စစ်တပ်က လုရှစ်ချန်ကို ထပ်မသုံးချင်တော့သော်လည်း မင်မြစ်ကျဆုံးပြီးနောက်တွင် လူတိုင်းအထိတ်တလန့်ဖြစ်ကာ လက်နက်ချရန်ပို၍ပို၍ပြင်ဆင်လာကြသည်။ ယင်းအစား လုရှစ်ချန်က စစ်ပွဲ၏အဓိကလူသားတစ်ယောက်ဖြစ်လာခဲ့သည်။


တော်ဝင်ခုံရုံးတွင် လက်နက်ချချင်သောလူအနည်းငယ်ရှိလာခဲ့သည်။ ထိုကဲ့သို့လူများကို ဖုန့်မင်က သတ်ဖြတ်ပစ်လိုက်သဖြင့် မည်သူမှလက်နက်ချရန်မပြောရဲတော့ပေ။ ဖုန့်စစ်တပ်မှာ အရှိန်အဟုန်ဆုံးရှုံးသွားပြီဖြစ်သည်။ မည်သူမှထုတ်မပြောရဲလျှင်တောင် သူတို့၏လူများနှင့် ပိုင်ဆိုင်မှုများကို အခြားတစ်နေရာသို့လျှို့ဝှက်စွာပို့ထားကြလေပြီဖြစ်သည်။


ရွှယ်ကျွင်းလျန်က ရှုံးနိမ့်သွားသည့်လူများကို အထင်သေးပါသော်လည်း ရန်သူကလက်ခုပ်ထဲတွင်ရောက်နေပြီဖြစ်၍ စိတ်ရှည်ရှည်ထားကာ ဝိုင်နှင့် အစားအသောက်ကောင်းကောင်းဖြင့် အပန်းပြေကြည့်ရုံသာတတ်နိုင်လေသည်။


ထိုအချိန်တွင် ရွှယ်ကျွင်းလျန်၏ ဂုဏ်သတင်းက ဖုန့်ညီလာခံတွင်ပျံ့နေလေပြီ။ ဧကရာဇ်ရွှယ်က ကိုယ်ကျင့်တရားနှင့်ပြည့်စုံပြီး စိတ်သဘောထားပြည့်ဝသည်ဟူ၍ လူပြောများလာသည်နှင့်အမျှ လူအများစုက ကံကြမ္မာပေါ်အကုန်ပုံအပ်၍ လက်နက်ချလိုက်လေတော့သည်။ နောက်တစ်လအတွင်းတွင် ရွှယ်စစ်တပ်က မည်သည့်တိုက်ပွဲကိုမှ မရှုံးလေတော့ပဲ တော်ဝင်မြို့တော်ကိုပါ တိုက်ရိုက် တက်သိမ်းလိုက်တော့သည်။


ရွှယ်ကျွင်းလျန်က တော်ဝင်မြို့တော်ကိုဝန်းရံကာ လူကိုယ်တိုင်မြင်းစီးရင်း တိုက်ပွဲထဲဝင်ရောက်လေသည်။ ဖုန့်တပ်သားများက ရွှယ်ကျွင်းလျန်ရှေ့တန်းတွင်ရောက်နေပြီဟုကြား၍ မြှားဖြင့်ပစ်ခတ်ရန် လေးသည်တော်များကို စေလွှတ်လေသည်။ သို့သော် ရွှယ်ကျွင်းလျန်ကို ထန့်ယွင်၊ ထန့်ရှင်း၊ ဟယ့်ညီနောင်သုံးဦးနှင့် ကျောက်ထုန်တို့က ဝန်းရံကာကွယ်ပေးထားသဖြင့် မည်သို့ထိမှန်တော့မည်နည်း။ ရွှယ်ကျွင်းလျန်က မြို့ထဲတွင်တစ်နေ့လုံးတစ်ညလုံးနေနေသော်လည်း ထိခိုက်မှုလုံးဝမရှိပေ။


လုရှစ်ချန်က ဖုန့်မင်းကို မြို့တော်မှစွန့်ခွာပြီး မြောက်ဘက်သို့ဆုတ်ရန်ပြောသော်လည်း ဖုန့်မင်ကငြင်းပယ်ပြီး သူသေသည်အထိ တိုက်ခိုကိမညိဟု ပြောလေသည်။


လုရှစ်ချန်က ဒူးထောက်ချကာ ခယဝပ်တွားလေရင်း ပြောသည်။


"အရှင်မင်းကြီး မမြင်ပါဘူးလား... အရှင်သာမသွားရင် အရှင့်ရဲ့အမှုထမ်းတွေက အရှင့်ကိုဖမ်းဆီးပြီး ဓားစာခံအဖြစ်ပို့လွှတ်ရင်း လက်နက်ချသွားလိမ့်မယ်...."


ဖုန့်မင်ကဘာမှမပြော၍ လုရှစ်ချန်ကဆက်ပြောလိုက်သည်။


"ဒီငယ်သားက သေရမှာကြောက်ပါတယ်... ဒါပေမဲ့ အရှင်မင်းကြီးကိုယ့်လူတွေရဲ့လက်ထဲမှာ နတ်ရွာစံတော်မူမှာကို ပိုကြောက်မိပါတယ်...."


ထိုစကားလုံးများကြောင့် ဖုန့်မင်လှုပ်ရှားသွားရသည်။ သူတစ်စုံတစ်ခုကိုတွေးမိပြီး ခါးသီးစွာပြုံးလိုက်သည်။ သုံးလအတွင်း ဖုန့်တိုင်းပြည်တစ်ခုလုံး ကျရှုံးခါနီးလေပြီ။


လုရှစ်ချန်က ကိုယ်ပိုင်တပ်သားများဖြင့် အဖွဲ့တစ်ဖွဲ့ဖွဲ့ကာ ဖုန့်ဘုရင်ကို မြို့ပြင်သို့ထုတ်သွားရန်စေလွှတ်လေသည်။ ထိုအချိန်တွင် မြို့တော်တစ်ခုလုံး ကျရှုံးခါနီးလေပြီ။ ရွှယ်ကျွင်းလျန်က မီးဖြင့်တိုက်ခိုက်သည့်နည်းကိုသုံးလေသည်။ မြို့တံတိုင်း၏ထောင့်တိုင်းတွင် မီးတို့ရှို့စေလေပြီး စစ်သားနှင့် အရပ်သားများကို ဟိုဟိုသည်သည်ထွက်ပြေးစေလေသည်။


လုရှစ်ချန်က ထိုအခွင့်အရေးကိုယူပြီး ဖုန့်မင်၏နဂါးဝတ်ရုံကိုဆင်မြန်းကာ တောင်ဘက်ဂိတ်သို့ပြေးလေသည်။ တပ်သားများက ဖုန့်ဘုရင်ဟုအော်ဟစ်လေပြီး လိုက်ဖမ်းလေသောအခါတွင် ဖုန့်မင်ကမူ သူ၏ကိုယ်ပိုင်တပ်သားများဖြင့် မြောက်ဘက်ဂိတ်သို့ပြေးလေပြီး မင်မြစ်အောက်ဘက်သို့ခရီးဆန့်လေသည်။


ရွှယ်ကျွင်းလျန်က ထိုထောင်ချောက်ထဲမကျပေ။ မက်မွန်ပွင့်ရေကန်နားတွင် ခြုံခိုတိုက်ရန် တပ်ခွဲတစ်ခုချထားပြီးဖြစ်သည်။ ဖုန့်မင်၏ ကိုယ်ပိုင်တပ်သားများက သူ့ကိုလမ်းတစ်လျောက်တွင် ကာကွယ်ပေးသွားကြသည်။ မက်မွန်ပွင့်ရေကန်အနီးရှိ အနေအထားက လှေဖြငိ့သွားလာရန်မကောင်းမွန်၍ ဖုန့်တပ်သားများထပ်မံစိတ်ဓာတ်ကျရပြန်သည်။ အဆုံးတွင် သက်တော်စောင့် အယောက်နှစ်ဆယ်မျှကျန်လေပြီး ဆယ်မိုင်ပတ်လည်အတွင်း မရေမတွက်နိုင်သော ခြုံခိုတိုက်ခိုက်မှုများကြုံရလေသည်။


ဖုန့်မင်က မြို့တော်တွင်သာသေမည်ဖြစ်ကြောင်း ကြေငြာခဲ့သော်လည်း နောက်ဆုံးအနေဖြင့် လုရှစ်ချန်နှင့် သက်တော်စောင့်အချို့သာ သူ့ဘက်တွက် ကျန်ခဲ့မည်ဟုမထင်ခဲ့ချေ။ 


ဖုန့်မင်နှင့် သူ၏သက်တော်စောင့်များက လူခွဲသွားကြသည်။ ရှေ့သို့ဆက်သွားရင်း မင်မွန်ပွင့်များပွင့်နေသည်ကို မြင်ရလေသည်။ သူမက်မွန်ပွင့်ရေကန်သို့ရောက်ခဲ့ဖူးသည်။ ဖုန့်မင်သာမကသူ၏ မြင်းသာပင်ပန်းနေလေ၍ မြင်းက ဖုန့မင်ကိုခါချကာထွက်ပြေးလေသည်။


ဖုန့်မင်မြေပြင်ပေါ်မှကုန်းထကာ မက်မွန်ပွင့်ရေကန်ကို ငေးကြည့်လေသည်။ သူကျောက်လုကို ပထမဆုံးအကြိမ်တွေ့စဉ်က ဤနေရာတွင်သာဖြစ်သည်။ ထိုအချိန်က သူကအလွန်ငယ်နေသေးပြီး အရပ်လည်းအရမ်းမရှည်သေးပါချေ။ သူ့ကိုရန်သူများလိုက်ဖမ်းစဉ်က မက်မွန်ပွင့်ရေကန်နံဘေးက ကျူပင်များကြားတွင်ပုန်းခဲ့ရသည်။ ကျူမြင်ပင်များက နေ့အချိန်တွင် နေရောင်ခြည်နှင့်ထိတွေ့မိ၍ အဆိပ်များကိုထုတ်လွှတ်ကာ ဖုန့်မင်လည်းအဆိပ်မိပြီး ရေကန်ထဲတွင် မေ့မျောသွားခဲ့သည်။


သူ့ကိုကျောက်လု၏မိဘများက ကယ်တင်ခဲ့ပြီး သူလညိးကျောက်လုနှငိ့ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ရသည်။


ဖုန့်မင်၏ လည်ချောင်းက အနည်းငယ်ခြောက်သွေ့လည်။ သူကိုယ်သူမမြင်နေရ၍ ငိုနေမိလား ရယ်နေမိလားပင်မသိတော့ပေ။ သူ့ကိုယ်သူ အင်အားကြီးတိုငိးပြည်မှ ဘုရင်တစ်ပါးဟုခံယူထားသော်လည်း သူကရွှယ်ကျွင်းလျန်၏တစ်ဝက်မျှပင်ကောင်းမွန်ခြင်းမရှိပေ။

144.2


ဖုန့်မင် ရေကန်ထဲတစ်လှမ်းချင်းလျှောက်လှမ်းလိုက်သည်။ ယခုအချိန်တွင် ကျူမြက်များက သူ့ရင်ဘတ်လောက်ပင်မရှိတော့ပေ။ သူလက်ဆနိ့ထုတ်ကာ ကျူမြကိများကိုထိလိုက်သည်။ သူ၏ခန္ဓာကိုယ်ကိုငုံ့ကိုင်းကာ အပင်များကြားထဲတွင်ထိုင်ချလိုက်သည်။ 


ကျောက်လုက သူ၏ငယ်သားများထံမှ ဖုန့်ဘုရင်မက်မွန်ပွင့်ရေကန်ဘက်ကိုပြေးထွက်လာကြောင်း သိလိုက်ရသည်။ ကျောက်လူက သူနှင့် ဖုန့်မင်တို့ဓားချင်းယှဉ်ခုတ်ရမည့် တစ်နေ့ရောက်လာမည်ဖြစ်ကြောင်း သိပါသည်။ သူ မြစ်ရှုခင်းတောင်ကိုစောင့်နေရသည်မှာလည်းဖုန့်မင်၏နောက်ဆုံးသော ကံကြမ္မာကို မြင်ရသည့်လူဖြစ်ချင်ခဲ့၍ဖြစ်သည်။ သူထိုလူကိုလွှတ်ပေးနိုင်ပါ့မလား မသိတော့ချေ။


သို့သော် သူမထင်မှတ်ထားမိသည်မှာ သူ၏တပ်သားများဖြင့် မက်မွန်ပွင့်ရေကန်သို့ပြေးထွက်သွားပြီး ဖုန့်မင်နှင့် ဓားချင်းယှဉ်ရန်ပြင်ထားချိန်တွင် ဖုန့်မင်က မက်မွန်ပွင့်ရေကန်ထဲရှိ ကျူမြက်များကြားတွင် မေ့မျောနေမည့်မြင်ကွင်းကိုတွေ့လိုက်ရမည်ကိုပင်


....


 ​ကျောက်ထုံက ​တောင်ပိုင်းသို့ ထွက်​ပြေး​နေသည့် ဖုန့်ဘုရင် ကို လိုက်လံဖမ်းဆီးရန် အမိန့်​ပေးခံရသည်။ သူ မီသည့်အချိန်မှ သိလိုက်ရသည်မှာ ထိုလူက လုရှစ်ချန်ဖြစ်နေကြောင်းကိုပင်။


 ​ကျောက်ထုန်က လုရှစ်ချန်ကို ဝန်းရံလိုက်ဖို့ တပ်သား​တွေကို အမိန့်​ပေးလိုက်သည်။ သူပြုံးလိုက်ပြီးပြောသည်။


"ဧကရဇ်ရွှယ် ဆီက​နေ ဒီလို လှည့်ကွက်​လေး​လောက်ကို ဖုန်းကွယ်ထားနိုင်မယ်များ မင်းထင်​နေလား.... ဒီအချိန်​လောက်ဆို ဖုန့်မင်က အဖမ်းခံ​နေရ​လောက်ပြီ...."


လုရှစ်ချန်က ဒီအတိုင်း လွယ်လွယ်နှင့် အညံ့မခံချေ။ သူ့၏ ရည်ရွယ်ချက်က​ ဖုန့်မင် ထွက်​ပြေးနိုင်ဖို့ အချိန်ဆွဲ​ပေးရန်သာ ဖြစ်သည်။ ထို့ကြောင့် သူ့ကိုဖမ်းထားသည်ကို တတ်နိုင်သမျှ အချိန်ယူနိုင်​ရန် ကြိုးစားရမည်။


​ကျောက်ထုန်က သူ့စိတ်ကူးကို ချက်ချင်းရိပ်မိပြီး​ ​ပြောလိုက်သည်။


" ငါတို့ ​နောက်ဆုံးတစ်​ခေါက်​တွေ့တုန်းက ငါ မင်းကို ​ပြောခဲ့တာကို မှတ်မိလား... ငါ့အ​ပေါ် မင်း​ကျေးဇူး ရှိတယ်... ဧကရာဇ်ရွှယ်ကလည်း မင်းကို ​လေးစားတယ်.... တကယ်လို့ မင်းသာ အညံ့ခံမယ်ဆိုရင် ဧကရာဇ်ရွှယ်ဆီ မင်းအတွက် ငါ အသနားခံ​ပေးမယ်.... မင်း ​သေစရာ မလိုတဲ့ အပြင် ရာထူးပါ တိုးသွားနိုင်တယ်...."


လုရှစ်ချန်က ​လှောင်ပြုံးပြုံးလိုက်ပြီး ပြန်​ပြောလိုက်သည်။


" မင်းက ဘက်​ပြောင်းပြီး အညံ့ခံရင်​ရော ငါလည်း ငါ့ဘုရင်ကို မင်းကိုရာထူးတိုး​ပေးဖို့ ​ပြော​ပေးမယ်...."


ကျောက်ထုန် မျက်နှာ တင်းမာသွားသည်။ 


" စာပေညာရှင် ​တွေက တကယ်​ခေါင်းမာကြတာပဲ ....."


ထို့သို့ပြောပြီး​နောက် သူ့ လက်တစ်​ချက်ရမ်းပြလိုက်ပြီး တပ်သား​များက ​ရှေ့ကိုတစ်ဟုန်ထိုး ​ပြေးလာကြသည်။ လုရှစ်ချန်က စာပေညာရှင်တစ်​ယောက်ဖြစ်သည့်အတွက် ကိုယ်ခံပညာသိုင်း တကွက်မျှ မတတ်ပေ။ ​ကျောက်ထုန် သူ့ကို လွယ်လွယ်​လေး ဖမ်းချုပ်နိုင်ခဲ့သည်။


လုရှစ်ချန်က ပြောသည်။


" မင်း ငါ့အ​ပေါ် တကယ် အ​ကြွေးတင်​နေတယ်လို့ ခံစားရရင် ငါ့ကို ​ပျော်​ပျော်​သေခွင့်​ပေးလိုက်,..."


​ကျောက်ထုန် တစ်ခဏ ငြိမ်သွားသည်။ 

" ငါ မင်းကို မသတ်ချင်ပါဘူး...."


ထို့နောက် လုရှစ်ချန်ကို ပြန်​ခေါ်သွားဖုန့် တပ်သားများကို အမိန့်​ပေးလိုက်သည်။


ရွှယ်ကျွင်းလျန်က ဖုန့်နိုင်ငံကို သိမ်းပိုက်ပြီး ဖုန့်မင်ကို ဖမ်းဆီးနိုင်ခဲ့သည်။ ဖုန့်နိုင်ငံ တစ်ခုလုံးတွင်သူ့ကို တိုက်နိုင်တဲ့သူ မရှိ​တော့ချေ။ လဝက်​လောက်ကြာချိန်တွင် သူ့စစ်တပ်နှင့်အတူ ရွယ်နိုင်ငံသို့ ပြန်ရန် အဆင်သင့်ဖြစ်​နေလေပြီ။


ရွှယ် မြို့​တော်ကို ပြန်ခြင်းက ကောင်းသည့် ကိစ္စဖြစ်​သော်ငြား စစ်သုံ့ပန်း​များနှင့် ဖုန့်နိုင်ငံကို ဘယ်လိုစီစဥ်ရမလဲ ​ဆွေး​နွေးရန် လို​သေးသည်။


ဖုန့်နိုင်ငံတွင် တပ်သား ဆယ်သိန်း​ကျော်ရှိသည်။ ဤတပ်သား​များ အားလုံး စစ်သုံ့ပန်း​တွေ ဖြစ်သွားကြသည်။ ပုံမှန်အားဖြင့် စစ်သုံ့ပန်း​များ အတွက် အစီအမံ ၂မျိုး ရှိသည်။ ပထမနည်းက သူတို့ကို သတ်ခြင်းဖြစ်ပြီး ဒုတိယနည်းက​တော့ သူတို့ကို 

မိမိစစ်တပ်ထဲ ထည့်သွင်းလိုက်ခြင်းဖြစ်သည်။


စစ်သုံ့ပန်း​များကို သတ်လိုက်ခြင်းက အရိုးရှင်းဆုံး နည်းလမ်းပင်။စစ်သုံ့ပန်း​များ စားရန် ​​သောက်ရန် ရိက္ခာလိုအပ်၍ သူတို့အတွက် ရိက္ခာ ကုန်သည်။ ထို့အပြင် အခန့်မသင့်ပါက ပြန်​တော်လှန်လာမည်ကိုလည်း စိုးရိမ်ရသည်။ သို့သော် သုံ့ပန်းအ​ရေအတွက်က အလွန်အမင်း များပြားနေသည်။ သူတို့အကုန်လုံးကို မဆင်မခြင်သတ်လိုက်ပါက လူထု အမျက်တော်ရှသွားနိုင်သည်။ ထို့အပြင် လူထုကြား၌ အင်ပါယာရွှယ် နာမည်ဆိုးတွင်သွားနိုင်သည်။ 


" အရှင်မင်းကြီး... အခုချိန်မှာ အင်ပါယာ ခိုင်မာ​တောင့်တင်းဖို့လိုနေပါတယ်... ဒါ​ကြောင့်မလို့ သုံ့ပန်း​တွေကို​တော့ သတ်ရမှာပါပဲ... ဒါ​ပေမဲ့  အ​ကြောင်းပြချက်မရှိဘဲ သတ်ရင် ဖုန့်နိုင်ငံလူ​တွေ ပြန်ခုခံလာနိုင်ပါတယ်... အဲဒီအချိန် ပြန်ဖိနှိမ့်စရာ လိုအပ်လိမ့်မယိ...အဲဒီအတွက် လူအင်အား ​ငွေအင်အား ကုန်ပါလိမ့်မယ်... ဒါ​ပေမဲ့ ညင်သာတဲ့ နည်းလမ်း​တွေကို အသုံးပြုမယ်ဆိုရင် လူထုကလည်း အ​ကြောက်တရားရှိပြီး ​တော်လှန်ဖို့ ခက်ခဲပါလိမ့်မယ်..."


ထန်းယွင်ပြောလိုက်သည်။


ထိုအခါ လန့်ကျင်းက ပြောသည်။


" နယ်စားမင်းထန့်နန် ​ပြောတာ အကျိုးအ​ကြောင့် သင့်ပါတယ်... အခုအချိန်မှာ ရွှယ်နိုင်ငံပြန်ဖို့ အ​ရေးကြီးနေတယ်... တော်ဝင် မြို့​တော်က ထွက်လာတာ ကြာနေပြီ... ပြန်သွားပြီး အ​ရေးကိစ္စ​တွေကို ကိုယ်တိုင် ကိုင်တွယ်​ဖြေရှင်းဖို့ လိုအပ်တယ်.... ​နောက်ပြီး ဖုန့်နိုင်ငံ ပိုင်နက်ကို ​စောင့်​ရှောက်ဖို့အတွက် တပ်ဖွဲ့​တွေ စီစဥ်ရမယ်... ဖုန့်နိုင်ငံလူထုကို နှစ်သိမ့်​ပေးပြီး ဖုန့်ဘုရင်တပ် အကြွင်းအကျန်​တွေကို ဖိနှိမ့်ဖို့လိုမယ်...."


ရွှယ်ကျွင်းလျန် ​ခေါင်းငြိမ့်လိုက်သည်။ 

" အဲဒါဆို မင်းအမြင်မှာ ဘယ်သူက ဖုန့်နိုင်ငံမှာ ​နေရစ်ဖို့ သင့်​တော်မလဲ...."


သူ​ပြောပြီးချက်ချင်း အားလုံးငြိမ်သွားကြသည်။အားလုံး ဖုန့်နိုင်ငံတွင် နေရန်အသင့်​တော်ဆုံး လူကို စဥ်းစား​နေကြသည်။ ကျန်ရစ်ပြီး ဖုန့်နိုင်ငံကို ​စောင့်မည့်သူက ဧကရာဇ်အတွက် ဘုရင်ကိုယ်စားလှယ် ဖြစ်လာမည်ဖြစ်သည်။ အားလုံးက သင့်​တော်မည့်သူကို  အကြုံမပြုနိုင်ပုံ​ပေါက်​နေ၍ ရွှယ်ကျွင်းလျန်က ​ပြောလိုက်သည်။


" ဖုန့်နိုင်ငံထဲ အရင်ဦးဆုံး စဝင်တဲ့ တပ်ဖွဲ့ကိုဦး​ဆောင်သူကိုပဲ ဖုန့်နိုင်ငံကို ​စောင့်ခိုင်းလိုက်​တော့မယ်...."


သူ​ပြောပြီးသွားသည်နှင့် ချက်ချင်း ရွှယ်ယွီ ကမန်းကတန်း​ခေါင်း​မော့လိုက်သည်။ သူ့မျက်နှာက အရမ်းအံအားသင့်သွားပုံပင်။


ရွှယ်ကျွင်းလျန်လည်း ရွှယ်ယွီကို ပြန်ကြည့်ပြီး ပြုံးပြလိုက်သည်။ 


" ဘာလို့လဲ....မင်းက မလုပ်ချင်ဘူးလား....ပြီးတော့ ဖုန့်နိုင်ငံက စစ်ဖြစ်ပြီးခါစ ပြန်လည်ထူ​ထောင်ဖို့ လိုအပ်တယ်လေ... ဒါက ကိစ္စ​သေး​သေး​လေး မဟုတ်ဘူးမလား...."


ရွှယ်ယွီ လက်သီးဆုပ်ပြီး အရိုအ​သေပြုလိုက်သည်။ 

" စိတ်မပူပါနဲ့ အရှင်မင်းကြီး...ကျွန်​တော်မျိုး အ​ကောင်းဆုံး ​ဆောင်ရွက်သွားပါ့မယ်...."


ရွှယ်ကျွင်းလျန်က သူ​ဖြေတာ နား​ထောင်ပြီး ထပ်​ပြောသည်။


" တပ်သား​တွေကို ပြန်လည်စီမံရမယ်... တချို့တပ်သား​တွေကို လွှဲ​ပြောင်းရမယ်.... ထန့်ရှင်း က ကျန့်အန်း စစ်တပ်ကို ​ခေါင်း​ဆောင်ပြီး ဖုန့်နိုင်ငံမှာ စတည်းချမယ်.... ပြီး​တော့ ကျန့်ကျန်း အမတ်မင်းကို ကူညီရမယ်...."


​xxxxxxxxx