Chapter 146
ခဏအကြာတွင် ရွှယ်ကျွင်းလျန်က ထန့်ယွင်၏ လက်ချောင်းများကို သူ့ပါးစပ်ကနေ ထုတ်လိုက်သည်။ ထို့နောက် သူ့၏လက်ကို သူ့အပေါက်ဆီ ခေါ်သွားသည်။ ခုဏက ရွှယ်ကျွင်းလျန် လျက်ထား၍ စိုပြီးချောနေသည့် ထန့်ယွင် လက်ချောင်းများက သူ့အနောက်ပေါက်ဆီကို တဖြည်းဖြည်းခေါ်ဆောင်ခံလာပြီး ထိုးသွင်းလိုက်သည်။
အခု သူ့လက်ချောင်းများနှင့် ရွှယ်ကျွင်းလျန် လက်ချောင်းတွေက သူ့၏ကျဥ်းမြောင်းပူနွေးနေသည့် အမြှောင်း ထဲတွင် မြှုပ်နှံနေသည်။ ရွှယ်ကျွင်းလျန် လုပ်လိုက်သည့်အရာကြောင့် ထန့်ယွင် အရမ်းအံ့အသင့်သွားပြီး သူ့လက်ချောင်းများကို ပြန်ထုတ်ရန် ကြိုးစားသည်။ သို့သော်သူ့ အနောက်ပေါက်က အလွန်ကျဥ်းနေသည်။ ရွှယ်ကျွင်းလျန်က သူထုတ်ရန် လုပ်နေမှန်းသိသွားချိန်တွင် သူ့လက်ချောင်းများနှင့် ထန့်ယွင်လက်ချောင်းများကို ဖိလိုက်ပြီး နှစ်ခုစလုံးကို သူ့အပေါက်ထဲ လှည့်ပစ်လိုက်သည်။ ထန့်ယွင် သူ့ကိုယ်သူ မထိန်းနိုင်ဘဲ ညည်းတွားမိသွားသည်။
" အာ့....."
နောက်တနေ့ ထန့်ယွင် အိပ်ရာစောစောနိုးသည်။ သူ့ခေါင်းလှည့်လိုက်ချိန်တွင် သူ့ဘေးမှာ ရွှယ်ကျွင်းလျန် အိပ်နေတာကို တွေ့လိုက်ရသည်။ မျက်လုံးမှိတ်ထားပြီး လက်တစ်ဖက် က သူ့ခါးကို ဖက်ထားလျက်ပင်။
ထန့်ယွင် သူ့ဘေးရှိနေသည့် ယောကျ်ားကို အချိန်အကြာကြီးစိုက်ကြည့်မိသည်။ ရုတ်တရက် ဒီအဖြစ်အပျက်အားလုံးက ရယ်စရာကောင်းသည်ဟုခံစားမိသည်။ တနေ့မှာ ဧကရာဇ်ရွှယ် သူနှင့် ဒီလောက်နီးနီးကပ်ကပ် ရှိနေလိမ့်မည်ဟု သူ တစ်ခါမှ မတွေးဖူးပေ။ လွေ့ရွှယ်ပြောတာကို သတိရမိတော့ သက်ပြင်းချမိသည်။
ဒါက တကယ့်ကို ကံတရားပဲ....
……..
အပြင်မှာ မိုး အသည်းအထန်ရွာနေသည်။ အပြန်ခရီးတလျောက်လုံး ကျောက်လု စိတ်နှင့် ကိုယ်နှင့် မကပ်ပေ။ အင်ပါယာရွှယ်နှင့် တွေ့စဉ်က တပ်ဖွဲ့နောက်ဆုံးမှာနေပြီး ဖုန့်မင်ကို ခေါ်ဆောင်ရန် အမိန့်ပေးခံရသည်။ ဖုန့်မင်က ရထားလုံးထဲမှာ နေပြီး သူက အပြင်မှာ မြင်းစီးပြီး စောင့်ရှောက်တာ ဖြစ်၍ သူ့ကို မမြင်ရချေ။ ဖုန့်မင်နဲ့ မတွေ့အောင် ရှောင်ဖို့ ကြိုးစားသော်လည်း မတွေ့ပြန်တော့ နေရခက်ပြီး မသက်မသာဖြစ်သည်။
မိုးအရမ်းပြင်းလာသည့် အချိန်တွင် ကျောက်လု သတိလွတ်နေသည့်အတွက် မိုးအကာ မဝတ်မိပေ။ သူ့လူ တွေကလည်း သူ မှုန်သုန်နေသည့် အတွက် ဘာမှမပြောရဲကြပေ။ သူ သတိထားမိချိန်တွင် တကိုယ်လုံး မိုးရွှဲနေလေပြီ။
တည်းခိုခန်းအပြင်တွင် ဖုန့်မင်ကို ကုနေသည့် တော်ဝင်သမားတော်က အရင် ရထားလုံးကနေ ထွက်လာ၍ ကျောက်လုလှမ်း မေးလိုက်သည်။
"သူ နိုးပြီလား...."
နန်းတွင်း ဆရာဝန်က ခေါင်းရမ်းပြသည်။
" အသက်အန္တရာယ် မရှိတော့ဘူး ဆိုပေမဲ့ သူ အဆိပ်ငွေ့တွေ အများကြီး ရှူမိသွားတယ်....သူနိုးလာဖို့ အချိန်နည်းနည်း ထပ်စောင့်ရမယ်...."
ကျောက်လု ခေါင်းညိမ့်ပြီး ခန်းဆီးစကို ဆွဲချလိုက်သည်။ ရထားလုံးက အင်ပါယာရွှယ်ဟာလောက် ကြီးကျယ်မခမ်းနားပေ။ ပိုသေးပြီး မခမ်းနားသော်လည်း သက်တောင့်သက်သာဖြစ်ရသည်။ သို့သော် ရထားလုံးတစ်ခုလုံး ဆေးခါးနံ့တွေနှင့်ပြည့်နေသည်။
ကျောက်လုအထဲဝင်ပြီး ဖုန့်မင်ကို အပြင်ထုတ်လာသည်။ ထိုလူက မနိုးသေးပေ။ သူ့မျက်လုံးများက ငြိမ်းငြိမ်းချမ်းချမ်းပိတ်ထားသည်။ နဖူးပေါ်တွင် အကြောင်းတွေမရှိ တော့၊ ပါးစပ်မှာလည်း မဲ့ပြုံး မရှိတော့၍ ဤလူက စိတ်အေးသွားသလိုပင်။
ထိုအချိန် ဖုန့်မင်မျက်နှာ မြင်လိုက်ရ၍ ကျောက်လုနှလုံးသားက မထိန်းနိုင်ဘဲ ခုန်လာသည်။ သူ ဖုန့်မင်ကို မက်မွန်ပွင့် ကန်ထဲက ကျူတောထဲမှတွေ့ရသည့် ခံစားချက်ကို မှတ်မိသေးသည်။ ဖုန့်မင်က ကျူတောထဲတွင် သတိမေ့ပြီး လဲကျနေလေသည်။ အဆိပ်ရှိကျူပင်များထံမှ အဆိပ်ငွေ့ကို ရှူမိထားသည်။ ကျောက်လုတကိုယ်လုံး ခေါင်းမှ ခြေအထိ အေးခဲသွားသည်။ သူလပ်တွေတုန်လာပြီး ခြေရွေ့လို့ မရတော့သလို အနားသွားပြီး သေလား ရှင်လား မစမ်းရဲတော့ပေ။
ဖုန့်မင် သေသွားပါက သူဘာဆက်လုပ်ရမှန်း မသိတော့ပေ။ ထိုအချိန်လေးအတွင်း ဖုန့်မင်ကို လက်စားချေရန် အဆုံးစွန်ထိ ပို့မိသည်ကို သူ နောင်တရမိသွားသည်။
သေဖို့အထိ ဆုံးဖြတ်သော်လည်း တခြားသူ လက်ထဲ မသေချင်တဲ့အထိ မာနကြီးသည့်သူ။ ဖုန့်မင်က ထိုသို့လူမျိုးပင်။ သူ့ကို မနှိုးလိုက်သင့်ဘူးဟု ကျောက်လုခံစားရသည်။ အနည်းဆုံးတော့ ၎င်းက ဖုန့်မင်အတွက် သက်သာရာရသွားလိမ့်မည်။ သို့သော် သူကတော့ မဟုတ်ပေ။ ဖုန့်မင်ကို မကယ်နိုင်ဘူးဆိုပါက သူ ရူးသွားနိုင်သည်။
ကျောက်လု ဖုန့်မင်ကို အခန်းထဲခေါ်လာပြီး တော်ဝင်သမားတော်ကို သေချာ ဂရုစိုက်ရန် အမိန့်ပေးလိုက်သည်။ အခန်းကနေ ထွက်သွားပြီး နောက် တည်းခိုခန်း အနောက်ဆောင်တွင် တစ်ယောက်တည်း ရပ်နေမိသည်။ အနောက်ဆောင်သည် လူသူကင်းမဲ့နေသည်။
ပြင်းထန်စွာရွာသွန်းနေသော မိုး မှတပါး အခြားမရှိပေ။
......
အင်ပါယာရွှယ် ရွှယ်အင်ပါယာကို ပြန်ရောက်လာချိန်တွင် အိမ်ရှေ့စံမင်းသားက ပြည်သူနှင့် အမတ်များကို ဦးဆောင်ပြီး မြောက်ဘက်ဂိတ်တွင် ကြိုဆိုရန် စုဝေးခဲ့ကြသည်။အကုန်လုံး ဒူးထောက်ပြီး မြေကြီးပေါ်တွင် ဦးညွတ်အရိုအသေပေးဟန်နှင့် နန်းတော်စောင့် တပ်သားများအလာကို စောင့်နေခဲ့ကြသည်။
ရွှယ်ကျွင်းလျန်၏ လှည်းယာဉ် မြင်ကွင်းထဲ တဖြည်းဖြည်း မြင်လာရချိန်တွင် ကောင်းကင်က ရုတ်တရက် နှင်းများကျလာခဲ့သည် ။ ရုတ်တရက် နှင်းကျလာမှုက ဘေးပတ်ပတ်လည်ကိုပါ ဖြူဖွေးသွားစေပြီး အလွန် မှင်သက်ဖွယ် မြင်ကွင်းဖြစ်ခဲ့သည်။
မတွေ့ရသည့် လအနည်းငယ်အတွင်း ဖွံဖြိုးဆဲဖြစ်သည့် မင်းသားငယ်လေးက ပို၍ အရပ် ရှည်လာခဲ့သည်။ မင်းသားလေးက မိုးပြာရောင် ဘွတ်ဖိနပ်ကို ဝတ်ထားပြီး သွားရန် အဆင်ပြေလောက်ပြီဆိုသည့် အချိန်တွင် သူ့၏ဖခင် ဖြစ်သည့် အရှင်မင်းကြီးကို တွေ့ရန် ပြေးသွားခဲ့သည်။
146.2
ရွှယ်ကျွင်းလျန် က လှည်းယာဉ်ပေါ်ကနေ ဆင်းလာပြီး ထန့်ယွင်ကို ကူညီရန် လက်ကမ်းပေးလိုက်သည်။ သူ့ကို တွေ့လိုက်ရသည့် အကုန်လုံးက နောက်ထပ်တစ်ကြိမ်ဒူး ပြန်ထောက်ပြီးအော်ဟစ်ကြသည်။
“ဧကရာဇ်ရွှယ် အသက်ရာကျော် ရှည်ပါစေ.....နယ်စားမင်းထန့်ယွင် အသက်ရာကျော် ရှည်ပါစေ ...."
ထန့်ယွင် စစ်ပွဲအတွက် ထွက်ရန်ပြင်နေစဉ်က သူ့ကိုမည်သူမှအလေးမထားခဲ့ကြပေ။ သူတို့ အားလုံးက သူ့ကို ကပ်ဖားနေသည့် နယ်စားမင်းတစ်ယောက်၊ ချိနဲ့အားနည်းသည့် မောင်းမအရံတစ်ယောက်ဟုသာထင်မြင်ပြီး မည်သူမှအကောင်းမမြင်ခဲ့ကြပါချေ။ ထင်မှတ်ထားစွာဖြင့် သူကစစ်ပွဲ၌ လှပစွာအနိုင်ရရှိခဲ့ပြီး ဖု့န်နိုင်ငံတော်ကို လအနည်းငယ်အတွင်း ရယူနိုင်ခဲ့သည့်အပြင် ဖု့န်ဘုရင်ကိုပါ အရှင်လတ်လတ် ဖမ်းမိခဲ့သည်။ ထို့ကြောင့် မည်သူကမှ သူ့ကို အထင်မသေးရဲကြတော့ချေ။
ရွှယ်ကျွင်းလျန်က အခြားလှည်း၌ ဖမ်းထားသည့် ဖုန့်မင်ကို အောက်ချရန် အစောင့်တစ်ယောက်ကို အမိန့်ပေးလိုက်သည်။ ထို့နောက် သူ့ကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်ရန်နှင့် သူ့ကို စောင့်ကြပ်နေသည့် အစောင့်တိုင်း မည်သည့်အမှားမှ မလုပ်မိဘဲ မပေါ့ဆကြရန်မှာခဲ့သည်။ ထို့နောက် သူက မင်းသားလေးနဲ့ မှုူးမတ်တွေ ဝန်းရံပြီးတော့ နန်းတော် ကို ပြန်သွားခဲ့သည်။
မင်းသားလေးက အလွန်ငယ်ရွယ်သေးသော်လည်း ရှန်းယီ ပြောသည့်အတိုင်း နန်းတွင်း ပြဿနာများကို တစ်ယောက်တည်း ဦးဆောင်ဖြေရှင်းနိုင်နေလေပြီ။ အမတ်မင်း ဝမ်နျန် နှင့် ထန့်ရှန်း နှစ်ယောက်ကလည်း နန်းမြို့တော်ကြီးကို စောင့်ကြပ်နေတာဖြစ်၍ ဘာပြဿနာမှ မရှိခဲ့ချေ။
ရွှယ်ဖေက နန်းမြို့ အတွင်း၌ ဖြစ်နေသော ကြီးငယ်ကိစ္စမှန် သမျှ သတင်းပို့ပေးနေခဲ့သည်။ ရွှယ်ကျွင်းလျန်က ရွှယ်ဖေ၏လုပ်ရပ်ကို ချီးကျူးပြီး နောက်ဆုံးတွင် အဓိက အချက်ကို စပြောခဲ့သည်။
ရွှယ်ကျွင်းလျန် က ပြောသည်။
“ ဖုန့်နိုင်ငံကို သိမ်းပိုက်နိုင်ပြီး ဖုန့်မင်ကို အရှင် ဖမ်းမိနိုင်တာတွေ အားလုံးဟာ အမတ်မင်း ထန့်နန် ရဲ့ လုပ်ဆောင်ချက် ဖြစ်တယ်... အရင်က အမတ်မင်း ထန့်နန် အမိန့်ကို အမြဲတမ်း မနာခံချင်တဲ့ လူတွေရှိတယ်...အခုရော ယုံကြည်နိုင်ကြပြီလား ...."
ရွှယ်ကျွင်းလျန်က စကားပြောနေရင်း လူထုကို တစ်ချက်ဝှေ့ကြည့်လိုက်သည်။ မည်သူမှ ဘာမှ ပြောမနေတာကို တွေ့ရသည့် အခါမှသာ ကျေနပ်စွာ ပြုံးလိုက်ပြီး စကားဆက်ခဲ့သည်။
“မောင်မင်းတို့ ကိုယ်တော့်ကို ဖုန့်မင် ကို ဘယ်လို လုပ်ရမလဲ အကြံပေးပါဦး...."
ရွှယ်ကျွင်းလျန် စကားဆုံးသည့် အချိန်တွင် ဘေး၌ရပ်နေသော ရွှယ်ဖေကို တွေ့ပြီး ပြောလိုက်သည်။
‘’ ရွှယ်ဖေ.... သားတော်ရဲ့ အမြင်ကို အရင်နားထောင်ရအောင် ..."
ဧကရာဇ် ရွှယ်ဆီက သူ၏အမြင်ကို မေးမည်ဟု ရွှယ်ဖေ မထင်မှတ်ထားခဲ့ချေ။ မည်သို့ပင်ဆိုစေ သူက ကလေးသာ ရှိသေးသည်မဟုတ်ပါလော။ သူက သိပ်မဝေးသည့် နေရာတွင်မတ်တပ်ရပ်နေသော ရှန်ယီကို ကြည့်လိုက်မိသည်။
ရှန်ယီလည်းသူ့ကို ပြန်ကြည့်ပြီး ခေါင်းညိမ့်ပြလိုက်သည်။ ရည်ရွယ်ချက်က သူ့ကို စိတ်မလှုပ်ရှားဖို့နဲ့ စကားပြောသင့် ကြောင်း အချက် ပြလိုက်တာ ဖြစ်သည်။
ရွှယ်ဖေ ကပြောသည်။
“ သားတော်ရဲ့ အထင်ကတော့ ဖုန့်မင်... ကို မသတ်သင့် ဘူးလို့ မြင်ပါတယ်.... အခု လက်ရှိ အခြေအနေမှာ ဖုန့်နိုင်ငံက သိမ်းပိုက်ခံလိုက်ရတဲ့အတွက် ပြည်သူတွေသောကပွေနေရပါတယ်.... အခု လက်ရှိ အမြန်လုပ်ဆောင် သင့်တာကတော့ ပြည်သူတွေကို ဖြောင်းဖျတာပါပဲ...."
ရွှယ်ကျွင်းလျန် က ခေါင်းညိမ့်လိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။
“ ကိုယ်တော်လည်း အဲ့လို တွေးမိပါတယ်... ဒါပေမဲ့ သူ့ကို သတ်လို့ မရဘူးဆိုရင် အရှုံးပေးဖို့ တော့လိုလိမ့်မယ်... သူ အညံ့ခံစေဖို့ ငါကိုယ်တော် ဘယ်သူ့ကို စေလွှတ်သင့်တယ်ထင်လဲ......"
ကျောက်လုနှင့် ဖုန့်မင်၏ အတိတ်က ဆက်ဆံရေးကို တစ်ချို့လူများက ကြားဖူးကြသည်။၊ ကျောက်လုကလည်း ဤတိုက်ပွဲတွင် ဖုန့်မင်ကို ဖမ်းဆီးရာ၌ အင်အားစိုက်ထုတ်ခဲ့သည်။ထို့ကြောင့် လူများက ကျောက်လု ဘက်ကို လှည့်ပြီး စကြသည်။
“ စစ်သူကြီး ကျောက်လုက ဖုန့်နိုင်ငံမှာ တာဝန်ထမ်းဆောင်စဉ်တုန်းက ဖုန့်ဘုရင်နဲ့ တမူထူးခြားတဲ့ ဆက်ဆံရေး ရှိခဲ့တယ် ကြားတယ်.....အရှင်မင်းကြီး စစ်သူကြီး ကျောက်လုကို လွှတ်လိုက်တာ ပိုကောင်းမယ် ထင်ပါတယ် ....ဖုန့်ဘုရင် က အရင်က ရင်းနှီးမှုတွေကို ထောက်ထားပြီး တကယ် အညံ့ခံလိုက်မလားပဲ....."
၎င်းကို ကြားပြီးနောက်တွင် ကျောက်လု ခါးသီးစွာပြုံးလိုက်သည်။ သူ့ကို နန်းတွင်းထဲမှာ အထင်သေးတဲ့လူတွေချည်းပဲ ရှိနေကြောင်းကို သူ သိခဲ့ပြီးသားဖြစ်သည်။ သို့သော် သူ ဘာမှ ပြန်မပြောခဲ့ပေ။
ရွှယ်ကျွင်းလျန် က ခဏတာ တိတ်ဆိတ်သွားသည်။ ကျောက်လု၏ တုံ့ပြန်မှုကို ကြည့်ပြီးနောက်တွင် ထပ်ပြောလိုက်သည်။
“ကျောက်လုက ငါကိုယ်တော်ရဲ့ လူယုံ ဖြစ်တယ်.... သူက ငါကိုယ်တော် အတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ပေးခဲ့ပြီးပြီ .... ငါ ကိုယ်တော် သူ့ကို ထပ်ပြီး မပင်ပန်းစေချင်ဘူး.... ဘယ်သူများ ဖုန့်ဘုရင်ကို အညံ့ခံဖို့ နားချနိင်ဦးမလဲ... ချန်ယီ မင်းက အမြဲတမ်း နည်းလမ်းတွေအများကြီးသုံးနိုင်တယ်လေ.... မင်းဘာလို့ ဒီတာဝန်ကို ယူဖို့ မလုပ်တာလဲ.... “
ချန်ယီက ပြောလာသည်။
“ အထင်လွဲနေရုံပါ အရှင်.... ဒီ ရိုကျိုးတဲ့ ဝန်မင်း က နည်းနည်း ညဏ်ထက်တယ်ဆိုပေမယ့်....ဘုရင်အဆင့်ကိုတော့ မချိုးဖျက်နိုင်ပါဘူး ....ကျွန်တော်အတွက်တော့ ဒီ ပြဿနာကို မဖြေရှင်းနိင်ပါဘူး ......"
“ အိုး ဘာကြောင့်များလဲ.... ဖုန့်မင်က အဲ့လောက်တောင် သိန်းရခက်တဲ့ သားရိုင်းလား.....မင်းတောင် မသွားရဲဘူးဆိုတော့.....“
ချန်ယီက ပြုံးပြီး ပြောလိုက်သည်။
“ အရှင်မင်းကြီးကို ပြန်လည် လျောက်တင်ပါတယ်..... ဖုန့်မင်က ကြောက်စရာ သားရဲ မဟုတ်ပါဘူး..... ရူးသွပ်နေတဲ့ လူတစ်ယောက်ပါ ....ဒီ အဆင့်နိမ့်တဲ့ ကျွန်တော် ကြားရသလောက်တော့ ဖုန့်မင် ရူးသွားခဲ့ပြီဆို တာပါ .... ဒီ အဆင့်နိမ့်တဲ့ ကျွန်တော်ဟာ တော်ပေမယ့် အရူးတစ်ယောက်ကို တော့ စကားမပြောတတ်ပါဘူး....."
ရွှယ်ကျွင်းလျန် ရုတ်တရက် ထ ရယ်လို က်ပြီးတော့ ပြောလိုက်သည်။
“ မှန်တယ်....မှန်တယ် ...."
လူထုက မှန်တယ်ဟု နှစ်ခါပြောလိုက်တဲ့ အဓိပ္ပယ်ကို နားမလည်ခဲ့ပေ။တကယ်တော့ ရွှယ်ကျွင်းလျန်က ဖုန့်မင်၏ နည်းပရိယာယ်ကို ချီးကျူးနေခဲ့တာသာ ဖြစ်သည်။ သူက ဖုန့်မင်၏စရိုက်နှင့် မာနကြီးမှုကို ကြားဖူးခဲ့သည်။ ဖုန့်မင် အတွက် သေဖို့ထက် အညံ့ခံဖို့က ပိုပြီးခက်ခဲ နေလောက်သည်။
ချန်ယီ၏ သတိပေးချက်ကို ကြားပြီးနောက် ရွှယ်ကျွင်းလျန် သတိထားလိုက်မိသည်က ဖုန့်မင်က ရူးယောင်ဆောင်နေသည် ဆိုတာကိုပင်။ တစ်ယောက်က အရမ်းထူးချွန်ထက်နေလျှင် ဘယ်လို အရူးက သူနှင့်ကျိုးကြောင်းဆီလျော်အောင် မည်သို့ပြောနိုင်မည်လဲ။ ဤကဲ့သို့အရူးကို အညံ့ခံအောင် မည်သို့နားချနိုင်ပါမည်လဲ။
xxxxxxx