Chapter 147
ထန့်ယွင်က အစကနေ အဆုံးထိ ဘာစကားမှ ဝင်မပြောခဲ့ပေ။ ရွှယ်ကျွင်းလျန် ကလည်း ထန့်ယွင်ကို ဖုန့်မင်ကို နားချရန်အတွက် မရည်ရွယ်ထားချေ။ ထန့်ယွင်က သစ္စာရှိပြီး ကြင်နာတတ်ကြောင်း သူသိပါသည်။ သူ၏ ကြင်နာတတ်လွန်းသည့် နှလုံးသားကြောင့် ဖုန့်မင်ကို နားချဖို့ အတွက် အကောင်းဆုံး အကျင့်စရိုက်ထဲမှာတော့ ပါမနေချေ။
ရွှယ်ကျွင်းလျန်က ဘယ်သူမှ ဘာမှ ပြောစရမရှိတာကို ကြည့်ပြီး ပြုံးပြီးးပြောသည်။
“ ဒီ ကိစ္စကို ဝန်မင်းတို့ အကြံညဏ်မရသေးခင်အထိ ဆိုင်းငံ့ထားလိုက်မယ်... ငါကိုယ်တော် ပြောချင်တဲ့ နောက် အရာတစ်ခု ရှိသေးတယ်....."
သူခဏရပ်ပြီး ဝှေ့ကြည့်လိုက်သည်။
" ဒီကိစ္စကို ငါကိုယ်တော် ပြောခဲ့ဖူးပါတယ်... ဝန်မင်းတို့ဆီမှာတော့ သူ့ အမြင်နဲ့ သူရှိမှာပါ... တစ်ချို့ လူတွေ လက်ခံခဲ့တယ်... တစ်ချို့ လက်မခံဘူး... တစ်ချို့က မကောင်းပြောခဲ့ ကြတယ်... ဒါကြောင့် ဆွေးနွေးပွဲက အဆုံးသတ်ခဲ့ရတယ်... အခု အရင်ကိစ္စ အချို့ကို ပြန်ခေါ် ဆွေးနွေးချင်တယ်... အခုဆိုရင်တော့ ငါရဲ့ ချစ်လှစွာသော ဝန်မင်းတွေ မငြင်းလောက်တော့ဘူး ထင်ပါတယ်...."
သူက စကားပလ္လင်တွေ အများကြီး ခံထားခဲ့၍ ဝန်မင်းတွေ အားလုံး က မလှုပ်ရဲခဲ့ကြပေ။ သူတို့ အားလုံး ဧကရာဇ်ရွှယ် အရေးကြီးတဲ့အရာ တစ်ခုခု ပြောတော့မယ်ဆိုသည်ကို သိနေကြသည်။ ထို့အပြင် မင်းကြီးက သူ့စကားအတွင်းတွင် အများကြီး ထည့်ပြောပြီးသွားလေပြီ။ ထိုသည်ကိုမှ တစ်စုံတစ်ယောက် က ကန့်ကွက် မည်ဆိုလျှင် အရှင်မင်းကြီး ဝမ်းသာမှာ မဟုတ်ဘူးဆိုတာကို နားလည်ကြလေသည်။
ရွှယ်ကျွင်းလျန် နောက်ဆုံးမှာတော့ ဖွင့်ပြောလိုက်သည်။
” ငါကိုယ်တော် အရင်က ပြောခဲ့ဖူးသလိုပဲ...
နယ်စားမင်း ထန့်နန် ရဲ့ ဂုဏ်ဟာ အရာရောက်ပါတယ်... ပင်ကိုယ် သစ္စာရှိတယ်...ချီးကျူးထိုက်တဲ့ စစ်ရေးတွေလည်း ထပ်ခါထပ်ခါ ပြခဲ့တယ်... ငါကိုယ်တော်ရဲ့ ဘေးမှာ သူရှိရင် ကောင်းတာတွေဘဲ လုပ်အောင် နားချပြီး ပိုတော်တဲ့ ဧကရာဇ်ဖြစ်လာအောင် အားဖြည့်ပေးတယ်...သူ့ကို ငါကိုယ်တော်ရဲ့ ဘေးနားထားထားနိုင်တာဟာ ကောင်းချီးတစ်ခုပါပဲ... ငါကိုယ်တော် နယ်စားမင်း ထန့်နန်ကို ဧကရီအဖြစ်တင်မြောက်ချင်တယ်... ဘာ ထင်မြင်ချက်ရှိကြသေးလဲ...."
သူ့ရဲ့ စကားအဆုံးတွင် အားလုံးက ခဏတာ ကြောင်အသွားခဲ့သည်။ သူတို့ အားလုံး ထန့်ယွင် ကို ကြည့်ပြီး အချင်းချင်းပြန်ကြည့်မိကြသည်။ အိမ်ရှေ့စံမင်းသား ရွှယ်ဖေလည်း ထန့်ယွင်နှင့် သူ့ခမည်းတော်ကို မော့ကြည့်မိသည်။ ထန့်ယွင်က ရွှယ်ကျွင်းလျန် ကို ဤကဲ့သို့ အချိန်မှာ ပြောလိုက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ အံ့အားသင့်စွာနှင့်ရွှယ်ကျွင်းလျန်ကို ကြည့်လိုက်သည်။
ရွှယ်ကျွင်းလျန်ကပြောလိုကိသည်။
‘’ထန့်ယွင် ဒီကိုလာခဲ့....."
ထန့်ယွင် ခေါင်းကို အနည်းငယ်မော့လိုက်ပြီး ကျောက်လှေကားထစ်ပေါ် တက်လှမ်းခဲ့သည်။ ရွှယ်ကျွင်းလျန်က ဆက်ပြောလိုက်သည်။
” မင်မြစ်မှာ နယ်စားမင်းထန့်နန်ရဲ့ လုပ်ဆောင်ချက်တွေကို အားလုံးကြားပြီးပြီထင်ပါတယ်... သူက ပြောင်မြောက်လှတဲ့ နည်းပရိယာယ်တွေနဲ့ ချီကျိကျဲ (ဖုန့်နိုင်ငံရဲ့ စစ်သူကြီးကို ဖမ်းမိခဲ့တယ် ) .... သူရဲ့ နည်းပရိယာယ်တွေက ဖုန့်စစ်တပ်ကို အနိုင်ရနိုင်ဖို့ အတွက် အရေးပါခဲ့တယ်.. သူ ဒဏ်ရာရနေတာတောင် ဒဏ်ရကို မမှုဘဲ ရွှယ် စစ်တပ်ရဲ့ အစီ အစဉ်တွေ အမှားမရှိအောင် လုပ်ဆောင်နိုင်ခဲ့တယ်..... ဒါကြောင့် ငါတို့တွေ စစ်နိုင်ခဲ့ကြတယ်.... အမှန်တကယ်တော့ သူ့ကို စစ်တိုက်ဖို့စေလွှတ်တုန်းက မင်းတို့ တော်တော်များများက သူ့ကို သွားစေချင်ကြတယ်..... ဘာလို့လဲ ဆိုတော့ ဟာသတစ်ခုကို မင်းတို့ ကြည့်ချင်ကြလို့ပဲ .... ဒါပေမယ့် ထန့်ယွင် က ငါကိုယ်တော် မျှော်လင့်ထားတဲ့အတိုင်း ဖြစ်ခဲ့တယ် ....သူက စွမ်းရည်မှာရော နိုင်ငံရေးမှာ ပါ အရည်အချင်း ပြည့်ဝသူ ဖြစ်တယ်.....လူတွေကို ကူညီနိုင်တယ်.... ဒီလို လူမျိုးက ဧကရီ မဖြစ်နိုင်ဘူးလား....."
ဝန်မင်းတွေအကုန် ရွှယ်ကျွင်းလျန်၏ စကားကို နားထောင်ကြတာဖြစ်၍ ဘယ်သူမှ ပြန်မပြောရဲကြပေ။ ရှေးခေတ်ကတည်းက အင်ပါယာတွေမှာ သူတို့ အကြိုက်ဆုံး ယောက်ျားလေး မောင်းမ တစ်ယောက် နှစ်ယောက်ရှိခဲ့ကြတာမှန်သော်လည်း ဘယ် အင်ပါယာကမှ သူတို့ရဲ့ လူကို ဧကရီအဖြစ် တင်မြောက်ဖို့ထိတော့ မလုပ်ခဲ့ကြပေ။ ထိုလူတွေ၏ အသိစိတ်ထဲတွင် ယောကျ်ားလေး မောင်းမတော်တွေဆိုသည်မှာ အိပ်ယာထက်က ကိစ္စတွေကို ဗန်းပြပြီးတော့ ဘုရင့်ထံမှာ သူတို့လိုချင်တာရဖို့ လုပ်နေသည့်လူများ ဖြစ်တယ်ဟု တွေးထင်ထားကြလေသည်။ သူတို့ထဲက အနည်းငယ်ကသာ တကယ့် အရည်ချင်းရှိပြီး သင်ယူစိတ်ပြင်းပြသူတွေ ဖြစ်ကြသည်။ ၎င်းကို ဝန်မင်းတော်တော်များများက လက်မခံနိုင်ခဲ့ကြပေ။
၎င်းကို မြင်ပြီး ချန်ယီက ခြေတလှမ်းတိုး ဒူးထောက်ပြီး ပြောလိုက်သည်။
“ အရှင်မင်းကြီးရဲ့ စကားက တကယ်ကို မှန်ကန်ပါတယ်...."
တစ်စုံတစ်ယောက် က ထောက်ခံချက်ကို ပထမဆုံး ချပြလိုက်သည့်ချိန်တွင် သူ့နောက်ကလူတွေကလည်း စပြီးတော့ ထောက်ခံဖို့ ပြင်လာတော့သည်။ မျက်စိတစ်မှိတ် အတွင်း ခန်းမ တွင်း၌ ရှိသောဝန်မင်းများအားလုံး ဒူးထောက် ကြပြီး မြေပေါ်ဝပ်၍ အရိုအသေပေးကြသည်။
အနည်းငယ်လေး နောက်ကျသွား ခြင်းကြောင့် မထိမဲ့မြင်ပြုသလို ဖြစ်မှာကို စိုးရွံ့မိခဲ့ကြလေသည်။ တစ်ချိန်တည်းမှာပဲ “အရှင်မင်းကြီးရဲ့ စကားဟာ တကယ်ကို မှန်ကန်ပါတယ် ..." ဟုသာလျှောက်တင်နေကြလေသည်။
ရွှယ်ကျွင်းလျန် ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။
“ ငါကိုယ်တော့်ရဲ့ အဆိုပြုချက်ကို အားလုံး လက်ခံမှတော့ စတင်ပြီဆိုတာနဲ့ ငြင်းဆန်မယ့်လူ မရှိဘူးလို့ သတ်မှတ်လိုက်ပြီ....စတင်ပြီးတော့ ပြင်ဆင်ကြတော့...."
ဧကရာဇ်ရွှယ်က ဖုန့်နိုင်ငံနဲ့ ထန်နိုင်ငံကို ပေါင်းစည်လိုက်သည်။ ရွှယ်ကျွင်းလျန်က အခွန်ခ တွေ လွတ်ငြိမ်းခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ကြေညာသည်။ ထို့နောက် ဖုန့်နိုင်ငံသားတွေ အတွက် အစားအသောက်နှင့် လုပ်အားခများစကို ပို့ပေးသည်။ ထိုသာ ဖုန့် နိုင်ငံ၏ ပြည်တွင်း တာဝန်ရှိသူတွေက ပြည်သူတွေကို နှစ်သိမ့်ပေးရန်၊ အခွန် မကောက်ရန်၊ ဒုက္ခသည်များအတွက် ခဏတာစခန်းများကိုတည်ဆောက်ပေးရန် ဖြစ်နိုင်မည်ဖြစ်သည်။
သာမန် ပြည်သူတွေက ဘယ်ဘုရင် အပေါ်မှာမှ သစ္စာစောင့်သိရန် အတွေးမရှိကြပေ။ သူတို့ က သူတို့ကို ကောင်းကောင်းမွန်မွန် ကျွေးနိုင်သည့် ဘုရင့်အမိန့်ကို ပဲ နာခံကြမည်ဖြစ်သည်။ မဆာလောင်စေရပဲ၊ ရေကြီးတဲ့ အခါနေစရာပေးပြီး နှစ်တိုင်း စစ်သား မကောက်ခံ၊ နှစ်တိုင်း အခွန်တွေကို မတရားမကောက်ခံ စသည့် ဘုရင်မျိုးကိုဆိုပို၍နှစ်သက်ကြသည်။
နိုင်ငံ၏ ဥပဒေကို နာခံသည့် ပြည်သူများနှင့် အမတ်များက ဆုပေးခြင်း ခံရသည်။ အညံ့ခံလိုက်၍လည်း လျစ်လျူရှုူခြင်း မခံခဲ့ရပေ။ တစ်ချို့သော ရည်မှန်းချက် ဖြစ်လာဖို့ အတွက် ခက်ခဲသွားသည့် လူများ အတွက်တော်အရှုံ့းပေးအညံ့ခံကာ ပြောင်းလဲ ခိုဝင်ချင်ကြသည်။
ဟိုနား ဒီနားကျန်နေပြီး တစ်ခါတစ်ရံ ပြဿနာ ဖြစ်တက်သည့် ကြီး ငယ် စစ်ပွဲ အသေးစားလေးတွေတော့ ရှိနေသေးသော်လည်း ကြီးမားသည့် အရှုပ်အထွေးများမရှိခဲ့ပါချေ။ ထို့ကြောင့်အချိန်ပြည့် ငြိမ်းချမ်းသာယာနေခဲ့သည်။
147.2
ကျောက်ထုံ၏ ချီးကျူးဖွယ်ကောင်းလောက်သည့် လုပ်ဆောင်ချက်ကြောင့် စစ်သေနာပတိအဖြစ် တိုးမြှင့်ခန့်အပ်ခံခဲ့ရသည်။
ကျောက်ထုံ ထောင်ကို သွားချိန်တွင် ထောင်စောင့က မေးလိုက်သည်။
“ သေနာပတိ ကျောက် ဒီလို နေရာမျိုးကို ဘာလို့ ရောက်လာတာလဲ...ထောင်က အရမ်းကို ဖြစ်ကတက်ဆန်းဖြစ်နေလို့ သေပတိရယ်ချင်နေပါလိမ့်မယ်...."
ကျောက်ထုံ က သူ၏မြှောက်ပင့် ပြောဆိုမှုကို လျစ်လျူရှူလိုက်ပြီး ထောင်စောင့်ကို အတွင်းဆီ ဉီးဆောင် ခေါ်စေလိုက်သည်။ အတွင်းဆုံးထိ ဝင်ပြီးချိန်တွင် စုတ်ပြတ်နေသည့် အဝတ်အစားနှင့်လူတစ်ယောက်က ထောင်ခန်းထဲတွင် ထိုင်နေခဲ့သည်။ ထိုလူ ဘာကိုစိုက်ကြည့်နေလဲဆိုတာ သူမသိခဲ့ပေ။
ထောင်စောင့်က တံခါးကို ဖွင့်ပေးလိုက်ပြီး “ လုရှစ်ချန် ” ဟုအော်လိုက်တယ် ။
လုရှစ်ချန် က မလှုပ်ပဲ နံရံကိုပဲ စိုက်ကြည့်နေခဲ့သည်။ ကျောက်ထုံ က အခန်းထဲကို ဝင်သွားပြီး နံရံကို စိုက်ကြည့်လိုက်ချိန်တွင် ကျောက်တုံးနှင့် ရေးထွင်းထားသည့် စာလုံးများကို တွေ့ခဲ့ ရသည်။ ၎င်းက ကဗျာစာသားတွေ နဲ့ စာပိုဒ်တိုတွေ သာ ဖြစ်သည်။
ကျောက်ထုံက ထောင်စောင့်ကို ထွက်သွားခိုင်းလိုက်ပြီး အချိန်အတော်ကြာမှ “ အကို လု အဆင်ပြေရဲ့လား...."ဟု မေးလိုက်သည် ။
လုရှစ်ချန်၏ မျက်လုံးများက နောက်ဆုံးတွင် လှုပ်လာခဲ့သည်။ သူက နံရံကို စိုက်ကြည့်နေဆဲဖြစ်သော်လည်း သူ၏မျက်လုံးများကို ကျဉ်းလိုက်ပြီး ပြောလိုက်သည်။
“ အကယ်၍ သေနာပတိကြီးသာ ဒီလုကို အညံ့ခံဖို့ လာဖြောင်းဖြတာဆိုရင်... ဘာမှ ထပ်ပြောနေစရာမလိုတော့ပါဘူး ... ဒီလု ဟာ တူညီတဲ့ အဖြေကိုပဲ ပေးဖြစ်ပါလိမ့်မယ့်.... ငါဟာ သစ္စာတရားကို ရူးသွပ်တဲ့ စာသင်သား တစ်ယောက်သာပါပဲလို့ပေါ့ ...."
ကျောက်ထုံက သူ့ကိုအချိန်အကြာကြီးစိုက်ကြည့်ပြီး ဘာမှမပြောပေ။ ထို့နောက်တွင် ဘာမှမကြားလိုက်သလိုသာပြောလိုက်သည်။
"လုရှစ်ချန် မင်းက နာမည်ကြီးစာသင်သားတစ်ယောက်ပါ... မင်းက ဧကရာဇ်ရွှယ်လက်အောက်မှာ ဂုဏ်သရေကြီးမားတဲ့လူတစ်ယောက်ဖြစ်သင့်တာ... အမှန်အတိုင်းပြောရရင် သူကတကယ်ဉာဏ်ပညာကြီးမားတဲ့ ဧကရာဇ်တစ်ပါးပဲလေ... မင်းရဲ့ အသုံးဝင်မှုတွေမပြချင်ဘူးလား... ကမ္ဘာလောကကြီးက မင်းရဲ့အကူအညီကြောင့် ငြိမ်းချမ်းနေတာကို မမြင်ချင်ဘူးလား... မင်းရဲ့ ဉာဏ်ပညာကြီးမြတ်မှုက နေ့တိုင်း နံရံတွေပေါ်မှာ ကဗျာတွေရေးဖို့ပဲအသုံးဝင်တာလား...."
လုရှစ်ချန်ပြုံးလိုက်ပြီး သူ့အသံကအနည်းငယ်အက်ကွဲနေသည်။ သူကကျောက်ထုံကို ကမ္ဘာလောကကြီးကိုမသိသည့် ကလေးတစ်ယောက်နှယိကြည့်လိုက်သည်။
"အနိုင်ရရှိသူက မင်းသား၊ နယ်စား၊ မျိုးရိုးမြင့်တွေဖြစ်လာကြတယ်... ရှုံးနိမ့်သူကတော့ အကျဉ်းစံရတယ်... သေနာပတိကြီးနားမလည်သေးတာများလား.... ဘာလို့ထပ်ပြောနေရသေးလဲ... ဘုရင်ကမရှိတော့ဘူး... မှူးမတ်တွေ ဝန်မင်းတွေတောင်မရှိမှတော့ ဘာရည်မှန်းချက်တွေအကြောင်းပြောဖို့လိုဦးမလဲ...."
ကျောက်ထုန်သက်ပြင်းချပြီးပြောလိုက်သည်။
"ဖုန့်မင်မသေသေးပါဘူး...."
လုရှစ်ချန်ချက်ချင်းမတ်တတ်ထရပ်လိုက်သည်။ သူအချိန်အကြာကြီးထိုင်နေခဲ့ရ၍ ချက်ချင်းထရပ်လိုက်ချိန်တွင် နီးစပ်ရာနံရံကိုမှီတွယ်လိုက်ရသည်။
ကျောက်ထုံ ကူညီချင်လိုက်သော်လည်း သူ့ကိုယ်သူသာ ထိန်းလိုက်ရသည်။
လုရှစ်ချန်ကသူ့ကို တောက်လောင်နေသောမျက်လုံးများနှင့်အတူ တုန်ယင်နေသောအသံဖြင့်ပြောလိုက်သည်။
"အရှင်မင်းကြီးက အသက်ရှင်နေတုန်းလား...."
"ဒါပေါ့... ရှင်နေတုန်းပဲလေ...."
ပထမဆုံးအကြိမ်အဖြစ် သူ့တစ်ဘဝလုံးတည်ငြိမ်နေသူအဖြစ် မြင်တွေ့လာရသည့် လုရှစ်ချန်က စိတ်လှုပ်တရှားပြုမူလာသည်။ သူ့ခံစားချက်သူ မနည်းထိန်းနေရသော လုရှစ်ချန်ကိုကြည့်ပြီး ကျောက်ထုံ၏နှလုံးသား တုန်ယင်သွားရသည်။
လုရှစ်ချန်က ချက်ချင်းဒူးထောက်ချကာ မြေပြင်ပေါ်သို့ဝပ်တွားလိုက်ပြီးပြောလိုက်သည်။
"သေနာပတိက ဒီ လုကိုပြောခဲ့တာကိုသတိရသေးလား.... သေနာပတိသာသတိရသေးမယ်ဆိုရင် ဒီလုက အရှင်မင်းကြီးကို လွှတ်ပေးဖို့ အသနားခံပါရစေ...."
ကျောက်ထုံကပြောလိုက်သည်။
"မင်းကိုလွှတ်ပေးဖို့တောင်းဆိုရမယ့်အစား သူ့ကိုလွှတ်ပေးဖို့တောင်းဆိုနေတယ်လား... ဒါကမင်းရဲ့ ဘုရင်အပေါ်သစ္စာရှိမှုလား... မင်းကအရမ်းကို သနားဖို့ကောင်းတာပဲ...."
လုရှစ်ချန်က ဘာမှမပြောပေ။ ကျောက်ထုံကထပ်ပြောလိုက်သည်။
"ငါမင်းကို ကတိမပေးနိုင်ဘူး... ငါကတိပေးရင်တောင် ရ မရ... မင်းမသိနိုင်ဘူးလေ...."
တစ်ဖက်လူ၏မျက်လုံးများ မဲမှောင်သွားပြီး ခါးသီးစွာပြံးနေသည်ကို မြင်လိုက်ရသည်။ သူ့နှလုံးသားထဲတွင် မခံစားနိုင်တော့ပေ။
"စိတ်မပူပါနဲ့.... ဧကရာဇ်ကဖုန့်မင်ကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရောမသတ်ပါဘူး... ဒါပေမဲ့ သူမသေသေးသ၍တော့ နေရောင်ကိုတွေ့ခွင့်မရတော့ဘူး...."
လုရှစ်ချန်က ထိုသို့ဖြစ်လာမည်မှန်းကြိုတွက်ထားသော်လည်း အမှန်တကယ်ကြားလိုက်ရချိန်တွင် စိတ်မလွတ်ပဲမနေနိုင်တော့ချေ။ သူဒူးများကတုန်ယင်လာပြီး မြေပြင်ပေါ်လဲကျသွားသည်။
ကျောက်ထုံက "မင်းဘာလို့ဒီလိုဖြစ်နေလဲ...."ဟုမေးချင်သော်လည်း မမေးတော့ပေ။ ဘေးတစ်ဖက်သို့သာ အကြည့်လွှဲပြီး သက်ပြင်းချလိုက်သည်။
"မင်းကို သက်တောင့်သက်သာနေရဖို့ ထောင်စောင့်ကိုငါပြောခဲ့မယ်... မင်းဘယ်လိုလုပ်မလဲတွေးပြီးရင် ငါ့ကိုပြောလိုက်...."
ထိုသို့ပြောပြီးနောက်တွင် ထောင်ခန်းကိုပိတ်ပြီးထွက်သွားကာ ထောင်စောင့်က ချက်ချင်းသော့ခတ်လိုက်တော့သည်။
ရွှယ်ကျွင်းလျန်က ဧကရီခန့်အပ်ပွဲအတွက်လူများကို ပြင်ဆင်ကြရန်အမိန့်ပေးလိုက်သည်။ သူမြို့တော်၌မရှိသည်မှာအချိန်အတော်ကြာပြီဖြစ်၍ သူကိုင်တွယ်ရန်အရာများစွာရှိနေသောကြောင့် ပြန်ရောက်လာကတည်းက အနားမရသေးပေ။ ကံကောင်းစွာဖြင့် ထန့်ယွင်ကသူ့ကို ကူညီပေးနေသည်။
ရွှယ်ကျွင်းလျန်က ရုတ်တရက် အနည်းငယ်ရင်ထဲထိသွားရသည်။ သူနှင့်ထန့်ယွင်ကြားရှိနားလည်မှုက နှစ်ပေါင်းနှစ်ဆယ်ကျော် သုံးဆယ်အတူရှိလာ ရသောလူချင်းချင်း နားလည်မှုရှိနေသလိုဖြစ်နေသည်။
ရွှယ်ကျွင်းလျန်က အစီအရင်ခံစာများစွာက်ု ခွင့်ပြုပြီးနောက်တွင် သူ့နှဖူးထောင့်သူပွတ်လိုက်သည်။ သူ အပန်းဖြေ ထန့်ယွင်နှင့်အတူ အချိန်ဖြုန်းနေစဉ် ကျန်းယွီပြောသည်ကိုကြားလိုက်ရသည်။
"အရှင်မင်းကြီး သေနာပတိကျောက်လုက အရှင့်ကိုတွေ့ချင်နေပါတယ်...."
ရွှယ်ကျွင်းလျန်က ကျောက်လုလာတာ ကောင်းသောလာခြင်းမဟုတ်ကြောင်းသိသော်လည်း သူ့ကိုမငြင်းလိုက်လေ။ ကျန်းယွီကို ကျောက်လုအား အထဲလာခိုင်းလိုက်သည်။
xxxxxx