Chapter 148
ကျောက်လုရောက်လာသည်နှင့် ဧကရာဇ်ရွှယ်ကို အရိုအသေပေးလိုက်သည်။ ရွှယ်ကျွင်းလျန်က သူ့ကိုအပြုံးဖြင့်ပြောလိုက်သည်။
"မင်းကတော့ ငါကိုယ်တော်အနားယူဖို့ရတဲ့အခွင့်အရေးလေးမှာ ရောက်လာတာပဲ... ဘာဖြစ်သွားပြီလဲ... မင်းမှာသူ့ကိုအညံ့ခံအောင်လုပ်ဖို့ နည်းရှိလာလောက်ပြီပေါ့လေ... မဟုတ်ရင်တော့ ကိုယ်တော်ကကျန်တာကိုနားမထောင်ချင်ဘူး...."
ကျောက်လုဘာမှမပြောသေးမီ ဧကရာဇ်ရွှယ်က အရင်ဆုံးစကားလမ်းစ ပိတ်ထားလိုက်သည်။ တစ်ဖက်လူက သူပြောမညိ့စကားကို မနည်းပြောလိုက်ရသည်။
"ဒီစစ်သူကြီးက အကြံပေးဖို့လာတာမဟုတ်ပါဘူး ဒါပေမဲ့...."
"ဒါပေမဲ့ ဘာဖြစ်လဲ...."
ရွှယ်ကျွင်းလျန်က ပြုံးပြီးဆက်ပြောသည်။
"အသနားခံဖို့လာတာ... ဟုတ်တယ်မလား...."
ကျောက်လုက ဧကရာဇ်ရွှယ်ကိုကြည့်လိုက်ပြီး မျက်လွှာချလိုက်သည်။ သူ့အသံကအလွန်တည်ငြိမ်နေသည်။
"ဉာဏ်ပညာကြီးမားလှပါတယ်အရှင်မင်းကြီး... အရှင်ပြောတာမှန်ပါတယ်..."
"မင်းက ကိုယ်တော့်ကို ဉာဏ်ပညာကြီးမားလှတယ်လို့ပြောရဲသေးတယ်လား...."
ရွှယ်ကျွင်းလျန်ကပြောသည်။
"ကျောက်လုရေ... ကျောက်လု... မင်းဘာတွေတွေးနေတာလဲ... ဒီလောက်နှစ်တွေအကြာကြီး ကိုယ်တော်က မင်းရဲ့သစ္စာရှိမှုကို သံသယမဝင်ခဲ့ဘူး... မင်းက ကိုယ်တော်နားမှာရှိတဲ့လူတွေထဲ သစ္စာအရှိဆုံးလူပဲ... တော်ဝင်မြို့တော်နဲ့ နှစ်ပေါင်းများစွာအဝေးကြီးကိုရောက်နေတာတောင် မင်းမှာအတွေးနှစ်ခုမရှိခဲ့ဘူး... အခုတော့ မင်းဘာကိုပြောချင်တာလဲ... သေချာစဉ်းစားပြီး မှားမပြောမိစေနဲ့နော်..."
ကျောက်လုက တစ်ချိန်လုံးခေါင်းသာငုံ့ထားပြီး အချိန်အတော်ကြာမှပြောလိုက်သည်။ သူ့အသံက အလွန်မကျယ်သော်လည်း တည်ငြိမ်နေဆဲဖြစ်သည်။ တိတ်ဆိတ်နေသော နွေးထွေးလှသည့်အဆောင်ထဲတွင် သူနောက်ဆုံးပြောထွက်လာချိန်၌ သူ့အသံကကြွပ်ဆတ်နေသည်။
"ဒီစစ်သူကြီးပြောမယ့်စကားတွေက အရှင့်ကိုမပျော်မရွှင်ဖြစ်စေမယ်မှန်းသိပါတယ်... ဒါပေမဲ့ ပြောကိုပြောရမှာမလို့ပါ... အရှင်မင်းကြီး.. ဖုန့်မင်ရူးသွပ်သွားပြီဆိုမှတော့ ဘာကြောင့်များ စာနာစိတ်နဲ့ အမှန်တရားကိုလက်ကိုင်ထားပြီး သူ့ကိုလွှတ်မပေးခဲ့တာလဲ... ဒီလိုဆိုရင်ဖုန့်တိုင်းပြည်ကလူတွေက အရှင့်ရဲ့ကြင်နာမှုကိုသိသွားပါလိမ့်မယ်..."
သူ့အသံထွက်ပေါ်လာသည်နှင့် ရွှယ်ကျွင်းလျန်က စားပွဲကိုအားနှင့်ပုတ်ချလိုက်ပြီးအော်ပြောလိုက်သည်။
"ကျောက်လု... မင်းတအား သတ္တိရှိနေတယ်လား...."
ရွှယ်ကျွင်းလျန် မတ်တတ်ရပ်ကာ ဘေးသို့လျှောက်သွားပြီး စားပွဲပေါ်ရှိ အစီရင်ခံစာများကို ကျောက်လုရှေ့ကိုပစ်ချလိုက်သည်။
"မင်း ကိုယ်တော့်ကိုဒီနေ့တွေမှာ ပို့ထားတာတွေပဲ... ကိုယ်တော်က မင်းခဏလောက်စိတ်ရှုပ်ထွေးနေတယ်ထင်ခဲ့တာ... မင်းက ဖုန့်မင်ကိုလွှတ်ပေးဖို့ အသနားခံစာ လေးငါးစောင်တောင်တင်ခဲ့တယ်... ဒါပေမဲ့ အခုတော့ကိုယ်တော်က မင်းခဏလောက်စိတ်ရှုပ်ထွေးနေတာမဟုတ်တဲ့အကြောင်းသိသွားခဲ့ပြီ... မင်းကတကယ်ကြီးစိတ်ရှုပ်ထွေးနေခဲ့တာပဲ...ကိုယ်တော်က ဖုန့်မင်ကိုလွှတ်ပေးရမယ်တဲ့လား... မင်းကသူ့ကိုကောင်းကောငိးသိတာပဲ... ပြောစမ်းပါဦး ကိုယ်တော်သူ့ကိုလွှတ်ပေးလိုက်ရင် သူကတပ်သားတွေပြန်စုဆောင်းပြီး ပြန်လာမှာကိုစောင့်ရမှာလား... ဒါမှမဟုတ် ကိုယ်တော်ကိုတိတ်ဆိတ်လုပ်ကြံမှာကိုစောင့်ရမှာလား....."
"အရှင်မင်းကြီး....."
ကျောက်လုအသံက လည်ချောင်းထဲတွင်သာ ညပ်နေသည်။ ရွှယ်ကျွင်းလျန်ပြောသမျှက မှန်သည်သာဖြစ်သည်။ ဖုန့်မင်အပေါ်သူ၏နားလည်မှုအရ ဖုန့်မင်ကဘယ်သောအခါမှ လက်လျော့မည်မဟုတ်ပေ။
"ကောင်းပြီလေ...."
ရွှယိကျွင်းလျန်သက်ပြင်းချလိုက်သည်။
"မင်းက ဖုန့်ပြည်မှာနှစ်ပေါင်းများစွာနေခဲ့ရတော့ သူခံစားရမှာကို မမြင်ချင်တာပဲ ကိုယ်တော်နားလည်ပါတယ်.... မဟုတ်ရင် ကိုယ်တော်မင်းကို ဖမ်းဆီးပြီး ရာထူးချလိုက်တာကြာပြီ.... မင်းလည်းဒီရက်ပိုင်းအတော်လေးပင်ပန်းခဲ့ပြီ... ကိုယ်တော်ပြောထားခဲ့တယ်လေ ဒါတွေပြီးရင်မင်းကို မွေးရပ်မြေပြန်ပြီး အနားယူခိုင်းမယ်လို့...."
ကျောက်လု၏နှလုံးသားနစ်မြုပ်သွားသည်။ ရွှယ်ကျွင်းလျန်က ထိုစကားများပြောရန် သူ့ကိုယ်သူတွန်းအားပေးခဲ့ကြောင်းသူသိလေသည်။ သူသာထပ်ပြောလာပါက သူ့ကိုရာထူးချလိုက်နိုင်လေသည်။ သူ့ကိုအနားပေးလိုက်ခြင်းမှာ အရာရှိဘဝ၌ ဆွဲဆန့်၍ခေါ်ထားပေးရန်သာဖြစ်သည်။
ကျောက်လုက သူ၏အရာရှိဦးထုတ်ကိုချွတ်ကာ သူ့လက်များကို မြေပြင်ပေါ်ချပြီး ဝပ်တွား၍ပြောလေသည်။
"ကျောက်လုက အပြစ်သားပါ... ကျောက်လုက အကြောငိးပြချက်တစ်ခုကြောင့်အရှင်မင်းကြီးဆီကနေ ကယ်တင်ခံလိုက်ရရုံပါပဲ... ကျွန်တော်မျိုးက ဆုံးဖြတ်ချက်ချထားပြီးပြီဖြစ်လိူ့ နောင်တမရတော့ပါဘူး... အရှင်မင်းကြီးဖုန့်မင်ကို မလွှတ်ပေးနိုင်မှတော့ ကျွန်တော်မျိုးသူနဲ့အတူ အပြစ်ဒဏ်အတူတူခံယူဖို့ပြင်ဆင်ပြီးပါပြီ...."
ရွှယ်ကျွင်းလျန်က ကျောက်လု၏စကားများကြောင့် အတော်ကြီးဒေါသထွက်သွားရသည်။ သူ့ကိုအစီအရင်ခံစားများဖြင့် ရိုက်ချလိုက်ပြီးပြောလိုက်သည်။
"ကျောက်လု မင်းရူးနေတာလား.... အသက်ရှင်ရတာပျင်းနေပြီလား... မင်းကိုယ်မင်း အောင်မြင်မှုကြီးရလိုက်တာနဲ့ အပြစ်ဒဏ်ကင်းလွတ်သွားပြီထင်နေတာလား...."
ကျောက်လုကပြောသည်။
"ဒီအပြစ်သားမလုပ်ရဲပါဘူး... ဒါပေမဲ့ဒီအပြစ်သားစိတ်ထဲမှာအရာတစ်ခုရှိပါတယ်... အကယ်၍ အဲ့လိုမှမလုပ်ခဲ့ရရင် သက်တောင့်သက်သာ အသက်ရှင်နိုင်မှာမဟုတ်လို့ပဲ သေတာကရှင်တာထက်ပိုကောင်းတယ်လို့ခံစားရမှာမလို့ပါ...."
ရွှယ်ကျွင်းလျန်က သူ့ကိုအေးစက်စွာစိုက်ကြည့်ပြီးပြောလိုက်သည်။
"ကောင်း ပြီလေ.... မင်းအဲ့လိုတွေးမှတော့ ကိုယ်တော်မင်းကို မကူညီတော့ဘူး... မင်းက ကိုယ်တော့်ကို သဘောထားကြီးတယ်ထင်မှတော့... အကျဉ်းထောင်ကိုသွားပြီး ခက်ခဲမှုတွေအပြစ်ဒဏ်တွေခံရပြီးတဲ့နောက်မှာ နောင်တမရနဲ့...."
"ကျေးဇူးကြီးမားလှပါတယ် အရှင်မင်းကြီး...."
ကျောက်လုနောက်တစ်ကြိမ်အရိုအသေပေးလိုက်ပြီး သူ့မျက်လုံးထောင့်မှ အရာရှိဦးထုပ်ကိုမြင်လိုက်ရသည်။ သူ့မျက်လုံးများစူးအောင့်သွားရသည်။ ၎င်းက သူ့တစ်ဘဝလုံးစာ ရည်မှန်းချက်ပင်....
ကျောက်လုက နန်းတော်အစောင့်များထံမှဆွဲထုတ်ခံရပြီး နန်းတော်အပြင်ကိုကန်ထုတ်ခံရသည်။ ရွှယ်ကျွင်းလျန်၏စကားများက ဟာသမဟုတ်လေရာ သူအကျဉ်းထောင်ထဲရောက်သွားရလေသည်။
ထန့်ယွင်က ယွင်ဖုန့်နန်းဆောင်အနောက်ရှိ ပန်းခြံထဲတွင်ရှိနေသည်။ ထိုအချိန်တွင်လွေ့ရွှယ်က အလောတကြီးပြေးဝင်လာသည်။ သူမ၏မျက်လုံးများက နီရဲနေကာ သူမ မျက်နှာက ငိုချလုမတတ်ဖြစ်နေသည်။ သူမထန့်ယွင်ကိုမြင်သည်နှင့် ဒူးထောက်ချကာ ထန့်ယွင်အဝတ်ကိုဆွဲ၍ငိုလေတော့သည်။
"သခင်... သခင်.... ကျေးဇူးပြုပြီးစစ်သူကြီးကျောက်လုကို ကယ်ပေးပါ...."
ထန့်ယွင်က သူကျောက်လုကိုဘာကြောင့်ကယ်ရမလဲမသိပေ။ သူလွေ့ရွှယ်ကို ဘာဖြစ်သွားလဲမေးရန်ပြင်လိုက်ချိန်တွင် တစ်စုံတစ်ယောက်က ကျောက်ထုံအပြင်တွင်ရောက်နေပြီး နယ်စားမင်းနှင့်တွေ့ခွင့်တောင်းနေကြောင်း ကြေငြာလာသည်။
148.2
ယွင်ဖုန့်နန်းဆောင်က အနောက်ဆောင်ဖြစ်ပြီး ဝန်မင်းတို့မဝင်နိုင်သော်လည်း ထန့်ယွင်က နယ်စားမင်းထန့်နန်ဖြစ်၍ ကျောက်ထုန်က နယ်စားမင်းထန့်နန်ကိုလာတွေ့သည့်အချိန့တွင် မသင့်လျော်တာမရှိပေ။ ထို့ကြာင့် အစေခံများကို ကျောက်ထုံကို အထဲခေါ်ရန်ပြောလိုက်သည်။
ကျောက်ထုံက ပန်းခြံထဲပြေးဝင်လာပြီး ထန့်ယွင်ကိုမြင်သည်နှင့် ဒူးထောက်အရိုအသေပေးကာပြောလိုက်သည်။
"အရှင်... အရှင်မင်းကြီးကို ဖျောင်းဖျပြီး စစ်သူကြီးကျောက်လုကို သေတွင်းထဲမပို့ဖို့ပြောပြပေးပါဦး...."
ထန့်ယွင်အံ့ဩသွားပြီးပြောလိုက်သည်။
"ဧကရာဇ်ရွှယ်က ကျောက်လုကိုဘာလို့ ရုတ်တရက်ကြီး အပြစ်ပေးချင်သွားရတာလဲ...."
ကျောက်ထုံကပြောလိုက်သည်။
"စစ်သူကြီးက ဧကရာဇ်ကိုဘုရင်ဖုန့်ကို လွှတ်ပေးဖို့ အသနားခံပါတယ်... သူဘာပြောလိုက်လဲမသိပေမဲ့ ဧကရာဇ်ကအရမ်းကိုဒေါသထွက်ပြီး စစ်သူကြီးကိုထောင်ထဲထည့်လိုက်ပြီး စစ်သူကြီးရာထူးကိုချဖို့ဆုံးဖြတ်လိုက်ပါတယ်...."
လွေ့ရွှယ်ကအော်ဟစ်လေသည်။
"စစ်သူကြီးက သေဖို့ဆုံးဖြတ်ပြီးသွားပြီပဲ... ဒီအစေခံက စစ်သူကြီးနောက်ကိုနှစ်ပေါင်းများစွာလိုက်လာခဲ့တာပါ... စစ်သူကြီးရဲ့စိတ်ကိုမသိပဲ ဘယ်နေပါ့မလဲ... စစ်သူကြီးက ဧကရာဇ်ရွှယ်အပေါ်ကို အမြဲသစ္စာစောင့်သိတယ်ဆိုပေမဲ့ ဘုရင်ဖုန့်အပေါ်သူ့ရဲ့လုပ်ဆောင်ချက်တွေနဲ့ ခံစားချက်တွေက အစစ်အမှန်တွေပါ... သူ့ကိုယ်သူအမြဲတမ်း ချောက်ကမ်းပါးအစွန်မရောက်အောင်ဖိအားပေးပြီး ထိန်းသိမ်းထားခဲ့တယ်... ဘုရင်ဖုန့်နဲ့ခက်ခဲတဲ့ဆက်ဆံရေးအခြေအနေကိုရောက်နေတာတောင် သူ့နှလုံးသားသူဖွင့်လှစ်မပြခဲ့ပါဘူး... အခုဘုရင်ဖုန့်ကျရှုံးသွားတော့ စစ်သူကြီးအတော်လေးခက်ခဲနေခဲ့တာပါ... သူက ဘုရင်ဖုန့်နဲ့အတူ သေသေရှင်ရှင်အတူတုရှိချင်တာပါ.... ဘုရင်ဖုန့်သာသေဆုံးသွားရင် သူကဘယ်လိုလုပ် အသက်ရှင်နိုင်ပါ့မလဲ...."
နောက်ဆုံးတွင် လွေ့ရွှယ်မျက်ရည်များ လျှံကျလာတော့သည်။
ထန့်ယွင် နှစ်ချက်မျှနှလုံးဆောင့်ခုန်သွားပြီး စားပွဲခုံကို ကိုင်ထားလိုက်ရသည်။ သူကျောက်လုနှင်ဖုန့်မင်အကြောင်း သိပါသည်။ သူကျောက်လု၏ ခံစားချက်ကို မည်ကဲ့သို့ နားမလည်ပဲနေမည်နည်း။ ကံကောင်းစွာဖြင့် ယခုအချိန်တွင်သူက နယ်စားမင်းထန့်နန်ဖြစ်ပြီးသူနာမည်ကလည်း ထန့်ယင်းဖြစ်နေသည်။ မဟုတ်ပါက သူနှင့်ရွှယ်ကျွင်းလျန်လည်း ဆန့်ကျင်ဘက်လမ်းကိုလျောက်နေရလောက်လေပြီ။
တစ်ခါတစ်ရံတွင် ကာယကံရှင်များအတွက် အဓိပ္ပါယ်ရှိသော်လည်း အပြင်လူများအတွက် အဓိပ္ပါယ်မရှိသည့်အရာများရှိသည်။ ကျောက်လုက တရားမျှတမှုရှိကာ အမှန်တရားလက်ကိုင်ထားပြီး ရွှယ်တိုငိးပြည်ကို သစ္စာရှိသူဖြစ်သည်။ ၎င်းက သူ့ဘာသာသူသာနားလည်နိုင်ပေသည်။ အရာအားလုံးအခြေကျသွားပြီးနောက်တွင် ယခုအချိန်၌ ကျောက်လုက လွတ်လပ်သွားပြီဖြစ်ရာ သူ့နှလုံးသား၏စေရာကို တစ်ကြိမ်မျှလိုက်သွားခဲ့ပြီဖြစ်သည်။ သူတိုင်းပြည်အတွက်သူ သေနိုင်ပါသော်လည်း ဖုန့်မင်အတွက်သာရှင်သန်ပေးနိုင်လေသည်။
၎င်းက လူတစ်ယောက်က သူ့ကလေးများနှင့်ဇနီးမယားအတွက် သူ့အသက်သူစွန့်လွှတ်သူတစ်ယောက်လိုဖြစ်ကာသူရဲဘောကြောင်ခြင်းမဟုတ်ရပေ။ ထို့အပြင် ကျောက်လုလိုလူအတွက်လည်း လူတစ်ယောက်တည်းအတွက်သာ အသက်စွန့်လိုသူဖြစ်သည်။
ထန့်ယွင်က နှုတ်ဆိတ်နေမြဲဖြစ်သည်ကို မြင်သောအခါ ကျောက်ထုံနှင့်လွေ့ရွှယ် အလွန်စိုးရိမ်သွားကြသည်။
ထန့်ယွင်က ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်ကာ ခဏမျှစဥ်းစားနေပြီးနောက်ပြောလေ၏။
"ဒီကိစ္စက...ငါရွှယ်ဝမ်ကို မဖြောင့်ဖြနိုင်ဘူး...သူ့ကိုဖြောင့်ဖြလည်း အသုံးဝင်မှာမဟုတ်ဘူး...နှောင့်နှေးကြန့်ကြာနေတာနဲ့ပဲအဆုံးသတ်သွားလိမ့်မယ်"
ထန့်ယွင်က မကူညီချင်ဟုကျောက်ထုံတွေးမိလိုက်သည်။ လွေ့ရွှယ်က သူမ၏ပါးစပ်ကို အုပ်ကာမျက်ရည်များ စီးကျလာတော့၏။ ထန့်ယွင်ကပြောလိုက်သည်။
"ရွှယ်ဝမ်က ဖုန့်မင်ကိုလွှတ်ပေးဖို့ဆန္ဒရှိတယ်ဆိုရင် လုရှစ်ချန်ကအညံ့ခံမှာလား..."
ကျောင်ထုံခဏလောက် ကြောင်အသွားပြီး ၎င်းနောက်ပြောလေ၏။
"ကျုပ် အကျဥ်းတိုက်ကိုသွားပြီး လုရှစ်ချန်ကိုအညံ့ခံအောင်ဖြောင့်ဖြပြီးပြီ...လုရှစ်ချန်က အညံ့ခံဖို့ ရည်ရွယ်ချက်မရှိဘူး...ဒါပေမဲ့ဖုန့်မင်ကိုလွှတ်ပေးရင်တော့ ကျူပ်လည်းမသိဘူး"
ထန့်ယွင်ကပြောသည်။
"လုရှစ်ချန်ကအညံ့ခံဖို့ဆန္ဒရှိရင် ငါ့မှာ ဖုန့်မင်နဲ့ကျောက်လုကို ကယ်တင်ဖို့ နည်းလမ်းတစ်ခုရှိတယ်"
လွေ့ရွှယ်က ပြော၏။
"ဘယ်လိုဖြေရှင်းမှာလဲ...ရွှယ်ဝမ်ကသာ ဖုန့်မင်နဲ့ကျောက်လုကို ချမ်းသာပေးမယ်ဆိုရင် ဝန်မင်းလုကလက်နက်ချမှာသေချာတယ်"
ထန့်ယွင်က ပြောလိုက်သည်။
"အခုလောလောဆယ်တော့ ရွှယ်ဝမ်ကဒေါသထွက်နေတာမလို့ ဘယ်သူမှ သူ့ကိုဖြောင့်ဖြနိုင်မှာမဟုတ်ဘူး...အခုသူ့ကိုသွားပြီးဖြောင့်ဖြလိုက်ရင် ဆန့်ကျင်ဘက်ရလဒ်တွေထွက်လာလိမ့်မယ်"
သူက ခဏရပ်ကာပြောလိုက်၏။
"ဗိုလ်ချုပ်ကျောက်ထုံ...အကျဥ်းတိုက်ကိုသွားပါ... လုရှစ်ချန်နဲ့ထပ်စကားပြောပြီး အညံ့ခံခိုင်းပါ"
သိပ်နောက်မကျသေးဟုခံစားရသဖြင့် ကျောက်ထုံ နန်းတော်ထဲကထွက်ပြီး အကျဥ်းတိုက်ဆီသွားလိုက်သည်။
ထန့်ယွင်က လွေ့ရွှယ်ကို နှစ်သိမ့်ပေးပြီး အရှေ့ခန်းမဆောင်ဆီ သူ့ဘာသူသွားလိုက်၏။
ထန့်ယွင်ဖြတ်သွားချိန်၌ ရွှယ်ကျွင်းလျန်က လျှောက်လွှာကို ကြည့်နေသော်လည်း တစ်ချက်ကြည့်ရုံနှင့်ပင် ရွှယ်ကျွင်းလျန်က အာရုံစိုက်မနေဘဲ တစ်ခုခုကိုတွေးတောနေမှန်း သိသာလေသည်။
ထန့်ယွင်အနားကပ်သွားသောအခါ ရွှယ်ကျွင်းလျန် တစ်စုံတစ်ယောက်လာနေမှန်းသတိပြုမိသွား၏။ ခေါင်းမော့ကာ ကြည့်လိုက်ချိန်တွင် ထန့်ယွင်ဖြစ်ကြောင်း မြင်လိုက်ရသည်။ သူ စိတ်သက်သာရစွာဖြင့် နဖူးကိုပွတ်ကာ ပြုံးပြုံးရွှင်ရွှင် ဆိုလိုက်၏။
"ကိုယ်နဲ့နေလည်စာ အတူတူစားပေးဖို့လာတာလား"
xxxxxxx