အပိုင်း ၁၄၉
Viewers 17k

Chapter 149


ထန့်ယွင်က ပြုံးကာပြောလိုက်သည်။


"အရှင်မင်းကြီး... မွန်းလွဲပိုင်းနောက်ကျနေပြီဖြစ်လို့ နေ့လည်စာစားချိန်ကကျော်သွားတာကြာလှပါပြီ"


ရွှယ်ကျွင်းလျန်က လျှောက်လွှာကိုချထားပြီး ပြောလိုက်၏။

"ကိုယ်အရမ်းအလုပ်များပြီး အချိန်ကိုမေ့သွားတယ်"


"အရှင်မင်းကြီး...ကျန်းမာရေးကို ဂရုစိုက်ပါ...ကိုယ့်ကိုကိုယ်  အရမ်းကြီးမတင်းကြပ်ပါနဲ့"


ရွှယ်ကျွင်းလျန် မထိန်းနိုင်ဘဲ ရယ်မိသွားပြီးပြောလိုက်၏။


"အာ...မင်းပါးစပ်ကနေ ဒီစကားထွက်လာတာတကယ်ကို မယုံနိုင်စရာပဲ...မင်းရောအဲ့လိုမထင်ဘူးလား"


တစ်ဖက်လူက သူ့ကိုစနေသည်ကိုကြားသောအခါ 

ထန့်ယွင်ရှက်ရွံ့သွားခဲ့သည်။ အမှန်တွင် ထန့်ယွင်ဟာ သူ့ကိုယ်သူ ခြေကုန်လက်ပန်းကျသည်အထိ တွန်းအားပေးတတ်သော လူမျိူးဖြစ်ပေ၏။


ရွှယ်ကျွင်းလျန်က သူ့ကို လက်ဝေ့ယမ်းပြကာဖြင့် ထိုင်ရန်အမူအရာပြလာသည်။ ထန့်ယွင် သူ့ဘေးမှာဝင်ထိုင်လိုက်ပြီး ရွှယ်ကျွင်းလျန်ကမေး၏။


"စိတ်ထဲမှာ တစ်ခုခုရှိလို့လား"


ထန့်ယွင် ခဏမျှအေးခဲသွားကာ ပြန်ဖြေလိုက်သည်။

"မရှိပါဘူး "


ရွှယ်ကျွင်းလျန်က သူ့ကိုစလေ၏။


"ကျောက်လုရဲ့ကိစ္စနဲ့ပတ်သတ်ပြီး မင်းဒီကိုရောက်လာတာပဲဖြစ်ရမယ်...မဟုတ်ရင် အများအားဖြင့် တွေဝေ နေပြီး သတိမမူတတ်တဲ့ ထန့်ယင်းက ဘယ်လိုလုပ် ရုတ်တရက်ကြီး ကိုယ့်ကို ဂရုစိုက်ပြလာမှာလဲ"


ထန့်ယွင်က ဘာမှမပြောသည်ကို မြင်လျှင် သူမှန်ကြောင်းသိသွားပြီး ဆက်ပြောလိုက်သည်။

"ကိုယ်တို့ကြားမှာ *ခြုံပုတ်ကိုပတ်ရိုက်နေစရာမလိုပါဘူး...မင်းမှာ ပြောစရာတစ်ခုခုရင် ပြောသာပြောလိုက်ပါ"

(T/N–ဝေ့လည်ကြောင်ပတ်)


ထန့်ယွင်က ခေတ္တမျှ တုန့်ဆိုင်းနေပြီး နောက်ဆုံးတွင် သက်ပြင်းချကာဆိုလိုက်၏။


"ကျွန်တော်မျိုးရဲ့ကိစ္စနဲ့ပတ်သတ်တဲ့ အရာအားလုံးကို အရှင်မင်းကြီး သိပြီးသားဖြစ်မယ်လို့ထင်ပါတယ်...ကျွန်တော်မျိူး တကယ်ကျောက်လုအတွက်တောင်းပန်ပေးချင်ပေမဲ့ တစ်ချိန်ထဲမှာပဲ မတောင်းပန်ပေးချင်ပြန်ဘူး"


"မင်းလည်း သူကစိတ်ကုန်စရာကောင်းတယ်လို့ မြင်တာလား"


"အရှင်မင်းကြီး မှားပါတယ် "


ထန့်ယွင့်က ခေါင်းလှည့်ကာ ရွှယ်ကျွင်းလျန်ကို အပြုံးတစ်ပွင့်နှင့် စိုက်ကြည့်လိုက်သည်။


"တကယ်တမ်းကျတော့ ကျွန်တော်မျိုးက ဘုရင်တစ်ပါးမဟုတ်ဘူးလေ...ကျွန်တော်မျိူးရဲ့ဘဝထဲကနေ ဧကရာဇ်ရဲ့စိတ်နေစိတ်ထားကို နားမလည်နိုင်ဘူး...အရှင်မင်းကြီးမှာလည်း အခက်အခဲတွေအများကြီးရှိတယ်...ဒါကို ကျွန်တော်မျိုး နားလည်ပါတယ်...ဒါပေမဲ့ ကျွန်တော်မျိုး ကျောက်လုရဲ့စိတ်ကို ပိုနားလည်နိုင်တယ်"


ရွှယ်ကျွင်းလျန်က ပြောလေ၏။


"အိုး...ဒါဆိုကျောက်လုဘာတွေးနေတာလဲ...ကိုယ့်ကို ဒေါသထွက်နေမှန်းရှင်းနေတာပဲလေ"


ထန့်ယွင်က ပြောသည်။


"သူ့မှာ တကယ်ကို ဒီအတွေးရှိပါတယ်...လွေ့ရွှယ်မှန်တယ်...ကျောက်လုကသေခြင်းတရားကို တောင်းဆိုနေတာပါ...ကျွန်တော်မျိူး ကျောက်လုရဲ့စိတ်ကို နားလည်တယ်လို့ပြောတာက...သူ့ရဲ့သေဖို့တောင်းဆိုနေတဲ့ ရည်ရွှယ်ချက်ကိုပါ"


ထိုစကားများကို ကြားသောအခါ ရွှယ်ကျွင်းလျန်၏ အာရုံကြောများပြေလျော့သွားပြီး လက်ဆန့်ကာဖြင့် ထန့်ယွင်၏လက်ကို အုပ်ကိုင်လျက် သူ့နှုတ်ခမ်းများဆီ ဆွဲယူကာ ညင်ညင်သာသာ နမ်းရှိုက်ပြီးနောက် ဆိုလိုက်၏။


"မင်းဒီလို စကားကိုပြောတဲ့အခါ ကိုယ်အရမ်းစိတ်မကောင်းဖြစ်ရတယ်"


ထန့်ယွင်က ပြုံးပြီးပြောလေသည်။


"ဒါပေမဲ့ ဒါက ကိုယ်တိုင်တွေ့ကြုံခံစားဖူးခဲ့တဲ့ဟာပဲလေ...အတိုက်အခံ သစ္စာတရားနဲ့မိသားစု ချစ်ခြင်းမေတ္တာ...ဒါတွေကို ထန့်ယွင် ဘယ်တော့မှာမေ့မှာမဟုတ်ဘူး"


နှစ်ဦးသားဟာ ယခင်ကထန့်ယွင်ဟူသောနာမည်ကို တစ်ခါမှထည့်မပြော့ခဲ့ဖူးကြပါဘဲ ယခုအကြိမ်တွင် သူက ပြောင်ပြောင်တင်းတင်းကြီး ထုတ်ပြောလာသဖြင့် ရွှယ်ကျွင်းလျန် ရုတ်ချည်း မတူညီတဲ့ ကမ္ဘာတစ်ခုကို ရောက်နေသလို ခံစားလိုက်ရ၏။


ရွှယ်ကျွင်းလျန် ခဏလောက် ဘယ်လိုပြောရမှန်းမသိဖြစ်သွားခဲ့သည်။ကိစ္စတွေအများကြီးက စက်ဝိုင်းတွေထဲမှာ ချာချာလည်နေ၏။ 


ထန့်ယွင်က ပြောလာသည်။


"ကျောက်လုက သစ္စာရှိတဲ့ လက်အောက်ငယ်သားပါ...အရှင်မင်းကြီးက သူ့ကို သတ်မှာမဟုတ်ပါဘူး...ပထမတော့ ကျွန်တော်မျိူး အရှင်မင်းကြီးကို ဖြောင့်ဖြသင့်မဖြောင့်ဖြသင့် စဥ်းစားနေခဲ့ပါတယ်...အရှင်မင်းကြီးက သူ့ကို မသတ်ဘူးဆိုရင်... ကျောက်လုဟာ  ဘာတစ်ခုမှ ပြောမပြချင်တဲ့အတွက် ဆင်းရဲဒုက္ခခံစားရမှာ မလွဲပါပဲ...အရှင်မင်းကြီးက သူ့ရဲ့ဖုန့်မင်အပေါ်ခံစားချက်တွေကို သေချာပေါက်  နားလည်မှာပါ"


"ဆိုတော့ နောက်ဆုံးမှာ မင်းက သူ့အတွက် ကြားဝင်တောင်းပန်ပေးတာပေါ့"


"ဒါက ကျွန်တော်မျိုးရဲ့တစ်ကိုယ်ကောင်းဆန်တဲ့ရည်ရွယ်ချက်ပါ"


ထန့်ယွင်က ဖြည်းဖြည်းချင်း ပြောလိုက်၏။


"ရိုးရိုးသားသားပြောရမယ်ဆိုရငိ...ကျွန်တော်မျိုး အရှင့်ကို သစ္စာရှိ အမှုထမ်းတွေကို သတ်တယ်ဆိုတဲ့ ဂုဏ်သတင်းကို ခေါင်းမခံစေချင်ဘူး...အဲ့တာက ကြားလို့မကောင်းဘူး...မြစ်တွေနဲ့တောင်တန်းတွေကို စောင့်ရှောက်ဖို့ဆိုတဲ့ အရှင့်ရဲ့ကြီးမားလှတဲ့ ရည်မှန်းချက်က နောက်ဆုံးပြေးပွဲဖြစ်ပြီးတော့ မကြာခင် ချီးမွမ်းထိုက်တဲ့ နိဂုံးတစ်ခုကို ရောက်ရှိသွားမှာပါ...ဒီနောက်ဆုံးအခိုက်အတန့်မှာ အရှင့်ရဲ့ကြိုးစားအားထုတ်မှုတွေကို ကိုယ်တိုင်ဖျက်ဆီးချင်တာပါလား...ကျွန်တော်မျိုးရဲ့စကားက အရှင့်ကို မပျော်မရွှင် မကျေမနပ်ဖြစ်စေတယ်ဆိုရင်တောင် ကျွန်တော်မျိူး ဒါကို ပြောရတဲ့အတွက် နောင်တမရပါဘူး"


မထင်မှတ်စွာပဲ သူ့အသံဆုံးသွားသည်နှင့် ရွှယ်ကျွင်းလျန်က ရုတ်တရက် ထရယ်ပြီး ပြောလေသည်။

"ကိုယ် မင်းကို ဘယ်လိုလုပ်အပြစ်ဖွဲ့နိုင်မှာလဲ"


သူက ထိုသို့​ပြောရင်း လက်လှမ်း၍ ထန့်ယွင်၏မေးစေ့ကို ဆုတ်ကိုင်ကာဖြင့် ငုံ့မိုးရင်း သူ(ယွင်) ၏နှုတ်ခမ်းထောင့်စွန်းများကို ညင်သာစွာ နမ်းရှိုက်လိုက်ပြီး ၎င်းနောက် သူ့နဖူးနှင့်ထန့်ယွင်နဖူးကို ပူးကပ်ကာဆိုလိုက်၏။


"မင်းက ကိုယ့်အပေါ်ကောင်းတယ်...ကိုယ်လည်းအဲဒါကို ကြားရတာပေါ့...ကိုယ်က ကျောက်လုကိုယ့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ရန်စခဲ့တာကိုပဲ ဒေါသထွက်တာပါ...ကိုယ်က တကယ်လူဆိုးကြီးနဲ့တူလို့လား..."


သူနှင့်နီးကပ်လွန်းနေပြီး ထန့်ယွင် အနည်းငယ် အဆင်မပြေဖြစ်နေသည်။ နှစ်ယောက်သား ဤကဲ့သိုအရာမျိုးတွေ လုပ်ဖူးသော်လည်း ထန့်ယွင်က အမြဲတမ်း အရေပါးသောသူဖြစ်ကာ ရွှယ်ကျွင်းလျန်နှင့် အလိုက်သင့်ဖြစ်ရန် လေ့ကျင့်မထားဖူးသည်ကြောင့် သူနောက်ကိုပြန်မှီလိုက်ပေမဲ့ နောက်မှာ လက်ရန်းတစ်ခုရှိနေသည့်အတွက် သူရှောင် မရတော့ပေ။


ရွှယ်ကျွင်းလျန်က နီးနီးကပ်ကပ်လိုက်ပါလာပြီး တစ်ဖက်လူအား ထိုင်ခုံလက်ရန်းတွင် မှီစေကာ 

ထန့်ယွင်၏လည်ပင်းကို နမ်းလိုက်ရင်း မရေမရာ အပြုံးတစ်ခုနှင့်ဆိုလေ၏။


"တခြားလူတစ်ယောက်အတွက် မေတ္တာရပ်ခံပေးတဲ့အခါမှာ စိတ်ရင်းနဲ့ဖြစ်ရမယ်မဟုတ်ဘူးလား...

ထန့်ယင်းက တောင်းဆိုနေမှတော့ ကိုယ်ကလည်း ကြင်နာမှုတချို့ပြပြီး လျော်ကြေးတောင်းရမယ်လေ ဟုတ်တယ်ဟုတ်...ဆိုတော့ မင်းကိုယ်တိုင်ချွတ်မလား...ကိုယ်ပဲ မင်းကိုကူချွတ်ပေးရမလား"


ရွှယ်ကျွင်းလျန်၏ ရိသဲ့သဲ့စကားကြောင့် ထန့်ယွင်၏မျက်နှာက အောင်အောင်မြင်မြင် နီရဲသွားပြီး ခေါင်းရှောင်ကာ ပြောလိုက်သည်။


"ကောင်းကင်ကလင်းထိန်နေဆဲပါ အရှင်မင်းကြီး... အရှင်....."


သူက ဤလှုပ်ရှားမှုဖြင့် ရွှယ်ကျွင်းလျန်၏အနမ်းကို ရှောင်တိမ်းလိုခြင်းဖြစ် သော်လည်း ကံမကောင်းစွာဖြင့် ယင်းက သူ၏အသားအရည်ကို တစ်ဖက်လူနှင့် ပို၍ ထိတွေ့မိစေရုံပဲဖြစ်သွားသယောင်ပင်။ 


ရွှယ်ကျွင်းလျန်က သူ၏အာဒံပန်းသီး(လည်ဇလုတ်)ကို ညင်သာစွာ စုပ်လိုက်ပြီး သူလျှာနှင့် လှည့်ပတ်လိုက်၏။ ထန့်ယွင်ဟာ အနှီကျီစယ်ခြင်းကို ခံနိုင်ရည်မရှိပါဘဲ ညည်းတွားမိလိုက်ပြီး သူ့ခန္ဓာကိုယ်က ပျော့ပြောင်းလာကာ အသက်ရူသံများကပို၍ပြင်းထန်လာခဲ့သည်။

149.2


ရွှယ်ကျွင်းလျန်က ထန့်ယွင်၏အထိအခိုက်မခံသောနေရာကို အချိန်အတော်ကြာကတည်းက သိရှိပြီးဖြစ်၏။ သဘာဝအတိုင်းပင် ထန့်ယွင်က ဤနေရာမှာ မတော်ပေ။ သူက ရိုးသားပြီး နာခံတတ်ရုံသာရှိသည်။ တစ်ခါတစ်ရံတွင် ရွှယ်ကျွင်းလျန် သည်းမခံနိုင်ဘဲ မျက်နှာအောက်ချပြီးတောင်းဆိုရတော့၏။


ထန့်ယွင်၏ရှေ့ပိုင်းက ရွှယ်ကျွင်းလျန်ဆီကနေ အဖြည်ခံထားရသော်လည်း အဝတ်အစားမချွတ်ရသေးပေ။ ရွှယ်ကျွင်းလျန်က တစ်ခါတစ်ရံ ထန့်ယွင်၏ ဗလာကျင်းအသားအရည်ကို နမ်းရှိုက်ပြီး တစ်ခါတစ်ရံတွင် ထန့်ယွင်၏နို့သီးခေါင်းများကို အဝတ်ပေါ်ကတဆင့်ကိုက်ခဲတတ်ကာ ယင်းက ထန့်ယွင်၏အသက်ရှူသံကို မတည်မငြိမ်ဖြစ်လာစေသည်။ သူ အမှတ်တမဲ့ဖြင့် စားပွဲပေါ်ကလျှောက်လွှာများကို ဆုပ်ကာ မြေကြီးပေါ်တိုက်ချမိလိုက်၏။ 


ရွှယ်ကျွင်းလျန်ကတော့ ဂရုမစိုက်ပါချေ။ ကြည့်ရသည်မှာ သူက အနွေးမဏ္ဍပ်ထဲမှာ တစ်ချီလောက်လုပ်ချင်နေဟန်ပင်။ ကံကောင်းစွာဖြင့် နဂါးသလွန်တော်က လုံလုံလောက်လောက် ကြီးမားနေခဲ့သည်။ ထန့်ယွင် အစွခံလိုက်ရပြီးထွက်ပြေးရန် မေ့သွားကာ ရွှယ်ကျွင်းလျန်ကို ပြန်တုံ့ပြန်မိချိန်မှာပင် ကျန်းယွီ၏အသံက ရုတ်တရက် တံခါးကိုဖြတ်ပြီး ထွက်ပေါ်လာ၏။


ကျန်းယွီက အသံမြင့်ကာ အော်ဟစ်လျှောက်တင်လိုက်သည်။


"အရှင်မင်းကြီး...နယ်စားမင်းဝမ်နျန်က အခစားဝင်ခွင့်တောင်းနေပါတယ်ဘုရား..."


အနွေးမဏ္ဍပ်က အသံလုံသဖြင့် အထဲကလူများမကြားမည် စိုးပြီး ကျန်းယွီက အကြိမ်ပေါင်းများစွာ အော်ဟစ်ခဲ့၏။


ရုတ်ချည်း အော်သံကြောင့် ထန့်ယွင် ထိတ်လန့်သွားခဲ့သည်။ ယခုတွင် သူဟာ စစ်မြေပြင်မှာ အကြိမ်ရေအများအပြား နေခဲ့ပြီးပြီဖြစ်ကာ သူ့ခန္ဓာကိုယ်က အရင်ကလောက် မပျော့ညံ့တော့ပေ။ ထိတ်လန့်တကြား သူလက်ဆန့်ကာ ရွှယ်ကျွင်းလျန်ကို တွန်းထုတ်လိုက်၏။ 


ရွှယ်ကျွင်းလျန် မမျှော်လင်ထားမိသဖြင့် သလွန်တော်နောက်မှီဖြင့် ဆောင့်မိသွားသော်လည်း သိပ်တော့မထိခိုက်ပေ။ အများဆုံးအနေဖြင့် ကိုယ့်သွားနှင့်ကိုယ် ကိုက်မိပြီး နှုတ်ခမ်းပေါက်သွားခြင်းသာဖြစ်လေသည်။


ရွှယ်ကျွင်းလျန် တရှူးရှူးတရှဲရှဲ ဖြင့် အလွန်အမင်းနာကျင်ယောင်ဆောင်ပြီး နှုတ်ခမ်းကို အုပ်လိုက်ရာ ထန့်ယွင်က သူနင်းကန်တွန်းထုတ်လိုက်ခြင်းကြောင့် ထိခိုက်သွားသည်ထင်မိသွား၏။


ရွှယ်ကျွင်းလျန်က သူ၏သွေးစို့နေသောနှုတ်ခမ်းကိုပြပြီး ပြုံးပြုံးရွှင်ရွှင်ဆိုလေသည်။

"ကိုယ့်ကို လျက်ပေးပါ့လား"


ထန့်ယွင် တစ်ဖက်လူ၏ပြုံးနေသော အမူအရာကိုကြည့်ပြီး သူ သေချာပေါက်  အကုန်လုံးအဆင်ပြေမည်ဖြစ်ကြောင်း သဘောပေါက်သွား၏။ သူ ထပ်ပြီး အလှည့်စားခံလိုက်ရပြန်ပြီ။ 

သူ ရွှယ်ကျွင်းလျန်ကို စိုက်ပဲစိုက်ကြည့်လိုက်ပြီး အလျင်စလို  သူ့အဝတ်အစားများကို သပ်ရပ်အောင်လုပ်လိုက်သည်။


ရွှယ်ဟုန်ယန်  အပြင်မှာအကြာကြီး စောင့်နေခဲ့ပြီး နောက်ဆုံးတွင် ကျန်းယွီက သူ့ကိုဝင်ရန် လမ်းပြလာသည်ကိုတွေ့လိုက်ရ၏။ သူ အနွေးမဏ္ဍပ်ထဲဝင်လိုက်သည်နှင့် ထန့်ယွင်လည်းရှိနေသည်ကို မြင်လိုက်ရပြီး ရွှယ်ကျွင်းလျန်က သူ့ကို မှုန်ကုပ်ကုပ်မျက်နှာဖြင့် ကြည့်နေသည်။ သူအချိန်မှားပြီး ရောက်လာသလို ရွှယ်ဟုန်ယန် ရုတ်ချည်းခံစားလိုက်ရ၏။ 


ရွှယ်ကျွင်းလျန်က ပြောလာသည်။


"ဟုန်ယန် ဘာလဲ...ဘာလို့ကုကိုတွေ့ဖို့ဒီလောက်စိတ်လောနေတာလဲ"

(T/N–ဘဲနဲ့ချစ်ကြည်နူးတစ်တီတူးနေတာကို ဝင်​နှောက်ယှက်လို့ ညီကို ကုလို့သုံးလိုက်တာ😆)


ရွှယ်ဟုန်ယန်က ထန့်ယွင်ကိုလှမ်းကြည့်ကာ အကူအညီတောင်းနေဟန်ရှိပြီး ၎င်းနောက်ဆိုလာ၏။


"အရှင်မင်းကြီး... လုရှစ်ချန်က အညံ့ခံဖို့ဆန္ဒရှိနေတယ်လို့ အခုလေးတင် အကျဥ်းတိုက်ထဲကနေ သတင်းထွက်လာပါတယ်"


"အိုး..."


ရွှယ်ကျွင်းလျန်က ရယ်လိုက်ပြီး အလွန်စိတ်ဝင်တစားရှိနေပုံရသည်။


"သူ့ဘက်က အ​ခြေအနေတွေကရော"


"ဘာအခြေအနေမှမရှိပါဘူးဘုရား"


"တကယ်ကို ဆန်းကြယ်တာပဲ...စာပေပညါရှင် လုရှစ်ချန်က အညံ့ခံဖို့ ဆန္ဒရှိပေမဲ့ ဘာအခြေအနေ(တောင်းဆိုချက်) မှမရှိဘူးပေါ့...ဒါက ကုကို တကယ်အံအားသင့်သွားစေတယ်"


သူက ရုတ်တရက် မေးလိုက်၏။

"သူ့ကို အညံ့ခံအောင်ဘယ်သူဖြောင့်ဖြတာလဲ"


ရွှယ်ဟုန်ယန်က ပြောသည်။

"အရှင်မင်းကြီးကို ဖြေကြားပါတယ်... ဗိုလ်ချုပ်ကျောက်ထုံပါ"


"ကျောက်ထုံ..."


ရွှယ်ကျွင်းလျန်က သံယောင်လိုက်လေ၏။ခဏအကြာတွင် သူကပြုးလိုက်သည်။သူ့ကို ကြည့်ရသည်မှ တစ်ခုခုကို နားလည်သွားဟန်ရှိသော်လည်း သူ့အမူအရာကို ချက်ချင်း  ပြန်ထိန်းလိုက်ပြီး​ပြော၏။


"ကျောက်ထုံက ဒီတစ်ခါ ချီးမြှောက်ထိုက်တဲ့ အကူအညီတွေပေးခဲ့တာပဲ...သူ့ကို ဆုလာဘ်တချို့ပေးလိုက်"


ရွှယ်ကျွင်းလျန်က ကျောက်ထုံ၏အညံ့ခံရန် စည်းရုံးသိမ်းသွင်းမှုကို သံသယမရှိပုံရပြီး ဘာမှထပ်မပြောပေ။ ထိုအစား ဧကရီတင်မြောက်ခြင်းအကြောင်းကိုသာ မေးပြီး ထန့်ရှန်ကို နောင်တွင် ထန့်ယွင်ကိုတွေ့ရအောင် နန်းတော်သို့ မကြာခဏ လာရန်ပြောခဲ့သည်။


ထန့်ရှန်ကို မည်သည့်ယာယီရာထူးမှမခန့်အပ်ထားသော်ငြား ရွှယ်ဟုန်ယန်က ဤရက်များတွင် ​မြို့တော်ကို ကာကွယ်ရန် အကောင်းဆုံးလုပ်ဆောင်ခဲ့၏။ မည်သို့ ထန့်ရှန်ကသူ့ကိုတစ်​ယောက်တည်း ထားခဲ့နိုင်ပါမည်နည်း။ သူက အကြံညဏ်အများအပြားပေးခဲ့ပြီး တရားဝင်ရာထူးတစ်ခုသာ မရှိခြင်းဖြစ်လေသည်။


သို့ရာတွင် ထန့်ရှန်က ရုံးတော်ကို မဝင်ချင်ပေ။ ရွှယ်ဟုန်ယန်ကလည်း သဘာဝအတိုင်း သူ့ကိုတွန်းအားမပေးပါချေ။ လက်ရှိအခြေအနေနှင့်ပင် အလွန်ကောင်းနေပြီဖြစ်၏။


.....

xxxxx