အပိုင်း ၁၅၀
Viewers 13k

Chapter 150


ထန့်ယွင်နှင့် စကားပြောပြီးနောက် ကျောက်ထုံ ချက်ချင်းအကျဥ်းတိုက်ဆီသို့အပြေးသွားခဲ့သည်။ သူ လုရှစ်ချန်ကို စကားထပ်ပြောကြည့်သောအခါ လုရှစ်ချန်က သဘာဝအတိုင်း အညံ့ခံရန် ငြင်းဆန်နေမြဲပင်။ ကျောက်ထုံက ပြောလိုက်၏။


"မင်းအညံ့ခံဖို့ ဆန္ဒရှိတယ်ဆိုရင် ဧကရာဇ်က ဖုန့်မင်ကိုလွှတ်ပေးလိမ့်မယ်"


လုရှစ်ချန်က သရော်လေသည်။


"ဗိုလ်ချုပ်က ကျွန်ုပ်ကို သုံးနှစ်သားကလေးထင်နေတာလား...ဒီလုက စာပေပညါရှင်တစ်ဦးဖြစ်ပေမဲ့ အရာရှိလောကမှာ တာဝန်ထမ်းဆောင်နေတာကြာလှပါပြီ...ဗိုလ်ချုပ်ရဲ့စကားတွေက ဘယ်လောက်ယုံကြည်းစရာကောင်းလို့လဲ...ဗိုလ်ချုပ်ကိုယ်ဗိုလ်ချုပ် ယုံကြည်မှာလားလို့ပြန်မေးကြည့်ပါ"


ကျောက်ထုံ သူ့အနေဖြင့်လည်း တကယ်ပဲမယုံကြည်သဖြင့် ပြောလိုက်ရ၏။


"နယ်စားမင်းထန့်နန်က ဖုန့်မင်နဲ့ဗိုလ်ချုပ်ကျောက်လုကို ကယ်တင်မယ်လို့ကတိပေးခဲ့တယ်...ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ ဒါ မင်းရဲ့ပြဿနာပါ...နယ်စားမင်းထန့်နန်က သူတို့နှစ်ယောက်ကို ကူညီနိုင်စွမ်းမရှိရင် မင်းနောင်တရလိမ့်မယ်...ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ရဲ့တာဝန်က ဒီအမှာစကားကို မင်းဆီယူလာပေးဖို့ပဲလေ"


"နယ်စားမင်းထန့်နန်"ဟူသော စကားကို ကြားရသောအခါ လုရှစ်ချန် အနည်းငယ် အံအားသင့်သွားခဲ့သည်။ သူ နယ်စားမင်းထန့်နန်၏နေအိမ်တော်မှာ အပိတ်လှောင်ခံထားရစဥ်က သူထန့်ယွင်ကို အကြိမ်ပေါင်းများစွာ မြင်ခဲ့ဖူး၏။ အဆက်အဆံများများစားစားမရှိခဲ့သော်ငြား သူထန့်ယွင်၏အမူအကျင့်ကို သဘောကျနေဆဲပင်။ ထို့အတွက် သူကပြောလိုက်သည်။


"မင်းကြီးကို တကယ် ကယ်နိုင်ရင် ငါအညံ့ခံပေးမယ်...ဒီလုကိုလှည့်စားရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီလုရဲ့အသက်က အဖိုးနည်းလှပါတယ်"


........


ကျောက်လုကို အကျဥ်းတိုက်ထဲမှာ အကျဥ်းချထား၏။ သူ့မှာ အဖေ၊အမေ၊အကို၊အမများမရှိပေ။ သဘာဝအတိုင်း သူ့မှာ သံယောဇဥ်တွယ်စရာမရှိပါချေ။ ဤစိုစွတ်နေသော အကျဥ်းခန်းထဲတွင် လေဝင်လေထွက်ရရန်လုပ်ထားသည့် ပြတင်းပေါက်မှလာသော အလင်းရောင်မှိန်မှိန်လေးသာရှိလေသည်။ ထို့အစား သူ့နှလုံးသားက အများကြီးပေါ့ပါးသွားသလိုခံစားရပြီး ဖိနှိပ်နေသောဝန်ထုပ်ဝန်ပိုးလည်းမရှိတော့ပေ။


ဘေးခန်းမှာ ပိတ်လှောင်ထားသူက အော်လည်းမအော် စကားလည်းမပြောသဖြင့် ဘယ်သူမှန်းသူ မသိပါချေ။ ထိုအစား နံရံကို ထုရိုက်သံ သို့မဟုတ် သံချိန်းကြိုးသံများသာ ကြားရ၏။ ကျောက်လုအစပိုင်းတွင် စိတ်ရှူပ်သော်ငြား နောက်ပိုင်းမှာ အသံကိုကျင့်သားရသွားပြီး စိတ်မရှုပ်တော့ပေ။ 


သူဟာ ကြမ်းပြင် ပေါ်မှာ လက်နှစ်ဖက်ကိုနောက်ပစ်ရင်း လဲလျောင်းနေခဲ့သည်။ ကြမ်းပြင်က အေးစက်ကာ အုံ့မှိုင်းနေပြီး ဤပတ်ဝန်းကျင်က အမှန်ကို အတိတ်ကအရာဟောင်း တွေကို ပြန်ပြောင်းတွေးရန် အသင့်တော်ဆုံးပင်။ ပျော်ရွှင်မှု၊ဝမ်းနည်းမှု၊ နာကျင်မှု၊ ပျော်ရွှင်ခဲ့သော မြင်ကွင်းများ၊ သူနှင့်ဖုန့်မင် ပထမဆုံးတွေ့ဆုံချိန်က အဖြစ်အပျက်များ၊ သူ့ဖုန်မင့်အပေါ်မှာ  ပထမဆုံးအကြိမ် သူ့ကိုယ်သူ အတင်းအကြပ်ဖိအားပေးစဥ်က မြင်ကွင်းများ၊ ဖုန့်မင်က သူ့ကိုအမျိုးသမီး အဝတ်အစားတွေဝတ်ရန် ချော့မော့စဥ်ကမြင်ကွင်းများ...


ကျောက်လု ကျောခင်းကာ လဲလျောင်းနေရင်း တဒုန်းဒုန်းနှင့် နံရံကို ထုရိုက်နေသောအသံများနှင့် သံချိန်ကြိုးသံတချွင်ချွင်ကို ကြားလိုက်ရပြီး မသိစိတ်ဖြင့် သူ မျက်ရည်များစီးကျလာကာ နားသယ်မွှေးများစိုရွှဲလာခဲ့၏။


ကျောက်လု သူ့တစ်ဘဝလုံးမငိုခဲ့ဖူးပါချေ။ သေခြင်းနှင်ရှင်ခြင်း အပိုင်းအခြားမှာလည်း မငိုခဲ့ဖူးသလို စစ်မြေပြင်ထက်ရှိ လူသေပတ်သည့် အဝတ်အစများ၌လည်းမငိုခဲ့ဖူးပေ။ မထင်မှတ်ထားစွာဖြင့် အရာရာတိုင်းကို အဆုံးအဖြတ်ပေးပြီးသောအခါတွင် သူမျက်လုံးတွေ ကျိမ်းစပ်မလာဘဲ နေနိုင်ဖို့ရာ မစွမ်းသာတော့ပါချေ။


အကျဥ်းတိုက် အစောင့်က ထမင်းလာပို့ပြီး လမ်းလျှောက်နေရင်း ဘေးခန်းကို လက်ညိုးထိုးကာ ပြုံးပြုံးရွှင်ရွှင်ဆိုလေ၏။


"ဒီလူက ဘယ်သူလဲ...ဘာလို့ ဒီလိုမျိုး ချုပ်နှောင်ထားခံရတာလဲ"


"အလိုလေး...အရူးတစ်ယောက်ပါကွာ...သူထွက်ပြေးသွား မှာစိုးလို့ ချိန်းကြိုးတွေခတ်ထားတာ...သူ့နာမည်က ဖုန့်ဘုရင်နဲ့တူတယ်လို့ပြောကြတယ်"


"ဖုန့်ဘုရင်...ဟ ကောင်းလိုက်တာ... ဒါပေမဲ့ အခုတော့ သူက အကျဥ်းသားတစ်ယောက်ဖြစ်နေပြီလေ"


ယင်းကို ကြားရာတွင် ကျောက်လု ထကာ သံတိုင်အကာအရံကို အပြင်းအထန်ဆောင့်ချလိုက်သည်။ ထမင်းခွက် မှောက်ကျသွားမှာ သူမစိုးရိမ်ပေ။ သူတစ်ဖက်ခန်းက လူကိုသာ ကြည့်ချင်ပါ၏။သို့ပေမဲ့ သံတံတိုင်းတွေက ကျဥ်းမြောင်း လွန်းလှသည်။ အဘယ်သို့ သူမြင်နိုင်ပါမည်နည်း။


ကျောက်လု ဖုန့်မင်ကိုအော်ခေါ်လိုက်မိချင်၏။ သူအကျဥ်းတိုက်ထဲရောက်နေသည်မှာ သုံးရက်ရှိနေပြီဖြစ်သော်လည်း သူတွေးနေသောသူက သူနှင့် နံရံတစ်ခုသာခြားမည်ဟု သူဘယ်တုန်းကမှ မထင်ခဲ့ဖူးချေ။


ကျောက်လု သူ့လက်သည်းများ လက်ဖဝါးထဲကို ထိုးစိုက်မိသည်အထိ သံတိုင်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး အကျဥ်းတိုက်တံခါးကို နှစ်ကြိမ်တိတိ တဂျုန်းဂျုန်းဆောင့်ချသည်။ အကျဥ်းတိုက်အစောင့်က ကျောက်လုတံခါးကို အရူးအမူးရိုက်ချိုးနေသည်ကိုကြည့်ပြီး အနားကပ်ပြီး မအော်ငေါက်ရဲသဖြင့်  ပက်ပက်စက်စက် ပြောလိုက်ရုံသာတတ်နိုင်လေ၏။


"မအေ*ိုး...စက်ဆုပ်ရွှံစရှာစရာကောင်းတဲ့ဗိုလ်ချုပ်ဖြစ်နေတာတောင် စိတ်ကြီးဝင် နေနိုင်သေးတယ်...ကောင်းကောင်းထိုင်စမ်း...မင်းက နှစ်ရက်ကြာရင် သေဒဏ်အပေးခံရမှာ...ဘာတွေရေးကြီးခွင်ကျယ်လုပ်နေတာလဲ"


ကျောက်လု သူ့နှလုံးသားထဲရှိ အထုံးကို မည်သို့ဖြေရှင်းရမလဲမသိတော့သလို ညှိိနှိုင်း၍လည်းမရတော့ပေ။ သူ"ဖုန့်မင်"ဟုသာ တိုးတိုးလေး ထပ်ခါထပ်ခါ ခေါ်နေရုံသာတတ်နိုင်၏။


ဘေးခန်းရှိ နံရံကိုထုရိုက်နေသောအသံက ရုတ်ချည်း ရပ်တန့်သွားကာ ခဏအကြာတိတ်ဆိတ်သွားပြီးနောက် ရှိူက်သံတိုးတိုးကို သူကြားလိုက်ရတော့သည်။


နှစ်ရက်အကြာတွင် ရွှယ်ကျွင်းလျန်က ဧကရီတစ်ပါး တင်မြှောက်လိုသည့်အတွက် လူတိုင်းကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့၏။သူက ကျောက်လု၏ ရိုင်းစိုင်းမှုကို အထူးတလည်ခွင့်လွှတ်ပေးပြီး အကျဥ်းတိုက်မှ လွှတ်ပေးခဲ့သည်။ ကျောက်ထုံက ကျောက်လုကို အကျဥ်းတိုက်ထဲကနေကိုယ်တိုင်သွားထုတ်ခဲ့၏။ 


ဘေးခန်းရှိ  အကျဥ်းသားက အမှန်တကယ် ဖုန့်မင် ဟုတ်မဟုတ် ကျောက်လုကြည့်လိုသော်လည်း ဘေးဘက်အကျဥ်းခန်းက ဗလာဖြစ်နေပြီးလေပြီ။


နှစ်ရက်အကြာတွင် ကျောက်လုက နှုတ်ထွက်ရန် တောင်းဆိုသည့် စာတစ်စောင်ကို ရေးပြီး သူ့ဇာတိမြို့ကိုပြန်သွာခဲ့သည်။ ရွှယ်ကျွင်းလျန်က သူ့ကိုခက်ခဲအောင်မလုပ်ပေ။ နှုတ်ထွက်စာကို လက်ခံပေးပြီး သူ့ကိုရွှေအမြောက်အများချီးမြင့်ခဲ့၏။


ချန်ယီက သူ၏စာပေစွမ်းရည်ကောင်းမွန်မှုကြောင့်  တော်ဝင်အမိန့်ပြန်တမ်းကို ရေးသားရန် တာဝန်ယူရလေသည်။ အခမ်းအနား ကျင်းပမည့်ရက်ကိုရွေးချယ်ခဲ့၏။ မနက်ခင်းညီလာခံတွင် ရွှယ်ကျွင်းလျန်က တစ်စုံတစ်ယောက်ကို တော်ဝင်အမိန့်တော် အား ဖတ်ကြားစေပြီး ထန့်ယွင်ကို ဧကရီတင်မြှောက်သည့်ကိစ္စကို ကမ္ဘာသိအောင်ထုတ်ပြန်ခဲ့သည်။


မှတ်တမ်းတင်ခြင်းအခမ်းအနားက သေချာပေါက်လိုအပ်ပေ၏။ရွှယ်ကျွင်းလျန်က ရိုးရိုးရှင်းရှင်း မလုပ်ချင်ပေ။ သူထန့်ယွင်ကို အလွန်အင်မတန် တန်ဖိုးထားကြောင်း လူတိုင်းကိုသိစေချင်သည်။ ထိုမှသာ ဘယ်သူမှ ထန့်ယွင်ကို လျစ်လျူမရှုရဲမှာဖြစ်၏။


မှတ်တမ်းတင်ခြင်းအခမ်းအနားတွင် 

ရွှယ်ကျွင်းလျန်က ဖီးနစ်တံဆိပ်ပြားကို ပေးအပ်ပြီး လူတွေအား တော်ဝင်အမိန့်ပြန်တမ်းကို ဖတ်ကြားခိုင်းသည်။ ထို့နောက် ဝန်မင်းအရာမင်း တွေအကုန်လုံးက ချီးကျူးဂုဏ်ပြုကြကာ ဒူးထောက်၍ ကောင်းကင်နှင့်မြေကြီးကို ဂါရဝပြုပြီးနောက် ထန့်ယွင်၏ဂုဏ်ပုဒ်က ဘိုးဘေးဗိမာန်၏ကျောက်စိမ်းပြားတွင် ဧကရီအဖြစ်တရားဝင်ပြောင်းလဲခဲ့လေသည်။

150.2


မှတ်တမ်းတင်ပြီးနောက် အခမ်းအနားတစ်ခုရှိ၏။ ရွှယ်ကျွင်းလျန်က ထန့်ယွင်အတွက် သေသေချာချာ ပြင်ဆင်ပေးခဲ့သည်။ အရာရာတိုင်းက မရှိမဖြစ်လိုအပ်သည့်အရာများဖြစ်ပြီး ထူးကဲကောင်းမွန်နေ၏။ ထန့်ယွင်လည်း သဘာဝအတိုင်း ရင်ခုန်နေခဲ့သည်။


အရာရှိတွေအကုန်လုံး အခမ်းအနားသို့တက်ရောက်လာကြ၏။ ရွှယ်ကျွင်းလျန်က စိတ်ကောင်းဝင်နေပြီး ဝိုင်အများအပြားသောက်ခဲ့သည်။ ဝိုင်သုံးပြန်သောက်ပြီးနောက် ကျန်းယွီရောက်လာပြီး ရွှယ်ကျွင်းလျန်ကို တစ်စုံတစ်ခုပြော၏။ ရွှယ်ကျွင်းလျန် ပထမတော့ မျက်မှောင်ကြုတ်သွားသော်လည်း ၎င်းနောက် ပြုံးကာ ကျန်းယွီကို လက်ယပ်ပြလိုက်သည်။


ထိုအချိန်တွင် ထန့်ယွင်က အနည်းငယ်ပျာယာခတ်နေပြီး သောက်ထား၍မဟုတ်ပါဘဲ ကျန်းယွီက ရွှယ်ကျွင်းလျန်ကို သတင်းသွားပို့မှာမှန်း သိသောကြောင့်ဖြစ်၏။

ဧကရာဇ်က ဤသို့တုံ့ပြန်မည်ဟု ကျန်းယွိမမျှော်လင့်ထားခဲ့ပေ။ အဆုံးမတော့ ဤကိစ္စကအသေးအဖွဲကိစ္စမဟုတ်သဖြင့် ရွှယ်ဝမ့်ကိုဒေါသထွက်စေမည်ဟုသူထင်ခဲ့သည်။


ရွှယ်ကျွင်းလျန်က မျက်လုံးများကို မှေးကျဥ်းကာ ပြုံးလိုက်၏။ သူ့ကြည့်ရသည်မှာ  မူးနေဟန်ပင်။ သူနှင့်ထန်ယွင် မျက်လုံးချင်းဆုံသွားသည်။ 

ထန့်ယွင် တုန်ရီသွားပြီး အပြစ်ရှိစိတ်ဖြင့် လှည့်ပြေး မိသည်။


ရွှယ်ကျွင်းလျန်က မတ်တပ်ထရပ်ပြီးပြော၏။


"ကု နည်းနည်းမူးနေတယ်...ကုနဲ့အတူတူလမ်းလျှောက်ထွက်ရအောင်"


ထန့်ယွင်က ခေါင်းညိတ်လိုက်သော်လည်း ရွှယ်ကျွင်းလျန်က ကျန်းယွီကို ရထားလုံးတစ်စီးနှင့် မြင်းတွေပြင်ခိုင်းလေသည်။ ကျန်းယွီ ထိတ်လန့်သွား၏။ မှောင်နေပြီဖြစ်ကာ နန်းတော်ဂိတ်တံခါးတွေ ပိတ်ချိန်ရောက်ပြီးနေလေပြီ။


ရွှယ်ကျွင်းလျန်နှင့်ထန့်ယွင် ရထားလုံးထဲကိုဝင်လိုက်ကြသည်။ ရွှယ်ကျွင်းလျန်က မြောက်ဘက်မြို့တံခါးမောင်းရန်ပြောလိုက်၏။ သူတို့ မြို့တံခါးဆီကို ရောက်သွားသောအခါ ရွှယ်ကျွင်းလျန်က ထန့်ယွင်ကို ရထားလုံးထဲကနေ ကူချပေးပြီး 

မြို့တံခါးက မျှော်စင်ဆီကို အတူတူတက်ကြသည်။ မြို့တော်မျှော်စင်က အလွန်မြင့်မားပြီး တောက်ပနေသော မီးရှူးမီးတိုင်များထွန်းညှိထား၏။အောက်ရှိ မြို့တွင်းက လှုပ်ရှားမှုတိုင်းကိုမြင်နိုင်လေသည်။ ရထားလုံးတစ်စီးက မြို့ထဲကနေထွက်ပြီး အပြင်ကိုသွားနေ၏။ ယခုအချိန်တွင် ဘယ်သူမှ မြို့တံခါးကနေမဝင်နိုင်မထွက်နိုင်သည်က အကောင်းဆုံးပင်။ 


ရွှယ်ကျွင်းလျန် ထွက်ခွာသွားသည့်ရထားလုံးကိုကြည့်ပြီး ရုတ်တရက် ထရယ်ကာ သူ့အပေါ်ရုံကိုချွတ်၍ ထန့်ယွင်ကိုခြုံပေးလျက် ဆိုသည်။


"ညလေကပြင်းတယ်...အေးနေလား"


ထန့်ယွင်က ခေါင်းခါပြပြီး သူလည်းပဲအဝေးကိုငေးကြည့်နေပုံရ၏။ ရထားလုံးကမမြင်ရတော့သည်တွင် သူစိတ်သက်သာရာရသွားသည်။


ရွှယ်ကျွင်းလျန်က ရယ်မောလိုက်သည်။


"တစ်ခုခုအမှားလုပ်ထားလို့ စိတ်လှုပ်ရှားနေတာလား"


ထန့်ယွင် နှုတ်ခမ်းကိုက်ကာ ဆိုလိုက်၏။


"ကျွန်တော်မျိုး အရှင်မင်းကြီး ဆီကနေအပြစ်ပေးခံဖို့ဆန္ဒရှိပါတယ်"


ရွှယ်ကျွင်းလျန်က သူ့နောက်မှာအစောင့်တွေအများကြီးရပ်နေခြင်းကြောင့် ဝေးဝေးလံလံ မပြောဘဲ သူ့လက်ကိုဆုပ်ကိုင်ပြီး သက်ပြင်းချလိုက်သည်။


"ကိုယ်မင်းကို အပြစ်ပေးမှာမဟုတ်ဘူး...ကိုယ်ဘယ်လိုလုပ် ဆန္ဒရှိပါ့မလဲ"


သူက ထပ်ဖြည့်ပြော၏။


"ကိုယ်အမှန်တိုင်းပြောနေတာ"


ထန့်ယွင်က ဘာမှပြန်မပြောပေ။ ရွှယ်ကျွင်းလျန် သူ့ဝတ်ရုံလက်ထဲက တစ်စုံတစ်ခုကို ထုတ်ယူလိုက်ပြီး ထိုဟာကို မီးရှူးမီးတိုင်များ၏အလင်းရောင်ကြောင့် ထန့်ယွင်မြင်လိုက်ရကာ တုန်လှုပ်အံ့ဩသွားခဲ့၏။ 


ဖုန့်မင်ကို ကယ်တင်ရန်အလို့ငှာ ကျောက်လုက အသက်စွန့်ကာ မင်မြစ်ကိုသွားခဲ့ပြီး သူ၏တံဆိပ်ပြားလေးကိုပျောက်သွားကြောင်း လွေ့ရွှယ်ကတစ်ခါပြောခဲ့ဖူးသည်။


လက်ရှိအချိန် ရွှယ်ကျွင်းလျန်၏လက်ထဲတွင် ကိုင်ထားသည့်အရာကား ထိုပျောက်သွားသော တံဆိပ်ပြားငယ်လေးပင်။


ရွှယ်ကျွင်းလျန်က ပြောလာ၏။


"ကိုယ်မလုပ်နိုင်တဲ့အရာတွေ အများကြီးရှိတယ်...

အဲ့ဒါက ကိုယ်က လျစ်လျူရှုထားလိုမကြင်နာတတ်လို့မဟုတ်ဘူး...ဒါပေမဲ့ ကိုယ်မင်းကို တွေ့ပြီးကတည်းက ကိုယ်ဆက်ပြီးအသဲမမာနိုင်တော့ဘူး..."


သူက ထိုသို့ပြောရင်း သူ့လက်ထဲက တံဆိပ်ပြားငယ်ကို လွှဲဆကာ အားပြင်းပြင်းဖြင့် မြို့တော်မျှော်စင်ထက်ကနေပစ်ချလိုက်လေသည်။ ညလေပြင်းတွေတိုက်ခတ်နေသဖြင့် တံဆိပ်ပြားငယ်လေးဟာ အမှောင်ထုထဲမှာပျောက်ကွယ်သွားပြီး ရှာမတွေ့နိုင်တော့ပေ။


ထန့်ယွင်က ရွှယ်ကျွင်းလျန်ကို ကြည့်ကာ ရယ်သည်။

"ဒါဆို အရှင်မင်းကြီးက သိပြီးသားပဲ"


ရွှယ်ကျွင်းလျန်က ထန့်ယွင်နှာတံလေးကို လှမ်းကုတ်ကာ ပြုံးပြုံးရွှင်ရွှင် ဆိုလိုက်၏။

"မင်းက စိတ်နှလုံးနူးညံ့ပြီး သူတို့ကိုလွှတ်ပေးလိုက်မှာမှန်းလည်း ကိုယ်သိပါတယ်နော်"


သူက သက်ပြင်းချကာ ပြောလိုက်သည်။

"သူတို့ကိုလွှတ်ပေးတာက အဆင်ပြေပါတယ်...

ဒီလွန်ခဲ့တဲ့အကျဥ်းတိုက်ထဲက နေရက်တွေမှာ သူတို့ အနာဂတ်အကြောင်းကို ရှင်းရှင်းလင်းလင်း တွေးတောပြီးမယ်လို့ ကိုယ်ယုံကြည်တယ်"


ထန့်ယွင်၏လက်က ရွှယ်ကျွင်းလျန်၏ဆုပ်ကိုင်ခြင်းကို ခံထားရပြီး သူကလည်း ရွှယ်ကျွင်းလျန်ကို ပြန်ဆုပ်ကိုင်လိုက်ကာ ပြောလိုက်၏။

"ပြန်ကြရအောင်...ဒီမှာအေးလွန်းတယ်"


ရွှယ်ကျွင်းလျန်က အမျိုးသားတစ်ယောက်ကို သူ့ဧကရီအဖြစ် ခန့်အပ်ကြောင်းး လူတွေကြားရသောအခါ ညှို့ယူဖမ်းစားတတ်သော ရုပ်ရည်၏ကပ်ဘေးတစ်ခုဟု သူတို့ထင်ခဲ့ကြသော်လည်း အမှန်တွင်ကား ရုပ်အဆင်းမလှသော ဗိုလ်ချုပ်တစ်ဦးဖြစ်နေလေသည်။


ယင်းက အမျိူးသားဧကရီပေါ်ရှိ လူတွေ၏အမြင်ကို အနည်းငယ်ပြောင်းလဲသွားစေပြီး အမျိုးသားဧကရီဟာ ယခင် နယ်စားမင်းထန့်နန့်နှင့် မဟာစစ်သူကြီးဖြစ်ခဲ့ကြောင်း ကောလဟာလများ တဖြည်းဖြည်း ထွက်ပေါ်လာခဲ့၏။ အချိန်တိုလေးအတွင်းမှာပင် ​တိုင်းသူပြည်သားများအကြားရှိ ထန့်ယွင်၏ဂုဏ်သတင်းက များစွာပြောင်းလဲသွားခဲ့သည်။


ညစာစားပြီးနောက်တွင် ဘုံခေါင်းစဥ်တစ်ခုအဖြစ် မကြာခဏထည့်ပြောခြင်းခံရသော်လည်း

စကားဝိုင်းဟာ အမြဲတစေ လေးစားသမှုနှင့်ပြောဆို ကြခြင်းဖြစ်လေ၏။


ရွှယ်တိုင်းပြည်မှာ မကြာခဏ စိတ်ဝင်တစားပြောဆိုလေ့ရှိ​ကြသည့် အမျိုးသားဧကရီတစ်ပါးရှိသည်။ 


ပြည်သူများအကြားတွင် တစ်ခါက နယ်လှည့်ဗေဒင်ဆရာတစ်ဦး ဟောကြားခဲ့သည့် ဧကရီက ယောကျာ်းတစ်ယောက်ဖြစ်သော်လည်း တိုင်းပြည်၏ငြိမ်းချမ်းရေးကို နှစ်ရာချီတိုင်အောင် စိတ်ချစေခဲ့ပြီး နယ်မြေကို ကာကွယ်စရာမလိုပါဘဲ တိုင်းပြည်ကိုလုံခြုံဘေးကင်းစေခဲ့သည်ဟူသော ဆိုရိုးစကားပင်ရှိလေသည်။ 


နောက်ပိုင်းတွင် ရွှယ်ဝမ်က ယွင်ဖုန့်နန်းဆောင်၏ နာမည်ကိုပြောင်းလဲခဲ့ပြီး ကမ္ဗည်းစာကို အမျိုးသားဧကရီက ရေးသားခဲ့ကာ ထန့်ယွင်နန်းဆောင်ဟု ခေါ်တွင်စေခဲ့၏။


xxxxx