Chapter 152
ပင်မအခန်းထဲရှိ မီးများက ထွန်းညှိထားပြီး တစ်ယောက်ယောက် အထဲမှာရှိနေဟန်ပင်။ ဖုန့်မင် ဝင်သွားချင်သော်လည်း ယောကျာ်းတစ်ယောက်၏စကားပြောသံကိုသူကြားလိုက်ရ၏။
"ဘာလို့ပြန်လာတာလဲ...စစ်တပ်ကလမ်းမှာပဲရှိသေးတယ်လို့ မင်းပြောခဲ့တာမဟုတ်ဘူးလား"
ဤအသံက သိသိသာသာကို လုရှစ်ချန်၏အသံဖြစ်ပြီး တစ်နှစ်ကျော်ကြာသည့်တိုင် မပြောင်းလဲသွားပါချေ။
တခြားယောကျာ်းတစ်ယောက်၏အသံက စိတ်ထိခိုက်ဟန်ဖြင့်ပြောလေသည်။
"ဟမ့်...ဘာလို့ပြန်လာတာလဲ ဟုတ်လား...မင်းကို နှောက်ယှက်မိတဲ့အတွက် ကျုပ်တကယ်စိတ်မကောင်းပါဘူး...ကြည့်ရတာ ပင်မတပ်တော်ကို နောက်မှာချန်ထားခဲ့ပြီး အလောတကြီး အရင်ပြန်လာခဲ့ရတာက ကျုပ်အတွက် အချိန်ဖြုန်းမိသလိုပဲထင်ပါရဲ့"
ထိုယောကျာ်း၏အသံက သိပ်ပြီးမရင်းနှီးသဖြင့် ဖုန့်မင် ချက်ချင်း မမှတ်မိနိုင်ဖြစ်နေ၏။
လုရှစ်ချန်၏အသံက ပြောသည်။
"အရင်ပြန်လာတာလား...စစ်တပ်က လမ်းမှာအ အထိအခိုက်အပျက်အစီး တစ်ခုခုဖြစ်ရင်ဘယ်လိုလုပ်မလဲ...မင်းက ဂရုမဲ့လွန်းတယ်"
"မင်း..."
တခြားအသံက လုရှစ်ချန်ကို စိတ်ဆိုးနေပုံရပြီးပြော၏။
"တကယ်လား လုရှစ်ချန်... ကျုပ်ကအခု ပြန်မသွားနိုင်ဘူး...မင်း ကျုပ်ကို အတင်းထွက်သွားခိုင်းစရာမလိုဘူး...ဘယ်လောက်တောင် ရက်စက်ပြီးသွေးအေးတဲ့ကောင်လဲ...ကျုပ်မင်းကို မကယ်သင့်မှန်း စောစောကတည်းကသိတယ်..မင်းကို အကျဥ်းတိုက်ထဲမှာ သေအောင်ပစ်ထားလိုက်ရမှာ...
လူယုတ်မာ...မင်းရဲ့ *ပန်းပွင့်ဝိုင်ကိုပဲသွားသောက်နေလိုက်"
(E\T–ဒီအသုံးက ဆောင်ကြာမြိုင်မှာသွားသောက်တာ ဒါမှမဟုတ် ပြည့်တန်ဆာခေါ်တာပါတဲ့)
"အကျဥ်းတိုက်"ဟူသော စကားကိုကြားသောအခါ ပြောနေသူက သေချာပေါက် ကျောက်ထုံဖြစ်ကြောင်း ဖုန့်မင် တန်းပြီးတွေးမိလိုက်၏။
ကျောက်ထုံက တရားဝင်ရာထူးတစ်ခု အတိုးမြင့်ခံရပြီး နန်းမြို့တော်၏ ကာကွယ်ရေးတပ်ဖြန့်မှုကို တာဝန်ယူနေပြီဖြစ်သည်။ နယ်စပ်ဒေသမှာ ညဘက်တိုက်ခိုက်မှုများလုပ်နေသော လူရမ်းကားများရှိနေသည့်အတွက် ရွှယ်ဝမ်က ကျောက်ထုံကို ထိုနေရာသို့စေလွှတ်လိုက်ခြင်းဖြစ်၏။ လအနည်းငယ်အတွင်းမှာပင် ကျောက်ထုံက ယင်းလူရမ်းကားများကို အရှက်တကွဲအကျိုးနဲ ထွက်ပြေးရသည်အထိ နိမ်နင်းခဲ့သည်။
ကျောက်ထုံ၏စစ်တပ်က မြို့တော်ကို ပြန်လာနေပြီဖြစ်၏။ သို့ပေမဲ့ ဤလူက တစ်ယောက်တည်း အရင်ပြန်ပြေးလာမည်ဟုလုရှစ်ချန် မမျှော်လင့်ထားပေ။
လုရှစ်ချန်၏အသံက ပြောလိုက်သည်။
"အဲ့လိုမဟုတ်ပါဘူး...အိုက်ရား..."
သူက သက်ပြင်းချ၏။ သူ့ကြည့်ရသည်မှာ မည်သို့ရှင်းပြရမှန်း သိသည့်ဟန်မရှိပေ။
"အဲ့ဒီနေရာက ပန်းပွင့်ဝိုင်သောက်တဲ့နေရာလို့ ငါမထင်မိခဲ့ဘူး"
ကျောက်ထုံက သရော်လိုက်သည်။
"ဘယ်လိုပြင်ရပါ့မလဲ...သခင်လုက အရွှယ်ရောက်နေတဲ့ ယောကျာ်းတစ်ယောက်ပါ...ဆောင်ကြာမြိုင်တွေက ဘယ်လိုပုံစံလဲမသိဘူးပေါ့...ပြည့်တန်ဆာတွေက ဘယ်လိုပုံစံဆိုတာမသိဘူးပေါ့...ဘယ်နေရာမှာဆို အိပ်ရာထဲဆွဲအခေါ်ခံရမှန်းတောင်မသိဘူးပေါ့"
"ငါ...ငါ အဲ့ဒါကို အရင်ကတကယ်မသိခဲ့တာ..."
ကျောက်ထုံ နှုတ်ဆိတ်သွား၏။ လုရှစ်ချန်၏ အသံကထပ်ပေါ်လာသည်။
"ဒီတစ်ခါ ငါတကယ်မှားသွားပါတယ်...ဒီတစ်ကြိမ်တော့ ငါ့ကိုယုံပေးပါ...ဒီလိုမျိုး နောက်တစ်ခါ ငါလျှောက်မလုပ်တော့ပါဘူး"
"ဒီလူကြီးမင်းကျောက်က လူကြီးမင်းလုရဲ့ကိစ္စကို အခု ဘာတစ်ခုမှပြောမှာမဟုတ်ပါဘူး...ကျုပ်က စစ်တပ်ကိုအခုပြန်မှာ...လူကြီးမင်းရဲ့ ညွှန်ကြားချက်အတွက်ကျေးဇူးတင်ပါတယ်"
ဖုန့်မင် ခြေသံပြင်းပြင်းတစ်ချက်ကြားလိုက်ရသဖြင့် ကျောက်ထုံ အခန်းထဲကထွက်သွားတော့မည်ဟု ထင်ပြီး အမိုးပေါ်ပြေးတက်လိုက်၏။ သို့ပေမဲ့ တံခါးဖွင့်သံမကြားရဘဲ ယင်းအစား ခွက်တစ်လုံးမှောက်သွားသည့်အသံကိုသာကြားလိုက်ပြီး ၎င်းနောက်တွင် နူးညံ့သော အသံတစ်ခုကကပ်ပါလာသည်။
ကျောက်ထုံက စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီး လုရှစ်ချန်က စာပေဝန်မင်းတစ်ယောက်ဖြစ်၏။ သဘာဝအတိုင်းပင် ဤနူးညံ့သည့်အသံက လုရှစ်ချန်ဆီကထွက်လာသည်ဟု ဖုန့်မင်ထင်လိုက်သည်။ ခေါင်မိုးပေါ်က အုတ်ကြွပ်ပြားနှစ်ချပ်ကို ဖယ်လိုက်ပြီးနောက် ခဏတွင်းချင်းပင် သူ ကြက်သေသေသွားခဲ့၏။ သူအောက်ရှိ မြင်ကွင်းကို မြင်လိုက်ရာတွင် ဤကဲ့သို့ဖြစ်နေ မည်ဟု ဖုန့်မင်တစ်ခါမှ မျှော်လင့်မထားခဲ့ပေ။
လုရှစ်ချန်က ကျောက်ထုံကို နံရံပေါ်မှာဖိထားလျက်ရှိနေပြီး နှစ်ယောက်သားနမ်းနေပုံရသည်။
လုရှစ်ချန်က ကျောက်ထုံ၏ခါးပတ်ကို ချွတ်လိုက်သော်လည်း ကျောက်ထုံက မခုခံပေ။ လုရှစ်ချန်က ပင်သက့်တစ်ချက်ရှိုက်လိုက်ပြီး ကျောက်ထုံ တင်းမာသောအသံဖြင့်ပြောလေ၏။
"နောက်တစ်ခါ မင်း မသွားသင့်တဲ့နေရာကို သွားတာကျုပ်တွေ့ရင်...ကျုပ် မင်းရဲ့လျှာကို ကိုက်ဖြတ်ပစ်မယ်"
လုရှစ်ချန်က ပြုံးပြုံးရွှင်ရွှင် ပြောလိုက်သည်။
"ကောင်းပြီ...ဒါပေမဲ့ ဗိုလ်ချုပ်ကျောက်ရဲ့ဆုံးဖြတ်ချက်အပေါ်မှာမူတည်တယ်"
ဖုန့်မင် အံ့ဩလွန်း၍ ကြက်သေသေနေမိသည့်အချိန်တွင် အောက်ကလူနှစ်ယောက်က အသံရှူသံတွေမြန်လာနေပြီဖြစ်၏။ ပထအဆုံးအကြိမ်အဖြစ် ဖုန့်မင် သူ၏ကိုယ်ခံပညာစွမ်းရည်ကို မုန်းတီးမိသွားသည်။ သူ အနှီမသဲမကွဲအသံများကို မကြားချင်ပါသော်လည်း ပြတ်ပြတ်သားသားကြားနေရ၏။ ကျောက်လုနှင့် အတူတူနေထိုင်ခဲ့သော်ငြား ကျောက်လုကသူ့ကို မထိသည်မှာတစ်နှစ်ကျော်ကြာပြီဖြစ်သည်။ယခု ဤမြင်ကွင်းကိုမြင်လိုက်ရသည်တွင် သူ့မျက်နှာထက်တွင် သွေးရောင်သန်းကာ နီရဲလာ၏။
အခုလေးတင် သူမျက်မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် ရှော့ရပြီး ငေးကြောင်ကြည့်နေမိကာ အုတ်ကြွပ်ပြားကိုပြန်ထည့်ရန် မေ့သွားခဲ့သည်။ သူ အာရုံထွေပြားနေစဥ်မှာပင် တစ်ယောက်ယောက်က သူ့ပါးစပ်ကိုလာအုပ်လေ၏။ သူပုခုံးနိမ့်ကာ တံတောင်ဆစ်မြှောက်လိုက်တော့မည်အချိန်မှာ ထိုလူက သူ့ပခုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လာသဖြင့် သူဘာတစ်ခုမလုပ်နိုင်တော့ဘဲ အင်အားမဲ့စွာဖြင့် လက်ကိုတွဲလောင်းချထားရုံသာ တတ်နိုင်တော့သည်။
ထိုလူက သူ့ကိုပွေ့ဖက်လာခဲ့ပြီး ဖုန့်မင် သူ့ရင်ဘက်ကိုမှီမိသွားသဖြင့် ချက်ချင်း တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့ကာ အပြင်းအထန်ရုန်းကန်လိုက်၏။ ထိုလူက ခေါင်းငုံ့လာပြီး သူ့လက်ကိုဖယ်မပေးပါဘဲ "တိုးတိုးနေ"တီးတိုးပြောလေသည်။ထို့နောက် ထိုလူက ဖုန့်မင်ကို ခေါင်မိုးပေါ်ကနေချလိုက်၏။
ထိုလူ၏အငွေ့အသက်က ဖုန့်မင်နှင့်လုံးဝဥဿုံရင်းနှီးကျွမ်းဝင်နေခဲ့ပြီး ယင်းက အတိအကျကိုကျောက်ထုံပါပင်။
152.2
ကျောက်လုက ဖုန့်မင်ကို အခန်းလွတ်တစ်ခုထဲခေါ်သွားခဲ့သည်။ တစ်နှစ်ပတ်လုံး ဤအခန်းထဲမှာ ဘယ်သူမှနေထိုင်ထားပုံမရပေ။ အေးစက်နေပြီး မီးများလည်းမရှိပါဘဲ မှောင်မဲနေခဲ့၏။
ကျောက်လုက ဖုန့်မင်ကိုပွေ့ဖက်လိုက်ပြီး တစ်စုံတစ်ခုပြောချင်ဟန်ရှိသော်လည်း ဘာတစ်ခုမှပြောမလာပါချေ။
ပထမတော့ ဖုန့်မင် ဆက်ပြီးရုန်းကန်နေခဲ့သော်လည်း နောက်ပိုင်းတွင် တစ်ဖက်လူကသူ့ကို ဆက်တိုက်ဆိုသလို တင်းတင်းကြပ်ကြပ် ဖက်ထားသဖြင့် သူမောလာသည်။ သူ့ကို ကြည့်ရသည်မှာ အရှုံးပေးလိုက်ဟန်ရှိပြီး လူတွေကို စားတော့မည့်အတိုင်းဟောဟဲလိုက်နေလျက် ကျောက်ထုံကို သူ့အားဖက်ခွင့်ပြုထားလေ၏။
နှစ်ယောက်သား ခဏလောက် ပွေ့ဖက်လျက်သား မတ်တပ်ရပ်နေပြီးမှ ကျောက်ထုံက နူးညံ့စွာမေးလေ သည်။
"တစ်ခုခုကို... အမှတ်ရခဲ့တာလား"
ဖုန့်မင်၏ တစ်ကိုယ်လုံးတောင့်တင်းသွားပြီး
ကျောက်လု၏ပခုံးကို အသားပြတ်ထွက်အောင် ကိုက်ပစ်ချင်သလိုမျိုး ပြင်းပြင်းထန်ထန်ကိုက်ချလိုက်၏။ ကိုက်နေရင်းပင် သူဟာ စပြီး ငိုရှိုက်လာခဲ့သည်။ ကျောက်လုက အသံတစ်ချက်မှ မထွက်ဘဲ သူ့အား နှစ်သိမ့်ပေးချင်သကဲ့သို့ သူ့နောက်ကျောကို ညင်ညင်သာသာ ပုတ်ပေးလာ၏။
ဖုန့်မင် သူကိုက်တာလုံလောက်သွားပြီဟု ခံစားရသဖြင့် ကျောက်လု၏အသားကိုလွှတ်ပေးလိုက်ပြီး သူ၏သွေးတရဲရဲ နှုတ်ခမ်းများဖြင့် အစပျိုး၍ ကျောက်လု၏နှုတ်ခမ်းကို ဖိကပ်လိုက်ပြီး မက်မက်မောမောနမ်းရှိုက်တော့သည်။
သူတို့အတူတူနေထိုင်ခဲ့သည့်နှစ်အတွင်း ကျောက်လုက သူ့ကိုမထိချင်ခြင်းမဟုတ်ပါဘဲ ဖုန့်မင်က ဘာမှမသိကာ အဆင်သင့်မဖြစ်ခဲ့ခြင်းသာဖြစ်လေ၏။ သူ့အနေဖြင့် ဖုန့်မင်ကို ယင်းသို့သော စိတ်ပိုင်းဆိုင်ရာ တည်ကြည်မှုမရှိသောအခြေအနေမှာ သူ့ထံ၌ နှစ်မြုပ်အပ်နှံမထားစေလိုပေ။
ယခုတွင်ကား ပြောစရာပင်မလိုပါချေ၊ ကျောက်လု ဖုန့်မင်၏ခါးကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။ ဖုန့်မင်၏လှုပ်ရှားမှုများက ရက်စက်ကာ အကြင်နာမဲ့နေသော်လည်း ကျောက်လုက အလွန်ကို ပူးပေါင်းလုပ်ဆောင်ပေးနေ၏။
နေရာတိုင်းဟာ မှောင်မည်းနေခဲ့ပြီး အမှောင်ထုထဲမှာ ဘယ်အရာကို မမြင်ရပဲ ညည်းညူသံတိုးတိုးကိုသာ ကြားနေရလေသည်.....
–———
ရွှယ်ဟုန်ယန် သတင်းသွားပို့သောအခါ ထန့်ယွင်လည်းရောက်နေခဲ့၏။ ကျောက်ထုံက စစ်တပ်ဟာ ရက်အနည်းငယ်အတွင်းမှာ ရောက်ရှိလာမည်ဟု စာရေးသားခဲ့ပြီး ထန့်ယွင် စစ်တပ်ကို တွေ့ဆုံရန်ပြင်ဆင်ရမည့်အရာများကို ရွှယ်ကျွင်းလျန်နှင့်ဆွေးနွေးနေခဲ့သည်။ ရွှယ်ကျွင်းလျန်က သူ့ကိုအခွင့်ရေးယူရန် ကြိုးစားနေခဲ့သော်လည်း နောက်တစ်ကြိမ်ထပ်ပြီး အနှောက်အယှက်ခံလိုက်ရပြန်၏။ ယင်းက ရွှယ်ကျွင်းလျန်ကို အင်မတန်မပျော်မရွှင်ဖြစ်သွားစေသည်။
ရွှယ်ဟုန်ယန်မှာ စစ်ရေးကိစ္စနှင့်ပတ်သတ်သည့် အရေးကြီးပြောစရာတစ်ခုခုရှိ၍ဖြစ်မည်ဟု တွေးကာ ရွှယ်ဟုန်ယန် သူ့ညီတော်ကို အပြင်မှာစောင့်နေခိုင်းချင်သော်လည်း ဝင်ခိုင်းလိုက်ရ၏။ မမျှော်လင့်ထားစွာဖြင့် ရွှယ်ဟုန်ယန်က ကျောက်လုနှင့် ဖုန့်မင်တို့အကြောင်း အစီရင်ခံနေသည်။ ထန့်ယွင်က ဤကိစ္စအကြောင်းကို မသိသော်လည်း ယခုတွင် တန်း၍နားလည်သွားပြီး ရွှယ်ကျွင်းလျန်ကို အကူအညီမဲ့စွာဖြင့် ကြည့်မိတော့၏။
ရွှယ်ကျွင်းလျန် တစ်ဖက်လူ၏စူးစူးဝါးဝါးအကြည့်အောက်တွင် မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာဖြင့် အပြစ်ကင်းချင်ယောင်ဆောင်ရန်ကြိုးစားသော်လည်း သူ၏အပြစ်ကင်းယောင်ဆောင်ထားသော အသွင်အပြင်ကို မထိန်းနိုင်ပေ။ သူက ပြုံး၍သာ ဆိုလိုက်သည်။
"ကိုယ်ကလည်း ကြင်နာတတ်ပါတယ်"
ထန့်ယွင်က ပြောလာ၏။
"အရှင်မင်းကြီးက စိတ်နှလုံးကောင်းရှိပေမဲ့ ဒီလိုအစီအစဥ်မျိုးနဲ့ အကောင်အထည်ဖော်လို့မရပါဘူး...ဖုန့်မင်ရဲ့နှလုံးသားက ရိုးစင်းလွန်းတယ်...သူသာ အဲ့ဒါကိုအတည်ယူပြီး ကျောက်လုကတကယ်ကြီး မိန်းမတစ်ယောက်နဲ့လက်ထပ်ချင်နေတယ်လို့ ထင်သွားရင်ဘယ်လိုလုပ်မလဲ"
ရွှယ်ကျွင်းလျန် ချောင်းဟန့်ကာ ရွှယ်ဟုန်ယန်ဘက်လှည့်ပြီးပြောလိုက်သည်။
"အဲ့ဒါက ဟုန်ယန်လုပ်တာ"
အခံရဆုံးလူက သူဟု ရွှယ်ဟုန်ယန်ခံစားလိုက်ရ၏။ ယင်းက ရှင်းရှင်းလင်းလင်းကြီးကို ရွှယ်ကျွင်းလျန်၏ အကြံဆိုးဖြစ်ပါသော်လည်း ထန့်ယွင်သိသွားသောအခါ သူဟာ အိုးမည်းထမ်းပြီး တရားခံဖြစ်လာခဲ့သည်။
နောက်တစ်နေ့ မနက်စောစောတွင် ရွှယ်ဟုန်ယန် မဟာဝန်မင်း၏စံအိမ်တော်ကို သွားခဲ့၏။ ရွှယ်ဟုန်ယန် သူကကျောက်လုနှင့် ဖုန့်မင်ကိုလာရှာခြင်းဖြစ်ကြောင်းပြောလိုက်သော်လည်း လုရှစ်ချန်က မည်သို့ဖြစ်၍ သူက သူတို့ကိုဒီမှာလာရှာသလဲဆိုသည်ကို တွေးတောနေဆဲဖြစ်လေသည်။
ကျောက်ထုံက အလွန် အေးအေးလူလူဖြင့် ပြောလိုက်၏။
"ဘေးခန်းထဲမှာ...မဝင်ခင် တံခါးခေါက်ဖို့ ကျုပ်အကြံပေးချင်တယ်"
လူတိုင်း ကျောက်ထုံ ညွှန်သည့်နေရာကို ကြားလိုက်ရပြီး အရေပါးသူ လုရှစ်ချန်ခမျာ မျက်နှာပန်းရောင်သန်းကာ ချောင်းဆိုးသွားသည်။
ကျောက်ထုံက ခေါင်းလှည့်၍ သူ့ကို စိန်းစိန်းဝါးဝါးကြည့်ကာ ပြောလိုက်သည်။
"ဘာလဲ...အရှက်သဲနေတုန်းလား...မနေ့ကကျတော့.....အဟွတ်... " ဤနေရာအရောက်တွင်
တစ်ဖက်လူက သူ့ခါးကို အလွန် ပြင်းပြင်းထန်ထန် ဆိတ်ဆွဲထားသဖြင့် ဆက်မပြောတော့ပေ။
ရွှယ်ဟုန်ယန် ဘေးခန်းကိုရောက်ရှိသွားချိန်တွင် တံခါးကပိတ်ထားလျက်ရှိ၏။ လက်မြောက်ပြီး တံခါးခေါက်တော့မည်အချိန်တွင် အထဲကနေညည်းသံကြားလိုက်ရသည်။ သူက ထိုနှစ်ယောက် ကိုနှောက်ယှက်ရသည်အထိ ယဥ်ကျေးမှုမရှိသူ မဟုတ်ပေ။ ကံကောင်းစွာဖြင့် ထန့်ယွင်က သူ့ကိုသတိပေးထားခဲ့သည်။သူ အစေခံလက်ထဲမှ ပြင်ဆင်ထားသောဗျပ်စောင်းကို ယူကာ တံခါးရှေ့တွင် စာတစ်စောင် တွဲကာချည်လျက်ချထားလိုက်၏။ ထို့နောက် အသက်ပြန်ရှင်ရန်အလို့ငှာ နန်းတော်သို့တန်းပြန်သွားတော့သည်။
.......
လန့်ကျင်းနှင့်ရွှယ်ယွီ
အရှင်လန့်ကျင်း လက်ထပ်တော့မည်။
နယ်စားမင်းကျန့်ကျန်းဟာ လန့်ကျင်းနှင့် ထန့်ရှင်းတို့၏အကူအညီဖြင့် ဖုန့်နယ်မြေမှာနေထိုင်ခဲ့သည်။ ထို့အပြင် သူက အလွန်အရည်အချင်းရှိသည်ဖြစ်ရာ နေ့စဥ် အုပ်ချုပ်မှုမှာ မခက်ခဲပါချေ။
လန့်ကျင်း၏အရည်အချင်းနှင့် အသိပညာဟာအားလုံးအတွက် ထင်ရှားပေသည်။ ရုံးတော်က သူ၏အရည်အချင်းကိုလက်ခံယုံကြည်ရုံသာမက လူထုကလည်း သူ့ကိုလေးစားကြ၏။ လန့်ကျင်းဟာ အေးစက်စက်မျက်နှာထားရှိသော်လည်း အကြင်နာမဲ့သည့်လူတစ်ယောက်မဟုတ်ပါချေ။
လူတွေ မကြာခဏပြောကြသည်က လူတစ်ယောက်ဟာ အသက်သုံးဆယ်ပြည့်ချိန်မှာ လက်ထပ်သင့်သည်ဟူ၍ပင်။ လန့်ကျင်းကတော့ ဤနှစ်မှာအသက်သုံးဆယ်ပြည့်မှာဖြစ်သော်လည်း လက်မထပ်ရသေးပေ။ သူ့အတွက်လာကြသည့် လိုက်ဖက်ညီသော အိမ်ထောင်ဘက်ကောင်းများမရှိသည်မဟုတ်ပေငြား လန့်ကျင့်တွင် အိမ်ထောင်ပြုရန် ရည်ရွယ်ချက်မရှိပေ။ တခြားသူများက လန့်ကျင်းမှာ မြင့်မားသောအမြင်ရှိပြီး သာမန်မိသားစုမှမိန်းကလေးတစ်ယောက်ကို လက်မထပ်လိုဟုထင်ကြသည်။
xxxxxx