အပိုင်း ၁၅၄
Viewers 13k

Chapter 154


အစေခံဖြစ်သူ ကြောက်ရွံ့မှု​ကြောင့် တုန်ရီသွားခဲ့ပြီး အရှင်လန့်က ကြီးလေးသော ရာဇဝတ်မှုတစ်ခုခုကို ကျူးလွန်ခဲ့သည်ဟု ထင်လိုက်မိသည်။


ညနေစောင်းသာရှိသေးပြီး ဂိတ်တံခါးပိတ်ရမည့် အချိန်မရောက်သေးပေ။ ဂိတ်မှူးဟာ နယ်စားမင်းကျန့်ကျန်းဆီကနေ ဂိတ်တံခါးပိတ်ပြီး အရှင်လန့်ကျင်းကို ဖမ်းဆီးရန်အမိန့်ပေးထားသည့် လက်ရေးစာတစ်စောင်ကို ရရှိခဲ့၏။ 


လန့်ကျင်းက လက်ရှိအချိန်၌ မြို့ထဲကနေထွက်သွားတော့မည်ဖြစ်ပြီး ရလဒ်တစ်ခုအနေဖြင့် တပ်သားတွေဆီကနေ အဖမ်းခံရကာ အကျဥ်းတိုက်ထဲတိုက်ရိုက်အထည့်ခံလိုက်ရလေသည်။ 

ထိုသူက အရှင်လန့်ဖြစ်သည်ကို တွေ့သောအခါ ထောင်မှူး သက်ပြင်းချမိလိုက်သည်။ မည်သို့သော လောကကြီးပါနည်း။ သေချာသည်၊တော်ဝင်မျိုးနွယ်တွေအကုန်လုံးက တစ်ယောက်နှင့်တစ်ယောက် ရန်လိုနေကြပြီး ဘယ်သူ့ကိုမှ အသိအမှတ်မပြုကြပေ။ အရှင်လန့်ပင် အကျဥ်းတိုက်ထဲ အပို့ခံလိုက်ရ၏။


ဆန့်ကျင်ဘက်အနေဖြင့် လန့်ကျင်းဟာ တည်ငြိမ်နေခဲ့ပြီး ခုခံခြင်းမရှိပါဘဲ ထိုင်ချ၍သာ မျက်လုံးမှိတ်လျက် အနားယူနေခဲ့သည်။ 


လန့်ကျင်းကို ဖမ်းမိကြောင်းကြားလျှင် ရွှယ်ယွီ အကျဥ်းခန်းကို အပြေးသွားလိုက်၏။ အစောင့်ကို သောဖွင့်ခိုင်းပြီး လက်ဝှေ့ယမ်းကာဖြင့် လူအုပ်ကို ဝေးဝေးသွားခိုင်းလိုက်သည်။ လန့်ကျင်းက တစ်ယောက်ယောက်လာနေသည်ကို သိသိသာသာ ကြားပါသော်လည်း မျက်လုံးမဖွင့်ဘဲ အသံကိုလျစ်လျူရှုထားသဖြင့် ရွှယ်ယွီ အလွန်ဒေါသထွက်သွား၏။


ရွှယ်ယွီက လမ်းလျှောက်ကာ ဝင်သွားပြီး  အေးစက်စက်မျက်နှာဖြင့် ပြောလိုက်သည်။


"အရှင်လန့်က အရမ်းကြီးကျယ်နေတာပဲ...ဒီနယ်စားမင်းရောက်နေတာကိုတောင် ဘာတစ်ခွန်းမှ မပြောသေးဘူး"


လန့်ကျင်းက မျက်လုံးမဖွင့်ပါဘဲ ပြုံးကာဖြေလေ၏။


"ဒီလန့်က သူ့ကိုယ်သူ မကြာခင်သေတော့မှာမှန်းသိပါတယ်...ဘာလိုကျင့်ဝတ်တွေနဲ့ ဟန်ကြီးပန်ကြီးလုပ်နေရဦးမှာလဲ"


ရွှယ်ယွီ မျက်လုံးပြူးကာ အသံမြင့်လျက်မေးလိုက်သည်။


"ဘယ်သူကမင်းကို သတ်ချင်နေလို့လဲ"


ထိုအချိန်တွင် တစ်ဖက်လူက မျက်လုံးဖွင့်လာပြီး ရွှယ်ယွီကို မော့ကြည့်၏။


"ဒါက နယ်စားမင်းရဲ့ရည်ရွယ်ချက်ပဲမဟုတ်ဘူးလား...မဟုတ်ရင်ဘာလို့ ဒီနိမ့်ကျတဲ့အစေခံကအဖမ်းခံမှာလဲ...ဒီနိမ့်ကျတဲ့ အစေခံ ဘာရာဇဝတ်မှုများကျူးလွန်ခဲ့လို့လဲ"


ရွှယ်ယွီ သူ၏တည်ငြိမ်နေသောအမူအရာကြောင့် ဒေါသထွက်လွန်း၍ လက်ဆန့်ပြီး လန့်ကျင်း၏ကော်လာကိုဆွဲလိုက်သည်။ သူက ကိုယ်ခံပညာလေ့ကျင်ထားသူဖြစ်၏။ သဘာဝအတိုင်း သူ့လက်ထဲမှာ ခွန်အားတွေ အများကြီးရှိသဖြင့်

လန့်ကျင့်ကို ဆွဲမကာပြောလိုက်သည်။


"မင်းကငါ့ကို အထင်သေးနေတာလား...ငါ မင်းကို ဘယ်မှာအမှားပြုဖူးလို့လဲ...ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးကို လက်ထပ်ချင်ရင် မင်းသွားလို့ရတယ်...မင်း..."


ရွှယ်ယွီ ဒေါသကြောင့် နီရဲနေသောမျက်နှာနှင့် ဟောက်လိုက်ပြီး ကော်လာကိုလွတ်၍ လန့်ကျင်းကို ဆွဲခါပြီးပြောလိုက်၏။


"ဘာသောက်ကျိုးနဲတွေဖြစ်ချင်နေတာတုန်းကွ..."


လန့်ကျင်းက သက်ပြင်းချကာ နောက်ဆုံးတွင် ငြိမ်ကျသွားပြီး ဆိုလေသည်။


"အရှင်နယ်စားမင်း...ဒီလန့်ကို သွားခွင့်ပေးပါ"


"မဖြစ်နိုင်ဘူး..."


"မဖြစ်နိုင်ဘူး... ဒါဆို ဘာလဲ"


လန်ကျင်းက ပြောလိုက်၏။

"ကျွန်တော့်ကို နေပြီး နယ်စားမင်းကိုအကြံတွေဆက်ပေးခိုင်းမှာလား...နယ်စားမင်း လက်ထပ်ပြီးကလေးတွေနဲ့ အသက်ကြီးတဲ့အထိပျော်ပျော်ရွှင်နေမှာကို ကြည့်ခိုင်းမှာလား...နယ်စားမင်းကိုလည်း ကျွန်တော်လက်ထပ်၊ကလေးတွေရှိလာပြီး သစ္စာရှိ လက်အောက်ငယ်သားမျိုးဆက်တစ်ခုဖြစ်လာတာကို ကြည့်ခွင့်ပြုရမှာလား..."


သူ့စကားများကို ကြားသောအခါ ရွှယ်ယွီ မသိစိတ်ဖြင့် မျက်မှောင်ကြုတ်ကာ ခြေတစ်လှမ်းပြန်ဆုတ်မိသွားသည်။ မထင်မှတ်ဘဲ သူ အကျဥ်းတိုက်တံခါးနှင့် ဆောင့်မိပြီး သံတိုင်က ဒုန်းခနဲအသံထွက်လာ၏။


လန့်ကျင်းက ဆက်ပြောသည်။


"ဒါက အရှင်နယ်စားမင်း လိုချင်တဲ့ဟာလား...လန့်ကျင်းက သေချာပေါက် အရှင်နယ်စားမင်းနဲ့လိုက်ပါပေးပါ့မယ်...နားလည်ရဲ့လား ကျွန်တော်ဘာပြောနေလဲဆိုတာကို"


ရွှယ်ယွီ စကားပြောပေ။ သူ့မျက်နှာထက်ရှိ အမူအရာကား ငိုတော့မလိုဖြစ်နေ၏။ လန့်ကျင်း တစ်ဖက်လူ၏အားနည်းသော တစ်ဖက်ခြမ်းကို မကြုံစဖူး မြင်တွေ့လိုက်ရပြီး သူနှလုံးသားက မကြည့်ရက်နိုင်ပါချေ။ သူ သက်ပြင်းချကာဖြင့်

"အရှင်နယ်စားမင်း... ကျွန်တော့်ကိုသွားခွင့်ပြုပါ"


"မရဘူး..."

ရွှယ်ယွီက ရုတ်ချည်း ရှေ့ကိုတိုးလာပြီး

လန့်ကျင်း၏ကော်လာကို ထပ်ဆွဲလိုက်ပြန်ရင်း ပြောလေသည်။


"ငါမရဘူးလို့ပြောရင် မရဘူးပဲ...မင်းမြို့တံခါးကနေထွက်မသွားရဘူး...ဒီမှာပဲ တစ်သက်လုံးနေရမယ်...ထူးချွန်ထက်မြက်တဲ့ မိန်းမတစ်ယောက်ကို လက်ထပ်ဖို့စဥ်းတောင်မစဥ်းစားနဲ့...မင်း...အွန်း..."


သူစကားဆုံးအောင်မ​ပြောရသေးခင်တွင် လန့်ကျင်းက ခြေကျင်းတန်းလန်းနှင့်ပင် သူ့လည်ပင်းကို လက်တစ်ဖက်နှင်ဆွဲကိုင်၍ သူတို့၏နှုတ်ခမ်းများကို ဖိကပ်ပစ်လိုက်၏။ ရွှယ်ယွီ တစ်ဖက်လူ၏အသက်ရှူသံကို ခံစားနေရပြီး ယင်းက အလွန်ပူပြင်းကာ ရွှယ်ယွီကိုတုန်လှုပ်သွားစေခဲ့သည်။


လန့်ကျင်း စကားမပြောပါဘဲ ရွှယ်ယွီ၏လည်ပင်းကို ဖိကိုင်ကာ ထိုအမျိုးသား၏ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်ရာ တစ်ဖက်လူ ခဏမျှ အေးခဲသွားပြီး ၎င်းနောက် အပြင်းအထန်ရုန်းကန်လေ၏။ လန့်ကျင်းက အရပ်ပိုရှည်သော်လည်း ရွှယ်ယွီက ကိုယ်ခံပညာလေ့ကျင်ထားသူဖြစ်သည်။ လန့်ကျင်း သူ့မျက်လုံးများကရှေ့တွင် အမှောင်ထုကိုသာ ခံစားလိုက်ရပြီး ရွှယ်ယွီ၏   ထိုးနှက်ခြင်းကို ခံရကာ  နှစ်လှမ်းဆုတ်လျက် နံရံနှင့် ဆောင့်မိသွား၏။ သူ့ပါးစပ်ထဲတွင် အညီနံနံကာ ချိုမြိန်နေပြီး နှုတ်ခမ်းထောင့်ကွဲသွားသည်။


ရွှယ်ယွီ အကျဥ်းတိုက်တံခါးကိုမှီကာ လန့်ကျင်းကို အံ့ဩတုန်လှုပ်စွာကြည့်လိုက်ပြီး သူ့နှုတ်ခမ်းကိုဒေါသတကြီး သုတ်ရင်း ကတုန်ကယင်ဖြစ်နေခဲ့၏။ ထိုဟာက ဒေါသကြောင့်လား သို့မဟုတ် တခြားတစ်စုံတစ်ခုကြောင့်လားဆိုသည်ကို သူမသိပါချေ။ 


သူက အော်လိုက်သည်။


"လန့်ကျင်း... နောက်တစ်ခါဆိုရင်... နောက်တစ်ခါဆိုရင်... ငါမင်းကို သေချာပေါက်သတ်မှာ...လက်သီးနဲ့အထိုးခံရတာလောက်နဲ့ ပြီးသွာမှာမဟုတ်ဘူး"


လန့်ကျင်းက နံရံကိုမှီကာ ထိုင်ချလိုက်ပြီး သူ့နှုတ်ခမ်းကိုသူ သုတ်လိုက်၏။ သူက နှုတ်ခမ်းထောင့်စွန်းမှာ စိမ့်ထွက်နေသော သွေးများကို သုတ်ကာ ပြုံးပြီးပြောလေသည်။

154.2


"ကြောက်နေတာလား..ထင်ထားသလိုပါပဲ ...အဲ့ဒါက အရမ်းညစ်ပတ်တယ်...ဒါက နေ့တိုင်း ကျွန်တော် သခင့်ကိုကြည့်မိတဲ့အခါမှာ အချိန်တိုင်းလုပ်ချင်နေတဲ့ဟာပဲ"


ရွှယ်ယွီ၏လည်ဇလုပ်က နှစ်ကြိမ်လှုပ်ခါသွားခဲ့ပြီး လန့်ကျင်းစကားများကိုနားထောင်ရင်း သူ့မျက်နှာက ချက်ချင်းပူလောင်လာသော်လည်း တခဏတွင်းချင်း ပြန်ပြီးဖြူရော်သွားပြီး သရော်လိုက်၏။


"စကားတွေ တအားချိုချိုသာသာပြောမနေနဲ့...မင်းနဲ့ အဲ့ဒီအရာရှိရဲ့သမီးကရော ဘာတွေလဲ...နေ့တိုင်းစံအိမ်တော်အပြင်ဘက်ကို ပြေးထွက်နေပြီးတော့...အတင်းအဖျင်းတွေက လက်ထပ်ကြောင်းပြောတဲ့အဆင့်ကို ရောက်နေပြီ"


လန့်ကျင်းက ရွှယ်ယွီကို ခဏမျှ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် ထရယ်လာပြီး နံရံကိုအားပြုကာ မတ်တပ်ထရပ်လေသည်။ တစ်ဖက်လူက ဘာလုပ်တော့မှာမှန်း မသိသဖြင့် ရွှယ်ယွီ ခြေတစ်လှမ်းပြန်ဆုတ်လိုက်၏။ နောက်တစ်ခဏမှာပင် လန့်ကျင်းက ခြေတစ်လှမ်းရှေ့တက်လာပြီး သူ့ကို ခါးကနေသိုင်းဖက်ကာ ခေါင်းအသာငုံ့လျက် ထပ်ပြီးနမ်းရှိုက်လာမည်ဟု ရွှယ်ယွီမည်သို့သိပါမည်လဲ။ 


ရွှယ်ယွီ လက်သီးဆုတ်ကာ သူ့ကိုထပ်ထိုးရန်ပြင်လိုက်သည်။ ထို့နောက် သူ အခုလေးတင် လန့်ကျင်းကို သွေးထွက်နေသည့်နေရာမှာ ထိုးထားခဲ့ကြောင်း သတိရသွား၏။ သူ့လက်သီးက ဖြေလိုက်ဆုတ်လိုက်ဖြစ်သွားပေမဲ့ သူထပ်ပြီး မတိုက်ခိုက်တော့ပေ။ လန့်ကျင်းက ဤကွာဟချက်ကို အခွင့်ကောင်းယူ၍ ရွှယ်ယွီ၏ သွားများကို လျှာနှင့်ထိုးကလော်ကာ ဖွင့်ဟစေပြီး ရွှယ်ယွီ့လျှာကို လျက်လိုက်လေသည်။


ရွှယ်ယွီ အလန့်တကြားဖြစ်သွားပြီး လန့်ကျင်းကို တွန်းထုတ်ချင်မိ၏။ သူ့လက်များဟာ တစ်ဖက်လူ၏ပခုံးကို ဆုပ်ကိုင်ထားသော်လည်း တွန်းလွှတ်ဖို့ရာ ခဏတာတုံ့ဆိုင်းသွားခဲ့သည်။ သူ့တစ်ကိုယ်လုံးသည် လန့်ကျင်း၏နူးညံ့ညင်သာသောအနမ်းကြောင့် ပျော့ပြောင်းလာခဲ့ပြီး နောက်ဆုံးတွင် လန့်ကျင်း၏ပခုံးများကိုဖက်တွယ်ထားမိတော့၏။ 


ထိုအမျိုးသားလေးဆက်ပြီး မရုန်းကန်တော့သည်ကို မြင်လျှင် လန့်ကျင်းက တိုးတိုးလေးဆိုလိုက်သည်။


"လန့်ကျင်းရဲ့ တစ်ဘဝလုံး နှလုံးသားထဲမှာ သခင်တစ်ယောက်တည်းရှိတယ်...ဘယ်လိုလုပ် တခြားသူတွေနဲ့ အိမ်ထောင်ရေးအကြောင်းပြောနိုင်မှာလဲ"


"မင်း..."

ရွှယ်ယွီ တစ်ဖက်လူက သူ့ကို ချော့ပြောနေသည်ဟုပြောလိုက်ချင်သော်လည်း သူ့ခန္ဓာကိုယ်အောက်ပိုင်းအား တစ်စုံတစ်ခုက ပွတ်တိုက်နေသည်ကို  ခံစားလိုက်ရ၏။ သူ၏တုံ့ပြန်မှုကြောင့် သူ့မှာအကူအညီမဲ့သွားတော့သည်။ သူ့အနေဖြင့် မောက်မာချင်ဟန်ဆောင်ပြီး အော်ဟစ်လိုက်ရုံသာတတ်နိုင်၏။


"မင်းက ရဲတင်းလွန်းနေတာပဲ...မင်းရဲ့ညစ်ပတ်တဲ့အရာတွေကို ဒီအရှင်နယ်စားမင်းနဲ့ ဝေးဝေးထားစမ်း...မင်း အွန့်..."


.............


အိမ်ရှေ့စံရွယ်ဖေ


အိမ်ရှေ့စံက အိမ်ရှေ့စံမင်းသားဖြစ်ရခြင်းမှာ သူ၏တော်ဝင်နောက်ခံကြောင့်သာမက ရွှယ်ကျွင်းလျန်မှာ သားတော်တစ်ပါးတည်း ရှိသည့်အတွက်ကြောင့်ပါဖြစ်လေသည်။ ထို့ကြောင့် သူက အတားအဆီးမရှိ အိမ်ရှေ့စံမင်းသားဖြစ်လာခဲ့၏။


အိမ်ရှေ့စံက အနာဂတ်ဧကရာဇ်ဖြစ်ပေသည်။ မည်သူကမှ ထိုသို့သောအဆင့်အတန်းနှင့် သူ့ကို မနာခံဘဲမနေဝံ့ကြချေ။ ငယ်စဥ်ကတည်းက ရွှယ်ဖေဟာ ရွှယ်ကျွင်းလျန်ကိုပဲကြောက်ပြီး တခြားသူများကမူ သူ့မျက်လုံးထဲထည့်ရန် ထိုက်တန်ခြင်းမရှိပေ။


ရွှယ်ဖေ၏မျက်လုံးများက သူ့ခေါင်းထက်ပိုမြင့်လေသည်။ သူ မော်ကြည့်ရ(အထင်ကြီး) သည့်သူကား အနည်းငယ်မျှသာရှိ၏။ သဘာဝအတိုင်း  ရွှယ်ဖေ၏ အထင်ကြီးမှုကို လိုချင်ပါက  အရည်အချင်းမြင့်မြင့်မားမားရှိရန်လိုအပ်သည်ပင်။  အိမ်ရှေ့စံ၏မျက်လုံးထဲကို ပထမဆုံးရောက်ရှိသွားသူကား ဧကရီဖြစ်ပေသည်.....


ရွှယ်ဖေ နှင့်ဧကရီတို့၏ ရင်းနှီးသော ဆက်ဆံရေးက တားမြစ်နန်းတော်ထဲတွင် လျှိုဝှက်ချက်တစ်ခုမဟုတ်ပေ။ သဘာဝအတိုင်းပင် ဧကရီသေဆုံးသွားပြီးနောက် ထန့်ယင်းဟာ ရွှယ်ဖေအမုန်းဆုံးလူဖြစ်လာခဲ့၏။


သူ မမျှော်လင့်ထားသည်ကား ထန့်ယင်းက ပထမဆုံး *ကြိုးတိုက်အကျဥ်းသားကနေ နယ်စားမင်းထန့်နန်အဖြစ်ပြောင်းသွားပြီး ၎င်းနောက် ထန့်ကွေ့ဖေးဖြစ်လာကာ နောက်ဆုံးမှာတော့ ယွင်ဖုန့်နန်းဆောင်တွင် နေထိုင်လျက် အမျိုးသားဧကရီအစစ်အမှန်ဖြစ်လာခဲ့သည်။ ရွှယ်ဝမ်က သူ့ကိုချစ်မြတ်နိုးလွန်း၍ ဆက်မချစ်နိုင်တော့သည့်အထိဖြစ်သွားပြီး ထိုသည်က ယွင်ဖုန့်နန်းဆောင်၏နာမည်ကို ထန့်ယွင်နန်းဆောင်ဟု ပြောင်းပစ်သည့်တိုင်အောင် ရောက်ရှိသွားခဲ့၏။

(T/N-သေမိန့်ချအခံထားရသည့် အကျဥ်းသားများကိုထားသောနေရာ) 


ထိုစဥ်က ရွှယ်ဖေဟာ ငယ်ရွှယ်သေးပြီး သူကြိုက်သည် မကြိုက်သည်တို့ကို မျက်နှာပေါ်မှာဖော်ပြထားကာ ထန့်ယွင်ကို ဘယ်သောအခါမှ မျက်နှာကောင်းမပေးခဲ့ပေ။ သို့ပေမဲ့ အချိန်အတော်ကြာ ပေါင်းသင်းဆက်ဆံပြီးနောက် အိမ်ရှေ့စံငယ်လေးသည် ကွယ်လွန်သူဧကရီ၏ အရိပ်ကို အနှီလူ့ထံမှာ အမှန်တကယ်မြင်ခဲ့ရလေသည်။ 

ထိုသူဟာ ဧကရီလို ပြုမူပြောဆိုရုံသာမက တကယ်ကို တူညီသည့်  မသိစိတ်ကနေလုပ်ဆောင်မိသော အပြုအမူသေးသေးလေးအချို့လည်းရှိ၏။ 


ရွှယ်ဖေက တော်ဝင်ဆရာ့ကို တစ်ခါမေးဖူးသော်လည်း ချန်ယီက အပြုံးတစ်ခုဖြင့်သာ ဆိုခဲ့သည်။


"ဘာလို့ ကိစ္စတွေအများကြီးကို  အောက်ခြေထိတူးထုတ်နေရမှာလဲ...နယ်စားမင်းထန့်နန်ကို အမျိုးသားဧကရီအဖြစ်တင်မြောက်ပြီးပြီဆိုကတည်းက... သူအရှင်မင်းသားကိုအနှောက်အယှက်ဖြစ်စေတဲ့အရာတစ်ခုခုလုပ်ခဲ့လား"


ရွှယ်ဖေက ပြန်မဖြေသဖြင့် ချန်ယီကဆက်ပြော၏။


"သူက ဆိုးရွားတဲ့အရာတွေမလုပ်တဲ့အပြင် အုပ်ချုပ်သူနဲ့ပြည်သူတွေကို အထောက်အကူပေးနိုင်နယ်ဆိုမှတော့ ဒါသူ့ရဲ့​အရည်အချင်းပဲလေ...ကိစ္စတွေကိုအောက်ခြေထိတူးထုတ်နေသေးတယ် ဆိုတာက အရှင်မင်းသား မရင့်ကျက်သေးဘူးဆိုတဲ့အဓိပ္ပါယ်ပဲ"


သူ၏တော်ဝင်ဆရာက တကယ်အရည်အချင်းသူဖြစ်မှန်း မင်းသားငယ်လေးသိလေသည်။သူက စာပေပညါရှင်တစ်ယောက်သာဖြစ်သော်လည်း နက္ခတ္တဗေဒနှင့် ပထမဝီဝင်တို့ပါ ကျွမ်းကျင်ပေ၏။ 

ရှန်းယီပြောသည့်စကားဆိုမှတော့ သူယုံကြည်သည်ပင်။


ရွှယ်ဖေက သူနောက်ဆုံးပြောခဲ့သည့်စကားကို ဆက်လက်စဥ်းစားနေခဲ့သည်။  ကိစ္စများကို အမြစ်ထိ လိုက်လံရှာဖွေရန်ကြိုးစားနေပါက သူက မရင့်ကျက်သေးဘူးဆိုသည်က ဘာကိုဆိုလိုပါသနည်း။ သူ နားမလည်ခဲ့ရုံသာဖြစ်၏။


ရွှယ်ဖေ အသက်20အရွယ်တွင် ရွှယ်ဝမ်က ထီးနန်းလွှဲပေးခဲ့ပြီး ထန့်ယွင်ကို တော်ဝင်နန်းတော်ထဲမှ ခေါ်ထုတ်၍  မြစ်ကြီးများနှင့်တောင်တန်းများကို ဖြတ်သန်းခရီးသွားခဲ့သည်။ 

အိမ်ရှေ့စံငယ်လေးက ရွှယ်ဝမ်အသစ်ဖြစ်လာခဲ့၏။


xxxxxx